《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 95
Advertisement
[Unicode]
{ဒါက ကျွန်မရဲ့ဝမ်းကွဲအစ်ကိုအတွက် ကျွန်မပြင်ပေးထားတဲ့ တင်တောင်းပစ္စည်းပါ}
"မင်္ဂလာအချိန်ရောက်လာပြီ။ သတို့သားက ဘာလို့ နွားပေါ်မှာပဲ ထိုင်နေသေးတာလဲ?"
ဟယ့်တာ့ဟွားက စူးစိုက်ကြည့်ကာဆိုသည်။
ဝမ်ရူဟွားက သူ့ကို အရေးမလုပ်ဘဲ နဥ်ရှုကိုသာ တန်းတန်းမတ်မတ်ကြည့်လာ၏။ နဥ်ရှုက ချက်ပင်းပင်လျှောက်လှမ်းလာသည်။
"ဝမ်းကွဲအစ်ကို၊ အစ်ကို နွားပေါ်ကဆင်းပြီး ရိုးရာဓလေ့အတိုင်း ဒူးထောက်အရိုအသေပေးရမယ့်အချိန်ရောက်တော့မယ်။"
"ငါ ဟယ့်ရှောင်ဟွားကို လက်ထပ်မှာမဟုတ်ဘူးလို့ အရင်တည်းက ပြောခဲ့ပြီးသား။"
ဝမ်ရုဟွားရဲ့အသံက စိတ်ရှုပ်နေပုံပေါ်သော်လည်း သူက တစ်စုံတစ်ရာကို မျှော်လင့်နေပုံဖြင့် နဉ်ရှုကိုကြည့်နေလေ၏။
ထိုအချိန်တွင် ဟယ့်တာ့ဟွားကတော့ ဝမ်ရူဟွားကို လူသတ်ချင်နေသည့်အကြည့်တို့ဖြင့် ကြည့်လာသည်။ ရွာလူကြီးရဲ့မျက်နှာက မည်းမှောင်သွားကာ သူက ဝမ်ရူဟွားကို နွားပေါ်ကဆွဲချပြီး ဧည့်ခန်းမဆီခေါ်လာဖို့ လူတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
ဝမ်ရူဟွားက ရုန်းကန်ချင်ခဲ့သော်လည်း သူ့လို အားနည်းတဲ့စာသင်သားတစ်ယောက်က အလုပ်ကြမ်းတွေလုပ်လာခဲ့ရတဲ့ရွာသားတစ်ယောက်ကိုမရုန်းနိုင်ပေ။ အထူးသဖြင့် သူ ဒဏ်ရာလည်းရထားချိန်မှာပင်။
ဝမ်ရူဟွားမှာ ရိုးရာဓလေ့များကိုလုပ်ဆောင်ဖို့ အတင်းအကြပ်ဖိအားပေးခြင်းခံရ၏။ 'အခမ်းအနား ပြီးမြောက်ပါပြီ'ဆိုတဲ့စကားကိုကြားလိုက်ရချိန်၌ သူ့နှလုံးသားထဲက တစ်စုံတစ်ရာ ပေါက်ကွဲသွားကာ စိတ်ခံစးချက်တို့ ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။
နဥ်ရှုသည်ကား ဒေါသကြောင့်နီရဲနေသည့် ဝမ်ရူဟွား၏မျက်နှာထက်တွင် ခံစားချက်ပေါင်းစုံ ဖြတ်ပြေးသွားသည်ကို ကြည့်နေခဲ့၏။ သူ့မျက်နှာထက်မှာ ပေါ်မလာတဲ့ တစ်ခုတည်းသောခံစားချက်က ပျော်ရွှင်မှုပင်။
သူမက လမ်းလျှောက်လာကာ ရွာလူကြီးကို ချိုမြိန်စွာပြုံးပြသည်။
"ရွာလူကြီးရှင့်၊ ကျွန်မရဲ့ဝမ်းကွဲအစ်ကိုကို ရွာလူကြီးရဲ့ဂရုစိုက်ပေးမှုအောက်မှာ ထားခဲ့ပါတော့မယ်။ ဒါက ကျွန်မ ဝမ်းကွဲအစ်ကိုအတွက် ပြင်ပေးထားတဲ့ တင်တောင်းပစ္စည်းပါ။ ဝမ်းကွဲအစ်ကိုရဲ့အသက်ကိုကယ်ခဲ့တဲ့ဂျင်ဆင်းက ရှင့်ရဲ့ တန်ဖိုးအရှိဆုံးအရာလို့ ကျွန်မကြားလိုက်ရလို့ နောက်ထပ် ဂျင်ဆင်းတစ်ခုထပ်ဝယ်ပေးဖို့ မြို့ကို လူတစ်ယောက် အထူးတလည်စေလွှတ်လိုက်တာပါ။"
