《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 94
Advertisement
[Unicode]
{ဝမ်ရူဟွားရဲ့အမေဘက်က ဆွေမျိုးအနေနဲ့}
ဝမ်ရူဟွား အတော်လေးပြန်ကောင်းမွန်လာကာ လမ်းပြန်လျှောက်နိုင်သည့်အချိန်၌ ရွာလူကြီးတို့မိသားစုက ဝမ်ရူဟွားနဲ့ ဟယ့်ရှောင်ဟွားရဲ့လက်ထပ်ပွဲကို ချက်ချင်းပြင်ဆင်လေ၏။ အနီရောင်တောက်တောက်မီးအိမ်တွေနဲ့ ဆေးခြယ်ထားသည့်စာတန်းများက တစ်ရွာလုံးပေါ်ပေါက်လာခဲ့သည်မို့ ဝမ်ရူဟွားမှာ ဒေါသထွက်သွားရကာ ကုတင်ထက်တွင် အရုပ်ကြိုးပြတ်ထိုင်ချလိုက်၏။
နဉ်ရှုက သူမကလည်း ဝမ်ရူဟွားရဲ့အမေဘက်က ဆွေမျိုးလို့သတ်မှတ်လို့ရသည်ဟုတွေးကာ ဝတ်စုံအများအပြား၊ စောင်အသစ်စက်စက်တစ်ထည်နဲ့ ငွေတုံးအမြောက်အများကို စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်လေ၏။ သူမက ဒါတွေက သူမ သူ့အတွက်ပြင်ဆင်ပေးထားသည့် သတို့သမီးတင်တောင်းကြေးဟုဆိုကာ ဝမ်ရူဟွားကို လက်ဆောင်ပေးသည်။
'သတို့သမီးတင်တောင်းကြေး'ဆိုသည့်စကားကိုကြားသည်၌ ဝမ်ရူဟွားမှာ ပေါက်ကွဲသွားရပြီး ငွေတုံးတွေအားလုံးကို တွန်းဖယ်ကာ နဉ်ရှုကို စူးရဲစွာကြည့်လာ၏။
"ဟယ့်ရှောင်ဟွားကို ဇနီးအဖြစ်ယူမယ့်အစား ငါ သေပဲသေလိုက်မယ်။"
နဉ်ရှုက ကြမ်းပေါ်မှငွေတုံးများကို ကောက်ယူရင်း သူ့ကို အမှန်ပြန်ပြင်ပေးလိုက်သည်။
"ဝမ်းကွဲအစ်ကို၊ အခု အစ်ကိုက ဟယ့်မိသားစုထဲကို လက်ထပ်ပြီးဝင်ရမှာ။ ဟယ့်သခင်မလေးက အစ်ကို့ကို ယောက်ျားအဖြစ်ယူတာ၊ အစ်ကိုက သူ့ကို မိန်းမအဖြစ်ယူတာမဟုတ်ဘူး။"
"ပိုင်ချင်ရှန်း၊ မင်း တကယ်ပဲ ငါ့ကိုဖျက်ဆီးရပြီးမှ ကျေနပ်မှာလား?"
ယခုမူ ဝမ်ရူဟွား၏ပိန်ပါးသောမျက်နှာက အလွန်ပင်ရက်စက်ကြမ်းကြုတ်တော့မည့်ပုံပေါ်နေ၏။
နဉ်ရှုက ရှုပ်ထွေးနေသလိုဟန်ဆောင်ကာ မတရားခံလိုက်ရသည့်အမူအရာဖြင့်ဆိုသည်။
"ဝမ်းကွဲအစ်ကို၊ အစ်ကို ဘယ်လိုလုပ်ပြီး အဲ့လိုတွေးနိုင်ရတာလဲ? ညီမလုပ်သမျှက အစ်ကိုကောင်းဖို့ပါ။ ဟယ့်သခင်မလေးရဲ့ဂျင်ဆင်းကြောင့်သာမဟုတ်ရင် အစ်ကိုက အခု ဒီနေရာမှာ ချင်ရှန်းကိုစကားပြောနေမယ့်အစား ငရဲပြည်ရောက်နေလောက်ပြီ။"
ဝမ်ရူဟွား : …
နဉ်ရှုက ဆက်ပြောသည်။
