《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 82
Advertisement
[Unicode]
{အစွမ်းအစကို လက်တွေ့လုပ်ဆောင်တဲ့နေရာမှာ သုံးသင့်တယ်}
နဉ်ရှုက သူ့ကို စကားမပြောဘဲ ကြည့်ရုံသာကြည့်လိုက်၏။ သူမက စကားလေးနည်းနည်းပဲပြောရသေးတယ်၊ ဒါပေမယ့် သူက ဇာတ်ကောင်အစားစော်ကားမော်ကားလုပ်တာ ခံနေရသလို ခံစားနေတယ်။
အဲ့အရာရှိတွေကို သတ်ဖြတ်နေတဲ့သူရဲကောင်းက သူ့နဲ့ နှစ်ကိုယ့်တစ်စိတ်လိုရင်းနှီးတဲ့သူလို့ ထင်နေတာဖြစ်မယ်။
ဝမ်ရူဟွားရဲ့အကျင့်စရိုက်က နည်းနည်းအန္တရာယ်များတယ်လို့ နဉ်ရှု ခံစားလိုက်ရသည်။ ဒါကို ကောင်းကောင်းမွန်မွန်လုပ်ပေးနိုင်လျှင် သူက ခါးသက်နာကျည်းကာ မနာလိုဝန်တိုသူဖြစ်လာနိုင်သည်။ ပိုပြီး ပွင်ပွင့်လင်းလင်းပြောရလျှင် သူက လူမှုဆန့်ကျင်ရေးသမားဖြစ်ပြီး လူတွေကို သူ့ဆီက မတူတဲ့အတွေးအမြင်တွေကြောင့် သည်းမခံနိုင်ပေ။
မုယန်မုန့်က ဒီရွံစရာလူကို နှစ်သိမ့်ပေးနိုင်ဖို့ သူမကိုယ်သူမ အနစ်နာခံလိုက်တာက အရမ်းကို ချီးကျူးဖို့ကောင်းတယ်လို့ သူမ ရုတ်တရက်တွေးလိုက်မိသည်။
"ဒီကထွက်သွား! ငါ့အခန်းကို ထပ်မဝင်နဲ့၊ ပြီးတော့ ငါ့ပစ္စည်းတွေကိုလည်း မထိနဲ့! မင်းလိုမိန်းမမျိုးက ငါ့ပစ္စည်းတွေကို ထိခွင့်မရှိဘူး! ပိုင်ချင်ရှန်း၊ ငါ မင်းကို သတိပေးလိုက်မယ်၊ ငါ့သည်းခံနိုင်စွမ်းကို လာထိဖို့မကြိုးစားနဲ့။"
သူမကပဲ ဒီစုတ်ပြတ်သတ်ပြီး ညစ်ပတ်နေတဲ့ပစ္စည်းတွေကို ထိချင်နေတဲ့အတိုင်း။ နဉ်ရှု သူမရဲ့ရွံရှာမှုကို တိတ်တိတ်ကလေးဖော်ထုတ်ကာ လှည့်ထွက်သွားလိုက်၏။ သူမ အပြင်ထွက်သွားလိုက်ချိန်မှာပင် အနှီဝဖိုင့်ဖိုင့် ရွာအာဏာရှင်ဆိုးကြီးက တောပန်းတစ်စည်းကိုကိုင်ကာ ရပ်နေသည်ကို တွေ့လိုက်ရချေ၏။ ခြံစည်းရိုးအပြင်မှာ တောပန်းတစ်စည်းနဲ့ သူရပ်နေတဲ့ပုံက တကယ်ကို...ကြောင်တောင်တောင်နိုင်တယ်။
"မိန်းမလှလေး၊ ကိုယ် မင်းအတွက် ပန်းနည်းနည်းဝယ်ခဲ့တယ်။ မိန်းမလှလေးအတွက် တောပန်းတွေပါ။"
နဉ်ရှုကိုတွေ့သည်၌ ဟယ့်တာ့ဟွားက သူမဆီလျှောက်လာကာ သူမလက်ထဲ ပန်းစည်းကိုထိုးထည့်၏။
ယွဲ့လန်က လှောင်သည်။
