《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 85
Advertisement
[Unicode]
{တစ်ကိုယ်ရေကျန်းမာမှုနှင့် လုံခြုံဘေးကင်းမှု}
တစ်ရက်တွင်တော့ ဟယ့်ရှောင်ဟွားက နဉ်ရှုဆီလာကာ မေး၏။
"ဝမ်ရူဟွားက ငါ့ကို ဘာလို့သဘောမကျတာလဲ?"
နဉ်ရှုက လတ်လတ်ဆတ်ဆတ်အသီးတစ်လုံးကို တစ်ကိုက်ကိုက်ကာ မေးသည်။
"နင်ကရော ဘာလို့ နင့်ကို သူ သဘောကျစေချင်ရတာလဲ? ဝမ်ရူဟွားမှာရှိသမျှက ကြည့်ကောင်းတာလေးပဲဟာ။ သူ့မှာ တစ်ခြားဘာမှမရှိဘူး။ သူက နင့်ကို တည်ငြိမ်တဲ့ဘဝမပေးနိုင်ဘူး။ သူ့ကိုယ်သူတောင် မနည်းအသက်ရှင်အောင် နေနေရတာဆိုတော့ သူက နင်ကို ကလေးတွေ ပျိုးထောင်ဖို့ ဘယ်လိုလုပ်ကူညီမှာလဲ?"
ထပ်ပြောရမယ်ဆို သူ့အကျင့်ကလည်း ဆိုးသေးတယ်။ ဒီလိုလူမျိုးနဲ့နေရတာက တကယ်ကို စိတ်ပင်ပန်းရမှာပဲ။
ဟယ့်ရှောင်ဟွားက ရှက်ရွံ့စွာဆို၏။
"သူ ငါ့ကိုဂရုစိုက်ဖို့ တကယ်မလိုပါဘူး။ သူက တစ်ယောက်တည်းဖြစ်နေတာမို့ ငါက သူ့ကို ငါတို့မိသားစုထဲ ဝင်စေချင်တာ။ ငါ့အဖေကလည်း သဘောတူတယ်။"
"ဖွီးးး..."
နဉ်ရှုမှာ သူမ စောသောကတင်ကိုက်လိုက်သည့် အသီးတစ်ကိုက်ကို ထွေးထုတ်မိ၏။ ဟယ့်ရှောင်ဟွားက ဝမ်ရူဟွားကို သူမမိသားစုထဲဝင်စေချင်တယ်? သူသာသိလို့ကတော့ အကြီးအကျယ်စော်ကားခံရတယ်လို့ တွေးမှာ အသေအချာပဲ။
နဉ်ရှုက ဟယ့်ရှောင်ဟွားရဲ့ပခုံးကို ပုတ်သည်။
"ကံကောင်းပါစေ။"
ဒါကို ဝမ်ရူဟွားသဘောတူဖို့က ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပေ။ အဲ့ကိစ္စဖြစ်လာအောင်လုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းက သေသေချာချာအကွက်ဆင်ကာလှည့်စားဖို့ပင်။
သူမ လမ်းလျှောက်ရာမှပြန်လာချိန်၌ ဝမ်ရူဟွားတစ်ယောက် ခြံထဲမှာ မည်းမှောင်နေသာ့်အမူအရာဖြင့် ရပ်နေသည်ကို နဉ်ရှုတွေ့လိုက်ရသည်။ သူ့ခေါင်းထိပ်ကနေ အခိုးအငွေ့တွေပင် ထွက်နေလောက်၏။
