《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 102
Advertisement
Unicode
ဆက်ဆံမှုက ဘာလို့အရမ်းကွာခြားနေရတာလဲ?
_____________
ဤဓားပြပေါက်စလေးတွေကို ကောင်းကောင်းခြောက်လှန့်ပြီးနောက်တွင်တော့ ဝမ်ရူဟွားက နဉ်ရှုကိုလှည့်ကြည့်လာသည်။ သူက သူမဆီ သူ့လက်ကိုဆန့်တန်းပေးရင်း အေးစက်စွာဆိုသည်။
"ဝမ်းကွဲညီမ၊ ဒီကိုလာ။"
ငါက တုံးတဲ့ပုံပေါက်နေလို့လား? နဉ်ရှု ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူမနောက်မှာ မြစ်ကြီးသာရှိနေသည်မို့ သူမမှာ ဆုတ်စရာနေရာမရှိတော့ပေ။
ဝမ်ရူဟွားက သူ့သွားဖွေးဖွေးတွေပေါ်တဲ့အထိ ပြုံးပြလာသည်။ နူးညံ့စွာပြောလာသည့်သူ့အသံက စိတ်ညှို့နေသည့်အလား။
"ပိုင်ချင်ရှန်း၊ ဒီကိုလာ။ မင်းက မင်းကို ငါကိုယ်တိုင်အဲ့ကိုလာဖမ်းဖို့တောင်းဆိုနေတာလား?"
"မင်းရဲ့သက်တော်စောင့်ကိုစောင့်နေတာလား?"
ထို့နောက် ဝမ်ရူဟွားက အေးစက်စွာဆိုသည်။
"သူ အနားမကပ်ရသေးခင်မှာတင် ငါ မင်းကိုဖမ်းနိုင်တယ်။"
သူက ဓားကိုင်ကာလျှောက်လာသည်။ နဉ်ရှုက ချက်ချင်းပင်ပြောလိုက်သည်။
"မလာခဲ့နဲ့! ရှင် ခြေတစ်လှမ်းထပ်တိုးရင် ကျွန်မ ခုန်ချလိုက်မယ်! ကျွန်မ တကယ်ခုန်ချမှာ!"
"မင်းရဲ့ငွေကြေးနဲ့အာဏာကို အရမ်းမက်မောတဲ့ပုံစံအရ မင်း ကိုယ့်ကိုကိုယ်သတ်သေဖို့ မဖြစ်နိုင်ပါဘူး။"
ဝမ်ရူဟွားက တုန့်ဆိုင်းသွားခြင်းပင်မရှိပေ။ သူ ပိုင်ချင်ရှန်းကို ကောင်းကောင်းကြီးနားလည်သည်။
နဉ်ရှုရဲ့မျက်နှာက ကြောက်လန့်ခြင်းတို့ဖြင့်ပြည့်နေကာ သူမက ဝတ်ရုံစကိုမကာအော်သည်။
"ဝေးဝေးနေ! ကျွန်မ...ကျွန်မ တကယ်ခုန်ချမှာ။"
ဝမ်ရူဟွားက အရင်ကလိုမဟုတ်တော့ပေ။ သူက အထီးကျန်စာသင်သားတစ်ယောက်မဟုတ်တော့ဘဲ နောက်လိုက်တွေအများကြီးရှိနေပြီမို့ သူမ သူ့ကိုဘယ်လိုနည်းနဲ့မှမနိုင်နိုင်ပေ။
သူမ အရူးတစ်ယောက်လိုလုပ်နေမိပြီး သေတွင်းတူးနေမိသလို ခံစားလိုက်ရသည်။ လက်ရှိမှာ သူမက အမျိုးသမီးဇာတ်လိုက်အရေခြုံထားတာသာမဟုတ်လျှင် သူမရဲ့အုတ်ဂူက နှစ်ပေရှည်တဲ့မြက်တွေနဲ့ဖုံးနေလောက်ပေပြီ။
အိုင်း...
"ဝမ်ရူဟွား၊ ငါ တကယ်ခုန်ချမှာနော်! ယီးပဲ၊ ငါတကယ်ခုန်ချမှာ!"
