《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 117
Advertisement
Unicode
မိန်းမတစ်ယောက်ကိုကာကွယ်ခြင်း
______________
ကုန်းဝူမေ့က နဉ်ရှုကိုကြည့်သည်၊ ပြီးနောက် ရွှီယွီ့ကိုကြည့်သည်။
"ငါ သူ့ကိုအရင်တစ်ခေါက်တွေ့တုန်းက သူ တပည့်နှစ်ယောက်လက်ခံလိုက်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?"
ထို့နောက် သူက မျက်တောင်တစ်ခတ်အတွင်းမှာပင် နဉ်ရှုရှေ့ကိုရောက်လာသည်။ သူ့ရဲ့ကျောက်စိမ်းလိုလက်ကိုဆန့်ထုတ်ကာဖြင့် သူက နဉ်ရှုရဲ့မေးကို လက်ညှိုးတစ်ချောင်းနှင့်ပင့်မကာ သူမကို အချိန်ခဏကြာအောင်စစ်ဆေးကြည့်ရှုနေပြီးမှ မှတ်ချက်ချ၏။
"ပြီးတော့ အပျိုစင်လေးတောင်ဖြစ်နေသေးတယ်။ မင်းက အဲ့ရေခဲတုံးရဲ့မိန်းကလေးလို့ ငါထင်လိုက်တာပေမယ့် သူက မင်းကို လုံးဝမထိဘူးပဲ။ ဒီတော့ သူက မင်းကို တကယ်ကြီးသူ့တပည့်အဖြစ်ဆက်ဆံတာပေါ့လေ။"
ကြည့်စမ်း၊ ဒါက မရေမတွက်နိုင်တဲ့မိန်းမတွေအများကြီးယူထားပြီးတဲ့ ယောက်ျားတစ်ယောက်က ဘယ်လိုဆိုတာပဲ။ သူက အကြည့်လေးတစ်ချက်နဲ့တင် တစ်ဖက်လူက အပျိုစင်ဟုတ်မဟုတ်ပြောနိုင်တယ်။ နဉ်ရှုက နောက်ကို ခြေတစ်လှမ်းဆုတ်ကာ အေးစက်စွာဆို၏။
"ရှင်လာတာ အရမ်းနောက်ကျသွားပြီ။ နန်းတော်ကလူတွေက ဆရာ့ကို နန်းတော်ထဲကမျိုးရိုးမြင့်လူတစ်ယောက်ကိုကုသပေးဖို့ ဖိတ်ခေါ်သွားကြပြီ။"
"အဆင်ပြေပါတယ်။ မင်း ဒီမှာရှိနေမှတော့ ဒီခရီးက အလဟသမဖြစ်ပါဘူး။"
ကုန်းဝူမေ့က နဉ်ရှုကိုကြည့်သည်။
"မင်းက အဲ့ရေခဲတုံးရဲ့တပည့်ဆိုတော့ ဘယ်လောက်များသင်ယူပြီးပြီလဲ?"
"ကျွန်တော့်ဆရာတူအစ်မက ဘာမှမသင်ထားဘူး။ ဆရာက သူ့ဆေးပညာအသိတွေအားလုံးကို ကျွန်တော့်ဆီလွှဲပေးခဲ့တာ။ ကျွန်တော့်ဆရာတူအစ်မကို ခက်ခဲအောင်မလုပ်နဲ့။ တစ်ယောက်ယောက်က ခင်ဗျားကိုကြည့်ပေးစေချင်ရင် ကျွန်တော်ကြည့်ပေးမယ်။"
ရွှီယွီက နဉ်ရှုရှေ့မှာ သူရဲကောင်းဆန်စွာရပ်၏။
"ကျွန်တော့်ဆရာတူအစ်မက ငတုံးတစ်ယောက်ပဲ။ သူက ဘာမှမတတ်ဘူး။"
နဉ်ရှု : ...
သူမကိုကာကွယ်ဖို့ပြောတာဆိုပေမယ့် ဒီစကားကိုကြားရတာ သူမ ဘာလို့ တကယ်ကိုသဘောမကျမိတာပါလိမ့်?
