《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 81
Advertisement
[Unicode]
{ရှေးခေတ် **** စာအုပ်တွေ}
နဉ်ရှုက အမှန်အတိုင်းပင်ပြန်ဖြေသည်။
"ကျေးဇူးတင်ပါတယ် တာ့ဟွား။ ဒါပေမယ့် တို့ ဒီကိုလာရတဲ့ရည်ရွယ်ချက်က တို့ဝမ်းကွဲအစ်ကိုနဲ့ နေဖို့ပါ။"
ဟယိ့တာ့ဟွားပ စိတ်ပျက်ရွံရှာနေဟည့်အမူအရာဖြင့် ယပ်ခပ်၏။
"ဝမ်ရူဟွားက ယောက်ျားတစ်ယောက်တောင်မဟုတ်ဘူး။ မင်း သူနဲ့ အရမ်းကြီးမပတ်သက်သင့်ဘူး၊ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေ မင်းဆီကူးသွားမှာ စိုးရိမ်ရတယ်။"
နဉ်ရှုက ပြန်မဖြေဘဲ ပြုံးရုံသာပြုံး၏။
နဉ်ရှုနဲ့ယွဲ့လန်က ဗိုက်ပြည့်တဲ့အထိစားလိုက်ကြသည်။ နဉ်ရှုက ဟယ့်ရှောင်ဟွားကို ကျေးဇူးတင်တဲ့အနေနဲ့ အရည်အသွေးကောင်းတဲ့ မျက်နှာချေတစ်ဘူးနဲ့ ပန်းပွင့်ပုံ ငွေထည်ဆံထိုးတစ်ချို့ပေးသည်။
"မိန်းကလေး၊ ရှင်က ရွှေဆံထိုးတွေ မဝတ်သင့်ဘူး။ ရှင်က အရမ်းငယ်သေးတော့ ပန်းပုံငွေဆံထိုးတွေက ရှင်နဲ့ပိုလိုက်မှာ။"
နဉ်ရှုက ပြောသည်။
ဟယ့်ရှောင်ဟွားက လက်ဆောင်တွေကြောင့် ဝမ်းသာသွားပြီး နဉ်ရှုပခုံးကိုပုတ်သည်။ နဉ်ရှုမှာ အသက်ရှူရကြပ်သွား၏။ မြတ်စွာဘုရား၊ ဒီကောင်မလေးက အရမ်းသန်လွန်းတယ်!
"မိန်းမလှလေး၊ အစ်ကိုကြီးတာ့ဟွားရဲ့အိမ်မှာ နေချင်လား? ဒီနေရာက လူတွေအတွက် မသင့်တော်ဘူး၊ အစ်ကိုကြီးရဲ့ဝက်ခြံကတောင် ဒီနေရာထက် ပိုကောင်းသေးတယ်။"
ဟယ်တာ့ဟွားက ကြော့မော့သားနားဟန်ဆောင်ကာ ယပ်ခတ်သည်။
နဉ်ရှု : ...
