《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 118
Advertisement
Unicode
မင်း ဖုန်တွေပေနေတဲ့စားစရာကိုစားမှာလား?
______________
"မဟုတ်ဘူး၊ ကျွန်မမှာ သန့်စင်တဲ့ယန်ခန္ဓာကိုယ်ရှိတယ်။ ရှင် ကျွန်မနဲ့နှီးနှောဖို့ကြိုးစားမယ်ဆိုရင် ရှင် သေချာပေါက် သွေးကြောတွေပေါက်ကွဲပြီးသေရလိမ့်မယ်။"
နဉ်ရှုသည် သူမက ယင်လ၊ ယင်နေ့၊ ယင်နာရီမှာမွေးခဲ့တယ်ဆိုတဲ့အကြောင်းကို တုန့်ဆိုင်းမှုမရှိငြင်းပယ်လိုက်လေ၏။
ကုန်းဝူမေ့က ရွှင်မြူးစွာဖြင့် မျက်ခုံးပင့်သည်။
"ငြင်းဖို့ကြိုးစားနေလည်း အဓိပ္ပာယ်မရှိဘူးကော။ ကိုယ့်ခန္ဓာကိုယ်က မင်းကိုဆာလောင်နေတာကို ကိုယ်ခံစားနိုင်တယ်။"
နဉ်ရှု : ...
"ကိုယ်နဲ့ အဆုံးမဲ့နန်းတော်ကိုလိုက်ခဲ့။ မင်းက ရေခဲတုံးရဲ့တပည့်ဆိုမှတော့ ကိုယ့်အခြေအနေကို သိမှာပဲ၊ ဒါကြောင့် ကိုယ်နဲ့ခရီးတစ်ခုလောက်ထွက်လိုက်ပါ။"
ကုန်းဝူမေ့က နဉ်ရှုခါးကို လက်တစ်ဖက်ဖြင့်ပွေ့ဖက်လိုက်ကာ သူမနားနားတိုးကပ်လာ၏။ သူက တိုးညင်းစွာဆိုလာပြီး နဉ်ရှုမှာ သူ့ရဲ့နွေးထွေးတဲ့ဝင်လေထွက်လေကို ခံစားမိနေ၏။
"မင်းမှာ ကိုယ့်ကိုငြင်းဆန်ခွင့်မရှိဘူး။ အားနည်းတဲ့သူမှာ ငြင်းဆန်ပိုင်ခွင့်မရှိဘူး။"
နဉ်ရှုရဲ့အမူအရာက စိတ်မဝင်စားသည့်ဟန်ဖြင့်သာရှိနေပြီး သူမက ရွံရှာစွာဆိုလေ၏။
"စကားပြောတဲ့အခါ ရှင် အဲ့လောက်ကြီးကပ်မလာလို့ မရဘူးလား? ရှင်က နံတယ်ဆိုတာမသိဘူးလား?"
ကုန်းဝူမေ့ : ...
ဒါက ဇာတ်ကြောင်းဖြစ်နေတာမို့ သူမ သူနဲ့လိုက်သွားရမယ်ဆိုတာ နဉ်ရှုလည်းသိသည်။ သူမက ငိုနေပြီဖြစ်သည့် ရွှီယွီ့ဘက်ကိုလှည့်ကြည့်ကာဆို၏။
"လိမ်လိမ်မာမာနဲ့ ဒီမှာပဲနေနော်၊ ဟုတ်ပြီလား? ဆရာပြန်လာမှာကိုစောင့်နေ။ နင့်ဆရာတူအစ်မက အဆင်ပြေမှာပါ။ ဆေးစိုက်ခင်းကို ပုံမှန်ဂရုစိုက်ပြီး ပေါင်းနှုတ်ပေး၊ မြေဩဇာကျွေးပေး။"
ရွှီယွီက မာန်ပါပါခေါင်းငြိမ့်သည်။
"ဆရာတူအစ်မ၊ ဆရာပြန်ရောက်လာတဲ့အချိန်ကျရင် ဆရာနဲ့ကျွန်တော် အစ်မကိုလာကယ်မယ်!"
