《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 98
Advertisement
[Unicode]
{ကြက်ဥတွေကို တစ်ခြင်းတည်းမှာထားလို့မရဘူး}
ဝမ်ရူဟွားက နဉ်ရှုကို အံ့ဩတကြီးကြည့်သည်။ သူမက စောစောလေးကတင် ကရုနာသက်ကြင်နာသလိုလုပ်နေသော်လည်း နောက်ခဏလေးအတွင်းမှာပင် သူမက သူ့ကို အကြင်နာမဲ့စွာနဲ့ မြင်းအောက်ကိုတွန်းပို့လိုက်သည်။ ဝမ်ရူဟွားမှာ အံ့ဩရလွန်း၍ ဘယ်လိုတုန့်ပြန်ရမလဲဆိုသည်ကိုပင် မသိတော့။
ဟယ့်ရှောင်ဟွားက ဒယ်အိုးတစ်လုံးနဲ့အတူပြေးထွက်လာကာ ဝမ်ရူဟွားရဲ့နားရွက်ကိုကိုင်ကာ ဆွဲလိမ်သည်။
"နင် ဘယ်သူနဲ့ခိုးပြေးမယ်လို့ပြောလိုက်တာလဲ? သတ္တိတွေသိပ်ရှိနေတယ်ပေါ့! နင်က ငါ့ကိုလက်ထပ်ပြီးတာတောင် တစ်ခြားတစ်ယောက်နဲ့ခိုးပြေးဖို့ကြိုးစားနေတယ်လား!?"
"ငါ့နားကိုလွှတ်! ဟယ့်ရှောင်ဟွား၊ ငါ့နားကိုလွှတ်လို့ မင်းကိုပြောနေတယ်!"
ဝမ်ရူဟွားရဲ့မျက်နှာက လုံးဝကိုဖြူဖျော့နေသော်လည်း သူက ဟယ့်ရှောင်ဟွားလက်မှ လွတ်အောင်မရုန်းနိုင်ချေ။
"ပိုင်ချင်ရှန်း၊ မင်း ငါ့ကို ဘယ်လိုလုပ်သစ္စာဖောက်နိုင်ရတာလဲ? ငါ မင်းကို အလကား ကြင်ကြင်နာနာဆက်ဆံမိခဲ့တာပဲ!"
ဝမ်ရူဟွားကအော်သည်။ သူနာကျင်နေရချိန်မှာ ပိုင်ချင်ရှန်းက တည်တည်ငြိမ်ငြိမ်နဲ့လက်ဖက်ရည်သောက်နေတာကို မြင်လိုက်ရချိန်၌ ဝမ်ရူဟွားမှာ သေချင်စိတ်ပေါက်လာရသည်။
"ဝမ်းကွဲ၊ နင်နဲ့ရူဟွားရဲ့ဆက်ဆံရေးက ဘာလဲ? သူက ဘာလို့ နင်နဲ့ခိုးပြေးချင်ရတာလဲ?"
ဟယ့်ရှောင်ဟွားကမေးသည်။
နဉ်ရှုက အကူအညီကင်းမဲ့စွာဖြင့် သူမလက်တွေကိုဖြန့်သည်။
"သူက နင့်ဆီကထွက်ပြေးချင်နေလို့ ငါ့ကိုဆွဲထည့်ဖို့ကြိုးစားနေတာ။ ငါ့မှာ ရထားလုံးရှိတော့ ခြေကျင်ပြေးတာထက်ပိုမြန်အောင်လို့ ငါ သူနဲ့ခိုးပြေးအောင် လှည့်စားနေတာ။"
ဝမ်ရူဟွားမှာ သွေးအန်မိလုနီးပါးပင်။ သူက အော်သည်။
"ပိုင်ချင်ရှန်း၊ ခွေးမ!"
"ဝမ်းကွဲ၊ ငါတို့ အရင်ပြန်တော့မယ်။"
ဟယ့်ရှောင်ဟွားက ဝမ်ရူဟွားက နားရွက်ကနေဆွဲခေါ်သွားသည်။
နဉ်ရှုက ယွဲ့လန်ကိုခေါ်ကာ ထိုင်ခိုင်းလိုက်သည်။
"ဒီစားစရာတွေအားလုံးကို မစားဘဲထွက်သွားတာ နှမြောစရာပဲ။"
ယွဲ့လန်က ခေါင်းငြိမ့်သည်။
"ဟယ့်ရှောင်ဟွားကတော့ တကယ်အံ့ဩဖို့ကောင်းတဲ့မိန်းမပဲ။"
"မမလေး၊ ကျွန်မတို့ ဘယ်အချိန်ထွက်သွားကြမှာလဲ? ဒီအစေခံ တဲထဲမှာထပ်မအိပ်ချင်တော့ဘူး။"
ယွဲ့လန်က သနားစရာကောင်းသည့်စူပုတ်ပုတ်မျက်နှာပေးဖြင့်ဆိုသည်။
နဉ်ရှုက စားနေရင်းဖြင့်ဆို၏။
"ငါတို့ မနက်ဖြန်ထွက်သွားကြမယ်။"
"ကောင်းလိုက်တာ!"
