《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 104
Advertisement
Unicode
မင်းကိုအဆိပ်ခတ်သတ်မယ်
_____________
"ငါက နတ်ဆေးသမားတော်ဆိုတာ မင်း ဘယ်လိုလုပ်သိတာလဲ?"
နတ်ဆေးသမားတော်က လှည့်ကြည့်လာကာ သူမကို အေးစက်စွာမေးခွန်းထုတ်သည်။
"မင်းကို ဘယ်သူလွှတ်လိုက်တာလဲ?"
နဉ်ရှုက ကြို့ထိုးလိုက်ပြီးမှဆို၏။
"ရှင့်ကိုယ်ပေါ်က ဆေးပင်နံ့တွေရတယ်လေ၊ ဒါကြောင့်မို့ ယဉ်ကျေးအောင်လို့ နတ်ဆေးသမားတော်လို့ခေါ်လိုက်တာ။ ပြီးတော့ လူတစ်ယောက်က အဆင့်သုံးရှိတဲ့ သိုင်းလောကဓားပညာရှင်တစ်ယောက်ကိုတွေ့ရင် ယဉ်ကျေးအောင်လို့ ညှာတာတတ်တဲ့သူရဲကောင်းကြီးလို့ခေါ်တာပဲမဟုတ်ဘူးလား? ဒါက ယဉ်ယဉ်ကျေးကျေးခေါ်တဲ့နည်းလမ်းတစ်ခုလေ၊ ဒါပါပဲ။"
နတ်ဆေးသမားတော်က လွန်စွာကြည့်ကောင်းလှသော်လည်း အေးစက်လွန်းနေကာ လှုပ်ရှားနေတဲ့ရေခဲစိုင်ကြီးနှင့်ပင်တူနေတော့၏။
နတ်ဆေးသမားတော်က သူမကို သည်အတိုင်းသာကြည့်လိုက်ပြီးနောက် မြန်မြန်လမ်းလျှောက်ကာ သူမကို ပစ်ထားခဲ့ဖို့ကြိုးစားလေသည်။
နဉ်ရှုက ဝတ်ရုံစကိုမကာ သူ့နောက်ကိုပြေးလိုက်သွားသည်။ သူမက အသက်ပြင်းပြင်းရှူနေရတာတောင်မှ အော်လိုက်သေး၏။
"နတ်ဆေးသမားတော်၊ မိတ်ဆွေတွေလုပ်ကြရအောင်!"
"မင်း နေမကောင်းဘူးလား?"
နတ်ဆေးသမားတော်က မျက်မှောင်ကုတ်သည်။
"ရှင့်မှာ ဆေးရှိလား?"
နဉ်ရှုက သက်ပြင်းချသည်။
"ကျွန်မက ကာမဆေးသောက်မိသွားတဲ့လူတစ်ယောက်ကို လူးလှိမ့်တာကလွဲပြီး ကယ်တင်ဖို့တစ်ခြားနည်းလမ်းရှိလားဆိုတာ သိချင်ရုံပါ။"
နဉ်ရှုက နတ်ဆေးသမားတော်နောက်ကလိုက်ကာ သူ့အိမ်ကိုရောက်လာသည်။ သူ့အိမ်က ဝမ်ရူဟွားရဲ့အိမ်ထက်အများကြီးပိုကောင်းသည်။ အနည်းဆုံးတော့ သူ့အိမ်က ဝါးတွေနဲ့ဆောက်ထားပြီး အရမ်းသန့်ရှင်းသည်။ အိမ်ရှေ့တွင်တော့ သေသပ်ကြည့်ကောင်းလှသည့် ဆေးပင်စိုက်ခင်းရှိသည်။
အဲ့မှာ ဆေးပင်အမျိုးအစားအားလုံးကိုစိုက်ပျိုးထားသည်။
နဉ်ရှုကား စိတ်သက်သာရာရကာသက်ပြင်းချမိလေ၏။ နောက်ဆုံးတော့ နေထိုင်ဖို့နေရာကောင်းလေးရှိပြီပဲ။