နဉ်ရှုက ဝတ်ရုံစကိုခပ်တင်းတင်းဆုပ်ကိုင်ရင်းအော်သည်။
ဝမ်ရူဟွားကသရော်သည်။
နဉ်ရှု အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ ဝမ်ရူဟွားရဲ့လက်ထဲရောက်သွားလို့မဖြစ်ဘူးဆိုတာ သူမသိသည်။ သူ့လက်ထဲရောက်သွားရင် သူမ မူလဇာတ်ကြောင်းဆီပြန်ရောက်သွားပြီး ဝမ်ရူဟွားနှိပ်စက်တာခံရနိုင်သည်။ အခု သူ့မှာ သူ့အမိန့်ကိုနာခံနေတဲ့ဓားပြတွေ အများကြီးရှိသည်။ သူမကို သူအရမ်းရွံမုန်းနေပုံမျိုးနဲ့ဆို သူမ ဒီဓားပြတွေကို ပြည့်တန်ဆာတစ်ယောက်လို ဖျော်ဖြေပေးရလိမ့်မည်။
နဉ်ရှုရဲ့အတွေးတွေ အဲ့အကြောင်းရောက်သွားချိန်မှာတော့ သူမက ထပ်မံတုန့်ဆိုင်းမနေတော့ဘဲ မြစ်ထဲခုန်ချလိုက်လေ၏။ သို့သော်လည်း သူမ ရေထဲကနေပြန်ပေါ်လာချိန်မှာ ဝမ်ရူဟွားအော်ဟစ်နေတာကိုကြားလိုက်ရသည်။
"ပိုင်ချင်ရှန်း၊ မင်း သေသွားရင်တောင် ငါ မင်းကိုအလွတ်မပေးဘူး!"
"သခင်မလေး!?"
လျှို့ဝှက်သက်တော်စောင့်ပေါ်လာသည်။
နင်သာ စောစာက နည်းနည်းလောက်စောပြီးပေါ်လာလိုက်ရင် ငါ ခုန်ချရမှာမဟုတ်ဘူးဟဲ့!
ရေစီးကအရမ်းသန်တာမို့ နဉ်ရှုမှာ စက္ကန့်အနည်းငယ်အတွင်း၌ပင် ပျောက်ကွယ်သွားလေ၏။ လျှို့ဝှက်သက်တော်စောင့်က မြစ်ကြောင်းတစ်လျှောက်မှာချက်ချင်းလိုက်ရှာတော့သည်။ ထိုအချိန်တွင် ဝမ်ရူဟွားက ဓားပြတွေကိုအော်သည်။
"သူ့ကိုရှာ! သူ သေသွားရင်တောင် ငါ သူ့အလောင်းမြင်ချင်တယ်! ပိုင်ချင်ရှန်း၊ မိန်းမယုတ်!"
ရေလှိုင်းတွေရဲ့ရိုက်ခတ်မှုက နာကျင်လှကာ သူမက သူမကိုယ်ကို ရေထဲမှာပေါ်နေအောင် အတတ်နိုင်ဆုံးကြိုးစားနေ၏။ မုယန်မုန့်တစ်ယောက် ကိုယ်ဝန်ပျက်ကျပြီးပြီးချင်းမှာပဲ ဒဏ်ရာကြီးနဲ့မြစ်ထဲခုန်ချသွားတာကို သတိရမိတဲ့အခါသူမရဲ့ရွေးချယ်မှုက လုံးဝကြီးမဆိုးရွားသေးဘူးလို့ နဉ်ရှုတွေးလိုက်မိသည်။
