《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 75
Advertisement
[Unicode]
{အထူးတိုက်ခိုက်မှု ထုတ်လွှတ်!}
နဉ်ရှုက ယွဲ့လန်ကိုဦးဆောင်ကာ ရွာထဲဝင်သွားသည်။ ရွာအဝင်ဝမှာ ဝမ်ရူဟွားက အမျိုးသမီးတစ်ယောက်နဲ့စကားပြောနေသည်ကို သူမတွေ့လိုက်ရသည်။ ထိုအမျိုးသမီး၏ ခေါင်းထက်တွင် ရွှေဆံထိုးတစ်ချောင်းရှိနေပြီး သူမရဲ့အကြည့်တွေက ခိုင်မာအားကောင်းသည်။ ဝမ်ရူဟွားကိုကြည့်နေတဲ့ သူမရဲ့မျက်လုံးတွေက ချစ်မြတ်နိုးမှုများဖြင့်တောက်ပနေ၏။
.
သို့သော်လည်း ဝမ်ရူဟွား၏အမူအရာတွင်မူ ရွံရှာစက်ဆုပ်ခြင်းနှင့် စိတ်တိုဒေါသထွက်ခြင်းတို့သာ ရှိနေသည်။ သူက သူ့နောက်ကို ခဏခဏလှည့်ကြည့်နေ၏။ နဉ်ရှုကိုမြင်ချိန်၌ သူက ပထမဆုံးအကြိမ်အဖြစ် သူမအပေါ်တွင် သဘောကောင်းသလိုပြုမူလေ၏။ သူက နူးညံ့စွာမေးသည်။
"ဝမ်းကွဲညီမ၊ ညီမ ဘာလို့ ဒီလောက်တောင်ကြာနေရတာလဲ? အစ်ကို ညီမကို စောင့်နေတာ။"
နဉ်ရှု ဘာမှမပြောရသေးခင်မှာပင် ရွှေဆံထိုးဝတ်ဆင်ထားသည့်အမျိုးသမီးမှာ ဒေါသထွက်နေပြီးဖြစ်သည်။ သူမက နဉ်ရှုကိုလက်ညှိုးထိုးကာ ဝမ်ရူဟွားကို ကျယ်လောင်စွာမေး၏။
"သခင်လေးဝမ်၊ ဒီမိန်းမက ဘယ်သူလဲ? ရှင်နဲ့ သူ့ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလဲ?"
"သူနဲ့ ကျွန်တော့်ဆက်ဆံရေးက ခင်ဗျားကိစ္စမဟုတ်ပါဘူး ဟယ့်သခင်မလေး။ နောက်ပိုင်းမှာ ခင်ဗျား ကျွန်တော့်ကို ထပ်မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်။ လူတွေကြားမှာ ကောလဟာလတွေပျံ့သွားရင် ခင်ဗျားရဲ့ဂုဏ်သတင်း ထိခိုက်လိမ့်မယ်။"
ဟာ့်ရှောင်ဟွားရဲ့မျက်ခုံးသွယ်သွယ်လေးတွေက တွန့်ချိုးနေကာ သူမက ခါးထောက်ကာဆို၏။
"ဟယ့်ရွာက ဘယ်သူက ကျွန်မအကြောင်း ကောလဟာလဖြန့်ရဲမှာလဲ? ကျွန်မရှင့်ကို ကြိုက်တယ်၊ အဲ့တော့ ဘာဖြစ်လဲ? ရှင် ကျွန်မကိုလက်ထပ်ပြီး ကျွန်မတို့မိသားစုထဲဝင်မယ်ဆို ရှင့်ဘဝက အခုထက်ပိုကောင်းမှာ။ ကျောင်းသားတွေ ကျောင်းလခမပေးနိုင်တဲ့အခါကျရင်လည်း ရှင် အများကြီးခက်ခဲနေမှာမဟုတ်တော့ဘူး။"
ဟယ့်ရှောင်ဟွားရဲ့ ကြမ်းတမ်းပြီး တည့်တိုးဆန်လွန်းတဲ့စကားတွေကို ဝမ်ရူဟွားကြားသည်၌ သူက ခက်ထန်စွာဆိုလာ၏။
