《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 86
Advertisement
[Unicode]
{ငါတို့က လိုက်ဖက်ညီတယ်}
ဟယ့်တာ့ဟွားရဲ့မျက်နှာက အရမ်းရှုံ့မဲ့နေတာမို့ နဉ်ရှုမှာ သူ့မျက်လုံးတွေကိုပင် မတွေ့နိုင်တော့တာကြောင့် မေးလိုက်၏။
"ဘာလဲ?"
ဟယ့်တာ့ဟွားက သူမလက်ကိုကိုင်ဖို့ လက်ဆန့်လာသည်မို့ သူမက သူ့လက်ထဲကို လက်ဖက်ရည်တစ်ခွက် ထိုးပေးလိုက်သည်။
"မိန်းမလှလေး၊ ကိုယ်တို့က အရမ်းလိုက်ဖက်မှတော့ မင်း ဘာလို့ ကိုယ့်ကို လက်မထပ်တာလဲ? ကိုယ်တို့အကျင့်စရိုက်တွေကလည်း အတော်လေးတူညီတယ်လို့ ကိုယ်ခံစားမိတယ်။ ကိုယ်တို့က အရမ်းကိုလွတ်လပ်ပြီး အေးအေးလူလူနေတတ်ကြတဲ့အပြင် ကိစ္စအသေးအမွှားလေးတွေကို ငြင်းခုံရန်ဖြစ်တတ်တဲ့လူတွေလည်းမဟုတ်ဘူးလေ။"
ဟယ့်တာ့ဟွားက နဉ်ရှုရဲ့မျက်ဝန်းတွေကို အသက်တစ်ရှိုက်စာမျှ ရိုးသားစွာကြည့်လိုက်ပြီးနောက် ငိုကြွေးလေ၏။
"ကိုယ့်အဖေက ကိုယ့်ကို လက်ထပ်စေချင်နေတယ်။ ကိုယ် လက်မထပ်ရင် သူက ကိုယ့်ကို ရွာပြင်ကန်ထုတ်လိမ့်မယ်။"
နဉ်ရှုက သူမရဲ့နှုတ်ခမ်းတွေကို ရွံရှာစွာတွန့်ကွေးလိုက်သည်။
"ကျွန်မတို့က ဘယ်တုန်းကများ လိုက်ဖက်ညီသွားကြတာလဲ? အများဆုံးမှ ကျွန်မတို့က ဆိုးဖော်ဆိုးဖက်တွေ၊ အရက်သောက်ဖော်တွေနဲ့ ခင်မင်ရင်းနှီးတဲ့သူတွေပဲကို။ ကျွန်မကို ရှင့်ကိုလက်ထပ်ဖို့ပြောတာက ဘာသဘောလဲ?"
"ရှင် နည်းနည်းလောက်ပိုပြီး ကျိုးကြောင်းချင့်ချိန်မပေးနိုင်ဘူးလား?"
နဉ်ရှုက စိတ်ရှုပ်နေသည့်လေသံဖြင့် ဆက်ပြော၏။
"ရွာထဲမှာ ရှင်ရွေးလို့ရနိုင်တဲ့ မိန်းကလေးတွေ အများကြီးရှိတာပဲ။"
"ပြီးတော့ ရှင်က အရမ်းရုပ်ဆိုးတယ်၊ အဲ့ဒါက ကလေးတွေအပေါ် သက်ရောက်သွားရင် ဘယ့်နှယ်လုပ်မတုန်း?"
နဉ်ရှုက ကောင်းကောင်းကြီးထိုးနှက်ကာ အဆုံးသတ်လိုက်သည်။
ဟယ့်တာ့ဟွားက သူ့ရဲ့ဆင်နှာမောင်းလိုတုတ်ခိုင်တဲ့ပေါင်ကိုပုတ်ကာ ရယ်သည်။
"မိန်းမလှလေး၊ ကိုယ် မင်းကို သဘောအကျဆုံးက ဘာလဲဆိုတာ မင်းသိလား? ကိုယ် မင်းရဲ့စိတ်ထားကို သဘောကျတယ်! ပြီးတော့ ဟယ့်ရွာထဲကို မင်းကြည့်လိုက်စမ်းပါ၊ ကိုယ့်လို ထူးချွန်ထက်မြက်တဲ့ယောက်ျားမျိုး ဘယ်မှာရှိလို့လဲ?"