နဉ်ရှုက ကောင်လေးကို သူမနောက်နားဆီပြန်ဆွဲလိုက်ပြီး အေးစက်စွာဆိုသည်။
"ကျွန်မ ရှင့်သွေးကြောကိုစမ်းဖို့တောင်မလိုဘူး။ ရှင့်ကိုကြည့်ရုံနဲ့တင် ရှင် ဘယ်လိုရောဂါမျိုးရနေတယ်ဆိုတာ ကျွန်မပြောနိုင်တယ်။"
ရွှီယွီက သူမကို 'ဆရာတူအစ်မ၊ လျှောက်လုပ်နေတာတွေရပ်တော့'ဟူသည့်အကြည့်ဖြင့်ကြည့်လာ၏။ ထိုအချိန်၌ ကုန်းဝူမေ့က မျက်ခုံးပင့်ကာ ရွှင်မြူးနေသည့်လေသံဖြင့်မေးလာ၏။
"ကိုယ်က မိန်းမလှလေးတွေအတွက်ဆို အမြဲစိတ်ရှည်တတ်ပါတယ်။ ဆိုတော့ ပြောပါဦး၊ ကိုယ့်မှာ ဘာရောဂါရှိနေလဲဆိုတာ?"
နဉ်ရှုက ရွံရှာမှုတို့ဖြင့်ဖြေသည်။
"ကာမအလွန်အကြူးလိုက်စားတာက ရှင့်ရဲ့ချီစွမ်းအင်တွေကို ဖောက်ပြန်လာစေတယ်။ ရှင် အတွင်းအားလှည့်ပတ်တဲ့အခါတိုင်း မီးတွေက ရှင့်ကိုအတွင်းအပြင်လောင်ကျွမ်းနေသလိုခံစားနေရတယ်။ ပြီးတော့ ရှင်က ယင်လ၊ ယင်နေ့၊ ယင်နာရီမှာမွေးတဲ့အမျိုးသမီးတစ်ယောက်နဲ့ ဆက်ဆံဖို့လိုတယ်၊ မဟုတ်ရင် ရှင့်သွေးကြောတွေပေါက်ကွဲကုန်မှာ။ ဒါပေမယ့် ရှင်ဆက်ဆံခဲ့တဲ့အမျိုးသမီးက ကြာကြာအသက်ရှင်မှာမဟုတ်ဘူး။"
ကုန်းဝူမေ့မှာ မသိမသာတောင့်တင်းသွားခဲ့ပြီး သူ့ခါးမှာချိတ်ထားတဲ့ကျောက်စိမ်းဆွဲပြားနဲ့ကစားနေတဲ့ သူ့လက်ကလည်း ရပ်သွားခဲ့သည်။ ခဏအကြာ၌ သူက ကျောက်စိမ်းပြားကိုလွှတ်ကာ ရယ်မောလေ၏။ မေးခွန်းထုတ်လိုက်ချိန်မှာ သူ့အမူအရာက အနည်းငယ်ခြိမ်းခြောက်သည့်ဟန်ဖြစ်နေခဲ့သည်။
"ရေခဲတုံးလား? ရေခဲတုံးက မင်းကို ငါ့အခြေအနေပြောပြထားတာလား?"
"ရှင်အတွေးလွန်နေပြီ။ ဆရာက ရှင့်အကြောင်း ကျွန်မကိုမပြောဖူးဘူး။ ရှင့်ကိုယ်ရှင် အရေးပါတယ်များထင်နေလား?"
နဉ်ရှုက ရွံရှာစွာပြန်ဖြေသည်။ သူမက သူ့ရဲ့ပန်းပွင့်လေးလိုရုပ်ရည်ကိုကြည့်ကာ မေးလိုက်၏။
"နတ်ဆိုးဂိုဏ်းချုပ်တွေအားလုံးက ဒီလိုပဲလှကြတာလား?"
နတ်ဆိုးဂိုဏ်းချုပ်တွေက အလှလေးတွေဖြစ်ရမယ်ဆိုတဲ့ဇာတ်ကွက်က ကောင်းသားပဲ။
"ဟမ်? ငါက နတ်ဆိုးဂိုဏ်းချုပ်ဆိုတာ မင်းဘယ်လိုလုပ်သိလဲ?"
