《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 87
Advertisement
[Unicode]
{ပဟေဠိဆန်သော တွက်ချက်မှု}
ဟယ့်တာ့ဟွားက အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ နဉ်ရှုခံစားလိုက်ရသည်။ သူက လူကောင်းတစ်ယောက်မဟုတ်ပေမယ့် လူဆိုးတစ်ယောက်လည်းမဟုတ်ပြန်။ သူက ဟယ့်ရွာမှာ အဆင့်အတန်းမြင့်တာကြောင့် ကိစ္စတိုင်းကို သူ့ကိုယ်ပိုင်သတ်မှတ်ချက်တွေနဲ့ပဲ လုပ်လေ့ရှိသော်လည်း လူတွေနဲ့ဆက်ဆံရာမှာလည်း ပါးနပ်ပြန်သည်။
ဒီလိုယောက်ျားမျိုးက ရှုံးနိမ့်မှုတွေ ခံစားရမယ့်လူမျိုးမဟုတ်ပေ။ သူက နည်းနည်းကောက်ကျစ်သော်လည်း စိတ်ထားဆိုးယုတ်သူမဟုတ်ပါချေ။
တစ်ခုတည်းသောပြသနာက သူ့ရုပ်က နည်းနည်း အမြင်မတင့်ဖြစ်နေတာပင်။ ရုပ်ရည်ကိုကြည့်ပြီး ဆုံးဖြတ်ကြတဲ့လောကမှာ သူက အများကြီးတက်လှမ်းနိုင်လိမ့်မည်မဟုတ်ပေ။
နဉ်ရှုက သူ့ကို သနားဟန်ဖြင့်ကြည့်သည်။ သူသာ ရာထူးအဆင့်တွေတက်နိုင်တဲ့အရည်အချင်းရှိရင် သူက သေချာပေါက် တိုင်းပြည်အရှင်ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် မြို့စားမင်းဖြစ်နိုင်သည်။
သူ့အကျင့်က အမှန်ကိုမသိဘဲ မုန်းတီးစိတ်ထားနေတတ်သည့် ဝမ်ရူဟွားရဲ့အကျင့်နဲ့ လုံးဝကွဲပြားသည်။ ယောက်ျားတွေက ကောင်းမွန်တဲ့အမူအကျင့်တွေရှိပြီး အရေထူမှသာလျှင် သူတို့တွေ ကောင်းကောင်းနေနိုင်လိမ့်မယ်လို့ နဉ်ရှုက တွေးသည်။
"မိန်းမလှလေး၊ ကျေးဇူးပြုပြီး ဒီကိစ္စကို သေချာစဉ်းစားပေးပါ။ ပြီးတော့ ကိုယ့်ကို ရက်အနည်းငယ်အတွင်း အဖြေပြန်ပေးပါ။"
ဟယ့်တာ့ဟွားက သူ့ကိုယ်သူ ယပ်ခတ်ရင်း ဖြည်းညင်းစွာပြန်လျှောက်သွား၏။ သူ့ပုံစံက သူရောက်လာတုန်းက တရှုံ့ရှုံ့ငိုကြွေးနေပြီး နှပ်ချေးတွဲလောင်းကျနေတဲ့ပုံစံနဲ့ လုံးဝကွဲပြားနေသည်။
"ဖားပြုပ်က ငန်းသားစားချင်နေတယ်! အဲ့ဟယ့်တာ့ဟွားက ဘာလို့ မှန်ထဲပြန်မကြည့်တာလဲ မမလေး? သူက မမလေးကို ဘယ်လိုလုပ် သူ့ကိုလက်ထပ်ဖို့ ပြောနိုင်ရတာလဲ?"