နဉ်ရှု : …
ယွဲ့လန်က မျက်မှောင်ကုတ်ကာ အေးစက်စက်နှာမှုတ်သည်။
"ရှင်က ကျွန်မတို့ မမလေးကို ဘယ်လိုလုပ်လက်ထပ်နိုင်မှာလဲ? ကျွန်မတို့မမလေးက ဝန်ကြီး..."
"အဟမ်း!"
နဉ်ရှုက သူမစကားကိုဖြတ်ရန် ချောင်းဟန့်လိုက်သည်။ ယွဲ့လန်က ဒေါသထွက်ကာ ခြေဆောင့်လိုက်ပြီး စူပုတ်သွား၏။
"မမလေး ဒီလူ့ကို တကယ်ကြီးလက်ထပ်မလို့လား? သူ၊ သူက..."
ယွဲ့လန်မှာ ဟယ့်တာ့ဟွားကို ဘယ်လိုဖော်ပြရမလဲဆိုတာပင် မသိချေ။
"စိတ်မပူပါနဲ့ မိန်းမလှလေးရဲ့၊ မင်း ကိုယ့်ကိုလက်ထပ်တဲ့အခါ မင်း အားလုံးကို ဆုံးဖြတ်နိုင်ပါတယ်။ အိမ်က ကြက်တွေ၊ ဘဲတွေနဲ့ ငါးတွေအားလုံး မင်းအပိုင်ပါပဲ၊ ပြီးတော့ ကိုယ်ကလည်း မင်းအပိုင်ပါပဲ။"
ဟယ့်တာ့ဟွားက သူ့ရင်ဘတ်ကို ပုတ်လိုက်သည်မို့ အဆီတွေက တုန်ခါလို့လာ၏။
"ငါ ခွင့်မပြုဘူး!"
ဝမ်ရူဟွားရဲ့အသံက ရုတ်တရက်ထွက်ပေါ်လာသည်။ ဟယ့်တာ့ဟွားက သူ့ကို လှည့်ကြည့်၏။
"ဘယ်လိုစပ်စုတတ်တဲ့အရူးကောင်က ဝင်စွက်ဖက်ဖို့ ကြိုးစားနေတာပါလိမ့်? ငါက ဒါဖြစ်နိုင်တယ်လို့ပြောရင် ဒါ ဖြစ်နိုင်တယ်ပဲ!"
ဝမ်ရူဟွားမှာ ဒေါသထွက်လွန်း၍ သူ့မျက်နှာသည်ပင် ဖြူရော်လာ၏။ သူက နဉ်ရှုဘက်ကိုလှည့်ကာ သရော်သည်။
"ပိုင်ချင်ရှန်း၊ မင်းမှာ တကယ်ကိုပဲ လှည့်ကွက်တွေအများကြီးရှိတာပဲ။ ရက်နည်းနည်းပဲရှိသေးပေမယ့် မင်းက ရွာလူဆိုးကောင်ကို မင်းလို စွန့်ပစ်ခံထားရတဲ့မိန်းမကို လက်ထပ်ပြီး သူ့မိသားစုချမ်းသာသမျှအကုန် ပေးချင်လာအောင် ဖျားယောင်းလိုက်နိုင်ပြီပဲ။"
"မင်းက စည်းစိမ်ဥစ္စာနဲ့ ထင်ပေါ်ကျော်ကြားမှုကို တော်တော်လေးမက်မောတာပဲ။"
နဉ်ရှုကို ကြည့်နေတဲ့ ဝမ်ရူဟွားရဲ့မျက်လုံးတွေက နီရဲနေ၏။
"ပိုင်ချင်ရှန်း၊ မင်း ငါ့ကို ထပ်ပြီးအသုံးချပြန်ပြီ! မင်းက အပေါ်တက်ဖို့ ငါ့ကို ထပ်အသုံးချပြန်ပြီပဲ!"