အစတည်းက ဝမ်ရူဟွားမှာ ဆိုးရွားစုတ်ပဲ့လွန်းတဲ့စရိုက်နဲ့ ပျော့ညံ့လွန်းသည့်သူဖြစ်၏။ သူသာ ခေတ်သစ်မှာဆို အကြမ်းဖက်သမားတစ်ယောက်ဖြစ်လာပြီး လူနေမှုအဖွဲ့အစည်းရဲ့တည်ငြိမ်နေမှုကို ခြိမ်းခြောက်လာနိုင်သည်။ အခု သူက ဓားပြတစ်ယောက်ဖြစ်လာပြီမို့ သူက သူသွားတဲ့နေရာတိုင်းမှာ တရားမျှတမှုနာမည်ခံပြီး ဆူပူပျက်စီးမှုတွေဖြစ်စေတော့မှာပင်။
ဒါက တကယ်ရွံဖို့ကောင်းတယ်။
ခဏမျှခွေးကူးကူးနေပြီးနောက်တွင် သူမလုံးဝပင်ပန်းလာသည်။ သန်မာလှတဲ့ရေစီးကြောင်းတစ်ခုက သူမကိုတိုးတိုက်သွားသည်။ နာကျင်ရလွန်းပြီး သူမကိုယ်လေးစုတ်ဖြဲခံနေရသလိုခံစားလိုက်ရတာကြောင့် သူမ သတိလစ်သွားတော့သည်။
သူမနိုးလာချိန်မှာ ကုန်းပေါ်ရောက်နေပြီဖြစ်သော်လည်း သူမရဲ့ကိုယ်တစ်ဝက်က ရေထဲမှာနစ်နေတုန်းရှိသေးသည်။ ကံကောင်းလို့၊ သူမ အသက်ရှင်တယ်။ ဒါပေမယ့် အခု သူမက နတ်ဆေးသမားတော်ရဲ့အိမ်မှာရောက်နေရမှာမဟုတ်ဘူးလား?
သူမက ဘာလို့ ဒီမှာစွန့်ပစ်ခံထားရတာလဲ?
သူမတို့နှစ်ယောက်လုံးက အမျိုးသမီးဇာတ်လိုက်တွေပါနော်၊ ဘာလို့ ဆက်ဆံပုံက အရမ်းကွဲပြားနေရတာလဲ?
နဉ်ရှု လှုပ်ရှားဖို့ကြိုးစားလိုက်ပြီး အနည်းငယ်နာကျင်နေမှုကိုခံစားလိုက်ရသည်။ သူမရဲ့လက်မောင်းထက်မှာ ဟက်တက်ကွဲနေသည့်ဒဏ်ရာတစ်ခုရှိကာ ရေအောက်ကကျောက်တန်းတွေကြောင့် ရရှိခဲ့ခြင်းဖြစ်နိုင်လေသည်။
သူမ လှည့်ပတ်ကြည့်လိုက်ပြီး အနီးနားမှာ တစ်စုံတစ်ယောက်ရှိနေတာတွေ့လိုက်ရသည်။ သူက မြစ်ဘေးမှာ အဖြူရောင်ဝတ်စုံနဲ့ထိုင်နေတာဖြစ်ပြီး ငါးမျှားနေပုံပေါ်သည်။
နဉ်ရှုက ချက်ချင်းပင်အော်လိုက်သည်။
"သူရဲကောင်းကြီး၊ ကျေးဇူးပြုပြီး ကျွန်မကိုကယ်ပါ!"
အမျိုးသားက လှည့်လာကာ နဉ်ရှုကိုကြည့်လိုက်ပြီးနောက် သူ့ရဲ့ငါးမျှားတံနဲ့ဝါးခြင်းလေးကိုကောက်ကာ ဝေးဝေးကိုလျှောက်သွားတော့သည်။
ချီး၊ ဒီလောက်အကြင်နာတရားမရှိတဲ့လူကို သူမ တစ်ခါမှမတွေ့ဖူးဘူး။
...
Zawgyi
ဆက္ဆံမႈက ဘာလို႔အရမ္းကြာျခားေနရတာလဲ?
