《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 92
Advertisement
[Unicode]
{ယောက်ျားသိက္ခာကို မြေပေါ်ပစ်ချခြင်း}
အမှန်တော့ နဉ်ရှုရဲ့ခန့်မှန်းချက်က မှန်ကန်ပေသည်။ ဝမ်ရူဟွားက သူမရဲ့ခရာကို ခိုးဖို့ကြိုးစားခဲ့တယ်ဆိုပေမယ့် အဓိက,ကတော့ အဲ့လိုမှသာ သူ သူမနဲ့အိပ်နိုင်မှာကြောင့်ပင်။
ဟယ့်တာ့ဟွားကို လက်ထပ်တော့မယ်လို့ နဉ်ရှုပြောတာကိုကြားတဲ့အခါ သူ့မှာ ဒေါသထွက်သွားရပြီး အရှက်ကွဲသွားသလိုခံစားလိုက်ရ၏။ ဒီမိန်းမက ဟယ့်တာ့ဟွားလိုလူမျိုးကိုလက်ထပ်ပြီး အရမ်းကိုနိမ့်ကျသွားဖို့တောင်ဆန္ဒရှိပေမယ့် သူမက သူ့ကိုကျ အထင်အမြင်သေးမှုတွေကိုပင်ဖုံးကွယ်မထားဘဲ အလွန်အင်မတန်ရွံရှာနေတဲ့ပုံစံနဲ့ ကြည့်နေသေးတယ်တဲ့လား? ဟယ့်တာ့ဟွားက ရွာထဲမှာ အာဏာရှိလို့ပဲဖြစ်ရမယ်။ ဒီမိန်းမက ချေးနံ့ရတဲ့ခြင်လိုပဲ အာဏာကို မက်မောတွယ်တာနေတယ်။
ထင်တဲ့အတိုင်း အောက်တန်းကျတဲ့အယုတ်တမာမပဲ!
ဝမ်ရူဟွားက အရင်ဆုံး ပိုင်ချင်ရှန်းရဲ့ခန္ဓာကိုယ်ကို ရယူချင်ခဲ့သည်။ သည်လိုဆို ပိုင်ချင်ရှန်းက ဟယ့်တာ့ဟွားကိုလက်ထပ်လိုက်လျှင်ပင် သူမက သူအရင်ကသုံးခဲ့တဲ့ဖိနပ်၏စုတ်အဆင့်ကလွဲပြီး ဘာမှမဟုတ်တော့ပေ။ သည်နည်းဖြင့် သူက ပိုင်ချင်ရှန်းကို လက်စားချေလိုက်နိုင်မှာဖြစ်သလို ဟယ့်တာ့ဟွားကိုလည်း အရှက်ခွဲနိုင်မည်ဖြစ်၏။
သို့သော်လည်း ဝမ်ရူဟွားရဲ့စိတ်ကူးယဉ်အတွေးတွေက ကောင်းမွန်နေသော်ငြား တကယ့်လက်တွေ့မှာတော့ အဖြစ်အပျက်တို့က လုံးဝကွာခြားနေခဲ့၏။ အမွေခံဓားက ဘယ်လိုလုပ် ပိုင်ချင်ရှန်းလက်ထဲရောက်နေရတာလဲ?
နဉ်ရှုနဲ့ယွဲ့လန်တို့ အပြင်ထွက်လာပြီးနောက်မှာ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားလျက် ခြံထဲ၌ရပ်နေသည့် လျို့ဝှက်သက်တော်စောင့်ကို သူမတို့ တွေ့လိုက်ကြရသည်။ ဒီညမှာ လသာနေတာကြောင့်သာမဟုတ်ပါက သူမတို့ သူ့ကို လုံးဝတွေ့မည်မဟုတ်ချေ။
"ဘာဖြစ်လို့ အော်နေတာပါလဲ သခင်မလေး? သခင်မလေးရဲ့အော်သံကို ကျွန်တော် ရွာအဝင်ဝကနေတောင် ကြားရတယ်။"
လျို့ဝှက်သက်တော်စောင့်က ပြောသည်။
"ဘာလို့ သွေးနံ့ရနေတာလဲ? ဘယ်သူ ဒဏ်ရာရတာလဲ?"
နဉ်ရှူက လက်ကိုယမ်းကာဆို၏။
"ဘာမှမဖြစ်ဘူး၊ ရှင် ပြန်သွားပြီးအိပ်လို့ရပြီ။ အားလုံးကို ဖြေရှင်းပြီးပြီ။"
ထို့နောက် လျို့ဝှက်သက်တော်စောင့်က ယွဲ့လန်ကို လှမ်းပြောသည်။
"မင်း မင်းကိုယ်မင်းသေချာဂရုစိုက်သင့်တယ်။ သခင်မလေးက သိပ်ပြီးစိတ်မချရဘူး။"
ဟေး၊ နင် ဘယ်လိုလုပ်ပြီး ငါ့မကောင်းကြောင်းကို ငါ့ရှေ့မှာပြောနိုင်ရတာလဲ? နင်က သူငယ်ချင်းတောင် ဆက်မလုပ်ချင်တော့ဘူးလား?