"ဒီပန်းတွေက ကြည့်ရဆိုးလွန်းတယ်။ ကျွန်မတို့မမလေးက ဒီပန်းတွေကို ကြိုက်မှာမဟုတ်ဘူး။"
ဟယ့်တာ့ဟွားက ရယ်သည်။
"စိတ်မဆိုးပါနဲ့ အစေခံမိန်းမလှလေးရယ်။ နောက်တစ်ခါကျ ကျွန်တော် ခင်ဗျားအတွက်လည်း စားစရာတွေ ယူလာပေးပါ့မယ်။"
ယွဲ့လန်က အေးစက်မောက်မာသည့်အကြည့်တစ်ချက်ပေးသည်။
"ဟမ့်၊ ထင်တဲ့အတိုင်းပါပဲလား၊ မင်းက ဘယ်သွားသွား ဒီအတိုင်းပဲ။ မင်းက ငွေကြေးနဲ့ သြဇာအာဏာရှိတဲ့ယောကျ်ားတိုင်းကို အမြဲတမ်း ဖျားယောင်းဖို့ကြိုးစားနေတော့တာပဲ။ မင်း အရင်က လက်ထပ်ဖူးတယ်ဆိုတာကို ဟယ့်တာ့ဟွားကို မပြောခဲ့ဘူးမလား? မင်းက တစ်ခြားယောက်ျားတစ်ယောက်က စွန့်ပစ်လိုက်တဲ့ မိန်းမတစ်ယောက်သာသာပဲ!"
ဝမ်ရူဟွားက အထင်သေးစွာသရော်ပြီး စာအုပ်တစ်အုပ်နှင့်ထွက်သွားသည်။ သူ ကျောင်းကိုသွားတာဖြစ်လောက်သည်။
နဉ်ရှုက ဝမ်ရူဟွားကို အော်ပြောလိုက်၏။
"တစ်ယောက်ယောက်က ညီမကို ပန်းပေးတယ်ဆိုတာ ညီမက ဆွဲဆောင်မှုရှိတယ်လို့ ဆိုလိုတာပဲ။ ဆွဲဆောင်မှုရှိတာက ပြစ်မှုတစ်ခုလား?"
ဝမ်ရူဟွားက လမ်းလျှောက်နေတာကို ရပ်လိုက်ကာ ပြန်လှည့်ကာအော်သည်။
"အရှက်မရှိတဲ့မိန်းမပျက်! မင်းက ဒီလိုစကားမျိုးကိုပြောထွက်ရလောက်အောင်အထိ အရှက်မဲ့လွန်းတာလား? မင်းက တိရစ္ဆာန်တစ်ကောင်နဲ့တောင် ယှဉ်လို့မရဘူး အရှက်မရှိတဲ့မိန်းမပျက်ရဲ့! ပိုင်ချင်ရှန်း၊ မင်းက တကယ်ကို ပိုပိုပြီး ရွံစရာကောင်းလာတာပဲ။ အခု မင်းက မင်းကိုယ်မင်း ဖြစ်သလိုနေခွင့်ပေးလိုက်တာလား? ဒါဆိုလည်း ဘာလို့ မင်းနာမည်ကို အပျော်ဂေဟာမှာ နာမည်ပြားသွားမချိတ်တာလဲ? ဘယ်လိုပဲဖြစ်ဖြစ် မင်းက ယောက်ျားတွေအတွက် စိတ်ကြွစေနိုင်မယ့်ပုံပါပဲ။"
သည်စကားတွေက အမှန်ပင်ရွံစရာကောင်းလွန်း၏။ နဉ်ရှုမှာ ဝမ်ရူဟွားထံမှ အမျိုးသားဇာတ်လိုက်ရောင်ဝါတစ်စွန်းတစ်စလေးကိုပင် ယခုအချိန်အထိ မတွေ့ရသေးပေ။ ဒီလိုရွံစရာကောင်းတဲ့ငကြောက်ကောင်က ဘယ်လိုလုပ် အမျိုးသားဇာတ်လိုက်ဖြစ်နိုင်ရတာလဲ? မူလဇာတ်ကြောင်းက ဇာတ်လမ်းထဲမှာ ဘူးညီအစ်ကိုခုနစ်ဖော်ကို စုစည်းဖို့အတွက်နဲ့ ဒီကောင့်ကို တွန်းအားပေးတာတော့ မဟုတ်လောက်ပါဘူးနော်?
