《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 113
Advertisement
Unicode
ဆရာတူမောင်လေး
___________
"အိုး၊ ဒါနဲ့ စကားမစပ်၊ နင့်ကိုတိုက်ခိုက်ခဲ့တဲ့ဓားပြတွေရဲ့ခေါင်းဆောင်က ဘယ်လိုပုံစံမျိုးလဲ?"
နဉ်ရှုကမေးသည်။
ကောင်လေးက ခေါင်းငြိမ့်သည်။
"အရမ်းကြည့်ကောင်းတဲ့လူကြီးပဲ။"
နဉ်ရှုရဲ့နှလုံးသားလေး ဆတ်ကနဲတုန်သွားချေသည်။
"သူက စာသင်သားတစ်ယောက်နဲ့တူလား?"
ကောင်လေးက ခေါင်းထပ်ငြိမ့်သည်။
"တူတယ်။ သူက ပါးစပ်ဖွင့်တာနဲ့ ကျွန်တော့်အဖေကို ပစ္စည်းတွေကိုဈေးအများကြီးတင်ရောင်းပြီး သာမန်ပြည်သူတွေကိုဖိနှိပ်ထားပြီး သူတို့အလုပ်ရဲ့အသီးအပွင့်တွေကို ခံစားခွင့်မပေးဘူးလို့ စွပ်စွဲတယ်။ ကျွန်တော်တို့မိသားစုက အမြဲတမ်းရိုးရိုးသားသားစီးပွားရေးလုပ်ပြီး ကုန်ပစ္စည်းဈေးနှုန်းမတန်တဆတင်ရောင်းတာမျိုးတွေ တစ်ခါမှမလုပ်ဖူးပါဘူးလို့ ကျွန်တော့်အဖေက ရှင်းပြပေမယ့် အဲ့လူက နားထောင်ဖို့ငြင်းတယ်။"
ချီး၊ အဲ့သူသာအမှန်ထင်နေတဲ့ကောင်က ဝမ်ရူဟွားဟ။ ထင်တဲ့အတိုင်း သူကအဲ့လိုမျိုးဖြစ်သွားတာပဲ။
သူက လျှောက်ပတ်သွားပြီးသူ့ဖြောင့်တ်မှုကို ကြွားလုံးထုတ်နေတာပဲ။ ဒါပေမယ့် သူ့မှာ လူသတ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ?
ဘယ်သူက သူ့ကို တစ်ခြားလူတွေရဲ့အသက်ကိုယူခွင့်ပေးလို့လဲ? သူက သူ့မကျေနပ်ချက်တွေကို တစ်ခြားလူတွေအပေါ်ပုံချနေတာ အသိသာကြီး။
နဉ်ရှုမှာ ဝမ်ရူဟွားကိုသတ်ချင်စိတ်များ တဖွားဖွားပေါ်လာရသည်။
"သွားကြစို့။"
နဉ်ရှုက ကောင်လေးကို ဝါးအိမ်ဆီပြန်ခေါ်လာသည်။
နတ်ဆေးသမားတော်က သူမတို့ပြန်အလာကို တံခါးနားကနေစောင့်မျှော်နေ၏။ ကောင်လေးရဲ့လက်ထဲက အိုးကိုမြင်သည်၌ သူက ညင်သာစွာပြောလာသည်။
"လက်ဆေးပြီး သွားစားကြ။"
ကောင်လေးက ပြာအိုးကို အခန်းထဲထားလိုက်သည်။ သူ ညစာစားနေရင်း မျက်ရည်တွေက သူ့ပါးပြင်ပေါ်စီးကျလာသည်။ နတ်ဆေးသမားတော်က အသီးအရွက်တွေကို သူ့တူနဲ့ညှပ်ယူကာ ကောင်လေးရဲ့ပန်းကန်ထဲထည့်ပေးရင်းဆိုသည်။
"အခုကစပြီး မင်း ငါ့ဆီက ဆေးပညာသင်သင့်တယ်။"
"ကျေးဇူးတင်ပါတယ် ဆရာ။"
ကောင်လေးက သူ့မျက်ရည်တွေကိုထိန်းထားဖို့ကြိုးစားရင်းဆိုသည်။
"ငါ့ကို ဆရာလို့ခေါ်တာ နည်းနည်းတော့စောလွန်းနေသေးတယ်။ မင်း တရားဝင်တပည့်ဖြစ်လာဖို့ အခမ်းအနားတစ်ချို့လုပ်ဖို့လိုသေးတယ်၊ အဲ့ဒါတွေက လျစ်လျူရှုလို့မရဘူး။"
နတ်ဆေးသမားတော်က နူးညံ့စွာပြောလာသည်။
နဉ်ရှု စိတ်တိုသွားရသည်။ အခမ်းအနားတွေရှိသေးတာလား? ဒီလူက အစတည်းက သူမကို တပည့်အဖြစ်လက်ခံဖို့ တစ်ခါမှမစဉ်းစားခဲ့ဖူးဆိုတဲ့သဘောပေါ့လေ!