ကုန်းဝူမေ့က စိတ်ဝင်စားကာ မျက်ခုံးပင့်သည်။
"မိန်းကလေး၊ မင်းက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ကိုယ်နဲ့ အဆုံးမဲ့နန်းတော်ကိုလိုက်ခဲ့၊ ကိုယ် မင်းကို အဆုံးစွန်သောပျော်ရွှင်မှုကို တွေ့ကြုံခံစားခွင့်ပေးမယ်။"
နဉ်ရှု : ...
"ဆရာတူအစ်မ။"
ရွှီယွီက နဉ်ရှုရဲ့အင်္ကျီလက်ကိုဆွဲလာသည်။ သူ့မျက်နှာက လုံးဝဖြူဖျော့နေ၏။ ကုန်းဝူမေ့က ဘာကိုအရိပ်အယောင်ပြနေတယ်ဆိုတာ သူနားလည်သည်။ ဆရာတူအစ်မကလည်း သူ့အမေနဲ့တူညီတဲ့ကံကြမ္မာကို ရင်ဆိုင်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။
နဉ်ရှုက ရွှီယွီရဲ့ပခုံးကိုပုတ်ကာ နူးညံ့စွာဆိုသည်။
"ကိစ္စမရှိဘူး။ ငါ အဆင်ပြေမှာပါ။"
"မိန်းကလေး၊ မင်း ကိုယ်နဲ့လိုက်ခဲ့မလား? မလိုက်ဖို့ကိုလည်း ရွေးချယ်လို့ရပါတယ်၊ ဒါပေမယ့် မင်းရဲ့ဒီဆရာတူမောင်လေးကတော့ သေရလိမ့်မယ်။ ကိုယ့်လက်ချောင်းလေးတစ်ချက်တောက်လိုက်တာနဲ့ သူ့အသက်ပိစိလေးက ထာဝရပျောက်ကွယ်သွားလိမ့်မယ်။"
ကုန်းဝူမေ့မှာ လူတစ်ယောက်ကိုသတ်ခြင်းအတွက် ဘာမှမခံစားရပေ။ သူ့အမူအရာ၌ တုန်လှုပ်မှုလေးတစ်ခုပင်ရှိမနေ။ သူ မညှာမတာသတ်ဖြတ်လာခဲ့သည်မှာ ကြာပြီဆိုတာသိသာနေ၏။
သို့သော်လည်း နဉ်ရှုက ကြောက်မသွားပါချေ။
"အဲ့လိုမလုပ်ဖို့ ကျွန်မ ရှင့်ကိုအကြံပေးလိုက်မယ်။ မဟုတ်လို့ကတော့ ဆရာပြန်လာတဲ့အခါ သူက ရှင့်ကို သေချာပေါက်မတွေ့တွေ့အောင်လိုက်ရှာလိမ့်မယ်။ ရှင် ဘယ်သူ့ကိုပဲဆန့်ကျင်ပါစေ ကိစ္စမရှိပေမယ့် သမားတော်တစ်ယောက်ကိုတော့ မဆန့်ကျင်သင့်ဘူး။"
"မိန်းမလှလေး၊ မင်းက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ မင်းကလည်း ယင်လ၊ ယင်နေ့၊ ယင်နာရီမှာမွေးတာမဟုတ်လား?"
ကုန်းဝူမေ့က နှုတ်ခမ်းသပ်သည်။ သွေးဆောင်ဖျားယောင်းနေတဲ့မြင်ကွင်းက လူတွေရဲ့နှလုံးသားကို စည်းချက်မညီဖြစ်သွားစေနိုင်၏။
ယောက်ျားတစ်ယောက်က သည်မျှဆွဲဆောင်မှုရှိသည်မှာ တကယ်ဆိုးလွန်းတာပင်။ နဉ်ရှုမှာ သူမရဲ့သိက္ခာကတော့ စိန်ခေါ်ခြင်းခံနေရပြီဟုတွေးလိုက်မိ၏။ သူမ တကယ်ပဲ ယောက်ျားတွေတစ်ပြုံကြီးရှာလိုက်ချင်သည်။ ဒါဆို အဲ့လူတွေ ဒီလူ့ကိုမတရားကျင့်လို့ရပေမည်။
...
