《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 103
Advertisement
Unicode
ဒါက ကောင်းကင်ဘုံရဲ့အလိုတော်ဖြစ်မယ်!
______________
နဉ်ရှုက အလောတကြီးထရပ်လိုက်ပြီး သူမရဲ့ဝတ်ရုံကိုညှစ်ကာ ရေတွေထုတ်ပြီးနောက် ဝတ်ရုံကိုမကာ ထိုလူ့နောက်လိုက်သွားတော့သည်။
သူမမှာ အမျိုးသမီးဇာတ်လိုက်ရဲ့ကံကြမ္မာမရှိပေမယ့် မင်းသမီးရောဂါရတော့မလိုဖြစ်သွားတယ်။ အဆုံးသတ်တော့လည်း သူမကိုယ်သူမပဲ အားကိုးနေရဦးမယ်ဆိုတာပေါ်လာတာပါပဲ။
သူမ ထိုအမျိုးသားအနီးရောက်လာချိန်မှာပဲ သူ့အနားက ဆေးနံ့တွေကို ရလိုက်သည်။ သူ့ဆံပင်တွေကို အနုစိတ်ထွင်းထားတဲ့သစ်သားဆံထိုးတစ်ချောင်းနဲ့ ထိုးထားကာ သူ့တစ်ကိုယ်လုံးကနေ အေးစက်တဲ့အော်ရာတွေထုတ်လွှတ်နေသည်။
ဒီအေးစက်ခက်ထန်မှုက သူ့ကိုယ်တွင်းကနေထွက်ပေါ်နေကာ လူတွေကို အလိုလိုခပ်ခွာခွာနေမိအောင်ပြုလုပ်နေသည်။
ဤလူကား မုယန်မုန့်ရဲ့မောင်းထီးဆောင်အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် နတ်ဆေးသမားတော်ပင်တည်း။
မူလဇာတ်ကြောင်းတွင်တော့ မုယန်မုန့်က ရွာသားတစ်ယောက်ရဲ့ကယ်တင်ခြင်းကိုခံလိုက်ရကာ နတ်ဆေးသမားတော်ရဲ့အိမ်ဆီခေါ်သွားခြင်းခံရသည်။ အများအားဖြင့် နတ်ဆေးသမားတော်က ထိုကဲ့သို့သောကိစ္စများကို ဂရုမစိုက်သော်လည်း ထိုအချိန်၌ မုယန်မုန့်မှာ တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ပြည့်နေပြီး ဆိုးရွားလွန်းလှတဲ့အခြေအနေမှာရှိနေ၏။
သူက မုယန်မုန့်ကိုကယ်တင်ရန်ဆုံးဖြတ်လိုက်သည်မို့ သမားတော်က သူ့ကိုယ်သူစိန်ခေါ်ရန်ကြိုးစားပုံရသည်။ ထို့နောက်တွင်တော့ သူက လိမ်ညာလှည့်စားထားသလိုစွမ်းရည်တွေနဲ့ မုယန်မုန့်ကို ကယ်တင်လိုက်ရုံမကဘဲ သူမရဲ့ခန္ဓာကိုယ်နဲ့မျက်နှာပေါ်က အမာရွတ်ဟောင်းတွေကိုပါ ကုသပေးလိုက်သေး၏။
ဒါက စက်နဲ့အပေါ်ယံအရေပြားလွှာကိုဖယ်ရှားကုသတဲ့နည်းလမ်းထက်တောင် ပိုအံ့ဩဖို့ကောင်းသေးသည်။
သို့သော်လည်း နဉ်ရှုကတော့ ဇာတ်လမ်းအသွားအလာကို နားလည်နိုင်ပေသည်။ မုယန်မုန့်က အမြဲရုပ်ပျက်ဆင်းပျက်နဲ့နေသွားရဖို့ လုံးဝမဖြစ်နိုင်ဘူးလေ။ သူမရဲ့အရေပြားလှလှလေးမရှိဘဲနဲ့ သူမကိုမျှဝေသုံးစွဲဖို့အတွက် သူတို့ရဲ့ဘဝတွေကိုတောင်စွန့်လွှတ်နိုင်တဲ့ဒီလောက်ယောက်ျားတွေအများကြီးကို ဘယ်လိုလုပ်ဆွဲဆောင်နိုင်မှာလဲ?