ဒါပေမယ့် သူက သူမကိုနှိပ်စက်ဖို့အတွက် သူမကို ဆေးပင်တွေကိုမြေဩဇာကျွေးခိုင်းပြီး ပေါင်းပင်တွေလည်းနှုတ်ခိုင်းသေးတယ်!
နောက်ရက်မှာတော့ ကောင်လေးက သန့်ရှင်းဖြူဖွေးသွားသည်အထိ ရေအရင်ချိုးပြီးမှ နတ်ဆေးသမယးတော်ကို ဒူးထောက်အရိုအသေပေးကာ ဆေးပင်တွေကိုစားသည်။ အခမ်းအနားအစီအစဉ်တွေအားလုံးပြီးသွားချိန်မှာတော့ သူက နတ်ဆေးသမားတော်ရဲ့တပည့်ဖြစ်လာခဲ့ပြီး တစ်ဦးတည်းသောတပည့်လည်းဖြစ်နေခဲ့၏။ နဉ်ရှုမှာ ဘေးကကြည့်ရင်း မနာလိုဖြစ်နေဖို့သာတတ်နိုင်သည်။
ယခု ကောင်လေးက နတ်ဆေးသမားတော်ရဲ့တပည့် တရားဝင်ဖြစ်လာခဲ့ပြီး နဉ်ရှုက နတ်ဆေးသမားတော်ရဲ့တပည့်မဟုတ်တာကြောင့် သူမရဲ့အနေအထားမှာ ကို့ရို့ကားယားဖြစ်လာတော့သည်။ နတ်ဆေးသမားတော်က နူးညံ့စွာဆိုသည်။
"နောင်မှာ မင်း သူ့ကို ဆရာတူအစ်မလို့ခေါ်လို့ရတယ်။ သူက အသုံးမကျပေမယ့် ငါ့ဆီက ခဏကြာအောင်သင်ယူပြီးပြီ၊ ပြီးတော့ သင်ယူတာကလည်း မင်းထက်စောတယ်။"
အသုံးမကျဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ? သူစကားပြောတဲ့ပုံစံက ကြမ်းတမ်းလိုက်တာ။
"ဆရာတူအစ်မ!"
ရွှီယွီက သူမမျက်နှာထက်မှာနိမိတ်မကောင်းတဲ့အမူအရာဖြစ်ပေါ်လျက်ရှိသည့် နဉ်ရှုကိုခေါ်သည်။ နဉ်ရှုကရယ်ကာ ပြန်တုန့်ပြန်လိုက်သည်။
"ဆရာတူမောင်လေး။"
ရွှီယွီက အပြင်းအထန်စသင်ယူတော့သည်။ နတ်ဆေးသမားတော်က သူ့ကို တာဝန်တွေအများကြီးပေးထားပြီး ရွှီယွီက သူ့မိဘတွေကိုဆုံးရှုံးရတဲ့နာကျင်မှုကို မေ့ပျောက်စေနိုင်ဖို့အတွက် သင်ယူလေ့လာတဲ့ဆီမှာသာ သူ့ကိုယ်သူမြှုပ်နှံထား၏။
နဉ်ရှုက နတ်ဆေးသမားတော်ရဲ့တပည့်မဟုတ်ပေမယ့်လည်း နတ်ဆေးသမားတော်ကတော့ သူမဆီကနေ အများကြီးတောင်းဆို၏။ သို့သော်လည်း ဒါက အသုံးဝင်တဲ့စွမ်းရည်တစ်ခုကို သင်ကြားနိုင်ဖို့ အခွင့်အရေးကောင်းဖြစ်တာမို့ နဉ်ရှုကလည်း မငြင်းပယ်ချေ။
သို့တိုင် သူမမှာ နတ်ဆေးသမားတော် မတော်တဆ ကာမအားတိုးဆေးဖော်မိမှာကို စိုးရိမ်နေဆဲဖြစ်၏။ နတ်ဆေးသမားတော်လိုလူမျိုးအတွက်တော့ ဒါက အနိမ့်ဆုံးသောအမှားပင်ဖြစ်၏။