Zawgyi
မိန္းမတစ္ေယာက္ကိုကာကြယ္ျခင္း
______________
ကုန္းဝူေမ့က နဉ္ရႈကိုၾကၫ့္သည္၊ ၿပီးေနာက္ ရႊီယြီ႔ကိုၾကၫ့္သည္။
"ငါ သူ႔ကိုအရင္တစ္ေခါက္ေတြ့တုန္းက သူ တပၫ့္ႏွစ္ေယာက္လက္ခံလိုက္လိမ့္မယ္လို႔ ဘယ္သူထင္မွာလဲ?"
ထို႔ေနာက္ သူက မ်က္ေတာင္တစ္ခတ္အတြင္းမွာပင္ နဉ္ရႈေရ႔ွကိုေရာက္လာသည္။ သူ႔ရဲ့ေက်ာက္စိမ္းလိုလက္ကိုဆန႔္ထုတ္ကာျဖင့္ သူက နဉ္ရႈရဲ့ေမးကို လက္ၫွိုးတစ္ေခ်ာင္းႏွင့္ပင့္မကာ သူမကို အခ်ိန္ခဏၾကာေအာင္စစ္ေဆးၾကၫ့္ရႈေနၿပီးမွ မွတ္ခ်က္ခ်၏။
"ၿပီးေတာ့ အပ်ိဳစင္ေလးေတာင္ျဖစ္ေနေသးတယ္။ မင္းက အဲ့ေရခဲတံုးရဲ့မိန္းကေလးလို႔ ငါထင္လိုက္တာေပမယ့္ သူက မင္းကို လံုးဝမထိဘူးပဲ။ ဒီေတာ့ သူက မင္းကို တကယ္ႀကီးသူ႔တပၫ့္အျဖစ္ဆက္ဆံတာေပါ့ေလ။"
Advertisement
ၾကၫ့္စမ္း၊ ဒါက မေရမတြက္ႏိုင္တဲ့မိန္းမေတြအမ်ားႀကီးယူထားၿပီးတဲ့ ေယာက္်ားတစ္ေယာက္က ဘယ္လိုဆိုတာပဲ။ သူက အၾကၫ့္ေလးတစ္ခ်က္နဲ႔တင္ တစ္ဖက္လူက အပ်ိဳစင္ဟုတ္မဟုတ္ေျပာႏိုင္တယ္။ နဉ္ရႈက ေနာက္ကို ေျခတစ္လွမ္းဆုတ္ကာ ေအးစက္စြာဆို၏။
"ရွင္လာတာ အရမ္းေနာက္က်သြားၿပီ။ နန္းေတာ္ကလူေတြက ဆရာ့ကို နန္းေတာ္ထဲကမ်ိဳးရိုးျမင့္လူတစ္ေယာက္ကိုကုသေပးဖို႔ ဖိတ္ေခၚသြားၾကၿပီ။"
"အဆင္ေျပပါတယ္။ မင္း ဒီမွာရိွေနမွေတာ့ ဒီခရီးက အလဟသမျဖစ္ပါဘူး။"
ကုန္းဝူေမ့က နဉ္ရႈကိုၾကၫ့္သည္။
"မင္းက အဲ့ေရခဲတံုးရဲ့တပၫ့္ဆိုေတာ့ ဘယ္ေလာက္မ်ားသင္ယူၿပီးၿပီလဲ?"
"ကြၽန္ေတာ့္ဆရာတူအစ္မက ဘာမွမသင္ထားဘူး။ ဆရာက သူ႔ေဆးပညာအသိေတြအားလံုးကို ကြၽန္ေတာ့္ဆီလႊဲေပးခဲ့တာ။ ကြၽန္ေတာ့္ဆရာတူအစ္မကို ခက္ခဲေအာင္မလုပ္နဲ႔။ တစ္ေယာက္ေယာက္က ခင္ဗ်ားကိုၾကၫ့္ေပးေစခ်င္ရင္ ကြၽန္ေတာ္ၾကၫ့္ေပးမယ္။"
ရႊီယြီက နဉ္ရႈေရ႔ွမွာ သူရဲေကာင္းဆန္စြာရပ္၏။
"ကြၽန္ေတာ့္ဆရာတူအစ္မက ငတံုးတစ္ေယာက္ပဲ။ သူက ဘာမွမတတ္ဘူး။"
နဉ္ရႈ : ...