နေ့လည်စာစားပြီးနောက် ယွဲ့လန်က သူမတို့ရဲ့ပစ္စည်းတွေကို စိတ်အားထက်သန်စွာထုပ်ပိုးတော့သည်။ နဉ်ရှုက သူမပိုင်တာတွေကို နှစ်ပုံခွဲလိုက်ပြီး တစ်ပုံကို ယွဲ့လန်ကိုပေးကာ နောက်တစ်ပုံကို သူမသိမ်းထားလိုက်သည်။ ယွဲ့လန်က သူမလက်ထဲက ငွေလက်မှတ်တွေကိုကြည့်ကာမေးသည်။
"မမလေး၊ ဘာလို့ ဒီအစေခံကို ငွေလက်မှတ်တွေအများကြီးပေးတာလဲ?"
"ကြက်ဥတွေကို တစ်ခြင်းတည်းမှာထားလို့မရဘူး။ မမျှော်လင့်ထားတာတစ်ခုခုဖြစ်သွားရင် ငါတို့ သဲတွေစားနေရလိမ့်မယ်။"
နဉ်ရှုက ကုတင်ပေါ်တွင်လှဲကာ ယွဲ့လန်ထုပ်ပိုးနေသည်ကိုကြည့်ရင်းဆို၏။
သူမတို့က မနက်ဖြန်မှာ ခရီးထပ်ထွက်ကြမှာမို့ နဉ်ရှုနဲ့ယွဲ့လန်က မနက်ဖြန်အာရုဏ်တက်ချိန်မှာထွက်သွားဖို့အတွက် စောစောအိပ်ချင်ခဲ့ကြတာဖြစ်သည်။
သို့သော်လည်း ညသန်းခေါင်အချိန်တွင် တစ်စုံတစ်ယောက်က သူမကို တွန်းကာနှိုးလာ၏။ သူမက အိပ်ချင်မူးတူးနှင့် ဝမ်ရူဟွားဖြစ်မည်ဟုတွေးကာ မိသားစုအမွေခံဓားကိုဆွဲယူလျက် ကုတင်ဘေးနားမှာရှိတဲ့လူကို ကပျာကယာထိုးလိုက်သည်။
သို့သော်လည်း သူမ တစ်ကြိမ်လေးပင်မထိုးမိချေ။
"ကျွန်တော်ပါ သခင်မလေး။"
လျှို့ဝှက်သက်တော်စောင့်ရဲ့အသံပေါ်လာသည်။
"မြင်းသူခိုးတွေရောက်လာတယ်။"
"ဘာကြီး?"
နဉ်ရှု သိမ့်ကနဲတုန်ကာနိုးလာသည်။
"ဘာရောက်လာတာ?"
ယွဲ့လန်လည်း နိုးလာသည်။ လျှို့ဝှက်သက်တော်စောင့်ပြောတာကိုကြားလိုက်ရသည်၌ သူမမျက်နှာက ချက်ချင်းပင်ဖြူဖျော့သွား၏။
"မ...မမလေး၊ ဓားပြတွေရောက်လာတယ်။"
နဉ်ရှုမှာ ကုတင်ပေါ်မှခုန်ဆင်းလုနီးပါးပင်။ ဘာလို့ ဓားပြတွေက ဒီရွာသေးသေးလေးထဲ ညကြီးသန်းခေါင်ဝင်လာရတာလဲ? သူတို့က ဘာလို့ ညကြီးသန်းခေါင်မှာ ဓားပြတိုက်တာလဲ? သူတို့က သူခိုးတွေနဲ့မတူဘူးလေ။
မူလဇာတ်ကြောင်းမှာ ဒီအကြောင်းတစ်ကြောင်းတောင်မပါဘူးကို။
ဘာဖြစ်နေတာလဲ?