နတ်ဆေးသမားတော်က မုယန်မုန့်ရဲ့မောင်းထီးဆောင်ထဲမှာ အတည်ငြိမ်ဆုံးနဲ့စည်းအစောင့်ဆုံးအမျိုးသားဖြစ်သည်။ သူက အအေးစက်ဆုံးလည်းဖြစ်၏။ သူတို့နှစ်ယောက်ကြား အရာရာဖြစ်သွားခဲ့တဲ့တစ်ခေါက်တည်းသောအကြိမ်က သူ ဆေးဖော်နေရင်း တစ်ခုခုလွဲမှားသွားပြီး အဲ့ဆေးက ကာမအားတိုးဆေးဖြစ်သွားတဲ့အချိန်သာ။ အဲ့ဆေးရဲ့စွမ်းအားကလည်း ပုံမှန်အဆင့်မဟုတ်ပါချေ။
နတ်ဆေးသမားတော်က ဘယ်လိုလုပ် ကာမအားတိုးဆေးကို မတော်တဆဖော်မိသွားတာလဲဆိုတာကိုတော့ မမေးကြပါနှင့်၊ အားလုံးက ဇာတ်ကြောင်းရဲ့ကျေးဇူးတော်ကြောင့်ဆိုတာ ရှင်းနေသည်ပဲ။
ဆေးရဲ့လွှမ်းမိုးမှုအောက်မှာ နတ်ဆေးသမားတော်က မုယန်မုန့်ကို အဓမ္မကျင့်မိသွားသည်။
နဉ်ရှု သူ့ကျောကိုကြည့်လိုက်မိသည်။ သူ့မှာလက်ပါတယ်မဟုတ်ဘူးလား? သူ့ကိုယ်သူ မပွတ်သပ်နိုင်ဘူးလား?
နတ်ဆေးသမားတော်က သူ့စရိုက်အတိုင်းပင်လုပ်ဆောင်သည်။ ထိုကိစ္စဖြစ်ပွားပြီးနောက် သူက မုယန်မုန့်ကို ဆေးလုံးတစ်လုံးပေးကာ သူမ ဆေးကိုအဲ့နေရာမှာလိမ်းလိုက်လျှင် သူမ အပျိုစင်ပြန်ဖြစ်လာနိုင်သည်ဟုဆိုသည်။
ထုတ်မပြောတဲ့စကားအဓိပ္ပာယ်ကတော့ သူ တာဝန်ယူမှာမဟုတ်ဟုပင်။ မုယန်မုန့်က ဘာမှမပြောဘဲ ဆေးလုံးကိုယူလိုက်သည်။
ထို့နောက်တွင်တော့ နတ်ဆေးသမားတော်က မုယန်မုန့်ကို ဘယ်တော့မှထပ်မထိတော့ချေ။ တစ်ခြားယောက်ျားတွေနဲ့မတူဘဲ နတ်ဆေးသမားတော်က မုယန်မုန့်ရဲ့ကိုယ်ကို စွဲလန်းမလာပေ။
နောက်ပိုင်းမှာ သူက မုယန်မုန့်ကို တစ်ခြားယောက်ျားတွေနဲ့ ဝေမျှခဲ့တယ်ဆိုပေမယ့် တစ်ခြားသူတွေက မုယန်မုန့်ကိုအသုံးပြုခွင့်ရဖို့တိုက်ခိုက်နေကြချိန်မှာ နတ်ဆေးသမားတော်ကတော့ ဝင်မပါဘဲ သူ့ကိစ္စကိုသာတိတ်တဆိတ်အာရုံစိုက်နေတတ်သည်။ သို့သော်လည်း မုယန်မုန့်က နတ်ဆေးသမားတော်ကို သဘောကျသည်။
နတ်ဆေးသမားတော်က ဘာကြောင့်မောင်းထီးဆောင်အဆင့်တွေထဲ ဝင်ပါလာရလဲဆိုတာ နဉ်ရှုနားမလည်နိုင်ပေ။ သူက သူမရဲ့ချစ်ခင်မှုအတွက် ဒါမှမဟုတ် သူမရဲ့ခန္ဓာကိုယ်အတွက် မတိုက်ခိုက်မှတော့ မုယန်မုန့်ကို မလိုက်ခဲ့မှာသေချာသလောက်ရှိသည်။
နတ်ဆေးသမားတော်က လှည့်လာကာ နဉ်ရှုကို အရေးမစိုက်သလိုကြည့်သည်။
"မင်း ဘာလို့ ငါ့နောက်လိုက်နေတာလဲ?"