"ပိုင်ချင်ရှန်း၊ မင်းက ငါ နန်းတွင်းစာမေးပွဲအတွက် စာလေ့လာနိုငခအောင်လို့ ဒီကိုလာပြီး ငါ့ကိုစောင့်ရှောက်တာလို့ အမြဲပြောနေပေမယ့် ငါ့အတွက်တော့ မင်းက ဒီကို ယောက်ျားတွေကိုမြူဆွယ်ဖို့လာနေသလိုပဲ။ အခု မင်းက ဟယ့်တာ့ဟွားနဲ့ တရားဝင်ချစ်သူတွေဖြစ်နေပြီမလား? မင်းက မင်းရဲ့ရှက်စရာအပြုအမူတွေကို ဖုံးကွယ်ထားဖို့တောင် ဂရုမစိုက်တော့ဘူးပဲ။ ပိုင်ချင်ရှန်း၊ အရင်က ငါတကယ်ကန်းနေခဲ့တာပဲ။ တကယ်တမ်းကျတော့ မင်းက ဒီလောက်တောင်အရှက်မဲ့တယ်။ မင်းက ယောက်ျားတစ်ယောက်ကို ဒီလောက်တောင်ငမ်းငမ်းတက်လိုချင်နေတာလား? မင်း အလေးအနက်မထားဘူးဆို ငါ မင်းကို ကျေနပ်အောင်လုပ်ပေးမယ်။"
ဒါကိုကြားချိန်၌ နဉ်ရှု တောင့်တင်းသွား၏။ ဒီစကားက မူလဇာတ်ကြောင်းမှာ ဝမ်ရူဟွားက မုယန်မုန့်ကို ပြောခဲ့တဲ့စကားမဟုတ်ဘူးလား? ဒါပေမယ့် အခု သူမက ပိုင်ချငိရှန်းလေ။
"အခုကစပြီး မင်းကိုယ်မင်းမစောင့်ထိန်းရင် ငါ မင်းဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်။"
ဝမ်ရူဟွားက အေးစက်စက်နှာမှုတ်ကာ သူမကိုတိုက်ကာ ထွက်သွားလေ၏။
နဉ်ရှုက သူ့ကျောကိုလှမ်းကြည့်သည်။ သူမက ဝမ်ရူဟွားကို အစွန်းဘက်ကို တွန်းပို့မိပုံရပေမယ့် သူမ ဘာမှမလုပ်ရသေးဘူးလေ? ဝမ်ရူဟွားကပဲ လိုက်ထိန်းချုပ်နေတဲ့ ငကြောင်ကောင်ဖြစ်ပြီး သူမကို ဟယ့်တာ့ဟွားနဲ့ ဝေးဝေးနေဖို့ လာပြောနေတာ။
နဉ်ရှုမှာ သူမရဲ့ တစ်ကိုယ်ရေကျန်းမာရေးနဲ့လုံခြံမှုကို ပြန်စဉ်းစားဖို့ လိုအပ်လာပြီဟု ခံစားလိုက်ရကာ အိမ်ထဲဝင်သွားပြီး နံရံမှာချိတ်ထားတဲ့ မိသားစုအမွေဓားကိုကြည့်၏။ အမ်း၊ ဒီဓားကို ကာကွယ်ဖို့သုံးကြတာပေါ့။
သူမက ဓားကို တဲထဲမှာဖွက်ထားလိုက်သည်။ ယွဲ့လန်က မေးသည်။
"ဘာလို့ ဒီလိုလုပ်နေတာလဲ မမလေး? ဘာလို့ ဓားတစ်ချောင်းကို အိပ်ရာဘေးမှာ ထားထားတာလဲ? အဲ့ဒါတွေက နိမိတ်မကောင်းဘူး၊ အိပ်မက်ဆိုးတွေ မက်စေလိမ့်မယ်။"
"ဘာမှမဖြစ်ဘူး၊ နင့်မမလေးက သန်မာပါတယ်။ နင့်မမလေးမှာလည်း လက်နက်ရှိတာပဲ။"
နဉ်ရှုက လက်ကိုသုံးကာ သူမ၏ရင်သားကို ပင့်တင်၏။
ယွဲ့လန် : …
[ရှင်းလင်းချက် : လက်နက် (兇(ကြမ်းတမ်းခက်ထန်သော)器(ပစ္စည်း) xiong1 qi4) ‘လက်နက်’ (胸(ရင်)器(ပစ္စည်း)xiong1 qi4)
တကယ်တော့ ဒုတိယစာလုံးက စကားလုံးတစ်လုံးမဟုတ်ပါဘူး။ သံတူကြောင်းကွဲဟာသတစ်ခုပါ။]
"မမလေး၊ ဘာလို့ လျှို့ဝှက်သက်တော်စောင့်ကို ဒီကိုလာဖို့မပြောတာလဲ?"