နဥ်ရှုက ယွဲ့လန်လက်ထဲက ဂျင်ဆင်းကိုယူကာ ရွာလူကြီးဆီလွှဲပေးလိုက်သည်။ ရွာလူကြီးက သေတ္တာကိုဖွင့်လိုက်ပြီး ဂျင်ဆင်းရဲ့အရည်အသွေးက သူ့မှာရှိတဲ့တစ်ခုနဲ့ သိပ်မကွာခြားတာကိုတွေ့တဲ့အခါ သူ့မျက်နှာထက်မှာ ပျော်ရွှင်မှုက ချက်ချင်းတောက်ပလာ၏။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ အရမ်းကြီး ယဥ်ကျေးနေစရာမလိုပါဘူး။ ဦးလေးတို့က တစ်မိသားစုတည်းပဲလေ၊ ဦးလေးတို့အားလုံးက မိသားစုတွေပါပဲ။"
ဂျင်ဆင်းကို ဝမ်ရူဟွားမြင်တဲ့အခါ သူ့မျက်လုံးတွေက နီရဲသွားကာ သူကပြောလာသည်။
"အရင်က မင်း ဘာလို့ ဂျင်ဆင်းကိုမထုတ်တာလဲ? ဘာလို့လဲ? ဘာလို့လဲ!?"
ပိုင်ချင်ရှန်းသာ ဂျင်ဆင်းကိုစောစောထုတ်လာခဲ့ရင် သူ ဟယ့်ရှောင်ဟွားကို လက်ထပ်ရမှာမဟုတ်သလို ဒီလိုအရှက်ကွဲရမှာလည်းမဟုတ်ဘူး။
သူ(နဉ်ရှု)က ဂျင်ဆင်းကို ဟယ့်မိသားစုဆီ ဒီအတိုင်းပြန်ပေးလိုက်သင့်တာ! သူ(နဉ်ရှု) ဒီလိုလုပ်ရင် ဂျင်ဆင်းလေးတစ်ခုတည်းအတွက်နဲ့ သူ ဒီလိုကြောက်စရာအကြပ်အတည်းထဲ ကျမှာမဟုတ်ဘူး။
နဉ်ရှုက စိတ်ထဲကြိတ်ကာဆိုသည်။ ဘာလို့လဲဆိုတော့ အဓိပ္ပာယ်မရှိ ရုန်းကန်နေတဲ့ နင့်ပုံစံကို ငါသဘောကျလို့လေ။
နဉ်ရှုက အံ့အားသင့်သွားသလို ဟန်ဆောင်လိုက်သည်။
"အရင်က ညီမမှာ ဂျင်ဆင်းမရှိဘူးလေ။ ညီမက အစ်ကိုလက်ထပ်တော့မှာမို့ ဂုဏ်ပြုလက်ဆောင်အနေနဲ့ပေးရအောင်ဆိုပြီး ဒါကိုဝယ်ဖို့ လူလွှတ်လိုက်တာ။ ဝမ်းကွဲအစ်ကို၊ ညီမ အမှားလုပ်မိလို့လား?"
ဝမ်ရူဟွားရဲ့နှလုံးသားက ဒေါသတို့ဖြင့် ပူလောင်လို့နေသည်။ သူ သူ့ရင်ဘတ်ကိုကုတ်ခြစ်ကာ ကောင်းကင်ကိုမော့ကြည့်ပြီး အော်ဟစ်ပစ်လိုက်ချင်သည်။ သူသာ သူ့ဒေါသကို ဒီလိုဆက်ချိုးနှိမ်ထားရမယ်ဆို သူရူးသွားတော့မယ်လို့ တွေးလိုက်မိသည်။
ဝမ်ရူဟွားက သူ့ရင်ဘတ်ပေါ်က အနီရောင်ဖဲပွင့်ကြီးကို ဆွဲဖြုတ်ကာ ကြမ်းပေါ်ပစ်ချလိုက်သည်။
"ခင်ဗျားတို့ဂျင်ဆင်းကို ခင်ဗျားတို့ပြန်ရပြီပဲ။ ဒီတော့ ကျုပ် ဟယ့်ရှောင်ဟွားကို လုံးဝလက်မထပ်ဘူး။"
ရွာလူကြီးရဲ့အမူအရာက အေးစက်သွားသည်။ ဟယ့်တာ့ဟွားက ပြော၏။
"သောက်အယုတ်တမာကောင်! လောင်းမလား? မင်း ဒီခန်းမထဲက အသက်ရှင်ရက် ထွက်သွားနိုင်မလားဆိုတာကြည့်ကြသေးတာပေါ့? မင်း ထွက်သွားနိုင်ရင် ငါ ငါ့မျိုးရိုးကို မင်းမျိုးရိုးနာမည်ပြောင်းပစ်လိုက်မယ်!"
