《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 116
Advertisement
Unicode
ယောက်ျားက မိန်းမကိုကာကွယ်ရမှာ
____________
ထိုအသံကိုကြားလိုက်ရချိန်၌ နဉ်ရှုက ဟိုဟိုသည်သည်ကြည့်လိုက်သော်လည်း တစ်ယောက်မှမတွေ့ချေ။ ချောင်းထဲမှာငါးဖမ်းနေသည့်ရွှီယွီက ကုန်းပေါ်ပြေးတက်လာကာ နဉ်ရှုနောက်ဝင်ပုန်း၏။ သူက စိတ်လှုပ်ရှားစွာမေးသည်။
"ဆရာတူအစ်မ၊ အဲ့ဒါ သရဲလားဟင်? ဆရာတူအစ်မ၊ ကျွန်တော် ကြောက်တယ်! အစ်မ ကျွန်တော့်ကိုကာကွယ်ရမယ်နော်၊ ဟုတ်ပြီလား?"
"နင့်လိုကလေးပေါက်စလေးက ဘာလို့အရမ်းအယူသီးနေရတာလဲ?"
နဉ်ရှုက သူ့ကို သူမနောက်မှဆွဲခေါ်၏။
"နင်က ယောက်ျားလေးလေ၊ မိန်းမတွေကို ကာကွယ်ပေးရမှာ၊ သိပြီလား? မိန်းမတစ်ယောက်နောက်မှာ နင်ပုန်းနေတာက လုံးဝယောက်ျားမပီသဘူး။"
"ဟားဟား၊ ရယ်ချင်စရာကောင်းလိုက်တာ။"
လူတစ်ယောက်က သစ်ပင်တစ်ပင်ပေါ်မှခုန်ဆင်းလာသည်။ သူ့ဆံပင်တွေက လျော့ရဲနေကာ အနက်ရောင်ဖဲကြိုးဖြင့် ဖြစ်သလိုစည်းနှောင်ထား၏။ သူက ရွှေချည်ထိုးထားသည့် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။ သို့သော်လည်း သူ့ရဲ့အထင်ရှားဆုံးလက္ခဏာက ယောက်ျားလိုလို မိန်းမလိုလိုဖြစ်နေသည့် သူ့ရုပ်ရည်ဖြစ်ကာ မယုံနိုင်လောက်အောင်လှရက်ပြီး နတ်ဆိုးဆန်ဆန်လေထုခပ်ပါးပါးဝန်းရံနေခြင်းဖြစ်၏။
အဲ့မှာရပ်နေတဲ့သူ့ပုံစံက စိတ်ကူးယဉ်နတ်သမီးတစ်ပါး၏ပုံစံနှင့်တူကာ လှပသော်လည်း သေစေနိုင်သည်။
နဉ်ရှုက သူ့ကိုကြည့်ကာဆိုသည်။
"ကျွန်မဆရာ အိမ်မှာမရှိဘူး။ ရှာလည်း အလကားပဲ။"
အမျိုးသားက အနည်းငယ်အံ့အားသင့်သွားသော်လည်း ခဏလေးအတွင်းမှာပင် ထပ်ပြုံးလိုက်သည်။ သူ့နှုတ်ခမ်းတွေက စွဲမက်ဖွယ်ရာလှောင်ပြုံးတစ်ခုအဖြစ် ကော့တက်သွားပြီး သူက ရေမျက်နှာပြင်ထက် ကိုယ်ဖော့နင်းကာ နဉ်ရှုရှေ့တည့်တည့်ဆီ ပျံသန်းရောက်ရှိလာ၏။ သူ့ကိုယ်ပေါ်က မွှေးရနံ့က လေနှင့်အတူ နဉ်ရှုဆီရောက်ရှိလာသည်။
"ဝိုး! အံ့ဩစရာကြီး! ခင်ဗျားက တကယ်ကြီးပျံလာတာပဲ!"
ရွှီယွီက အမျိုးသားကိုလေးစားမှုတို့ဖြင့်ကြည့်သည်။
အမျိုးသားက သူ့မျက်လုံးတွေကို နဉ်ရှုဆီမှာပဲတွယ်ငြိနေစေရင်း မေးလိုက်သည်။
"မင်း ဘယ်နေ့၊ ဘယ်အချိန်မှာမွေးလာတာလဲ?"