ယွဲ့လန်က ရွံရှာစွာဆို၏။
သို့သော်လည်း နဉ်ရှုက စိတ်ထဲမထားဘဲ နူးညံ့စွာဆိုသည်။
"လူတွေရဲ့ကံကြမ္မာက ဘယ်တော့မှမသေချာဘူး။ အခု သူက ဒီပုံစံဖြစ်နေပေမယ့် အချိန်ခဏကြာသွားပြီးရင်၊ ဒါမှမဟုတ် ဆယ်နှစ်လောက်ကြာသွားပြီးရင် မတူနိုင်တော့ဘူးလေ။"
တစ်ချို့လူတွေက အနိုင်ကျင့်လို့မရပေမယ့် ဝမ်ရူဟွားလိုလူမျိုးကိုတော့ လူတိုင်းအနိုင်ကျင့်လို့ရသည်။ သူက ဒီဘဝမှာ ဘာမှဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတာ တစ်ချက်ကြည့်ရုံနဲ့ လူတိုင်းပြောနိုင်သည်။
ကောင်းကင်ပြင်က မဲမှောင်လာသည်။ နဉ်ရှုနဲ့ယွဲ့လန်တို့ ညစာစားနေတုန်းမှာ တံခါးက ကျွီကနဲမြည်ကာ ပွင့်လာပြီး ဝမ်ရူဟွားထွက်လာသည်။ သူက လျှောက်လာပြီး သူ့အတွက် ဆန်ပြုတ်တစ်ပန်းကန်ထည့်ကာ တိတ်ဆိတ်စွာစားနေ၏။
စားပြီးသွားသည်၌ သူက ပန်းကန်နဲ့ တူတွေကို ချလိုက်ကာ မည်းမှောင်နေသည့်အမူအရာဖြင့် မေး၏။
"မင်း ဟယ့်တာ့ဟွားကို တကယ်လက်ထပ်မလို့လား?"
နဉ်ရှုက တည်ငြိမ်စွာဆက်စားနေရင်းမှ မှတ်ချက်ချသည်။
"ဘာလို့ လက်ထပ်လို့မရမှာလဲ?"
ဝမ်ရူဟွားက အေးစက်စွာရယ်သည်။
"ဟယ့်တာ့ဟွားက ဘယ်လိုလူမျိုးဆိုတာ မင်းမသိဘူးလို့တော့ ငါ့ကို လာမပြောနဲ့။"
နဉ်ရှုက ခေါင်းငြိမ့်သည်။
"သူက ဘယ်လိုလူမျိုးဆိုတာ ညီမ သေချာပေါက်သိတာပေါ့။"
ဝမ်ရူဟွားက သွေးထိုးသည်။
"သူက ဘယ်လိုလူမျိုးဆိုတာ မင်းသိမှာတော့ သူ ရွာကို ဘယ်လိုအနိုင်ကျင့်နေတယ်ဆိုတာလည်း သိမှာပေါ့။ မင်းက ဒီလိုလူမျိုးကို လက်ထပ်ချင်စိတ်ရှိနေတာလား!?"
နဉ်ရှုက ရွံရှာစွာဖြင့် နှုတ်ခမ်းတို့ကို တွန့်ကွေး၏။
"ညီမက ဘာလို့ သူ့ကို လက်မထပ်နိုင်ရမှာလဲ? ဘောလောဆယ် သူ ရွာကို မတရားအနိုင်ကျင့်နေလား၊ မကျင့်ဘူးလားဆိုတဲ့ မေးခွန်းကို ဘေးဖယ်ထားလိုက်ပါဦး၊ သူ ညီမကို ကောင်းကောင်းမွန်မွန်ဆက်ဆံနေသရွေ့ ညီမက ဘာလို့ သူ့ကို လက်မထပ်နိုင်ရမှာလဲ?"
တကယ်တော့ ဒါက အတော်လေးရှုပ်ထွေးတဲ့မေးခွန်းပင်။ မင်းရဲ့လူက အကျင့်မကောင်းတဲ့လူဖြစ်ပေမယ့် မင်းကိုချစ်တယ်ဆိုရင် မင်း ဒီလိုလူမျိုးကို ရွေးသင့်ရဲ့လား?
ဒါပေမယ့် လောကကြီးက ငါနဲ့ဘာဆိုင်လို့လဲ? မိန်းမတစ်ယောက်ရဲ့နှလုံးသားက အရမ်းသေးပြီး ယောက်ျားတစ်ယောက်တည်းပဲ ဆံ့တယ်လေ။
ထို့အတွက် ဝမ်ရူဟွားက သူမကိုဖိအားပေးဖို့ ကြီးမားလှတဲ့အကြံအစည်ကြီးကို အသုံးပြုလာတဲ့အခါ နဉ်ရှုမှာ သူ့ကို အာရုံစိုက်နေသလိုပင် မခံစားရချေ။
"ပိုင်ချင်ရှန်း၊ မင်းက တကယ်ကို ကယ်လို့မရတော့ဘူးပဲ။ မင်းရဲ့စည်းစိမ်ဥစ္စာတွေကို ပိုင်ဆိုင်ချင်တဲ့ဆန္ဒအတွက်နဲ့ မင်းက ဒီလောက်အထိလုပ်ဖို့ ဆန္ဒရှိတယ်ပေါ့? မင်း နည်းနည်းလေးမှ လိပ်ပြာမလုံသလို မခံစားရတာလား!?"
