《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 108
Advertisement
Unicode
အရမ်းချမ်းသာတဲ့နေထိုင်မှုပုံစံ
___________
တောင်တွေကြားမှာ အချိန်ကိုတွက်ချက်ကြည့်လို့မရပေ။ သူမ ဒီမှာ ဘယ်လောက်ကြာနေခဲ့ပြီဆိုတာ နဉ်ရှုမသိပေမယ့် သူမရဲ့နေ့ရက်တွေကတော့ အရမ်းကို ကောင်းမွန်ပြည့်စုံလို့နေသည်။ သူမက အပင်တွေကိုကြည့်ရှုပေးခြင်းဖြင့် သူမရဲ့နေ့ရက်တွေကို ကုန်ဆုံးစေသည်။
နောက်ပိုင်းမှာတော့ နတ်ဆေးသမားတော်က နဉ်ရှုကို ဖျားနာမှုတွေကိုကုသပေးဖို့ အရမ်းကိုရိုးရှင်းတဲ့နည်းလမ်းတွေသာပါတဲ့ စာအုပ်တစ်ချို့ပေးခဲ့သော်လည်း နဉ်ရှုကတော့ အတော်လေးပျော်ရွှင်နေဆဲဖြစ်၏။ အရာရာတိုင်းက အောက်ခြေကနေ စသင်ယူဖို့လိုသည်။ အနည်းဆုံးတော့ အခုဆို သွေးထွက်တာရပ်တန့်ဖို့နဲ့ ရောင်ရမ်းတာတွေကိုကာကွယ်ဖို့ ဘာဆေးပင်တွေသုံးရမလဲဆိုတာ သူမသိနေပြီဖြစ်သည်။
နဉ်ရှု အင်မတန်ကျေနပ်နေ၏။
ဆေးကုပေးဖို့လာတောင်းဆိုတဲ့ရွာသားက ပွန်းပဲ့ရာလိုမျိုးရိုးရှင်းတဲ့ဒဏ်ရာသာရှိနေလျှင် နတ်ဆေးသမားတော်က နဉ်ရှုကို သူတို့အားကုသစေသည်။ ဆေးသောက်ဖို့လိုတဲ့ရောဂါမျိုးဆိုလျှင်တော့ နဉ်ရှုက ဆေးဘယ်လိုဖော်ရတယ်ဆိုတာမသိသေးတာမို့ နဉ်ရှုဆီရောက်မလာပေ။
နဉ်ရှုက နတ်ဆေးသမားတော် လူနာတွေကိုကုပေးနေတာကို ဘေးကနေသာကြည့်နေရသည်။ သူက အရမ်းအေးစက်တယ်ဆိုပေမယ့်လည်း အလုပ်လုပ်နေချိန်မှာတော့ အတော်လေးအနက်ထားပေသည်။
သူမနဲ့နတ်ဆေးသမားတော်ရဲ့ဆက်ဆံရေးက ပိုကောင်းလာတယ်လို့ သူမခံစားရသည်။ နတ်ဆေးသမားတော်က သူမကို အဲ့ပြောင်းမုန့်အမာကြီးတွေမစားခိုင်းတော့တာက အမြင်သာဆုံးသက်သေဖြစ်သည်။ ထိုအစား အခု သူက သူမကို ဂျုံကြမ်းမှုန့်တွေနဲ့လုပ်ထားတဲ့ ပြောင်းမုန့်ကိုစားစေသည်။
ဒါကလည်း စားဖို့မာနေသေးတယ်ဆိုပေမယ့်ပေါ့။
နတ်ဆေးသမားတော်က သူမနဲ့မျက်နှာချင်းဆိုင်မှာထိုင်ကာ သူ့လက်ကို သူမရှေ့ချပေးပြီး အေးစက်စွာဆိုသည်။
"မင်း သွေးကြောဘယ်လိုစမ်းသပ်ကောက်ချက်ချရမယ်ဆိုတာကို သင်တာနဲ့ စသင့်တယ်။ ငါ့သွေးကြောကို စမ်းပြီးကောက်ချက်ချဖို့ကြိုးစားကြည့်။"
နဉ်ရှု စိတ်လှုပ်ရှားစွာဖြင့်တံတွေးမြိုချလိုက်မိသည်။ ရိုးရိုးသားသားပြောရမည်ဆိုလျှင် ဆေးပညာက သူမကို စိတ္တဇဖြစ်နေတဲ့ကျောင်းဆရာဝန်အန်ကယ်ကို အလိုလိုသတိရလာစေတာမို့ သူမ ဆေးပညာနယ်ပယ်ကို နည်းနည်းကြောက်သည်။
နတ်ဆေးသမားတော်ရဲ့လက်ကောက်ဝတ်ပေါ်ကို ဖိချလိုက်တဲ့သူမရဲ့လက်က အနည်းငယ်တုန်ရီနေသည်။ သူမရဲ့မျက်နှာက အံ့အားသင့်မှုဖြင့်ပြည့်သွားသည်။
"ဆရာ၊ ဆရာ့မှာ သွေးကြောမရှိဘူး။"
"မင်းလက်ချောင်းတွေက နေရာမှားနေတယ်။"
နတ်ဆေးသမားတော်က အေးစက်စွာဆိုသည်။
နဉ်ရှု : ...
