《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 96
Advertisement
[Unicode]
{'သတို့သမီး ပြန်အလာ'ကိုစောင့်နေတာ}
ဝမ်ရူဟွားမှာ မင်္ဂလာခန်းဆီ အသတ်ခံရတော့မည့်ဝက်တစ်ကောင်လို ဆွဲခေါ်သွားခြင်းခံလိုက်ရ၏။ မင်္ဂလာခန်းက ဘယ်လိုအခြေအနေဖြစ်သွားမလဲဆိုတာ နဥ်ရှု တကယ်မသိတော့ပါချေ။
ဟယ့်ရှောင်ဟွားက ဒါကို နည်းနည်းလျှော့လျှော့ပေါ့ပေါ့လုပ်သင့်တယ်လို့ သူမ တွေးလိုက်မိသည်။ အဆုံးမှာတော့ ဝမ်ရူဟွားက သူ့ဗိုက်မှာ ဒဏ်ရာရှိနေသေးသည်လေ။
စားသောက်ပွဲမှာ စားသောက်ပြီးနောက် နဉ်ရှုက သက်ကယ်အိမ်လေးဆီပြန်ဖို့ပြင်သည်။
"မိန်းမလှလေး။"
ဟယ့်တာ့ဟွားက ကုန်းစောင်းပုလေးကနေ ခုန်ဆင်းလာကာ သူ့ယပ်တောင်ကို ဖွင့်ကာ ယပ်ခတ်ရင်း ကျက်သရေရှိဟန်ဆောင်၏။
"မိန်းမလှလေး၊ ဝမ်ရူဟွားက ကိုယ့်ညီမလေးကို လက်ထပ်ပြီးသွားပြီဆိုတော့ ကိုယ်တို့လည်း လက်ထပ်ဖို့အချိန်ကျပြီမဟုတ်လား? ကိုယ်တို့က ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့ ဖူးစာဖက်တွေပဲ၊ ကိုယ်တို့က ဆွေမျိုးတွေထက်တောင် ပိုနီးစပ်ကြတယ်လေ။"
နဉ်ရှု၌ကား သူ့အတွက် စကားတစ်ခွန်းသာရှိ၏။
"ထွက်သွား။"
"ဒီလိုမလုပ်ပါနဲ့ မိန်းမလှလေးရယ်။ ကိုယ့်ညီမ လက်ထပ်ပြီးသွားတော့ လူအိုကြီးက ကိုယ့်ကိုအာရုံစိုက်လာပြီ။ ကိုယ့်နေ့ရက်တွေက ခက်ခဲတော့မယ်။"
ဟယ့်တာ့ဟွားက နဉ်ရှုကိုမီစေရန် ပြေးလိုက်လာ၏။
"ကိုယ့်လိုယောက်ျားမျိုးကတောင် မင်းအတွက် မလုံလောက်သေးလို့လား?"
နဉ်ရှု သူ့ကိုကြည့်လိုက်သည်။
"ဝေးဝေးကို ထွက်သွားစမ်း။"
ဟယ့်တာ့ဟွားက သူ့နှာခေါင်းကိုပွတ်သည်။
"မင်း နည်းနည်းလောက်ပိုပြီး အလိမ္မာသုံးလို့မရဘူးလား? တော်သေးလို့၊ ငါ့ရင်ဘတ်က အရမ်းကျယ်နေလို့ပေါ့၊ မဟုတ်ရင် ငါ နာကျင်သွားရလောက်ပြီ။"
ဟယ့်တာ့ဟွားက တကယ်အတည်မဟုတ်တာကို နဉ်ရှု ပြောနိုင်သည်ဖြစ်ရာ သူမက စိတ်ပျက်နေသောလေသံဖြင့်ဆိုလာ၏။
"ရှင့်စကားတွေကို အလေးအနက်ထားတဲ့မိန်းကလေးမျိူးနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ? အဲ့အချိန်ကျ ရှင် ဘယ်လိုလုပ်မလဲ ကျွန်မ သိချင်မိသား။"
ဟယ့်တာ့ဟွားက သူ့ကိုယ်သူယပ်ခတ်ရင်း အားရပါးရရယ်လေ၏။
"ဒါတော်တော်ကောင်းမှာ။ တစ်ယောက်ယောက်သာ အတည်မှတ်လိုက်ရင် ငါ သူ့ကို ချက်ချင်းလက်ထပ်လိုက်မယ်။ ငါက ငါ့ပိုက်ကွန်ကိုဖြန့်နေတာပဲမဟုတ်ဘူးလား?"
