《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 77
Advertisement
[Unicode]
{အထူးတိုက်ခိုက်မှုထုတ်လွှတ်!}
ယွဲ့လန်က ဘေးဘီကိုဝေ့ကြည့်သည်။ သူမရဲ့မျက်နှာက ဖြူဖျော့သွားသည်။ သူမက ပြောလာ၏။
"မမလေး၊ ကိစ္စတွေ ဘယ်လောက်ပဲခက်ခဲနေပါစေ မမလေးက ဘယ်တုန်းကမှ ဒီလိုအခန်းမျိုးမှာနေရလောက်တဲ့အထိ မဖြစ်ဖူးဘူး။ ဒီလိုအိမ်မျိုးမှာ လူတစ်ယောက်က ဘယ်လိုလုပ်ပြီးများနေနိုင်ရတာလဲ? နေရာတိုင်းမှာလည်း ကြမ်းပိုးတွေနဲ့။ ညကျရင် ကျွန်မတို့ သေတဲ့အထိအကိုက်ခံရလိမ့်မယ်! ဘာလို့ ခြံထဲမှာ တဲမထိုးတာလဲ? တဲထိုးနေတာက ဒီအခန်းထဲနေရတာထက် ပိုကောင်းလောက်တယ်။"
နဉ်ရှုက သက်ပြင်းချသည်။ မုယန်မုန့် ရုပ်ရည်ပျက်စီးသွားခဲ့တုန်းက သူမက ဝမ်ရူဟွားရဲ့ အဆက်မပြတ်လှောင်ပြောင်သရော်မှုတွေနဲ့ ရင့်သီးစွာဆက်ဆံမှုတွေကိုရင်ဆိုင်ရင်း သည်လိုနေရာမျိုးမှာနေခဲ့ရသည်။ နောက်ပိုင်းမှာ ဝမ်ရူဟွားရဲ့တဏှာရာဂကို ကျေနပ်နှစ်သိမ့်စေရင်း အိမ်အလုပ်တွေကူလုပ်ပေးခဲ့ရ၏။ မူလခန္ဓာရှင်က အသက်ရှင်ဖို့ အများကြီးခံစားခဲ့ရသည်။ သူမ ဓားအထိုးခံရပြီး ကိုယ်ဝန်ထပ်ပျက်ကျချိန်မှာ မြစ်ထဲခုန်ချဖို့ဆုံးဖြတ်လိုက်တာ အံ့ဩစရာမရှိပေ။
သည်လိုဘဝမျိုးနဲ့စာလျှင် သေသွားတာက ပိုကောင်းပေသည်။
နဉ်ရှုက မျက်နှာကိုလက်ဖြင့်အုပ်ရင်းဆိုသည်။
"ဒါဆိုလည်း ခြံထဲမှာ တဲထိုးကြမယ်။ ဒီမှာနေပြီး ကြမ်းပိုးအကိုက်ခံတာက မတန်ဘူး။"
သူမကိုယ်သူမ မလိုအပ်တဲ့အခက်အခဲဒုက္ခတွေကို ဘယ်လိုနည်းနဲ့မှခံစားစေမှာမဟုတ်။
ဝမ်ရူဟွားက ဒေါသထွက်နေတဲ့အမူအရာနဲ့ကြည့်နေချိန်မှာ သူမတို့က တဲတစ်လုံးအတူတူဆောက်လိုက်ကြသည်။ သူက အေးစက်စွာဆို၏။
"မင်း ငါ့အိမ်မှာမနေနိုင်မှတော့ ဘာလို့ ငါ့ကိုလာရှာနေသေးလဲ? မင်းမှာ ငွေအများကြီးရှိတယ်မဟုတ်ဘူးလား? မင်း ပိုကောင်းတဲ့နေရာ သွားရှာလို့ရတယ်။"
နဥ်ရှုက သူ့ကို မျက်လုံးထောင့်ကပ်ကြည့်ကာ စိတ်ပျက်စွာဆို၏။
"ဝမ်းကွဲအစ်ကို၊ ညီမ အစ်ကို့ကို ဘာလို့လက်မထပ်တာလဲဆိုတာ တစ်ခါမှမတွေးမိဖူးဘူးလား?"
