《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 84
Advertisement
[Unicode]
{ငါ မင်းအကြောင်းပြောနေတာ!
ဝမ်ရူဟွားရဲ့ ဘဝင်မြင့်စိတ်က ဘယ်ကလာတယ်ဆိုတာ နဉ်ရှု မသိချေ။ သူက ရာထူးအဆင့်မြင့်တဲ့လူတစ်ယောက်ဖြစ်နေသည့်အလား ဟယ့်ရှောင်ဟွားကို အထင်သေးနေ၏။
ကျွတ် ကျွတ်။ သူက တကယ်ကို ထင်ယောင်ထင်မှားဖြစ်နေတာပဲ။
ဟယ့်တာ့ဟွားက ဝမ်ရူဟွားကို သူ့ယပ်တောင်ဖြင့်ထိုးကာ ဒေါသတကြီးအော်ဟစ်လေ၏။
"ငါ့ညီမ တစ်ခုခုဖြစ်သွားလို့ကတော့ ငါ မင်းကို အရှင်လတ်လတ်မြေမြှုပ်ပစ်မှာ! ငါက ငါ့စကားကိုတည်တယ်ဆိုတာ မင်းသိပါတယ်။ ရွာသားတွေက မင်းကို ဘာမှမပြောရဲတာနဲ့ပဲ မင်းက တစ်ခုခုထူးခြားတယ်လို့တွေးပြီး သွေးနားထင်ရောက်နေတာပေါ့လေ?"
ဟယ့်တာ့ဟွားက နဉ်ရှုဘက်ကိုလှည့်ကာ ဆိုသည်။
"မိန်းမလှလေး၊ မင်း အစ်ကိုတာ့ဟွားရဲ့အိမ်မှာ လာနေသင့်တယ်။ ဒီကောင်က အရမ်းရွံဖို့ကောင်းလွန်းတယ်။"
"ရှင် ရှင့်ညီမကို သွားနှစ်သိမ့်ပေးသင့်တယ်။"
နဉ်ရှုက ဆိုသည်။
ဟယ့်တာ့ဟွားက သူ့ညီမနောက် ပြေးလိုက်သွား၏။
နဉ်ရှုက ဝမ်ရူဟွားကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားပြီး တဲထဲဝင်၏။ ဝမ်ရူဟွားက အေးစက်စွာအော်သည်။
"ပိုင်ချင်ရှန်း၊ ငါတို့ စကားပြောရအောင်။"
နဉ်ရှုက မျက်ခုံးပင့်ကာ ပြန်လှည့်လာ၏။
"ဝမ်းကွဲအစ်ကိုက ဘာအကြောင်းများပြောချင်လို့ပါလဲ? သေချာစာလေ့လာပြီး နန်းတွင်းစာမေးပွဲဝင်ဖြေဖို့ ဆုံးဖြတ်လိုက်ပြီလား?"
"စာမေးပွဲအကြောင်း မပြောနဲ့! ဒီဘဝမှာ ငါ စာမေးပွဲဖြေဖို့ ငြင်းပယ်တယ်! မင်းပုံရိပ်ကို ဂရုစိုက်ဖို့ ငါပြောချင်တယ်! ရွာသားတွေက မင်းအကြောင်း ဘယ်လိုတွေပြောနေကြလဲဆိုတာ မင်းသိလား? မင်းက လက်ထပ်ထားတယ်ဆိုတဲ့ မင်းအခြေအနေကို ဂရုမစိုက်ဘဲ ရုပ်ရည်ကိုအသုံးချပြီး ယောက်ျားတွေကို ဖျားယောင်းနေတယ်လို့ သူတို့က ပြောနေကြတာ။ ကျောင်းက ကလေးတွေအားလုံးက ငါ့မိသားစုထဲမှာ ဘာလို့ ဒီလိုမိန်းမမျိုးရှိနေရတာလဲလို့ ငါ့ကို မေးနေတယ်။ ငါ့ကျောင်းသားတွေရှေ့မှာ ငါ ဘယ်လိုများခေါင်းမော့နိုင်ဦးမယ်လို့ မင်းထင်နေတာလဲ? ပိုင်ချင်ရှန်း၊ မင်း ဒီလောက်တောင် စာရိတ္တပျက်ပြားနေပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေဦးမယ်ဆိုရင် မင်း ဟယ့်ရွာကနေ ထွက်သွားသင့်တယ်။ ဒီနေရာက မင်းနဲ့မသင့်တော်ဘူး၊ အပျော်ဂေဟာကမှ မင်းနဲ့ပိုသင့်တော်တာ။"
ဝမ်ရူဟွားက အချိန်အတန်ကြာသည်အထိ တတွတ်တွတ်ပြောနေ၏။ နဉ်ရှုက ပြောလိုက်သည်။
"စာသင်သားတွေ ပြည့်တန်ဆာတွေဆီသွားတဲ့အကြောင်းစာအုပ်တွေ အစ်ကိုဖတ်နေတာကိုရော အစ်ကို့ကျောင်းသားတွေ သိရဲ့လား? သူတို့သာသိသွားကြရင် သူတို့ အစ်ကို့ကို ဘယ်လိုကြည့်ကြမလဲဆိုတာ ညီမ သိချင်မိသား?"