နဉ်ရှု : ငရဲကိုထွက်သွားလိုက်တော့။
အခု ဝမ်ရူဟွားက သူ့ပျော်ရွှင်မှုကို ရှာတွေ့သွားပြီမို့ နဉ်ရှု ဒီနေရာကနေထွက်သွားရန်ပြင်တော့သည်။ နောက်ပိုင်းမှာ သူက ဟယ့်ရှောင်ဟွားနဲ့ ကုတင်ပေါ်မှာ အကြိမ်အများကြီးရန်ဖြစ်ပြီး ကလေးတွေ တစ်ပြုံကြီးရလာလိမ့်မယ်။ သူက သူမနဲ့ ဘာမှမဆိုင်တော့ဘူး။
"ဟုတ်သားပဲ၊ အဲ့သက်ကယ်အမိုးကို နည်းနည်းပြင်လိုက်စမ်းပါ။ နောက်သုံးရက်နေရင် ငါ့ညီမက ဝမ်ရူဟွားကို သူ့အမေဘက်ကမိသားစုဆီ အလည်အပတ်လိုက်ပို့ပေးလိမ့်မယ်။ ဒီနေရာနဲ့မင်းက ဝမ်ရူဟွားရဲ့အမေဘက်က အမျိုးတွေလို့ပြောလို့ရတယ်လေ။ ကျွတ် ကျွတ်၊ ငါ ဒီသက်ကယ်အမိုးကို ဖြိုချချင်နေတာ အတော်ကြာပြီ။ ဒါက တကယ်ကို အမြင်မတော်ဘူး။"
ဟယ့်တာ့ဟွားကပြောသည်။
နဉ်ရှု : ...
ဝမ်ရူဟွားကို သူ့အမေဘက်ကမိသားစုဆီ အလည်အပတ်လိုက်ပို့ပေးမယ်တဲ့လား!?
နဉ်ရှု ဟယ့်တာ့ဟွားကိုကြည့်လိုက်သည်။
"ရှင် ကျွန်မဝမ်းကွဲကို ဒီနည်းနဲ့အနိုင်ကျင့်ရင် သူ ရှင့်ကိုသတ်ဖို့ သေချာပေါက်ကြိုးစားလိမ့်မယ်။"
"စာသင်သားတွေက ပုန်ကန်ဖို့ နှစ်တစ်ရာယူတတ်ကြတယ်ကွ။ သူ့ကို ငါတောင် ဘာမှလုပ်ဖို့လိုမှာမဟုတ်ဘူး၊ ငါ့ညီမက သူနာခံလာအောင်သင်ကြားပေးဖို့ သန်မာနေပြီးသား။"
ဟယ့်တာ့ဟွားက အထင်သေးမှုတွေပြည့်နေတဲ့လေသံဖြင့်ဆိုသည်။
"ရှင် ကျွန်မဝမ်းကွဲကို အရမ်းအထင်သေးတာကို ဘာလို့ ဒီလက်ထပ်ပွဲကို သဘောတူလိုက်သေးလဲ?"
နဉ်ရှု ရှုပ်ထွေးသွားသည်။
ဟယ့်တာ့ဟွားကပြန်ဖြေသည်။
"ပထမဆုံးအကြောင်းပြချက်က ဟယ့်ရှောင့်ဟွားက သူ့ကို အရမ်းသဘောကျလို့။ ပြီးတော့ ဒုတိယအချက်က မင်းမြင်တာပဲ၊ ငါ့အဖိုးကြီးက စာသင်သားတွေကို အတော်လေးလေးစားတယ်။ သူက မိသားစုထဲမှာ ဘယ်လိုစာဖတ်ရမလဲဆိုတာသိတဲ့ မြေးလေးတစ်ယောက်လိုချင်နေတာ။"
အိုး၊ ဆိုတော့ ဝမ်ရူဟွားက အငှားပစ္စည်းလို အသုံးတော်ခံရမယ်ဆိုတာ ပေါ်လာပြီပဲ။
ပထမတော့ နဉ်ရှုက ထွက်သွားမှာဖြစ်သော်လည်း ဝမ်ရူဟွားက သူ့အမေဘက်က မိသားစုဆီ အလည်အပတ်ပြန်လာမှာမို့ ဒီလိုကြုံတောင့်ကြုံခဲကိစ္စကို သူမ လွဲချော်မသွားသင့်ဘူးလို့ တွေးလိုက်မိသည်။
ထို့အတွက် သူမက 'သတို့သမီးပြန်အလာ'ဆိုတဲ့ ရိုးရာဓလေ့ကို စောင့်နေတော့သည်။
...