သူ့အသံက အင်မတန်အေးစက်နေကာ လူတွေရဲ့နှလုံးသားကို အလိုလိုတင်းကြပ်သွားစေနိုင်သည်။ နဉ်ရှုက ကြောင်ချေးလောက်မျက်ရည်လေးနှစ်စက်ညှစ်ထုတ်ကာ အထစ်ထစ်အငေါ့ငေါ့ဆိုသည်။
"ဒီနိမ့်ကျတဲ့မိန်းမမှာ မှီခိုအားထားစရာတစ်ယောက်မှမရှိတော့ပါဘူး။ စိတ်ပျက်စရာဘဝကြီးကိုကြုံခဲ့ရပြီးတော့ ဒီနိမ့်ကျတဲ့မိန်းမက စိတ်ဆုံးဖြတ်ချက်ချပြီး မြစ်ထဲခုန်ချခဲ့ပါတယ်။ ကျွန်မ အသက်ရှင်ရင် ဒါက ကောင်းကင်ဘုံရဲ့အလိုတော်ဖြစ်ပြီး သေခဲ့ရင် ကျွန်မရဲ့ကံပါပဲ။"
"ဒါပေမယ့် ကျွန်မ အသက်ရှင်ခဲ့တယ်။ ကောင်းကင်ဘုံက ကျွန်မကို ရှင်သန်စေချင်တာမို့ ကျွန်မ သန်မာနေပြီး ဆက်အသက်ရှင်သွားရပါမယ်!"
နဉ်ရှုက ထိုစကားကို ခိုင်မာစွာဆိုလိုက်သည့်အလား လက်သီးဆုပ်သည်။
နတ်ဆေးသမားတော်က သူမကို အရူးတစ်ယောက်လိုကြည့်ကာ လျစ်လျူရှုလိုက်လေ၏။
နဉ်ရှုက ဆက်ပြောသည်။
"ဒီကသူရဲကောင်း၊ ကျွန်မတို့ဆုံတွေ့ခဲ့တာကလည်း ကံကြမ္မာပဲလို့ပြောလို့ရပါတယ်။ ရှင်က ကျွန်မနိုးလာတဲ့အချိန်မှာ တွေ့လိုက်ရတဲ့ပထမဆုံးလူပါ။ ကျွန်မတို့မှာ ဒီလိုဆက်နွယ်နေတဲ့ကံတရားတွေရှိမှတော့ မိတ်ဆွေလုပ်ကြရအောင်လေ။"
နတ်ဆေးသမားတော်ကား နဉ်ရှုကို ဆက်လက်လျစ်လျူရှုထားလေ၏။
နဉ်ရှုက အတင်းတိုက်တွန်းသည်။
"နတ်ဆေးသမားတော်၊ ကျွန်မကို ရှင့်တပည့်ဖြစ်လာခွင့်ပြုပါ! ကျွန်မ ကာမအားတိုးဆေးမိသွားတဲ့လူတစ်ယောက်ကို ဘယ်လိုကုသပေးရမလဲသိချင်ပါတယ်!"
...
Zawgyi
ဒါက ေကာင္းကင္ဘံုရဲ့အလိုေတာ္ျဖစ္မယ္!