ယွဲ့လန်က ခေါင်းငြိမ့်သည်။
"သိပါပြီ။"
လျှို့ဝှက်သက်တော်စောင့်ထွက်သွားသည်နှင့် နဉ်ရှုက ယွဲ့လန်ကိုမေးသည်။
"ငါက တကယ်ပဲ အဲ့လောက်တောင်စိတ်မချရဘူးလား?"
ယွဲ့လန်က နဉ်ရှုကို အလွန်ပင်ခါးသက်နေသောအမူအရာဖြင့်ကြည့်၏။
"ဒီအစေခံ မမလေးနဲ့ရှိနေတဲ့အခါတိုင်း ခဏနေဘာဖြစ်မလဲဆိုတာကို ဒီအစေခံ တကယ်မသိတော့ဘူး။"
နဉ်ရှု : …
သူမလည်း ခဏနေဘာဖြစ်မလဲဆိုတာကို မသိဘူးလေ၊ သူမက အနာဂတ်ကိုပြောနိုင်တာမှမဟုတ်တာ။
"သွားအိပ်ကြစို့။ ဒီညကတော့ ပင်ပန်းရတဲ့ညပဲ။"
နဉ်ရှုက လှဲချလိုက်သည်။
နောက်တစ်ရက် သူမနိုးလာချိန်တွင် နေ့လည်ခင်းပင်ရောက်နေပြီဖြစ်၏။ သူမက ဝမ်ရူဟွားကိုကြည့်ဖို့ အိမ်ထဲ အရင်ဆုံးသွားလိုက်သည်။ ဝမ်ရူဟွားက အခုထိသတိလစ်နေဆဲဖြစ်ကာ ဟယ့်ရှောင်ဟွားက သူ့ကိုပြုစုနေ၏။
"နိုးပြီလား? စားပွဲပေါ်မှာ စားစရာတွေရှိတယ်။"
ဟယ့်ရှောင်ဟွားက နဉ်ရှုကိုပြောသည်။
ဟယ့်ရှောင်ဟွားက တော်တော်လေးကောင်းတယ်လို့ နဉ်ရှုတွေးလိုက်မိသည်။ သူမက နည်းနည်းဗိုလ်ကျတတ်ရုံလေးသာ။ ဒါပေမယ့် ရွာလူကြီးရဲ့သမီးတစ်ယောက်အနေနဲ့ သူမမှာ တဇွတ်ထိုးလုပ်ပိုင်ခွင့်ရှိ၏။ သို့သော်လည်း အနှီအသေးအမွှားလေးများကိုဖယ်လိုက်လျှင် ဟယ့်ရှောင်ဟွားက တကယ်ကိုကောင်းမွန်တဲ့မိန်းကလေးဖြစ်သည်။
ဝမ်ရူဟွားမှာ အမျိုးသားဇာတ်လိုက်ရောင်ဝါရှိနေတာ ကံကောင်းတာပဲ။
ရက်ပေါင်းများစွာကြာအောင်အိပ်ပျော်နေပြီး နောက်ဆုံးတွင်တော့ ဝမ်ရူဟွားနိုးလာလေ၏။ သူနိုးလာပြီး ပထမဆုံးလုပ်တဲ့အရာက ဟယ့်ရှောင်ဟွားကို ထွက်သွားခိုင်းခြင်းဖြစ်သည်။ ဒုတိယတစ်ခုကတော့ နဉ်ရှုကို အထဲဝင်လာခိုင်းကာ သူ့ဆန္ဒတွေကိုဆန့်ကျင်ပြီး လက်ထပ်ဖို့သဘောတူလိုက်တဲ့အတွက် ဖြေရှင်းချက်ပေးဖို့ပြောခြင်းဖြစ်သည်။
သို့သော်လည်း ဟယ့်ရှောင်ဟွားရော နဉ်ရှုကပါ သူ့ကို အဖက်မလုပ်ချေ။ သူ အရမ်းဒေါသထွက်သွားတာမို့ သူ့ဒဏ်ရာက ပြန်ပွင့်ကာ သွေးတွေပြန်ထွက်လာ၏။ သို့ဖြစ်ရကား သူ နောက်တစ်ကြိမ်ဒေါသမထွက်ရဲတော့ချေ။
ယခု ဟယ့်ရှောင်ဟွားက ဝမ်ရူဟွားကို သူမရဲ့ယောက်ျားလိုပဲ မှတ်ယူထားတာမို့ ပိုပြီးပေါ့ပါးစွာပြောဆိုလာကာ ဝမ်ရူဟွားရဲ့မာနကို မကြာခဏဆိုသလို မတော်တဆထိခိုက်လာစေသည်။ ထပ်ပြောရမည်ဆိုလျှင် ဟယ့်ရှောင်ဟွားက တစ်ခါမှစာမသင်ခဲ့ဖူးတာမို့ ရှုပ်ထွေးတဲ့စကားတွေကို မသိဘဲ ဝမ်ရူဟွားက အဓိပ္ပာယ်ကွယ်ဝှက်ထားသည့်စကားတို့ကို ပြောသည့်အခါတိုင်း စိတ်ရှုပ်ထွေးနေတတ်၏။
ဒီလိုမိန်းမမျိုးကိုလက်ထပ်ရမှာထက် သေသာသေလိုက်ချင်တော့တယ်လို့ ဝမ်ရူဟွားတွေးလိုက်မိသည်။ နောက်ပြီး လက်ထပ်ပြီးနောက် သူက သူမရဲ့မိသားစုထဲဝင်ရမည်ဖြစ်၏။ ဒါက သူ့ရဲ့ယေက်ျားသိက္ခာကို မြေပေါ်ပစ်ချပြီး တက်နင်းလိုက်သလိုပင်။
...