"ဒင်၊ စိတ်ဒဏ်ရာမှတ် +10။ လက်ရှိစိတ်ဒဏ်ရာမှတ်စုစုပေါင်းက 80။ အာာား၊ နဉ်ရှုလေး၊ မြန်မြန်၊ နည်းနည်းလေးမြန်လိုက်၊ ကြိုးစားထား!"
2333ရဲ့ စိတ်လှုပ်ရှားနေတဲ့အသံက နဉ်ရှုခေါင်းထဲ ပဲ့တင်ထပ်လို့သွားသည်။
နဉ်ရှု : ထွက်သွား။
"ဘာလို့လဲ?"
ဝမ်ရူဟွားက သရော်ပြုံးဖြင့်ပြန်ဖြေသည်။
"ဇိမ်ကျတဲ့ဘဝမှာနေချင်လို့ပဲမဟုတ်ဘူးလား?"
နဉ်ရှုက လက်ယမ်းသည်။
"အို၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတာ အစ်ကိုသိချင်ရင် ညီမပြောပြလို့ရတယ်။"
"အစ်ကို့ရုပ်ရည်က မဆိုးပေမယ့် အသားအသောက်ဖိုးတွေကို အစ်ကို့မျက်နှာလေးနဲ့ပေးလို့မရဘူးလေ။ အစ်ကိုက စာအုပ်တွေအများကြီးဖတ်ထားပေမယ့် နန်းတွင်းစာမေးပွဲကို တစ်ခါမှဝင်မဖြေချင်ခဲ့ဘူး။ အစ်ကိုက စာမေးပွဲအောင်ဖို့ ကြိုးစားနေတဲ့သာဖြေသုလို့တောင် ပြောလို့မရတဲ့အတွက် အစ်ကို စာမေးပွဲအောင်ပြီး နာမည်ကျော်ပညာရှိတစ်ယောက်ဖြစ်လာနိုင်မယ့်အခွင့်အရေးတွေဆိုတာလည်း လုံးဝမရှိဘူး။ အစ်ကိုက ငယ်ငယ်တည်းက စာပေတွေလေ့လာနေခဲ့ပေမယ့် ကိုယ့်ကိုယ်ကို သက်သေပြရမယ့်အချိန်လည်းရောက်ရော အစ်ကို ဘာမှမလုပ်နိုင်တော့ဘူး။ နန်းတွင်းစာမေးပွဲက တစ်ဆင့်ပြီးတစ်ဆင့်ဖြေရတာ။ အစ်ကိုက အချိန်အကြာကြီးစောင့်နေပြီး အကြိမ်ပေါင်းများစွာကျရှုံးနေခဲ့တော့ အစ်ကို နောက်ဆုံးအဆင့်စာမေးပွဲအောင်တဲ့အချိန်ကျရင် ညီမလည်းအိုလောက်ပြီ။ ညီမက ညီမတို့ကတိကိုဖောက်ဖျက်ခဲ့တယ်ဆိုရင်တောင် တန်တယ်၊ ပြီးတော့ အဲ့ဒါက ညီမအတွက် နောင်တမရမယ့်ရွေးချယ်မှုပဲ။ ညီမ အခုပြန်လာတယ်ဆိုတာက အစ်ကို့ကို ထောက်ပံ့ပေးဖို့ပဲ။ ဒါမှသာ အစ်ကို နန်းတွင်းစာမေးပွဲဝင်ဖြေဖို့ အင်အားတွေရှိလာမှာလေ။"
"ကောင်းကောင်းဆိုးဆိုး၊ အစ်ကိုက ဟယ့်ရွာက ကလေးတွေအတွက် စံနမူနာကောင်းအဖြစ်ရပ်တည်ပြီး စာပေပညာရေးဆိုတာက သူတို့ကို သူတို့နဲ့သက်တူရွယ်တူတွေကြားထဲမှာ ထူးချွန်ထင်ရှားနေအောင် လုပ်ပေးနိုင်တဲ့အရာဆိုတာ သိအောင်လုပ်ပေးသင့်တယ်။ အစ်ကိုက အချိန်တွေအကြာကြီး စာပေလေ့လာခဲ့ပေမယ့် ဒီလိုဖွတ်ကျားအိမ်လေးမှာနေပြီး အဝတ်စုတ်တွေဝတ်ထားတယ်။ အစ်ကို ကောင်းကောင်းတောင်မစားရဘူး။ စာပေလေ့လာတာက ဒီလိုဆင်းရဲတဲ့အနာဂတ်ကိုရောက်သွားစေနိုင်တယ်ဆိုတာမျိုး ကျောင်းက ကလေးတွေတွေးသွားခဲ့ရင် သူတို့က ဘာလို့ စာပေလေ့လာနေတော့မှာလဲ? ဒီလိုပုံစံမျိုးနဲ့ ကလေးတွေရှေ့မှာ အစ်ကိုက ဩဇာအာဏာနဲ့ ဂုဏ်သိက္ခာရောရှိရဲ့လား? အားကောင်းတဲ့သူတွေကပဲ လေးစားမှုနဲ့ထိုက်တန်တာ။ ဩဇာအာဏာ၊ ငွေကြေး၊ အရည်အချင်းဆိုတာတွေက အားကောင်းတဲ့လူကို ပိုအားကောင်းအောင်လုပ်ပေးတာတွေပဲ။ ဝမ်းကွဲအစ်ကို၊ အစ်ကို့မှာ အဲ့ဒါတွေရှိတယ်လို့ အစ်ကိုထင်လား?"