ဝမ်ရူဟွားက နဉ်ရှုကို အော်သည်။
What the fuck? သူမ ဘာလုပ်မိလို့လဲ? ဟယ့်တာ့ဟွား ရွာကလူတွေကို အနိုင်ကျင့်နေတာက သူမ သူ့ကိုလက်ထပ်တာနဲ့ ဘာဆိုင်လို့လဲ?
သူက သူမ ဟယ့်တာ့ဟွားကို လက်ထပ်တာကနေတားဖို့ ဒီလိုအကြောင်းပြချက်ကို သုံးဖို့ကြိုးစားနေတယ်၊ သူ့ဦးနှောက်က နေရာမှန်မှာရောရှိရဲ့လား? သူမက သူ့ကိုလက်ထပ်ဖို့ငြင်းလိုက်တာနဲ့ ဟယ့်တာ့ဟွားက ရွာကလူတွေအပေါ် မတရားအနိုင်ကျင့်နေတာ ရပ်သွားမှာမို့လား?
ဒီတွေးခေါ်ပုံကြီးက သူမကို အောင်မြင်စွာပင် စိတ်ရှုပ်ထွေးသွားစေသည်။
ဝမ်ရူဟွားက အေးစက်စွာဆို၏။
"ပိုင်ချင်ရှန်း၊ မင်း ဒီလောက်တောင်မှ ယောက်ျားတစ်ယောက်ကို တောင့်တနေတယ်ဆိုရင် ငါ မင်းကို ကျေနပ်အောင်လုပ်ပေးနိုင်တယ်။ ဟယ့်တာ့ဟွားလိုလူမျိုးကိုတောင် လက်ထပ်ချင်နေတယ်ဆိုတော့ မင်းက တကယ်ကို အသည်းအသန်လိုချင်နေတာပဲ။"
ဖျောင်း...!
နဉ်ရှုက သူ့မျက်နှာတည့်တည့်ကို လက်ဝါးနှင့်ရိုက်ချလိုက်သည်။ ဝမ်ရူဟွားမှာ တောင့်တင်းသွားပြီး ဘာဖြစ်သွားတယ်ဆိုတာကို နားမလည်နိုင်သေးသည့်အလား နဉ်ရှုကို ငေးငိုင်ကာကြည့်နေ၏။
ထို့အတွက် နဉ်ရှုက သူမရဲ့ဘယ်ဘက်လက်ဖြင့် ရိုက်ချလိုက်ပြီးနောက် ညာဘက်လက်ဖြင့် ထပ်ရိုက်သည်။ ပြီး သူ့မျက်နှာကို အားရပါးရ ရိုက်နေတော့၏။
...
[Zawgyi]
{ပေဟဠိဆန္ေသာ တြက္ခ်က္မႈ}
ဟယ့္တာ့ဟြားက အေတာ္ေလးစိတ္ဝင္စားဖို႔ေကာင္းတယ္လို႔ နဉ္ရႈခံစားလိုက္ရသည္။ သူက လူေကာင္းတစ္ေယာက္မဟုတ္ေပမယ့္ လူဆိုးတစ္ေယာက္လည္းမဟုတ္ျပန္။ သူက ဟယ့္ရြာမွာ အဆင့္အတန္းျမင့္တာေၾကာင့္ ကိစၥတိုင္းကို သူ႔ကိုယ္ပိုင္သတ္မွတ္ခ်က္ေတြနဲ႔ပဲ လုပ္ေလ့ရိွေသာ္လည္း လူေတြနဲ႔ဆက္ဆံရာမွာလည္း ပါးနပ္ျပန္သည္။
Advertisement
ဒီလိုေယာက္်ားမ်ိဳးက ရႈံးနိမ့္မႈေတြ ခံစားရမယ့္လူမ်ိဳးမဟုတ္ေပ။ သူက နည္းနည္းေကာက္က်စ္ေသာ္လည္း စိတ္ထားဆိုးယုတ္သူမဟုတ္ပါေခ်။
တစ္ခုတည္းေသာျပသနာက သူ႔ရုပ္က နည္းနည္း အျမင္မတင့္ျဖစ္ေနတာပင္။ ရုပ္ရည္ကိုၾကၫ့္ၿပီး ဆံုးျဖတ္ၾကတဲ့ေလာကမွာ သူက အမ်ားႀကီးတက္လွမ္းႏိုင္လိမ့္မည္မဟုတ္ေပ။