ယွဲ့လန်က အကြံပေးသည်။
နဉ်ရှုက လက်ခါသည်။
"ဝမ်ရူဟွားလို အားပျော့တဲ့ကြက်ပေါက်စကို ငါ လက်ချောင်းတစ်ချောင်းတည်းနဲ့တောင် ဖြေရှင်းနိုင်တယ်။ နင့်သက်တော်စောင့်အစ်ကိုကြီးကို ခေါ်စရာမလိုပါဘူး။ ဒါမှမဟုတ် နင် သူ့ကို လွမ်းလို့လား? နင် ရွာအဝင်ဝဆီသွားပြီး သူ့ဆီအလည်သွားလို့ရပါတယ်။"
ယွဲ့လန်က ခြေဆောင့်သည်။
"ဘာတွေပြောနေတာလဲ မမလေးရဲ့? ကျွန်မနဲ့ သက်တော်စောင့်ကြားမှာ ဘာမှမရှိပါဘူးဆို။ ဒါပေမယ့် မမလေးက အမြဲတမ်း တစ်ခုခုရှိသလိုဖြစ်အောင် လုပ်နေတာပဲ။"
နဉ်ရှုက ရေသောက်ပြီးနောက် ယွဲ့လန်ကို စိတ်အားထက်သန်စွာကြည့်၏။
"နင်နဲ့ သက်တော်စောင့်ကြားမှာ တစ်ခုခုရှိနေဖို့ ငါတကယ်မျှော်လင့်တယ်။ ဒါမှ နောင်အနာဂတ်မှာ နင် မှီခိုနိုင်မယ့်လူရှိမှာလေ။"
"မမလေးက ဒီအစေခံရဲ့ မှီခိုရာပါပဲ။ အမ်း၊ ယောက်ျားတွေက ယုံလို့မရဘူး။ မမလေးသာ ကျွန်မကို ထောက်ခံပေးမထားရင် လျှို့ဝှက်သက်တော်စောင့်က ကျွန်မကို အနိုင်ကျင့်မှာ။".
ယွဲ့လန်က ဆိုသည်။
နဉ်ရှုက သက်ပြင်းချသည်။ သပ်တော်စောင့်အစ်ကိုကြီးနဲ့ ဒီညီမလေးယွဲ့လန်တို့ကြားမှာ တစ်စုံတစ်ရာအစပျိုးလာဖို့ သူမ စိတ်ရင်းနှင့်မျှော်လင့်သည်။
"မိန်းမလေးရေ အားး၊ ငါ့ကို ကယ်ပါဦး! မင်းအစ်ကိုတာ့ဟွားကို မြန်မြန်လေးကယ်ပါ..."
ဟယ့်တာ့ဟွားက ခုန်ပေါက်ကာ ပြေးလာ၏။ မြေကြီးမှာ သူ့ခြေလှမ်းများကြောင့် တုန်ခါနေသည်။
အသားလုံးတစ်လုံးက သူမဆီခုန်ပေါက်ပြေးလာသည်နှင့်ပင် တူ၏။ နဉ်ရှုမှာ လက်ဖက်ရည်ကို ထွေးထုတ်မိသွားသည်။
ဟယ့်တာ့ဟွားက သူမဆီပြေးလာကာ ခုံပေါ်ကို ဖုန်းကနဲတက်ထိုင်၏။ ခုံကလေးမှာ ကြောက်မက်ဖွယ်ကောင်းလှစွာဖြင့် ကျိကနဲမြည်သွားသည်။
Advertisement
ဟယ့်တာ့ဟွားက အတော်လေးမောနေသည်မို့ သူ့အသက်ရှူသံက ဟောက်သံတွေလိုပင်။ မေးခွန်းထုတ်လိုက်သည့် နဉ်ရှုနှုတ်ခမ်းတွေက တွန့်ကွေးနေ၏။
"တစ်ယောက်ယောက်က ရှင့်ကို သတ်ဖို့ကြိုးစားနေလို့လား?"
"အဲ့ဒါထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်။ မင်းက ငါ့ကိုကူညီနိုင်မယ့် တစ်ဦးတည်းသောသူပဲ။"
ဟယ့်တာ့ဟွားက နဉ်ရှုကိုကြည့်ကာ မျက်ရည်နည်းနည်းညှစ်ထုတ်လိုက်၏။
...