ထပ်ပြောရလျှင် ဆေးက သူ့ခန္ဓာကိုယ်အတွက်မကောင်းပေ။ ကာမအားတိုးဆေးက လူတွေကို သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်သည်အထိ စိတ်လှုပ်ရှားစေနိုင်ကာ သူတို့ရဲ့နှလုံးခုန်နှုန်းတွေလည်း မြန်လာပေလိမ့်မည်။ နတ်ဆေးသမားတော် heart attackမရတာ အံ့ဩစရာပင်။ သို့သော်လည်း ဒါက သူ့ရဲ့အဓိကဇာတ်လိုက်ရောင်ဝါကြောင့်ဖြစ်နိုင်သည်။
"အာ...ဆရာ၊ ဘာဆေးမှမဖော်ပါနဲ့နော်၊ ဟုတ်ပြီလား? ဆရာ တစ်ခုခုဖော်စပ်ဖို့လိုရင် ဒီတပည့်ကို ဆရာ့အတွက်လုပ်ပေးခွင့်ပြုပါ။ အဲ့လိုမဟုတ်ရင်လည်း ရွှီယွီရှိသားပဲ။ ဆရာ သူ့ကို လုပ်ခိုင်းလို့ရတယ်။ ဆရာကိုကူညီဖို့က တပည့်တွေလုပ်ရမှာပဲလေ၊ ဟုတ်တယ်မလား?"
နဉ်ရှုက ရွှီယွီ့ကိုကြည့်သည်။
"ဟုတ်တယ် ဆရာ။"
ရွှီယွီက တုန့်ဆိုင်းစွာဖြင့်ခေါင်းငြိမ့်၏။
...
Zawgyi
ဆရာတူေမာင္ေလး
___________
"အိုး၊ ဒါနဲ႔ စကားမစပ္၊ နင့္ကိုတိုက္ခိုက္ခဲ့တဲ့ဓားျပေတြရဲ့ေခါင္းေဆာင္က ဘယ္လိုပံုစံမ်ိဳးလဲ?"
နဉ္ရႈကေမးသည္။
ေကာင္ေလးက ေခါင္းၿငိမ့္သည္။
"အရမ္းၾကၫ့္ေကာင္းတဲ့လူႀကီးပဲ။"
နဉ္ရႈရဲ့ႏွလံုးသားေလး ဆတ္ကနဲတုန္သြားေခ်သည္။
"သူက စာသင္သားတစ္ေယာက္နဲ႔တူလား?"
ေကာင္ေလးက ေခါင္းထပ္ၿငိမ့္သည္။
"တူတယ္။ သူက ပါးစပ္ဖြင့္တာနဲ႔ ကြၽန္ေတာ့္အေဖကို ပစၥည္းေတြကိုေဈးအမ်ားႀကီးတင္ေရာင္းၿပီး သာမန္ျပည္သူေတြကိုဖိႏိွပ္ထားၿပီး သူတို႔အလုပ္ရဲ့အသီးအပြင့္ေတြကို ခံစားခြင့္မေပးဘူးလို႔ စြပ္စြဲတယ္။ ကြၽန္ေတာ္တို႔မိသားစုက အၿမဲတမ္းရိုးရိုးသားသားစီးပြားေရးလုပ္ၿပီး ကုန္ပစၥည္းေဈးႏႈန္းမတန္တဆတင္ေရာင္းတာမ်ိဳးေတြ တစ္ခါမွမလုပ္ဖူးပါဘူးလို႔ ကြၽန္ေတာ့္အေဖက ရွင္းျပေပမယ့္ အဲ့လူက နားေထာင္ဖို႔ျငင္းတယ္။"
ခ်ီး၊ အဲ့သူသာအမွန္ထင္ေနတဲ့ေကာင္က ဝမ္ရူဟြားဟ။ ထင္တဲ့အတိုင္း သူကအဲ့လိုမ်ိဳးျဖစ္သြားတာပဲ။
သူက ေလ်ွာက္ပတ္သြားၿပီးသူ႔ေျဖာင့္တ္မႈကို ႂကြားလံုးထုတ္ေနတာပဲ။ ဒါေပမယ့္ သူ႔မွာ လူသတ္ဖို႔ ဘာအခြင့္အေရးရိွလို႔လဲ?