[Zawgyi]
{'သတို႔သမီး ျပန္အလာ'ကိုေစာင့္ေနတာ}
ဝမ္ရူဟြားမွာ မဂၤလာခန္းဆီ အသတ္ခံရေတာ့မည့္ဝက္တစ္ေကာင္လို ဆြဲေခၚသြားျခင္းခံလိုက္ရ၏။ မဂၤလာခန္းက ဘယ္လိုအေျခအေနျဖစ္သြားမလဲဆိုတာ နဥ္ရႈ တကယ္မသိေတာ့ပါေခ်။
ဟယ့္ေရွာင္ဟြားက ဒါကို နည္းနည္းေလ်ွာ့ေလ်ွာ့ေပါ့ေပါ့လုပ္သင့္တယ္လို႔ သူမ ေတြးလိုက္မိသည္။ အဆံုးမွာေတာ့ ဝမ္ရူဟြားက သူ႔ဗိုက္မွာ ဒဏ္ရာရိွေနေသးသည္ေလ။
စားေသာက္ပြဲမွာ စားေသာက္ၿပီးေနာက္ နဉ္ရႈက သက္ကယ္အိမ္ေလးဆီျပန္ဖို႔ျပင္သည္။
"မိန္းမလွေလး။"
ဟယ့္တာ့ဟြားက ကုန္းေစာင္းပုေလးကေန ခုန္ဆင္းလာကာ သူ႔ယပ္ေတာင္ကို ဖြင့္ကာ ယပ္ခတ္ရင္း က်က္သေရရိွဟန္ေဆာင္၏။
"မိန္းမလွေလး၊ ဝမ္ရူဟြားက ကိုယ့္ညီမေလးကို လက္ထပ္ၿပီးသြားၿပီဆိုေတာ့ ကိုယ္တို႔လည္း လက္ထပ္ဖို႔အခ်ိန္က်ၿပီမဟုတ္လား? ကိုယ္တို႔က ေကာင္းကင္ဘံုက တြဲဖက္ေပးထားတဲ့ ဖူးစာဖက္ေတြပဲ၊ ကိုယ္တို႔က ေဆြမ်ိဳးေတြထက္ေတာင္ ပိုနီးစပ္ၾကတယ္ေလ။"
နဉ္ရႈ၌ကား သူ႔အတြက္ စကားတစ္ခြန္းသာရိွ၏။
"ထြက္သြား။"
"ဒီလိုမလုပ္ပါနဲ႔ မိန္းမလွေလးရယ္။ ကိုယ့္ညီမ လက္ထပ္ၿပီးသြားေတာ့ လူအိုႀကီးက ကိုယ့္ကိုအာရံုစိုက္လာၿပီ။ ကိုယ့္ေန့ရက္ေတြက ခက္ခဲေတာ့မယ္။"
ဟယ့္တာ့ဟြားက နဉ္ရႈကိုမီေစရန္ ေျပးလိုက္လာ၏။
"ကိုယ့္လိုေယာက္်ားမ်ိဳးကေတာင္ မင္းအတြက္ မလံုေလာက္ေသးလို႔လား?"
နဉ္ရႈ သူ႔ကိုၾကၫ့္လိုက္သည္။
"ေဝးေဝးကို ထြက္သြားစမ္း။"
ဟယ့္တာ့ဟြားက သူ႔ႏွာေခါင္းကိုပြတ္သည္။
"မင္း နည္းနည္းေလာက္ပိုၿပီး အလိမၼာသံုးလို႔မရဘူးလား? ေတာ္ေသးလို႔၊ ငါ့ရင္ဘတ္က အရမ္းက်ယ္ေနလို႔ေပါ့၊ မဟုတ္ရင္ ငါ နာက်င္သြားရေလာက္ၿပီ။"
ဟယ့္တာ့ဟြားက တကယ္အတည္မဟုတ္တာကို နဉ္ရႈ ေျပာႏိုင္သည္ျဖစ္ရာ သူမက စိတ္ပ်က္ေနေသာေလသံျဖင့္ဆိုလာ၏။
"ရွင့္စကားေတြကို အေလးအနက္ထားတဲ့မိန္းကေလးမ်ိူးနဲ႔ေတြ့ရင္ ဘယ္လိုလုပ္မလဲ? အဲ့အခ်ိန္က် ရွင္ ဘယ္လိုလုပ္မလဲ ကြၽန္မ သိခ်င္မိသား။"
ဟယ့္တာ့ဟြားက သူ႔ကိုယ္သူယပ္ခတ္ရင္း အားရပါးရရယ္ေလ၏။
"ဒါေတာ္ေတာ္ေကာင္းမွာ။ တစ္ေယာက္ေယာက္သာ အတည္မွတ္လိုက္ရင္ ငါ သူ႔ကို ခ်က္ခ်င္းလက္ထပ္လိုက္မယ္။ ငါက ငါ့ပိုက္ကြန္ကိုျဖန႔္ေနတာပဲမဟုတ္ဘူးလား?"