နဉ်ရှုမှာ ရုတ်တရက်ကြီး မကောင်းတဲ့အာရုံတွေရလာသည်။ သူမက ဖိနပ်တွေကို အလောတကြီးစီးလိုက်သည်။ သူမ တဲထဲကထွက်လာချိန်၌ ရွာလူကြီးအိမ်ရှိတဲ့နေရာက တောက်ပလင်းထိန်နေသည်ကိုတွေ့လိုက်ရသည်။
....
[Zawgyi]
{ၾကက္ဥေတြကို တစ္ျခင္းတည္းမွာထားလို႔မရဘူး}
ဝမ္ရူဟြားက နဉ္ရႈကို အံ့ဩတႀကီးၾကၫ့္သည္။ သူမက ေစာေစာေလးကတင္ ကရုနာသက္ၾကင္နာသလိုလုပ္ေနေသာ္လည္း ေနာက္ခဏေလးအတြင္းမွာပင္ သူမက သူ႔ကို အၾကင္နာမဲ့စြာနဲ႔ ျမင္းေအာက္ကိုတြန္းပို႔လိုက္သည္။ ဝမ္ရူဟြားမွာ အံ့ဩရလြန္း၍ ဘယ္လိုတုန႔္ျပန္ရမလဲဆိုသည္ကိုပင္ မသိေတာ့။
ဟယ့္ေရွာင္ဟြားက ဒယ္အိုးတစ္လံုးနဲ႔အတူေျပးထြက္လာကာ ဝမ္ရူဟြားရဲ့နားရြက္ကိုကိုင္ကာ ဆြဲလိမ္သည္။
"နင္ ဘယ္သူနဲ႔ခိုးေျပးမယ္လို႔ေျပာလိုက္တာလဲ? သတၲိေတြသိပ္ရိွေနတယ္ေပါ့! နင္က ငါ့ကိုလက္ထပ္ၿပီးတာေတာင္ တစ္ျခားတစ္ေယာက္နဲ႔ခိုးေျပးဖို႔ႀကိဳးစားေနတယ္လား!?"
"ငါ့နားကိုလႊတ္! ဟယ့္ေရွာင္ဟြား၊ ငါ့နားကိုလႊတ္လို႔ မင္းကိုေျပာေနတယ္!"
ဝမ္ရူဟြားရဲ့မ်က္ႏွာက လံုးဝကိုျဖဴေဖ်ာ့ေနေသာ္လည္း သူက ဟယ့္ေရွာင္ဟြားလက္မွ လြတ္ေအာင္မရုန္းႏိုင္ေခ်။
"ပိုင္ခ်င္ရွန္း၊ မင္း ငါ့ကို ဘယ္လိုလုပ္သစၥာေဖာက္ႏိုင္ရတာလဲ? ငါ မင္းကို အလကား ၾကင္ၾကင္နာနာဆက္ဆံမိခဲ့တာပဲ!"
ဝမ္ရူဟြားကေအာ္သည္။ သူနာက်င္ေနရခ်ိန္မွာ ပိုင္ခ်င္ရွန္းက တည္တည္ၿငိမ္ၿငိမ္နဲ႔လက္ဖက္ရည္ေသာက္ေနတာကို ျမင္လိုက္ရခ်ိန္၌ ဝမ္ရူဟြားမွာ ေသခ်င္စိတ္ေပါက္လာရသည္။
"ဝမ္းကြဲ၊ နင္နဲ႔ရူဟြားရဲ့ဆက္ဆံေရးက ဘာလဲ? သူက ဘာလို႔ နင္နဲ႔ခိုးေျပးခ်င္ရတာလဲ?"
ဟယ့္ေရွာင္ဟြားကေမးသည္။
နဉ္ရႈက အကူအညီကင္းမဲ့စြာျဖင့္ သူမလက္ေတြကိုျဖန႔္သည္။
"သူက နင့္ဆီကထြက္ေျပးခ်င္ေနလို႔ ငါ့ကိုဆြဲထၫ့္ဖို႔ႀကိဳးစားေနတာ။ ငါ့မွာ ရထားလံုးရိွေတာ့ ေျခက်င္ေျပးတာထက္ပိုျမန္ေအာင္လို႔ ငါ သူနဲ႔ခိုးေျပးေအာင္ လွၫ့္စားေနတာ။"
ဝမ္ရူဟြားမွာ ေသြးအန္မိလုနီးပါးပင္။ သူက ေအာ္သည္။
"ပိုင္ခ်င္ရွန္း၊ ေခြးမ!"