________________
နဉ္ရႈက အေလာတႀကီးထရပ္လိုက္ၿပီး သူမရဲ့ဝတ္ရံုကိုၫွစ္ကာ ေရေတြထုတ္ၿပီးေနာက္ ဝတ္ရံုကိုမကာ ထိုလူ႔ေနာက္လိုက္သြားေတာ့သည္။
သူမမွာ အမ်ိဳးသမီးဇာတ္လိုက္ရဲ့ကံၾကမၼာမရိွေပမယ့္ မင္းသမီးေရာဂါရေတာ့မလိုျဖစ္သြားတယ္။ အဆံုးသတ္ေတာ့လည္း သူမကိုယ္သူမပဲ အားကိုးေနရဦးမယ္ဆိုတာေပၚလာတာပါပဲ။
သူမ ထိုအမ်ိဳးသားအနီးေရာက္လာခ်ိန္မွာပဲ သူ႔အနားက ေဆးနံ႔ေတြကို ရလိုက္သည္။ သူ႔ဆံပင္ေတြကို အႏုစိတ္ထြင္းထားတဲ့သစ္သားဆံထိုးတစ္ေခ်ာင္းနဲ႔ ထိုးထားကာ သူ႔တစ္ကိုယ္လံုးကေန ေအးစက္တဲ့ေအာ္ရာေတြထုတ္လႊတ္ေနသည္။
ဒီေအးစက္ခက္ထန္မႈက သူ႔ကိုယ္တြင္းကေနထြက္ေပၚေနကာ လူေတြကို အလိုလိုခပ္ခြာခြာေနမိေအာင္ျပဳလုပ္ေနသည္။
ဤလူကား မုယန္မုန႔္ရဲ့ေမာင္းထီးေဆာင္အဖြဲ႔ဝင္တစ္ေယာက္ျဖစ္သၫ့္ နတ္ေဆးသမားေတာ္ပင္တည္း။
မူလဇာတ္ေၾကာင္းတြင္ေတာ့ မုယန္မုန႔္က ရြာသားတစ္ေယာက္ရဲ့ကယ္တင္ျခင္းကိုခံလိုက္ရကာ နတ္ေဆးသမားေတာ္ရဲ့အိမ္ဆီေခၚသြားျခင္းခံရသည္။ အမ်ားအားျဖင့္ နတ္ေဆးသမားေတာ္က ထိုကဲ့သို႔ေသာကိစၥမ်ားကို ဂရုမစိုက္ေသာ္လည္း ထိုအခ်ိန္၌ မုယန္မုန႔္မွာ တစ္ကိုယ္လံုးဒဏ္ရာေတြနဲ႔ျပၫ့္ေနၿပီး ဆိုးရြားလြန္းလွတဲ့အေျခအေနမွာရိွေန၏။
သူက မုယန္မုန႔္ကိုကယ္တင္ရန္ဆံုးျဖတ္လိုက္သည္မို႔ သမားေတာ္က သူ႔ကိုယ္သူစိန္ေခၚရန္ႀကိဳးစားပံုရသည္။ ထို႔ေနာက္တြင္ေတာ့ သူက လိမ္ညာလွၫ့္စားထားသလိုစြမ္းရည္ေတြနဲ႔ မုယန္မုန႔္ကို ကယ္တင္လိုက္ရံုမကဘဲ သူမရဲ့ခႏၶာကိုယ္နဲ႔မ်က္ႏွာေပၚက အမာရြတ္ေဟာင္းေတြကိုပါ ကုသေပးလိုက္ေသး၏။
ဒါက စက္နဲ႔အေပၚယံအေရျပားလႊာကိုဖယ္ရွားကုသတဲ့နည္းလမ္းထက္ေတာင္ ပိုအံ့ဩဖို႔ေကာင္းေသးသည္။
သို႔ေသာ္လည္း နဉ္ရႈကေတာ့ ဇာတ္လမ္းအသြားအလာကို နားလည္ႏိုင္ေပသည္။ မုယန္မုန႔္က အၿမဲရုပ္ပ်က္ဆင္းပ်က္နဲ႔ေနသြားရဖို႔ လံုးဝမျဖစ္ႏိုင္ဘူးေလ။ သူမရဲ့အေရျပားလွလွေလးမရိွဘဲနဲ႔ သူမကိုမ်ွေဝသံုးစြဲဖို႔အတြက္ သူတို႔ရဲ့ဘဝေတြကိုေတာင္စြန႔္လႊတ္ႏိုင္တဲ့ဒီေလာက္ေယာက္်ားေတြအမ်ားႀကီးကို ဘယ္လိုလုပ္ဆြဲေဆာင္ႏိုင္မွာလဲ?