သူမကိုကာကြယ္ဖို႔ေျပာတာဆိုေပမယ့္ ဒီစကားကိုၾကားရတာ သူမ ဘာလို႔ တကယ္ကိုသေဘာမက်မိတာပါလိမ့္?
နဉ္ရႈက ေကာင္ေလးကို သူမေနာက္နားဆီျပန္ဆြဲလိုက္ၿပီး ေအးစက္စြာဆိုသည္။
"ကြၽန္မ ရွင့္ေသြးေၾကာကိုစမ္းဖို႔ေတာင္မလိုဘူး။ ရွင့္ကိုၾကၫ့္ရံုနဲ႔တင္ ရွင္ ဘယ္လိုေရာဂါမ်ိဳးရေနတယ္ဆိုတာ ကြၽန္မေျပာႏိုင္တယ္။"
ရႊီယြီက သူမကို 'ဆရာတူအစ္မ၊ ေလ်ွာက္လုပ္ေနတာေတြရပ္ေတာ့'ဟူသၫ့္အၾကၫ့္ျဖင့္ၾကၫ့္လာ၏။ ထိုအခ်ိန္၌ ကုန္းဝူေမ့က မ်က္ခံုးပင့္ကာ ရႊင္ျမဴးေနသၫ့္ေလသံျဖင့္ေမးလာ၏။
"ကိုယ္က မိန္းမလွေလးေတြအတြက္ဆို အၿမဲစိတ္ရွည္တတ္ပါတယ္။ ဆိုေတာ့ ေျပာပါဦး၊ ကိုယ့္မွာ ဘာေရာဂါရိွေနလဲဆိုတာ?"
နဉ္ရႈက ရြံရွာမႈတို႔ျဖင့္ေျဖသည္။
"ကာမအလြန္အၾကဴးလိုက္စားတာက ရွင့္ရဲ့ခ်ီစြမ္းအင္ေတြကို ေဖာက္ျပန္လာေစတယ္။ ရွင္ အတြင္းအားလွၫ့္ပတ္တဲ့အခါတိုင္း မီးေတြက ရွင့္ကိုအတြင္းအျပင္ေလာင္ကြၽမ္းေနသလိုခံစားေနရတယ္။ ၿပီးေတာ့ ရွင္က ယင္လ၊ ယင္ေန့၊ ယင္နာရီမွာေမြးတဲ့အမ်ိဳးသမီးတစ္ေယာက္နဲ႔ ဆက္ဆံဖို႔လိုတယ္၊ မဟုတ္ရင္ ရွင့္ေသြးေၾကာေတြေပါက္ကြဲကုန္မွာ။ ဒါေပမယ့္ ရွင္ဆက္ဆံခဲ့တဲ့အမ်ိဳးသမီးက ၾကာၾကာအသက္ရွင္မွာမဟုတ္ဘူး။"
ကုန္းဝူေမ့မွာ မသိမသာေတာင့္တင္းသြားခဲ့ၿပီး သူ႔ခါးမွာခ်ိတ္ထားတဲ့ေက်ာက္စိမ္းဆြဲျပားနဲ႔ကစားေနတဲ့ သူ႔လက္ကလည္း ရပ္သြားခဲ့သည္။ ခဏအၾကာ၌ သူက ေက်ာက္စိမ္းျပားကိုလႊတ္ကာ ရယ္ေမာေလ၏။ ေမးခြန္းထုတ္လိုက္ခ်ိန္မွာ သူ႔အမူအရာက အနည္းငယ္ၿခိမ္းေျခာက္သၫ့္ဟန္ျဖစ္ေနခဲ့သည္။
"ေရခဲတံုးလား? ေရခဲတံုးက မင္းကို ငါ့အေျခအေနေျပာျပထားတာလား?"
"ရွင္အေတြးလြန္ေနၿပီ။ ဆရာက ရွင့္အေၾကာင္း ကြၽန္မကိုမေျပာဖူးဘူး။ ရွင့္ကိုယ္ရွင္ အေရးပါတယ္မ်ားထင္ေနလား?"