သို့သော်လည်း ဝမ်ရူဟွားက အမျိုးသားဇာတ်လိုက်တစ်ယောက်လိုပဲ ခေါင်းမာတတ်တာတော့ သူမ ဝန်ခံရပေမည်။ ကမ္ဘာကြီးက သူ့ကို လှည့်ပတ်နေပြီး သူ ဘယ်တော့မှ မမှားဘဲ လောကကြီးကသာ မှားနေတယ်လို့ ထင်နေတဲ့ စိတ်ထားမျိုးရှိသည်။
"ဒါဆိုလည်း အခု ညီမ နာမည်ပြားသွားချိတ်တော့မယ်နော် ဝမ်းကွဲအစ်ကို။ အာ၊ အစ်ကို ချင်ရှန်းဆီ လာလည်ရမယ်နော်။ ပြီးတော့ အစ်ကိုက စာအုပ်တွေအများကြီးဖတ်ထားပြီးပြီဆိုတော့ အစ်ကိုသင်ကြားထားတာတွေကို လက်တွေ့အသုံးချဖို့ အသုံးချဖို့အချိန်ပဲလေ၊ ဟုတ်တယ်မလား?"
ဝမ်ရူဟွားမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးတုန်ရီလာ၏။ သူက အင်္ကျီလက်ကို ယမ်းခါကာ ခြေဆောင့်ရင်းအော်သည်။
"အရှက်မရှိတဲ့ခွေးမ!"
...
[Zawgyi]
{အစြမ္းအစကို လက္ေတြ့လုပ္ေဆာင္တဲ့ေနရာမွာ သံုးသင့္တယ္}
နဉ္ရႈက သူ႔ကို စကားမေျပာဘဲ ၾကၫ့္ရံုသာၾကၫ့္လိုက္၏။ သူမက စကားေလးနည္းနည္းပဲေျပာရေသးတယ္၊ ဒါေပမယ့္ သူက ဇာတ္ေကာင္အစားေစာ္ကားေမာ္ကားလုပ္တာ ခံေနရသလို ခံစားေနတယ္။
အဲ့အရာရိွေတြကို သတ္ျဖတ္ေနတဲ့သူရဲေကာင္းက သူ႔နဲ႔ ႏွစ္ကိုယ့္တစ္စိတ္လိုရင္းႏွီးတဲ့သူလို႔ ထင္ေနတာျဖစ္မယ္။
ဝမ္ရူဟြားရဲ့အက်င့္စရိုက္က နည္းနည္းအႏၲရာယ္မ်ားတယ္လို႔ နဉ္ရႈ ခံစားလိုက္ရသည္။ ဒါကို ေကာင္းေကာင္းမြန္မြန္လုပ္ေပးႏိုင္လ်ွင္ သူက ခါးသက္နာက်ည္းကာ မနာလိုဝန္တိုသူျဖစ္လာႏိုင္သည္။ ပိုၿပီး ပြင္ပြင့္လင္းလင္းေျပာရလ်ွင္ သူက လူမႈဆန႔္က်င္ေရးသမားျဖစ္ၿပီး လူေတြကို သူ႔ဆီက မတူတဲ့အေတြးအျမင္ေတြေၾကာင့္ သည္းမခံႏိုင္ေပ။
မုယန္မုန႔္က ဒီရြံစရာလူကို ႏွစ္သိမ့္ေပးႏိုင္ဖို႔ သူမကိုယ္သူမ အနစ္နာခံလိုက္တာက အရမ္းကို ခ်ီးက်ူးဖို႔ေကာင္းတယ္လို႔ သူမ ရုတ္တရက္ေတြးလိုက္မိသည္။