နဉ္ရႈက သူ႔ကို သနားဟန္ျဖင့္ၾကၫ့္သည္။ သူသာ ရာထူးအဆင့္ေတြတက္ႏိုင္တဲ့အရည္အခ်င္းရိွရင္ သူက ေသခ်ာေပါက္ တိုင္းျပည္အရွင္ျဖစ္ရင္ျဖစ္၊ ဒါမွမဟုတ္ ၿမိဳ႔စားမင္းျဖစ္ႏိုင္သည္။
သူ႔အက်င့္က အမွန္ကိုမသိဘဲ မုန္းတီးစိတ္ထားေနတတ္သၫ့္ ဝမ္ရူဟြားရဲ့အက်င့္နဲ႔ လံုးဝကြဲျပားသည္။ ေယာက္်ားေတြက ေကာင္းမြန္တဲ့အမူအက်င့္ေတြရိွၿပီး အေရထူမွသာလ်ွင္ သူတို႔ေတြ ေကာင္းေကာင္းေနႏိုင္လိမ့္မယ္လို႔ နဉ္ရႈက ေတြးသည္။
"မိန္းမလွေလး၊ ေက်းဇူးျပဳျပီး ဒီကိစၥကို ေသခ်ာစဉ္းစားေပးပါ။ ၿပီးေတာ့ ကိုယ့္ကို ရက္အနည္းငယ္အတြင္း အေျဖျပန္ေပးပါ။"
ဟယ့္တာ့ဟြားက သူ႔ကိုယ္သူ ယပ္ခတ္ရင္း ျဖည္းညင္းစြာျပန္ေလ်ွာက္သြား၏။ သူ႔ပံုစံက သူေရာက္လာတုန္းက တရႈံ႔ရႈံ႔ငိုေႂကြးေနၿပီး ႏွပ္ေခ်းတြဲေလာင္းက်ေနတဲ့ပံုစံနဲ႔ လံုးဝကြဲျပားေနသည္။
"ဖားျပဳပ္က ငန္းသားစားခ်င္ေနတယ္! အဲ့ဟယ့္တာ့ဟြားက ဘာလို႔ မွန္ထဲျပန္မၾကၫ့္တာလဲ မမေလး? သူက မမေလးကို ဘယ္လိုလုပ္ သူ႔ကိုလက္ထပ္ဖို႔ ေျပာႏိုင္ရတာလဲ?"
ယြဲ႔လန္က ရြံရွာစြာဆို၏။
သို႔ေသာ္လည္း နဉ္ရႈက စိတ္ထဲမထားဘဲ ႏူးညံ့စြာဆိုသည္။
"လူေတြရဲ့ကံၾကမၼာက ဘယ္ေတာ့မွမေသခ်ာဘူး။ အခု သူက ဒီပံုစံျဖစ္ေနေပမယ့္ အခ်ိန္ခဏၾကာသြားၿပီးရင္၊ ဒါမွမဟုတ္ ဆယ္ႏွစ္ေလာက္ၾကာသြားၿပီးရင္ မတူႏိုင္ေတာ့ဘူးေလ။"
တစ္ခ်ိဳ႕လူေတြက အႏိုင္က်င့္လို႔မရေပမယ့္ ဝမ္ရူဟြားလိုလူမ်ိဳးကိုေတာ့ လူတိုင္းအႏိုင္က်င့္လို႔ရသည္။ သူက ဒီဘဝမွာ ဘာမျွဖစ္လာႏိုင္မွာမဟုတ္ဘူးဆိုတာ တစ္ခ်က္ၾကၫ့္ရံုနဲ႔ လူတိုင္းေျပာႏိုင္သည္။
ေကာင္းကင္ျပင္က မဲေမွာင္လာသည္။ နဉ္ရႈနဲ႔ယြဲ႔လန္တို႔ ညစာစားေနတုန္းမွာ တံခါးက ကြၽီကနဲျမည္ကာ ပြင့္လာၿပီး ဝမ္ရူဟြားထြက္လာသည္။ သူက ေလ်ွာက္လာၿပီး သူ႔အတြက္ ဆန္ျပဳတ္တစ္ပန္းကန္ထၫ့္ကာ တိတ္ဆိတ္စြာစားေန၏။
စားၿပီးသြားသည္၌ သူက ပန္းကန္နဲ႔ တူေတြကို ခ်လိုက္ကာ မည္းေမွာင္ေနသၫ့္အမူအရာျဖင့္ ေမး၏။
"မင္း ဟယ့္တာ့ဟြားကို တကယ္လက္ထပ္မလို႔လား?"
