《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 83
Advertisement
[Unicode]
{အိုး အရမ်းဖြောင့်မတ်တာပဲ}
ဝမ်ရူဟွားထွက်သွားချိန်၌ နဉ်ရှုက ဟယ့်တာ့ဟွားဘက်လှည့်ကာ ဆိုသည်။
"ပန်းတွေအတွက် ကျေးဇူးတင်ပါတယ်။"
"မင်း ဘာလို့ ဝမ်ရူဟွားလိုကောင်မျိုးနဲ့ နေနေရတာလဲ မိန်းမလှလေးရယ်?"
ဟယ့်တာ့ဟွားက သည်စကားကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပြောခဲ့ပြီးဖြစ်သော်ငြား သူ့အမူအရာကတော့ ရိုးသားစစ်မှန်နေသည့်အတိုင်း ရှိနေဆဲဖြစ်၏။
"မင်းလို အလှလေးက ကိုယ့်လို ထူးချွန်ထက်မြက်တဲ့လူကို မရွေးရင်တောင် ဝမ်ရူဟွားလိုလူမျိုးကိုတော့ မရွေးသင့်ဘူးကွယ်။"
"ဟမ်? ကြည့်ရတာ ရှင်က ဝမ်ရူဟွားကို အရမ်းမုန်းနေပုံပါပဲလား? ဒါပေမယ့် ရှင့်ညီမလေးကတော့ သူ့ကို အတော်လေးသဘောကျပုံပေါ်တယ်နော်!"
နဉ်ရှုက အပြုံးလေးဖြင့်မေးသည်။
ဟယ့်တာ့ဟွားမှာ ချက်ချင်းပင် ဒေါသတကြီးဖြစ်သွားတော့၏။ သူ့မျက်နှာထက်က အသားတွေက ရွံရှာမှုတို့ဖြင့် ရှုံ့မဲ့သွားပြီး သူက ခြေဆောင့်သည်။
"ကိုယ့်ညီမက သူ့အမြင်အာရုံတွေက ခွေးချီးကြောင့်ဝါးနေတာမို့ အဲ့လူရေခြုံထားတဲ့တိရစ္ဆာန်ကောင်ကို ချစ်မိတာဖြစ်မှာ။ သူက ရုပ်လေးနည်းနည်းချောနေတာပဲရှိတာ။ သူ့ပုံစံက ကိုယ့်ညီမ ကြိုက်တဲ့ပုံစံပဲ။ လူအိုကြီးက ကိုယ့်ခြေထောက်ကို ချိုးမှာကြောင့်သာမဟုတ်ရင် ကိုယ် ကိုယ့်ညီမကို အပျော်ဂေဟာကိုခေါ်သွားပြီး ဝမ်ရူဟွားထက်ပိုချောတဲ့ကောင်လေးတွေကို ပြမိမှာ!"
နဉ်ရှု : ...
ဒီလူကလည်း အတော်လေးထူးခြားတာပဲဟ။ သူက သူ့ညီမလေးကို တကယ်ကြီး အမျိုးသားအပျော်ဂေဟာကို ခေါ်သွားချင်နေတာလား? သူက သဘောကျဖို့ကောင်းလောက်အောင်ကို ပွင့်လင်းပြီး သူ့အကျင့်စရိုက်ကလည်း အတော်လေးကောင်းတယ်။ သူ့ရုပ်ရည်က နည်းနည်းချို့တဲ့နေတာ သနားစရာပဲ။ ဒီလူသာ အမျိုးသားဇာတ်လိုက်ဖြစ်ခဲ့ရင် မုယန်မုန့်က ဒီလောက်အများကြီး ခံစားရမှာမဟုတ်ဘူး။
သူမက သဘောတူသည့်ဟန်ဖြင့် ခေါင်းငြိမ့်သည်။
"ဝမ်ရူဟွားက တကယ့်ကိုအသုံးမကျတဲ့လူပဲ။"
"မှန်တယ်။ နောက်ဆုံးတော့ ဒါကိုမြင်တဲ့လူ နောက်တစ်ယောက်ရှိလာပြီပဲ။ ဘာကြောင့်များ ကိုယ်တို့က ညီအစ်ကိုတွေဖြစ်မလာရတာလဲ မိန်းမလှလေးရယ်?"