နတ္ေဆးသမားေတာ္က မုယန္မုန႔္ရဲ့ေမာင္းထီးေဆာင္ထဲမွာ အတည္ၿငိမ္ဆံုးနဲ႔စည္းအေစာင့္ဆံုးအမ်ိဳးသားျဖစ္သည္။ သူက အေအးစက္ဆံုးလည္းျဖစ္၏။ သူတို႔ႏွစ္ေယာက္ၾကား အရာရာျဖစ္သြားခဲ့တဲ့တစ္ေခါက္တည္းေသာအႀကိမ္က သူ ေဆးေဖာ္ေနရင္း တစ္ခုခုလြဲမွားသြားၿပီး အဲ့ေဆးက ကာမအားတိုးေဆးျဖစ္သြားတဲ့အခ်ိန္သာ။ အဲ့ေဆးရဲ့စြမ္းအားကလည္း ပံုမွန္အဆင့္မဟုတ္ပါေခ်။
နတ္ေဆးသမားေတာ္က ဘယ္လိုလုပ္ ကာမအားတိုးေဆးကို မေတာ္တဆေဖာ္မိသြားတာလဲဆိုတာကိုေတာ့ မေမးၾကပါႏွင့္၊ အားလံုးက ဇာတ္ေၾကာင္းရဲ့ေက်းဇူးေတာ္ေၾကာင့္ဆိုတာ ရွင္းေနသည္ပဲ။
ေဆးရဲ့လႊမ္းမိုးမႈေအာက္မွာ နတ္ေဆးသမားေတာ္က မုယန္မုန႔္ကို အဓမၼက်င့္မိသြားသည္။
နဉ္ရႈ သူ႔ေက်ာကိုၾကၫ့္လိုက္မိသည္။ သူ႔မွာလက္ပါတယ္မဟုတ္ဘူးလား? သူ႔ကိုယ္သူ မပြတ္သပ္ႏိုင္ဘူးလား?
နတ္ေဆးသမားေတာ္က သူ႔စရိုက္အတိုင္းပင္လုပ္ေဆာင္သည္။ ထိုကိစၥျဖစ္ပြားၿပီးေနာက္ သူက မုယန္မုန႔္ကို ေဆးလံုးတစ္လံုးေပးကာ သူမ ေဆးကိုအဲ့ေနရာမွာလိမ္းလိုက္လ်ွင္ သူမ အပ်ိဳစင္ျပန္ျဖစ္လာႏိုင္သည္ဟုဆိုသည္။
ထုတ္မေျပာတဲ့စကားအဓိပၸာယ္ကေတာ့ သူ တာဝန္ယူမွာမဟုတ္ဟုပင္။ မုယန္မုန႔္က ဘာမွမေျပာဘဲ ေဆးလံုးကိုယူလိုက္သည္။
ထို႔ေနာက္တြင္ေတာ့ နတ္ေဆးသမားေတာ္က မုယန္မုန႔္ကို ဘယ္ေတာ့မွထပ္မထိေတာ့ေခ်။ တစ္ျခားေယာက္်ားေတြနဲ႔မတူဘဲ နတ္ေဆးသမားေတာ္က မုယန္မုန႔္ရဲ့ကိုယ္ကို စြဲလန္းမလာေပ။
ေနာက္ပိုင္းမွာ သူက မုယန္မုန႔္ကို တစ္ျခားေယာက္်ားေတြနဲ႔ ေဝမ်ွခဲ့တယ္ဆိုေပမယ့္ တစ္ျခားသူေတြက မုယန္မုန႔္ကိုအသံုးျပဳခြင့္ရဖို႔တိုက္ခိုက္ေနၾကခ်ိန္မွာ နတ္ေဆးသမားေတာ္ကေတာ့ ဝင္မပါဘဲ သူ႔ကိစၥကိုသာတိတ္တဆိတ္အာရံုစိုက္ေနတတ္သည္။ သို႔ေသာ္လည္း မုယန္မုန႔္က နတ္ေဆးသမားေတာ္ကို သေဘာက်သည္။
နတ္ေဆးသမားေတာ္က ဘာေၾကာင့္ေမာင္းထီးေဆာင္အဆင့္ေတြထဲ ဝင္ပါလာရလဲဆိုတာ နဉ္ရႈနားမလည္ႏိုင္ေပ။ သူက သူမရဲ့ခ်စ္ခင္မႈအတြက္ ဒါမွမဟုတ္ သူမရဲ့ခႏၶာကိုယ္အတြက္ မတိုက္ခိုက္မွေတာ့ မုယန္မုန႔္ကို မလိုက္ခဲ့မွာေသခ်ာသေလာက္ရိွသည္။
နတ္ေဆးသမားေတာ္က လွၫ့္လာကာ နဉ္ရႈကို အေရးမစိုက္သလိုၾကၫ့္သည္။
"မင္း ဘာလို႔ ငါ့ေနာက္လိုက္ေနတာလဲ?"
