《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 107
Advertisement
Unicode
တကယ်ကိုရင်းရင်းနှီးနှီးပြောဆိုချင်ပါတယ်
__________
နဉ်ရှုမှာ ထိုမျှများပြားလှသည့်ပြောင်းမုန့်များကိုစားခဲ့ရသဖြင့် ဝမ်းချုပ်လာပြီး သူမ အညစ်အကြေးစွန့်နေချိန်မှာပင် အမြဲနာကျင်နေရ၏။ သို့သော်လည်း နတ်ဆေးသမားတော်ကား အသားစားရတာကြိုက်ပုံမပေါ်သည်မို့ သူ့နေရာမှာ ဘာတိရစ္ဆာန်အဆီမှမရှိပေ။ ဘဝကြီးက တကယ်ကိုကြမ်းတမ်းလွန်းတယ်။
အချိန်အကြာကြီးအသားမစားခဲ့ရတာမို့ သူမ အသားအရမ်းစားချင်လာသည်။
တစ်ခါတစ်ရံမှာ ရွာသားတစ်ချို့က ဆေးကုပေးခိုင်းဖို့အတွက် နတ်ဆေးသမားတော်ဆီလာတတ်ကြသည်။ နတ်ဆေးသမားတော် ဒီလူတွေကိုကုသပေးနေသည်အား နဉ်ရှုက ဘေးမှပင်ရပ်ကြည့်နေခဲ့သည်။ ထို့နောက် အဲ့ရွာသားတွေက သူ့ကို ဟင်းသီးဟင်းရွက်တစ်ချို့၊ ဒါမှမဟုတ် ဂျုံမှုန့်တစ်အိတ်၊ ဒါမှမဟုတ် အသားနည်းနည်းပေးကြပေလိမ့်မည်။
ပြီးလျှင်တော့ နဉ်ရှုရဲ့မျက်လုံးတွေက အနှီအသားတွေကိုစိုက်ကြည့်နေရင်း အစိမ်းရောင်တောက်လာပေလိမ့်မည်။ အသားအများစုက သူမဆီရောက်ရှိသွားခြင်းဖြင့်သာအဆုံးသတ်၏။
ဤသို့ဖြင့် နေ့ရက်တွေက သက်တောင့်သက်သာရှိစွာကုန်လွန်လာခဲ့သည်။ နတ်ဆေးသမားတော်နဲ့နဉ်ရှုရဲ့ဆက်ဆံရေးကတော့ ပိစိလေးပင်တိုးတက်မလာချေ။ နဉ်ရှုက အပြင်ဘက်ကဆေးပင်စိုက်ခင်းကိုကြည့်ရှုနေရချိန်မှာ နတ်ဆေးသမားတော်က အိမ်ထဲမှာပဲအမြဲအလုပ်လုပ်နေခဲ့တာမို့ သူတို့က စကားပြောခဲနေဆဲသာဖြစ်၏။
နဉ်ရှုက စိုက်ခင်းကိုဂရုစိုက်တာကို သူမရဲ့အလုပ်လိုပင်မှတ်ယူထားသည်။ စိုက်ခင်းကို နေ့တိုင်းကြည့်ရှုနေရပြီးနောက်မှာတော့ သိပ်မကြာခင်မှာပဲ သူမ ဆေးပင်တွေအားလုံးကိုမှတ်မိသွားသည်။ နတ်ဆေးသမားတော်အလုပ်ရှုပ်မနေတဲ့အခါ သူမက သူ့ကို ဒီအပင်တွေရဲ့ထူးခြားတဲ့လက္ခဏာတွေနဲ့ဆေးဖက်ဝင်ပုံတွေကို မေးမြန်းသည်။
နတ်ဆေးသမားတော်က ရှင်းပြသော်လည်း များသောအားဖြင့် သူက နဉ်ရှုတစ်ယောက် သူပြောတာတွေကို မှတ်မိရဲ့လား ဒါမှမဟုတ် နားလည်ရဲ့လားဆိုတာကိုမတွေးဘဲ တစ်ခေါက်သာရှင်းပြတတ်၏။
နတ်ဆေးသမားတော်ရဲ့စိုက်ခင်းထဲက ဆေးပင်တွေအားလုံးက ရိုးရိုးဆေးပင်တွေသာဖြစ်ပြီး ဂရုစိုက်ဖို့လွယ်ကူကာ သာမန်ဖျားနာခြင်းတွေကိုကုသဖို့သုံးတဲ့ဆေးပင်တွေဖြစ်သည်။
သူ ဘာလို့ တန်ဖိုးကြီးဆေးပင်တွေကို မစိုက်တာလဲလို့ နဉ်ရှု နတ်ဆေးသမားတော်ကို တစ်ခါမေးဖူးသည်။ နတ်ဆေးသမားတော်က သူမကိုအေးစက်စွာကြည့်ပြီးနောက် တန်ဖိုးကြီးဆေးပင်တွေက အထူးအခြေအနေတွေနဲ့ ဂရုစိုက်မှုတွေလိုအပ်တယ်လို့ နူးညံ့စွာပြောလာခဲ့သည်။ သူက ဇီဇာကြောင်တဲ့အရာတွေကို ဂရုစိုက်ဖို့စိတ်မဝင်စားပါချေ။
ထပ်ပြောရလျှင် ဖျားနာမှုအများစုက ပေါပေါများများရှိနေတဲ့ ရိုးရိုးဆေးပင်တွေကိုသာလိုအပ်တာဖြစ်သည်။
နဉ်ရှုက သူ့ရဲ့မိသားစုအခြေအနေ၊ သူ့မိဘတွေအကြောင်း၊ သူ့အသက်စတာတွေနဲ့ သူတို့နှစ်ယောက်ကြားအကွာအဝေးကို နီးကပ်စေနိုင်မယ့်အရာတွေကြောင်းကို နတ်ဆေးသမားတော်နဲ့ တကယ်ပင် ရင်းရင်းနှီးနှီးပြောချင်လှပါသော်လည်း နတ်ဆေးသမားတော်က သူမကို အမြဲလျစ်လျူရှုထားလေ၏။
နဉ်ရှုမှာ အင်မတန်မှပင်ဆွံ့အလို့နေ၏။ လောကကြီးထဲမှာ ဘာလို့များ ဒီလူလူမျိုးတကယ်ကြီးရှိနေရတာလဲ?