ဟယ့်တာ့ဟွားက နဉ်ရှုကို သူ့ရဲ့ပေါက်ဖတ်လိုမျက်ခုံးတွေပင့်ပြသည်။
"သူ ဘာပြောနေတယ်ဆိုတာ မင်းနားလည်လား? ကိုယ်တော့ လုံးဝနားမလည်ဘူး။"
"မင်း လက်ထပ်ချင်တဲ့မိန်းမက စွန့်ပစ်ထားခံရတဲ့မိန်းမကလွဲပြီး ဘာမှမဟုတ်ဘူး! သူက ပေါ့ပျက်ပျက်နဲ့ လောဘကြီးတဲ့ မိန်းမပျက်ပဲ!"
ဝမ်ရူဟွားက ဟယ့်တာ့ဟွားကို ရွံရှာစွာကြည့်သည်။
"မင်း အမြင်အာရုံတွေက မကောင်းတော့ဘူးပဲ။ သူ့ယောက်ျားဆီကနေ မောင်းထုတ်ခံလိုက်ရတဲ့ မိန်းမတစ်ယောက်ကိုများ သဘောကျနေသေးတယ်။"
ဟယ့်တာ့ဟွားက ဝမ်ရူဟွားကို တံတွေးနှင့်ထွေးကာ မေးကိုမော့၏။
"အဲ့ဒါ မင်းနဲ့ ဘာဆိုင်လဲ? ငါ ဘယ်သူ့ကိုသဘောကျတယ်ဆိုတာ မင်းနဲ့ ဘာများဆိုင်နေလို့လဲ? ငါသဘောကျတဲ့လူကို ငါလက်ထပ်မှာပဲ!"
ဝမ်ရူဟွားမှာ ဟယ့်တာ့ဟွား၏အပြုအမူကို ရွံရှာသွားပြီး အကြီးအကျယ်စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်မို့ အေးစက်စွာနှာမှုတ်ကာ သူ့အခန်းကို ဒေါသတကြီးပြန်သွားလေ၏။
ဟယ့်တာ့ဟွားက နဉ်ရှုဘက်ကို ပြန်လှည့်လာသည်။
"မိန်းမလှလေး၊ အစ်ကိုတာ့ဟွားသဘောကျတာက မင်းရဲ့အကျင့်စရိုက်ကိုပဲ။ မင်းရဲ့အတိတ်က ကိုယ်နဲ့ ဘာမှမဆိုင်ဘူး။ မင်းက ကိုယ့်အကြိုက်တွေနဲ့ ကိုက်ညီတဲ့ ပထမဆုံးလူပဲ။ မင်းက မင်းရဲ့မောက်မာမှုတွေကို လုံးမချုပ်တီးမထားတတ်ဘူး၊ ဒီတော့ ကိုယ်တို့ရဲ့အကျင့်တွေက အရမ်းလိုက်ဖက်ညီတယ်။ ပြီးတော့ ကိုယ်က ရှက်ကြောက်တတ်ပြီး နူးညံ့သိမ်မွေ့တဲ့မိန်းမတစ်ယောက်ကို လက်မထပ်ချင်ဘူး။ အိုင်း၊ ဒါက နာကျင်ရမှာပဲ။"
...
[Zawgyi]
{ငါတို႔က လိုက္ဖက္ညီတယ္}
ဟယ့္တာ့ဟြားရဲ့မ်က္ႏွာက အရမ္းရႈံ႔မဲ့ေနတာမို႔ နဉ္ရႈမွာ သူ႔မ်က္လံုးေတြကိုပင္ မေတြ့ႏိုင္ေတာ့တာေၾကာင့္ ေမးလိုက္၏။
"ဘာလဲ?"