ဟယ့်တာ့ဟွားက နဉ်ရှုလက်ကိုကိုင်ဖို့ လက်လှမ်းသည်။
နဉ်ရှုက ခြေတစ်လှမ်းဆုတ်၏။
"ကျွန်မကို အသားယူဖို့ကြိုးစားနေတာကို အရှုံးပေးလိုက်တော့။"
ဟယ့်တာ့ဟွားက ဟက်ဟက်ပက်ပက်ရယ်မောကာ အလွန်တရာမှမျက်စိနောက်စရာကောင်းသည့်ဟန်ဖြင့် သူ့ယပ်တောင်ကို ဖျတ်ကနဲဖွင့်၏။
အချိန်တစ်ချို့ကုန်လွန်သွားပြီးနောက်တွင် နဉ်ရှုမှာ ဟယ့်မောင်နှမနှစ်ယောက်နှင့် မိတ်ဆွေကောင်းဖြစ်လာသည်။ သူတို့က သူမအတွက် စားစရာတွေကို နေ့တိုင်းယူလာပေးကြသူများဖြစ်သည်။ သူမမှာ လျှို့ဝှက်သက်တော်စောင့်တစ်ယောက်ရှိကြောင်း သူတို့ကိုပြောတဲ့အခါ ဟယ့်တာ့ဟွားက သူ့မိသားစုကို ချက်ချင်းပင် တစ်ယောက်စာထပ်ပြင်ခိုင်းသည်။
သို့သော်လည်း နဉ်ရှုက စားစရာအားလုံးအတွက် ငွေချေသည်။ ပြီးတော့ ရွာသားတွေက စားစရာတွေကို ခက်ခက်ခဲခဲလုပ်ပြီးမှ ရလာတာလေ။ ပထမတော့ ဟယ့်တာ့ဟွားက သည်အစီအစဥ်ကို ငြင်းပယ်သော်လည်း နဉ်ရှုက မရမကတောင်းဆိုနေတာကြောင့် နောက်ဆုံး၌ ဟယ့်တာ့ဟွားက လက်ခံလိုက်လေ၏။
တကယ်တမ်းမှာ ဟယ့်တာ့ဟွားက ဝမ်ရူဟွားပြောသလို ရွာသားတွေပင်ပင်ပန်းပန်းခက်ခက်ခဲခဲလုပ်ဆောင်ပြီးမှ ရလာတဲ့အသီးအပွင့်တွေကို အမြတ်ထုတ်နေတဲ့ ရွာအာဏာရှင်ဆိုးကြီးမဟုတ်မှန်း နဉ်ရှု သိလာသည်။ ဟယ့်တာ့ဟွားက စိတ်ကစားတတ်ပြီး ရွာထဲက မိန်းမပျိုလေးတွေကို ခဏတိုင်း စနောက်ရတာကို သဘောကျရုံသာဖြစ်၏။ တကယ်တမ်းမှာ သူက ဘယ်သူ့ကိုမှ ဘာမှမလုပ်ခဲ့ဖူးချေ။
သို့သော်လည်း ဝမ်ရူဟွားအမြင်မှာတော့ ဒါက တိရစ္ဆာန်တစ်ကောင်ထက်နိမ့်ကျတဲ့အပြုအမူဖြစ်ပြီး မိန်းကလေးတွေရဲ့ဖြူစင်မှုကို ဖျက်ဆီးနေတာပင်။ မိန်းကလေးတွေက ဒေါသထွက်နေပေမယ့် ကြောက်လွန်းလို့ မပြောရဲကြတာလို့ သူ ယုံကြည်ထားသည်။
သူလုပ်နိုင်သမျှက အခန်းထဲမှာပုန်းအောင်းပြီး ညစ်ညမ်းစာပေတွေဖတ်တာပဲရှိတာမို့ သူက ဟယ့်တာ့ဟွားရဲ့ အကြောက်အရွံကင်းမဲ့မှုကို မနာလိုဖြစ်နေတာလို့ နဉ်ရှု ခံစားလိုက်ရသည်။ ဝမ်ရူဟွားရဲ့လုပ်ဆောင်မှုတွေက ဟယ့်တာ့ဟွားထက် ဘယ်လိုလုပ်မြင့်မြတ်နိုင်မှာလဲ?