နဉ္ရႈက ရြံရွာစြာျပန္ေျဖသည္။ သူမက သူ႔ရဲ့ပန္းပြင့္ေလးလိုရုပ္ရည္ကိုၾကၫ့္ကာ ေမးလိုက္၏။
"နတ္ဆိုးဂိုဏ္းခ်ဳပ္ေတြအားလံုးက ဒီလိုပဲလွၾကတာလား?"
နတ္ဆိုးဂိုဏ္းခ်ဳပ္ေတြက အလွေလးေတျြဖစ္ရမယ္ဆိုတဲ့ဇာတ္ကြက္က ေကာင္းသားပဲ။
"ဟမ္? ငါက နတ္ဆိုးဂိုဏ္းခ်ဳပ္ဆိုတာ မင္းဘယ္လိုလုပ္သိလဲ?"
ကုန္းဝူေမ့က စိတ္ဝင္စားကာ မ်က္ခံုးပင့္သည္။
"မိန္းကေလး၊ မင္းက တကယ္စိတ္ဝင္စားဖို႔ေကာင္းတာပဲ။ ကိုယ္နဲ႔ အဆံုးမဲ့နန္းေတာ္ကိုလိုက္ခဲ့၊ ကိုယ္ မင္းကို အဆံုးစြန္ေသာေပ်ာ္ရႊင္မႈကို ေတြ့ႀကံဳခံစားခြင့္ေပးမယ္။"
နဉ္ရႈ : ...
"ဆရာတူအစ္မ။"
ရႊီယြီက နဉ္ရႈရဲ့အက်ႌလက္ကိုဆြဲလာသည္။ သူ႔မ်က္ႏွာက လံုးဝျဖဴေဖ်ာ့ေန၏။ ကုန္းဝူေမ့က ဘာကိုအရိပ္အေယာင္ျပေနတယ္ဆိုတာ သူနားလည္သည္။ ဆရာတူအစ္မကလည္း သူ႔အေမနဲ႔တူညီတဲ့ကံၾကမၼာကို ရင္ဆိုင္ရမယ္ဆိုတဲ့အဓိပၸာယ္ပဲ။
နဉ္ရႈက ရႊီယြီရဲ့ပခံုးကိုပုတ္ကာ ႏူးညံ့စြာဆိုသည္။
"ကိစၥမရိွဘူး။ ငါ အဆင္ေျပမွာပါ။"
"မိန္းကေလး၊ မင္း ကိုယ္နဲ႔လိုက္ခဲ့မလား? မလိုက္ဖို႔ကိုလည္း ေရြးခ်ယ္လို႔ရပါတယ္၊ ဒါေပမယ့္ မင္းရဲ့ဒီဆရာတူေမာင္ေလးကေတာ့ ေသရလိမ့္မယ္။ ကိုယ့္လက္ေခ်ာင္းေလးတစ္ခ်က္ေတာက္လိုက္တာနဲ႔ သူ႔အသက္ပိစိေလးက ထာဝရေပ်ာက္ကြယ္သြားလိမ့္မယ္။"
ကုန္းဝူေမ့မွာ လူတစ္ေယာက္ကိုသတ္ျခင္းအတြက္ ဘာမွမခံစားရေပ။ သူ႔အမူအရာ၌ တုန္လႈပ္မႈေလးတစ္ခုပင္ရိွမေန။ သူ မၫွာမတာသတ္ျဖတ္လာခဲ့သည္မွာ ၾကာၿပီဆိုတာသိသာေန၏။
သို႔ေသာ္လည္း နဉ္ရႈက ေၾကာက္မသြားပါေခ်။
"အဲ့လိုမလုပ္ဖို႔ ကြၽန္မ ရွင့္ကိုအႀကံေပးလိုက္မယ္။ မဟုတ္လို႔ကေတာ့ ဆရာျပန္လာတဲ့အခါ သူက ရွင့္ကို ေသခ်ာေပါက္မေတြ့ေတြ့ေအာင္လိုက္ရွာလိမ့္မယ္။ ရွင္ ဘယ္သူ႔ကိုပဲဆန႔္က်င္ပါေစ ကိစၥမရိွေပမယ့္ သမားေတာ္တစ္ေယာက္ကိုေတာ့ မဆန႔္က်င္သင့္ဘူး။"
"မိန္းမလွေလး၊ မင္းက တကယ္စိတ္ဝင္စားဖို႔ေကာင္းတာပဲ။ မင္းကလည္း ယင္လ၊ ယင္ေန့၊ ယင္နာရီမွာေမြးတာမဟုတ္လား?"