သူမက ဆေးပညာသင်ကြားဖို့အပေါ် မျှော်လင့်ချက်သိပ်မထားတော့ဘဲ အဆိပ်တွေအကြောင်းကို ပိုစိတ်ဝင်စားစပြုလာသည်။ သူမသာ အဆိပ်ဖော်စပ်နိုင်ခဲ့လျှင် ဒါက တာဝန်ထမ်းဆောင်နေချိန်မှာ သူမအားကိုးလို့ရမယ့် အပိုဆောင်းအကာအကွယ်လေးဖြစ်လာပေလိမ့်မည်။ သူမ ဖြတ်ကျော်ရမယ့်ကမ္ဘာတွေ အများကြီးမို့ သူမကိုယ်သူမ ကာကွယ်နိုင်မယ့်နည်းလမ်းတွေမရှိပါက ကျရှုံးမှာသေချာပေါက်ပင်။ ဒါဆို နဉ်ရှုလို့ခေါ်တဲ့သူ ဆက်ရှိမှာမဟုတ်တော့။
ဘာပဲဖြစ်ဖြစ် အသက်ရှင်နေရတာက သေတာထက်တော့ပိုကောင်းသည်။
ထို့အတွက် သူမရဲ့ရင်းနှီးဖို့ကြိုးပမ်းအားထုတ်မှုတွေအားလုံးကို လျစ်လျူရှုထားတဲ့ ဒီနတ်ဆေးသမားတော်နဲ့တွေ့နေရချိန်မှာတော့ နဉ်ရှုမှာ သူ့ကို တကယ်ပင်သတ်ပစ်ချင်လာစိတ်တွေ၊ ဖမ်းဆီးထားပြီး သူမကိုသင်ကြားပေးဖို့ဖိအားပေးချင်စိတ်တွေပေါ်လာ၏။
ဟားဟားဟား၊ ဒါပေမယ့် ဒါက စိတ်ကူးယဉ်တစ်ခုအနေနဲ့ပဲရှိနေသင့်ပါတယ်။ အရင်တစ်ခေါက်တုန်းက သူက သူမအပေါ် အကြောပျော့ဆေးသုံးခဲ့ပြီးပြီလေ၊ နောက်တစ်ခါဆို သူ ဘာသုံးမလဲဆိုတာ ဘယ်သူသိမှာလဲ?
သူမ စိုက်ခင်းထဲကဆေးပင်တွေအားလုံးအကြောင်းသင်တာကိုပဲ အာရုံစိုက်ထားသင့်တယ်။
သူမ ကျောက်တုံးလိုမာကျောနေတဲ့ပြောင်းမုန့်နောက်တစ်ခုကိုဝါးနေချိန်မှာ နတ်ဆေးသမားတော်က နဉ်ရှုဆီ စာအုပ်တစ်အုပ်ပစ်ပေးလာသည်။ နဉ်ရှုက သူမလက်တွေကိုအလောတကြီးသုတ်ကာ စာအုပ်ကိုကောက်ပြီး ဖတ်ဖို့လုပ်သည်။
"အာ? တပည့် ဘာလို့ ဒီစာလုံးတွေကို မဖတ်တတ်ရတာလဲ?"
"မင်း အပေါ်အောက်ပြောင်းပြန်ကြီးကိုင်ထားတယ်။"
နတ်ဆေးသမားတော်က အေးစက်စွာပြန်ဖြေသည်။
နဉ်ရှုက ရှက်ရွံ့မှုတစ်စိုးတစိမျှမပြဘဲ စာအုပ်ကို တည်ငြိမ်စွာပင်ပြန်တည့်ကာ နာမည်ကိုကြည့်လိုက်သည်။ "ဆေးပင်တစ်ရာကျမ်း"။
နဉ်ရှု စာအုပ်ကိုလှန်ကြည့်လိုက်ကာ အဲ့စာအုပ်ထဲမှာ ဆေးပင်တွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရသည်။ သူမက စိတ်လှုပ်ရှားစွာဆို၏။
"ကျေးဇူးတင်ပါတယ် ဆရာ!"