ဒီကောင့်ကိုကြည့်စမ်း! သူက သူမမွေးရက်ကိုမမေးခင် နာမည်လေးတောင်မမေးဘူး။ နဉ်ရှုက ရွှီယွီ့ကို သူမနှင့်အတူဆွဲခေါ်ကာ နောက်ကိုတစ်လှမ်းဆုတ်ရင်းဆို၏။
"ဒါက လျှို့ဝှက်ချက်ပဲ။ ရှင်က ကျွန်မကို ဗူဒူးအရုပ်နဲ့ပြုစားဖို့မေးတယ်ဆို ဘယ်လိုလုပ်မလဲ?"
အမျိုးသား : ...
ထို့နောက် နဉ်ရှုက ရွှီယွီနှင့်အတူပြေးလေ၏။ သူမ နောက်ပြန်လှည့်ကြည့်လိုက်ချိန်၌ နတ်ဆိုးဂိုဏ်းချုပ်က သူမတို့နောက်ကလိုက်မလာဘဲ ရွှင်မြူးနေသည့်အမူအရာဖြင့် သူမကိုကြည့်နေသည်အားတွေ့လိုက်ရသည်။
သူမတို့ ဝါးအိမ်လေးဆီပြန်ရောက်ချိန်၌ နဉ်ရှုက ရွှီယွီ့ကိုပြောသည်။
"အဲ့လူက အရမ်းအန္တရာယ်များတယ်။ နောက်ဆို သူ့အနားရှိနေရင် သတိထား။"
ထို့နောက် သူမက ရွှီယွီ့အတွက် ရိက္ခာအတော်များများပြင်ပေးကာဆိုသည်။
"နင်တစ်ယောက်တည်း ဒီမှာရှိနေတဲ့အချိန် ဂရုစိုက်။ နင်နဲ့အတူ အဆိပ်နည်းနည်းလည်းဆောင်ထား။ အန္တရာယ်တစ်ခုခုနဲ့ကြုံရင် အဆိပ်သာသုံးလိုက်။"
နဉ်ရှုက သူ့ကို ထိုမျှများပြားလှသည့်ညွှန်ကြားချက်တွေပေးနေတာကိုမြင်လိုက်ရချိန်၌ ရွှီယွီမှာ မကောင်းသည့်စိတ်ခံစားချက်များရလာပြီး နဉ်ရှုရဲ့အင်္ကျီလက်ကို စိတ်လှုပ်ရှားစွာဆုပ်ကိုင်၏။
"ဘာလို့လဲ ဆရာတူအစ်မ? အစ်မ တစ်နေရာရာကိုသွားမလို့လား?"
"ဘာမှမဟုတ်ပါဘူး။ ငါလည်း ခရီးတစ်ခုထွက်ရတော့မှာ။ နင့်ကိုယ်နင် သေချာဂရုစိုက်။"
နဉ်ရှုကပြောသည်။
မူလဇာတ်ကြောင်းမှာတော့ နတ်ဆိုးဂိုဏ်းချုပ်က နတ်ဆေးသမားတော်ကို သူ့အတွင်းဒဏ်ရာတွေကုသခိုင်းဖို့လာရှာခဲ့ပြီး မုယန်မုန့်ကို သဘောကျသွားခဲ့သည်။ မုယန်မုန့်က ယင်လ၊ ယင်နေ့၊ ယင်နာရီမှာမွေးမှန်းသိသွားချိန်၌ သူက မုယန်မုန့်ကို မဆိုင်းမတွပင်ပြန်ပေးဆွဲသွားတော့၏။
ခဏလောက်နေရင် သူမ အဲ့လူနဲ့ထွက်သွားရလောက်သည်။
ဒါပေမယ့် ဒီတစ်ခေါက်တော့ သူမ အဲ့လူခံစားရအောင် သေချာပေါက်လုပ်မှာ!
"ဆရာတူအစ်မ၊ မသွားပါနဲ့။ ကျွန်တော် ကြောက်တယ်၊ ကျွန်တော် ဒီမှာ တစ်ယောက်တည်းမနေချင်ဘူး။"
ရွှီယွီက သူမထွက်သွားမှာကြောက်ကာ နဉ်ရှုရဲ့အင်္ကျီလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထား၏။
"ဟမ်? မိန်းမလှလေး၊ မင်း ဘယ်သွားမလို့လဲ? မင်းက ကိုယ့်ရုပ်ရည်ကိုစွဲလန်းသွားပြီး ကိုယ်နဲ့ခိုးရာလိုက်ပြေးချင်လို့လား?"