ဝမ်ရူဟွားရဲ့မျက်နှာက ချက်ချင်းပင်ဖြူရော်သွားပြီး သူက အော်ဟစ်လာ၏။
"ပိုင်ချင်ရှန်း၊ ငါ မင်းအကြောင်း ပြောနေတာ! ခေါင်းစဉ်မပြောင်းစမ်းနဲ့!"
နဉ်ရှုက ဝမ်ရူဟွားကို လုံးဝစကားမပြောချင်ပါချေ။ သူမက ခါးကိုင်းကာ တဲထဲဝင်သွား၏။ ဝမ်ရူဟွားက ကြောင်သူတော်တစ်ယောက်သာဖြစ်၏။
သူက တစ်ခြားလူတွေ ထိုထိုသောကိစ္စတို့ကိုလုပ်တဲ့အခါ အဆင်မပြေပေမယ့် အဲ့ဒါတွေကို သူကိုယ်တိုင်လုပ်တဲ့အခါမှာတော့ ဘာတစ်ခုမှ မှားနေတယ်လို့ သူမခံစားရပေ။ ဒါက သူကိုယ်တိုင်အတွက် မီးမွှေးထားပေမယ့် ပြည်သူတွေ နွေးထွေးအောင်မီးမွှေးခွင့်ပေးဖို့အတွက်တော့ ငြင်းဆန်နေသည့် အရာရှိတစ်ယောက်ကဲ့သို့ပင်။
သူက ဆန်ကုန်မြေလေးတစ်ယောက်ပဲ! မိန်းမတွေကို သူအထင်သေးတဲ့ပုံအရ သူက ပုရိသဝါဒကိုလက်ကိုင်ထားသည့် ကြောင်သူတော်တစ်ယောက်သာဖြစ်ချေသည်။ ကျွတ် ကျွတ်...
"ပိုင်ချင်ရှန်း၊ မင်း..."
"ဝမ်းကွဲအစ်ကို၊ အခု ချင်ရှန်း ပင်ပန်းနေပြီမို့ အနားယူချင်ပြီ။ ဖြောင့်မတ်တဲ့ အမျိုးကောင်းသားတစ်ယောက်အနေနဲ့ အစ်ကို ချင်ရှန်းရဲ့တဲအပြင်မှာ ရပ်မနေဘူးမဟုတ်လား? ဝမ်းကွဲအစ်ကိုက အဲ့လို အရှက်မရှိတဲ့ကိစ္စမျိုးကို သေချာပေါက် မလုပ်ဘူးမလား?"
နဉ်ရှုက သမ်းဝေ၏။
အပြင်မှာတော့ ဝမ်ရူဟွားရဲ့မျက်နှာကြီးမှာ မည်းမှောင်လျက်ရှိ၏။ တဲကိုစိုက်ကြည့်နေတဲ့ သူ့ဘေးပတ်လည်မှာ အလွန်တရာမည်းမှောင်နေသည့်ရောင်ဝါတစ်ခုရှိနေသည်။
နောက်ဆုံး၌မူ သူက အေးစက်စွာနှာမှုတ်လျက် သူ့အိမ်ဆီပြန်သွားကာ သူ့နောက်ကတံခါးကို ဘမ်းကနဲပိတ်ချလိုက်လေ၏။
တဲအတွင်း၌မူ ယွဲ့လန်က ပြောလာသည်။
"ထွက်သွားကြရအောင်ပါ မမလေးရယ်။ ကျွန်မတို့က ဘာလို့ ဒီလိုထူးဆန်းတဲ့လူတွေကို အမြဲတွေ့နေရတာလဲ?"