ဟယ့်မောင်နှမတွေထွက်ခွာသွားချိန်၌ သူမနောက်က တံခါးက ကျွီခနဲမြည်သံပေးကာ ပွင့်လာသည်။ ဝမ်ရူဟွားက မည်းမှောင်နေတဲ့အမူအရာနဲ့အပြင်ထွက်လာပြီး မီးဖိုခန်းဆီမသွားခင် နဉ်ရှုကို ကြည့်သည်။ သူက ရေအေးတစ်မှုတ်ခပ်ကာ ပြောင်းဖူးပန်ကိတ်တွေကို စားနေတော့သည်။
ဘယ်လိုတောင် ခါးသီးပြီး မုန်းတရားတွေပြည့်နေတဲ့ အမူအရာမျိုးပါလိမ့် အား။ နဉ်ရှု ဆွံ့အသွားရသည်။ ဝမ်ရူဟွား ဘာတွေတွေးနေတယ်ဆိုတာ သူမ တကယ်ကိုနားမလည်နိုင်တော့ဘူး။
သူမ သူ့အခန်းထဲဝင်သွားပြီးနောက် စားပွဲအဟောင်းလေးပေါ်မှာ စာအုပ်တွေအများကြီးရှိနေတာကို တွေ့လိုက်ရသည်။ သူက ဒီလောက်ကြိုးစားမယ်လို့ မထင်ထားတဲ့အတွက် သူမ အံ့ဩသွားသည်။
သူမက တွေ့ရာစာအုပ်တစ်အုပ်ကိုကောက်ယူကာ လှန်လိုက်သည်။ ထို့နောက်တွင်တော့ သူမအမူအရာမှာ အက်ကွဲသွားတော့၏။ အနှီစာအုပ်မှာ မြေခွေးဝိဉာဉ်တစ်ခုနှင့်တွေ့ဆုံခဲ့ရသည့် ငမွဲကျောင်းသားတစ်ယောက်အကြောင်းရေးထားသောစာအုပ်ဖြစ်ချေသည်။ စာအုပ်ထဲမှ အကြောင်းအရာအများစုမှာ မြေခွေးဝိဉာဉ်က ဘယ်လောက်တောင်ညှို့ဓာတ်ပြင်းတယ်ဆိုတာနဲ့ အဲ့ကျောင်းသားနဲ့ မြေခွေးဝိဉာဉ်တို့လုပ်ခဲ့တဲ့ အညှီအဟောက်ကိစ္စများပင်။
နဉ်ရှု : ...
သူမက နောက်ထပ်စာအုပ်တစ်အုပ်ကိုကောက်ယူကာ လှန်လိုက်သည်။ ဤစာအုပ်ကတော့ စိတ်နှလုံးကောင်းမွန်တဲ့ သူရဲကောင်းတစ်ယောက်ရဲ့ မကောင်းမှုတွေကို တိုက်ထုတ်၊ အကျင့်ပျက်အရာရှိတွေကိုသတ်ပြီး လူတွေကိုးစားအားထားတာခံလာရတဲ့ ခရီးစဉ်အကြောင်းဖြစ်၏။
စားပွဲပေါ်က စာအုပ်တွေအားလုံးက : စာသင်သားနဲ့ မိန်းမတွေရဲ့ ပျော်ရွှင်ကြာ်နူးဖွယ်ရာအချိန်တွေ၊ စာသင်သားနဲ့ ချမ်းသာတဲ့မိသားစုရဲ့သမီး...စသည်ဖြင့် အမျိုးအစားအတူတူများပင်ဖြစ်သည်။ ထပ်ပေါင်းပြောရလျှင် အချက်အလက်တွေအားလုံးက ဟိုဟာလုပ်တဲ့အပေါ်မှာသာ စုပြုံထား၏။ အခြေခံအားဖြင့်တော့ ရှေးခေတ်ညစ်ညမ်းစာအုပ်တွေသာ။
ဒါတွေက ဝမ်ရူဟွား အသည်းအသန်ဖတ်နေတဲ့ စာအုပ်အမျိုးအစားတွေပေါ့?
အခုတော့ သူ နန်းတွင်းစာမေးပွဲဝင်မဖြေချင်တာ အဓိပ္ပာယ်ရှိသွားပြီ။
သူက ဒီစာအုပ်တွေဖတ်နေချိန်မှာ သူ့ကိုယ်သူပွတ်သပ်ရင်း အချိန်ဖြုန်းနေခဲ့တာဖြစ်နိုင်လား? စားပွဲပေါ်က အစက်အပြောက်တွေအားလုံးက ဝမ်ရူဟွားရဲ့ အဲ့ဒါတွေလို့ သူမ ရုတ်တရက် ခံစားလိုက်ရသည်။
"ငါ့ပစ္စည်းတွေကိုထိဖို့ မင်းကို ဘယ်သူခွင့်ပြုထားလို့လဲ?"
ဝမ်ရူဟွားက ဒေါသတကြီးဝင်လာကာ နဉ်ရှုလက်ထဲက စာအုပ်ကိုလုသည်။
"ထွက်သွား! ငါ့စာအုပ်တွေကို ထပ်ထိရဲထိကြည့်!"