ဟယ့္တာ့ဟြားက သူမလက္ကိုကိုင္ဖို႔ လက္ဆန႔္လာသည္မို႔ သူမက သူ႔လက္ထဲကို လက္ဖက္ရည္တစ္ခြက္ ထိုးေပးလိုက္သည္။
"မိန္းမလွေလး၊ ကိုယ္တို႔က အရမ္းလိုက္ဖက္မွေတာ့ မင္း ဘာလို႔ ကိုယ့္ကို လက္မထပ္တာလဲ? ကိုယ္တို႔အက်င့္စရိုက္ေတြကလည္း အေတာ္ေလးတူညီတယ္လို႔ ကိုယ္ခံစားမိတယ္။ ကိုယ္တို႔က အရမ္းကိုလြတ္လပ္ၿပီး ေအးေအးလူလူေနတတ္ၾကတဲ့အျပင္ ကိစၥအေသးအမႊားေလးေတြကို ျငင္းခံုရန္ျဖစ္တတ္တဲ့လူေတြလည္းမဟုတ္ဘူးေလ။"
Advertisement
ဟယ့္တာ့ဟြားက နဉ္ရႈရဲ့မ်က္ဝန္းေတြကို အသက္တစ္ရိႈက္စာမ်ွ ရိုးသားစြာၾကၫ့္လိုက္ၿပီးေနာက္ ငိုေႂကြးေလ၏။
"ကိုယ့္အေဖက ကိုယ့္ကို လက္ထပ္ေစခ်င္ေနတယ္။ ကိုယ္ လက္မထပ္ရင္ သူက ကိုယ့္ကို ရြာျပင္ကန္ထုတ္လိမ့္မယ္။"
နဉ္ရႈက သူမရဲ့ႏႈတ္ခမ္းေတြကို ရြံရွာစြာတြန႔္ေကြးလိုက္သည္။
"ကြၽန္မတို႔က ဘယ္တုန္းကမ်ား လိုက္ဖက္ညီသြားၾကတာလဲ? အမ်ားဆံုးမွ ကြၽန္မတို႔က ဆိုးေဖာ္ဆိုးဖက္ေတြ၊ အရက္ေသာက္ေဖာ္ေတြနဲ႔ ခင္မင္ရင္းႏွီးတဲ့သူေတြပဲကို။ ကြၽန္မကို ရွင့္ကိုလက္ထပ္ဖို႔ေျပာတာက ဘာသေဘာလဲ?"
"ရွင္ နည္းနည္းေလာက္ပိုၿပီး က်ိဳးေၾကာင္းခ်င့္ခ်ိန္မေပးႏိုင္ဘူးလား?"
နဉ္ရႈက စိတ္ရႈပ္ေနသၫ့္ေလသံျဖင့္ ဆက္ေျပာ၏။
"ရြာထဲမွာ ရွင္ေရြးလို႔ရႏိုင္တဲ့ မိန္းကေလးေတြ အမ်ားႀကီးရိွတာပဲ။"
"ၿပီးေတာ့ ရွင္က အရမ္းရုပ္ဆိုးတယ္၊ အဲ့ဒါက ကေလးေတြအေပၚ သက္ေရာက္သြားရင္ ဘယ့္ႏွယ္လုပ္မတုန္း?"
နဉ္ရႈက ေကာင္းေကာင္းႀကီးထိုးႏွက္ကာ အဆံုးသတ္လိုက္သည္။
ဟယ့္တာ့ဟြားက သူ႔ရဲ့ဆင္ႏွာေမာင္းလိုတုတ္ခိုင္တဲ့ေပါင္ကိုပုတ္ကာ ရယ္သည္။
"မိန္းမလွေလး၊ ကိုယ္ မင္းကို သေဘာအက်ဆံုးက ဘာလဲဆိုတာ မင္းသိလား? ကိုယ္ မင္းရဲ့စိတ္ထားကို သေဘာက်တယ္! ၿပီးေတာ့ ဟယ့္ရြာထဲကို မင္းၾကၫ့္လိုက္စမ္းပါ၊ ကိုယ့္လို ထူးခြၽန္ထက္ျမက္တဲ့ေယာက္်ားမ်ိဳး ဘယ္မွာရိွလို႔လဲ?"