ကုန္းဝူေမ့က ႏႈတ္ခမ္းသပ္သည္။ ေသြးေဆာင္ဖ်ားေယာင္းေနတဲ့ျမင္ကြင္းက လူေတြရဲ့ႏွလံုးသားကို စည္းခ်က္မညီျဖစ္သြားေစႏိုင္၏။
ေယာက္်ားတစ္ေယာက္က သည္မ်ွဆြဲေဆာင္မႈရိွသည္မွာ တကယ္ဆိုးလြန္းတာပင္။ နဉ္ရႈမွာ သူမရဲ့သိကၡာကေတာ့ စိန္ေခၚျခင္းခံေနရၿပီဟုေတြးလိုက္မိ၏။ သူမ တကယ္ပဲ ေယာက္်ားေတြတစ္ၿပံဳႀကီးရွာလိုက္ခ်င္သည္။ ဒါဆို အဲ့လူေတြ ဒီလူ႔ကိုမတရားက်င့္လို႔ရေပမည္။
...
Advertisement
- In Serial66 Chapters
Inheritors of Eschaton
The tear in reality led to a new world, one that promised fortune, prestige and a deeper understanding of the universe. Those that entered found only death. Four survivors are stranded in a strange and hostile world, at the mercy of forces they cannot understand. Their only path forward is to travel among the ashes of a broken and dying land searching for a way to survive, to endure - and to make their way back home. Cover art by Harry Rowland.
8 106 - In Serial6 Chapters
I Shall Eat Everything
Xuanhuan + LitRPG A young man is granted the opportunity to reincarnate with the ability to eat and gain traits. (The cover image does not belong to me. If the owner so wishes, I will take it down immediately.)
8 55 - In Serial20 Chapters
Aang's Guide
It has been for-told that Aang was not an only child. But that a young girl, a twin, was born with him. In the womb of their mother, the powerful spirit Ravaa didn't know which child to choose. They were both strong and determined. So she placed a small amount of her spirit in the girl and she put herself into the boy. The small spirit in the girl gave her the ability to bend all of the elements but the girl was never allowed to go into avatar state. When born the children grew up with each other a small time. Then Aang chose the toys of which the avatar chooses. And the young girl was sent back to her parents..... But what exactly happened to her? Did she ever meet her brother? Does she ever proceed her talents?I only own Kyra and her children the other characters are owned by the makers of ATLA and TLOK.
8 242 - In Serial29 Chapters
Universal Tampering Considered Harmful
Not so far in the future, in our very own galaxy... nothing much has changed. No robot apocalypse, no flying cars. Orion and his group of hackers and thieves live a simple life: do jobs that are fun, don't get caught. It would be quite easy if there wasn't that one friend that disappeared five years ago. The friend that worked on some top secret research on brain activity for the government. The friend that they've been looking for, without avail. As Orion and his friends finally pick up on a trail, they quickly find themselves involved in something much larger than one missing person. WARNING: This work contains explicit violence, mentions of abuse, and other potentially disturbing content. Reader discretion is advised.
8 245 - In Serial22 Chapters
Your Voice | Taehyun x Chaeryeong
"•I love hearing Your Voice•"In which Taehyun gets a phone call from an unknown number. It turns out that it was all misunderstanding but what will that one phone call lead to?Started : 10/09/2022Ended : 02/11/2022
8 155 - In Serial8 Chapters
His Filthy Consort
The Kinkier .... The Sexier 🔞🔞🔞🔞Keisha, a 19-year-old orphan grew up having thewildest kink ever. Humiliation kink. This strange and unaccepted sexual orientation of hers was hidden by her as she served several rich and influential people with her housemaid services, and frequent nights on their beds. Her life changed when she was brought by the Queen of Raevarno, with the hope of providing an heir to the throne. Attracted to her new master, she found herself indulging in her kink. To her luck, Prince Alaric was just as she had lusted after. A sexy sadist, who can have her gut rearranged and humiliated...© 2022 Unusualdee
8 59