[Zawgyi]
{တစ္ကိုယ္ေရက်န္းမာမႈႏွင့္ လံုၿခံဳေဘးကင္းမႈ}
တစ္ရက္တြင္ေတာ့ ဟယ့္ေရွာင္ဟြားက နဉ္ရႈဆီလာကာ ေမး၏။
"ဝမ္ရူဟြားက ငါ့ကို ဘာလို႔သေဘာမက်တာလဲ?"
နဉ္ရႈက လတ္လတ္ဆတ္ဆတ္အသီးတစ္လံုးကို တစ္ကိုက္ကိုက္ကာ ေမးသည္။
"နင္ကေရာ ဘာလို႔ နင့္ကို သူ သေဘာက်ေစခ်င္ရတာလဲ? ဝမ္ရူဟြားမွာရိွသမ်ွက ၾကၫ့္ေကာင္းတာေလးပဲဟာ။ သူ႔မွာ တစ္ျခားဘာမွမရိွဘူး။ သူက နင့္ကို တည္ၿငိမ္တဲ့ဘဝမေပးႏိုင္ဘူး။ သူ႔ကိုယ္သူေတာင္ မနည္းအသက္ရွင္ေအာင္ ေနေနရတာဆိုေတာ့ သူက နင္ကို ကေလးေတြ ပ်ိဳးေထာင္ဖို႔ ဘယ္လိုလုပ္ကူညီမွာလဲ?"
ထပ္ေျပာရမယ္ဆို သူ႔အက်င့္ကလည္း ဆိုးေသးတယ္။ ဒီလိုလူမ်ိဳးနဲ႔ေနရတာက တကယ္ကို စိတ္ပင္ပန္းရမွာပဲ။
ဟယ့္ေရွာင္ဟြားက ရွက္ရြံ႔စြာဆို၏။
"သူ ငါ့ကိုဂရုစိုက္ဖို႔ တကယ္မလိုပါဘူး။ သူက တစ္ေယာက္တည္းျဖစ္ေနတာမို႔ ငါက သူ႔ကို ငါတို႔မိသားစုထဲ ဝင္ေစခ်င္တာ။ ငါ့အေဖကလည္း သေဘာတူတယ္။"
"ဖြီးးး..."
နဉ္ရႈမွာ သူမ ေစာေသာကတင္ကိုက္လိုက္သၫ့္ အသီးတစ္ကိုက္ကို ေထြးထုတ္မိ၏။ ဟယ့္ေရွာင္ဟြားက ဝမ္ရူဟြားကို သူမမိသားစုထဲဝင္ေစခ်င္တယ္? သူသာသိလို႔ကေတာ့ အႀကီးအက်ယ္ေစာ္ကားခံရတယ္လို႔ ေတြးမွာ အေသအခ်ာပဲ။
နဉ္ရႈက ဟယ့္ေရွာင္ဟြားရဲ့ပခံုးကို ပုတ္သည္။
"ကံေကာင္းပါေစ။"
ဒါကို ဝမ္ရူဟြားသေဘာတူဖို႔က ဘယ္လိုနည္းနဲ႔မွမျဖစ္ႏိုင္ေပ။ အဲ့ကိစၥျဖစ္လာေအာင္လုပ္ဖို႔ တစ္ခုတည္းေသာနည္းလမ္းက ေသေသခ်ာခ်ာအကြက္ဆင္ကာလွၫ့္စားဖို႔ပင္။
သူမ လမ္းေလ်ွာက္ရာမျွပန္လာခ်ိန္၌ ဝမ္ရူဟြားတစ္ေယာက္ ၿခံထဲမွာ မည္းေမွာင္ေနသာ့္အမူအရာျဖင့္ ရပ္ေနသည္ကို နဉ္ရႈေတြ့လိုက္ရသည္။ သူ႔ေခါင္းထိပ္ကေန အခိုးအေငြ့ေတြပင္ ထြက္ေနေလာက္၏။
"ပိုင္ခ်င္ရွန္း၊ မင္းက ငါ နန္းတြင္းစာေမးပြဲအတြက္ စာေလ့လာႏိုငခေအာင္လို႔ ဒီကိုလာၿပီး ငါ့ကိုေစာင့္ေရွာက္တာလို႔ အၿမဲေျပာေနေပမယ့္ ငါ့အတြက္ေတာ့ မင္းက ဒီကို ေယာက္်ားေတြကိုျမဴဆြယ္ဖို႔လာေနသလိုပဲ။ အခု မင္းက ဟယ့္တာ့ဟြားနဲ႔ တရားဝင္ခ်စ္သူေတျြဖစ္ေနၿပီမလား? မင္းက မင္းရဲ့ရွက္စရာအျပဳအမူေတြကို