နတ်ဆေးသမားတော်က သူ့အိမ်ထဲလျှောက်ဝင်သွားသည်။ နဉ်ရှုက လိုက်ဝင်ဖို့ပြင်ပေမယ့် သူက တံခါးကိုအလျင်အမြန်ပင်ပိတ်လိုက်တာကြောင့် နဉ်ရှုရဲ့နှာခေါင်းကိုတောင် ရိုက်မိတော့မလိုဖြစ်သွားသည်။
နဉ်ရှု အတော်လေးအေးလာပြီဖြစ်သည်။ ရေစိုနေတဲ့အဝတ်အစားတွေဝတ်ထားရတာ တော်တော်ကြီးသက်တောင့်သက်သာမရှိတာမို့ သူမက မြေကြီးပေါ်မှာ ပုံ့ကနဲထိုင်ချလိုက်ကာ တံခါးကိုထုပြီးအော်တော့သည်။
"အစ်ကိုကြီး၊ ရှင် ကျွန်မကို အဝတ်အစားဟောင်းလေး ဒါမှမဟုတ် တစ်ခြားတစ်ခုခုပေးလို့ရမလား? ကျွန်မ အဝတ်လဲချင်လို့။"
အိမ်ထဲက ဘာသံမှမကြားရချေ။ နတ်ဆေးသမားတော်က သူမကို လုံးဝလျစ်လျူရှုထားသည်မို့ သူမက တံခါးကို တဒုန်းဒုန်းထုတော့သည်။
"ဒီလိုမလုပ်ပါနဲ့ အစ်ကိုကြီးရဲ့။ လူတိုင်း လက်ကမ်းကူညီပေးရင် ပိုတောက်ပတဲ့မနက်ဖြန်ရှိလာမှာပါ။ ရှင် ကျွန်မကို တစ်ခုခုငှားပေးနိုင်မလား?"
"ထွက်သွား။"
နတ်ဆေးသမားတော်ရဲ့အသံက အင်မတန်အေးစက်လို့နေသည်။
"မင်းမသွားရင် ငါ မင်းကို အဆိပ်ခတ်ပြီးသတ်ပစ်မယ်။"
ဘယ်လိုတောင်ရက်စက်တာလဲ!?
နဉ်ရှုမှာ တူညီသည့်လက်ဖြင့်ပင် လူကယ်နိုင်သလို လူလည်းသတ်နိုင်သည့်သမားတော်တစ်ယောက်ကို ရန်မစရဲသည်မို့ တောထဲကထွက်သွားကာ လယ်သမားတစ်ချို့ဆီက လျှော်ထည်အဝတ်တစ်ချို့ဝယ်ကာ ဝါးအိမ်လေးဆီပြန်လာလိုက်သည်။
နတ်ဆေးသမားတော်က အိမ်ထဲကထွက်လာပြီဖြစ်ပြီး လက်ရှိတွင် ဆေးပင်တွေကိုစစ်ဆေးနေ၏။ နဉ်ရှုက သူ့ကိုနှုတ်ဆက်ဖို့ အလောတကြီးလျှောက်သွားကာ မေးသည်။
"နတ်ဆေးသမားတော်၊ ရှင် စားပြီးပြီလား?"
နတ်ဆေးသမားတော်က သူမကို အင်မတန်အေးစက်စွာကြည့်၏။
"မင်းက ဘာကိစ္စပြန်လာတာလဲ?"
နဉ်ရှုက စိတ်အားထက်သန်စွာဆိုသည်။
"ကျွန်မ ရှင့်ဆီက ဆေးပညာသင်ချင်တယ်။"
နတ်ဆေးသမားတော်က သူမပြောတာကိုကြားပုံမပေါ်သည်မို့ သူမက ခပ်ကျယ်ကျယ်ထပ်ပြော၏။
"ကျွန်မ ရှင့်ဆီက ဆေးပညာသင်ချင်တယ်!"
နတ်ဆေးသမားတော်က မျက်ခုံးတို့ကိုတွန့်ချိုးလာ၏။
"မင်းခေါင်းက တစ်ခုခုများဖြစ်နေတာလား? မင်း ဘယ်ရွာကလာတာလဲ? ငါ အရင်ကပြောခဲ့ပြီးသား၊ ငါ့ခွင့်ပြုချက်မရှိရင် ဘယ်သူမှဒီနေရာနားလာခွင့်မရှိဘူး။ မင်း အဆိပ်ခတ်ပြီးအသတ်ခံရချင်လို့လား?"