နတ်ဆိုးဂိုဏ်းချုပ်ရဲ့အသံက အပြင်ကနေထွက်လာသည်။ နဉ်ရှု အပြင်ထွက်သွားချိန်၌ သူက ကျောက်တုံးခုံပုလေးပေါ်မှာ ညှို့ငင်မှုတို့မရှိလေဟန်ဖြင့် ပျင်းရိစွာထိုင်နေသည်။ သူ့ရဲ့လှုပ်ရှားမှုတိုင်းက စွဲမက်ဖို့ကောင်းလောက်အောင်ဆွဲအောင်မှုရှိနေသော်လည်း သူက ယောက်ျားတစ်ယောက်ဆိုတဲ့အချက်ကတော့ အလွန်ပင်သိသာနေဆဲဖြစ်၏။
လှပတယ်၊ မျက်နှာများတယ်၊ ပြီးတော့ ရက်စက်တယ်။ နတ်ဆိုးဂိုဏ်းချုပ်က ဘူးညီနောင်ခုနစ်ဖော်ထဲမှာ ကြည့်အကောင်းဆုံးရုပ်ရည်ရှိတဲ့သူပဲ။
...
ယင်လ : ဧပြီ။
ချစ်စွာသော စာရှုသူတို့၊ နဥ်ရှု Manhuaလေးကိုလေ wattpadမှာတင်ပေးနေတဲ့သူရှိတယ်။ လေပွေ့ရဲ့Reading Listထဲ ဝင်ကြည့်လိုက်ပါ။ ပြီးတော့ I Make Scum Man Cryဆိုတဲ့ webtoonတစ်ခုတွေ့လာတယ်။ သူကလည်း နဥ်ရှုပါပဲ။ နှစ်ခုရှိတာက realmအစဥ်လိုက်မဟုတ်တာရယ်၊ ဇာတ်လမ်းကို အများကြီးဖြတ်ချထားတာရယ်ပဲ။ သူက အခု ဒီRealm-5ကနေစတာ။ ဆိုတော့ကာ ဖတ်ချင်ရင် ဂလူးဂလူးမှာသွားရှာပြီးဖတ်လို့ရနိုင်ပါကြောင်း သတင်းစကားလက်တို့ပါးလိုက်ရပါတယ်။
...
Zawgyi
ေယာက္်ားက မိန္းမကိုကာကြယ္ရမွာ
____________
ထိုအသံကိုၾကားလိုက္ရခ်ိန္၌ နဉ္ရႈက ဟိုဟိုသည္သည္ၾကၫ့္လိုက္ေသာ္လည္း တစ္ေယာက္မွမေတြ့ေခ်။ ေခ်ာင္းထဲမွာငါးဖမ္းေနသၫ့္ရႊီယြီက ကုန္းေပၚေျပးတက္လာကာ နဉ္ရႈေနာက္ဝင္ပုန္း၏။ သူက စိတ္လႈပ္ရွားစြာေမးသည္။
"ဆရာတူအစ္မ၊ အဲ့ဒါ သရဲလားဟင္? ဆရာတူအစ္မ၊ ကြၽန္ေတာ္ ေၾကာက္တယ္! အစ္မ ကြၽန္ေတာ့္ကိုကာကြယ္ရမယ္ေနာ္၊ ဟုတ္ၿပီလား?"
"နင့္လိုကေလးေပါက္စေလးက ဘာလို႔အရမ္းအယူသီးေနရတာလဲ?"