နဉ္ရႈ : …
ယြဲ႔လန္က မ်က္ေမွာင္ကုတ္ကာ ေအးစက္စက္ႏွာမႈတ္သည္။
"ရွင္က ကြၽန္မတို႔ မမေလးကို ဘယ္လိုလုပ္လက္ထပ္ႏိုင္မွာလဲ? ကြၽန္မတို႔မမေလးက ဝန္ႀကီး..."
"အဟမ္း!"
နဉ္ရႈက သူမစကားကိုျဖတ္ရန္ ေခ်ာင္းဟန႔္လိုက္သည္။ ယြဲ႔လန္က ေဒါသထြက္ကာ ေျခေဆာင့္လိုက္ၿပီး စူပုတ္သြား၏။
"မမေလး ဒီလူ႔ကို တကယ္ႀကီးလက္ထပ္မလို႔လား? သူ၊ သူက..."
ယြဲ႔လန္မွာ ဟယ့္တာ့ဟြားကို ဘယ္လိုေဖာ္ျပရမလဲဆိုတာပင္ မသိေခ်။
"စိတ္မပူပါနဲ႔ မိန္းမလွေလးရဲ့၊ မင္း ကိုယ့္ကိုလက္ထပ္တဲ့အခါ မင္း အားလံုးကို ဆံုးျဖတ္ႏိုင္ပါတယ္။ အိမ္က ၾကက္ေတြ၊ ဘဲေတြနဲ႔ ငါးေတြအားလံုး မင္းအပိုင္ပါပဲ၊ ၿပီးေတာ့ ကိုယ္ကလည္း မင္းအပိုင္ပါပဲ။"
ဟယ့္တာ့ဟြားက သူ႔ရင္ဘတ္ကို ပုတ္လိုက္သည္မို႔ အဆီေတြက တုန္ခါလို႔လာ၏။
"ငါ ခြင့္မျပဳဘူး!"
ဝမ္ရူဟြားရဲ့အသံက ရုတ္တရက္ထြက္ေပၚလာသည္။ ဟယ့္တာ့ဟြားက သူ႔ကို လွၫ့္ၾကၫ့္၏။
"ဘယ္လိုစပ္စုတတ္တဲ့အရူးေကာင္က ဝင္စြက္ဖက္ဖို႔ ႀကိဳးစားေနတာပါလိမ့္? ငါက ဒါျဖစ္ႏိုင္တယ္လို႔ေျပာရင္ ဒါ ျဖစ္ႏိုင္တယ္ပဲ!"
ဝမ္ရူဟြားမွာ ေဒါသထြက္လြန္း၍ သူ႔မ်က္ႏွာသည္ပင္ ျဖဴေရာ္လာ၏။ သူက နဉ္ရႈဘက္ကိုလွၫ့္ကာ သေရာ္သည္။
"ပိုင္ခ်င္ရွန္း၊ မင္းမွာ တကယ္ကိုပဲ လွၫ့္ကြက္ေတြအမ်ားႀကီးရိွတာပဲ။ ရက္နည္းနည္းပဲရိွေသးေပမယ့္ မင္းက ရြာလူဆိုးေကာင္ကို မင္းလို စြန႔္ပစ္ခံထားရတဲ့မိန္းမကို လက္ထပ္ၿပီး သူ႔မိသားစုခ်မ္းသာသမ်ွအကုန္ ေပးခ်င္လာေအာင္ ဖ်ားေယာင္းလိုက္ႏိုင္ၿပီပဲ။"
"မင္းက စည္းစိမ္ဥစၥာနဲ႔ ထင္ေပၚေက်ာ္ၾကားမႈကို ေတာ္ေတာ္ေလးမက္ေမာတာပဲ။"
နဉ္ရႈကို ၾကၫ့္ေနတဲ့ ဝမ္ရူဟြားရဲ့မ်က္လံုးေတြက နီရဲေန၏။
"ပိုင္ခ်င္ရွန္း၊ မင္း ငါ့ကို ထပ္ၿပီးအသံုးခ်ျပန္ၿပီ! မင္းက အေပၚတက္ဖို႔ ငါ့ကို ထပ္အသံုးခ်ျပန္ၿပီပဲ!"