နဉ်ရှု : ...
ဒီအဆိပ်နဲ့ခြိမ်းခြောက်တာတွေအားလုံးက ဘာတွေလဲ?
...
Zawgyi
မင္းကိုအဆိပ္ခတ္သတ္မယ္
____________
"ငါက နတ္ေဆးသမားေတာ္ဆိုတာ မင္း ဘယ္လိုလုပ္သိတာလဲ?"
နတ္ေဆးသမားေတာ္က လွၫ့္ၾကၫ့္လာကာ သူမကို ေအးစက္စြာေမးခြန္းထုတ္သည္။
"မင္းကို ဘယ္သူလႊတ္လိုက္တာလဲ?"
နဉ္ရႈက ႀကိဳ႔ထိုးလိုက္ၿပီးမွဆို၏။
"ရွင့္ကိုယ္ေပၚက ေဆးပင္နံ႔ေတြရတယ္ေလ၊ ဒါေၾကာင့္မို႔ ယဉ္ေက်းေအာင္လို႔ နတ္ေဆးသမားေတာ္လို႔ေခၚလိုက္တာ။ ၿပီးေတာ့ လူတစ္ေယာက္က အဆင့္သံုးရိွတဲ့ သိုင္းေလာကဓားပညာရွင္တစ္ေယာက္ကိုေတြ့ရင္ ယဉ္ေက်းေအာင္လို႔ ၫွာတာတတ္တဲ့သူရဲေကာင္းႀကီးလို႔ေခၚတာပဲမဟုတ္ဘူးလား? ဒါက ယဉ္ယဉ္ေက်းေက်းေခၚတဲ့နည္းလမ္းတစ္ခုေလ၊ ဒါပါပဲ။"
နတ္ေဆးသမားေတာ္က လြန္စြာၾကၫ့္ေကာင္းလွေသာ္လည္း ေအးစက္လြန္းေနကာ လႈပ္ရွားေနတဲ့ေရခဲစိုင္ႀကီးႏွင့္ပင္တူေနေတာ့၏။
နတ္ေဆးသမားေတာ္က သူမကို သည္အတိုင္းသာၾကၫ့္လိုက္ၿပီးေနာက္ ျမန္ျမန္လမ္းေလ်ွာက္ကာ သူမကို ပစ္ထားခဲ့ဖို႔ႀကိဳးစားေလသည္။
နဉ္ရႈက ဝတ္ရံုစကိုမကာ သူ႔ေနာက္ကိုေျပးလိုက္သြားသည္။ သူမက အသက္ျပင္းျပင္းရႉေနရတာေတာင္မွ ေအာ္လိုက္ေသး၏။
"နတ္ေဆးသမားေတာ္၊ မိတ္ေဆြေတြလုပ္ၾကရေအာင္!"
"မင္း ေနမေကာင္းဘူးလား?"
နတ္ေဆးသမားေတာ္က မ်က္ေမွာင္ကုတ္သည္။
"ရွင့္မွာ ေဆးရိွလား?"