နဉ္ရႈက သူ႔ကို သူမေနာက္မွဆြဲေခၚ၏။
"နင္က ေယာက္်ားေလးေလ၊ မိန္းမေတြကို ကာကြယ္ေပးရမွာ၊ သိၿပီလား? မိန္းမတစ္ေယာက္ေနာက္မွာ နင္ပုန္းေနတာက လံုးဝေယာက္်ားမပီသဘူး။"
"ဟားဟား၊ ရယ္ခ်င္စရာေကာင္းလိုက္တာ။"
လူတစ္ေယာက္က သစ္ပင္တစ္ပင္ေပၚမွခုန္ဆင္းလာသည္။ သူ႔ဆံပင္ေတြက ေလ်ာ့ရဲေနကာ အနက္ေရာင္ဖဲႀကိဳးျဖင့္ ျဖစ္သလိုစည္းေနွာင္ထား၏။ သူက ေရႊခ်ည္ထိုးထားသၫ့္ အနက္ေရာင္ဝတ္စံုကိုဝတ္ဆင္ထားသည္။ သို႔ေသာ္လည္း သူ႔ရဲ့အထင္ရွားဆံုးလကၡဏာက ေယာက္်ားလိုလို မိန္းမလိုလိုျဖစ္ေနသၫ့္ သူ႔ရုပ္ရည္ျဖစ္ကာ မယံုႏိုင္ေလာက္ေအာင္လွရက္ၿပီး နတ္ဆိုးဆန္ဆန္ေလထုခပ္ပါးပါးဝန္းရံေနျခင္းျဖစ္၏။
Advertisement
အဲ့မွာရပ္ေနတဲ့သူ႔ပံုစံက စိတ္ကူးယဉ္နတ္သမီးတစ္ပါး၏ပံုစံႏွင့္တူကာ လွပေသာ္လည္း ေသေစႏိုင္သည္။
နဉ္ရႈက သူ႔ကိုၾကၫ့္ကာဆိုသည္။
"ကြၽန္မဆရာ အိမ္မွာမရိွဘူး။ ရွာလည္း အလကားပဲ။"
အမ်ိဳးသားက အနည္းငယ္အံ့အားသင့္သြားေသာ္လည္း ခဏေလးအတြင္းမွာပင္ ထပ္ၿပံဳးလိုက္သည္။ သူ႔ႏႈတ္ခမ္းေတြက စြဲမက္ဖြယ္ရာေလွာင္ၿပံဳးတစ္ခုအျဖစ္ ေကာ့တက္သြားၿပီး သူက ေရမ်က္ႏွာျပင္ထက္ ကိုယ္ေဖာ့နင္းကာ နဉ္ရႈေရ႔ွတၫ့္တၫ့္ဆီ ပ်ံသန္းေရာက္ရိွလာ၏။ သူ႔ကိုယ္ေပၚက ေမႊးရနံ႔က ေလႏွင့္အတူ နဉ္ရႈဆီေရာက္ရိွလာသည္။
"ဝိုး! အံ့ဩစရာႀကီး! ခင္ဗ်ားက တကယ္ႀကီးပ်ံလာတာပဲ!"
ရႊီယြီက အမ်ိဳးသားကိုေလးစားမႈတို႔ျဖင့္ၾကၫ့္သည္။
အမ်ိဳးသားက သူ႔မ်က္လံုးေတြကို နဉ္ရႈဆီမွာပဲတြယ္ၿငိေနေစရင္း ေမးလိုက္သည္။
"မင္း ဘယ္ေန့၊ ဘယ္အခ်ိန္မွာေမြးလာတာလဲ?"
ဒီေကာင့္ကိုၾကၫ့္စမ္း! သူက သူမေမြးရက္ကိုမေမးခင္ နာမည္ေလးေတာင္မေမးဘူး။ နဉ္ရႈက ရႊီယြီ႔ကို သူမႏွင့္အတူဆြဲေခၚကာ ေနာက္ကိုတစ္လွမ္းဆုတ္ရင္းဆို၏။
"ဒါက လ်ိႈ႔ဝွက္ခ်က္ပဲ။ ရွင္က ကြၽန္မကို ဗူဒူးအရုပ္နဲ႔ျပဳစားဖို႔ေမးတယ္ဆို ဘယ္လိုလုပ္မလဲ?"
အမ်ိဳးသား : ...
ထို႔ေနာက္ နဉ္ရႈက ရႊီယြီႏွင့္အတူေျပးေလ၏။ သူမ ေနာက္ျပန္လွၫ့္ၾကၫ့္လိုက္ခ်ိန္၌ နတ္ဆိုးဂိုဏ္းခ်ဳပ္က သူမတို႔ေနာက္ကလိုက္မလာဘဲ ရႊင္ျမဴးေနသၫ့္အမူအရာျဖင့္ သူမကိုၾကၫ့္ေနသည္အားေတြ့လိုက္ရသည္။
သူမတို႔ ဝါးအိမ္ေလးဆီျပန္ေရာက္ခ်ိန္၌ နဉ္ရႈက ရႊီယြီ႔ကိုေျပာသည္။
"အဲ့လူက အရမ္းအႏၲရာယ္မ်ားတယ္။ ေနာက္ဆို သူ႔အနားရိွေနရင္ သတိထား။"
ထို႔ေနာက္ သူမက ရႊီယြီ႔အတြက္ ရိကၡာအေတာ္မ်ားမ်ားျပင္ေပးကာဆိုသည္။
"နင္တစ္ေယာက္တည္း ဒီမွာရိွေနတဲ့အခ်ိန္ ဂရုစိုက္။ နင္နဲ႔အတူ အဆိပ္နည္းနည္းလည္းေဆာင္ထား။ အႏၲရာယ္တစ္ခုခုနဲ႔ႀကံဳရင္ အဆိပ္သာသံုးလိုက္။"
နဉ္ရႈက သူ႔ကို ထိုမ်ွမ်ားျပားလွသၫ့္ၫႊန္ၾကားခ်က္ေတြေပးေနတာကိုျမင္လိုက္ရခ်ိန္၌ ရႊီယြီမွာ မေကာင္းသၫ့္စိတ္ခံစားခ်က္မ်ားရလာၿပီး နဉ္ရႈရဲ့အက်ႌလက္ကို စိတ္လႈပ္ရွားစြာဆုပ္ကိုင္၏။
"ဘာလို႔လဲ ဆရာတူအစ္မ? အစ္မ တစ္ေနရာရာကိုသြားမလို႔လား?"