နဉ်ရှုက သူ့ခေါင်းလေးကိုပုတ်ပေးလိုက်ပြီးနောက် သူမပြင်ဆင်ထားတဲ့အဝတ်ထုပ်ကိုကောက်ကာ ကုန်းဝူမေ့ဘက်လှည့်သည်။
"အခု ကျွန်မက ရှင့်သမားတော်ပဲ။ ကျွန်မ အဆင့်မြင့်နေရာထိုင်ခင်း လိုချင်တယ်။"
"ကောင်းပါပြီ။ ကိုယ်က မိန်းမလှလေးတွေအတွက်ဆို အမြဲစိတ်ရှည်ပါတယ်၊ အထူးသဖြင့် သန့်စင်တဲ့ယင်ခန္ဓာကိုယ်နဲ့မိန်းမလှလေးတွေဆိုရင်ပေါ့။"
ကုန်းဝူမေ့ရဲ့နှုတ်ခမ်းတွေ သွေးဆောင်နေသည့်ဟန်ဖြင့် မသိမသာကော့တက်သွား၏။
"အဆုံးမဲ့နန်းတော်ကိုရောက်တဲ့အခါ အဲ့နေရာက တကယ်တမ်းကျ ကောင်းကင်ဘုံဆိုတာ မင်းသိလာလိမ့်မယ်။ ပြီးတော့ မင်း ဘယ်တော့မှထွက်သွားချင်မှာမဟုတ်တော့ဘူး။"
သူမတို့ ဝါးအိမ်လေးမှထွက်လာချိန်၌ နဉ်ရှုကမေးသည်။
"ကျွန်မတို့က ရှင့်အဆုံးမဲ့နန်းတော်ကို လမ်းလျှောက်သွားရမှာလား?"
"သေချာပေါက်မဟုတ်ဘူးပေါ့။"
ကုန်းဝူမေ့က သူ့လက်ချောင်းလေးတွေကို နှုတ်ခမ်းထက်မှာဖိကာ ကြည်လင်ပြတ်သားသည့်လေချွန်သံရှည်ပေး၏။ ခဏအကြာ၌ လူတစ်ယောက်က ဇိမ်ခံရထားလုံးတစ်စီးနှင့်ရောက်လာသည်။ မောင်းသူကတော့ နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ပင်ဖြစ်သည်။
"ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော် ရထားလုံးယူလာပါပြီ။"
ကုန်းဝူမေ့က နဉ်ရှုကို ခပ်ဖွဖွအပြုံးလေးနှင့်ကြည့်သည်။
"အရင်တက်ပါလေ။"
နဉ်ရှုက သူမရဲ့အဝတ်ထုပ်ကိုသယ်ကာ ရထားလုံးပေါ်တက်လိုက်သည်။ ကုန်းဝူမေ့ကပြုံးလိုက်ပြီးနောက် သူလည်းလိုက်တက်လာကာ နဉ်ရှုနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်သည်။ သူက မေးကိုထောက်ရင်း နဉ်ရှုကို ထပ်မံစူးစမ်းနေပြန်၏။
"မင်းနာမည်က ဘာများလဲ မိန်းမလှလေး?"
"ရှောင်ဟုန်။"
နဉ်ရှုကပြန်ဖြေသည်။
"ရှောင်ဟုန်?"
ကုန်းဝူမေ့က ဆွဲဆောင်မှုရှိလှသည့်အသံခပ်တိုးတိုးဖြင့် သူမနာမည်ကိုရေရွတ်သည်။ ဒါက လူတစ်ယောက်ရဲ့နှလုံးသားလေးကို အင်မတန်မှယားကျိကျိဖြစ်သွားစေကာ ခန္ဓာကိုယ်ပါ ယားယံလာသလိုခံစားရစေသည်။
"မင်းနာမည်ကတောင် အရမ်းထူးခြားတာပဲနော် မိန်းမလှလေး။ ကိုယ် သဘောကျတယ်။"
"ချီးကျူးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။"
နဉ်ရှုက မျက်နှာသေဖြင့်သာပြန်ဖြေသည်။ ထို့နောက် သူမက တစ်စုံတစ်ရာကိုသတိရသွားဟန်ဖြင့်မေးလာ၏။
"ယင်လ၊ ယင်နေ့၊ ယင်နာရီမှာမွေးတဲ့မိန်းမတစ်ယောက်ကိုရှာရတာက မလွယ်ကူဘူး။ အဲ့မိန်းမက ပြိုင်ဘက်ကင်းလောက်အောင်ရုပ်ဆိုးနေရင်ရော၊ ရှင် သူ့ကိုလုပ်ဦးမှာလား?"