"ဒီကထြက္သြား! ငါ့အခန္းကို ထပ္မဝင္နဲ႔၊ ၿပီးေတာ့ ငါ့ပစၥည္းေတြကိုလည္း မထိနဲ႔! မင္းလိုမိန္းမမ်ိဳးက ငါ့ပစၥည္းေတြကို ထိခြင့္မရိွဘူး! ပိုင္ခ်င္ရွန္း၊ ငါ မင္းကို သတိေပးလိုက္မယ္၊ ငါ့သည္းခံႏိုင္စြမ္းကို လာထိဖို႔မႀကိဳးစားနဲ႔။"
သူမကပဲ ဒီစုတ္ျပတ္သတ္ၿပီး ညစ္ပတ္ေနတဲ့ပစၥည္းေတြကို ထိခ်င္ေနတဲ့အတိုင္း။ နဉ္ရႈ သူမရဲ့ရြံရွာမႈကို တိတ္တိတ္ကေလးေဖာ္ထုတ္ကာ လွၫ့္ထြက္သြားလိုက္၏။ သူမ အျပင္ထြက္သြားလိုက္ခ်ိန္မွာပင္ အႏွီဝဖိုင့္ဖိုင့္ ရြာအာဏာရွင္ဆိုးႀကီးက ေတာပန္းတစ္စည္းကိုကိုင္ကာ ရပ္ေနသည္ကို ေတြ့လိုက္ရေခ်၏။ ၿခံစည္းရိုးအျပင္မွာ ေတာပန္းတစ္စည္းနဲ႔ သူရပ္ေနတဲ့ပံုက တကယ္ကို...ေၾကာင္ေတာင္ေတာင္ႏိုင္တယ္။
Advertisement
"မိန္းမလွေလး၊ ကိုယ္ မင္းအတြက္ ပန္းနည္းနည္းဝယ္ခဲ့တယ္။ မိန္းမလွေလးအတြက္ ေတာပန္းေတြပါ။"
နဉ္ရႈကိုေတြ့သည္၌ ဟယ့္တာ့ဟြားက သူမဆီေလ်ွာက္လာကာ သူမလက္ထဲ ပန္းစည္းကိုထိုးထၫ့္၏။
ယြဲ႔လန္က ေလွာင္သည္။
"ဒီပန္းေတြက ၾကၫ့္ရဆိုးလြန္းတယ္။ ကြၽန္မတို႔မမေလးက ဒီပန္းေတြကို ႀကိဳက္မွာမဟုတ္ဘူး။"
ဟယ့္တာ့ဟြားက ရယ္သည္။
"စိတ္မဆိုးပါနဲ႔ အေစခံမိန္းမလွေလးရယ္။ ေနာက္တစ္ခါက် ကြၽန္ေတာ္ ခင္ဗ်ားအတြက္လည္း စားစရာေတြ ယူလာေပးပါ့မယ္။"
ယြဲ႔လန္က ေအးစက္ေမာက္မာသၫ့္အၾကၫ့္တစ္ခ်က္ေပးသည္။
"ဟမ့္၊ ထင္တဲ့အတိုင္းပါပဲလား၊ မင္းက ဘယ္သြားသြား ဒီအတိုင္းပဲ။ မင္းက ေငြေၾကးနဲ႔ ၾသဇာအာဏာရိွတဲ့ေယာက်္ားတိုင္းကို အၿမဲတမ္း ဖ်ားေယာင္းဖို႔ႀကိဳးစားေနေတာ့တာပဲ။ မင္း အရင္က လက္ထပ္ဖူးတယ္ဆိုတာကို ဟယ့္တာ့ဟြားကို မေျပာခဲ့ဘူးမလား? မင္းက တစ္ျခားေယာက္်ားတစ္ေယာက္က စြန္႔ပစ္လိုက္တဲ့ မိန္းမတစ္ေယာက္သာသာပဲ!"
ဝမ္ရူဟြားက အထင္ေသးစြာသေရာ္ၿပီး စာအုပ္တစ္အုပ္ႏွင့္ထြက္သြားသည္။ သူ ေက်ာင္းကိုသြားတာျဖစ္ေလာက္သည္။
နဉ္ရႈက ဝမ္ရူဟြားကို ေအာ္ေျပာလိုက္၏။
"တစ္ေယာက္ေယာက္က ညီမကို ပန္းေပးတယ္ဆိုတာ ညီမက ဆြဲေဆာင္မႈရိွတယ္လို႔ ဆိုလိုတာပဲ။ ဆြဲေဆာင္မႈရိွတာက ျပစ္မႈတစ္ခုလား?"