ဘယ္သူက သူ႔ကို တစ္ျခားလူေတြရဲ့အသက္ကိုယူခြင့္ေပးလို႔လဲ? သူက သူ႔မေက်နပ္ခ်က္ေတြကို တစ္ျခားလူေတြအေပၚပံုခ်ေနတာ အသိသာႀကီး။
နဉ္ရႈမွာ ဝမ္ရူဟြားကိုသတ္ခ်င္စိတ္မ်ား တဖြားဖြားေပၚလာရသည္။
"သြားၾကစို႔။"
နဉ္ရႈက ေကာင္ေလးကို ဝါးအိမ္ဆီျပန္ေခၚလာသည္။
နတ္ေဆးသမားေတာ္က သူမတို႔ျပန္အလာကို တံခါးနားကေနေစာင့္ေမ်ွာ္ေန၏။ ေကာင္ေလးရဲ့လက္ထဲက အိုးကိုျမင္သည္၌ သူက ညင္သာစြာေျပာလာသည္။
"လက္ေဆးၿပီး သြားစားၾက။"
ေကာင္ေလးက ျပာအိုးကို အခန္းထဲထားလိုက္သည္။ သူ ညစာစားေနရင္း မ်က္ရည္ေတြက သူ႔ပါးျပင္ေပၚစီးက်လာသည္။ နတ္ေဆးသမားေတာ္က အသီးအရြက္ေတြကို သူ႔တူနဲ႔ၫွပ္ယူကာ ေကာင္ေလးရဲ့ပန္းကန္ထဲထၫ့္ေပးရင္းဆိုသည္။
"အခုကစၿပီး မင္း ငါ့ဆီက ေဆးပညာသင္သင့္တယ္။"
"ေက်းဇူးတင္ပါတယ္ ဆရာ။"
ေကာင္ေလးက သူ႔မ်က္ရည္ေတြကိုထိန္းထားဖို႔ႀကိဳးစားရင္းဆိုသည္။
"ငါ့ကို ဆရာလို႔ေခၚတာ နည္းနည္းေတာ့ေစာလြန္းေနေသးတယ္။ မင္း တရားဝင္တပၫ့္ျဖစ္လာဖို႔ အခမ္းအနားတစ္ခ်ိဳ႕လုပ္ဖို႔လိုေသးတယ္၊ အဲ့ဒါေတြက လ်စ္လ်ူရႈလို႔မရဘူး။"
နတ္ေဆးသမားေတာ္က ႏူးညံ့စြာေျပာလာသည္။
နဉ္ရႈ စိတ္တိုသြားရသည္။ အခမ္းအနားေတြရိွေသးတာလား? ဒီလူက အစတည္းက သူမကို တပၫ့္အျဖစ္လက္ခံဖို႔ တစ္ခါမွမစဉ္းစားခဲ့ဖူးဆိုတဲ့သေဘာေပါ့ေလ!
ဒါေပမယ့္ သူက သူမကိုႏိွပ္စက္ဖို႔အတြက္ သူမကို ေဆးပင္ေတြကိုေျမဩဇာေကြၽးခိုင္းၿပီး ေပါင္းပင္ေတြလည္းႏႈတ္ခိုင္းေသးတယ္!