သို့သော်လည်း ဝမ်ရူဟွားက အတော်လေးစိတ်ဓာတ်ခိုင်မာသည်။ သူက ဟယ့်မောင်နှမယူလာတဲ့အစားအစာတိုင်းကို စားရန်ငြင်းပယ်ပြီး သူတို့ထွက်သွားမှ မာတောင့်နေတဲ့ပြောင်းဖူးပန်ကိတ်တွေစားတာ ဒါမှမဟုတ် ရေတစ်မှုတ်သောက်တာမျိုး လုပ်တတ်သည်။
ဝမ်ရူဟွားက ဒါတွေကိုနေ့တိုင်းစားတာတောင် အရိုးပေါ်အရေတင်မဖြစ်ဘဲ ကြည့်ကောင်းနေဆဲဖြစ်တာကို နဉ်ရှု အံ့ဩနေသည်။
ဒါက တော်တော်လေးကိုယုတ္တိမတန်ဘူး။
ဟယ့်တာ့ဟွား နဉ်ရှုဆီလာလည်တဲ့အချိန်တိုင်း ဝမ်ရူဟွားက နဉ်ရှုကို ယောက်ျားတွေကို အရှက်မရှိမြူဆွယ်တယ်ဆိုပြီး အေးစက်စွာအပြစ်ပြောတတ်၏။ ထို့နောက် သူက ဟယ့်တာ့ဟွားကို တစ်ခြားတစ်ယောက်ပစ်ထုတ်လိုက်တဲ့ ဖိနပ်တွေကို လိုချင်တဲ့အတွက် သရော်သည်။ ဟယ့်ရှောင်ဟွားသည်ပင် ပါဝင်လာတတ်၏။ သူက ဟယ့်ရှောင်ဟွားကို ဘယ်သူမှမလိုချင်တဲ့မိန်းမဖြစ်နေတဲ့အတွက် လှောင်ပြောင်ကာ သူမကိုလက်ထပ်ရင် ငွေရမယ်ဆိုတာတောင် ဘယ်သူကမှ လက်ထပ်မှာမဟုတ်ဘူးလို့ ပြောတတ်သည်။
နဉ်ရှုက ဝမ်ရူဟွားရဲ့ဆိုးရွားလွန်းတဲ့စကားတွေပြောနိုင်စွမ်းကို သဘောကျနေ၏။ ယောက်ျားတစ်ယောက်က ဘယ်လိုလုပ် အရမ်း စကားပြောကောင်းနေရတာလဲ? ဒါကလည်း ဒီလောက်မုန်းဖို့ကောင်းအောင်လုပ်နိုင်တဲ့ အရည်အချင်းတစ်ခုပဲဖြစ်ရမယ်။ စာအုပ်တွေ အများကြီးဖတ်ထားတဲ့ ပညာရှိကျောင်းသား ပီသပါပေတယ်။
နဉ်ရှုနဲ့ဟယ့်တာ့ဟွားက ဝမ်ရူဟွား သူတို့အကြောင်းဘာပြောတယ်ဆိုတာကို ဂရုမစိုက်သော်လည်း ဟယ့်ရှောင်ဟွားမှာမူ အင်မတန်နာကျင်နေရှာ၏။ သူမက ဝမ်ရူဟွားကို ချစ်သည်။ သူမချစ်ရတဲ့ယောက်ျားက သူမအပေါ် အထင်အမြင်သေးရွံရှာမှုတွေကိုပြသတာက သူမကို အင်မတန်မှနာကျင်ရစေ၏။