နဉ္ရႈ : ငရဲကိုထြက္သြားလိုက္ေတာ့။
အခု ဝမ္ရူဟြားက သူ႔ေပ်ာ္ရႊင္မႈကို ရွာေတြ့သြားၿပီမို႔ နဉ္ရႈ ဒီေနရာကေနထြက္သြားရန္ျပင္ေတာ့သည္။ ေနာက္ပိုင္းမွာ သူက ဟယ့္ေရွာင္ဟြားနဲ႔ ကုတင္ေပၚမွာ အႀကိမ္အမ်ားႀကီးရန္ျဖစ္ၿပီး ကေလးေတြ တစ္ၿပံဳႀကီးရလာလိမ့္မယ္။ သူက သူမနဲ႔ ဘာမွမဆိုင္ေတာ့ဘူး။
"ဟုတ္သားပဲ၊ အဲ့သက္ကယ္အမိုးကို နည္းနည္းျပင္လိုက္စမ္းပါ။ ေနာက္သံုးရက္ေနရင္ ငါ့ညီမက ဝမ္ရူဟြားကို သူ႔အေမဘက္ကမိသားစုဆီ အလည္အပတ္လိုက္ပို႔ေပးလိမ့္မယ္။ ဒီေနရာနဲ႔မင္းက ဝမ္ရူဟြားရဲ့အေမဘက္က အမ်ိဳးေတြလို႔ေျပာလို႔ရတယ္ေလ။ ကြၽတ္ ကြၽတ္၊ ငါ ဒီသက္ကယ္အမိုးကို ၿဖိဳခ်ခ်င္ေနတာ အေတာ္ၾကာၿပီ။ ဒါက တကယ္ကို အျမင္မေတာ္ဘူး။"
ဟယ့္တာ့ဟြားကေျပာသည္။
နဉ္ရႈ : ...
ဝမ္ရူဟြားကို သူ႔အေမဘက္ကမိသားစုဆီ အလည္အပတ္လိုက္ပို႔ေပးမယ္တဲ့လား!?
နဉ္ရႈ ဟယ့္တာ့ဟြားကိုၾကၫ့္လိုက္သည္။
"ရွင္ ကြၽန္မဝမ္းကြဲကို ဒီနည္းနဲ႔အႏိုင္က်င့္ရင္ သူ ရွင့္ကိုသတ္ဖို႔ ေသခ်ာေပါက္ႀကိဳးစားလိမ့္မယ္။"
"စာသင္သားေတြက ပုန္ကန္ဖို႔ ႏွစ္တစ္ရာယူတတ္ၾကတယ္ကြ။ သူ႔ကို ငါေတာင္ ဘာမွလုပ္ဖို႔လိုမွာမဟုတ္ဘူး၊ ငါ့ညီမက သူနာခံလာေအာင္သင္ၾကားေပးဖို႔ သန္မာေနၿပီးသား။"
ဟယ့္တာ့ဟြားက အထင္ေသးမႈေတျြပၫ့္ေနတဲ့ေလသံျဖင့္ဆိုသည္။
"ရွင္ ကြၽန္မဝမ္းကြဲကို အရမ္းအထင္ေသးတာကို ဘာလို႔ ဒီလက္ထပ္ပြဲကို သေဘာတူလိုက္ေသးလဲ?"
နဉ္ရႈ ရႈပ္ေထြးသြားသည္။
ဟယ့္တာ့ဟြားကျပန္ေျဖသည္။
"ပထမဆံုးအေၾကာင္းျပခ်က္က ဟယ့္ေရွာင့္ဟြားက သူ႔ကို အရမ္းသေဘာက်လို႔။ ၿပီးေတာ့ ဒုတိယအခ်က္က မင္းျမင္တာပဲ၊ ငါ့အဖိုးႀကီးက စာသင္သားေတြကို အေတာ္ေလးေလးစားတယ္။ သူက မိသားစုထဲမွာ ဘယ္လိုစာဖတ္ရမလဲဆိုတာသိတဲ့ ေျမးေလးတစ္ေယာက္လိုခ်င္ေနတာ။"
အိုး၊ ဆိုေတာ့ ဝမ္ရူဟြားက အငွားပစၥည္းလို အသံုးေတာ္ခံရမယ္ဆိုတာ ေပၚလာၿပီပဲ။
ပထမေတာ့ နဉ္ရႈက ထြက္သြားမွာျဖစ္ေသာ္လည္း ဝမ္ရူဟြားက သူ႔အေမဘက္က မိသားစုဆီ အလည္အပတ္ျပန္လာမွာမို႔ ဒီလိုႀကံဳေတာင့္ႀကံဳခဲကိစၥကို သူမ လြဲေခ်ာ္မသြားသင့္ဘူးလို႔ ေတြးလိုက္မိသည္။
ထို႔အတြက္ သူမက 'သတို႔သမီးျပန္အလာ'ဆိုတဲ့ ရိုးရာဓေလ့ကို ေစာင့္ေနေတာ့သည္။
...