နဉ္ရႈက သက္ျပင္းခ်သည္။
"ကြၽန္မက ကာမေဆးေသာက္မိသြားတဲ့လူတစ္ေယာက္ကို လူးလိွမ့္တာကလြဲၿပီး ကယ္တင္ဖို႔တစ္ျခားနည္းလမ္းရိွလားဆိုတာ သိခ်င္ရံုပါ။"
နဉ္ရႈက နတ္ေဆးသမားေတာ္ေနာက္ကလိုက္ကာ သူ႔အိမ္ကိုေရာက္လာသည္။ သူ႔အိမ္က ဝမ္ရူဟြားရဲ့အိမ္ထက္အမ်ားႀကီးပိုေကာင္းသည္။ အနည္းဆံုးေတာ့ သူ႔အိမ္က ဝါးေတြနဲ႔ေဆာက္ထားၿပီး အရမ္းသန႔္ရွင္းသည္။ အိမ္ေရ႔ွတြင္ေတာ့ ေသသပ္ၾကၫ့္ေကာင္းလွသၫ့္ ေဆးပင္စိုက္ခင္းရိွသည္။
အဲ့မွာ ေဆးပင္အမ်ိဳးအစားအားလံုးကိုစိုက္ပ်ိဳးထားသည္။
နဉ္ရႈကား စိတ္သက္သာရာရကာသက္ျပင္းခ်မိေလ၏။ ေနာက္ဆံုးေတာ့ ေနထိုင္ဖို႔ေနရာေကာင္းေလးရိွၿပီပဲ။
နတ္ေဆးသမားေတာ္က သူ႔အိမ္ထဲေလ်ွာက္ဝင္သြားသည္။ နဉ္ရႈက လိုက္ဝင္ဖို႔ျပင္ေပမယ့္ သူက တံခါးကိုအလ်င္အျမန္ပင္ပိတ္လိုက္တာေၾကာင့္ နဉ္ရႈရဲ့ႏွာေခါင္းကိုေတာင္ ရိုက္မိေတာ့မလိုျဖစ္သြားသည္။
နဉ္ရႈ အေတာ္ေလးေအးလာၿပီျဖစ္သည္။ ေရစိုေနတဲ့အဝတ္အစားေတြဝတ္ထားရတာ ေတာ္ေတာ္ႀကီးသက္ေတာင့္သက္သာမရိွတာမို႔ သူမက ေျမၾကီးေပၚမွာ ပံု႔ကနဲထိုင္ခ်လိုက္ကာ တံခါးကိုထုၿပီးေအာ္ေတာ့သည္။
"အစ္ကိုႀကီး၊ ရွင္ ကြၽန္မကို အဝတ္အစားေဟာင္းေလး ဒါမွမဟုတ္ တစ္ျခားတစ္ခုခုေပးလို႔ရမလား? ကြၽန္မ အဝတ္လဲခ်င္လို႔။"
အိမ္ထဲက ဘာသံမွမၾကားရေခ်။ နတ္ေဆးသမားေတာ္က သူမကို လံုးဝလ်စ္လ်ူရႈထားသည္မို႔ သူမက တံခါးကို တဒုန္းဒုန္းထုေတာ့သည္။
"ဒီလိုမလုပ္ပါနဲ႔ အစ္ကိုႀကီးရဲ့။ လူတိုင္း လက္ကမ္းကူညီေပးရင္ ပိုေတာက္ပတဲ့မနက္ျဖန္ရိွလာမွာပါ။ ရွင္ ကြၽန္မကို တစ္ခုခုငွားေပးႏိုင္မလား?"
"ထြက္သြား။"
နတ္ေဆးသမားေတာ္ရဲ့အသံက အင္မတန္ေအးစက္လို႔ေနသည္။
"မင္းမသြားရင္ ငါ မင္းကို အဆိပ္ခတ္ၿပီးသတ္ပစ္မယ္။"
ဘယ္လိုေတာင္ရက္စက္တာလဲ!?
နဉ္ရႈမွာ တူညီသၫ့္လက္ျဖင့္ပင္ လူကယ္ႏိုင္သလို လူလည္းသတ္ႏိုင္သၫ့္သမားေတာ္တစ္ေယာက္ကို ရန္မစရဲသည္မို႔ ေတာထဲကထြက္သြားကာ လယ္သမားတစ္ခ်ိဳ႕ဆီက ေလ်ွာ္ထည္အဝတ္တစ္ခ်ိဳ႕ဝယ္ကာ ဝါးအိမ္ေလးဆီျပန္လာလိုက္သည္။
နတ္ေဆးသမားေတာ္က အိမ္ထဲကထြက္လာၿပီျဖစ္ၿပီး လက္ရိွတြင္ ေဆးပင္ေတြကိုစစ္ေဆးေန၏။ နဉ္ရႈက သူ႔ကိုႏႈတ္ဆက္ဖို႔ အေလာတႀကီးေလ်ွာက္သြားကာ ေမးသည္။
"နတ္ေဆးသမားေတာ္၊ ရွင္ စားၿပီးၿပီလား?"
နတ္ေဆးသမားေတာ္က သူမကို အင္မတန္ေအးစက္စြာၾကၫ့္၏။
"မင္းက ဘာကိစၥျပန္လာတာလဲ?"