_____________
ဤဓားျပေပါက္စေလးေတြကို ေကာင္းေကာင္းေျခာက္လွန႔္ၿပီးေနာက္တြင္ေတာ့ ဝမ္ရူဟြားက နဉ္ရႈကိုလွၫ့္ၾကၫ့္လာသည္။ သူက သူမဆီ သူ႔လက္ကိုဆန႔္တန္းေပးရင္း ေအးစက္စြာဆိုသည္။
"ဝမ္းကြဲညီမ၊ ဒီကိုလာ။"
ငါက တံုးတဲ့ပံုေပါက္ေနလို႔လား? နဉ္ရႈ ေျခတစ္လွမ္းဆုတ္လိုက္သည္။ သူမေနာက္မွာ ျမစ္ႀကီးသာရိွေနသည္မို႔ သူမမွာ ဆုတ္စရာေနရာမရိွေတာ့ေပ။
ဝမ္ရူဟြားက သူ႔သြားေဖြးေဖြးေတြေပၚတဲ့အထိ ၿပံဳးျပလာသည္။ ႏူးညံ့စြာေျပာလာသၫ့္သူ႔အသံက စိတ္ၫွို႔ေနသၫ့္အလား။
"ပိုင္ခ်င္ရွန္း၊ ဒီကိုလာ။ မင္းက မင္းကို ငါကိုယ္တိုင္အဲ့ကိုလာဖမ္းဖို႔ေတာင္းဆိုေနတာလား?"
"မင္းရဲ့သက္ေတာ္ေစာင့္ကိုေစာင့္ေနတာလား?"
ထို႔ေနာက္ ဝမ္ရူဟြားက ေအးစက္စြာဆိုသည္။
"သူ အနားမကပ္ရေသးခင္မွာတင္ ငါ မင္းကိုဖမ္းႏိုင္တယ္။"
သူက ဓားကိုင္ကာေလ်ွာက္လာသည္။ နဉ္ရႈက ခ်က္ခ်င္းပင္ေျပာလိုက္သည္။
"မလာခဲ့နဲ႔! ရွင္ ေျခတစ္လွမ္းထပ္တိုးရင္ ကြၽန္မ ခုန္ခ်လိုက္မယ္! ကြၽန္မ တကယ္ခုန္ခ်မွာ!"
"မင္းရဲ့ေငြေၾကးနဲ႔အာဏာကို အရမ္းမက္ေမာတဲ့ပံုစံအရ မင္း ကိုယ့္ကိုကိုယ္သတ္ေသဖို႔ မျဖစ္ႏိုင္ပါဘူး။"
Advertisement
ဝမ္ရူဟြားက တုန႔္ဆိုင္းသြားျခင္းပင္မရိွေပ။ သူ ပိုင္ခ်င္ရွန္းကို ေကာင္းေကာင္းႀကီးနားလည္သည္။
နဉ္ရႈရဲ့မ်က္ႏွာက ေၾကာက္လန႔္ျခင္းတို႔ျဖင့္ျပၫ့္ေနကာ သူမက ဝတ္ရံုစကိုမကာေအာ္သည္။
"ေဝးေဝးေန! ကြၽန္မ...ကြၽန္မ တကယ္ခုန္ခ်မွာ။"
ဝမ္ရူဟြားက အရင္ကလိုမဟုတ္ေတာ့ေပ။ သူက အထီးက်န္စာသင္သားတစ္ေယာက္မဟုတ္ေတာ့ဘဲ ေနာက္လိုက္ေတြအမ်ားႀကီးရိွေနၿပီမို႔ သူမ သူ႔ကိုဘယ္လိုနည္းနဲ႔မွမႏိုင္ႏိုင္ေပ။
သူမ အရူးတစ္ေယာက္လိုလုပ္ေနမိၿပီး ေသတြင္းတူးေနမိသလို ခံစားလိုက္ရသည္။ လက္ရိွမွာ သူမက အမ်ိဳးသမီးဇာတ္လိုက္အေရၿခံဳထားတာသာမဟုတ္လ်ွင္ သူမရဲ့အုတ္ဂူက ႏွစ္ေပရွည္တဲ့ျမက္ေတြနဲ႔ဖံုးေနေလာက္ေပၿပီ။
အိုင္း...
"ဝမ္ရူဟြား၊ ငါ တကယ္ခုန္ခ်မွာေနာ္! ယီးပဲ၊ ငါတကယ္ခုန္ခ်မွာ!"