"ဝမ္းကြဲ၊ ငါတို႔ အရင္ျပန္ေတာ့မယ္။"
ဟယ့္ေရွာင္ဟြားက ဝမ္ရူဟြားက နားရြက္ကေနဆြဲေခၚသြားသည္။
နဉ္ရႈက ယြဲ႔လန္ကိုေခၚကာ ထိုင္ခိုင္းလိုက္သည္။
"ဒီစားစရာေတြအားလံုးကို မစားဘဲထြက္သြားတာ ႏွေျမာစရာပဲ။"
ယြဲ႔လန္က ေခါင္းၿငိမ့္သည္။
"ဟယ့္ေရွာင္ဟြားကေတာ့ တကယ္အံ့ဩဖို႔ေကာင္းတဲ့မိန္းမပဲ။"
"မမေလး၊ ကြၽန္မတို႔ ဘယ္အခ်ိန္ထြက္သြားၾကမွာလဲ? ဒီအေစခံ တဲထဲမွာထပ္မအိပ္ခ်င္ေတာ့ဘူး။"
ယြဲ႔လန္က သနားစရာေကာင္းသၫ့္စူပုတ္ပုတ္မ်က္ႏွာေပးျဖင့္ဆိုသည္။
နဉ္ရႈက စားေနရင္းျဖင့္ဆို၏။
"ငါတို႔ မနက္ျဖန္ထြက္သြားၾကမယ္။"
"ေကာင္းလိုက္တာ!"
ေန့လည္စာစားၿပီးေနာက္ ယြဲ႔လန္က သူမတို႔ရဲ့ပစၥည္းေတြကို စိတ္အားထက္သန္စြာထုပ္ပိုးေတာ့သည္။ နဉ္ရႈက သူမပိုင္တာေတြကို ႏွစ္ပံုခြဲလိုက္ၿပီး တစ္ပံုကို ယြဲ႔လန္ကိုေပးကာ ေနာက္တစ္ပံုကို သူမသိမ္းထားလိုက္သည္။ ယြဲ႔လန္က သူမလက္ထဲက ေငြလက္မွတ္ေတြကိုၾကၫ့္ကာေမးသည္။
"မမေလး၊ ဘာလို႔ ဒီအေစခံကို ေငြလက္မွတ္ေတြအမ်ားႀကီးေပးတာလဲ?"
"ၾကက္ဥေတြကို တစ္ျခင္းတည္းမွာထားလို႔မရဘူး။ မေမ်ွာ္လင့္ထားတာတစ္ခုခုျဖစ္သြားရင္ ငါတို႔ သဲေတြစားေနရလိမ့္မယ္။"
နဉ္ရႈက ကုတင္ေပၚတြင္လွဲကာ ယြဲ႔လန္ထုပ္ပိုးေနသည္ကိုၾကၫ့္ရင္းဆို၏။
သူမတို႔က မနက္ျဖန္မွာ ခရီးထပ္ထြက္ၾကမွာမို႔ နဉ္ရႈနဲ႔ယြဲ႔လန္က မနက္ျဖန္အာရုဏ္တက္ခ်ိန္မွာထြက္သြားဖို႔အတြက္ ေစာေစာအိပ္ခ်င္ခဲ့ၾကတာျဖစ္သည္။
သို႔ေသာ္လည္း ညသန္းေခါင္အခ်ိန္တြင္ တစ္စံုတစ္ေယာက္က သူမကို တြန္းကာႏိႈးလာ၏။ သူမက အိပ္ခ်င္မူးတူးႏွင့္ ဝမ္ရူဟြားျဖစ္မည္ဟုေတြးကာ မိသားစုအေမြခံဓားကိုဆြဲယူလ်က္ ကုတင္ေဘးနားမွာရိွတဲ့လူကို ကပ်ာကယာထိုးလိုက္သည္။
သို႔ေသာ္လည္း သူမ တစ္ႀကိမ္ေလးပင္မထိုးမိေခ်။
"ကြၽန္ေတာ္ပါ သခင္မေလး။"
လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္ရဲ့အသံေပၚလာသည္။
"ျမင္းသူခိုးေတြေရာက္လာတယ္။"
"ဘာႀကီး?"
နဉ္ရႈ သိမ့္ကနဲတုန္ကာႏိုးလာသည္။
"ဘာေရာက္လာတာ?"