ဇာတ်လိုက်တွေဆိုတာ ဒီလိုပဲ ခေါင်းမာပြီးထူးဆန်းနေတတ်တာလေ၊ အဲ့ဒါကို ဘာများလုပ်နိုင်မှာလဲ?
"ထွက်သွားချိန်တန်ရင် နင့်မမလေးက ထွက်သွားမှာပါ။ ဒါပေမယ့် ဒီမှာက အခုထိ အချိန်မကျသေးဘူး။"
နဉ်ရှုက ထပ်မံသမ်းဝေကာ အိပ်ရန်အတွက် မျက်လုံးပိတ်၏။
သူမက ဝမ်ရူဟွားရဲ့စကားတွေကို နည်းနည်းလေးမှ အလေးမထားပါချေ။ အားလပ်သည့်အချိန်တိုင်း သူမက ဟယ့်မောင်နှမနှစ်ယောက်နှင့် အပျော်ခရီးထွက်ခြင်း၊ မြစ်ဆီကိုသွားကာ ငါးမျှားခြင်းတို့ ပြုလုပ်လေ၏။ သူမက သူမရဲ့နေ့ရက်တွေကို အပူအပင်ကင်းမဲ့စွာဖြင့် သက်တောင့်သက်သာဖြတ်သန်းနေလေ၏။
...
[Zawgyi]
{ငါ မင္းအေၾကာင္းေျပာေနတာ!
ဝမ္ရူဟြားရဲ့ ဘဝင္ျမင့္စိတ္က ဘယ္ကလာတယ္ဆိုတာ နဉ္ရႈ မသိေခ်။ သူက ရာထူးအဆင့္ျမင့္တဲ့လူတစ္ေယာက္ျဖစ္ေနသၫ့္အလား ဟယ့္ေရွာင္ဟြားကို အထင္ေသးေန၏။
ကြၽတ္ ကြၽတ္။ သူက တကယ္ကို ထင္ေယာင္ထင္မွားျဖစ္ေနတာပဲ။
ဟယ့္တာ့ဟြားက ဝမ္ရူဟြားကို သူ႔ယပ္ေတာင္ျဖင့္ထိုးကာ ေဒါသတႀကီးေအာ္ဟစ္ေလ၏။
"ငါ့ညီမ တစ္ခုခုျဖစ္သြားလို႔ကေတာ့ ငါ မင္းကို အရွင္လတ္လတ္ေျမျမႇဳပ္ပစ္မွာ! ငါက ငါ့စကားကိုတည္တယ္ဆိုတာ မင္းသိပါတယ္။ ရြာသားေတြက မင္းကို ဘာမွမေျပာရဲတာနဲ႔ပဲ မင္းက တစ္ခုခုထူးျခားတယ္လို႔ေတြးၿပီး ေသြးနားထင္ေရာက္ေနတာေပါ့ေလ?"
ဟယ့္တာ့ဟြားက နဉ္ရႈဘက္ကိုလွၫ့္ကာ ဆိုသည္။
"မိန္းမလွေလး၊ မင္း အစ္ကိုတာ့ဟြားရဲ့အိမ္မွာ လာေနသင့္တယ္။ ဒီေကာင္က အရမ္းရြံဖို႔ေကာင္းလြန္းတယ္။"
"ရွင္ ရွင့္ညီမကို သြားႏွစ္သိမ့္ေပးသင့္တယ္။"
နဉ္ရႈက ဆိုသည္။
Advertisement
ဟယ့္တာ့ဟြားက သူ႔ညီမေနာက္ ေျပးလိုက္သြား၏။
နဉ္ရႈက ဝမ္ရူဟြားကို တစ္ခ်က္ၾကၫ့္ကာ လွၫ့္ထြက္သြားၿပီး တဲထဲဝင္၏။ ဝမ္ရူဟြားက ေအးစက္စြာေအာ္သည္။
"ပိုင္ခ်င္ရွန္း၊ ငါတို႔ စကားေျပာရေအာင္။"
နဉ္ရႈက မ်က္ခံုးပင့္ကာ ျပန္လွၫ့္လာ၏။
"ဝမ္းကြဲအစ္ကိုက ဘာအေၾကာင္းမ်ားေျပာခ်င္လို႔ပါလဲ? ေသခ်ာစာေလ့လာၿပီး နန္းတြင္းစာေမးပြဲဝင္ေျဖဖို႔ ဆံုးျဖတ္လိုက္ၿပီလား?"