နဉ္ရႈက ဝတ္ရံုစကိုခပ္တင္းတင္းဆုပ္ကိုင္ရင္းေအာ္သည္။
ဝမ္ရူဟြားကသေရာ္သည္။
နဉ္ရႈ အသက္ျပင္းျပင္းရႉလိုက္သည္။ သူမ ဝမ္ရူဟြားရဲ့လက္ထဲေရာက္သြားလို႔မျဖစ္ဘူးဆိုတာ သူမသိသည္။ သူ႔လက္ထဲေရာက္သြားရင္ သူမ မူလဇာတ္ေၾကာင္းဆီျပန္ေရာက္သြားၿပီး ဝမ္ရူဟြားႏိွပ္စက္တာခံရႏိုင္သည္။ အခု သူ႔မွာ သူ႔အမိန႔္ကိုနာခံေနတဲ့ဓားျပေတြ အမ်ားႀကီးရိွသည္။ သူမကို သူအရမ္းရြံမုန္းေနပံုမ်ိဳးနဲ႔ဆို သူမ ဒီဓားျပေတြကို ျပၫ့္တန္ဆာတစ္ေယာက္လို ေဖ်ာ္ေျဖေပးရလိမ့္မည္။
နဉ္ရႈရဲ့အေတြးေတြ အဲ့အေၾကာင္းေရာက္သြားခ်ိန္မွာေတာ့ သူမက ထပ္မံတုန႔္ဆိုင္းမေနေတာ့ဘဲ ျမစ္ထဲခုန္ခ်လိုက္ေလ၏။ သို႔ေသာ္လည္း သူမ ေရထဲကေနျပန္ေပၚလာခ်ိန္မွာ ဝမ္ရူဟြားေအာ္ဟစ္ေနတာကိုၾကားလိုက္ရသည္။
"ပိုင္ခ်င္ရွန္း၊ မင္း ေသသြားရင္ေတာင္ ငါ မင္းကိုအလြတ္မေပးဘူး!"
"သခင္မေလး!?"
လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္ေပၚလာသည္။
နင္သာ ေစာစာက နည္းနည္းေလာက္ေစာၿပီးေပၚလာလိုက္ရင္ ငါ ခုန္ခ်ရမွာမဟုတ္ဘူးဟဲ့!
ေရစီးကအရမ္းသန္တာမို႔ နဉ္ရႈမွာ စကၠန႔္အနည္းငယ္အတြင္း၌ပင္ ေပ်ာက္ကြယ္သြားေလ၏။ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က ျမစ္ေၾကာင္းတစ္ေလ်ွာက္မွာခ်က္ခ်င္းလိုက္ရွာေတာ့သည္။ ထိုအခ်ိန္တြင္ ဝမ္ရူဟြားက ဓားျပေတြကိုေအာ္သည္။
"သူ႔ကိုရွာ! သူ ေသသြားရင္ေတာင္ ငါ သူ႔အေလာင္းျမင္ခ်င္တယ္! ပိုင္ခ်င္ရွန္း၊ မိန္းမယုတ္!"
ေရလိႈင္းေတြရဲ့ရိုက္ခတ္မႈက နာက်င္လွကာ သူမက သူမကိုယ္ကို ေရထဲမွာေပၚေနေအာင္ အတတ္ႏိုင္ဆံုးႀကိဳးစားေန၏။ မုယန္မုန္႔တစ္ေယာက္ ကိုယ္ဝန္ပ်က္က်ၿပီးၿပီးခ်င္းမွာပဲ ဒဏ္ရာႀကီးနဲ႔ျမစ္ထဲခုန္ခ်သြားတာကို သတိရမိတဲ့အခါသူမရဲ့ေရြးခ်ယ္မႈက လံုးဝႀကီးမဆိုးရြားေသးဘူးလို႔ နဉ္ရႈေတြးလိုက္မိသည္။