"စိတ်မပူပါနဲ့ ဝမ်းကွဲအစ်ကို။ ကျန်းမာရေးပြန်ကောင်းလာဖို့ကိုပဲ အာရုံစိုက်ထားပြီး အားလုံး ညီမကို လွှဲထားလိုက်ပါ။ အစ်ကို သူတို့မိသားစုထဲဝင်တဲ့အခါ ဝံ့ဝံ့ကြွားကြွားနဲ့ခေါင်းမော့နေနိုင်အောင်လို့ ညီမ လက်ဆောင်တွေကို ခမ်းခမ်းနားနားပြင်ထားပေးမှာပါ။"
"ပြီးတော့ အဲ့ကိစ္စကို လူအများကြီးလည်းမြင်ခဲ့ကြတာလေ။ အစ်ကို ကတိမပေးခဲ့သလို ဟန်ဆောင်နေမလို့လား? အစ်ကို တကယ်ပဲ ဟယ့်သခင်မလေးရဲ့ဂုဏ်သတင်းကို ဖျက်ဆီးတော့မှာလား? အဲ့လိုအပြုအမူမျိုးကို အစ်ကိုအမုန်းဆုံးပဲမဟုတ်ဘူးလား? ဟယ့်တာ့ဟွားက မိန်းမပျိုလေးတွေကိုစနောက်ပြီး သူတို့ရဲ့ဂုဏ်သတင်းကို ဖျက်ဆီးတာကို အစ်ကို အမြဲအထင်သေးခဲ့တယ်မဟုတ်ဘူးလား? ဝမ်းကွဲအစ်ကို၊ အစ်ကို အဲ့လိုကိစ္စမျိုးကို လုံးဝမလုပ်ဘူးမဟုတ်လား?"
ဝမ်ရူဟွားရဲ့နှုတ်ခမ်းတွေက ဒေါသကြောင့်တုန်ရီလာသော်လည်း နဉ်ရှုက ထိုသည်ကိုလျစ်လျူရှုကာ ဆက်ပြောလေ၏။
"ချင်ရှန်းက အစ်ကို့အသက်ကိုကယ်ဖို့အတွက်ပဲ ဒီလိုလုပ်ခဲ့တာပါ။ ဟယ့်သခင်မလေးကလည်း မိန်းမကောင်းလေးပါပဲ၊ သူက အစ်ကိုနဲ့အရမ်းကိုလိုက်ဖက်တဲ့သူပါ။"
"မင်းက ငါ့ကိုဒဏ်ရာရအောင်လုပ်ခဲ့တယ်၊ ပြီးတော့ ငါ့ကို ဂျင်ဆင်းတစ်ခုအတွက်နဲ့ရောင်းစားတယ်၊ ပြီးတော့ ဒါက ငါကောင်းဖို့အတွက်ပါလို့ မင်းကလာပြောနေတယ်လား? ပိုင်ချင်ရှန်း၊ မင်း မင်းရဲ့ကံကောင်းမှုကို တွန်းထုတ်မနေသင့်ဘူး!"
ဝမ်ရူဟွားက အော်သည်။
နဉ်ရှုက ပို၍ပင်မတရားခံလိုက်ရသလို ဟန်ဆောင်လေ၏။
"ဝမ်းကွဲအစ်ကို၊ အဲ့ဒါက အစ်ကိုမှန်းမသိဘူးလို့ ညီမ အစ်ကို့ကို ပြောခဲ့ပြီးပြီလေ။ ညီမသာသိခဲ့ရင် ညီမ သေချာပေါက် အဲ့လိုလုပ်မှာမဟုတ်ဘူးလို့။ တဲထဲကိုခိုးဝင်လာမယ့်အစား အစ်ကို ညီမကို အပြင်ကနေအော်ခေါ်ခဲ့သင့်တာ။ ဘယ်သူမဆို ညကြီးသန်းခေါင်မှာ မိန်းမပျိုလေးတစ်ယောက်ရဲ့အခန်းထဲ ခိုးဝင်တဲ့လူက ကောင်းတဲ့လူမဟုတ်ဘူးလို့ တွေးမှာပဲ။ ပြီးတော့ ဂျင်ဆင်းက သုံးပြီးသွားပြီ၊ သုံးတာကလည်း ညီမအတွက်မှမဟုတ်တာ၊ ဒါကို အစ်ကိုက ဘယ်လိုလုပ်ပြီး ညီမက ဂျင်ဆင်းတစ်ခုအတွက် အစ်ကို့ကိုရောင်းစားပါတယ်လို့ ပြောနိုင်ရတာလဲ?"