နတ်ဆေးသမားတော်ကား အလွန်ပင်အေးစက်နေဆဲဖြစ်ကာ သည်အတိုင်းလှည့်ထွက်သွားလေ၏။ နတ်ဆေးသမားတော်နဲ့ ခဏမျှဆက်ဆံပြီးနောက်တွင် နဉ်ရှုက သူ့သဘောထားကို စိတ်ထဲမထားတော့။ နတ်ဆေးသမားတော်က သူမကို အမြဲလျစ်လျူရှုနေတာမို့ သူမကလည်း သူ့ရဲ့အေးစက်စက်အမူအရာကို လျစ်လျူရှုဖို့သင်ယူထားခဲ့သည်။
စာအုပ်ရဲ့နာမည်က ဆေးပင်တစ်ရာကျမ်းဆိုပေမည့် ဆေးပင်တစ်ရာထက်ပိုကာ မှတ်တမ်းတင်ထားပြီး ရေးသားချက်တစ်ခုချင်းစီကလည်း အင်မတန်အသေးစိတ်သည်။
ဤသို့ဖြင့် သူမက စိုက်ခင်းကိုဂရုမစိုက်ချိန်မှာ ဆေးပင်တစ်ရာကျမ်းကိုဖတ်နေတတ်ပြီး ပါဝင်တဲ့အကြောင်းအရာတွေကိုမှတ်သားနေတတ်သည်။
နတ်ဆေးသမားတော်က နဉ်ရှု ဘယ်လောက်မှတ်မိပြီလဲဆိုတာစစ်ဆေးဖို့ မကြာခဏမေးခွန်းထုတ်တတ်ပြီး သူမကို စာအုပ်ရဲ့ညွှန်ကြားချက်တွေအတိုင်း ဆေးတစ်ချို့ဖော်ခိုင်းတတ်သည်။
ထို့နောက်တွင်မှ ဆေးဖော်ဖို့က တကယ်ကိုအရမ်းခက်ခဲလွန်းတယ်ဆိုတာ နဉ်ရှုသိသွားတော့သည်။ စိတ်ထဲမှာမှတ်သားထားရမယ့်ပစ္စည်းတွေအများကြီးရှိပြီး သူမရဲ့ခေါင်းလေးဖောင်းလာသလိုတောင်ခံစားလိုက်ရသည်။ သို့သော်လည်း သူမက ဆက်ကြိုးစားနေပြီး နတ်ဆေးသမားတော်ကိုလည်း သူမကိုဆေးပညာမသင်ပေးတဲ့အတွက် မကျေမနပ်ဖြစ်တာမျိုးရှိမနေ။
အခြေခံအကျဆုံးအရာတွေကို ဘယ်လိုစနစ်တကျလုပ်ရမယ်ဆိုတာကို သင်ယူရတာကပင် လုံလောက်နေပြီဖြစ်၏။ ထပ်ပြောရလျှင် သူမနဲ့နတ်ဆေးသမားတော်ကြားမှာ ဘာသံယောဇဉ်မှမရှိတာမို့ သူက သူမကို ဒီလောက်အများကြီးသင်ပေးဖို့ဆန္ဒရှိတာကိုပင် သူမ ဝမ်းသာနေပြီဖြစ်သည်။
အမှန်တော့ သူက ဒီအမျိုးသားဇာတ်လိုက်တွေအားလုံးထဲမှာ နဉ်ရှုလေးစားရတဲ့ တစ်ဦးတည်းသောအမျိုးသားဖြစ်သည်။ တစ်ခြားယောက်ျားတွေအားလုံးက ရာထူးအဆင့်အတန်းအတော်လေးမြင့်မားကြပေမယ့် သူတို့က အတော်လေးအားလပ်နေကြပုံပေါ်ကာ အမြဲလိုလိုမုယန်မုန့်နဲ့ ကလူကျီစယ်နေကြသည်။ သူတို့က ဘာအလုပ်မှလုပ်ပုံမပေါ်ချေ။
ဒါပေမယ့်လည်း hentaiကမ္ဘာက ဘာများယုတ္တိရှိစရာလိုလို့လဲ? လူးလှိမ့်ဖို့သာလိုအပ်သည်လေ။