နဉ်ရှုမှာ ရွံရှာသလိုခံစားလိုက်ရကာ သူမရဲ့လက်ကို လက်ကိုင်ပဝါဖြင့်သုတ်သည်။ ထို့နောက် သူမက မေး၏။
"ဝမ်းကွဲအစ်ကို၊ ဒါတွေက အစ်ကိုဖတ်တတ်တဲ့စာအုပ်တွေလား?"
"အစ်ကိုက သင်ခန်းစာစာအုပ်တွေကို လုံးဝမဖတ်ဘူးလား? အစ်ကို ကလေးတွေကို ဘယ်လို သင်ပေးနေတာလဲ?"
နဉ်ရှု ရွံနေသည်။ ဝမ်ရူဟွားက သားရဲတဝရစ္ဆာန်နဲ့တူတယ်။
"ငါ အဲ့စာအုပ်တွေကို အလွတ်ရနေပြီ၊ ဒါကြောင့် ပြန်ဖတ်ဖို့ လုံးဝမလိုတော့ဘူး။ ငါ ဒီစာအုပ်တွေကို တစ်ခါတစ်လေမှ ပျင်းလို့လှန်ကြည့်တာ။"
ဝမ်ရူဟွားက နည်းနည်းလေးမှရှက်ရွံ့ဟန်မပြဘဲ ပြန်ဖြေလေ၏။
"မိန်းမတွေက ယောက်ျားတွေရဲ့ကိစ္စထဲ ဝင်မပါသင့်ဘူး။"
"ဆိုတော့ ဝမ်းကွဲအစ်ကို၊ အစ်ကိုက သူရဲကောင်းတွေက တရားဥပဒေကို ဆုပ်ကိုင်ထားတဲ့အကြောင်းရေးထားတဲ့ စာအုပ်တွေဖတ်ရတာ ကြိုက်တယ်ပေါ့?"
နဉ်ရှုက မေးသည်။
"အဲ့သူရဲကောင်းက တရားဥပဒေကို လျစ်လျူရှုပြီး သူသတ်ချင်တဲ့လူကို သတ်နေတာ။ အမှားလုပ်မိတဲ့အရာရှိတွေက တရားရုံးက ဥပဒေအရ အပြစ်ပေးတာကိုပဲခံရမှာ။ ဒီသူရဲကောင်း လုပ်နေတာတွေက လူတွေရဲ့အသက်ကို မြက်တွေလိုသဘောထားနေတာပဲ။"
ဝမ်ရူဟွားက အေးစက်စက်နှာမှုတ်၏။
"မင်း ဘာသိလို့လဲ? ဗျူရိုကရေစီစနစ်က လုံးဝပျက်စီးနေပြီ။ သူတို့တွေ အဖမ်းခံရပြီး အပြစ်ပေးခံရဖို့ ဘယ်လောက်တောင်ကြာမယ်ဆိုတာ ဘယ်သူသိမှာလဲ? သူတို့ မြန်မြနိအသတ်ခံရလေ ပြည်သူတွေ ခံစားရတဲ့ရက် တစ်ရက်ပိုလျော့လေပဲ။ ပြည်သူတွေရဲ့သွေးချွေးတွေကို အမြတ်ထုတ်နေတဲ့ အဲ့အကျင့်ပျက်အရာရှိတွေကို တရားဥပဒေက အပြစ်မပေးမှတော့ ဒီလိုသူရဲကောင်းမျိုးက ပြည်သူတွေအတွက် တရားမျှတမှုရယူပေးဖို့ ထွက်လာသင့်တယ်။"
...
[Zawgyi]
{ရှေးခေတ် **** စာအုပ်တွေ}
Advertisement
နဉ်ရှုက ပြောသည်။
နဉ်ရှု : ...
နဉ်ရှု : ...
နဉ်ရှုက မေးသည်။
...