"အရင်က ညီမ အစ်ကို့ကို သစ္စာဖောက်ခဲ့တယ်ဆိုတာ ညီမဝန်ခံပါတယ်။ ဒါပေမယ့် အစ်ကို ညီမကိုပေးခဲ့တာက ဝေးကွာနေပြီး မရေရာမသေချာတဲ့မျှော်လင့်ချက်တစ်ခုပဲ။ လက်လှမ်းမမှီနိုင်ဘဲ ဖမ်းဆုပ်ရခက်တဲ့ ကတိတစ်ခုပဲ။ အစတည်းက ကတိဆိုတာ လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ မရေရာမသေချာတဲ့အရာပဲ။ ညီမက ဒီလို မရေရာတဲ့စကားတွေအတွက်နဲ့ တည်ငြိမ်လုံခြုံတဲ့ဘဝကို လက်လွှတ်လိုက်ရမှာလား?"
နဉ်ရှုက ဝမ်ရူဟွားကို ကြည်လင်နေသည့်မျက်ဝန်းများဖြင့် ရိုးသားစွာကြည့်သည်။
"ညီမ မှန်တယ်မဟုတ်လား ဝမ်းကွဲအစ်ကို?"
....
[Zawgyi]
{အထူးတိုက္ခိုက္မႈထုတ္လႊတ္!}
ယြဲ႔လန္က ေဘးဘီကိုေဝ့ၾကၫ့္သည္။ သူမရဲ့မ်က္ႏွာက ျဖဴေဖ်ာ့သြားသည္။ သူမက ေျပာလာ၏။
"မမေလး၊ ကိစၥေတြ ဘယ္ေလာက္ပဲခက္ခဲေနပါေစ မမေလးက ဘယ္တုန္းကမွ ဒီလိုအခန္းမ်ိဳးမွာေနရေလာက္တဲ့အထိ မျဖစ္ဖူးဘူး။ ဒီလိုအိမ္မ်ိဳးမွာ လူတစ္ေယာက္က ဘယ္လိုလုပ္ၿပီးမ်ားေနႏိုင္ရတာလဲ? ေနရာတိုင္းမွာလည္း ၾကမ္းပိုးေတြနဲ႔။ ညက်ရင္ ကြၽန္မတို႔ ေသတဲ့အထိအကိုက္ခံရလိမ့္မယ္! ဘာလို႔ ၿခံထဲမွာ တဲမထိုးတာလဲ? တဲထိုးေနတာက ဒီအခန္းထဲေနရတာထက္ ပိုေကာင္းေလာက္တယ္။"
နဉ္ရႈက သက္ျပင္းခ်သည္။ မုယန္မုန႔္ ရုပ္ရည္ပ်က္စီးသြားခဲ့တုန္းက သူမက ဝမ္ရူဟြားရဲ့ အဆက္မျပတ္ေလွာင္ေျပာင္သေရာ္မႈေတြနဲ႔ ရင့္သီးစြာဆက္ဆံမႈေတြကိုရင္ဆိုင္ရင္း သည္လိုေနရာမ်ိဳးမွာေနခဲ့ရသည္။ ေနာက္ပိုင္းမွာ ဝမ္ရူဟြားရဲ့တဏွာရာဂကို