နဉ်ရှုက အရည်အချင်းရှိတဲ့သူတွေကိုလေးစားပြီး နတ်ဆေးသမားတော်ကလည်း အတော်လေးအရည်အချင်းရှိသည်။ ထပ်လောင်းပြောရလျှင် သူက သူ့အချိန်တွေအားလုံးကို အမျိုးသမီးဇာတ်လိုက်နဲ့အိပ်ဖို့ကြိုးစားပြီးမဖြုန်းတီးတာမို့ သူက တစ်ခြားလူတွေထက် ပိုပြီးပုံမှန်ဖြစ်သည်။
သူက နည်းနည်းလေးအေးစက်လွန်းနေတာကြောင့် သူနဲ့ပြောဆိုဆက်ဆံရတာခက်နေရုံသာ။
နဉ်ရှုမှာ နေ့တိုင်းအင်မတန်မှပင်အလုပ်များနေရသည်။ သူမရဲ့အတွေးတွေက ဆေးပင်တစ်ရာကျမ်းထဲကအကြောင်းအရာတွေနဲ့ နတ်ဆေးသမားတော်လုပ်ခိုင်းထားတဲ့တာဝန်တွေနဲ့သာပြည့်နေသည်။
သူမ ဒီကမ္ဘာကိုရောက်လာပြီးတည်းက အမျိုးသားဇာတ်လိုက်တစ်ယောက်နဲ့ အတော်လေးအဆင်ပြေနေတာ ဒါ ပထမဆုံးအကြိမ်ပင်။ အရင်ကဆို သူမက သူတို့ကိုလက်ဦးမှုရယူပြီးတိုက်ခိုက်တာမဟုတ်ရင် တွန်းလှဲခံရမှာကို ရှောင်ရှားဖို့နည်းလမ်းတွေတွေးရင်း အလုပ်များနေတတ်သည်။
Advertisement
ယခုမူ သူမက နတ်ဆေးသမားတော်နဲ့သွေးသောက်ညီအစ်ကိုတွေပင်ဖြစ်လာချင်သော်ငြား ဝမ်းနည်းဖို့ကောင်းလှစွာဖြင့် နတ်ဆေးသမားတော်ရဲ့အဆင့်အတန်းက အရမ်းမြင့်လွန်းနေခဲ့သည်။
...
Zawgyi
တကယ္ကိုရင္းရင္းႏွီးႏွီးေျပာဆိုခ်င္ပါတယ္
__________
နဉ္ရႈမွာ ထိုမ်ွမ်ားျပားလွသၫ့္ေျပာင္းမုန႔္မ်ားကိုစားခဲ့ရသျဖင့္ ဝမ္းခ်ဳပ္လာၿပီး သူမ အညစ္အေၾကးစြန႔္ေနခ်ိန္မွာပင္ အၿမဲနာက်င္ေနရ၏။ သို႔ေသာ္လည္း နတ္ေဆးသမားေတာ္ကား အသားစားရတာႀကိဳက္ပံုမေပၚသည္မို႔ သူ႔ေနရာမွာ ဘာတိရစၧာန္အဆီမွမရိွေပ။ ဘဝႀကီးက တကယ္ကိုၾကမ္းတမ္းလြန္းတယ္။
အခ်ိန္အၾကာႀကီးအသားမစားခဲ့ရတာမို႔ သူမ အသားအရမ္းစားခ်င္လာသည္။
တစ္ခါတစ္ရံမွာ ရြာသားတစ္ခ်ိဳ႕က ေဆးကုေပးခိုင္းဖို႔အတြက္ နတ္ေဆးသမားေတာ္ဆီလာတတ္ၾကသည္။ နတ္ေဆးသမားေတာ္ ဒီလူေတြကိုကုသေပးေနသည္အား နဉ္ရႈက ေဘးမွပင္ရပ္ၾကၫ့္ေနခဲ့သည္။ ထို႔ေနာက္ အဲ့ရြာသားေတြက သူ႔ကို ဟင္းသီးဟင္းရြက္တစ္ခ်ိဳ႕၊ ဒါမွမဟုတ္ ဂ်ံဳမႈန႔္တစ္အိတ္၊ ဒါမွမဟုတ္ အသားနည္းနည္းေပးၾကေပလိမ့္မည္။
ၿပီးလ်ွင္ေတာ့ နဉ္ရႈရဲ့မ်က္လံုးေတြက အႏွီအသားေတြကိုစိုက္ၾကၫ့္ေနရင္း အစိမ္းေရာင္ေတာက္လာေပလိမ့္မည္။ အသားအမ်ားစုက သူမဆီေရာက္ရိွသြားျခင္းျဖင့္သာအဆံုးသတ္၏။