နဉ်ရှုက နတ်ဆေးသမားတော်ရဲ့သွေးကြောပေါ်ဖိချလိုက်သည်။ သာမန်သွေးကြောတွေက အများအားဖြင့် စည်းချက်ညီကာသန်မာသည်။ သို့သော်လည်း နတ်ဆေးသမားတော်ရဲ့သွေးကြောက လုံးဝကိုရှုပ်ထွေးနေ၏။ သူမ အမှားထပ်လုပ်မိပြန်ပြီလားလို့ နဉ်ရှု မနေနိုင်စွာသိချင်လာမိသည်။ သာမန်လူတစ်ယောက်ရဲ့သွေးကြောက ဘယ်လိုလုပ် ဒီလုပ်ဖြစ်နေနိုင်မှာလဲ?
သူမက နတ်ဆေးသမားတော်ကို ကို့ရို့ကားယားပြုံးပြကာ သူ့သွေးကြောကိုထပ်စမ်းသည်။ များပြားလှစွာသည့် ဒုတိယအကြိမ်စစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက်မှာပင် ရလဒ်က တူညီနေဆဲဖြစ်၏။ ဆရာနတ်ဆေးသမားတော်မှာ သေချာပေါက် နှလုံးအားနည်းတဲ့ရောဂါရှိနေပေသည်။
"တစ်နာရီတောင်ရှိတော့မယ်၊ မင်း ဘာသုံးသပ်ချက်ရလဲ?"
နတ်ဆေးသမားတော်က အေးစက်စွာမေးသည်။
နဉ်ရှုက လက်ပြန်ရုတ်ကာဆိုသည်။
"ဒီတပည့်က ဆေးပညာလောကထဲ ခြေချရုံသာရှိသေးပြီး သုံးသပ်ချက်ချဖို့ အတွေ့အကြုံနည်းလွန်းပါတယ်။"
နတ်ဆေးသမားတော်ရဲ့မျက်လုံးတွေက အထင်သေးမှုတွေနဲ့ပြည့်သွားပြီး သူက အေးစက်စွာဆိုလာသည်။
"ဒီလောက်သိသာနေတာကိုတောင် မင်း မပြောနိုင်ဘူးလား? ဒီသွေးကြောအခြေအနေက အရမ်းသိသာနေတာကိုတောင် မင်းက အခုထိအဖြေမထုတ်နိုင်သေးဘူးလား? ထင်တဲ့အတိုင်း မင်းက ဆေးပညာသင်ဖို့ မသင့်တော်ဘူးပဲ။"
"ငါ့အခြေအနေက နှလုံးအားနည်းတာလို့ခေါ်တယ်။ နှလုံးက ပုံမှန်အတိုင်းမခုန်တာမျိုးပဲ။ ဒီလောက်သိသာနေတဲ့သွေးကြောဖြစ်နေတာတောင်မှ မင်းြ ဘယ်လိုလုပ်ပြီးတော့များ မသိနိုင်ရတာလဲ?"