ဟယ့္တာ့ဟြားက နဉ္ရႈကို သူ႔ရဲ့ေပါက္ဖတ္လိုမ်က္ခံုးေတြပင့္ျပသည္။
"သူ ဘာေျပာေနတယ္ဆိုတာ မင္းနားလည္လား? ကိုယ္ေတာ့ လံုးဝနားမလည္ဘူး။"
"မင္း လက္ထပ္ခ်င္တဲ့မိန္းမက စြန႔္ပစ္ထားခံရတဲ့မိန္းမကလြဲၿပီး ဘာမွမဟုတ္ဘူး! သူက ေပါ့ပ်က္ပ်က္နဲ႔ ေလာဘႀကီးတဲ့ မိန္းမပ်က္ပဲ!"
ဝမ္ရူဟြားက ဟယ့္တာ့ဟြားကို ရြံရွာစြာၾကၫ့္သည္။
"မင္း အျမင္အာရံုေတြက မေကာင္းေတာ့ဘူးပဲ။ သူ႔ေယာက္်ားဆီကေန ေမာင္းထုတ္ခံလိုက္ရတဲ့ မိန္းမတစ္ေယာက္ကိုမ်ား သေဘာက်ေနေသးတယ္။"
ဟယ့္တာ့ဟြားက ဝမ္ရူဟြားကို တံေတြးႏွင့္ေထြးကာ ေမးကိုေမာ့၏။
"အဲ့ဒါ မင္းနဲ႔ ဘာဆိုင္လဲ? ငါ ဘယ္သူ႔ကိုသေဘာက်တယ္ဆိုတာ မင္းနဲ႔ ဘာမ်ားဆိုင္ေနလို႔လဲ? ငါသေဘာက်တဲ့လူကို ငါလက္ထပ္မွာပဲ!"
ဝမ္ရူဟြားမွာ ဟယ့္တာ့ဟြား၏အျပဳအမူကို ရြံရွာသြားၿပီး အႀကီးအက်ယ္ေစာ္ကားခံလိုက္ရသလို ခံစားလိုက္ရသည္မို႔ ေအးစက္စြာႏွာမႈတ္ကာ သူ႔အခန္းကို ေဒါသတႀကီးျပန္သြားေလ၏။
ဟယ့္တာ့ဟြားက နဉ္ရႈဘက္ကို ျပန္လွၫ့္လာသည္။
"မိန္းမလွေလး၊ အစ္ကိုတာ့ဟြားသေဘာက်တာက မင္းရဲ့အက်င့္စရိုက္ကိုပဲ။ မင္းရဲ့အတိတ္က ကိုယ္နဲ႔ ဘာမွမဆိုင္ဘူး။ မင္းက ကိုယ့္အႀကိဳက္ေတြနဲ႔ ကိုက္ညီတဲ့ ပထမဆံုးလူပဲ။ မင္းက မင္းရဲ့ေမာက္မာမႈေတြကို လံုးမခ်ဳပ္တီးမထားတတ္ဘူး၊ ဒီေတာ့ ကိုယ္တို႔ရဲ့အက်င့္ေတြက အရမ္းလိုက္ဖက္ညီတယ္။ ၿပီးေတာ့ ကိုယ္က ရွက္ေၾကာက္တတ္ၿပီး ႏူးညံ့သိမ္ေမြ့တဲ့မိန္းမတစ္ေယာက္ကို လက္မထပ္ခ်င္ဘူး။ အိုင္း၊ ဒါက နာက်င္ရမွာပဲ။"
...