ဝမ်ရူဟွားမှာ ဒေါသထွက်လွန်းရ၍ စကားတစ်ခွန်းပင်မဆိုနိုင်တော့ဘဲ သူမကို ထွက်သွားဖို့သာ အော်ပြောလိုက်နိုင်သည်။
သို့ဖြစ်ရကား နဉ်ရှုက အလောတကြီးပင်ပြန်ထွက်သွားကာ သူ့ဒဏ်ရာကို ဖိအုပ်လျက် နာကျင်စွာညည်းညူနေသည့် ဝမ်ရူဟွားကို ထားခဲ့လေ၏။
ရွာလူကြီးက ပြက္ခဒိန်အဟောင်းတစ်ခုကိုသုံးကာ လက်ထပ်ပွဲအတွက် ရက်ကောင်းရက်မြတ်ရွေးသည်။
ဤမင်္ဂလာပွဲနေ့တွင် ရာသီဥတုက အလွန်ပင်သာယာလှ၏။ ရွာလူကြီးတို့မိသားစုက ဗျောက်အိုးတွေအများကြီးဖောက်စေခဲ့တာမို့ ပတ်ဝန်းကျင်က အလွန်ပင်တက်ကြွလှုပ်ရှားနေခဲ့၏။ အနှီတက်ကြွလန်းဆန်းလှသောပတ်ဝန်းကျင်လေထုမှာ ဝမ်ရူဟွား၏ သက်ကယ်မိုးအိမ်စုတ်ကလေးဆီထိပင် ရောက်ရှိလာသည်။
နဉ်ရှုက စိတ်အားထက်သန်စွာဖြင့် ဧည့်သည်များကို ကြိုဆို၏။ ထိုအချိန်တွင် သတို့သားအခန်းထဲရှိ ဝမ်ရူဟွားမှာတော့ ပြင်ဆင်ပေးခြင်းခံရကာ ကြက်သွေးရောင်မင်္ဂလာဝတ်စုံကို အတင်းအကြပ်ဝတ်ဆင်ပေးခြင်းခံထားရသည်။ ယခုအချိန်တွင်တော့ သူက အပြင်သို့ခေါ်ဆောင်လာခြင်းခံရကာ နွားကျောပေါ်တက်နိုင်စေရန်ကူညီပေးခြင်းခံရလျက် ရွာလူကြီး၏အိမ်ဆီသွားရန်ပြင်ဆင်နေရသည်။
ဝမ်ရူဟွားရဲ့မျက်နှာက လုံးဝဖြူဖျော့နေကာ သူ့မျက်နှာထက်တွင် ပျော်ရွှင်သည့်အရိပ်အယောင် တစ်စွန်းတစ်စလေးပင်ရှိမနေခဲ့ချေ။ နဉ်ရှုကိုကြည့်လာသည့်သူ့မျက်လုံးတွေက အမုန်းတရားတို့ဖြင့်ပြည့်နေသော်လည်း နဉ်ရှုကမူ ချိုမြစွာပြုံးပြလာကာဆို၏။
"ဝမ်းကွဲအစ်ကို၊ အစ်ကို အရင်သွားနှင့်ပါ။ ညီမ မကြာခင် အဲ့ကိုရောက်မယ်။"
ဝမ်ရူဟွားရဲ့မျက်နှာက ပို၍ပင်ဖြူဖျော့သွားပြီး သူ့ကိုယ်က အင်မတန်တုန်ရီလို့လာတာကြောင့် ပြုတ်ကျတော့မလိုပင်ထင်ရသည်။
ရွာလူကြီး၏အိမ်ကိုရောက်သည်၌ ခြံဝင်းထဲမှာ အသီးအရွက်တွေ၊ ဆူညံစွာအော်ဟစ်နေကြတဲ့ ကြက်တွေ၊ ဘဲတွေကို ဝမ်ရူဟွားတွေ့လိုက်ရသည်။ ဒါတွေက ရွာသားတွေပို့ပေးထားတဲ့ ဂုဏ်ပြုလက်ဆောင်တွေပင်။
တိရစ္ဆာန်တွေရဲ့မစင်နံ့တွေနဲ့ပြည့်နေတဲ့နေရာမှာရပ်နေတဲ့ ကြမ်းတမ်းတဲ့ရွာသူရွာသားတွေမှာ ဆင်းရဲနွမ်းပါးမှု၏နှိပ်စက်ကလူပြုခြင်းကိုခံထားရသည့် မျက်နှာများရှိနေသည်။ ဝမ်ရူဟွားက ဒါကို လက်မခံချင်ခဲ့ပေ။ ဒါက သူ့ဘဝမဟုတ်ဘူးလို့ သူ စိတ်ထဲမှအော်ပြောနေမိသည်။ သူ့ဘဝက ဒီလိုဖြစ်ရမှာမဟုတ်ဘူး!