ထိုအချိန်တွင် ဟယ့်ရှောင်ဟွားက သူမရဲ့မျက်နှာအုပ်ဇာပဝါကိုဆွဲဖယ်ကာ ဝမ်ရူဟွားကိုကြည့်လာသည်။ သူမစကားပြောလိုက်ချိန်၌ ပုံမှန်အားဖြင့် ဆွဲဆောင်မှုရှိကာအနီရောင်တောက်နေသောမျက်နှာချေက သူမရဲ့အမူအရာနှင့်အတူ ရက်စက်ခက်ထန်ဟန်ပြောင်းလဲသွားသည်။
"ပါးစပ်ပိတ်ထား၊ ငါတို့ မင်္ဂလာအိပ်ခန်းကို သွားမယ်!"
...
အမှန်တော့ သုံးပိုင်းတင်ပေးဖို့ အစီအစဥ်မရှိဘူး။ ရှေ့က Chapter - 94မှာ Zawgyiမရဘူးပြောနေကြလို့။ အိုင် အသေအချာကိုထည့်ထားတယ်။ ဘာလို့မရတာလဲတော့ မသိဘူး။ libထဲကထုတ်ပြီး ပြန်ထည့်ကြည့်ကြပေါ့။ ဒါပြောဖို့ လာတင်တာ။
...
[Zawgyi]
Advertisement
...
...
Advertisement
- In Serial41 Chapters
The supreme genius
Qiang Feng was considered genius from the moment he started cultivation he showed an outstanding talent, plus his father the family leader who controls the whole village, he had an easy life, but one day he heard avoice in his head that showed him how small he was really , and how he was just a small frog at the bottom of the well.
8 129 - In Serial37 Chapters
Re:Chances
A man whose past is filled with regrets, with nothing binding him in the present and no hopes for the future. Such a man dies and is thrown into another realm. He doesn't know how it happened, just that a mysterious voice was the first thing he heard.But his reincarnation is one of the least things on his mind. What he really cares about is not repeating the mistakes of the past.He won't waste the chance he had been given.Not again.WARNING: TAGGED: 18+ For Strong Language and Descriptive Gore-------------------------------------------------------------------------Chapters will come out every few days.Title is subject to change.The support your author movement: http://royalroadl.com/forum/showthread.php?tid=51354
8 195 - In Serial23 Chapters
Star Wars {ONESHOTS AND SMUTS}
The reader IS female.The main characters I will write for are...Anakin Skywalker x readerObi-Wan Kenobi x readerThe Mandolorian x readerI will write other characters if it is requested to be someone else, or if I feel like it. I do take requests.Started: 5/31/22BEST RANK#3 in Darth
8 196 - In Serial3 Chapters
jealous
in which jungkook bought a puppy for taehyungcompletedtaekookone shot© sryslyunji All Rights Reserved 2017
8 171 - In Serial74 Chapters
The Advice Column V
Mad?Conflicted?Sad?Annoyed?Angry?Heart broken?Confused?If so, check out our guidelines so we can give you the best chill pill of your life. . .in the form of advice, of course. 🙂Please read our Guidelines chapter on how to submit an advice request before submitting a request.
8 198 - In Serial6 Chapters
rabbits sin of silence (Seven Deadly Sins X reader)
There were eight deadly sins but, seven sounds better.It's more catchy.It lets people be bystanders, it lets them watch without interference.Because the eighth sin was the sin of silence.and no one likes to see the faults in themselves.------------- discontinued -none of the characters of plot lines from the seven deadly sins belong to me.
8 234