"ဘာမွမဟုတ္ပါဘူး။ ငါလည္း ခရီးတစ္ခုထြက္ရေတာ့မွာ။ နင့္ကိုယ္နင္ ေသခ်ာဂရုစိုက္။"
နဉ္ရႈကေျပာသည္။
မူလဇာတ္ေၾကာင္းမွာေတာ့ နတ္ဆိုးဂိုဏ္းခ်ဳပ္က နတ္ေဆးသမားေတာ္ကို သူ႔အတြင္းဒဏ္ရာေတြကုသခိုင္းဖို႔လာရွာခဲ့ၿပီး မုယန္မုန႔္ကို သေဘာက်သြားခဲ့သည္။ မုယန္မုန႔္က ယင္လ၊ ယင္ေန့၊ ယင္နာရီမွာေမြးမွန္းသိသြားခ်ိန္၌ သူက မုယန္မုန႔္ကို မဆိုင္းမတြပင္ျပန္ေပးဆြဲသြားေတာ့၏။
ခဏေလာက္ေနရင္ သူမ အဲ့လူနဲ႔ထြက္သြားရေလာက္သည္။
ဒါေပမယ့္ ဒီတစ္ေခါက္ေတာ့ သူမ အဲ့လူခံစားရေအာင္ ေသခ်ာေပါက္လုပ္မွာ!
"ဆရာတူအစ္မ၊ မသြားပါနဲ႔။ ကြၽန္ေတာ္ ေၾကာက္တယ္၊ ကြၽန္ေတာ္ ဒီမွာ တစ္ေယာက္တည္းမေနခ်င္ဘူး။"
ရႊီယြီက သူမထြက္သြားမွာေၾကာက္ကာ နဉ္ရႈရဲ့အက်ႌလက္ကို ခပ္တင္းတင္းဆုပ္ကိုင္ထား၏။
"ဟမ္? မိန္းမလွေလး၊ မင္း ဘယ္သြားမလို႔လဲ? မင္းက ကိုယ့္ရုပ္ရည္ကိုစြဲလန္းသြားၿပီး ကိုယ္နဲ႔ခိုးရာလိုက္ေျပးခ်င္လို႔လား?"
နတ္ဆိုးဂိုဏ္းခ်ဳပ္ရဲ့အသံက အျပင္ကေနထြက္လာသည္။ နဉ္ရႈ အျပင္ထြက္သြားခ်ိန္၌ သူက ေက်ာက္တံုးခံုပုေလးေပၚမွာ ၫွို႔ငင္မႈတို႔မရိွေလဟန္ျဖင့္ ပ်င္းရိစြာထိုင္ေနသည္။ သူ႔ရဲ့လႈပ္ရွားမႈတိုင္းက စြဲမက္ဖို႔ေကာင္းေလာက္ေအာင္ဆြဲေအာင္မႈရိွေနေသာ္လည္း သူက ေယာက္်ားတစ္ေယာက္ဆိုတဲ့အခ်က္ကေတာ့ အလြန္ပင္သိသာေနဆဲျဖစ္၏။
လွပတယ္၊ မ်က္ႏွာမ်ားတယ္၊ ၿပီးေတာ့ ရက္စက္တယ္။ နတ္ဆိုးဂိုဏ္းခ်ဳပ္က ဘူးညီေနာင္ခုနစ္ေဖာ္ထဲမွာ ၾကၫ့္အေကာင္းဆံုးရုပ္ရည္ရိွတဲ့သူပဲ။
...