ခဏအကြာ၌ သူမက ပေါက်ကွဲပြန်၏။ သူမက ခါးထောက်ကာ ဝမ်ရူဟွားကိုအော်သည်။
"ငါက ဘာများချို့တဲ့နေလို့လဲ!? ငါ့အဖေက ရွာလူကြီးဆိုတော့ ငါတို့မိသားစုမှာ စားစရာအများကြီးရှိတယ်၊ ပြီးတော့ ငါကလည်း ရုပ်ချောတယ်။ ငါ့ကိုအထင်သေးဖို့ နင့်မှာဘာအခွင့်အရေးရှိလို့လဲ!? နင်က ဆရာတစ်ယောက်ဆိုတာကလွဲပြီး ဘာမှမဟုတ်ဘူး။ နင်ကဖြင့် စားစရာကောင်းကောင်းစားရအောင်တောင် မလုပ်နိုင်ဘဲနဲ့! ငါ့ကိုအထင်သေးဖို့ နင့်မှာ ဘာအခွင့်အရေးရှိလို့လဲဟဲ့!? ဝမ်ရူဟွား၊ ငါ နင့်ကိုပြောလိုက်မယ်၊ နင်က ငါကြိုက်တာခံရလို့ ဂုဏ်တောင်ယူသင့်တာ။ တစ်ခြားလူတွေရဲ့ သဘောထားကြီးမှုကို ရန်လုပ်မနေနဲ့!"
Advertisement
"ငါကတော့ မင်းကိုလက်ထပ်မယ့်အစား တစ်ဘဝလုံး တစ်ယောက်တည်းပဲနေသွားမယ်။"
ဝမ်ရူဟွားက ခိုင်မာစွာဆိုသည်။
"နင်၊ နင်..."
ဟယ့်ရှောင်ဟွားက ဒေါသတကြီးငိုယိုကာ မျက်ရည်များကိုသုတ်လျက် ထွက်ပြေးသွားတော့၏။
...
[Zawgyi]
{အိုး အရမ္းေျဖာင့္မတ္တာပဲ}
ဝမ္ရူဟြားထြက္သြားခ်ိန္၌ နဉ္ရႈက ဟယ့္တာ့ဟြားဘက္လွၫ့္ကာ ဆိုသည္။
"ပန္းေတြအတြက္ ေက်းဇူးတင္ပါတယ္။"
"မင္း ဘာလို႔ ဝမ္ရူဟြားလိုေကာင္မ်ိဳးနဲ႔ ေနေနရတာလဲ မိန္းမလွေလးရယ္?"
ဟယ့္တာ့ဟြားက သည္စကားကို အႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္ ေျပာခဲ့ၿပီးျဖစ္ေသာ္ျငား သူ႔အမူအရာကေတာ့ ရိုးသားစစ္မွန္ေနသၫ့္အတိုင္း ရိွေနဆဲျဖစ္၏။
"မင္းလို အလွေလးက ကိုယ့္လို ထူးခြၽန္ထက္ျမက္တဲ့လူကို မေရြးရင္ေတာင္ ဝမ္ရူဟြားလိုလူမ်ိဳးကိုေတာ့ မေရြးသင့္ဘူးကြယ္။"
"ဟမ္? ၾကၫ့္ရတာ ရွင္က ဝမ္ရူဟြားကို အရမ္းမုန္းေနပံုပါပဲလား? ဒါေပမယ့္ ရွင့္ညီမေလးကေတာ့ သူ႔ကို အေတာ္ေလးသေဘာက်ပံုေပၚတယ္ေနာ္!"