[T/N : နတ်ဆေးသမားတော်ရဲ့အခြေအနေက arrhythmiaလို့ခေါ်တဲ့ နှလုံးခုန်နှုန်းနဲ့ပတ်သက်တဲ့ပြသနာပါ။ နှလုံးခုန်နှုန်း မြန်လွန်းတာ၊ နှေးလွန်းတာ၊ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ပုံစံမျိုးနဲ့ခုန်နေတာကိုဆိုလိုပါတယ်။ အင်းဂိတ်လို တိုက်ရိုက်ကြီးထည့်မရေးချင်တာမို့ နှလုံးအားနည်းတာလို့ပြန်လိုက်တာ။ အယူအဆလွဲမှားသွားသည်ရှိသော် မိမိအပြစ်သာ။]
နတ်ဆေးသမားတော်ရဲ့အကြည့်က စိတ်ပျက်မှုတွေနဲ့ပြည့်နေသည်။
နဉ်ရှု : ...
သူ့မှာ နှလုံးအားနည်းတဲ့ရောဂါရှိတယ်ဆိုတာ သူမ တကယ်မသိခဲ့ဘူး။
"ဒါက မွေးရာပါလား?"
နတ်ဆေးသမားတော်က သူမကိုကြည့်သည်။
"ဒီလိုရောဂါမျိုးက မွေးတည်းကပါလာတတ်တာမျိုးပဲ။"
သူ့ကိုနှစ်သိမ့်ပေးဖို့ ဘာပြောရမလဲဆိုတာ နဉ်ရှုမသိတော့။ ဒီလိုရောဂါမျိုးက ကုသဖို့မဖြစ်နိုင်ပေ။ ခေတ်မီနည်းပညာတွေနဲ့ ခေတ်သစ်ကမ္ဘာမှာတောင် ကုသနည်းကိုရှာမတွေ့သေး။ တစ်ခုတည်းသောနည်းလမ်းက နှလုံးအစားထိုးကုသဖို့သာဖြစ်သည်။
နတ်ဆေးသမားတော်က ဘာကြောင့် ဘာခံစားချက်မှမရှိသလိုဖြစ်နေရတာလဲဆိုတာ သူမ နောက်ဆုံးတော့နားလည်သွားပေပြီ။ ဒီလိုရောဂါမျိုးရှိတဲ့လူတွေက စိတ်လှုပ်ရှားလို့မရပေ။
နတ်ဆေးသမားတော်က ဘာကြောင့်လိင်ကိစ္စကိုစိတ်မဝင်စားလဲဆိုတာ နားလည်လို့ရသည်။ တစ်ခြားသူတွေက သူ့ကို နတ်ဆေးသမားတော်လို့ခေါ်နေပေမယ့် သူက သူ့ရောဂါသူပင်မကုနိုင်ချေ။ မြေခွေးလိုတစ်ခြားအမျိုးသားဇာတ်လိုက်တွေနဲ့ယှဉ်ပါလျှင် သူက လောကရဲ့တစ်ခြားဘက်ခြမ်းမှာရှိနေသည်။
ဒီလိုအပြင်းအထန်လုပ်ရတဲ့လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အတွက်မကောင်းပေ။ သူသာ နည်းနည်းလေးပိုစိတ်လှုပ်ရှားမိတာနဲ့ heart-attackရပြီး မုယန်မုန့်ရဲ့အထက်မှာတင် သေသွားပေလိမ့်မည်။
ဒါပေမယ့် အဆုံးမှာ သူက မုယန်မုန့်ရဲ့မောင်းထီးဆောင်ထဲဝင်ခဲ့တယ်ဆိုတော့ သူ့မှာ မုယန့်မုန့်အတွက် ခံစားချက်တွေရှိနေတာဖြစ်နိုင်သည်။
...