ဒီလိုတိကျတဲ့အချိန်သတ်မှတ်ချက်တွေနဲ့မွေးလာတဲ့သူကိုတွေ့နိုင်တဲ့အခွင့်အရေးက ထီပေါက်နိုင်မယ့်အခွင့်အရေးလို သေးငယ်လှ၏။ ထို့အတွက် အဲ့လိုအချိန်မျိုးမှာ မုယန်မုန့်လိုခန္ဓာကိုယ်နဲ့မွေးလာတဲ့သူကိုရှာဖို့ဆိုတာ ပုံမှန်အားဖြင့်တော့ မဖြစ်နိုင်ပေ။
အဲ့မိန်းမက ရုပ်ရည်အသင့်အတင့်လေးလောက်သာရှိမယ်ဆိုရင် ကုန်းဝူမေ့က သူ့အသက်အတွက် အံကြိတ်ပြီး အဲ့ဒါ့ကိုလုပ်မှာလား?
ဒါက သိပ်ပြီးကျေနပ်ဖို့ကောင်းတဲ့အကြောင်းအရာမဟုတ်တာတော့ သေချာသည်။ ကုန်းဝူမေ့ရဲ့မျက်နှာအရောင်က အနည်းငယ်မည်းမှောင်သွားရင်း သူကဆိုလာပါ၏။
"မင်း သေလောက်အောင်ငတ်ပြတ်နေပြီး မြေကြီးပေါ်မှာ ဖုန်တွေပေနေတဲ့စားစရာရှိတယ်ဆိုပါတော့၊ မင်း စားမှာလား?"
"ဒါပေါ့။"
နဉ်ရှုက တုန့်ဆိုင်းမှုမရှိပြန်ဖြေသည်။
"အသက်က အားလုံးထက်အရေးကြီးတာပဲကို။"
"အိုး..."
နဉ်ရှုက နားလည်သွားကာမှတ်ချက်ချ၏။
"ဆိုတော့ ရှင် သူ့ကိုလုပ်မယ်လို့ဆိုလိုတာပေါ့နော်?"
...
နဉ်ရှု : စကားပြောရင် ကပ်မလာနဲ့။
ကယ်ကယ် : ဒါငါ့စကားကြီး။
နဉ်ရှု : →_→
...
Zawgyi
မင္း ဖုန္ေတြေပေနတဲ့စားစရာကိုစားမွာလား?
______________
"မဟုတ္ဘူး၊ ကြၽန္မမွာ သန႔္စင္တဲ့ယန္ခႏၶာကိုယ္ရိွတယ္။ ရွင္ ကြၽန္မနဲ႔ႏွီးေနွာဖို႔ႀကိဳးစားမယ္ဆိုရင္ ရွင္ ေသခ်ာေပါက္ ေသြးေၾကာေတြေပါက္ကြဲၿပီးေသရလိမ့္မယ္။"
နဉ္ရႈသည္ သူမက ယင္လ၊ ယင္ေန့၊ ယင္နာရီမွာေမြးခဲ့တယ္ဆိုတဲ့အေၾကာင္းကို တုန႔္ဆိုင္းမႈမရိျွငင္းပယ္လိုက္ေလ၏။
ကုန္းဝူေမ့က ရႊင္ျမဴးစြာျဖင့္ မ်က္ခံုးပင့္သည္။
"ျငင္းဖို႔ႀကိဳးစားေနလည္း အဓိပၸာယ္မရိွဘူးေကာ။ ကိုယ့္ခႏၶာကိုယ္က မင္းကိုဆာေလာင္ေနတာကို ကိုယ္ခံစားႏိုင္တယ္။"
နဉ္ရႈ : ...
"ကိုယ္နဲ႔ အဆံုးမဲ့နန္းေတာ္ကိုလိုက္ခဲ့။ မင္းက ေရခဲတံုးရဲ့တပၫ့္ဆိုမွေတာ့ ကိုယ့္အေျခအေနကို သိမွာပဲ၊ ဒါေၾကာင့္ ကိုယ္နဲ႔ခရီးတစ္ခုေလာက္ထြက္လိုက္ပါ။"
ကုန္းဝူေမ့က နဉ္ရႈခါးကို လက္တစ္ဖက္ျဖင့္ေပြ့ဖက္လိုက္ကာ သူမနားနားတိုးကပ္လာ၏။ သူက တိုးညင္းစြာဆိုလာၿပီး နဉ္ရႈမွာ သူ႔ရဲ့ေနြးေထြးတဲ့ဝင္ေလထြက္ေလကို ခံစားမိေန၏။
"မင္းမွာ ကိုယ့္ကိုျငင္းဆန္ခြင့္မရိွဘူး။ အားနည္းတဲ့သူမွာ ျငင္းဆန္ပိုင္ခြင့္မရိွဘူး။"
နဉ္ရႈရဲ့အမူအရာက စိတ္မဝင္စားသၫ့္ဟန္ျဖင့္သာရိွေနၿပီး သူမက ရြံရွာစြာဆိုေလ၏။
"စကားေျပာတဲ့အခါ ရွင္ အဲ့ေလာက္ႀကီးကပ္မလာလို႔ မရဘူးလား? ရွင္က နံတယ္ဆိုတာမသိဘူးလား?"