နဉ္ရႈက အၿပံဳးေလးျဖင့္ေမးသည္။
ဟယ့္တာ့ဟြားမွာ ခ်က္ခ်င္းပင္ ေဒါသတႀကီးျဖစ္သြားေတာ့၏။ သူ႔မ်က္ႏွာထက္က အသားေတြက ရြံရွာမႈတို႔ျဖင့္ ရႈံ႔မဲ့သြားၿပီး သူက ေျခေဆာင့္သည္။
"ကိုယ့္ညီမက သူ႔အျမင္အာရံုေတြက ေခြးခ်ီးေၾကာင့္ဝါးေနတာမို႔ အဲ့လူေရၿခံဳထားတဲ့တိရစၧာန္ေကာင္ကို ခ်စ္မိတာျဖစ္မွာ။ သူက ရုပ္ေလးနည္းနည္းေခ်ာေနတာပဲရိွတာ။ သူ႔ပံုစံက ကိုယ့္ညီမ ႀကိဳက္တဲ့ပံုစံပဲ။ လူအိုႀကီးက ကိုယ့္ေျခေထာက္ကို ခ်ိဳးမွာေၾကာင့္သာမဟုတ္ရင္ ကိုယ္ ကိုယ့္ညီမကို အေပ်ာ္ေဂဟာကိုေခၚသြားၿပီး ဝမ္ရူဟြားထက္ပိုေခ်ာတဲ့ေကာင္ေလးေတြကို ျပမိမွာ!"
နဉ္ရႈ : ...
ဒီလူကလည္း အေတာ္ေလးထူးျခားတာပဲဟ။ သူက သူ႔ညီမေလးကို တကယ္ႀကီး အမ်ိဳးသားအေပ်ာ္ေဂဟာကို ေခၚသြားခ်င္ေနတာလား? သူက သေဘာက်ဖို႔ေကာင္းေလာက္ေအာင္ကို ပြင့္လင္းၿပီး သူ႔အက်င့္စရိုက္ကလည္း အေတာ္ေလးေကာင္းတယ္။ သူ႔ရုပ္ရည္က နည္းနည္းခ်ိဳ႕တဲ့ေနတာ သနားစရာပဲ။ ဒီလူသာ အမ်ိဳးသားဇာတ္လိုက္ျဖစ္ခဲ့ရင္ မုယန္မုန႔္က ဒီေလာက္အမ်ားႀကီး ခံစားရမွာမဟုတ္ဘူး။
သူမက သေဘာတူသၫ့္ဟန္ျဖင့္ ေခါင္းၿငိမ့္သည္။
"ဝမ္ရူဟြားက တကယ့္ကိုအသံုးမက်တဲ့လူပဲ။"
"မွန္တယ္။ ေနာက္ဆံုးေတာ့ ဒါကိုျမင္တဲ့လူ ေနာက္တစ္ေယာက္ရိွလာၿပီပဲ။ ဘာေၾကာင့္မ်ား ကိုယ္တို႔က ညီအစ္ကိုေတျြဖစ္မလာရတာလဲ မိန္းမလွေလးရယ္?"
ဟယ့္တာ့ဟြားက နဉ္ရႈလက္ကိုကိုင္ဖို႔ လက္လွမ္းသည္။
နဉ္ရႈက ေျခတစ္လွမ္းဆုတ္၏။
"ကြၽန္မကို အသားယူဖို႔ႀကိဳးစားေနတာကို အရႈံးေပးလိုက္ေတာ့။"
ဟယ့္တာ့ဟြားက ဟက္ဟက္ပက္ပက္ရယ္ေမာကာ အလြန္တရာမွမ်က္စိေနာက္စရာေကာင္းသၫ့္ဟန္ျဖင့္ သူ႔ယပ္ေတာင္ကို ဖ်တ္ကနဲဖြင့္၏။