Advertisement
- In Serial37 Chapters
The Mercenary's Mage
The Mage It's been fifteen years since The Stone King's curse was broken... a disillusioned Wen Reian, haunted by the missing pieces of his own memory, must come face to face with the past while he fights to create a future that will allow his wounds the space to heal... even if that means parting with those he once died to save. Will Reian ever come to terms with what he's lost? Or will his shame and anger turn him into the creature, he already fears he truly is? The Mercenary Lan Kai-Le, a man who has lived his life in and out of the shadows, is no stranger to wounds. He has endured them and he has inflicted plenty more. Living for the hope of one day avenging the deaths of his parents and village, Kai-Le learned a long time ago that the real monsters, are human beings.
8 203 - In Serial20 Chapters
The Draconic Lord Rises (Book 1)
In a world where magical creatures roam throughout and humans draw their powers from their beast souls, Ryther seeks to forge his own destiny as he begins on his path of a warrior. With his beast soul, watch as Ryther takes his first steps on the road to becoming known later as the Draconic Lord.
8 141 - In Serial15 Chapters
My Seraphim
An angel held captive for centuries has finally broken free into a strange new world far different from the one she remembers. Now with the aid of a former Charietto and a handful of his old colleagues, Seraphim must flee through a world of people out to take her for themselves. To claim her power, her ichor, her very wings, for themselves.
8 132 - In Serial89 Chapters
Random memes and quotes
Way to light up your dark days..And a way to darken your light days.. I do not own any of these creative pictures. I just love memes/quotes and want to share them here. Including:-fanarts -Quotes-Gifs-funny expressionsmost memes:Games (especially DBH)Anime
8 213 - In Serial102 Chapters
EMOTIONS
I hide a thousands feelings behind a pretty little face,but deep down it's melting so weak and weary! It cries,screams and wanders in the forest of darkness hopping to locate sunlight at dawn but all in vain! Your most welcome to my "EMOTIONAL BANK" basically Conservations between my Heart and mind of love,hate,betrayal,lust and that life has to offer! AWARDS IT WONPOET OF THE YEAR @THE KING AWARDS 2020GOD OF POETRY @BANANA AWARDS 20211st PLACE BEST POETRY @THE KING AWARDS 2020🥇 1st PLACE BEST POETRY WRITER @BANANA AWARDS 20211st PLACE POETRY WINNER @DEBONAIR ACCORD1st PLACE @THE INDIAN AWARDS 20211st PLACE POETRY @RISING PHOENIX AWARDS 2020🥇 1st PLACE @The Junior Inn Community 20211st PLACE @THE INK & PEN AWARDS 20201st PLACE @THE SITTING DOWN AWARDS 20211st PLACE @THE HALL OF FAME 20202nd PLACE @THE DARKNESS POETRY AWARDS 2020 🥈 2nd PLACE @THE MARINE COMMUNITY 20212nd PLACE @CLNAWARDS 20213rd PLACE @THE FAST FOOD AWARDS 20213rd PLACE @THE CARNIVAL AWARDS 2021 3rd PLACE @THE RISING STAR 💫 AWARDS 2020🥉 3rd PLACE @ THE PHOENIX AWARDS 20203rd PLACE @THE CHERRY COMMUNITY AWARDS 2020BEST BOOK OF DECEMBER 2020 POETRY @THE LOTUS COMMUNITY 2020BEST COVER @RISING PHOENIX AWARDS 2020BEST OVERALL COVER @MINI AWARDS 2021BEST CREATIVE COVER @THE AESTHETIC AWARDS 2020
8 395 - In Serial5 Chapters
Black Sirens Past Comes To Haunt Her Again [Completed]
Laurel gets affected by a drug.Her pasts comes to haunt her and it's one bad choice to the next to the next....
8 184