ကုန္းဝူေမ့ : ...
ဒါက ဇာတ္ေၾကာင္းျဖစ္ေနတာမို႔ သူမ သူနဲ႔လိုက္သြားရမယ္ဆိုတာ နဉ္ရႈလည္းသိသည္။ သူမက ငိုေနၿပီျဖစ္သၫ့္ ရႊီယြီ႔ဘက္ကိုလွၫ့္ၾကၫ့္ကာဆို၏။
"လိမ္လိမ္မာမာနဲ႔ ဒီမွာပဲေနေနာ္၊ ဟုတ္ၿပီလား? ဆရာျပန္လာမွာကိုေစာင့္ေန။ နင့္ဆရာတူအစ္မက အဆင္ေျပမွာပါ။ ေဆးစိုက္ခင္းကို ပံုမွန္ဂရုစိုက္ၿပီး ေပါင္းႏႈတ္ေပး၊ ေျမဩဇာေကြၽးေပး။"
ရႊီယြီက မာန္ပါပါေခါင္းၿငိမ့္သည္။
"ဆရာတူအစ္မ၊ ဆရာျပန္ေရာက္လာတဲ့အခ်ိန္က်ရင္ ဆရာနဲ႔ကြၽန္ေတာ္ အစ္မကိုလာကယ္မယ္!"
နဉ္ရႈက သူ႔ေခါင္းေလးကိုပုတ္ေပးလိုက္ၿပီးေနာက္ သူမျပင္ဆင္ထားတဲ့အဝတ္ထုပ္ကိုေကာက္ကာ ကုန္းဝူေမ့ဘက္လွၫ့္သည္။
"အခု ကြၽန္မက ရွင့္သမားေတာ္ပဲ။ ကြၽန္မ အဆင့္ျမင့္ေနရာထိုင္ခင္း လိုခ်င္တယ္။"
"ေကာင္းပါၿပီ။ ကိုယ္က မိန္းမလွေလးေတြအတြက္ဆို အၿမဲစိတ္ရွည္ပါတယ္၊ အထူးသျဖင့္ သန႔္စင္တဲ့ယင္ခႏၶာကိုယ္နဲ႔မိန္းမလွေလးေတြဆိုရင္ေပါ့။"
ကုန္းဝူေမ့ရဲ့ႏႈတ္ခမ္းေတြ ေသြးေဆာင္ေနသၫ့္ဟန္ျဖင့္ မသိမသာေကာ့တက္သြား၏။
"အဆံုးမဲ့နန္းေတာ္ကိုေရာက္တဲ့အခါ အဲ့ေနရာက တကယ္တမ္းက် ေကာင္းကင္ဘံုဆိုတာ မင္းသိလာလိမ့္မယ္။ ၿပီးေတာ့ မင္း ဘယ္ေတာ့မွထြက္သြားခ်င္မွာမဟုတ္ေတာ့ဘူး။"
သူမတို႔ ဝါးအိမ္ေလးမွထြက္လာခ်ိန္၌ နဉ္ရႈကေမးသည္။
"ကြၽန္မတို႔က ရွင့္အဆံုးမဲ့နန္းေတာ္ကို လမ္းေလ်ွာက္သြားရမွာလား?"