အခ်ိန္တစ္ခ်ိဳ႕ကုန္လြန္သြားၿပီးေနာက္တြင္ နဉ္ရႈမွာ ဟယ့္ေမာင္ႏွမႏွစ္ေယာက္ႏွင့္ မိတ္ေဆြေကာင္းျဖစ္လာသည္။ သူတို႔က သူမအတြက္ စားစရာေတြကို ေန့တိုင္းယူလာေပးၾကသူမ်ားျဖစ္သည္။ သူမမွာ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္တစ္ေယာက္ရိွေၾကာင္း သူတို႔ကိုေျပာတဲ့အခါ ဟယ့္တာ့ဟြားက သူ႔မိသားစုကို ခ်က္ခ်င္းပင္ တစ္ေယာက္စာထပ္ျပင္ခိုင္းသည္။
သို႔ေသာ္လည္း နဉ္ရႈက စားစရာအားလံုးအတြက္ ေငြေခ်သည္။ ၿပီးေတာ့ ရြာသားေတြက စားစရာေတြကို ခက္ခက္ခဲခဲလုပ္ၿပီးမွ ရလာတာေလ။ ပထမေတာ့ ဟယ့္တာ့ဟြားက သည္အစီအစဥ္ကို ျငင္းပယ္ေသာ္လည္း နဉ္ရႈက မရမကေတာင္းဆိုေနတာေၾကာင့္ ေနာက္ဆံုး၌ ဟယ့္တာ့ဟြားက လက္ခံလိုက္ေလ၏။
တကယ္တမ္းမွာ ဟယ့္တာ့ဟြားက ဝမ္ရူဟြားေျပာသလို ရြာသားေတြပင္ပင္ပန္းပန္းခက္ခက္ခဲခဲလုပ္ေဆာင္ၿပီးမွ ရလာတဲ့အသီးအပြင့္ေတြကို အျမတ္ထုတ္ေနတဲ့ ရြာအာဏာရွင္ဆိုးႀကီးမဟုတ္မွန္း နဉ္ရႈ သိလာသည္။ ဟယ့္တာ့ဟြားက စိတ္ကစားတတ္ၿပီး ရြာထဲက မိန္းမပ်ိဳေလးေတြကို ခဏတိုင္း စေနာက္ရတာကို သေဘာက်ရံုသာျဖစ္၏။ တကယ္တမ္းမွာ သူက ဘယ္သူ႔ကိုမွ ဘာမွမလုပ္ခဲ့ဖူးေခ်။
သို႔ေသာ္လည္း ဝမ္ရူဟြားအျမင္မွာေတာ့ ဒါက တိရစၧာန္တစ္ေကာင္ထက္နိမ့္က်တဲ့အျပဳအမူျဖစ္ၿပီး မိန္းကေလးေတြရဲ့ျဖဴစင္မႈကို ဖ်က္ဆီးေနတာပင္။ မိန္းကေလးေတြက ေဒါသထြက္ေနေပမယ့္ ေၾကာက္လြန္းလို႔ မေျပာရဲၾကတာလို႔ သူ ယံုၾကည္ထားသည္။
သူလုပ္ႏိုင္သမ်ွက အခန္းထဲမွာပုန္းေအာင္းၿပီး ညစ္ညမ္းစာေပေတြဖတ္တာပဲရိွတာမို႔ သူက ဟယ့္တာ့ဟြားရဲ့ အေၾကာက္အရြံကင္းမဲ့မႈကို မနာလိုျဖစ္ေနတာလို႔ နဉ္ရႈ ခံစားလိုက္ရသည္။ ဝမ္ရူဟြားရဲ့လုပ္ေဆာင္မႈေတြက ဟယ့္တာ့ဟြားထက္ ဘယ္လိုလုပ္ျမင့္ျမတ္ႏိုင္မွာလဲ?