"ဟယ့်သခင်မလေး၊ ဒီကျောင်းသားက ဒါကိုပဲ တစ်ကြိမ်ထပ်ပြောဦးမှာပါ၊ ကျွန်တော်တို့ အတူရှိဖို့ လုံးဝမဖြစ်နိုင်ဘူး။ လက်လျှော့လိုက်ပါတော့။"
မည်သို့ပင်ဖြစ်စေ၊ ဟယ့်ရှောင်ဟွားမှာ မိန်းမသားတစ်ဦးသာဖြစ်၏။ နဉ်ရှုလို မိန်းကလေးချောချောလေးရဲ့ရှေ့မှာ သူကြိုက်တဲ့ကောင်လေးက ပြတ်ပြတ်သားသားငြင်းတာကိုခံလိုက်ရပြီးနောက်တွင် သူမ ဘာမှမဖြစ်သလို ဆက်မနေနိုင်တော့ပေ။ သူမ ဒေါသထွက်ကာ သိမ်ငယ်သွားရသည်။ သူမက နဉ်ရှုကို 'နင်စောင့်နေစမ်းပါ!'ဟု ခက်ထန်စွာပြောပြီးနောက် မျက်ရည်များကိုသုတ်လျက် ပြေးထွက်သွားတော့၏။
နဉ်ရှုက ဝမ်ရူဟွားကို မျက်ခုံးပင့်ကာပြောသည်။
"အဲ့ကောင်မလေးက တော်တော်လေးချစ်ဖို့ကောင်းတယ်၊ ပြီးတော့ အစ်ကို့ကို တကယ်သဘောကျနေတာ၊ ဒါကို ဘာလို့ ငြင်းဆန်နေရတာလဲ?"
ဟယ့်ရှောင်ဟွားကြိုက်တာခံနေရတာက အလွန်အင်မတန်ပင်အရှက်တကဲွဖြစ်ရသည့်အလား ဝမ်ရူငွား၏မျက်နှာအရောင်မှာ ပို၍ပင်ကြည့်ရဆိုးလာတော့၏။ ဒါက အရှက်ခွဲနေသလို သူခံစားနေရသည်။ အထူးသဖြင့် ဟယ့်ရှောင်ဟွားက ရုပ်ရည်နှင့် ရောင်ဝါလက္ခဏာတို့မှာ ပိုင်ချင်ရှန်းကို မယှဉ်နိုင်သည့်အတွက်ပင်။
လက်ရှိပိုင်ချင်ရှန်းက အတော်လေးလှပတယ်ဆိုတာကိုတော့ ဝမ်ရူဟွားမငြင်းဆန်နိုင်ပေ။ သူမရဲ့မျက်နှာကို ကွယ်ထားသော်လည်း သူမရဲ့ကျက်သရေရှိတဲ့ဟန်ပန်နဲ့ တော်ဝင်ဆန်တဲ့ရောင်ဝါတို့က ဟယ့်ရှောင်ဟွားလို ရိုးရိုအအတောသူမ ယှဉ်နိုင်သည့်မရာများမဟုတ်မပေ။
သူက ဒီအဆင့်ပဲရှိတဲ့ မိန်းမတွေကိုပဲဆွဲဆောင်နိုင်တယ်ဆိုတာ မျှော်လင့်ထားပြီးသားလို့ တွေးနေဟန်မျိုးနဲ့ စောစောက သူမရဲ့လေသံမှာ သူ့တုန့်ပြန်မှုကို အံ့အားသင့်နေမှုတို့ ပါဝင်နေသည်။
"ဒင်၊ စိတ်ဒဏ်ရာမှတ် +10။ လက်ရှိစိတ်ဒဏ်ရာမှတ်က 70ပါ။"
2333က စိတ်လှူပ်ရှားစွာဆိုသည်။
"ကောင်းကောင်းဆက်လုပ်ထား နဥ်ရှု! အထူးတိုက်ခိုက်မှု ထုတ်သုံးပြီး စိတ်ဒဏ်ရာမှတ်100ထိရောက်သွားအောင်လုပ်လိုက်!"
ဘာအထူးတိုက်ခိုက်မှုကို ထုတ်လွှတ်ရမှာ? သူမက ရိုးရိုးမေးခွန်းလေးပဲမေးလိုက်တာပပါ၊ ဘယ်လိုလုပ် ဝမ်ရူဟွားရဲ့ အထိမခံနိုင်တဲ့ဒဏ်ရာတွေထဲက နောက်တစ်နေရာကို သွားထိတာလဲ? သူက ဘာလို့ ဖန်နှလုံးသားလေးရှိနေရတာလဲ?