Advertisement
- In Serial22 Chapters
Rose of Thorns and Blood
I do not own Naruto, the original author is Masashi Kishimoto. An SI/OC reincarnated as a female naruto in the naruto_verse "My name was Sarah, I was a human experiment during the second world war I was barely 5 years old, back then a group of russian scientist discovered a withered fruit that fell on earth together with a meteorite, they didnt know where it came from, butit didnt matter much in the end, what it mattered was that the fruit had incredible amount of energy, they made me eat it, with eating it came untolds amount of power, power that made me immortal, I developed a second persona, while I have warm and kind, personality, the second is cold, ruthless, efficient and I can even switch between them in a blink." a woman in what looked like she was barely twenty in age, with white hair royal purple eyes, and with a well-endowed body said. "well you are dead now so I guess your immortality was flawed, even if you had a body that far surpassed the common human and did not catch any disease you will be hard pressed to survive a nuclear warhead huh, hmm I think you will fit in the world of naruto pretty well, you already consumed the Phoenix aspect chakra fruit even though it was stripped of most of its power during the dimensional travel hahaha" an androgynous voice said. the man before my eyes was pretty effeminate with shoulder length blonde hair and green eyes he is like that bishounen you see in anime and manga, ehehe what can i say I never liked those shows and movies from the west and I had to get a hobby, what it's not like I am embarrassed by being an immortal otaku, well I am dead now, damn those North Koreans. "wait did you say Naruto? is this reincarnation?" Mary Sue maybe There will be lemons, but not so much, I am just a horny bastard.
8 372 - In Serial20 Chapters
Your Happy Place
Life keeps moving on... no matter what happens; thus, the people playing their parts must endure any role they are given because, like they say, the show must go on. This is the definition of living. For Nira, her part is of an insignificant and lonely soul that is trapped as a servant in the clutches of a cunning king, doing whatever heinous tasks he wishes. But this is not the part she was born with. It is the one she was forced into. There was a place she could call home before she was captured. A place where she had family and friends. A place she wants a piece of back. That’s all she has ever wanted after being taken. Despite all the cruel cards that have been dealt to her, opportunity has finally arrived to get that piece of home; all she needs is a little coin. However, there is a time limit. If she is unable to get the money she needs in two days, there may never be a second chance, and life will keep moving on. In the midst of the big tales and legends shifting the tides of this world, Nira finds herself seeking to keep a little bit of her happy place. (There are 19 Chapters + 1 Epilouge. If chapter has 1000 words, I will upload day after. Enjoy and please leave a constructive review so I can improve!)
8 199 - In Serial106 Chapters
LEUR: The Unsung Tales
In the kingdom of Zorhana, one adventuring team rises to the top as they come to terms with their pasts and uncover a plot to destroy all they hold dear. Together they'll learn to trust each other, to love each other, and grow strong enough to overcome any challenge. This is the tale of unsung heroes, filled with daring adventure and powerful bonds, vicious monsters and shining redemption. Come, sit, stay awhile and listen. This story contains violence, budding romance, friendships forged in fire, and fantastical racism. I'm writing this story using the fifth edition of Dungeons & Dragons, the legendary tabletop roleplaying game. I first began posting this story on my personal Facebook page and on Tumblr under the username "valoroflight". I only put a few chapters in before moving to Wattpad to finish posting the full story. Unfortunately, my story has begun showing up on NovelHD without my permission, so I am moving to RoyalRoad in an attempt to get away from that.
8 112 - In Serial12 Chapters
A Curse in the North
Rampant logging and deforestation in the southern peninsula, aggressive expansion and raiding in the western mountains, and citizens vanishing in the heartlands have the city states of Ekuron on edge as four desperate heroes seek to unravel why their neighbors have begun preparing for war.
8 153 - In Serial39 Chapters
Love and war
There are 2 worlds lost children go to to find eachother, there is Neverland for the boys, ruled by the ruthless Peter Pan. Then there's That Ocean Island for the girls ruled by Ruby. They have a past that's a "little" complicated. When Pan kidnaps Ruby and the lost girls. How will they react after not seeing eachother for 20 years , yet they still look as if they were 18.
8 521 - In Serial38 Chapters
Daughter of the Nine tails
Kitsune is the daughter of the nine tailed fox Kurama. The day that Kurama is sealed in Naruto, Kitsune is separated from him durning the fight. At first she is young fox but she changes into a human. Follow her on her journey as a ninja of the hidden Leaf. {I am aware of all the mistakes, i will fix them once i finished the book}
8 72