အစတည္းက ဝမ္ရူဟြားမွာ ဆိုးရြားစုတ္ပဲ့လြန္းတဲ့စရိုက္နဲ႔ ေပ်ာ့ညံ့လြန္းသၫ့္သူျဖစ္၏။ သူသာ ေခတ္သစ္မွာဆို အၾကမ္းဖက္သမားတစ္ေယာက္ျဖစ္လာၿပီး လူေနမႈအဖြဲ႔အစည္းရဲ့တည္ၿငိမ္ေနမႈကို ၿခိမ္းေျခာက္လာႏိုင္သည္။ အခု သူက ဓားျပတစ္ေယာက္ျဖစ္လာၿပီမို႔ သူက သူသြားတဲ့ေနရာတိုင္းမွာ တရားမ်ွတမႈနာမည္ခံၿပီး ဆူပူပ်က္စီးမႈေတျြဖစ္ေစေတာ့မွာပင္။
ဒါက တကယ္ရြံဖို႔ေကာင္းတယ္။
ခဏမ်ွေခြးကူးကူးေနၿပီးေနာက္တြင္ သူမလံုးဝပင္ပန္းလာသည္။ သန္မာလွတဲ့ေရစီးေၾကာင္းတစ္ခုက သူမကိုတိုးတိုက္သြားသည္။ နာက်င္ရလြန္းၿပီး သူမကိုယ္ေလးစုတ္ၿဖဲခံေနရသလိုခံစားလိုက္ရတာေၾကာင့္ သူမ သတိလစ္သြားေတာ့သည္။
သူမႏိုးလာခ်ိန္မွာ ကုန္းေပၚေရာက္ေနၿပီျဖစ္ေသာ္လည္း သူမရဲ့ကိုယ္တစ္ဝက္က ေရထဲမွာနစ္ေနတုန္းရိွေသးသည္။ ကံေကာင္းလို႔၊ သူမ အသက္ရွင္တယ္။ ဒါေပမယ့္ အခု သူမက နတ္ေဆးသမားေတာ္ရဲ့အိမ္မွာေရာက္ေနရမွာမဟုတ္ဘူးလား?
သူမက ဘာလို႔ ဒီမွာစြန႔္ပစ္ခံထားရတာလဲ?
သူမတို႔ႏွစ္ေယာက္လံုးက အမ်ိဳးသမီးဇာတ္လိုက္ေတြပါေနာ္၊ ဘာလို႔ ဆက္ဆံပံုက အရမ္းကြဲျပားေနရတာလဲ?
နဉ္ရႈ လႈပ္ရွားဖို႔ႀကိဳးစားလိုက္ၿပီး အနည္းငယ္နာက်င္ေနမႈကိုခံစားလိုက္ရသည္။ သူမရဲ့လက္ေမာင္းထက္မွာ ဟက္တက္ကြဲေနသၫ့္ဒဏ္ရာတစ္ခုရိွကာ ေရေအာက္ကေက်ာက္တန္းေတြေၾကာင့္ ရရိွခဲ့ျခင္းျဖစ္ႏိုင္ေလသည္။
သူမ လွၫ့္ပတ္ၾကၫ့္လိုက္ၿပီး အနီးနားမွာ တစ္စံုတစ္ေယာက္ရိွေနတာေတြ့လိုက္ရသည္။ သူက ျမစ္ေဘးမွာ အျဖဴေရာင္ဝတ္စံုနဲ႔ထိုင္ေနတာျဖစ္ၿပီး ငါးမ်ွားေနပံုေပၚသည္။
နဉ္ရႈက ခ်က္ခ်င္းပင္ေအာ္လိုက္သည္။
"သူရဲေကာင္းႀကီး၊ ေက်းဇူးျပဳျပီး ကြၽန္မကိုကယ္ပါ!"
အမ်ိဳးသားက လွၫ့္လာကာ နဉ္ရႈကိုၾကၫ့္လိုက္ၿပီးေနာက္ သူ႔ရဲ့ငါးမ်ွားတံနဲ႔ဝါးျခင္းေလးကိုေကာက္ကာ ေဝးေဝးကိုေလ်ွာက္သြားေတာ့သည္။
ခ်ီး၊ ဒီေလာက္အၾကင္နာတရားမရိွတဲ့လူကို သူမ တစ္ခါမွမေတြ့ဖူးဘူး။
...