ဖံုးကြယ္ထားဖို႔ေတာင္ ဂရုမစိုက္ေတာ့ဘူးပဲ။ ပိုင္ခ်င္ရွန္း၊ အရင္က ငါတကယ္ကန္းေနခဲ့တာပဲ။ တကယ္တမ္းက်ေတာ့ မင္းက ဒီေလာက္ေတာင္အရွက္မဲ့တယ္။ မင္းက ေယာက္်ားတစ္ေယာက္ကို ဒီေလာက္ေတာင္ငမ္းငမ္းတက္လိုခ်င္ေနတာလား? မင္း အေလးအနက္မထားဘူးဆို ငါ မင္းကို ေက်နပ္ေအာင္လုပ္ေပးမယ္။"
ဒါကိုၾကားခ်ိန္၌ နဉ္ရႈ ေတာင့္တင္းသြား၏။ ဒီစကားက မူလဇာတ္ေၾကာင္းမွာ ဝမ္ရူဟြားက မုယန္မုန႔္ကို ေျပာခဲ့တဲ့စကားမဟုတ္ဘူးလား? ဒါေပမယ့္ အခု သူမက ပိုင္ခ်ငိရွန္းေလ။
"အခုကစၿပီး မင္းကိုယ္မင္းမေစာင့္ထိန္းရင္ ငါ မင္းဆႏၵေတြကို ျဖၫ့္ဆည္းေပးမယ္။"
ဝမ္ရူဟြားက ေအးစက္စက္ႏွာမႈတ္ကာ သူမကိုတိုက္ကာ ထြက္သြားေလ၏။
နဉ္ရႈက သူ႔ေက်ာကိုလွမ္းၾကၫ့္သည္။ သူမက ဝမ္ရူဟြားကို အစြန္းဘက္ကို တြန္းပို႔မိပံုရေပမယ့္ သူမ ဘာမွမလုပ္ရေသးဘူးေလ? ဝမ္ရူဟြားကပဲ လိုက္ထိန္းခ်ဳပ္ေနတဲ့ ငေၾကာင္ေကာင္ျဖစ္ၿပီး သူမကို ဟယ့္တာ့ဟြားနဲ႔ ေဝးေဝးေနဖို႔ လာေျပာေနတာ။
နဉ္ရႈမွာ သူမရဲ့ တစ္ကိုယ္ေရက်န္းမာေရးနဲ႔လံုၿခံမႈကို ျပန္စဉ္းစားဖို႔ လိုအပ္လာၿပီဟု ခံစားလိုက္ရကာ အိမ္ထဲဝင္သြားၿပီး နံရံမွာခ်ိတ္ထားတဲ့ မိသားစုအေမြဓားကိုၾကၫ့္၏။ အမ္း၊ ဒီဓားကို ကာကြယ္ဖို႔သံုးၾကတာေပါ့။
သူမက ဓားကို တဲထဲမွာဖြက္ထားလိုက္သည္။ ယြဲ႔လန္က ေမးသည္။
"ဘာလို႔ ဒီလိုလုပ္ေနတာလဲ မမေလး? ဘာလို႔ ဓားတစ္ေခ်ာင္းကို အိပ္ရာေဘးမွာ ထားထားတာလဲ? အဲ့ဒါေတြက နိမိတ္မေကာင္းဘူး၊ အိပ္မက္ဆိုးေတြ မက္ေစလိမ့္မယ္။"
"ဘာမွမျဖစ္ဘူး၊ နင့္မမေလးက သန္မာပါတယ္။ နင့္မမေလးမွာလည္း လက္နက္ရိွတာပဲ။"
နဉ္ရႈက လက္ကိုသံုးကာ သူမ၏ရင္သားကို ပင့္တင္၏။
ယြဲ႔လန္ : …
[ရွင္းလင္းခ်က္ : လက္နက္ (兇(ၾကမ္းတမ္းခက္ထန္ေသာ)器(ပစၥည္း) xiong1 qi4) ‘လက္နက္’ (胸(ရင္)器(ပစၥည္း)xiong1 qi4)
တကယ္ေတာ့ ဒုတိယစာလံုးက စကားလံုးတစ္လံုးမဟုတ္ပါဘူး။ သံတူေၾကာင္းကြဲဟာသတစ္ခုပါ။]
"မမေလး၊ ဘာလို႔ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္ကို ဒီကိုလာဖို႔မေျပာတာလဲ?"