ဝမ်ရူဟွားက သူ့အင်္ကျီလက်ကို ယမ်းခါကာ အေးစက်စွာနှာမှုတ်၏။
"ငါ ဟယ့်ရှောင်ဟွားနဲ့အတူနေဖို့က လုံးဝမဖြစ်နိုင်ဘူး။ သူ့အစ်ကိုက သူ့အဖေက ရွာလူကြီးဆိုတဲ့အချက်ကို အသုံးချပြီး ရွာထဲမှာ အနိုင်ကျင့်မင်းမူနေတာ။ စောစောက မင်းလည်းတွေ့တာပဲ၊ ဟယ့်ရှောင်ဟွားကလည်း သူ့အစ်ကိုနဲ့ အတူတူပဲ၊ ပြီးတော့ ရက်စက်ပြီးအနိုင်ကျင့်တတ်တယ်။ ငါ့အခြေအနေတွေက ဘယ်လောက်ပဲဆိုးရွားနေပါစေ ဒီလို ရက်စက်ပြီး ယဉ်ကျေးမှုမရှိတဲ့မိန်းကလေးကိုတော့ ငါလက်မထပ်နိုင်ဘူး။"
နဉ်ရှု : …
ဒီလူက သူ့တစ်ဘဝလုံး လူပျိုကြီးပဲ လုပ်သွားသင့်တယ်။ သူက တကယ်အတ္တကြီးလွန်းတယ်။ သူ့လိုစိတ်ထားမျိုးနဲ့ မိန်းမတွေသိပ်မရှိတာမို့ ယောက်ျားတွေနဲ့ မိန်းမတွေကြားက အချိုးအစားက အရမ်းမညီမမျှဖြစ်နေတဲ့ ခေတ်သစ်လူ့အဖွဲ့အစည်းမှာသာ သူရှိနေရင် သူက သေချာပေါက်နာရင်းအအုပ်ခံရမှာပဲ။
ဒါက ဝမ်ရူဟွားက လူ့အဖွဲ့အစည်းမှာ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာကို လုံးဝမသိသလို ခံစားရစေတယ်။ သူက ဟိတ်ဟန်များတဲ့ ငတုံးတစ်ယောက်ပဲ။ ဟယ့်ရှောင်ဟွားရဲ့အစ်ကိုက ဝမ်ရူဟွားကို တော်တော်လေးသဘောမကျတာ အံ့ဩစရာမရှိဘူးပဲ။
နဉ်ရှုက ဘာမှတ်ချမှမချတော့ဘဲ 'ဟားဟား'လို့သာ ရယ်လိုက်လေ၏။ သူမဘေးရှိ ယွဲ့လန်သည်လည်း ရွံရှာနေဟန်ဖြင့် နှုတ်ခမ်းတို့ကို တွန့်ကွေးလို့ထား၏။
နဉ်ရှုက သက်ငယ်မိုးအိမ်ကလေးဆီ ဝမ်ရူဟွားနောက်မှလိုက်လာသည်။ အိမ်ကလေးရဲ့ပတ်ပတ်လည်မှာ ဝါးခြံစည်းရိုးကလေးကာထားပြီး ခြံစည်းရိုးအတွင်းမှာတော့ ဖြစ်သလိုစိုက်ထားသည့် ဟင်းသီးဟင်းရွက်ပင်များရှိနေသည်။ ခြံက အတော်လေးရှုပ်ပွနေကာ ပေါင်းပင်များက နေရာအနှံ့ပေါက်နေ၏။
အိမ်နဲ့သိပ်မဝေးလှသည့်နေရာတွင်တော့ မြစ်တစ်စင်းရှိနေသည်။ ထိုမြစ်မှာ မုန်ယန်မုန့်တစ်ယောက် ဓားအထိုးခံရပြီး နောက်ထပ်ကိုယ်ဝန်ပျက်ကျချိန်၌ ခုန်ဆင်းသွားခဲ့သောမြစ်ဖြစ်ပေ၏။
...