"စာေမးပြဲအေၾကာင္း မေျပာနဲ႔! ဒီဘဝမွာ ငါ စာေမးပြဲေျဖဖို႔ ျငင္းပယ္တယ္! မင္းပံုရိပ္ကို ဂရုစိုက္ဖို႔ ငါေျပာခ်င္တယ္! ရြာသားေတြက မင္းအေၾကာင္း ဘယ္လိုေတြေျပာေနၾကလဲဆိုတာ မင္းသိလား? မင္းက လက္ထပ္ထားတယ္ဆိုတဲ့ မင္းအေျခအေနကို ဂရုမစိုက္ဘဲ ရုပ္ရည္ကိုအသံုးခ်ၿပီး ေယာက္်ားေတြကို ဖ်ားေယာင္းေနတယ္လို႔ သူတို႔က ေျပာေနၾကတာ။ ေက်ာင္းက ကေလးေတြအားလံုးက ငါ့မိသားစုထဲမွာ ဘာလို႔ ဒီလိုမိန္းမမ်ိဳးရိွေနရတာလဲလို႔ ငါ့ကို ေမးေနတယ္။ ငါ့ေက်ာင္းသားေတြေရ႔ွမွာ ငါ ဘယ္လိုမ်ားေခါင္းေမာ့ႏိုင္ဦးမယ္လို႔ မင္းထင္ေနတာလဲ? ပိုင္ခ်င္ရွန္း၊ မင္း ဒီေလာက္ေတာင္ စာရိတၲပ်က္ျပားေနၿပီး ထိန္းမႏိုင္သိမ္းမရျဖစ္ေနဦးမယ္ဆိုရင္ မင္း ဟယ့္ရြာကေန ထြက္သြားသင့္တယ္။ ဒီေနရာက မင္းနဲ႔မသင့္ေတာ္ဘူး၊ အေပ်ာ္ေဂဟာကမွ မင္းနဲ႔ပိုသင့္ေတာ္တာ။"
ဝမ္ရူဟြားက အခ်ိန္အတန္ၾကာသည္အထိ တတြတ္တြတ္ေျပာေန၏။ နဉ္ရႈက ေျပာလိုက္သည္။
"စာသင္သားေတြ ျပၫ့္တန္ဆာေတြဆီသြားတဲ့အေၾကာင္းစာအုပ္ေတြ အစ္ကိုဖတ္ေနတာကိုေရာ အစ္ကို႔ေက်ာင္းသားေတြ သိရဲ့လား? သူတို႔သာသိသြားၾကရင္ သူတို႔ အစ္ကို႔ကို ဘယ္လိုၾကၫ့္ၾကမလဲဆိုတာ ညီမ သိခ်င္မိသား?"
ဝမ္ရူဟြားရဲ့မ်က္ႏွာက ခ်က္ခ်င္းပင္ျဖဴေရာ္သြားၿပီး သူက ေအာ္ဟစ္လာ၏။
"ပိုင္ခ်င္ရွန္း၊ ငါ မင္းအေၾကာင္း ေျပာေနတာ! ေခါင္းစဉ္မေျပာင္းစမ္းနဲ႔!"