ေက်နပ္ႏွစ္သိမ့္ေစရင္း အိမ္အလုပ္ေတြကူလုပ္ေပးခဲ့ရ၏။ မူလခႏၶာရွင္က အသက္ရွင္ဖို႔ အမ်ားႀကီးခံစားခဲ့ရသည္။ သူမ ဓားအထိုးခံရၿပီး ကိုယ္ဝန္ထပ္ပ်က္က်ခ်ိန္မွာ ျမစ္ထဲခုန္ခ်ဖို႔ဆံုးျဖတ္လိုက္တာ အံ့ဩစရာမရိွေပ။
သည္လိုဘဝမ်ိဳးနဲ႔စာလ်ွင္ ေသသြားတာက ပိုေကာင္းေပသည္။
နဉ္ရႈက မ်က္ႏွာကိုလက္ျဖင့္အုပ္ရင္းဆိုသည္။
"ဒါဆိုလည္း ၿခံထဲမွာ တဲထိုးၾကမယ္။ ဒီမွာေနၿပီး ၾကမ္းပိုးအကိုက္ခံတာက မတန္ဘူး။"
Advertisement
သူမကိုယ္သူမ မလိုအပ္တဲ့အခက္အခဲဒုကၡေတြကို ဘယ္လိုနည္းနဲ႔မွခံစားေစမွာမဟုတ္။
ဝမ္ရူဟြားက ေဒါသထြက္ေနတဲ့အမူအရာနဲ႔ၾကၫ့္ေနခ်ိန္မွာ သူမတို႔က တဲတစ္လံုးအတူတူေဆာက္လိုက္ၾကသည္။ သူက ေအးစက္စြာဆို၏။
"မင္း ငါ့အိမ္မွာမေနႏိုင္မွေတာ့ ဘာလို႔ ငါ့ကိုလာရွာေနေသးလဲ? မင္းမွာ ေငြအမ်ားႀကီးရိွတယ္မဟုတ္ဘူးလား? မင္း ပိုေကာင္းတဲ့ေနရာ သြားရွာလို႔ရတယ္။"
နဥ္ရႈက သူ႔ကို မ်က္လံုးေထာင့္ကပ္ၾကၫ့္ကာ စိတ္ပ်က္စြာဆို၏။
"ဝမ္းကြဲအစ္ကို၊ ညီမ အစ္ကို႔ကို ဘာလို႔လက္မထပ္တာလဲဆိုတာ တစ္ခါမွမေတြးမိဖူးဘူးလား?"
"ဒင္၊ စိတ္ဒဏ္ရာမွတ္ +10။ လက္ရိွစိတ္ဒဏ္ရာမွတ္စုစုေပါင္းက 80။ အား၊ နဉ္ရႈေလး၊ ျမန္ျမန္၊ နည္းနည္းေလးျမန္လိုက္၊ ႀကိဳးစားထား!"
2333ရဲ့ စိတ္လႈပ္ရွားေနတဲ့အသံက နဉ္ရႈေခါင္းထဲ ပဲ့တင္ထပ္လို႔သြားသည္။
နဉ္ရႈ : ထြက္သြား။
"ဘာလို႔လဲ?"
ဝမ္ရူဟြားက သေရာ္ၿပံဳးျဖင့္ျပန္ေျဖသည္။
"ဇိမ္က်တဲ့ဘဝမွာေနခ်င္လို႔ပဲမဟုတ္ဘူးလား?"