ယြဲ႔လန္က အႀကံေပးသည္။
နဉ္ရႈက လက္ခါသည္။
"ဝမ္ရူဟြားလို အားေပ်ာ့တဲ့ၾကက္ေပါက္စကို ငါ လက္ေခ်ာင္းတစ္ေခ်ာင္းတည္းနဲ႔ေတာင္ ေျဖရွင္းႏိုင္တယ္။ နင့္သက္ေတာ္ေစာင့္အစ္ကိုႀကီးကို ေခၚစရာမလိုပါဘူး။ ဒါမွမဟုတ္ နင္ သူ႔ကို လြမ္းလို႔လား? နင္ ရြာအဝင္ဝဆီသြားၿပီး သူ႔ဆီအလည္သြားလို႔ရပါတယ္။"
ယြဲ႔လန္က ေျခေဆာင့္သည္။
"ဘာေတြေျပာေနတာလဲ မမေလးရဲ့? ကြၽန္မနဲ႔ သက္ေတာ္ေစာင့္ၾကားမွာ ဘာမွမရိွပါဘူးဆို။ ဒါေပမယ့္ မမေလးက အၿမဲတမ္း တစ္ခုခုရိွသလိုျဖစ္ေအာင္ လုပ္ေနတာပဲ။"
နဉ္ရႈက ေရေသာက္ၿပီးေနာက္ ယြဲ႔လန္ကို စိတ္အားထက္သန္စြာၾကၫ့္၏။
"နင္နဲ႔ သက္ေတာ္ေစာင့္ၾကားမွာ တစ္ခုခုရိွေနဖို႔ ငါတကယ္ေမ်ွာ္လင့္တယ္။ ဒါမွ ေနာင္အနာဂတ္မွာ နင္ မွီခိုႏိုင္မယ့္လူရိွမွာေလ။"
"မမေလးက ဒီအေစခံရဲ့ မွီခိုရာပါပဲ။ အမ္း၊ ေယာက္်ားေတြက ယံုလို႔မရဘူး။ မမေလးသာ ကြၽန္မကို ေထာက္ခံေပးမထားရင္ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က ကြၽန္မကို အႏိုင္က်င့္မွာ။".
ယြဲ႔လန္က ဆိုသည္။
နဉ္ရႈက သက္ျပင္းခ်သည္။ သပ္ေတာ္ေစာင့္အစ္ကိုႀကီးနဲ႔ ဒီညီမေလးယြဲ႔လန္တို႔ၾကားမွာ တစ္စံုတစ္ရာအစပ်ိဳးလာဖို႔ သူမ စိတ္ရင္းႏွင့္ေမ်ွာ္လင့္သည္။
"မိန္းမေလးေရ အားး၊ ငါ့ကို ကယ္ပါဦး! မင္းအစ္ကိုတာ့ဟြားကို ျမန္ျမန္ေလးကယ္ပါ..."