နဉ္ရႈက တည္ၿငိမ္စြာဆက္စားေနရင္းမွ မွတ္ခ်က္ခ်သည္။
"ဘာလို႔ လက္ထပ္လို႔မရမွာလဲ?"
ဝမ္ရူဟြားက ေအးစက္စြာရယ္သည္။
"ဟယ့္တာ့ဟြားက ဘယ္လိုလူမ်ိဳးဆိုတာ မင္းမသိဘူးလို႔ေတာ့ ငါ့ကို လာမေျပာနဲ႔။"
နဉ္ရႈက ေခါင္းၿငိမ့္သည္။
"သူက ဘယ္လိုလူမ်ိဳးဆိုတာ ညီမ ေသခ်ာေပါက္သိတာေပါ့။"
ဝမ္ရူဟြားက ေသြးထိုးသည္။
"သူက ဘယ္လိုလူမ်ိဳးဆိုတာ မင္းသိမွာေတာ့ သူ ရြာကို ဘယ္လိုအႏိုင္က်င့္ေနတယ္ဆိုတာလည္း သိမွာေပါ့။ မင္းက ဒီလိုလူမ်ိဳးကို လက္ထပ္ခ်င္စိတ္ရိွေနတာလား!?"
နဉ္ရႈက ရြံရွာစြာျဖင့္ ႏႈတ္ခမ္းတို႔ကို တြန႔္ေကြး၏။
"ညီမက ဘာလို႔ သူ႔ကို လက္မထပ္ႏိုင္ရမွာလဲ? ေဘာေလာဆယ္ သူ ရြာကို မတရားအႏိုင္က်င့္ေနလား၊ မက်င့္ဘူးလားဆိုတဲ့ ေမးခြန္းကို ေဘးဖယ္ထားလိုက္ပါဦး၊ သူ ညီမကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံေနသေရြ့ ညီမက ဘာလို႔ သူ႔ကို လက္မထပ္ႏိုင္ရမွာလဲ?"
တကယ္ေတာ့ ဒါက အေတာ္ေလးရႈပ္ေထြးတဲ့ေမးခြန္းပင္။ မင္းရဲ့လူက အက်င့္မေကာင္းတဲ့လူျဖစ္ေပမယ့္ မင္းကိုခ်စ္တယ္ဆိုရင္ မင္း ဒီလိုလူမ်ိဳးကို ေရြးသင့္ရဲ့လား?
ဒါေပမယ့္ ေလာကႀကီးက ငါနဲ႔ဘာဆိုင္လို႔လဲ? မိန္းမတစ္ေယာက္ရဲ့ႏွလံုးသားက အရမ္းေသးၿပီး ေယာက္်ားတစ္ေယာက္တည္းပဲ ဆံ့တယ္ေလ။
ထို႔အတြက္ ဝမ္ရူဟြားက သူမကိုဖိအားေပးဖို႔ ႀကီးမားလွတဲ့အႀကံအစည္ႀကီးကို အသံုးျပဳလာတဲ့အခါ နဉ္ရႈမွာ သူ႔ကို အာရံုစိုက္ေနသလိုပင္ မခံစားရေခ်။
"ပိုင္ခ်င္ရွန္း၊ မင္းက တကယ္ကို ကယ္လို႔မရေတာ့ဘူးပဲ။ မင္းရဲ့စည္းစိမ္ဥစၥာေတြကို ပိုင္ဆိုင္ခ်င္တဲ့ဆႏၵအတြက္နဲ႔ မင္းက ဒီေလာက္အထိလုပ္ဖို႔ ဆႏၵရိွတယ္ေပါ့? မင္း နည္းနည္းေလးမွ လိပ္ျပာမလံုသလို မခံစားရတာလား!?"
ဝမ္ရူဟြားက နဉ္ရႈကို ေအာ္သည္။
What the fuck? သူမ ဘာလုပ္မိလို႔လဲ? ဟယ့္တာ့ဟြား ရြာကလူေတြကို အႏိုင္က်င့္ေနတာက သူမ သူ႔ကိုလက္ထပ္တာနဲ႔ ဘာဆိုင္လို႔လဲ?