နဉ္ရႈက လက္ယမ္းသည္။
"အို၊ မဟုတ္ဘူး၊ မဟုတ္ဘူး၊ အဲ့လိုမဟုတ္ဘူး။ ဘာေၾကာင့္လဲဆိုတာ အစ္ကိုသိခ်င္ရင္ ညီမေျပာျပလို႔ရတယ္။"
"အစ္ကို႔ရုပ္ရည္က မဆိုးေပမယ့္ အသားအေသာက္ဖိုးေတြကို အစ္ကို႔မ်က္ႏွာေလးနဲ႔ေပးလို႔မရဘူးေလ။ အစ္ကိုက စာအုပ္ေတြအမ်ားႀကီးဖတ္ထားေပမယ့္ နန္းတြင္းစာေမးပြဲကို တစ္ခါမွဝင္မေျဖခ်င္ခဲ့ဘူး။ အစ္ကိုက စာေမးပြဲေအာင္ဖို႔ ႀကိဳးစားေနတဲ့သာေျဖသုလို႔ေတာင္ ေျပာလို႔မရတဲ့အတြက္ အစ္ကို စာေမးပြဲေအာင္ၿပီး နာမည္ေက်ာ္ပညာရိွတစ္ေယာက္ျဖစ္လာႏိုင္မယ့္အခြင့္အေရးေတြဆိုတာလည္း လံုးဝမရိွဘူး။ အစ္ကိုက ငယ္ငယ္တည္းက စာေပေတြေလ့လာေနခဲ့ေပမယ့္ ကိုယ့္ကိုယ္ကို သက္ေသျပရမယ့္အခ်ိန္လည္းေရာက္ေရာ အစ္ကို ဘာမွမလုပ္ႏိုင္ေတာ့ဘူး။ နန္းတြင္းစာေမးပြဲက တစ္ဆင့္ၿပီးတစ္ဆင့္ေျဖရတာ။ အစ္ကိုက အခ်ိန္အၾကာႀကီးေစာင့္ေနၿပီး အႀကိမ္ေပါင္းမ်ားစြာက်ရႈံးေနခဲ့ေတာ့ အစ္ကို ေနာက္ဆံုးအဆင့္စာေမးပြဲေအာင္တဲ့အခ်ိန္က်ရင္ ညီမလည္းအိုေလာက္ၿပီ။ ညီမက ညီမတို႔ကတိကိုေဖာက္ဖ်က္ခဲ့တယ္ဆိုရင္ေတာင္ တန္တယ္၊ ၿပီးေတာ့ အဲ့ဒါက ညီမအတြက္ ေနာင္တမရမယ့္ေရြးခ်ယ္မႈပဲ။ ညီမ အခုျပန္လာတယ္ဆိုတာက အစ္ကို႔ကို ေထာက္ပံ့ေပးဖို႔ပဲ။ ဒါမွသာ အစ္ကို နန္းတြင္းစာေမးပြဲဝင္ေျဖဖို႔ အင္အားေတြရိွလာမွာေလ။"
"ေကာင္းေကာင္းဆိုးဆိုး၊ အစ္ကိုက ဟယ့္ရြာက ကေလးေတြအတြက္ စံနမူနာေကာင္းအျဖစ္ရပ္တည္ၿပီး စာေပပညာေရးဆိုတာက သူတို႔ကို သူတို႔နဲ႔သက္တူရြယ္တူေတြၾကားထဲမွာ ထူးခြၽန္ထင္ရွားေနေအာင္ လုပ္ေပးႏိုင္တဲ့အရာဆိုတာ သိေအာင္လုပ္ေပးသင့္တယ္။ အစ္ကိုက အခ်ိန္ေတြအၾကာႀကီး စာေပေလ့လာခဲ့ေပမယ့္ ဒီလိုဖြတ္က်ားအိမ္ေလးမွာေနၿပီး အဝတ္စုတ္ေတြဝတ္ထားတယ္။ အစ္ကို ေကာင္းေကာင္းေတာင္မစားရဘူး။ စာေပေလ့လာတာက ဒီလိုဆင္းရဲတဲ့အနာဂတ္ကိုေရာက္သြားေစႏိုင္တယ္ဆိုတာမ်ိဳး ေက်ာင္းက ကေလးေတြေတြးသြားခဲ့ရင္ သူတို႔က ဘာလို႔ စာေပေလ့လာေနေတာ့မွာလဲ? ဒီလိုပံုစံမ်ိဳးနဲ႔ ကေလးေတြေရ႔ွမွာ အစ္ကိုက ဩဇာအာဏာနဲ႔ ဂုဏ္သိကၡာေရာရိွရဲ့လား? အားေကာင္းတဲ့သူေတြကပဲ ေလးစားမႈနဲ႔ထိုက္တန္တာ။ ဩဇာအာဏာ၊ ေငြေၾကး၊ အရည္အခ်င္းဆိုတာေတြက အားေကာင္းတဲ့လူကို ပိုအားေကာင္းေအာင္လုပ္ေပးတာေတြပဲ။ ဝမ္းကြဲအစ္ကို၊ အစ္ကို႔မွာ အဲ့ဒါေတြရိွတယ္လို႔ အစ္ကိုထင္လား?"