ဤသို႔ျဖင့္ ေန့ရက္ေတြက သက္ေတာင့္သက္သာရိွစြာကုန္လြန္လာခဲ့သည္။ နတ္ေဆးသမားေတာ္နဲ႔နဉ္ရႈရဲ့ဆက္ဆံေရးကေတာ့ ပိစိေလးပင္တိုးတက္မလာေခ်။ နဉ္ရႈက အျပင္ဘက္ကေဆးပင္စိုက္ခင္းကိုၾကၫ့္ရႈေနရခ်ိန္မွာ နတ္ေဆးသမားေတာ္က အိမ္ထဲမွာပဲအၿမဲအလုပ္လုပ္ေနခဲ့တာမို႔ သူတို႔က စကားေျပာခဲေနဆဲသာျဖစ္၏။
နဉ္ရႈက စိုက္ခင္းကိုဂရုစိုက္တာကို သူမရဲ့အလုပ္လိုပင္မွတ္ယူထားသည္။ စိုက္ခင္းကို ေန့တိုင္းၾကၫ့္ရႈေနရၿပီးေနာက္မွာေတာ့ သိပ္မၾကာခင္မွာပဲ သူမ ေဆးပင္ေတြအားလံုးကိုမွတ္မိသြားသည္။ နတ္ေဆးသမားေတာ္အလုပ္ရႈပ္မေနတဲ့အခါ သူမက သူ႔ကို ဒီအပင္ေတြရဲ့ထူးျခားတဲ့လကၡဏာေတြနဲ႔ေဆးဖက္ဝင္ပံုေတြကို ေမးျမန္းသည္။
နတ္ေဆးသမားေတာ္က ရွင္းျပေသာ္လည္း မ်ားေသာအားျဖင့္ သူက နဉ္ရႈတစ္ေယာက္ သူေျပာတာေတြကို မွတ္မိရဲ့လား ဒါမွမဟုတ္ နားလည္ရဲ့လားဆိုတာကိုမေတြးဘဲ တစ္ေခါက္သာရွင္းျပတတ္၏။
နတ္ေဆးသမားေတာ္ရဲ့စိုက္ခင္းထဲက ေဆးပင္ေတြအားလံုးက ရိုးရိုးေဆးပင္ေတြသာျဖစ္ၿပီး ဂရုစိုက္ဖို႔လြယ္ကူကာ သာမန္ဖ်ားနာျခင္းေတြကိုကုသဖို႔သံုးတဲ့ေဆးပင္ေတျြဖစ္သည္။
သူ ဘာလို႔ တန္ဖိုးႀကီးေဆးပင္ေတြကို မစိုက္တာလဲလို႔ နဉ္ရႈ နတ္ေဆးသမားေတာ္ကို တစ္ခါေမးဖူးသည္။ နတ္ေဆးသမားေတာ္က သူမကိုေအးစက္စြာၾကၫ့္ၿပီးေနာက္ တန္ဖိုးႀကီးေဆးပင္ေတြက အထူးအေျခအေနေတြနဲ႔ ဂရုစိုက္မႈေတြလိုအပ္တယ္လို႔ ႏူးညံ့စြာေျပာလာခဲ့သည္။ သူက ဇီဇာေၾကာင္တဲ့အရာေတြကို ဂရုစိုက္ဖို႔စိတ္မဝင္စားပါေခ်။
ထပ္ေျပာရလ်ွင္ ဖ်ားနာမႈအမ်ားစုက ေပါေပါမ်ားမ်ားရိွေနတဲ့ ရိုးရိုးေဆးပင္ေတြကိုသာလိုအပ္တာျဖစ္သည္။
နဉ္ရႈက သူ႔ရဲ့မိသားစုအေျခအေန၊ သူ႔မိဘေတြအေၾကာင္း၊ သူ႔အသက္စတာေတြနဲ႔ သူတို႔ႏွစ္ေယာက္ၾကားအကြာအေဝးကို နီးကပ္ေစႏိုင္မယ့္အရာေတြေၾကာင္းကို နတ္ေဆးသမားေတာ္နဲ႔ တကယ္ပင္ ရင္းရင္းႏွီးႏွီးေျပာခ်င္လွပါေသာ္လည္း နတ္ေဆးသမားေတာ္က သူမကို အၿမဲလ်စ္လ်ူရႈထားေလ၏။
နဉ္ရႈမွာ အင္မတန္မွပင္ဆြံ႔အလို႔ေန၏။ ေလာကႀကီးထဲမွာ ဘာလို႔မ်ား ဒီလူလူမ်ိဳးတကယ္ႀကီးရိွေနရတာလဲ?