Zawgyi
အရမ္းခ်မ္းသာတဲ့ေနထိုင္မႈပံုစံ
___________
ေတာင္ေတြၾကားမွာ အခ်ိန္ကိုတြက္ခ်က္ၾကၫ့္လို႔မရေပ။ သူမ ဒီမွာ ဘယ္ေလာက္ၾကာေနခဲ့ၿပီဆိုတာ နဉ္ရႈမသိေပမယ့္ သူမရဲ့ေန့ရက္ေတြကေတာ့ အရမ္းကို ေကာင္းမြန္ျပည့္စံုလို႔ေနသည္။ သူမက အပင္ေတြကိုၾကၫ့္ရႈေပးျခင္းျဖင့္ သူမရဲ့ေန့ရက္ေတြကို ကုန္ဆံုးေစသည္။
ေနာက္ပိုင္းမွာေတာ့ နတ္ေဆးသမားေတာ္က နဉ္ရႈကို ဖ်ားနာမႈေတြကိုကုသေပးဖို႔ အရမ္းကိုရိုးရွင္းတဲ့နည္းလမ္းေတြသာပါတဲ့ စာအုပ္တစ္ခ်ိဳ႕ေပးခဲ့ေသာ္လည္း နဉ္ရႈကေတာ့ အေတာ္ေလးေပ်ာ္ရႊင္ေနဆဲျဖစ္၏။ အရာရာတိုင္းက ေအာက္ေျခကေန စသင္ယူဖို႔လိုသည္။ အနည္းဆံုးေတာ့ အခုဆို ေသြးထြက္တာရပ္တန႔္ဖို႔နဲ႔ ေရာင္ရမ္းတာေတြကိုကာကြယ္ဖို႔ ဘာေဆးပင္ေတြသံုးရမလဲဆိုတာ သူမသိေနၿပီျဖစ္သည္။
နဉ္ရႈ အင္မတန္ေက်နပ္ေန၏။
ေဆးကုေပးဖို႔လာေတာင္းဆိုတဲ့ရြာသားက ပြန္းပဲ့ရာလိုမ်ိဳးရိုးရွင္းတဲ့ဒဏ္ရာသာရိွေနလ်ွင္ နတ္ေဆးသမားေတာ္က နဉ္ရႈကို သူတို႔အားကုသေစသည္။ ေဆးေသာက္ဖို႔လိုတဲ့ေရာဂါမ်ိဳးဆိုလ်ွင္ေတာ့ နဉ္ရႈက ေဆးဘယ္လိုေဖာ္ရတယ္ဆိုတာမသိေသးတာမို႔ နဉ္ရႈဆီေရာက္မလာေပ။
နဉ္ရႈက နတ္ေဆးသမားေတာ္ လူနာေတြကိုကုေပးေနတာကို ေဘးကေနသာၾကၫ့္ေနရသည္။ သူက အရမ္းေအးစက္တယ္ဆိုေပမယ့္လည္း အလုပ္လုပ္ေနခ်ိန္မွာေတာ့ အေတာ္ေလးအနက္ထားေပသည္။
သူမနဲ႔နတ္ေဆးသမားေတာ္ရဲ့ဆက္ဆံေရးက ပိုေကာင္းလာတယ္လို႔ သူမခံစားရသည္။ နတ္ေဆးသမားေတာ္က သူမကို အဲ့ေျပာင္းမုန႔္အမာႀကီးေတြမစားခိုင္းေတာ့တာက အျမင္သာဆံုးသက္ေသျဖစ္သည္။ ထိုအစား အခု သူက သူမကို ဂ်ံဳၾကမ္းမႈန႔္ေတြနဲ႔လုပ္ထားတဲ့ ေျပာင္းမုန႔္ကိုစားေစသည္။
ဒါကလည္း စားဖို႔မာေနေသးတယ္ဆိုေပမယ့္ေပါ့။
Advertisement
နတ္ေဆးသမားေတာ္က သူမနဲ႔မ်က္ႏွာခ်င္းဆိုင္မွာထိုင္ကာ သူ႔လက္ကို သူမေရ႔ွခ်ေပးၿပီး ေအးစက္စြာဆိုသည္။
"မင္း ေသြးေၾကာဘယ္လိုစမ္းသပ္ေကာက္ခ်က္ခ်ရမယ္ဆိုတာကို သင္တာနဲ႔ စသင့္တယ္။ ငါ့ေသြးေၾကာကို စမ္းၿပီးေကာက္ခ်က္ခ်ဖို႔ႀကိဳးစားၾကၫ့္။"
နဉ္ရႈ စိတ္လႈပ္ရွားစြာျဖင့္တံေတြးၿမိဳခ်လိုက္မိသည္။ ရိုးရိုးသားသားေျပာရမည္ဆိုလ်ွင္ ေဆးပညာက သူမကို စိတၲဇျဖစ္ေနတဲ့ေက်ာင္းဆရာဝန္အန္ကယ္ကို အလိုလိုသတိရလာေစတာမို႔ သူမ ေဆးပညာနယ္ပယ္ကို နည္းနည္းေၾကာက္သည္။
နတ္ေဆးသမားေတာ္ရဲ့လက္ေကာက္ဝတ္ေပၚကို ဖိခ်လိုက္တဲ့သူမရဲ့လက္က အနည္းငယ္တုန္ရီေနသည္။ သူမရဲ့မ်က္ႏွာက အံ့အားသင့္မႈျဖင့္ျပၫ့္သြားသည္။
"ဆရာ၊ ဆရာ့မွာ ေသြးေၾကာမရိွဘူး။"
"မင္းလက္ေခ်ာင္းေတြက ေနရာမွားေနတယ္။"
နတ္ေဆးသမားေတာ္က ေအးစက္စြာဆိုသည္။
နဉ္ရႈ : ...