ေနာက္ရက္မွာေတာ့ ေကာင္ေလးက သန႔္ရွင္းျဖဴေဖြးသြားသည္အထိ ေရအရင္ခ်ိဳးၿပီးမွ နတ္ေဆးသမယးေတာ္ကို ဒူးေထာက္အရိုအေသေပးကာ ေဆးပင္ေတြကိုစားသည္။ အခမ္းအနားအစီအစဉ္ေတြအားလံုးၿပီးသြားခ်ိန္မွာေတာ့ သူက နတ္ေဆးသမားေတာ္ရဲ့တပၫ့္ျဖစ္လာခဲ့ၿပီး တစ္ဦးတည္းေသာတပၫ့္လည္းျဖစ္ေနခဲ့၏။ နဉ္ရႈမွာ ေဘးကၾကၫ့္ရင္း မနာလိုျဖစ္ေနဖို႔သာတတ္ႏိုင္သည္။
ယခု ေကာင္ေလးက နတ္ေဆးသမားေတာ္ရဲ့တပၫ့္ တရားဝင္ျဖစ္လာခဲ့ၿပီး နဉ္ရႈက နတ္ေဆးသမားေတာ္ရဲ့တပၫ့္မဟုတ္တာေၾကာင့္ သူမရဲ့အေနအထားမွာ ကို႔ရို႔ကားယားျဖစ္လာေတာ့သည္။ နတ္ေဆးသမားေတာ္က ႏူးညံ့စြာဆိုသည္။
"ေနာင္မွာ မင္း သူ႔ကို ဆရာတူအစ္မလို႔ေခၚလို႔ရတယ္။ သူက အသံုးမက်ေပမယ့္ ငါ့ဆီက ခဏၾကာေအာင္သင္ယူၿပီးၿပီ၊ ၿပီးေတာ့ သင္ယူတာကလည္း မင္းထက္ေစာတယ္။"
အသံုးမက်ဘူးဆိုတာ ဘာအဓိပၸာယ္လဲ? သူစကားေျပာတဲ့ပံုစံက ၾကမ္းတမ္းလိုက္တာ။
"ဆရာတူအစ္မ!"
ရႊီယြီက သူမမ်က္ႏွာထက္မွာနိမိတ္မေကာင္းတဲ့အမူအရာျဖစ္ေပၚလ်က္ရိွသၫ့္ နဉ္ရႈကိုေခၚသည္။ နဉ္ရႈကရယ္ကာ ျပန္တုန႔္ျပန္လိုက္သည္။
"ဆရာတူေမာင္ေလး။"
ရႊီယြီက အျပင္းအထန္စသင္ယူေတာ့သည္။ နတ္ေဆးသမားေတာ္က သူ႔ကို တာဝန္ေတြအမ်ားႀကီးေပးထားၿပီး ရႊီယြီက သူ႔မိဘေတြကိုဆံုးရႈံးရတဲ့နာက်င္မႈကို ေမ့ေပ်ာက္ေစႏိုင္ဖို႔အတြက္ သင္ယူေလ့လာတဲ့ဆီမွာသာ သူ႔ကိုယ္သူျမႇဳပ္ႏွံထား၏။
နဉ္ရႈက နတ္ေဆးသမားေတာ္ရဲ့တပၫ့္မဟုတ္ေပမယ့္လည္း နတ္ေဆးသမားေတာ္ကေတာ့ သူမဆီကေန အမ်ားႀကီးေတာင္းဆို၏။ သို႔ေသာ္လည္း ဒါက အသံုးဝင္တဲ့စြမ္းရည္တစ္ခုကို သင္ၾကားႏိုင္ဖို႔ အခြင့္အေရးေကာင္းျဖစ္တာမို႔ နဉ္ရႈကလည္း မျငင္းပယ္ေခ်။
သို႔တိုင္ သူမမွာ နတ္ေဆးသမားေတာ္ မေတာ္တဆ ကာမအားတိုးေဆးေဖာ္မိမွာကို စိုးရိမ္ေနဆဲျဖစ္၏။ နတ္ေဆးသမားေတာ္လိုလူမ်ိဳးအတြက္ေတာ့ ဒါက အနိမ့္ဆံုးေသာအမွားပင္ျဖစ္၏။
ထပ္ေျပာရလ်ွင္ ေဆးက သူ႔ခႏၶာကိုယ္အတြက္မေကာင္းေပ။ ကာမအားတိုးေဆးက လူေတြကို သူတို႔ကိုယ္သူတို႔မထိန္းခ်ဳပ္ႏိုင္သည္အထိ စိတ္လႈပ္ရွားေစႏိုင္ကာ သူတို႔ရဲ့ႏွလံုးခုန္ႏႈန္းေတြလည္း ျမန္လာေပလိမ့္မည္။ နတ္ေဆးသမားေတာ္ heart attackမရတာ အံ့ဩစရာပင္။ သို႔ေသာ္လည္း ဒါက သူ႔ရဲ့အဓိကဇာတ္လိုက္ေရာင္ဝါေၾကာင့္ျဖစ္ႏိုင္သည္။
"အာ...ဆရာ၊ ဘာေဆးမွမေဖာ္ပါနဲ႔ေနာ္၊ ဟုတ္ၿပီလား? ဆရာ တစ္ခုခုေဖာ္စပ္ဖို႔လိုရင္ ဒီတပၫ့္ကို ဆရာ့အတြက္လုပ္ေပးခြင့္ျပဳပါ။ အဲ့လိုမဟုတ္ရင္လည္း ရႊီယြီရိွသားပဲ။ ဆရာ သူ႔ကို လုပ္ခိုင္းလို႔ရတယ္။ ဆရာကိုကူညီဖို႔က တပၫ့္ေတြလုပ္ရမွာပဲေလ၊ ဟုတ္တယ္မလား?"