ဒါက ဒီလိုဖြစ်ရမှာမဟုတ်ဘူး! သူ သတို့သမီးထွက်လာသည်ကိုကြည့်နေရင်း ထိုခံစားမှုက ပို၍ပင်ပြင်းထန်လာ၏။ ဒါက သူလက်ထပ်ချင်ခဲ့တဲ့ဇနီးမဟုတ်ဘူး။ ဒါက သူလိုချင်ခဲ့တဲ့ဘဝမဟုတ်ဘူး! သူက မိသားစုထဲကို လက်ထပ်ပြီးဝင်ရောက်ရမယ်ဆိုတာက ရွာလူကြီးရဲ့မိသားစုကို နာခံရမယ်လို့ဆိုလိုတာပင်။
ဝမ်ရူဟွားက နောက်လှည့်ကာ ပတ်ဝန်းကျင်ကိုကြည့်သည်။ နဉ်ရှုကိုမြင်လိုက်ချိန်၌ သူ့နှလုံးသားက ရုတ်တရက်ဆိုသလိုပင် ခါးသီးလှသည့်ခံစားမှုများဖြင့် ပြည့်နှက်သွားသည်။ ဒါက အမုန်းတရားများဖြစ်သော်လည်း နူးညံ့စွာရစ်ပတ်တွယ်နှောင်နေသောစိတ်ခံစားချက်တစ်ခုလည်း ပါရှိနေခဲ့သည်။ ဝမ်ရူဟွားမှာ အချစ်နှင့်အမုန်းကြားက ခံစားချက်ကို မဖယ်ထုတ်နိုင်တော့ချေ။
Advertisement
...
[Zawgyi]
{ဝမ္ရူဟြားရဲ့အေမဘက္က ေဆြမ်ိဳးအေနနဲ႔}
ဝမ္ရူဟြား အေတာ္ေလးျပန္ေကာင္းမြန္လာကာ လမ္းျပန္ေလ်ွာက္ႏိုင္သၫ့္အခ်ိန္၌ ရြာလူႀကီးတို႔မိသားစုက ဝမ္ရူဟြားနဲ႔ ဟယ့္ေရွာင္ဟြားရဲ့လက္ထပ္ပြဲကို ခ်က္ခ်င္းျပင္ဆင္ေလ၏။ အနီေရာင္ေတာက္ေတာက္မီးအိမ္ေတြနဲ႔ ေဆးျခယ္ထားသၫ့္စာတန္းမ်ားက တစ္ရြာလံုးေပၚေပါက္လာခဲ့သည္မို႔ ဝမ္ရူဟြားမွာ ေဒါသထြက္သြားရကာ ကုတင္ထက္တြင္ အရုပ္ႀကိဳးျပတ္ထိုင္ခ်လိုက္၏။
နဉ္ရႈက သူမကလည္း ဝမ္ရူဟြားရဲ့အေမဘက္က ေဆြမ်ိဳးလို႔သတ္မွတ္လို႔ရသည္ဟုေတြးကာ ဝတ္စံုအမ်ားအျပား၊ ေစာင္အသစ္စက္စက္တစ္ထည္နဲ႔ ေငြတံုးအေျမာက္အမ်ားကို စိတ္အားထက္သန္စြာျဖင့္ ျပင္ဆင္ေလ၏။ သူမက ဒါေတြက သူမ သူ႔အတြက္ျပင္ဆင္ေပးထားသၫ့္ သတို႔သမီးတင္ေတာင္းေၾကးဟုဆိုကာ ဝမ္ရူဟြားကို လက္ေဆာင္ေပးသည္။
'သတို႔သမီးတင္ေတာင္းေၾကး'ဆိုသၫ့္စကားကိုၾကားသည္၌ ဝမ္ရူဟြားမွာ ေပါက္ကြဲသြားရၿပီး ေငြတံုးေတြအားလံုးကို တြန္းဖယ္ကာ နဉ္ရႈကို စူးရဲစြာၾကၫ့္လာ၏။
"ဟယ့္ေရွာင္ဟြားကို ဇနီးအျဖစ္ယူမယ့္အစား ငါ ေသပဲေသလိုက္မယ္။"
နဉ္ရႈက ၾကမ္းေပၚမွေငြတံုးမ်ားကို ေကာက္ယူရင္း သူ႔ကို အမွန္ျပန္ျပင္ေပးလိုက္သည္။
"ဝမ္းကြဲအစ္ကို၊ အခု အစ္ကိုက ဟယ့္မိသားစုထဲကို လက္ထပ္ၿပီးဝင္ရမွာ။ ဟယ့္သခင္မေလးက အစ္ကို႔ကို ေယာက္်ားအျဖစ္ယူတာ၊ အစ္ကိုက သူ႔ကို မိန္းမအျဖစ္ယူတာမဟုတ္ဘူး။"
"ပိုင္ခ်င္ရွန္း၊ မင္း တကယ္ပဲ ငါ့ကိုဖ်က္ဆီးရၿပီးမွ ေက်နပ္မွာလား?"