ဝမ္ရူဟြားက လမ္းေလ်ွာက္ေနတာကို ရပ္လိုက္ကာ ျပန္လွၫ့္ကာေအာ္သည္။
"အရွက္မရိွတဲ့မိန္းမပ်က္! မင္းက ဒီလိုစကားမ်ိဳးကိုေျပာထြက္ရေလာက္ေအာင္အထိ အရွက္မဲ့လြန္းတာလား? မင္းက တိရစၧာန္တစ္ေကာင္နဲ႔ေတာင္ ယွဉ္လို႔မရဘူး အရွက္မရိွတဲ့မိန္းမပ်က္ရဲ့! ပိုင္ခ်င္ရွန္း၊ မင္းက တကယ္ကို ပိုပိုၿပီး ရြံစရာေကာင္းလာတာပဲ။ အခု မင္းက မင္းကိုယ္မင္း ျဖစ္သလိုေနခြင့္ေပးလိုက္တာလား? ဒါဆိုလည္း ဘာလို႔ မင္းနာမည္ကို အေပ်ာ္ေဂဟာမွာ နာမည္ျပားသြားမခ်ိတ္တာလဲ? ဘယ္လိုပဲျဖစ္ျဖစ္ မင္းက ေယာက္်ားေတြအတြက္ စိတ္ႂကြေစႏိုင္မယ့္ပံုပါပဲ။"
သည္စကားေတြက အမွန္ပင္ရြံစရာေကာင္းလြန္း၏။ နဉ္ရႈမွာ ဝမ္ရူဟြားထံမွ အမ်ိဳးသားဇာတ္လိုက္ေရာင္ဝါတစ္စြန္းတစ္စေလးကိုပင္ ယခုအခ်ိန္အထိ မေတြ့ရေသးေပ။ ဒီလိုရြံစရာေကာင္းတဲ့ငေၾကာက္ေကာင္က ဘယ္လိုလုပ္ အမ်ိဳးသားဇာတ္လိုက္ျဖစ္ႏိုင္ရတာလဲ? မူလဇာတ္ေၾကာင္းက ဇာတ္လမ္းထဲမွာ ဘူးညီအစ္ကိုခုနစ္ေဖာ္ကို စုစည္းဖို႔အတြက္နဲ႔ ဒီေကာင့္ကို တြန္းအားေပးတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္?
သို႔ေသာ္လည္း ဝမ္ရူဟြားက အမ်ိဳးသားဇာတ္လိုက္တစ္ေယာက္လိုပဲ ေခါင္းမာတတ္တာေတာ့ သူမ ဝန္ခံရေပမည္။ ကမ႓ာႀကီးက သူ႔ကို လွၫ့္ပတ္ေနၿပီး သူ ဘယ္ေတာ့မွ မမွားဘဲ ေလာကႀကီးကသာ မွားေနတယ္လို႔ ထင္ေနတဲ့ စိတ္ထားမ်ိဳးရိွသည္။
"ဒါဆိုလည္း အခု ညီမ နာမည္ျပားသြားခ်ိတ္ေတာ့မယ္ေနာ္ ဝမ္းကြဲအစ္ကို။ အာ၊ အစ္ကို ခ်င္ရွန္းဆီ လာလည္ရမယ္ေနာ္။ ၿပီးေတာ့ အစ္ကိုက စာအုပ္ေတြအမ်ားႀကီးဖတ္ထားၿပီးၿပီဆိုေတာ့ အစ္ကိုသင္ၾကားထားတာေတြကို လက္ေတြ့အသံုးခ်ဖို႔ အသံုးခ်ဖို႔အခ်ိန္ပဲေလ၊ ဟုတ္တယ္မလား?"
ဝမ္ရူဟြားမွာ ေဒါသထြက္လြန္း၍ တစ္ကိုယ္လံုးတုန္ရီလာ၏။ သူက အက်ႌလက္ကို ယမ္းခါကာ ေျခေဆာင့္ရင္းေအာ္သည္။
"အရွက္မရိွတဲ့ေခြးမ!"
...
Advertisement
- In Serial73 Chapters
Planet-Eater Reincarnation (in Star Wars)
He wakes up without being able to see, taste or hear. Or even smell! But, after developing an eye for himself, he's able to recognize two facts: one, he is no longer human, and two, he's not on Earth anymore. He's in the middle of an asteroid field, stuck on a moderately large one with nothing around him but endless space. Heck, he's not even in the solar system! And now it's up to him to grow larger and stronger in order to avoid being eaten. Going by the leviathan-sized creatures swimming about the asteroid field, he has a long way to go before he can so much as try to live calmly. ---- Don't let the fanfiction tag scare you off. This only barely takes place in that universe since I like the basics of the lore and nothing more. It will barely feature a single prominent character, and the focus will mostly just be on the main character trying to grow himself out of danger, in the meantime denying the very idea that he could possibly be lonely. The first few dozen chapters will entirely focus on him growing from almost a gnat all the way to a real asteroid-eater. After that, an actual story will appear. Got the idea when I was reading the 2017 Darth Vader comic and my mind suddenly flashed back to that scene in the original trilogy when they're in some asteroid field and almost get eaten by a big monster. I loved that scene, and my inhibitions will no longer chain me. Enjoy, but don't take this too seriously.