"ေသခ်ာေပါက္မဟုတ္ဘူးေပါ့။"
ကုန္းဝူေမ့က သူ႔လက္ေခ်ာင္းေလးေတြကို ႏႈတ္ခမ္းထက္မွာဖိကာ ၾကည္လင္ျပတ္သားသည့္ေလခြၽန္သံရွည္ေပး၏။ ခဏအၾကာ၌ လူတစ္ေယာက္က ဇိမ္ခံရထားလံုးတစ္စီးႏွင့္ေရာက္လာသည္။ ေမာင္းသူကေတာ့ နတ္ဆိုးဂိုဏ္းရဲ့ ဂိုဏ္းသားတစ္ေယာက္ပင္ျဖစ္သည္။
"ဂိုဏ္းခ်ဳပ္ကို ႏႈတ္ခြန္းဆက္သပါတယ္။ ကြၽန္ေတာ္ ရထားလံုးယူလာပါၿပီ။"
ကုန္းဝူေမ့က နဉ္ရႈကို ခပ္ဖြဖြအၿပံဳးေလးႏွင့္ၾကၫ့္သည္။
"အရင္တက္ပါေလ။"
နဉ္ရႈက သူမရဲ့အဝတ္ထုပ္ကိုသယ္ကာ ရထားလံုးေပၚတက္လိုက္သည္။ ကုန္းဝူေမ့ကၿပံဳးလိုက္ၿပီးေနာက္ သူလည္းလိုက္တက္လာကာ နဉ္ရႈနဲ႔မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္သည္။ သူက ေမးကိုေထာက္ရင္း နဉ္ရႈကို ထပ္မံစူးစမ္းေနျပန္၏။
"မင္းနာမည္က ဘာမ်ားလဲ မိန္းမလွေလး?"
"ေရွာင္ဟုန္။"
နဉ္ရႈကျပန္ေျဖသည္။
"ေရွာင္ဟုန္?"
ကုန္းဝူေမ့က ဆြဲေဆာင္မႈရိွလွသၫ့္အသံခပ္တိုးတိုးျဖင့္ သူမနာမည္ကိုေရရြတ္သည္။ ဒါက လူတစ္ေယာက္ရဲ့ႏွလံုးသားေလးကို အင္မတန္မွယားက်ိက်ိျဖစ္သြားေစကာ ခႏၶာကိုယ္ပါ ယားယံလာသလိုခံစားရေစသည္။
"မင္းနာမည္ကေတာင္ အရမ္းထူးျခားတာပဲေနာ္ မိန္းမလွေလး။ ကိုယ္ သေဘာက်တယ္။"
"ခ်ီးက်ူးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။"
နဉ္ရႈက မ်က္ႏွာေသျဖင့္သာျပန္ေျဖသည္။ ထို႔ေနာက္ သူမက တစ္စံုတစ္ရာကိုသတိရသြားဟန္ျဖင့္ေမးလာ၏။
"ယင္လ၊ ယင္ေန့၊ ယင္နာရီမွာေမြးတဲ့မိန္းမတစ္ေယာက္ကိုရွာရတာက မလြယ္ကူဘူး။ အဲ့မိန္းမက ၿပိဳင္ဘက္ကင္းေလာက္ေအာင္ရုပ္ဆိုးေနရင္ေရာ၊ ရွင္ သူ႔ကိုလုပ္ဦးမွာလား?"
ဒီလိုတိက်တဲ့အခ်ိန္သတ္မွတ္ခ်က္ေတြနဲ႔ေမြးလာတဲ့သူကိုေတြ့ႏိုင္တဲ့အခြင့္အေရးက ထီေပါက္ႏိုင္မယ့္အခြင့္အေရးလို ေသးငယ္လွ၏။ ထို႔အတြက္ အဲ့လိုအခ်ိန္မ်ိဳးမွာ မုယန္မုန႔္လိုခႏၶာကိုယ္နဲ႔ေမြးလာတဲ့သူကိုရွာဖို႔ဆိုတာ ပံုမွန္အားျဖင့္ေတာ့ မျဖစ္ႏိုင္ေပ။
အဲ့မိန္းမက ရုပ္ရည္အသင့္အတင့္ေလးေလာက္သာရိွမယ္ဆိုရင္ ကုန္းဝူေမ့က သူ႔အသက္အတြက္ အံႀကိတ္ၿပီး အဲ့ဒါ့ကိုလုပ္မွာလား?
ဒါက သိပ္ၿပီးေက်နပ္ဖို႔ေကာင္းတဲ့အေၾကာင္းအရာမဟုတ္တာေတာ့ ေသခ်ာသည္။ ကုန္းဝူေမ့ရဲ့မ်က္ႏွာအေရာင္က အနည္းငယ္မည္းေမွာင္သြားရင္း သူကဆိုလာပါ၏။
"မင္း ေသေလာက္ေအာင္ငတ္ျပတ္ေနၿပီး ေျမၾကီးေပၚမွာ ဖုန္ေတြေပေနတဲ့စားစရာရိွတယ္ဆိုပါေတာ့၊ မင္း စားမွာလား?"