Advertisement
- In Serial32 Chapters
World of Eclipse
[Eclipse], a world where the bright crescent moon never disappears in the sky is divided into two territories, [Katzenschatz] which is owned by the race [Katzen], a hybrid of humans and cats and [Hundschatz] which is owned by the race [Hund], a hybrid of humans and dogs. Since the beginning of time, the two races were fighting against each other. Each race has six [Constellation Deity] that helps them fight in the war but in every generation war, it always comes into a stalemate. Now, on the upcoming 8th generation war, what will be the outcome? After turning 18 years old, our protagonist Raiki, a [Katzen] who wants to become a high-ranking soldier, decided to take the entrance test to become one. But just after he arrived in the town where the test will be held, he saw a group of bandits trying to rob a certain girl. He couldn’t leave that alone and do nothing so he saved the mysterious girl named Ciana from them. Where will Raiki be led by this fateful encounter?
8 184 - In Serial94 Chapters
From the Ashes
Kadin Banto is a member of the Aspire guild, the best guild in the kingdom of Kahlona. His current contract starts out as a simple missing child case but quickly escalates in to a in depth plot to bring back the demon lords of old, and a Necromancers desire to cover all the lands in flame.This story follows Kadin as he moves forwards to fulfil his contract and eliminate the Necromancer. A battle against time to stop the Necromancer from reaching the plains of ash and opening a portal to bring back the demon lords and the horde is a secondary objective - the Aspire guild will always complete the contract and Kadin will not be the exception.This is the first chapter of my book, I am interested in feedback and thoughts I have complete the first 10 chapters and am still working to complete this - if it is liked and enjoyed I will post the chapters as I finish them.The world itself is a High Fantasy world with all sort of magical creatures, including Elfs, Orcs, Vampires, Demons, giant spiders, enchanted weapons, magical runes, and wizardry - almost every one in this world can use magic - but only a few specialise in it.
8 252 - In Serial13 Chapters
Seeking Clarity
A boy wakes up in a hospital. He can't remember anything at all. Memories slowly come back as he wanders the building, and he attempts to piece together why he is there....At least, that's how it starts.
8 127 - In Serial19 Chapters
Ugly
*Dropped*There comes a time when we have to step out into the world on our own. No matter how frightening or depraved your world might be you have no choice but to face it and more terrible, still, to face yourself. For Ulen Gunter Lars Yeadon this is a struggle to lift a life long curse that has made him a object of pity for those around him. As he faces this struggle he will come to realize that the most terrible curses are those we inflict on ourselves.This fiction is Mature: for adult situations, language, depictions of gore, violence and enslavement.
8 99 - In Serial16 Chapters
Brave Realm Odyssey - Adventurer Resolution
Grinding, farming, sleeping. Brave Realm Odyssey was everything Astre's life revolved around for the last two years. All of his actions focused on achieving a single goal. Saving enough money to save his sister. To not fail again. As the time limit crawled closer, he sees his final chance. Brave Realm Odyssey's greatest tournament and it's first place reward.[participant in the Royal Road Writathon challenge] *** Hello there. It's just my rambling here, so nothing exciting. I have been writing quite a bit since the last time I posted on this site. Honestly, I wanted to get rid of that failure of mine, but I keep it up both to embarrass and motivate myself. I keep thinking to myself that one day I will go and fix it. Something more, well, this is an excuse, but English is not my first language. It will never be, and I think it will always hold me back in some way or form. That said, don't fear to berate me and to criticize my work or being toxic. I think I can take that. I somehow want that. Any attention is better than none, isn't it? That's all! I hope you will enjoy this work.
8 189 - In Serial56 Chapters
A new life in a new world.
A 21 year old man gets a second chance at life after he wasted his life doing nothing.This is a new beginning for a man who wanted a new life.
8 104