နဉ္ရႈက နတ္ေဆးသမားေတာ္ရဲ့ေသြးေၾကာေပၚဖိခ်လိုက္သည္။ သာမန္ေသြးေၾကာေတြက အမ်ားအားျဖင့္ စည္းခ်က္ညီကာသန္မာသည္။ သို႔ေသာ္လည္း နတ္ေဆးသမားေတာ္ရဲ့ေသြးေၾကာက လံုးဝကိုရႈပ္ေထြးေန၏။ သူမ အမွားထပ္လုပ္မိျပန္ၿပီလားလို႔ နဉ္ရႈ မေနႏိုင္စြာသိခ်င္လာမိသည္။ သာမန္လူတစ္ေယာက္ရဲ့ေသြးေၾကာက ဘယ္လိုလုပ္ ဒီလုပ္ျဖစ္ေနႏိုင္မွာလဲ?
သူမက နတ္ေဆးသမားေတာ္ကို ကို႔ရို႔ကားယားၿပံဳးျပကာ သူ႔ေသြးေၾကာကိုထပ္စမ္းသည္။ မ်ားျပားလွစြာသၫ့္ ဒုတိယအႀကိမ္စစ္ေဆးမႈေတြလုပ္ၿပီးတဲ့ေနာက္မွာပင္ ရလဒ္က တူညီေနဆဲျဖစ္၏။ ဆရာနတ္ေဆးသမားေတာ္မွာ ေသခ်ာေပါက္ ႏွလံုးအားနည္းတဲ့ေရာဂါရိွေနေပသည္။
"တစ္နာရီေတာင္ရိွေတာ့မယ္၊ မင္း ဘာသံုးသပ္ခ်က္ရလဲ?"
နတ္ေဆးသမားေတာ္က ေအးစက္စြာေမးသည္။
နဉ္ရႈက လက္ျပန္ရုတ္ကာဆိုသည္။
"ဒီတပၫ့္က ေဆးပညာေလာကထဲ ေျခခ်ရံုသာရိွေသးၿပီး သံုးသပ္ခ်က္ခ်ဖို႔ အေတြ့အႀကံဳနည္းလြန္းပါတယ္။"
နတ္ေဆးသမားေတာ္ရဲ့မ်က္လံုးေတြက အထင္ေသးမႈေတြနဲ႔ျပၫ့္သြားၿပီး သူက ေအးစက္စြာဆိုလာသည္။
"ဒီေလာက္သိသာေနတာကိုေတာင္ မင္း မေျပာႏိုင္ဘူးလား? ဒီေသြးေၾကာအေျခအေနက အရမ္းသိသာေနတာကိုေတာင္ မင္းက အခုထိအေျဖမထုတ္ႏိုင္ေသးဘူးလား? ထင္တဲ့အတိုင္း မင္းက ေဆးပညာသင္ဖို႔ မသင့္ေတာ္ဘူးပဲ။"
"ငါ့အေျခအေနက ႏွလံုးအားနည္းတာလို႔ေခၚတယ္။ ႏွလံုးက ပံုမွန္အတိုင္းမခုန္တာမ်ိဳးပဲ။ ဒီေလာက္သိသာေနတဲ့ေသြးေၾကာျဖစ္ေနတာေတာင္မွ မင္းျ ဘယ္လိုလုပ္ၿပီးေတာ့မ်ား မသိႏိုင္ရတာလဲ?"