8 833 - In Serial7 Chapters
N3on Noir
Atoyama City 2237. A brutal and violent place. Crime is rife. The police are undermanned and overwhelmed. To make a living here, you need to be willing to do whatever it takes. PI and ex-cop Genji Yamagoto knows that better than anyone. A missing girl. A case that strikes too close to home. He'll do everything he can to see this through to the end.
8 85 - In Serial9 Chapters
Summoned Villains.
When you and your friends are summoned to another world, it wasn’t to kill the Demon Lord. You were summoned to kill the Heroes who were summoned to kill the Demon Lord. Forced to learn foul, evil magics by an evil cult, will our…. Villains? Will our villains rise to the challenge?
8 133 - In Serial14 Chapters
The Book of Rune
If you like moderately well-researched semi-medieval military logistics with some fantasy twists, and also conspiracy, and exploration, and violence, and maybe a dash of road movie, hey, Ruen just might be your thing. Plot-wise, basically there's a guy who got fired by Death, a kid with pyrotechnic tendencies, and a slave general who wouldn't mind retiring but ended up on a mass suicide mission. If you were looking for a less TL;DR version, a guy who got fired by Death meets a kid with pyrotechnic tendencies, and they try to get the guy un-fired while also trying to come to terms with death together (ooohhhh, look, I'm deep). Meanwhile a slave general does something stupid and ends up being sent on a suicide mission, and he tries to wreak havoc and save lives at the same time. The threads come together, I swear. This is a rough draft of a fantasy semi-book that I've had in the back of my head for some time. I've written a variety of short stories set in the world over the past three years, and I finally kicked myself into writing the actual story. Very much a slow work in progress. Occasional violence (okay, well, maybe more than occasional), occasional foul language.
8 194 - In Serial9 Chapters
The Island of Vulengate
Ash goes for a chill country ride after having a bad morning. The birds sing on the trees as he speeds down the country road. The beautiful evening sun shining in his eyes... Little does he know he'll never come to see this world again.
8 140 - In Serial151 Chapters
A New Beginning
Sixteen years old Sachi, along with her fellow classmates dies in a school bus accident. But then are suddenly brought back to life in the divine realm where the Gods offer them another chance to be reborn in another world in order to restore peace. The only condition is that they have to form a covenant with each God, which will help them to gain a unique ability each and guide them on their journey of saving the world. The novel was previously titled as - When I Got Reincarnated As A Spider With My Goddess Note for readers : Please forgive me if you find the volume 1 terrific, but that was the time I started writing for the first time and it has improved considerably from volume 2 with volume 1 currently under a rewrite. So, if anyone wants to drop a review do it atleast after reading through volume 2 or volume 3. \_(ツ)_/ ̄ Join discord community to have access to a large number of illustrations related to the chapter and also keep getting informed about the chapter release dates and news. Join discord community - https://discord.com/invite/WUGFUxbpbd \_(ツ)_/ ̄ SUPPORT ME IN MY WRITING ̄\_(ツ)_/ ̄ Till now I have published from volume one to volume five for free. And I hope to continue to do so even now. It has really been an exciting work for me to narrate you the story of our main character who fights her way to the bottom of abyss with her magic and skills and then eventually storms in the outside world. Keeping the text error free takes a lot of revisions and consumes time, but no work is ever perfect. With your support and reviews I know that I have improved a lot in my writing. You can support my writing by reviewing my book on the platform you are reading or especially rate my book on Amazon Kindle. And even now I am asking for a bit more that if you voluntarily support my writing then you can do it now by donating me. Paypal - paypal.me/Harshitintelligent Become a patreon - https://www.patreon.com/noelelitia Even a little amount helps. I hope that you keep enjoying my work and in knowing the interesting characters which will be constantly introduced to you in the story. I hope that the next chapter too proves to be to your liking!
8 197