ယခုမူ ဝမ္ရူဟြား၏ပိန္ပါးေသာမ်က္ႏွာက အလြန္ပင္ရက္စက္ၾကမ္းၾကဳတ္ေတာ့မၫ့္ပံုေပၚေန၏။
နဉ္ရႈက ရႈပ္ေထြးေနသလိုဟန္ေဆာင္ကာ မတရားခံလိုက္ရသၫ့္အမူအရာျဖင့္ဆိုသည္။
"ဝမ္းကြဲအစ္ကို၊ အစ္ကို ဘယ္လိုလုပ္ၿပီး အဲ့လိုေတြးႏိုင္ရတာလဲ? ညီမလုပ္သမ်ွက အစ္ကိုေကာင္းဖို႔ပါ။ ဟယ့္သခင္မေလးရဲ့ဂ်င္ဆင္းေၾကာင့္သာမဟုတ္ရင္ အစ္ကိုက အခု ဒီေနရာမွာ ခ်င္ရွန္းကိုစကားေျပာေနမယ့္အစား ငရဲျပည္ေရာက္ေနေလာက္ၿပီ။"
ဝမ္ရူဟြား : …
နဉ္ရႈက ဆက္ေျပာသည္။
"စိတ္မပူပါနဲ႔ ဝမ္းကြဲအစ္ကို။ က်န္းမာေရးျပန္ေကာင္းလာဖို႔ကိုပဲ အာရံုစိုက္ထားၿပီး အားလံုး ညီမကို လႊဲထားလိုက္ပါ။ အစ္ကို သူတို႔မိသားစုထဲဝင္တဲ့အခါ ဝံ့ဝံ့ႂကြားႂကြားနဲ႔ေခါင္းေမာ့ေနႏိုင္ေအာင္လို႔ ညီမ လက္ေဆာင္ေတြကို ခမ္းခမ္းနားနားျပင္ထားေပးမွာပါ။"
"ၿပီးေတာ့ အဲ့ကိစၥကို လူအမ်ားႀကီးလည္းျမင္ခဲ့ၾကတာေလ။ အစ္ကို ကတိမေပးခဲ့သလို ဟန္ေဆာင္ေနမလို႔လား? အစ္ကို တကယ္ပဲ ဟယ့္သခင္မေလးရဲ့ဂုဏ္သတင္းကို ဖ်က္ဆီးေတာ့မွာလား? အဲ့လိုအျပဳအမူမ်ိဳးကို အစ္ကိုအမုန္းဆံုးပဲမဟုတ္ဘူးလား? ဟယ့္တာ့ဟြားက မိန္းမပ်ိဳေလးေတြကိုစေနာက္ၿပီး သူတို႔ရဲ့ဂုဏ္သတင္းကို ဖ်က္ဆီးတာကို အစ္ကို အၿမဲအထင္ေသးခဲ့တယ္မဟုတ္ဘူးလား? ဝမ္းကြဲအစ္ကို၊ အစ္ကို အဲ့လိုကိစၥမ်ိဳးကို လံုးဝမလုပ္ဘူးမဟုတ္လား?"