ဟယ့္တာ့ဟြားက ခုန္ေပါက္ကာ ေျပးလာ၏။ ေျမၾကီးမွာ သူ႔ေျခလွမ္းမ်ားေၾကာင့္ တုန္ခါေနသည္။
အသားလံုးတစ္လံုးက သူမဆီခုန္ေပါက္ေျပးလာသည္ႏွင့္ပင္ တူ၏။ နဉ္ရႈမွာ လက္ဖက္ရည္ကို ေထြးထုတ္မိသြားသည္။
ဟယ့္တာ့ဟြားက သူမဆီေျပးလာကာ ခံုေပၚကို ဖုန္းကနဲတက္ထိုင္၏။ ခံုကေလးမွာ ေၾကာက္မက္ဖြယ္ေကာင္းလွစြာျဖင့္ က်ိကနဲျမည္သြားသည္။
ဟယ့္တာ့ဟြားက အေတာ္ေလးေမာေနသည္မို႔ သူ႔အသက္ရႉသံက ေဟာက္သံေတြလိုပင္။ ေမးခြန္းထုတ္လိုက္သၫ့္ နဉ္ရႈႏႈတ္ခမ္းေတြက တြန႔္ေကြးေန၏။
"တစ္ေယာက္ေယာက္က ရွင့္ကို သတ္ဖို႔ႀကိဳးစားေနလို႔လား?"
"အဲ့ဒါထက္ေတာင္ ပိုေၾကာက္ဖို႔ေကာင္းေသးတယ္။ မင္းက ငါ့ကိုကူညီႏိုင္မယ့္ တစ္ဦးတည္းေသာသူပဲ။"
ဟယ့္တာ့ဟြားက နဉ္ရႈကိုၾကၫ့္ကာ မ်က္ရည္နည္းနည္းၫွစ္ထုတ္လိုက္၏။
...
Advertisement
- In Serial7 Chapters
Remember Me Fondly
Yuri is a girl who just woke up in the most horrific place imaginable, with no memory of how she had even got there. To everyone else, it's just a game. To Yuri: it's her new reality.
8 88 - In Serial108 Chapters
Liberum Book One: Waste Deep
On the planet of Liberum lies the super-massive city of Boris-Valka. Founded and governed by a body of corporate power houses for the last four hundred years, a much older and darker power lies deep within it's sewer system. Teams of sewer maintenance workers nicknamed waste-walkers remove massive fat-burgs and swarms of invasive insects larger than any found on Earth. Most are convicts, rejects, and the occasional suicidal volunteer. A chance encounter hurls Harvel Gillis and his adoptive sister Dibbuk Valez into a centuries old mystery that will change the meaning of existence itself. I'll be updating every other Friday with a new chapter.
8 111 - In Serial10 Chapters
Stolen Wonderland
Everything in existence possesses two sides, but only one side will be known across the world while the other lurks in eternal damnation. The world of Triea fights against an unending tide with the sliver of hope to reclaim the rightful place of the light on the land that was once theirs. Everyone shares the same dream to step on the lost land as liberators. A young man named Konnor will take part in the effort to reclaim their old home as a child blessed by the gods, a new status thrust upon him but still has the determination to embark on a new path. Unbeknownst to him, his home had to sacrifice too much to maintain the flames of hope alive. Very soon, the sparks will cease, and one side will claim total victory over the other once and for all. Also available on ScribbleHub. Cover art made by me.
8 146 - In Serial7 Chapters
(DEMO) Colorless vol.1- Phantamoire Enigmata
This is a demo volume consisting only seven chapters. The sole reason of this publication is to show the world a glimpse of the project. Therefore, the final quality of the product will be lot more refined and polished. This demo might get deleted from RoyalRoad after the actual publication. Synopsis: "Knights wearing their shining armor serving righteous justice riding their glorious horses." We all have heard that story- Heroes who do the right in the purest way without any tampering. But, is it really that easy? Is the world and it's heroes really that pure? After all... fairytale is just a lie. I might be the first author in the world who despises writing. I haven't read any story books or novel in my entire life but children's story book (not even ten of them). So, why do I write? Simple answer- the story. Inexperienced I may be but I believe my project and it's quality. The actual story will be posted somewhere in 2019. The story will be devided into 7/8 volumes and 90 (approx.) chapters. I have been working on this project for 1 year now. It took me 5 months to finalize the concept and plot, 7 months for the story and it's already been 6 months in writing along with 2 times of total revamp.
8 194 - In Serial10 Chapters
Two Hikers
This a a Ryan Lucan x oc This is my first story so if it sucks im sorry I only own Evelyn Davies and her storyline everything else belongs to Life is Strange
8 188 - In Serial18 Chapters
Adrian
Shortstory
8 179