[Zawgyi]
{အထူးတိုက္ခိုက္မႈ ထုတ္လႊတ္!}
နဉ္ရႈက ယြဲ႔လန္ကိုဦးေဆာင္ကာ ရြာထဲဝင္သြားသည္။ ရြာအဝင္ဝမွာ ဝမ္ရူဟြားက အမ်ိဳးသမီးတစ္ေယာက္နဲ႔စကားေျပာေနသည္ကို သူမေတြ့လိုက္ရသည္။ ထိုအမ်ိဳးသမီး၏ ေခါင္းထက္တြင္ ေရႊဆံထိုးတစ္ေခ်ာင္းရိွေနၿပီး သူမရဲ့အၾကၫ့္ေတြက ခိုင္မာအားေကာင္းသည္။ ဝမ္ရူဟြားကိုၾကၫ့္ေနတဲ့ သူမရဲ့မ်က္လံုးေတြက ခ်စ္ျမတ္ႏိုးမႈမ်ားျဖင့္ေတာက္ပေန၏။
.
သို႔ေသာ္လည္း ဝမ္ရူဟြား၏အမူအရာတြင္မူ ရြံရွာစက္ဆုပ္ျခင္းႏွင့္ စိတ္တိုေဒါသထြက္ျခင္းတို႔သာ ရိွေနသည္။ သူက သူ႔ေနာက္ကို ခဏခဏလွၫ့္ၾကၫ့္ေန၏။ နဉ္ရႈကိုျမင္ခ်ိန္၌ သူက ပထမဆံုးအႀကိမ္အျဖစ္ သူမအေပၚတြင္ သေဘာေကာင္းသလိုျပဳမူေလ၏။ သူက ႏူးညံ့စြာေမးသည္။
Advertisement
"ဝမ္းကြဲညီမ၊ ညီမ ဘာလို႔ ဒီေလာက္ေတာင္ၾကာေနရတာလဲ? အစ္ကို ညီမကို ေစာင့္ေနတာ။"
နဉ္ရႈ ဘာမွမေျပာရေသးခင္မွာပင္ ေရႊဆံထိုးဝတ္ဆင္ထားသၫ့္အမ်ိဳးသမီးမွာ ေဒါသထြက္ေနၿပီးျဖစ္သည္။ သူမက နဉ္ရႈကိုလက္ၫွိုးထိုးကာ ဝမ္ရူဟြားကို က်ယ္ေလာင္စြာေမး၏။
"သခင္ေလးဝမ္၊ ဒီမိန္းမက ဘယ္သူလဲ? ရွင္နဲ႔ သူ႔ရဲ့ဆက္ဆံေရးက ဘယ္လိုမ်ိဳးလဲ?"
"သူနဲ႔ ကြၽန္ေတာ့္ဆက္ဆံေရးက ခင္ဗ်ားကိစၥမဟုတ္ပါဘူး ဟယ့္သခင္မေလး။ ေနာက္ပိုင္းမွာ ခင္ဗ်ား ကြၽန္ေတာ့္ကို ထပ္မေနွာင့္ယွက္ဖို႔ ေမ်ွာ္လင့္ပါတယ္။ လူေတြၾကားမွာ ေကာလဟာလေတြပ်ံ့သြားရင္ ခင္ဗ်ားရဲ့ဂုဏ္သတင္း ထိခိုက္လိမ့္မယ္။"
ဟာ့္ေရွာင္ဟြားရဲ့မ်က္ခံုးသြယ္သြယ္ေလးေတြက တြန႔္ခ်ိဳးေနကာ သူမက ခါးေထာက္ကာဆို၏။
"ဟယ့္ရြာက ဘယ္သူက ကြၽန္မအေၾကာင္း ေကာလဟာလျဖန႔္ရဲမွာလဲ? ကြၽန္မရွင့္ကို ႀကိဳက္တယ္၊ အဲ့ေတာ့ ဘာျဖစ္လဲ? ရွင္ ကြၽန္မကိုလက္ထပ္ၿပီး ကြၽန္မတို႔မိသားစုထဲဝင္မယ္ဆို ရွင့္ဘဝက အခုထက္ပိုေကာင္းမွာ။ ေက်ာင္းသားေတြ ေက်ာင္းလခမေပးႏိုင္တဲ့အခါက်ရင္လည္း ရွင္ အမ်ားႀကီးခက္ခဲေနမွာမဟုတ္ေတာ့ဘူး။"
ဟယ့္ေရွာင္ဟြားရဲ့ ၾကမ္းတမ္းၿပီး တၫ့္တိုးဆန္လြန္းတဲ့စကားေတြကို ဝမ္ရူဟြားၾကားသည္၌ သူက ခက္ထန္စြာဆိုလာ၏။