ဝမ္ရူဟြားရဲ့ႏႈတ္ခမ္းေတြက ေဒါသေၾကာင့္တုန္ရီလာေသာ္လည္း နဉ္ရႈက ထိုသည္ကိုလ်စ္လ်ူရႈကာ ဆက္ေျပာေလ၏။
"ခ်င္ရွန္းက အစ္ကို႔အသက္ကိုကယ္ဖို႔အတြက္ပဲ ဒီလိုလုပ္ခဲ့တာပါ။ ဟယ့္သခင္မေလးကလည္း မိန္းမေကာင္းေလးပါပဲ၊ သူက အစ္ကိုနဲ႔အရမ္းကိုလိုက္ဖက္တဲ့သူပါ။"
"မင္းက ငါ့ကိုဒဏ္ရာရေအာင္လုပ္ခဲ့တယ္၊ ၿပီးေတာ့ ငါ့ကို ဂ်င္ဆင္းတစ္ခုအတြက္နဲ႔ေရာင္းစားတယ္၊ ၿပီးေတာ့ ဒါက ငါေကာင္းဖို႔အတြက္ပါလို႔ မင္းကလာေျပာေနတယ္လား? ပိုင္ခ်င္ရွန္း၊ မင္း မင္းရဲ့ကံေကာင္းမႈကို တြန္းထုတ္မေနသင့္ဘူး!"
ဝမ္ရူဟြားက ေအာ္သည္။
နဉ္ရႈက ပို၍ပင္မတရားခံလိုက္ရသလို ဟန္ေဆာင္ေလ၏။
"ဝမ္းကြဲအစ္ကို၊ အဲ့ဒါက အစ္ကိုမွန္းမသိဘူးလို႔ ညီမ အစ္ကို႔ကို ေျပာခဲ့ၿပီးၿပီေလ။ ညီမသာသိခဲ့ရင္ ညီမ ေသခ်ာေပါက္ အဲ့လိုလုပ္မွာမဟုတ္ဘူးလို႔။ တဲထဲကိုခိုးဝင္လာမယ့္အစား အစ္ကို ညီမကို အျပင္ကေနေအာ္ေခၚခဲ့သင့္တာ။ ဘယ္သူမဆို ညႀကီးသန္းေခါင္မွာ မိန္းမပ်ိဳေလးတစ္ေယာက္ရဲ့အခန္းထဲ ခိုးဝင္တဲ့လူက ေကာင္းတဲ့လူမဟုတ္ဘူးလို႔ ေတြးမွာပဲ။ ၿပီးေတာ့ ဂ်င္ဆင္းက သံုးၿပီးသြားၿပီ၊ သံုးတာကလည္း ညီမအတြက္မွမဟုတ္တာ၊ ဒါကို အစ္ကိုက ဘယ္လိုလုပ္ၿပီး ညီမက ဂ်င္ဆင္းတစ္ခုအတြက္ အစ္ကို႔ကိုေရာင္းစားပါတယ္လို႔ ေျပာႏိုင္ရတာလဲ?"
ဝမ္ရူဟြားမွာ ေဒါသထြက္လြန္းရ၍ စကားတစ္ခြန္းပင္မဆိုႏိုင္ေတာ့ဘဲ သူမကို ထြက္သြားဖို႔သာ ေအာ္ေျပာလိုက္ႏိုင္သည္။
သို႔ျဖစ္ရကား နဉ္ရႈက အေလာတႀကီးပင္ျပန္ထြက္သြားကာ သူ႔ဒဏ္ရာကို ဖိအုပ္လ်က္ နာက်င္စြာညည္းၫူေနသၫ့္ ဝမ္ရူဟြားကို ထားခဲ့ေလ၏။
ရြာလူႀကီးက ျပကၡဒိန္အေဟာင္းတစ္ခုကိုသံုးကာ လက္ထပ္ပြဲအတြက္ ရက္ေကာင္းရက္ျမတ္ေရြးသည္။
ဤမဂၤလာပြဲေန့တြင္ ရာသီဥတုက အလြန္ပင္သာယာလွ၏။ ရြာလူႀကီးတို႔မိသားစုက ေဗ်ာက္အိုးေတြအမ်ားႀကီးေဖာက္ေစခဲ့တာမို႔ ပတ္ဝန္းက်င္က အလြန္ပင္တက္ႂကြလႈပ္ရွားေနခဲ့၏။ အႏွီတက္ႂကြလန္းဆန္းလွေသာပတ္ဝန္းက်င္ေလထုမွာ ဝမ္ရူဟြား၏ သက္ကယ္မိုးအိမ္စုတ္ကေလးဆီထိပင္ ေရာက္ရိွလာသည္။