သူ႔အသံက အင္မတန္ေအးစက္ေနကာ လူေတြရဲ့ႏွလံုးသားကို အလိုလိုတင္းၾကပ္သြားေစႏိုင္သည္။ နဉ္ရႈက ေၾကာင္ေခ်းေလာက္မ်က္ရည္ေလးႏွစ္စက္ၫွစ္ထုတ္ကာ အထစ္ထစ္အေငါ့ေငါ့ဆိုသည္။
"ဒီနိမ့္က်တဲ့မိန္းမမွာ မွီခိုအားထားစရာတစ္ေယာက္မွမရိွေတာ့ပါဘူး။ စိတ္ပ်က္စရာဘဝႀကီးကိုႀကံဳခဲ့ရၿပီးေတာ့ ဒီနိမ့္က်တဲ့မိန္းမက စိတ္ဆံုးျဖတ္ခ်က္ခ်ၿပီး ျမစ္ထဲခုန္ခ်ခဲ့ပါတယ္။ ကြၽန္မ အသက္ရွင္ရင္ ဒါက ေကာင္းကင္ဘံုရဲ့အလိုေတာ္ျဖစ္ၿပီး ေသခဲ့ရင္ ကြၽန္မရဲ့ကံပါပဲ။"
"ဒါေပမယ့္ ကြၽန္မ အသက္ရွင္ခဲ့တယ္။ ေကာင္းကင္ဘံုက ကြၽန္မကို ရွင္သန္ေစခ်င္တာမို႔ ကြၽန္မ သန္မာေနၿပီး ဆက္အသက္ရွင္သြားရပါမယ္!"
နဉ္ရႈက ထိုစကားကို ခိုင္မာစြာဆိုလိုက္သၫ့္အလား လက္သီးဆုပ္သည္။
နတ္ေဆးသမားေတာ္က သူမကို အရူးတစ္ေယာက္လိုၾကၫ့္ကာ လ်စ္လ်ူရႈလိုက္ေလ၏။
နဉ္ရႈက ဆက္ေျပာသည္။
"ဒီကသူရဲေကာင္း၊ ကြၽန္မတို႔ဆံုေတြ့ခဲ့တာကလည္း ကံၾကမၼာပဲလို႔ေျပာလို႔ရပါတယ္။ ရွင္က ကြၽန္မႏိုးလာတဲ့အခ်ိန္မွာ ေတြ့လိုက္ရတဲ့ပထမဆံုးလူပါ။ ကြၽန္မတို႔မွာ ဒီလိုဆက္ႏြယ္ေနတဲ့ကံတရားေတြရိွမွေတာ့ မိတ္ေဆြလုပ္ၾကရေအာင္ေလ။"
နတ္ေဆးသမားေတာ္ကား နဉ္ရႈကို ဆက္လက္လ်စ္လ်ူရႈထားေလ၏။
နဉ္ရႈက အတင္းတိုက္တြန္းသည္။
"နတ္ေဆးသမားေတာ္၊ ကြၽန္မကို ရွင့္တပၫ့္ျဖစ္လာခြင့္ျပဳပါ! ကြၽန္မ ကာမအားတိုးေဆးမိသြားတဲ့လူတစ္ေယာက္ကို ဘယ္လိုကုသေပးရမလဲသိခ်င္ပါတယ္!"