ယြဲ႔လန္လည္း ႏိုးလာသည္။ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္ေျပာတာကိုၾကားလိုက္ရသည္၌ သူမမ်က္ႏွာက ခ်က္ခ်င္းပင္ျဖဴေဖ်ာ့သြား၏။
"မ...မမေလး၊ ဓားျပေတြေရာက္လာတယ္။"
နဉ္ရႈမွာ ကုတင္ေပၚမွခုန္ဆင္းလုနီးပါးပင္။ ဘာလို႔ ဓားျပေတြက ဒီရြာေသးေသးေလးထဲ ညႀကီးသန္းေခါင္ဝင္လာရတာလဲ? သူတို႔က ဘာလို႔ ညႀကီးသန္းေခါင္မွာ ဓားျပတိုက္တာလဲ? သူတို႔က သူခိုးေတြနဲ႔မတူဘူးေလ။
မူလဇာတ္ေၾကာင္းမွာ ဒီအေၾကာင္းတစ္ေၾကာင္းေတာင္မပါဘူးကို။
ဘာျဖစ္ေနတာလဲ?
နဉ္ရႈမွာ ရုတ္တရက္ႀကီး မေကာင္းတဲ့အာရံုေတြရလာသည္။ သူမက ဖိနပ္ေတြကို အေလာတႀကီးစီးလိုက္သည္။ သူမ တဲထဲကထြက္လာခ်ိန္၌ ရြာလူႀကီးအိမ္ရိွတဲ့ေနရာက ေတာက္ပလင္းထိန္ေနသည္ကိုေတြ့လိုက္ရသည္။
....
Advertisement
- In Serial395 Chapters
80 Years Of Signing-In At The Cold Palace, I Am Unrivalled
Lin Jiufeng transmigrates to become the Yuhua God Dynasty’s Crown Prince but is dethroned, banished to the Cold Palace, and imprisoned there because he had released the holy maiden of their rival country.Lin Jiufeng isn’t dejected. He has brought a sign-in system with him when he transmigrated and he would receive rewards when he signs in at different places.Before the Cold Palace’s gates, he signs in and receives the Ultimate Heaven Slashing Sword Skill!In the Great Council Hall, he signs in and receives the Heaven Patching Technique!In the Empress Dowager’s palace, he signs in and receives the God of War Totem!…Liu Jiufeng imagines that he can quietly sign in like this until he becomes invincible. Yet who would have imagined that the Heavenly Concubine whom he secretly released would rise in rebellion and seize power after she returns to her country?After she succeeds, her first priority is to attack the Yuhua God Dynasty to rescue Lin Jiufeng.When Liu Jiufeng hears of this news, he’s puzzled. «Do I need you to rescue me?»
8 2575 - In Serial19 Chapters
Blood of the Sun
This story begins in Hevaria, the land of the sun. Princess Stella Solare is adventuring with her friends in the catacombs of Citta Della, the capital city. She hopes to find something to help her become a knight. However, they find a sealed door. Little do they know that opening it will set in motion the greatest journey of all time. One with love, war and death.
8 176 - In Serial16 Chapters
The Reborn: Book One
[participant in the Royal Road Writathon challenge]What would you do with your second chance? Chance was living the high life: He had his dream job, an amazing wife, and generally was happy. All of that changed when Chance was killed in a “freak accident.” Without having any memories, Chance must learn how to survive this new world. Follow Chance and his new partner, Sage, as they advance in this new world. With the realms hanging in the balance, they must work together to stop the forces behind the corruption. The Reborn is a series that borrows from RPGs. Characters have classes, abilities, and more.
8 134 - In Serial9 Chapters
Villain This Should Be Fun
Considered one of the top heroes in the world he had everything money, friends, family, and a lover but all that disappeared as he was betrayed by those he thought were his family and friends. sucked in the depth of endless void waiting to be dropped off in hell he was approached by an unknown Being who made him an offer. " I will give you the power to end those who betrayed you, only on one condition. " it said, " help me destroy a certain world." " Sure I was once considered one of the greatest heroes now I'm gonna be a villain, well this should be fun"
8 146 - In Serial51 Chapters
Journey through the Worlds
A continuation from my first fiction "" I Love This world"", a fresh set of characters combined with old ones. Join our protagonists as they grow up and discover that their world and the other connected to theirs are not the only ones. Caught in a time of strife between a demon queen and the world's lesser beings, they learn of the bitter truth that lies in the history of their world, and along the way, experience the wonders of other worlds.
8 191 - In Serial8 Chapters
Tony Stark's daughter❤️
Морган Старк дочь Тони СтаркаЕй 12 летОна лишилась матери, тоесть Пеппер Потс когда ей было 5 летА остальное узнаете сами❤️
8 219