Advertisement
- In Serial16 Chapters
Ensis Core
Karius Corvider, a youth with the unique ability to sense emotions, is the heir to the most prestigious knight family in Arthas. Despite being the son of a legendary knight, his horrible sword skill earns him the ridicule of his peers. One day, he falls in love with a silver-haired beauty named Hilde after witnessing her amazing display of fortitude.The only problem is she is a prisoner of war destined for endless torture and death.Karius unleashes his magic, an ability he kept secret his entire life, and helps her escape. He doesn't have much attachment to his home except for his sister Annabelle, but he is forced to leave even her behind.But that's okay because he gets the girl, right?…Not exactly.Hilde turns out to be a terrifyingly strong warrior who hates mages with a passion, and he is one of them. Exiled from his home, he travels the barren surface world together with his unwilling partner. Their adventure takes them to strange lands where they face deadly dangers and adversaries, from fantastical creatures to crafty mages… to Hilde's terrible sense of direction.Will Karius ever pierce Hilde's heart? Or will her short sword pierce his first?-------© Kanda Hikaru and ensiscore.wordpress.com, 2016. Unauthorized use and/or duplication of this material without express and written permission from this site’s author and/or owner is strictly prohibited. Excerpts and links may be used, provided that full and clear credit is given to Kanda Hikaru and ensiscore.wordpress.com with appropriate and specific direction to the original content.
8 220 - In Serial17 Chapters
Ciarra the Cold
The gods created a game-like world for their high-stakes contest, and Ciarra is the most powerful of their pawns, she ignores little things like racism, bigotry, and societal norms. One little foxkin who has lived a hard and brutal life becomes Ciarra's pet. For the first time in years, she has hope, and a chance to follow her dreams. Assuming Ciarra, an amoral sexual sadist, doesn't kill her first. Expect DUBCON, lesbian harem, NSFW themes, dark themes with a chance for a brighter future, and dragons eating vanquished foes - both literally and figuratively.
8 145 - In Serial13 Chapters
Aether Online
This is the story of Katherine Veldorbell, Daughter of the richest and most successful woman in human history. Without any real relationship with her mother, she sets out on making a name for herself in her mother's creation: Aether Online. A game where anything is possible, Where the less than fortunate in life can succeed. Loan Shark? Mass Murderer? Prostitute? It's all yours to enjoy. What to Expect: A bomb ass story with interesting devices, cool enemies and a nice cast of supporting characters.
8 179 - In Serial28 Chapters
Fallen
I sob deliberately.If this person is what I'm thinking then I have to fiddle the cards or else it will be a pain-pleasure game.I wanted to feel this, deep down I wanted to do this but with the state.What kind of a kink is this?Fifty shades of 365 DNI?I can't control my sobbing, the " Please, I beg you", it came out as a whisper to the breeze." Stay perfectly still my dear" the person finally gave a gender reveal with its sinister commanding voice.I can feel him parting my legs more to accommodate his position." I don't want you to whimper or make any unnecessary movements while I taste you or Else. . . ."
8 202 - In Serial45 Chapters
Marooned With You
How did it come to this? You, a simple game developer, found yourself stranded in an island with no sign of civilization except...The man who saved you...However, his intentions are anything but pure. WARNING:This story will include triggering and mature subjects such as,-SEXUAL ABUSE-GORE-BODY MUTILATION-SELF HARM-ABUSIVE/TOXIC RELATIONSHIPSNot suitable for readers under 18 years old. Please read the warnings before proceeding.(A yandere x reader original with original characters by Microwaveness, Nov 2020)Started: 21st Nov 2020Completed: 19th Dec 2020Top ranks:#1 in yanderexreader on 27th Nov 2020
8 1149 - In Serial43 Chapters
The Ultimate Guide To Writing PJO Fanfics
Are you struggling for ideas, or not sure if you're writing is at it's best? This is everything I've learned about success with my fanfics, what works and what doesn't, and how to achieve popularity. Some of these tips can be used for other fanfics and stories too!"No, Percy! I promise, there's still good in you!" Annabeth said desperately."I'm sorry, but you broke me, and I've come to return the favor." Percy replied, malice glinting in his eyes, as he drew Riptide.Your First Tip? Cliffhangers make good intros, so read on.(I'm trying out this new cover, so please, give feedback!)
8 187