သို႔ေသာ္လည္း ဝမ္ရူဟြားက အေတာ္ေလးစိတ္ဓာတ္ခိုင္မာသည္။ သူက ဟယ့္ေမာင္ႏွမယူလာတဲ့အစားအစာတိုင္းကို စားရန္ျငင္းပယ္ၿပီး သူတို႔ထြက္သြားမွ မာေတာင့္ေနတဲ့ေျပာင္းဖူးပန္ကိတ္ေတြစားတာ ဒါမွမဟုတ္ ေရတစ္မႈတ္ေသာက္တာမ်ိဳး လုပ္တတ္သည္။
ဝမ္ရူဟြားက ဒါေတြကိုေန့တိုင္းစားတာေတာင္ အရိုးေပၚအေရတင္မျဖစ္ဘဲ ၾကၫ့္ေကာင္းေနဆဲျဖစ္တာကို နဉ္ရႈ အံ့ဩေနသည္။
ဒါက ေတာ္ေတာ္ေလးကိုယုတၲိမတန္ဘူး။
ဟယ့္တာ့ဟြား နဉ္ရႈဆီလာလည္တဲ့အခ်ိန္တိုင္း ဝမ္ရူဟြားက နဉ္ရႈကို ေယာက္်ားေတြကို အရွက္မရိျွမဴဆြယ္တယ္ဆိုၿပီး ေအးစက္စြာအျပစ္ေျပာတတ္၏။ ထို႔ေနာက္ သူက ဟယ့္တာ့ဟြားကို တစ္ျခားတစ္ေယာက္ပစ္ထုတ္လိုက္တဲ့ ဖိနပ္ေတြကို လိုခ်င္တဲ့အတြက္ သေရာ္သည္။ ဟယ့္ေရွာင္ဟြားသည္ပင္ ပါဝင္လာတတ္၏။ သူက ဟယ့္ေရွာင္ဟြားကို ဘယ္သူမွမလိုခ်င္တဲ့မိန္းမျဖစ္ေနတဲ့အတြက္ ေလွာင္ေျပာင္ကာ သူမကိုလက္ထပ္ရင္ ေငြရမယ္ဆိုတာေတာင္ ဘယ္သူကမွ လက္ထပ္မွာမဟုတ္ဘူးလို႔ ေျပာတတ္သည္။
နဉ္ရႈက ဝမ္ရူဟြားရဲ့ဆိုးရြားလြန္းတဲ့စကားေတြေျပာႏိုင္စြမ္းကို သေဘာက်ေန၏။ ေယာက္်ားတစ္ေယာက္က ဘယ္လိုလုပ္ အရမ္း စကားေျပာေကာင္းေနရတာလဲ? ဒါကလည္း ဒီေလာက္မုန္းဖို႔ေကာင္းေအာင္လုပ္ႏိုင္တဲ့ အရည္အခ်င္းတစ္ခုပဲျဖစ္ရမယ္။ စာအုပ္ေတြ အမ်ားႀကီးဖတ္ထားတဲ့ ပညာရိွေက်ာင္းသား ပီသပါေပတယ္။
နဉ္ရႈနဲ႔ဟယ့္တာ့ဟြားက ဝမ္ရူဟြား သူတို႔အေၾကာင္းဘာေျပာတယ္ဆိုတာကို ဂရုမစိုက္ေသာ္လည္း ဟယ့္ေရွာင္ဟြားမွာမူ အင္မတန္နာက်င္ေနရွာ၏။ သူမက ဝမ္ရူဟြားကို ခ်စ္သည္။ သူမခ်စ္ရတဲ့ေယာက္်ားက သူမအေပၚ အထင္အျမင္ေသးရြံရွာမႈေတြကိုျပသတာက သူမကို အင္မတန္မွနာက်င္ရေစ၏။
ခဏအၾကာ၌ သူမက ေပါက္ကြဲျပန္၏။ သူမက ခါးေထာက္ကာ ဝမ္ရူဟြားကိုေအာ္သည္။
"ငါက ဘာမ်ားခ်ိဳ႕တဲ့ေနလို႔လဲ!? ငါ့အေဖက ရြာလူႀကီးဆိုေတာ့ ငါတို႔မိသားစုမွာ စားစရာအမ်ားႀကီးရိွတယ္၊ ၿပီးေတာ့ ငါကလည္း ရုပ္ေခ်ာတယ္။ ငါ့ကိုအထင္ေသးဖို႔ နင့္မွာဘာအခြင့္အေရးရိွလို႔လဲ!? နင္က ဆရာတစ္ေယာက္ဆိုတာကလြဲၿပီး ဘာမွမဟုတ္ဘူး။ နင္ကျဖင့္ စားစရာေကာင္းေကာင္းစားရေအာင္ေတာင္ မလုပ္ႏိုင္ဘဲနဲ႔! ငါ့ကိုအထင္ေသးဖို႔ နင့္မွာ ဘာအခြင့္အေရးရိွလို႔လဲဟဲ့!? ဝမ္ရူဟြား၊ ငါ နင့္ကိုေျပာလိုက္မယ္၊ နင္က ငါႀကိဳက္တာခံရလို႔ ဂုဏ္ေတာင္ယူသင့္တာ။ တစ္ျခားလူေတြရဲ့ သေဘာထားႀကီးမႈကို ရန္လုပ္မေနနဲ႔!"