"ဟယ့္သခင္မေလး၊ ဒီေက်ာင္းသားက ဒါကိုပဲ တစ္ႀကိမ္ထပ္ေျပာၪီးမွာပါ၊ ကြၽန္ေတာ္တို႔ အတူရိွဖို႔ လံုးဝမျဖစ္ႏိုင္ဘူး။ လက္ေလ်ွာ့လိုက္ပါေတာ့။"
မည္သို႔ပင္ျဖစ္ေစ၊ ဟယ့္ေရွာင္ဟြားမွာ မိန္းမသားတစ္ဦးသာျဖစ္၏။ နဉ္ရႈလို မိန္းကေလးေခ်ာေခ်ာေလးရဲ့ေရ႔ွမွာ သူႀကိဳက္တဲ့ေကာင္ေလးက ျပတ္ျပတ္သားသားျငင္းတာကိုခံလိုက္ရၿပီးေနာက္တြင္ သူမ ဘာမွမျဖစ္သလို ဆက္မေနႏိုင္ေတာ့ေပ။ သူမ ေဒါသထြက္ကာ သိမ္ငယ္သြားရသည္။ သူမက နဉ္ရႈကို 'နင္ေစာင့္ေနစမ္းပါ!'ဟု ခက္ထန္စြာေျပာၿပီးေနာက္ မ်က္ရည္မ်ားကိုသုတ္လ်က္ ေျပးထြက္သြားေတာ့၏။
နဉ္ရႈက ဝမ္ရူဟြားကို မ်က္ခံုးပင့္ကာေျပာသည္။
"အဲ့ေကာင္မေလးက ေတာ္ေတာ္ေလးခ်စ္ဖို႔ေကာင္းတယ္၊ ၿပီးေတာ့ အစ္ကို႔ကို တကယ္သေဘာက်ေနတာ၊ ဒါကို ဘာလို႔ ျငင္းဆန္ေနရတာလဲ?"
ဟယ့္ေရွာင္ဟြားႀကိဳက္တာခံေနရတာက အလြန္အင္မတန္ပင္အရွက္တကြဲျဖစ္ရသၫ့္အလား ဝမ္ရူငြား၏မ်က္ႏွာအေရာင္မွာ ပို၍ပင္ၾကၫ့္ရဆိုးလာေတာ့၏။ ဒါက အရွက္ခြဲေနသလို သူခံစားေနရသည္။ အထူးသျဖင့္ ဟယ့္ေရွာင္ဟြားက ရုပ္ရည္ႏွင့္ ေရာင္ဝါလကၡဏာတို႔မွာ ပိုင္ခ်င္ရွန္းကို မယွဉ္ႏိုင္သၫ့္အတြက္ပင္။
လက္ရိွပိုင္ခ်င္ရွန္းက အေတာ္ေလးလွပတယ္ဆိုတာကိုေတာ့ ဝမ္ရူဟြားမျငင္းဆန္ႏိုင္ေပ။ သူမရဲ့မ်က္ႏွာကို ကြယ္ထားေသာ္လည္း သူမရဲ့က်က္သေရရိွတဲ့ဟန္ပန္နဲ႔ ေတာ္ဝင္ဆန္တဲ့ေရာင္ဝါတို႔က ဟယ့္ေရွာင္ဟြားလို ရိုးရိုအအေတာသူမ ယွဉ္ႏိုင္သၫ့္မရာမ်ားမဟုတ္မေပ။
သူက ဒီအဆင့္ပဲရိွတဲ့ မိန္းမေတြကိုပဲဆြဲေဆာင္ႏိုင္တယ္ဆိုတာ ေမ်ွာ္လင့္ထားၿပီးသားလို႔ ေတြးေနဟန္မ်ိဳးနဲ႔ ေစာေစာက သူမရဲ့ေလသံမွာ သူ႔တုန႔္ျပန္မႈကို အံ့အားသင့္ေနမႈတို႔ ပါဝင္ေနသည္။
"ဒင္၊ စိတ္ဒဏ္ရာမွတ္ +10။ လက္ရိွစိတ္ဒဏ္ရာမွတ္က 70ပါ။"
2333က စိတ္လႉပ္ရွားစြာဆိုသည္။
"ေကာင္းေကာင္းဆက္လုပ္ထား နဥ္ရႈ! အထူးတိုက္ခိုက္မႈ ထုတ္သံုးၿပီး စိတ္ဒဏ္ရာမွတ္100ထိေရာက္သြားေအာင္လုပ္လိုက္!"