နဉ္ရႈက ရႊီယြီ႔ကိုၾကၫ့္သည္။
"ဟုတ္တယ္ ဆရာ။"
ရႊီယြီက တုန႔္ဆိုင္းစြာျဖင့္ေခါင္းၿငိမ့္၏။
...
Advertisement
- In Serial29 Chapters
Death Is a Reality
Death has always caused suffering.......Haruki has always known this with the ones he love leaving himNow, A VRMMORPG turned death game threatens to take away the last light of his life"""For what purpose have you come to decide to play this game?""""To find the person most important to me."""Will Haruki be able to conquer Death? Or will Death once again steal from him?
8 229 - In Serial22 Chapters
A Demon Lord's Reincarnation
Selina’s got a pretty active imagination. When doing math, she pretends that she is a great detective solving a heinous crime! Ordinary tasks, like a trip upstairs, turn into a perilous adventure to raid a dragon’s cave! She believes that life should be full of wonder and magic, and tries to force the world to cope with her conviction! But when Selina wakes up to remember her past life as the Demon Lord, she has to face the fact that real life is messy, and not anything like what she imagined. With ancient powers stirring, family problems, and the hectic life of a teenager, Selina will have to discover more about herself if she is going to survive the trials ahead. With the help of her best friend and a fair share of luck, she might just get through this alive. Maybe. (Updates (hopefully) on Sundays) This story started out as a flipped isekai. Instead of a hero being pulled into a medieval world, a Demon Lord is pulled into the modern world. It has since moved a bit beyond that initial premise but it is the foundation of the work. Along the way, I threw in dragons, elves, dwarves, and some vampires (but no werewolves, gotta nip that in the bud) all wrapped up in the political drama of a modern world. The story, however, will mainly focus on the characters and their development and as such, is a bit of a slow burn. It may take a couple of chapters to get into. You have been warned! (PS, please show patience for the author's notes. They're a bit crazy and don't always make the most sense. The author's a bit of a ditz. Please ignore him.)
8 163 - In Serial10 Chapters
The World Traveler
Have you ever read a book and thought to yourself, "Man it would be cool to go to that world..." well, take it from an expert on the subject that it is not fun or cool!... ok... maybe a little, but that's not the point! The point is that most of the time it is a huge pain in the neck. Anyways, this is my story.-Seth
8 82 - In Serial26 Chapters
Adventure to the Stars
The tale of a young boy that drops into a small pond, only to find himself in a complete new world! Brandr has to figure out where the familiar blue light that guided him has lead him to, and more importantly, how to get back to his homeworld as quickly as possible!
8 135 - In Serial46 Chapters
The Firefly Diary
Written for the Royal Writathon. (Finished). Season two: Wolf hybrids in a fantasy world have gotten over as major heroes for stopping the rampage of the moon goddess Lhyna, but now new family members are coming over, and they're slowly finding out their problems are far from over when they learn their cousin has the ability to make people stop moving. Season One not necessary to read for Season Two, and season one is getting a rewrite. Now participant in two Writathons! Season Two: Participant of the Royal Writathon Challenge for November 2020.
8 204 - In Serial6 Chapters
Land of Blood: Returning of Origins
In the thousand years after the "First Invasion", the Great Continent of Zebois has always been experiencing an everlasting change. The land which was originnally filled with wars and disputes between the four races, had been changed into a war between the four races alliance against the invader, the "Dregoreth" race. Follow Evric's adventure in the Land of Blood to obtain the Absolute Power of Origin and stand against the arrogance of the world.
8 139