နဉ္ရႈက ဝမ္ရူဟြားကို လံုးဝစကားမေျပာခ်င္ပါေခ်။ သူမက ခါးကိုင္းကာ တဲထဲဝင္သြား၏။ ဝမ္ရူဟြားက ေၾကာင္သူေတာ္တစ္ေယာက္သာျဖစ္၏။
သူက တစ္ျခားလူေတြ ထိုထိုေသာကိစၥတို႔ကိုလုပ္တဲ့အခါ အဆင္မေျပေပမယ့္ အဲ့ဒါေတြကို သူကိုယ္တိုင္လုပ္တဲ့အခါမွာေတာ့ ဘာတစ္ခုမွ မွားေနတယ္လို႔ သူမခံစားရေပ။ ဒါက သူကိုယ္တိုင္အတြက္ မီးေမႊးထားေပမယ့္ ျပည္သူေတြ ေနြးေထြးေအာင္မီးေမႊးခြင့္ေပးဖို႔အတြက္ေတာ့ ျငင္းဆန္ေနသၫ့္ အရာရိွတစ္ေယာက္ကဲ့သို႔ပင္။
သူက ဆန္ကုန္ေျမေလးတစ္ေယာက္ပဲ! မိန္းမေတြကို သူအထင္ေသးတဲ့ပံုအရ သူက ပုရိသဝါဒကိုလက္ကိုင္ထားသၫ့္ ေၾကာင္သူေတာ္တစ္ေယာက္သာျဖစ္ေခ်သည္။ ကြၽတ္ ကြၽတ္...
"ပိုင္ခ်င္ရွန္း၊ မင္း..."
"ဝမ္းကြဲအစ္ကို၊ အခု ခ်င္ရွန္း ပင္ပန္းေနၿပီမို႔ အနားယူခ်င္ၿပီ။ ေျဖာင့္မတ္တဲ့ အမ်ိဳးေကာင္းသားတစ္ေယာက္အေနနဲ႔ အစ္ကို ခ်င္ရွန္းရဲ့တဲအျပင္မွာ ရပ္မေနဘူးမဟုတ္လား? ဝမ္းကြဲအစ္ကိုက အဲ့လို အရွက္မရိွတဲ့ကိစၥမ်ိဳးကို ေသခ်ာေပါက္ မလုပ္ဘူးမလား?"
နဉ္ရႈက သမ္းေဝ၏။
အျပင္မွာေတာ့ ဝမ္ရူဟြားရဲ့မ်က္ႏွာႀကီးမွာ မည္းေမွာင္လ်က္ရိွ၏။ တဲကိုစိုက္ၾကၫ့္ေနတဲ့ သူ႔ေဘးပတ္လည္မွာ အလြန္တရာမည္းေမွာင္ေနသၫ့္ေရာင္ဝါတစ္ခုရိွေနသည္။
ေနာက္ဆံုး၌မူ သူက ေအးစက္စြာႏွာမႈတ္လ်က္ သူ႔အိမ္ဆီျပန္သြားကာ သူ႔ေနာက္ကတံခါးကို ဘမ္းကနဲပိတ္ခ်လိုက္ေလ၏။
တဲအတြင္း၌မူ ယြဲ႔လန္က ေျပာလာသည္။
"ထြက္သြားၾကရေအာင္ပါ မမေလးရယ္။ ကြၽန္မတို႔က ဘာလို႔ ဒီလိုထူးဆန္းတဲ့လူေတြကို အၿမဲေတြ့ေနရတာလဲ?"
ဇာတ္လိုက္ေတြဆိုတာ ဒီလိုပဲ ေခါင္းမာၿပီးထူးဆန္းေနတတ္တာေလ၊ အဲ့ဒါကို ဘာမ်ားလုပ္ႏိုင္မွာလဲ?
"ထြက္သြားခ်ိန္တန္ရင္ နင့္မမေလးက ထြက္သြားမွာပါ။ ဒါေပမယ့္ ဒီမွာက အခုထိ အခ်ိန္မက်ေသးဘူး။"
နဉ္ရႈက ထပ္မံသမ္းေဝကာ အိပ္ရန္အတြက္ မ်က္လံုးပိတ္၏။
သူမက ဝမ္ရူဟြားရဲ့စကားေတြကို နည္းနည္းေလးမွ အေလးမထားပါေခ်။ အားလပ္သၫ့္အခ်ိန္တိုင္း သူမက ဟယ့္ေမာင္ႏွမႏွစ္ေယာက္ႏွင့္ အေပ်ာ္ခရီးထြက္ျခင္း၊ ျမစ္ဆီကိုသြားကာ ငါးမ်ွားျခင္းတို႔ ျပဳလုပ္ေလ၏။ သူမက သူမရဲ့ေန့ရက္ေတြကို အပူအပင္ကင္းမဲ့စြာျဖင့္ သက္ေတာင့္သက္သာျဖတ္သန္းေနေလ၏။
...