"ဒါေပါ့။"
နဉ္ရႈက တုန႔္ဆိုင္းမႈမရိျွပန္ေျဖသည္။
"အသက္က အားလံုးထက္အေရးႀကီးတာပဲကို။"
"အိုး..."
နဉ္ရႈက နားလည္သြားကာမွတ္ခ်က္ခ်၏။
"ဆိုေတာ့ ရွင္ သူ႔ကိုလုပ္မယ္လို႔ဆိုလိုတာေပါ့ေနာ္?"
...
နဉ္ရႈ : စကားေျပာရင္ ကပ္မလာနဲ႔။
ကယ္ကယ္ : ဒါငါ့စကားႀကီး။
နဉ္ရႈ : →_→
...
Advertisement
- In Serial28 Chapters
Trapped On A Vampire Cruise With No Power!
Single while everyone else has someone to love, Rose Sexton is eager to discover a new side of life when she decides to go on a cruise. But when she accidentally gets on the wrong cruise ship, one only for vampires, she discovers she may have bitten off more than she could chew. What could be worse than being the only single and vibrantly healthy human on a vampire only cruise ship? I mean...seriously, what could go wrong? complete e-book available on smashwords -> https://www.smashwords.com/books/affiliate/1083654
8 225 - In Serial24 Chapters
A Tribe of Kassia
An irreligious desert elf develops crippling panic attacks when his village is destroyed and betrothed kidnapped. Teaming up with a zealous minotaur monk -- himself a reformed mercenary -- is the only chance to save her.
8 94 - In Serial51 Chapters
Lear County Outlook
Based on true events in my life. Think of these stories as H P Lovecraft meets Rob Zombie. Each story has pieces, confessions, from the rural decay of Appalachia wrapped in horror and madness. All are set in the fictional county of Lear, which is a dark mirror held up to surface, idealized countryside. Blood and familial ties bind deep in a hopeless and rotted south. Tales are whispered of Hill Witches and Demons. Shunned communities molder. All these truths are hidden in the stories of deceit and lies. The first arc revolves around theft and exploitation at one of the last factories of Lear County. Abuse of power draws all down the path of madness.
8 102 - In Serial90 Chapters
Story Ideas and Beginnings
I just write some of my story Ideas here, so you are free to take them and make something out of it. I would be happy to read your own version or story. (Also on Webnovel)
8 200 - In Serial25 Chapters
Endless Connections, Inazuma Eleven Ares no Tenbin & Orion no Kokuin
[Discontinued][DON'T. READ. THIS. EVER. AGAIN. Because the book I made years ago is cringey to me, because it was written by a childish me in the past. So DO NOT read, vote, comment, or whatever here](This cover was made from my awesome friend, @_-Angelic_Demon-_)Endless Connection, Inazuma Eleven Ares no Tenbin & Orion no Kokuin [Reader Insert](Ares no Tenbin Arc)The main heroine is back with a new story! (name) was an ordinary girl again and she was keeping her powerful seal necklace with a goddess on it, Melissa Dark. She studies at the popular school called 'Kiyosumi Gakuen' just only the Reinforcement Committee and she is being the captain in the soccer club. While her friends were transferred in different school (name) sometimes call Kidou and Gouenji to keep on touch with them.After hearing the news about the Ares no Tenbin she knew something is wrong about it but she just ignore it and it doesn't involve her to know about it... or is it?(Orion no Kokuin Arc)After the end of Ares no Tenbin, (name) was chosen in Inazuma Japan along with her best friend, Toshihara Yoshihiro. They were able to reunite with their friends being chosen in the team. However, they will face most biggest challenge in the whole world against stronger enemies from different country.Then a mysterious girl appears in their way, Tokura Chitose. And one of the team's member doesn't know that they are in love with the same girl in Inazuma Japan!How will the story of (name)'s life will go now? Find out and enjoy!
8 171 - In Serial13 Chapters
In My Head
A circle is inscribed upon stone, chants are repeated over and over, calling, calling out into the aether, calling for one to come. Who am I? Where am I? How did I get here? I don't understand, is that magic? What even is that? Please help me. Together we'll be taking a journey through the mind of... well, we'll have to find that out together. Chapters will be short and fast and reader interaction will be key. I'll be adjusting the tags as we get to new places.
8 154