ဘာအထူးတိုက္ခိုက္မႈကို ထုတ္လႊတ္ရမွာ? သူမက ရိုးရိုးေမးခြန္းေလးပဲေမးလိုက္တာပပါ၊ ဘယ္လိုလုပ္ ဝမ္ရူဟြားရဲ့ အထိမခံႏိုင္တဲ့ဒဏ္ရာေတြထဲက ေနာက္တစ္ေနရာကို သြားထိတာလဲ? သူက ဘာလို႔ ဖန္ႏွလံုးသားေလးရိွေနရတာလဲ?
ဝမ္ရူဟြားက သူ႔အက်ႌလက္ကို ယမ္းခါကာ ေအးစက္စြာႏွာမႈတ္၏။
"ငါ ဟယ့္ေရွာင္ဟြားနဲ႔အတူေနဖို႔က လံုးဝမျဖစ္ႏိုင္ဘူး။ သူ႔အစ္ကိုက သူ႔အေဖက ရြာလူႀကီးဆိုတဲ့အခ်က္ကို အသံုးခ်ၿပီး ရြာထဲမွာ အႏိုင္က်င့္မင္းမူေနတာ။ ေစာေစာက မင္းလည္းေတြ့တာပဲ၊ ဟယ့္ေရွာင္ဟြားကလည္း သူ႔အစ္ကိုနဲ႔ အတူတူပဲ၊ ၿပီးေတာ့ ရက္စက္ၿပီးအႏိုင္က်င့္တတ္တယ္။ ငါ့အေျခအေနေတြက ဘယ္ေလာက္ပဲဆိုးရြားေနပါေစ ဒီလို ရက္စက္ၿပီး ယဉ္ေက်းမႈမရိွတဲ့မိန္းကေလးကိုေတာ့ ငါလက္မထပ္ႏိုင္ဘူး။"
နဉ္ရႈ : …
ဒီလူက သူ႔တစ္ဘဝလံုး လူပ်ိဳႀကီးပဲ လုပ္သြားသင့္တယ္။ သူက တကယ္အတၲႀကီးလြန္းတယ္။ သူ႔လိုစိတ္ထားမ်ိဳးနဲ႔ မိန္းမေတြသိပ္မရိွတာမို႔ ေယာက္်ားေတြနဲ႔ မိန္းမေတြၾကားက အခ်ိဳးအစားက အရမ္းမညီမမ်ျွဖစ္ေနတဲ့ ေခတ္သစ္လူ႔အဖြဲ႔အစည္းမွာသာ သူရိွေနရင္ သူက ေသခ်ာေပါက္နာရင္းအအုပ္ခံရမွာပဲ။
ဒါက ဝမ္ရူဟြားက လူ႔အဖြဲ႔အစည္းမွာ ဘယ္လိုျပဳမူေနထိုင္ရမယ္ဆိုတာကို လံုးဝမသိသလို ခံစားရေစတယ္။ သူက ဟိတ္ဟန္မ်ားတဲ့ ငတံုးတစ္ေယာက္ပဲ။ ဟယ့္ေရွာင္ဟြားရဲ့အစ္ကိုက ဝမ္ရူဟြားကို ေတာ္ေတာ္ေလးသေဘာမက်တာ အံ့ဩစရာမရိွဘူးပဲ။
နဉ္ရႈက ဘာမွတ္ခ်မွမခ်ေတာ့ဘဲ 'ဟားဟား'လို႔သာ ရယ္လိုက္ေလ၏။ သူမေဘးရိွ ယြဲ႔လန္သည္လည္း ရြံရွာေနဟန္ျဖင့္ ႏႈတ္ခမ္းတို႔ကို တြန႔္ေကြးလို႔ထား၏။
နဉ္ရႈက သက္ငယ္မိုးအိမ္ကေလးဆီ ဝမ္ရူဟြားေနာက္မွလိုက္လာသည္။ အိမ္ကေလးရဲ့ပတ္ပတ္လည္မွာ ဝါးၿခံစည္းရိုးကေလးကာထားၿပီး ၿခံစည္းရိုးအတြင္းမွာေတာ့ ျဖစ္သလိုစိုက္ထားသၫ့္ ဟင္းသီးဟင္းရြက္ပင္မ်ားရိွေနသည္။ ၿခံက အေတာ္ေလးရႈပ္ပြေနကာ ေပါင္းပင္မ်ားက ေနရာအႏွံ႔ေပါက္ေန၏။
အိမ္နဲ႔သိပ္မေဝးလွသၫ့္ေနရာတြင္ေတာ့ ျမစ္တစ္စင္းရိွေနသည္။ ထိုျမစ္မွာ မုန္ယန္မုန႔္တစ္ေယာက္ ဓားအထိုးခံရၿပီး ေနာက္ထပ္ကိုယ္ဝန္ပ်က္က်ခ်ိန္၌ ခုန္ဆင္းသြားခဲ့ေသာျမစ္ျဖစ္ေပ၏။
...