သူမက ေဆးပညာသင္ၾကားဖို႔အေပၚ ေမ်ွာ္လင့္ခ်က္သိပ္မထားေတာ့ဘဲ အဆိပ္ေတြအေၾကာင္းကို ပိုစိတ္ဝင္စားစျပဳလာသည္။ သူမသာ အဆိပ္ေဖာ္စပ္ႏိုင္ခဲ့လ်ွင္ ဒါက တာဝန္ထမ္းေဆာင္ေနခ်ိန္မွာ သူမအားကိုးလို႔ရမယ့္ အပိုေဆာင္းအကာအကြယ္ေလးျဖစ္လာေပလိမ့္မည္။ သူမ ျဖတ္ေက်ာ္ရမယ့္ကမ႓ာေတြ အမ်ားႀကီးမို႔ သူမကိုယ္သူမ ကာကြယ္ႏိုင္မယ့္နည္းလမ္းေတြမရိွပါက က်ရႈံးမွာေသခ်ာေပါက္ပင္။ ဒါဆို နဉ္ရႈလို႔ေခၚတဲ့သူ ဆက္ရိွမွာမဟုတ္ေတာ့။
ဘာပဲျဖစ္ျဖစ္ အသက္ရွင္ေနရတာက ေသတာထက္ေတာ့ပိုေကာင္းသည္။
ထို႔အတြက္ သူမရဲ့ရင္းႏွီးဖို႔ႀကိဳးပမ္းအားထုတ္မႈေတြအားလံုးကို လ်စ္လ်ူရႈထားတဲ့ ဒီနတ္ေဆးသမားေတာ္နဲ႔ေတြ့ေနရခ်ိန္မွာေတာ့ နဉ္ရႈမွာ သူ႔ကို တကယ္ပင္သတ္ပစ္ခ်င္လာစိတ္ေတြ၊ ဖမ္းဆီးထားၿပီး သူမကိုသင္ၾကားေပးဖို႔ဖိအားေပးခ်င္စိတ္ေတြေပၚလာ၏။
ဟားဟားဟား၊ ဒါေပမယ့္ ဒါက စိတ္ကူးယဉ္တစ္ခုအေနနဲ႔ပဲရိွေနသင့္ပါတယ္။ အရင္တစ္ေခါက္တုန္းက သူက သူမအေပၚ အေၾကာေပ်ာ့ေဆးသံုးခဲ့ၿပီးၿပီေလ၊ ေနာက္တစ္ခါဆို သူ ဘာသံုးမလဲဆိုတာ ဘယ္သူသိမွာလဲ?
သူမ စိုက္ခင္းထဲကေဆးပင္ေတြအားလံုးအေၾကာင္းသင္တာကိုပဲ အာရံုစိုက္ထားသင့္တယ္။
သူမ ေက်ာက္တံုးလိုမာေက်ာေနတဲ့ေျပာင္းမုန႔္ေနာက္တစ္ခုကိုဝါးေနခ်ိန္မွာ နတ္ေဆးသမားေတာ္က နဉ္ရႈဆီ စာအုပ္တစ္အုပ္ပစ္ေပးလာသည္။ နဉ္ရႈက သူမလက္ေတြကိုအေလာတႀကီးသုတ္ကာ စာအုပ္ကိုေကာက္ၿပီး ဖတ္ဖို႔လုပ္သည္။
"အာ? တပၫ့္ ဘာလို႔ ဒီစာလံုးေတြကို မဖတ္တတ္ရတာလဲ?"
"မင္း အေပၚေအာက္ေျပာင္းျပန္ႀကီးကိုင္ထားတယ္။"
နတ္ေဆးသမားေတာ္က ေအးစက္စြာျပန္ေျဖသည္။
နဉ္ရႈက ရွက္ရြံ႔မႈတစ္စိုးတစိမ်ွမျပဘဲ စာအုပ္ကို တည္ၿငိမ္စြာပင္ျပန္တၫ့္ကာ နာမည္ကိုၾကၫ့္လိုက္သည္။ "ေဆးပင္တစ္ရာက်မ္း"။
နဉ္ရႈ စာအုပ္ကိုလွန္ၾကၫ့္လိုက္ကာ အဲ့စာအုပ္ထဲမွာ ေဆးပင္ေတြနဲ႔ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြနဲ႔ျပၫ့္ေနတာကိုေတြ့လိုက္ရသည္။ သူမက စိတ္လႈပ္ရွားစြာဆို၏။
"ေက်းဇူးတင္ပါတယ္ ဆရာ!"
နတ္ေဆးသမားေတာ္ကား အလြန္ပင္ေအးစက္ေနဆဲျဖစ္ကာ သည္အတိုင္းလွၫ့္ထြက္သြားေလ၏။ နတ္ေဆးသမားေတာ္နဲ႔ ခဏမ်ွဆက္ဆံၿပီးေနာက္တြင္ နဉ္ရႈက သူ႔သေဘာထားကို စိတ္ထဲမထားေတာ့။ နတ္ေဆးသမားေတာ္က သူမကို အၿမဲလ်စ္လ်ူရႈေနတာမို႔ သူမကလည္း သူ႔ရဲ့ေအးစက္စက္အမူအရာကို လ်စ္လ်ူရႈဖို႔သင္ယူထားခဲ့သည္။
စာအုပ္ရဲ့နာမည္က ေဆးပင္တစ္ရာက်မ္းဆိုေပမၫ့္ ေဆးပင္တစ္ရာထက္ပိုကာ မွတ္တမ္းတင္ထားၿပီး ေရးသားခ်က္တစ္ခုခ်င္းစီကလည္း အင္မတန္အေသးစိတ္သည္။