နဉ္ရႈက စိတ္အားထက္သန္စြာဆိုသည္။
"ကြၽန္မ ရွင့္ဆီက ေဆးပညာသင္ခ်င္တယ္။"
နတ္ေဆးသမားေတာ္က သူမေျပာတာကိုၾကားပံုမေပၚသည္မို႔ သူမက ခပ္က်ယ္က်ယ္ထပ္ေျပာ၏။
"ကြၽန္မ ရွင့္ဆီက ေဆးပညာသင္ခ်င္တယ္!"
နတ္ေဆးသမားေတာ္က မ်က္ခံုးတို႔ကိုတြန႔္ခ်ိဳးလာ၏။
"မင္းေခါင္းက တစ္ခုခုမ်ားျဖစ္ေနတာလား? မင္း ဘယ္ရြာကလာတာလဲ? ငါ အရင္ကေျပာခဲ့ၿပီးသား၊ ငါ့ခြင့္ျပဳခ်က္မရိွရင္ ဘယ္သူမွဒီေနရာနားလာခြင့္မရိွဘူး။ မင္း အဆိပ္ခတ္ၿပီးအသတ္ခံရခ်င္လို႔လား?"
နဉ္ရႈ : ...
ဒီအဆိပ္နဲ႔ၿခိမ္းေျခာက္တာေတြအားလံုးက ဘာေတြလဲ?
...
Advertisement
- In Serial80 Chapters
Life of Numbers
Everything in life can be measured, and everything in life is measured. Each person who has ever lived has five Numbers on their arm, defining the five primary attributes of that person. Throughout someone's life, these will increase with time and effort, and all of society revolves around these Numbers. What happens when this natural system of Numbers, the basis of all of society for all of history...changes? My first fiction, so I appreciate all reviews and feedback!
8 166 - In Serial102 Chapters
Arcadia's Ignoble Knight
Arcadia's Knight Academy is the premier school for young men hoping to become a Sorceress's Knight. Only nobles, people with power and prestige, are allowed within these hallowed grounds-which explains why Caspian Ignis del Sol is hated by everyone. He's not a noble, or of even slightly noble lineage. He's a peasant. Caspian must bravely face politics, sorceresses, assassins, and numerous other dangers if he wants to become a Sorceress's Knight. Whether or not he succeeds, and even if he does succeed, what happens to him will forever change the course of destiny for those living in this world of swords and sorcery. Note: This manuscript is unedited. If you would like the fully-edited, fully-illustrated version, volumes 1 and 2 are available in the links below. The Sorceress of Ashtown Part 1AmazonBarnes and NobleBooks-a-MillionKoboItunes The Sorceress of Ashtown Part 2AmazonBarnes and NobleBooks-a-MillionKoboItunes
8 291 - In Serial25 Chapters
Marvel's Cloak: Shroud of Darkness
Tyrone Johnson had everything: a bright future, a wonderful girlfriend, and supportive parents. At least, that was until the day his mutant brother, Billy, was unjustly murdered by the Police. Tyrone's life was sent into a spiral of running from the law, fighting for a new home, and forced experimentation. Until one day an experiment to awaken his latent mutant powers went extremely wrong causing an outburst that sends him across Universes into Earth 616 aka Marvel Cinematic Universe. Also available on Webnovel and Scribblehub: Read Marvel'S Cloak: Shroud Of Darkness - The_young_flash - Webnovel Marvel’s Cloak: Shroud of Darkness | Scribble Hub
8 181 - In Serial77 Chapters
Swish
{Free story 1 paid bonus chapter} Virginia hates her school's basketball superstar, but Eli Shepherd is hoping to change that, one basket at a time. ***Virginia takes a job at her college's basketball gym where worlds collide and attraction runs wild between her and the school's captain of the basketball team- NBA Draft hopeful Eli Shepherd. Trying to keep her father's celebrity status as a retired basketball legend is a hard secret to keep, especially when her dad invites Eli over to train him- at her house.While deadly secrets threaten to tear apart the only family she has left, Virginia must search for answers while guarding her heart against the greatest threat it has ever faced- Eli Shepherd. 🚨COMPLETED🚨*This story is FREE but there is one Paid bonus chapter!WARNING: Mature scenes and themes. Read at your own risk.
8 100 - In Serial32 Chapters
-Perfectly Imperfect-
Just Read 🥴
8 223 - In Serial16 Chapters
Jackson and Max's wedgie fanfic (Fuller house)
Small stories about mostly Jackson and other guys from the fuller house cast.
8 177