[T/N : နတ္ေဆးသမားေတာ္ရဲ့အေျခအေနက arrhythmiaလို႔ေခၚတဲ့ ႏွလံုးခုန္ႏႈန္းနဲ႔ပတ္သက္တဲ့ျပသနာပါ။ ႏွလံုးခုန္ႏႈန္း ျမန္လြန္းတာ၊ ေနွးလြန္းတာ၊ ဒါမွမဟုတ္ ပံုမွန္မဟုတ္တဲ့ပံုစံမ်ိဳးနဲ႔ခုန္ေနတာကိုဆိုလိုပါတယ္။ အင္းဂိတ္လို တိုက္ရိုက္ႀကီးထၫ့္မေရးခ်င္တာမို႔ ႏွလံုးအားနည္းတာလို႔ျပန္လိုက္တာ။ အယူအဆလြဲမွားသြားသည္ရိွေသာ္ မိမိအျပစ္သာ။]
နတ္ေဆးသမားေတာ္ရဲ့အၾကၫ့္က စိတ္ပ်က္မႈေတြနဲ႔ျပၫ့္ေနသည္။
နဉ္ရႈ : ...
သူ႔မွာ ႏွလံုးအားနည္းတဲ့ေရာဂါရိွတယ္ဆိုတာ သူမ တကယ္မသိခဲ့ဘူး။
"ဒါက ေမြးရာပါလား?"
နတ္ေဆးသမားေတာ္က သူမကိုၾကၫ့္သည္။
"ဒီလိုေရာဂါမ်ိဳးက ေမြးတည္းကပါလာတတ္တာမ်ိဳးပဲ။"
သူ႔ကိုႏွစ္သိမ့္ေပးဖို႔ ဘာေျပာရမလဲဆိုတာ နဉ္ရႈမသိေတာ့။ ဒီလိုေရာဂါမ်ိဳးက ကုသဖို႔မျဖစ္ႏိုင္ေပ။ ေခတ္မီနည္းပညာေတြနဲ႔ ေခတ္သစ္ကမ႓ာမွာေတာင္ ကုသနည္းကိုရွာမေတြ့ေသး။ တစ္ခုတည္းေသာနည္းလမ္းက ႏွလံုးအစားထိုးကုသဖို႔သာျဖစ္သည္။
နတ္ေဆးသမားေတာ္က ဘာေၾကာင့္ ဘာခံစားခ်က္မွမရိွသလိုျဖစ္ေနရတာလဲဆိုတာ သူမ ေနာက္ဆံုးေတာ့နားလည္သြားေပၿပီ။ ဒီလိုေရာဂါမ်ိဳးရိွတဲ့လူေတြက စိတ္လႈပ္ရွားလို႔မရေပ။
နတ္ေဆးသမားေတာ္က ဘာေၾကာင့္လိင္ကိစၥကိုစိတ္မဝင္စားလဲဆိုတာ နားလည္လို႔ရသည္။ တစ္ျခားသူေတြက သူ႔ကို နတ္ေဆးသမားေတာ္လို႔ေခၚေနေပမယ့္ သူက သူ႔ေရာဂါသူပင္မကုႏိုင္ေခ်။ ေျမေခြးလိုတစ္ျခားအမ်ိဳးသားဇာတ္လိုက္ေတြနဲ႔ယွဉ္ပါလ်ွင္ သူက ေလာကရဲ့တစ္ျခားဘက္ျခမ္းမွာရိွေနသည္။
ဒီလိုအျပင္းအထန္လုပ္ရတဲ့ေလ့က်င့္ခန္းေတြက ခႏၶာကိုယ္အတြက္မေကာင္းေပ။ သူသာ နည္းနည္းေလးပိုစိတ္လႈပ္ရွားမိတာနဲ႔ heart-attackရၿပီး မုယန္မုန႔္ရဲ့အထက္မွာတင္ ေသသြားေပလိမ့္မည္။
ဒါေပမယ့္ အဆံုးမွာ သူက မုယန္မုန႔္ရဲ့ေမာင္းထီးေဆာင္ထဲဝင္ခဲ့တယ္ဆိုေတာ့ သူ႔မွာ မုယန႔္မုန႔္အတြက္ ခံစားခ်က္ေတြရိွေနတာျဖစ္ႏိုင္သည္။
...