နဉ္ရႈက စိတ္အားထက္သန္စြာျဖင့္ ဧၫ့္သည္မ်ားကို ႀကိဳဆို၏။ ထိုအခ်ိန္တြင္ သတို႔သားအခန္းထဲရိွ ဝမ္ရူဟြားမွာေတာ့ ျပင္ဆင္ေပးျခင္းခံရကာ ၾကက္ေသြးေရာင္မဂၤလာဝတ္စံုကို အတင္းအၾကပ္ဝတ္ဆင္ေပးျခင္းခံထားရသည္။ ယခုအခ်ိန္တြင္ေတာ့ သူက အျပင္သို႔ေခၚေဆာင္လာျခင္းခံရကာ ႏြားေက်ာေပၚတက္ႏိုင္ေစရန္ကူညီေပးျခင္းခံရလ်က္ ရြာလူႀကီး၏အိမ္ဆီသြားရန္ျပင္ဆင္ေနရသည္။
ဝမ္ရူဟြားရဲ့မ်က္ႏွာက လံုးဝျဖဴေဖ်ာ့ေနကာ သူ႔မ်က္ႏွာထက္တြင္ ေပ်ာ္ရႊင္သည့္အရိပ္အေယာင္ တစ္စြန္းတစ္စေလးပင္ရိွမေနခဲ့ေခ်။ နဉ္ရႈကိုၾကၫ့္လာသၫ့္သူ႔မ်က္လံုးေတြက အမုန္းတရားတို႔ျဖင့္ျပၫ့္ေနေသာ္လည္း နဉ္ရႈကမူ ခ်ိဳျမစြာၿပံဳးျပလာကာဆို၏။
"ဝမ္းကြဲအစ္ကို၊ အစ္ကို အရင္သြားႏွင့္ပါ။ ညီမ မၾကာခင္ အဲ့ကိုေရာက္မယ္။"
ဝမ္ရူဟြားရဲ့မ်က္ႏွာက ပို၍ပင္ျဖဴေဖ်ာ့သြားၿပီး သူ႔ကိုယ္က အင္မတန္တုန္ရီလို႔လာတာေၾကာင့္ ျပဳတ္က်ေတာ့မလိုပင္ထင္ရသည္။
ရြာလူႀကီး၏အိမ္ကိုေရာက္သည္၌ ၿခံဝင္းထဲမွာ အသီးအရြက္ေတြ၊ ဆူညံစြာေအာ္ဟစ္ေနၾကတဲ့ ၾကက္ေတြ၊ ဘဲေတြကို ဝမ္ရူဟြားေတြ့လိုက္ရသည္။ ဒါေတြက ရြာသားေတြပို႔ေပးထားတဲ့ ဂုဏ္ျပဳလက္ေဆာင္ေတြပင္။
တိရစၧာန္ေတြရဲ့မစင္နံ႔ေတြနဲ႔ျပၫ့္ေနတဲ့ေနရာမွာရပ္ေနတဲ့ ၾကမ္းတမ္းတဲ့ရြာသူရြာသားေတြမွာ ဆင္းရဲႏြမ္းပါးမႈ၏ႏိွပ္စက္ကလူျပဳျခင္းကိုခံထားရသၫ့္ မ်က္ႏွာမ်ားရိွေနသည္။ ဝမ္ရူဟြားက ဒါကို လက္မခံခ်င္ခဲ့ေပ။ ဒါက သူ႔ဘဝမဟုတ္ဘူးလို႔ သူ စိတ္ထဲမွေအာ္ေျပာေနမိသည္။ သူ႔ဘဝက ဒီလိုျဖစ္ရမွာမဟုတ္ဘူး!
ဒါက ဒီလိုျဖစ္ရမွာမဟုတ္ဘူး! သူ သတို႔သမီးထြက္လာသည္ကိုၾကၫ့္ေနရင္း ထိုခံစားမႈက ပို၍ပင္ျပင္းထန္လာ၏။ ဒါက သူလက္ထပ္ခ်င္ခဲ့တဲ့ဇနီးမဟုတ္ဘူး။ ဒါက သူလိုခ်င္ခဲ့တဲ့ဘဝမဟုတ္ဘူး! သူက မိသားစုထဲကို လက္ထပ္ၿပီးဝင္ေရာက္ရမယ္ဆိုတာက ရြာလူႀကီးရဲ့မိသားစုကို နာခံရမယ္လို႔ဆိုလိုတာပင္။
ဝမ္ရူဟြားက ေနာက္လွၫ့္ကာ ပတ္ဝန္းက်င္ကိုၾကၫ့္သည္။ နဉ္ရႈကိုျမင္လိုက္ခ်ိန္၌ သူ႔ႏွလံုးသားက ရုတ္တရက္ဆိုသလိုပင္ ခါးသီးလွသၫ့္ခံစားမႈမ်ားျဖင့္ ျပၫ့္ႏွက္သြားသည္။ ဒါက အမုန္းတရားမ်ားျဖစ္ေသာ္လည္း ႏူးညံ့စြာရစ္ပတ္တြယ္ေနွာင္ေနေသာစိတ္ခံစားခ်က္တစ္ခုလည္း ပါရိွေနခဲ့သည္။ ဝမ္ရူဟြားမွာ အခ်စ္ႏွင့္အမုန္းၾကားက ခံစားခ်က္ကို မဖယ္ထုတ္ႏိုင္ေတာ့ေခ်။
...