ဤသို႔ျဖင့္ သူမက စိုက္ခင္းကိုဂရုမစိုက္ခ်ိန္မွာ ေဆးပင္တစ္ရာက်မ္းကိုဖတ္ေနတတ္ၿပီး ပါဝင္တဲ့အေၾကာင္းအရာေတြကိုမွတ္သားေနတတ္သည္။
နတ္ေဆးသမားေတာ္က နဉ္ရႈ ဘယ္ေလာက္မွတ္မိၿပီလဲဆိုတာစစ္ေဆးဖို႔ မၾကာခဏေမးခြန္းထုတ္တတ္ၿပီး သူမကို စာအုပ္ရဲ့ၫႊန္ၾကားခ်က္ေတြအတိုင္း ေဆးတစ္ခ်ိဳ႕ေဖာ္ခိုင္းတတ္သည္။
ထို႔ေနာက္တြင္မွ ေဆးေဖာ္ဖို႔က တကယ္ကိုအရမ္းခက္ခဲလြန္းတယ္ဆိုတာ နဉ္ရႈသိသြားေတာ့သည္။ စိတ္ထဲမွာမွတ္သားထားရမယ့္ပစၥည္းေတြအမ်ားႀကီးရိွၿပီး သူမရဲ့ေခါင္းေလးေဖာင္းလာသလိုေတာင္ခံစားလိုက္ရသည္။ သို႔ေသာ္လည္း သူမက ဆက္ႀကိဳးစားေနၿပီး နတ္ေဆးသမားေတာ္ကိုလည္း သူမကိုေဆးပညာမသင္ေပးတဲ့အတြက္ မေက်မနပ္ျဖစ္တာမ်ိဳးရိွမေန။
အေျခခံအက်ဆံုးအရာေတြကို ဘယ္လိုစနစ္တက်လုပ္ရမယ္ဆိုတာကို သင္ယူရတာကပင္ လံုေလာက္ေနၿပီျဖစ္၏။ ထပ္ေျပာရလ်ွင္ သူမနဲ႔နတ္ေဆးသမားေတာ္ၾကားမွာ ဘာသံေယာဇဉ္မွမရိွတာမို႔ သူက သူမကို ဒီေလာက္အမ်ားႀကီးသင္ေပးဖို႔ဆႏၵရိွတာကိုပင္ သူမ ဝမ္းသာေနၿပီျဖစ္သည္။
အမွန္ေတာ့ သူက ဒီအမ်ိဳးသားဇာတ္လိုက္ေတြအားလံုးထဲမွာ နဉ္ရႈေလးစားရတဲ့ တစ္ဦးတည္းေသာအမ်ိဳးသားျဖစ္သည္။ တစ္ျခားေယာက္်ားေတြအားလံုးက ရာထူးအဆင့္အတန္းအေတာ္ေလးျမင့္မားၾကေပမယ့္ သူတို႔က အေတာ္ေလးအားလပ္ေနၾကပံုေပၚကာ အၿမဲလိုလိုမုယန္မုန႔္နဲ႔ ကလူက်ီစယ္ေနၾကသည္။ သူတို႔က ဘာအလုပ္မွလုပ္ပံုမေပၚေခ်။
ဒါေပမယ့္လည္း hentaiကမ႓ာက ဘာမ်ားယုတၲိရိွစရာလိုလို႔လဲ? လူးလိွမ့္ဖို႔သာလိုအပ္သည္ေလ။
နဉ္ရႈက အရည္အခ်င္းရိွတဲ့သူေတြကိုေလးစားၿပီး နတ္ေဆးသမားေတာ္ကလည္း အေတာ္ေလးအရည္အခ်င္းရိွသည္။ ထပ္ေလာင္းေျပာရလ်ွင္ သူက သူ႔အခ်ိန္ေတြအားလံုးကို အမ်ိဳးသမီးဇာတ္လိုက္နဲ႔အိပ္ဖို႔ႀကိဳးစားၿပီးမျဖဳန္းတီးတာမို႔ သူက တစ္ျခားလူေတြထက္ ပိုၿပီးပံုမွန္ျဖစ္သည္။
သူက နည္းနည္းေလးေအးစက္လြန္းေနတာေၾကာင့္ သူနဲ႔ေျပာဆိုဆက္ဆံရတာခက္ေနရံုသာ။
နဉ္ရႈမွာ ေန့တိုင္းအင္မတန္မွပင္အလုပ္မ်ားေနရသည္။ သူမရဲ့အေတြးေတြက ေဆးပင္တစ္ရာက်မ္းထဲကအေၾကာင္းအရာေတြနဲ႔ နတ္ေဆးသမားေတာ္လုပ္ခိုင္းထားတဲ့တာဝန္ေတြနဲ႔သာျပၫ့္ေနသည္။
သူမ ဒီကမ႓ာကိုေရာက္လာၿပီးတည္းက အမ်ိဳးသားဇာတ္လိုက္တစ္ေယာက္နဲ႔ အေတာ္ေလးအဆင္ေျပေနတာ ဒါ ပထမဆံုးအႀကိမ္ပင္။ အရင္ကဆို သူမက သူတို႔ကိုလက္ဦးမႈရယူၿပီးတိုက္ခိုက္တာမဟုတ္ရင္ တြန္းလွဲခံရမွာကို ေရွာင္ရွားဖို႔နည္းလမ္းေတြေတြးရင္း အလုပ္မ်ားေနတတ္သည္။
ယခုမူ သူမက နတ္ေဆးသမားေတာ္နဲ႔ေသြးေသာက္ညီအစ္ကိုေတြပင္ျဖစ္လာခ်င္ေသာ္ျငား ဝမ္းနည္းဖို႔ေကာင္းလွစြာျဖင့္ နတ္ေဆးသမားေတာ္ရဲ့အဆင့္အတန္းက အရမ္းျမင့္လြန္းေနခဲ့သည္။
...