"အရင္က ညီမ အစ္ကို႔ကို သစၥာေဖာက္ခဲ့တယ္ဆိုတာ ညီမဝန္ခံပါတယ္။ ဒါေပမယ့္ အစ္ကို ညီမကိုေပးခဲ့တာက ေဝးကြာေနၿပီး မေရရာမေသခ်ာတဲ့ေမ်ွာ္လင့္ခ်က္တစ္ခုပဲ။ လက္လွမ္းမမွီႏိုင္ဘဲ ဖမ္းဆုပ္ရခက္တဲ့ ကတိတစ္ခုပဲ။ အစတည္းက ကတိဆိုတာ လက္ဆုပ္လက္ကိုင္ျပလို႔မရတဲ့ မေရရာမေသခ်ာတဲ့အရာပဲ။ ညီမက ဒီလို မေရရာတဲ့စကားေတြအတြက္နဲ႔ တည္ၿငိမ္လံုၿခံဳတဲ့ဘဝကို လက္လႊတ္လိုက္ရမွာလား?"
နဉ္ရႈက ဝမ္ရူဟြားကို ၾကည္လင္ေနသၫ့္မ်က္ဝန္းမ်ားျဖင့္ ရိုးသားစြာၾကၫ့္သည္။
"ညီမ မွန္တယ္မဟုတ္လား ဝမ္းကြဲအစ္ကို?"
....
Advertisement
- In Serial8 Chapters
Penalise the Player
Hospitalised. Incarcerated. Tortured by obnoxious fairies. Oh, when will this day be over? Arline has been saved--mostly. Her body is being maintained and the public is aware of her...technical difficulties. But life still sucks. She's still stuck in a game after all. And now new dangers are but a code-string away... Sequel to Playing Solitaire.
8 151 - In Serial51 Chapters
139: In Evening
Timothy Kleve is a seemingly ordinary 17 years old still reeling back from the death of his mother. When a deadly phenomenon that causes people to die from their dreams called the Vashmir Pandemic throws society into chaos, Tim is forced to fight for his life and the lives of his loved ones. As Somnidin, a controversially addictive drug starts to run out, he finds himself dragged further into a world where fear is power, desperately trying to protect his best friends, Clay and Stella Barber, from death. The world ending. The death toll rising. Hunted by dream monsters, criminals, law enforcement, and civilians alike, the outcast trio must find a way to stop the pandemic or risk a sleep that lasts an eternity.
8 86 - In Serial19 Chapters
The Playboy Space Traveler
After escaping a near death experience, Bai Zenguang found out that he got a God-like ability that is going to change his life,the ability is space travel. No matter what world it is, movie, anime or manga, as long as he has a Travel Card and ticket he could travel there.
8 102 - In Serial11 Chapters
My World Beyond the Closed Doors
""What am I? Why do I have this dream? What does it mean?I always question myself, but never got an answer.. until that day... when I fell from the top of a building to save him."A story of an emotionless girl who's lost and wants to be found. She seeks for the clues that are hidden from within and question all that is and not real; the answers? ... She'll find it the other world.Will she be okay.. ?I welcome you to her reality; to the world beyond the closed doors
8 146 - In Serial32 Chapters
Enter into naruto verse
Ii am writing to create an enjoyable fan fiction in the naruto world. I don't own naruto and many things will be different
8 71 - In Serial317 Chapters
Abominable King
(Rebooted version Synopsis) I was just a man like any other, until I got sucked into a world that wants me dead. I can’t think of a reason why they want me dead, aside from the fact that I command a massive army of the unliving and have the reputation of being the embodiment of evil. Between a character I had created in my youth who wants nothing less than to conquer the world in my name, a force made up of unholy monstrosities and the Forces of Light constantly trying to kill me, how am I to live peacefully or find a way back home and will I even want to by the end of my journey? I will do what is needed and fight for survival, even if it means becoming what the slanderous rumors about me proclaim as truth. The reign of darkness has come again on this fantasy world, and all who try to fight me will face the wrath of the Abominable King. (I did not make the art.) (WARNING! THIS NOVEL CONTAINS CONTENT THAT IS NOT SUITABLE FOR YOUNG READERS! IF YOU ARE UNDER 16-21 OR HAVE ISSUES WITH INTENSE DEPICTIONS OF CRUELTY AND/ OR OTHER NSFW CONTENT, THEN KNOW THAT YOU HAVE BEEN WARNED!) (There are acts and opinions in this novel that I do not condone. Read at your own peril and watch out for depictions of violence, cruelty, evil in the extreme and more.) (Updates every Saturday at 8:00AM when not on Haitus.)
8 230