Advertisement
- In Serial41 Chapters
The Rig Mechanist’s Maintenance Report
More than a generation had passed since the creation of a new type of weapon, one that outclassed anything else, but the creator put limits on the technology to prevent it from being used in aggressive combat. With the powerful humanoid weapons, rigs, there to stop battles from breaking out, new ways of taking land had to be developed. That led to the sport of rig combat; powerful weapons pitted against each other with countries betting land and resources on the outcome. But it wasn't just the machines and pilots that competed; the workers that ensured the rigs were able to fight had battles of their own. A mechanist's fight begins before the first shot is fired and their minds are their best weapons.
8 116 - In Serial24 Chapters
Surviving this world with a broken meta!
"..I have no regrets...." Taiyoun Shin is on his last breath from a very idiotic reason. But a voice would soon change his path when he was given a choice that he would never turn down. If you like my work, i very much appreciate it if you donate even a small amount :)
8 118 - In Serial8 Chapters
Insanity Of A Reverend Reader
Fang Yuan is know as a smart and cunning man with great ambitions and wisdom. Everything and everyone eventually follows his plan, as he ascends and becomes stronger and stronger. One person, who recently got into reading about his tales due to his life's misfortune, died after reading chapter 270 and reincarnated as a baby in the Gu Yue clan. Can he overcome the disadvantages of being an otsider in his world or will he fail to even achieve everything before Great Love Immortal Venerable ascends? I have changed some small details about the strength path and there are some minor tweaks to Gu worms, apertures and mortals. The system is also not OP and the MC isn't pathetic. He can't be Fang Yuan levels of not pathetic, as he is only a 16 Year old with little experience. Guy in cover image resembles MC's brother not MC. A quick notice, I am "porting" the Fanfic over from webnovel, so if you want to read up ahead, then go there.
8 59 - In Serial20 Chapters
LEGEND OF UNFATHOMABLE ONE
The following story consists of an unimaginable thrill which makes you wanna read it even if you are facing death SUMMARY There was once a demon who was feared by all, but the demon didn't know its end was near. The following story is about a person who was an average student who completed high school and was looking for a job but failed to get one. He was living with his sister and mother who was ill to get a job he struggled. But the fate of the whole world changes by the sudden rush of unfathomable presence from the sky exploded resulting in the opening of various portals with people gaining sudden power. The portals were high invaluable resource but also containing highly dangerous monsters depending on the rank of the portal. Our hero decides to earn a living using those portals but our hero faces dangers and unluckiness but the hero keeps on pushing forward putting his life on the line.
8 185 - In Serial37 Chapters
Sensus Wrought
Three millennia past, Gods descended and gave the world sensus. With their gifts came their primordial clash of notions, and so began the wars. Once, there was a place war dared not touch. Once, Evergreen was a haven for all the miscellaneous souls who did not care for the glory of their divine rulers. Once, for when Merkusian, Emporer of Evergreen, was slain, his empire fell into the hands of his widow and children, and thus morphed into the very thing he sought to protect his denizens from, twisting into a warmongering empire the likes of which had never been seen. Aki is stuck. Stuck in and as a Mud. He knows that'll change. Death or power will bring him rescue. Until then, he'll have to survive the road his ambition has chosen for him. It is a perilous path fraught with danger. Some might say it's an impossible path. He’d disagree. Knite is stuck. Stuck in a mask of his own creation. He knows that'll change. Time and opportunity will come and then he'll be free. Free to seek the revenge he so craves. He's never wanted anything more. His family introduced him to pain. He didn't much like their meeting—at first. His kin would rue that day, for he's made pain a friend.
8 169 - In Serial189 Chapters
[1.1] Highly Antisocial ✓ | MARAUDERS INSTAGRAM AU
Let's face it, if the Marauders had Instagram Sirius would be the king, James and Lily would flirt in the comments and Peter would have no clue how to tag. Highly clichéd but clichés are there for a reason.1975 ↣ 1978[INSTAGRAM AU][HIGHEST RANK - #96 IN FANFICTION]
8 285