Advertisement
- In Serial85 Chapters
Black Wing
Raven. In a world of fantasy, where magic and sword reign supreme, a girl is reborn. Not as a hero, a villain, or even a common mob. She was reborn as a dumb bird. Now don’t get me wrong, ravens are one of the smartest animals alive. But imagine going from a fully functional human body...to....this... In this world, ravens are considered harbingers of death. Filthy pests. The incarnation of damned souls. Due to their penchant for mischief, they are shunned and despised by human and non-human races alike. Join Raven in her journey from a naive baby bird that wants to become human again (or at least get some semblance of arms/legs), and grow to live a life worth living, eating delicious food and reading great books. Also known as the Ascension of Amaris, Queen of the Night, Beloved of the Moon. *chapter length will vary from around 1500~2500 words.
8 174 - In Serial45 Chapters
Forest of Teeth
She woke up in the middle of nowhere, surrounded by gray trees with crimson leaves. She couldn't remember her name, or how she got there. In fact, she couldn't remember much of anything. But, one way or another, she was going to find out. That said, she was going to start with the little things. Like not dying. *** This is a first draft so characters, storyline and other parts are subject to change. Tags may be added as the story goes along. Not an OP protagonist.
8 88 - In Serial106 Chapters
Baller || ✓ [book2FIUFAMILYseries]
- F I U F A M I L Y S E R I E S -Book 2 - can be read as stand aloneTori Quinn - the beautiful new girl on campus who has one rule; she doesn't date jocks.Maddox Hunter - the handsome basketball star who's draft to the NBA is a season away. His rule? He doesn't take no for an answer.Tori and Maddox might have spent a summers night together but bumping into each other changes things. Tori has a strict rule of not dating jocks. Maddox has a habit of not taking no for an answer. Will his persistence pay off in order to get the girl he can't get off his mind? Or will her rule, rule her life? ✫✬✫"You should know I don't date jocks -- stop trying so hard." "And I don't take no for an answer -- you're just giving me a challenge, darling.""Maddox? Go fuck yourself." She shot back with an over dramatic smile."Aw baby, has no one taught you how to put that mouth of yours to good use yet? I could give you a lesson or two." I taunted her. Which back fired when she threw up her middle finger and walked away from me - on the plus side I got a great view of her ass.[#2] FIU [#1] Baller [#1] MaddoxCompleted; 26/05/22
8 385 - In Serial418 Chapters
Into The Portal: Monster Invasion
Disclaimer: This is a work of fiction. Names, characters, business, events and incidents are the products of the author’s imagination. Any resemblance to actual persons, living or dead, or actual events is purely coincidental. https://www.patreon.com/GodonAHill Discord: https://discord.gg/dNNYQSEuRE Despair loomed over the globe. All resources were exhausted, and hope was all lost. When three-player chess that will decide the lives of billions of people was at its zenith, a portal appeared in the sky. Monsters, bigger than the biggest animal, harder than the hardest metal poured out of the abyss... Putting aside their differences, humanity united to fight against their common enemy. But the weapons were ineffective. The most powerful weapons of science could not do even the slightest bit of damage to monsters. While desperation reigned, science prevailed, and laser weapons were born. The first blood was spilled... The first monster was killed! However, it wasn't laser weapons that allowed humanity to win the war, but a piece of orb found in the monster's brain. When supplied with electricity, the orbs would turn into pre-determined objects. These orbs turned into weapons that could damage monsters, and the more monsters were killed, the more weapons were found. With the newly looted weapons and the determination of humanity to get rid of this disease, the monsters were pushed back. At that moment, a messenger flew from the portal in his radiant form. An Artificial Intelligence produced by the native race living in the Portal World... Called Mother AI by humans, this object used the miracles of the alien world to help humanity close the portal. With these miracles, humans awakened superpowers to fight against monsters. An unfortunate teenager, Miles Cross, was born with dormant Ancient Genes and failed to awaken his superpower. Instead, he used every means to get stronger...
8 1260 - In Serial38 Chapters
In A Heartbeat - Larry Stylinson [complete]
When Harry meets his new roommates, he is immediately captivated by one of them. But what happens when he discovers Louis' dark, bloody secret? And will Louis be able to handle his blood thirst?
8 364 - In Serial21 Chapters
The Runners Lover
Thomas and Minho have finally gotten over the traumatizing acts of horror they have seen. Almost all of it at least, there are some things that you can't just forget. Like killing one of your best friends for example. And knowing that your other best friend will definitely be shucking mad if you tell them. *first posted on my Instagram account but also on here now*
8 214