Advertisement
- In Serial31 Chapters
Hunters Of Reality
17-year old Yoshida Ryou possesses an incredible ability---to be able to see the past of things or people he touches. Due to this, he avoids excessive social interaction, which may cause him to involuntarily use his ability. Everything goes accordingly, until he meets a certain Englishman.
8 122 - In Serial181 Chapters
Paternum: A Superhero Story
When Quinn finds an experimental superpower-granting costume in their parents’ attic, they didn’t expect to be drawn into a web of superhuman intrigue, but their discovery serves as the catalyst for that conspiracy to slowly unravel. At it’s heart, Paternum is an extended coming-of-age story for the main character as they become a superhero, in a world with more reasonable stakes and less powerful heroes than many superheroic worlds. Themes include what art means to different people, and what it means to be a patron, whether as a sponsor, a parent, or a supporter. I consider Paternum‘s primary influences to be the various versions of Spider-Man, J. C. McCrae’s own superhero story Worm, and Drew Hayes’ story SuperPowereds. I hope that fans of such stories can find something to enjoy in mine as well. Paternum is primarily hosted on my website (thevoidwrites.com) where it updates weekly in groups of scenes totalling approximately 2000 words. Here on Royal Road, it will update once daily with one scene at a time, but only after each act is completed on the home site - the next batch of updates is scheduled to begin on February 5th. There is a discord channel for discussion (discordapp.com/invite/QFMM6yA), and you can vote for Paternum on topwebfiction (topwebfiction.com/vote.php?for=paternum) as well. Finally, you can buy the first book of Paternum, The Swift Uplifting Rush, in a couple different ways - as an ebook through Amazon, or directly from me for a discounted price, or as a physical paperback from Amazon. Buying the book will give you access to Drawing Hands, an exclusive arc that won't ever be published on either my site or Royal Road.
8 125 - In Serial33 Chapters
A Blond Ray of Sunshine
A young, upbeat Pokémon Trainer named Antoshi travels around Kanto collecting Gym Badges with his best friend and only Pokémon, Fireball the Typhlosion. When Fireball is kidnapped by Team Rocket, Antoshi unwittingly unlocks superhuman powers within him. With the discovery of these powers, and family whom he never knew before, his life starts to change dramatically as he finds out he is destined for much greater deeds.
8 168 - In Serial47 Chapters
Crafting the Future (Magic & Tech Crafting)
He built and crafted with all his heart. Whether totemic nature magic, mechanical and alchemical factories, nanomachines, teleporters, alchemy, enchanting, mining, and farming, there were no ends. From the lowly stone age he moved reached levels of technology thought only imaginary and magic which made worlds quake. Things aren’t perfect though. Monsters and beasts fill the world, growing stronger by the day, a malignant force is ever present… And strange, bountiful ruins of all sorts remain scattered throughout the world, abandoned yet maintained by faithful servants. But what mattered most to Joey was the little black cube which not only redefined his worldview, but allowed him to transform the world into something utterly marvellous. The patreon linked to this account is not for this story. This story heavily focuses on crafting progression of both magic and tech, where in something is crafted to unlock a new resource or way to craft something better. Heavily influenced on games with such structure. As there is no backlog, chapter releases will be as written, which hopefully will be once a day but depends on progress made per day.
8 355 - In Serial31 Chapters
polaroids ♛ z.k. ✓
IN WHICH WHILST DECLUTTERING HER CLOSET, SHE FINDS A BOX OF POLAROIDS OF HER AND HER EX LOVER.☆゚.*・。゚☆゚.*・。゚sep 2018 - oct 2018 ©️
8 210 - In Serial16 Chapters
The Wolf Priestess and the Lion Knight
Kagome died most unexpectedly, but that was not the end of her adventure; being the Shikon, Miko had its perks, one of which was being favored by the Kamis. The Kamis decided that Kagome's soul was too valuable to let slip into oblivion in the underworld, so they sent Midoriko to her and informed Kagome that she would be reborn into another world where her help was desperately needed.Midoriko informed Kagome that she was to be born in the world of Planatos, specifically the country of Westeros. There, she would become a daughter of House Stark, and with her birth, the chain of events that led to the extinction of that House could be stopped. Kagome would have a difficult journey, but in the end, it would be worth it, and in the future, she may be the key to uniting to grand houses and finally finding the love she so desperately wanted.Will Kagome be able to complete this monumental task the Kamis have given her, or will she fall with the rest of her new family? And who is this great love of hers? Read and find out.I DO NOT OWN GAME OF THRONES OR INUYASHA; THEY BELONG TO THEIR RESPECTIVE OWNERS.Start Date: July 21, 2022. Slow Updates.
8 133