Advertisement
- In Serial12 Chapters
My Sister The Villainess
Tell me, what does one do when they discover they were reincarnated into an Otome game as the villainess' playboy older brother? Of course I had always been aware of my situation as a reincarnated person, but it was only when my sister's engagement to the Crown Prince was announced that I finally encountered a piece of my first life after all these years. I thought, "Hey, this is exactly the same situation as that Otome game I was playing that day!" But wait. My sister becomes the evil, hated villainess whose fate doesn't ends well at all, you say? As if I'd allow that! The protagonist wants to steal your man and ruin you? Too arrogant! This daddy(brother) will mess her up good! I'll completely crush all the people that want to harm my precious, adorable little sister! Just fall in love with the Crown Prince and achieve your happiness, my sweet sister! This is such a story. ...Except my sister seems to be a blooming bro-con? And the heroine keeps looking at me funny... ********* If you guys like my story and want me to continue writing for a long, long time then feel free to donate, like, a dollar and help support my soda addiction. Or maybe I should stick with Agua de Sandia drinks. Y'all ever have one of those before? Basically watermelon juice with ice, sugar, and sometimes other flavorings. Fucking. Amazing. You should try it. Report back.
8 105 - In Serial6 Chapters
#FairyPrincessProblems
Alessa Neumann-Harou's bad day is about to get worse. She just lost her job at the Buearu of Interplanar Relations. At the same time a group of her now former colleagues are headed into danger and an eldritch extraplanar entity might well blame her for it if they actually manage to die. Her career is on the rocks, her life might be in peril, and someone is leaving anonymous expensive presents inside of her house. This is not what she'd signed up for when she agreed to work in the human world, but she's going to make it work.
8 183 - In Serial11 Chapters
Wading Through The Dark
There are things in the dark that we do not wish to acknowledge, truths that we wish will go unsaid. But when the moon is out and the veil of night covers the horizon, these things have a habit of seeping out. Do you dare go wading through the darkness to find whatever twisted nightmare lies in wait beneath the fog, or do you wish to sleep tonight?
8 201 - In Serial61 Chapters
My Best Friend
Copyright © 2015 by VICMAD -All rights reserved. This book or any portion thereofmay not be reproduced or used in any manner whatsoever without the express written permission of the author except for the use of brief quotations in a book review.Dr. Elizabeth (Lizzy) Johnson and Sean Gipson have been friends since birth. They were born the same day, were next door neighbors and even attended the same schools until Sean was drafted to the NFL and Lizzy went to medical school. They have been there for each other but now that they are older, Sean's feelings are no longer of a brother and sister love but more of a life partner.Unfortunately in walks Aries Wilson, Sean's arch nemesis. Aries plays for the team that beat Sean in the Super Bowl the previous year and now he is after Lizzy. Aries is pulling out all the stops to win Lizzy's heart that he eventually ask her to marry him.What is unknown to Lizzy, is that Aries has secrets that could not only destroy Lizzy and Sean's friendship but it could also determine the fate of their lives. How far does friendship last and can Sean and Lizzy save each other before it's too late?This is a mature story so there will be adult themes. Each chapter has a song that inspired me to write it. Hope you enjoy. ❤️**disclaimer- please read my profile page if you issues with the mature situations*****Currently Editing***
8 130 - In Serial13 Chapters
バルキリー (Valkyrie)
The Valkyrie's are the mechanized suits that Valkyrie Pilots use in today's warfare. Using their power to fight the Terra that constantly threatens to invade our world. But that's not the only concern of everyday citizens, the tensions between the Federation and Space Alliance Systems are at an all-time high since the conclusion of the Valkyrie Wars. Hazer who was once a Valkyrie Pilot has since lost the ability to pilot a Valkyrie. He now lives a life normality with his family when an unstoppable force threats to tear down everything he knows and loves. An Original Light Novel/Manga Series! A concept in the works! Mecha Light Novel!
8 204 - In Serial5 Chapters
New generation
In which it all starts when Zeus has a dream.Based off The Lightning thief movie.
8 111