[Zawgyi]
Advertisement
"သိပါပြီ။"
နဉ်ရှု : …
...
Advertisement
- In Serial187 Chapters
Hunter Or Huntress
A human engineer named Tom accepts a deal to travel to a Fantasy world with the mission of changing it forever. He is given a week to prepare before setting off. Once on the other side, he is greeted by a fantastical world and its inhabitants. his original mission to change this world and have some fun while doing it quickly turns into him making a home for himself and defending it and his new family against whatever ends up coming their way. The story will also follow the POV of Sapphire a local woman who Tom encounters early on in his travels to yield a closer insight into our local population. The story focuses mainly on the interactions between the characters with intermittent action, romance, and the technical side of trying to bring a medieval-high-fantasy people up to speed with more or less modern technology. There will be discussions of mental illness, immense loss, and joy, ranging from the truly heartbreaking to the properly heartwarming. The first chapters are on the short side but eventually escalate to the 3000-5000 word range. especially the early chapters suffer from poor grammar and I am sorry. they are slowly going to be brought up to spec. The story is originally posted on Reddit r/HFY https://www.reddit.com/r/HFY/comments/jfgpie/hunter_or_huntress_chapter_1_the_offer_oc/ If you can't remember a character or just wanna see what's what. there is also the wiki here: https://drive.google.com/drive/folders/1sqP9B7Mqh2D1tpboFHqpk6f0284wX-HE?usp=sharing Cover art by the amazing Uwnycorn: https://www.deviantart.com/uwnycorne If you want to support this odd little project I do have a patreon. You don't get anything for supporting except gratitude though. https://www.patreon.com/HunterOrHuntress?fan_landing=true
8 116 - In Serial88 Chapters
Broly In Naruto (COMPLETED)
The Legendary Super Saiyan Broly has been reincarnated into a baby in the world of Naruto. Watch as he leaves his mark on the Shinobi World as Aomatsuna Hakuseki. I have posted this on and webnovel dot com and fanfiction dot net also. My second novel is called "Powers of Majin Buu in a Fantasy World!?" and it has officially finished! My latest novel is called "Craftsman System In My Hero Academia." and has officially released!
8 253 - In Serial15 Chapters
Moon Shaped Dreams
Henry Hill finds himself thrust into a strange world that doesn't much care for him either. Follow him as he scrapes and struggles to survive as a very small fish in a very big ocean. Luckily, magic is real and there for the taking. You only have to die first.
8 162 - In Serial22 Chapters
Dimension leapers
It all started with a detention and soon escalated into all out multi-dimensional war. It is all up to Nick and his friends to get home and to stop evil scientists from destroying their dimension and all of the others around it. Will they be able to win this war? Will they ever get home? Note: I will be posting a new chapter every Saturday and sometimes Sunday.
8 197 - In Serial15 Chapters
Ironclad
For fifty years this war has ravaged the solar system, with Earth and her colonies struggling to fight against the guerrilla forces of the Pro-Independence regime started by the governments of Mercury, Saturn and Pluto. The war was hard fought, and both sides lost uncountable lives. But the war is coming to a close. Ironclad, Earth's elite branch of the Navy are closing in on the remaining Pro-Independence leaders hiding on Titan and don't plan on letting anyone escape without a fight.
8 193 - In Serial30 Chapters
The Eight Deadly Sins
The Eighth sin the sin of despair, the ape sin, (Y/N) is a man of mystery and holds many secrets, secrets that Merlin doesn't know, one that he tries to hide and tell not a single soul until the time is right.Note, this is my first ever story, so if there are any mistakes, please tell me so i can correct them, don't expect anything that is ground breaking as well.DisclaimerI don't own the Seven Deadly Sins and anything that appears in this story. (i won't say much as it will ruin the mysteries that will come, there are two other series added into the story, one will be easy to tell where it is from the other not so much.)
8 179