သူက သူမ ဟယ့္တာ့ဟြားကို လက္ထပ္တာကေနတားဖို႔ ဒီလိုအေၾကာင္းျပခ်က္ကို သံုးဖို႔ႀကိဳးစားေနတယ္၊ သူ႔ဦးေနွာက္က ေနရာမွန္မွာေရာရိွရဲ့လား? သူမက သူ႔ကိုလက္ထပ္ဖို႔ျငင္းလိုက္တာနဲ႔ ဟယ့္တာ့ဟြားက ရြာကလူေတြအေပၚ မတရားအႏိုင္က်င့္ေနတာ ရပ္သြားမွာမို႔လား?
ဒီေတြးေခၚပံုႀကီးက သူမကို ေအာင္ျမင္စြာပင္ စိတ္ရႈပ္ေထြးသြားေစသည္။
ဝမ္ရူဟြားက ေအးစက္စြာဆို၏။
"ပိုင္ခ်င္ရွန္း၊ မင္း ဒီေလာက္ေတာင္မွ ေယာက္်ားတစ္ေယာက္ကို ေတာင့္တေနတယ္ဆိုရင္ ငါ မင္းကို ေက်နပ္ေအာင္လုပ္ေပးႏိုင္တယ္။ ဟယ့္တာ့ဟြားလိုလူမ်ိဳးကိုေတာင္ လက္ထပ္ခ်င္ေနတယ္ဆိုေတာ့ မင္းက တကယ္ကို အသည္းအသန္လိုခ်င္ေနတာပဲ။"
ေဖ်ာင္း...!
နဉ္ရႈက သူ႔မ်က္ႏွာတၫ့္တၫ့္ကို လက္ဝါးႏွင့္ရိုက္ခ်လိုက္သည္။ ဝမ္ရူဟြားမွာ ေတာင့္တင္းသြားၿပီး ဘာျဖစ္သြားတယ္ဆိုတာကို နားမလည္ႏိုင္ေသးသၫ့္အလား နဉ္ရႈကို ေငးငိုင္ကာၾကၫ့္ေန၏။
ထို႔အတြက္ နဉ္ရႈက သူမရဲ့ဘယ္ဘက္လက္ျဖင့္ ရိုက္ခ်လိုက္ၿပီးေနာက္ ညာဘက္လက္ျဖင့္ ထပ္ရိုက္သည္။ ၿပီး သူ႔မ်က္ႏွာကို အားရပါးရ ရိုက္ေနေတာ့၏။
...
Advertisement
- In Serial14 Chapters
Wrath of the chosen (DROPPED)
Wrath of the chosen follows Jon sizlash, a forensic pathologist that is brutally murdered by some hired guns. However instead of going to whatever awaits you after death, his soul is summoned by Rignath the god of entertainment, for the purpose of saving another world while bringing joy to the gods of the multiverse. Unsurprisingly Jon gets pissed and promises two things to Rignath; 1 that he will save the world, but he will do so using his methods and 2 that when he is done Rignath owes him any one favor. DROPPED
8 194 - In Serial69 Chapters
Six Seals
Put on indefinite hiatus.
8 193 - In Serial18 Chapters
A Life's Journey
A Life's Journey is a novel written by a amateur author trying to write his first work, english is not his first language, It is about the journey of a boy through the world, the foreign planes and his own life, learning new things and doing different things.
8 166 - In Serial32 Chapters
Devil May Love | Niklaus Mikaelson
[Completed]"I could love the devil as long as that devil loves me as much as he loves Hell" Evangeline Salvatore returns to Mystic Falls to see her brothers and tell them all about her travels only to be sucked into the world of saving the doppelganger and facing the Big bad Hybrid himself, Niklaus Mikaelson. **I DO NOT OWN THE VAMPIRE DIARIES OR ANY OF THE VAMPIRE DIARIES CHARACTERS**
8 194 - In Serial24 Chapters
This Story Writes Itself [a chain writing game]
Each page is a new beginning. Quite literary when it comes to this compilation of flash fiction written by a myriad of authors. Each one only has a paragraph and a list of characters to work off, to continue the main story. Let’s see where this takes us! This story is brought to you by : DT_Reunion luda305 nerdy_asian27 Gasmaskbro One_Chance The God Of Boredom skitta Space Pickle Little Racoon ArDeeBurger Rhea Bring The Sorcerer's Pen
8 204 - In Serial8 Chapters
Totally My Type
Kisah cinta anak SMA
8 141