ယင္လ : ဧၿပီ။
ခ်စ္စြာေသာ စာရႈသူတို႔၊ နဥ္ရႈ Manhuaေလးကိုေလ wattpadမွာတင္ေပးေနတဲ့သူရိွတယ္။ ေလေပြ့ရဲ့Reading Listထဲ ဝင္ၾကည့္လိုက္ပါ။ ၿပီးေတာ့ I Make Scum Man Cryဆိုတဲ့ webtoonတစ္ခုေတြ့လာတယ္။ သူကလည္း နဥ္ရႈပါပဲ။ ႏွစ္ခုရိွတာက realmအစဥ္လိုက္မဟုတ္တာရယ္၊ ဇာတ္လမ္းကို အမ်ားႀကီးျဖတ္ခ်ထားတာရယ္ပဲ။ သူက အခု ဒီRealm-5ကေနစတာ။ ဆိုေတာ့ကာ ဖတ္ခ်င္ရင္ ဂလူးဂလူးမွာသြားရွာၿပီးဖတ္လို႔ရႏိုင္ပါေၾကာင္း သတင္းစကားလက္တို႔ပါးလိုက္ရပါတယ္။
...
Advertisement
- In Serial96 Chapters
A Boy’s Simple Ambition
A story of a young orphan coming of age in a world slowly recovering from an otherworldly invasion that not only brought it to the brink of collapse, but that also introduced a new element similar to magic. Follow his adventures as he attempts to fulfill his ambition, one that is so simple, yet so far out of reach, all the while trying to survive the antics of his friends and the growth of his powers. Release Schedule: Wednesdays & Saturdays Afternoon EST
8 476 - In Serial9 Chapters
Strong Arm Tactics
A new RR player picks Barbarian race as he dreams of being a blood soaked Berserker wading through fields of death but how will he gain the hidden class of his fantasies."""You are not a Warrior but a Weapon. A Weapon of mass destruction: a Force of Nature.""" So begins his Max strength journey across the Continent of Versailles. Will it be all brawn and no brains or will it be like giving an Oni a Kanabo.
8 159 - In Serial21 Chapters
Das Neue Vaterland
Konrad Feldpetzer had believed the state propagand fed to him for as long as he could remember in his hometown in Bavaria. It was all built on a foundation of cards, though, with his chance abduction by the French resistance being all the breeze needed to blow it away.
8 176 - In Serial10 Chapters
Progress
Tom's life always felt like it was bigger than the city he lived in. The swamp he thought so small quickly changed that. Follow Tom through the madness that is the bottomless bayou. (I don't own the cover found it on google)
8 110 - In Serial46 Chapters
His Trophy | Jerome Valeska
"Oh and Jim, Jim Gordon?" Jerome peered into the camera as if to yell out to an audience: "I have Rory here," he turned the camera towards Jim's daughter and revealed to the audience a girl that had been beaten and tormented, she was gaged and her eyes didn't look at the camera but above the lens; at Jerome who was holding the camera."Say hi to Daddy, doll face," he jeered from behind the camera. She looked down the lens and shook her head as if to tell Jim not to try. The camera went back to Jerome."She's a beauty isn't she, Jimbo," Jerome smirked into the camera, his laughter becoming harsh and wild: "and she's all mine, you try anything, and I mean anything, I kill her. She's my prisoner, my reward, and you're not taking her away from me Jimmy boy, on no, not this time" his words were spoken through waves of laughter.***Rory Gordan is the stepdaughter of Jim Gordon. Her mother moved a lot so Rory was born in Gotham City but raised in England and from the age of 10 she had been bouncing from one country to another with her mother. However, when she turned 17 she had grown tired of the constant change of moving and decided to move to America. It was when she was visiting her long term boyfriend when her life got flipped upside down, not only did she meet one of the craziest boys on the planet, but she discovered that she had a gift that would curse her forever. This story is a collection of scenes rather than a flowing plot, so its chronological but it skips scenes and jumps back and forth between different perspectives. The story is under editing, so it'll get more cohesive over time.••• I do not own any characters or plot lines from the tv show. However, all original characters like Rory do belong to me.Total Word Count [33,674]
8 237 - In Serial11 Chapters
Marvel x Reader with a twist!
The twist is that y/n will have a different mental health in each chapter.. this is a book about mental health and a new way to approach how to help people with different mental health disorders. i wanted to do a book like this to raise awareness.
8 89