...
Advertisement
- In Serial82 Chapters
Dungeon Core/Realm Heart
Dao Lord Brandr has cheated death many times over the millennia, enough to know that this time he should have died. There was just no surviving what had happened to him. Fortunately or unfortunately, he did. Well... that depends on what you call surviving really. His body is gone and so is pretty much all of his mighty cultivation base. To add to this, he has suffered severe damage to his soul and as if that wasn't bad enough he's lost, far away from any world he knows and maybe even his universe. Now, he's just learned from a being called a sprite that he's some sort of sentient mystic realm called a dungeon and that just for the crime of existing, there would be legions of enemies planning to pillage and destroy him. It's okay though. Apparently, he can make legions of his own. Seeing what he has to work with, Brandr decides that perhaps, all is not lost after all...
8 331 - In Serial38 Chapters
Convicted
Sentenced to the sea for a crime he didn't commit... Wrongly convicted of killing his lover, Li is sent off to serve his sentence in the privateer fleet of Mahlon, where he finds himself somewhere between a sailor and a pirate. He supposes it is a better way to die than wasting away in a prison cell for a crime he didn't commit. If it isn't the sea or sailing necromancers that threaten his life, perhaps it is his assigned partner, an unfriendly man named Ardlac who seems to want nothing to do with a stranger sharing his space. Li doesn't know that his unfriendly exterior masks a wounded soul suffering from a loss Li can understand far too well. But that is only one of the many secrets lurking around him and one of the many threats to uncover. CONVICTED is a low-stakes story about healing, recovery, and comfort. Originally posted on Tapas, I am now cross-posting this story on Royal Road, Wattpad, and Neovel.
8 236 - In Serial198 Chapters
I hate being wed in a fantasy world!
Katsuragi Kenta was a gamer. He did exactly what he needed to obtain the games he wanted and the time to play them; nothing more, nothing less. When his entire class is transported to a fantasy world, Kenta is suddenly an expert on their situation and the world around them. Naturally, he sets out on his own to escape his two faced classmates.Two months later he returns and discovers that Momokawa Kyou, formerly the most popular girl in class, was left behind by their classmates. The two strike up an uneasy alliance despite despising each other. What’s more, they may have to work together to survive a curse.Kenta will have his hands full surviving his new fantasy world. If the monsters don't get him, Kyou just might! Warning: Tagged 15+ for Sexual Innuendos, Strong Language and Violence.Cover artwork made by MioChin
8 425 - In Serial8 Chapters
Irrationality
Life is not a game. Nor is it something to enjoy. No. What it was is a challenge. A challenge to us, to see who can live longer. My first work, if you have suggestions as to writing style, please tell me in the comments. I also wont update that regularly. I am after all simply a normal person writing his first story, please be lenient.
8 194 - In Serial33 Chapters
Henry Rider: Clown Hunter
All that stands between mankind and absolute chaos is Henry Rider.We're doomed.Life isn’t easy for Henrietta “Henry” Rider. Born into the lowest class of klaon society, collecting enough laughter to keep her alive is a daily struggle. The only upside is that she has the coolest job ever. As the council’s Hunter, it’s her responsibility to kill maiams, wicked monsters that steal laughter by force. But no matter how hard she tries, the council shuns her, her mentor rebukes her, and the people she protects mock her. Then she meets Ethan, a young man who has lost his ability to laugh. His pent up laughter could either feed the entire klaon population, or create the most powerful maiam to ever exist. Seeing this as her way to finally prove herself, Henry volunteers to protect Ethan until he learns to laugh again — even if that means never leaving his side. But a mysterious masked figure has his sights set on Ethan, and he doesn’t care who he has to kill to get to him. Full of blood pumping action, gut busting laughs, and a few good scares, Henry Rider: Clown Hunter is an adventure that readers of all ages will enjoy!
8 161 - In Serial23 Chapters
SUBLIME SURREALITIES
sublime surrealities - pleasantly unreal, beautifully strange.a collection of marvels and surreal astropoetry
8 126