"ငါကေတာ့ မင္းကိုလက္ထပ္မယ့္အစား တစ္ဘဝလံုး တစ္ေယာက္တည္းပဲေနသြားမယ္။"
ဝမ္ရူဟြားက ခိုင္မာစြာဆိုသည္။
"နင္၊ နင္..."
ဟယ့္ေရွာင္ဟြားက ေဒါသတႀကီးငိုယိုကာ မ်က္ရည္မ်ားကိုသုတ္လ်က္ ထြက္ေျပးသြားေတာ့၏။
...
Advertisement
- In Serial18 Chapters
Sam: The Journey Home
"Welcome to the Tutorial!" Granted a twisted form of immortality, Sam is left trapped in a massive dungeon that resets upon his death. He grows with each failure, and his understanding of the world evolves over time. What starts as a desire to return home soon transforms into something else entirely. Left without any initial advice or help, Sam sets out to find his own purpose in this strange world. Release Schedule: 1 chapter guarenteed every friday Bonus Chapters: Whenever I feel like it
8 195 - In Serial14 Chapters
Durgen the Bardbarian
Durgen, being the smallest orc in the village, was naturally near the bottom of the totem pole. Day in and day out, he's tasked with daily monotonous "quests" that offered nothing and only got experience points from killing things outside the village. Of coarse, this wouldnt be a good story if something didnt happen while out hunting one day that changed his life forever. Developing as much skills as possible, he sets out to forge his own path. "Dis story gud!" -Some git "Read dis book!" -Warboss
8 211 - In Serial23 Chapters
The Purpose of Wings
Selen Moonlit had hoped death wouldn't be the end for her, but never expected it to come so soon -- or for her salvation to come in such a strange way. Given the chance to take over for someone who would've died in another world, she picked the life of a young bird-girl. Now she lives in the post office of a river city lit by crystals, and her adoptive family wants to know what classes and statistics she wants to develop. She knows enough about games to guess how this kind of rule system works. But she used to be an aspiring chemist with a good knowledge of other science. All alone in an unfamiliar world, yet surrounded by family she barely knows, what can she do to make this new life meaningful? This story is a companion story to "Rising World", which currently exists in full on Amazon and has a visible preview here on RR. Many thanks to the readers who saw it while it was being written. This story is currently being posted separately under its own name, where it will soon catch up to what's under the RW title, and this version is a revised edition.
8 213 - In Serial24 Chapters
Revenant
By kidnapping the son of a wealthy family, street thugs Flynt and Avery unwittingly clash with an all-powerful cult. Realizing that they have no concept of life, they crumble beneath the weight of reality again and again. But life goes on.
8 208 - In Serial10 Chapters
The King’s Silhouette
A tale of a boy in the modern world, being teleported into another world, and his struggles to find his path. Whether it is to return back or live a new life in this world, who knows maybe reaching the Heavens..
8 151 - In Serial14 Chapters
Chained To You [Jeff The Killer]
Being a sex worker was hard, notably harder in a crime-ridden city full of thugs and gangstas causing mayhem at every turn. Y/N L/N was just another prostitute roaming the town, searching for another customer; just another warm body wanting to earn some dirty money. When she heard of a rampant serial killer violently butchering women, she never thought a thing about it. You see women get caught all the time. Until one day, the monstrous killer caught her.
8 145