Advertisement
- In Serial434 Chapters
Dark Moon Era
When a glorious old civilization was toppled overnight, a strange purple moon rose and thus began the Purple Moon Era. Damn it! What kind of ecosystem was this? The evolution was messy. Even rabbit bites and plants were not to be messed with. How can one survive all this? Evolve into a Purple Moon Warrior? What did this have to do with the Purple Moon? What kind of map was this? The Safety Sector? The Floating Domain? The Darkness Port? The Storm Voyage? The True Capital? The Horror Lullaby List? The resurrection of the Underground Tribe and the prospering Underground City? The Chaos Black Market that suffused the world? The Bloody Road? More importantly, one could end up in a bloody slaughter when dreaming and enter the Dream Domain? Fine, this damned era!
8 541 - In Serial24 Chapters
Zeltis
Alexander Kent has many things going for him, but despite all his wonderful qualities, he still finds himself the target of bullies. The harshest of his many critics is the one who worries him the most: his father. A near-tragic accident renders Alex incapacitated. As he hangs on death’s door, he’s visited by the unlikeliest of beings: a demon. Their unfathomable exchange becomes even more troubling when he’s offered a second chance at life… in exchange for use of his body by the devil himself. Alex’s deal with the devil leads him into a hidden supernatural world, rife with mystery, danger, and a convoluted web of the worst the underworld has to offer. Now, he has no memory of his ill-fated deal and is desperate to break free of the hold the Demon King and his minions have on him, but escaping their clutches may prove to be more difficult than any battle he’s ever faced. (Author's note: I've had writers block on this for a while but recently hired a professional editor. I don't think it will be much longer before I have new chapters. A cover is also in discussion. I won't just drop it. Thanks to Papillion for the cover!!!)
8 185 - In Serial11 Chapters
Seedship
When humanity realized it, it was already too late. Earth was doomed but humanity could live on. The Starship Project was born and with it, the future of mankind may be preserved. Ryuzu, an artificial intelligence was placed in command of one of the millions of similar vessels that would each ferry 1100 humans to the 'promise land'. The journey will not be easy and only time will tell what fate awaits her passengers and captain. Story inspired by a free game on the Android Playstore of the same name.
8 214 - In Serial22 Chapters
What He Was (✓)
he was her lover,she was his servant.he was her salvation,she was his puppet.he was her catastropheand she was his provocation.•Please don't read this if you're younger than thirteen. #02 in short story 6/3/17#03 in short story 13/1/17#04 in short story 3/3/17
8 103 - In Serial159 Chapters
Divine Mortality
Divine Mortality is about the experiences of Players stepping into a new massively online world. A video game which was crafted with near-future technical advances, a game that provides seamless virtual reality headset and control support, a game which was hidden until it's surprise hit release shocking the world of boring and mundane MMORPGs played today, and a game that has been described as a miracle creation. Something which is difficult to create in Today's REAL WORLD, yet, it's not impossible with the right conditions and intentions. I try to implement concepts of my dream MMORPG which I believe will work and fulfill a Player's fun, immersion, creativity, and social world. The story in season 1 follows the first person perspective of an enthusiast of the game, Amulet Pond. Season 2 follows a new individual called Sayooshi, written in a more third person perspective (attempted light novel). (Recommended!) Season 1 covers the rough chapters 1-52, Season 2 (chapters 53+) should be better in quality. You can start reading from 53.
8 166 - In Serial38 Chapters
Gon And Killua Fanfic
Ok similar to my last story this is a fanfic about Gon and Killua. I don't feel comfortable writing about them at the age they are now so I'm aging them up so they will be 16. I have cute pictures to go with the story and some of them they don't look 16 or whatever so we're just going to pretend :)
8 157

