《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 74
Advertisement
[Unicode]
{ခက်ခက်ခဲခဲရှာခဲ့ရတာဖြစ်မယ်}
ရထားလုံးက ဖုန်ထူထူလမ်းပေါ်မှာပြေးလွှားနေပြီး မည်သူကမှစကားမပြောချေ။ ပတ်ဝန်းကျင်လေထုအခြေအနေမှာ အနည်းငယ်တင်းမာလာ၏။
ဝမ်ရူဟွားက သူ့ဘေးနားထိုင်နေသည့် လျှို့ဝှက်သက်တော်စောင့်ကိုကြည့်သည်။ လျှို့ဝှပ်သက်တော်စောင့်ရဲ့အကြည့်က ခံစားချက်ကင်းမဲ့ကာ အေးစက်နေပြီး သူ့ခန္ဓာကိုယ်ကတော့ ပြင်းထန်လွန်းသည့် လူသတ်ငွေ့ကို ထုတ်လွှတ်နေ၏။ သူက အရမ်းသန်မာပြီး သိုင်းပညာထူးချွန်တယ်ဆိုတာ သိသာနေသည်။
ပိုင်ချင်ရှန်းက တကယ်ကိုပဲ သူနဲ့တူညီတဲ့ကမ္ဘာမှာမဟုတ်တော့ပေ။ သူမ အပြင်သွားတဲ့အခါတိုင်း သက်တော်စောင့်တစ်ယောက်နဲ့ အစေခံတစ်ယောက်ပါသည်။ အခု သူမနေထိုင်နေတဲ့ပုံစံက တကယ်ကိုချမ်းသာတဲ့မမလေးတစ်ယောက်လိုပင်။
ရထားလုံးထဲမှာတော့ နဉ်ရှုနဲ့ယွဲ့လန်မှာ အိပ်ပျော်နေကြပြီဖြစ်၏။ သို့သော်လည်း ဒါက သူမတို့ကိုအပြစ်တင်လို့မရပေ။ တလှုပ်လှုပ်ဖြစ်နေတဲ့ရထားလုံးကြောင့် အိပ်ချင်လာမှုကို ဖယ်ထုတ်ရန်ခက်လှ၏။
နဉ်ရှုက အိပ်ပျော်နေရာမှနိုးလာပြီး လိုက်ကာစကိုမကာ ဝမ်ရူဟွားကိုမေး၏။
"အစ်ကို့ရွာက ဘယ်လောက်တောင်ဝေးသေးတာလဲ? ဆေးပင်ခူးဖို့ကို ဘာလို့ အဝေးကြီးပြေးလာရတာလဲ? ဒါဆို အစ်ကိုက ပြေးတဲ့နေရာမှာ အတော်လေးတော်တာပေါ့နော်?"
နဉ်ရှုပြောတာကိုကြားလိုက်ရတဲ့အခါ ဝမ်ရူဟွားရဲ့မျက်နှာက နီရဲသွားပြီးမှ ဖြူရော်သွား၏။ သူက အေးစက်စွာဆိုသည်။
"ငါ ဘယ်နေရာမှာဆေးပင်ခူးတယ်ဆိုတာ မင်းနဲ့ဘာဆိုင်လဲ?"
နဉ်ရှုက ဆံပင်တွေကိုသပ်တင်လိုက်ရင်း ပေါ့ပါးစွာပင်မှတ်ချက်ချသည်။
"အစ်ကို ရွာနားကဆေးပင်တွေအကုန်ခူးပြီးလို့ ဒီလောက်အဝေးကြီးကိုပြေးလာရတာ၊ ဟုတ်တယ်မလား? ဝမ်းကွဲအစ်ကို၊ အစ်ကို ညီမကိုထားခဲ့ရင် အစ်ကို့မှာ ပိုကောင်းတဲ့အခွင့်အရေးတွေရှိလာလိမ့်မယ်လို့ ညီမထင်ထားတာ၊ အစ်ကို့အခြေအနေက အရမ်းဆိုးရွားနေလိမ့်မယ်လို့ တစ်ခါမှမတွေးမိခဲ့ဘူး။"
ဝမ်ရူဟွားရဲ့မျက်နှာထက်မှာ ခံစားချက်ပေါင်းစုံဖြတ်ပြေးသွား၏။ သူ့မှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူရပင်ခက်လာသည်။
"ဒင်၊ စိတ်ဒဏ်ရာမှတ် +10။ လက်ရှိစိတ်ဒဏ်ရာမှတ်စုစုပေါင်းက 60ပါ။"
နဉ်ရှု : ဖက်ခ်၊ ဒီအချစ်အမုန်းရောနေတဲ့ခံစားချက်ကြီးကို ငါသဘောကျတယ်။
သူမက နှုတ်ခမ်းတွေကို ရွံရှာဟန်ဖြင့်တွန့်ကွေးလိုက်ပြီး သူမ သူ့ကိုစကားမပြောချက်တော့ပါဆိုသည်ကို သိသာစွာညွှန်ပြသည့်အနေဖြင့် လိုက်ကာစကိုချလိုက်၏။ ရထားလုံးထဲမှာပင် ဝမ်ရူဟွားရဲ့ ဒေါသတကြီးအသက်ရှူနေသံကို သူမကြားနေရသည်။
"ရထားလုံးကို ရပ်ပေး၊ ငါဆင်းချင်တယ်! ပိုင်ချင်ရှန်း၊ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ? ငါ့ကိုအရှက်ခွဲဖို့ မင်း ဒီကို တမင်လာတာလား?"
ဝမ်ရူဟွားက နဉ်ရှုကိုအော်သည်။
နဥ်ရှုက နူးညံ့စွာပင်ပြန်ဖြေသည်။
"ဝမ်းကွဲအစ်ကို၊ ချင်ရှန်းက အစ်ကို့ဆီမှာခိုလှုံဖို့လာခဲ့တာပါ။ အခု ချင်ရှန်းမှာ သွားစရာနေရာမရှိလို့ ဝမ်းကွဲအစ်ကိုကိုပဲ အကူအညီတောင်းနိုင်ပါတယ်။"
ဝမ်ရူဟွား ဒေါသထွက်သွားသည်။
"ဒါက မင်းအကူအညီတောင်းတဲ့ပုံစံလား? ပိုင်ချင်ရှန်း၊ ငါမင်းကိုပြောလိုက်မယ်၊ ငါမင်းအပေါ် ဘာတစ်ခုမှအကြွေးတင်မနေဘူး! ငါ့ရှေ့မှာပေါ်လာတာ မင်းမရှက်ဘူးလား?"
"ဝမ်းကွဲအစ်ကို၊ ချင်ရှန်း အစ်ကို့ကို တောင်းပန်ပြီးပြီမဟုတ်လား? အရင်က ချင်ရှန်း အစ်ကို့အပေါ်မှားခဲ့တယ်၊ အခု ချင်ရှန်း နားလည်သွားပါပြီ။ ချင်ရှန်းကြောင့် ဝမ်းကွဲအစ်ကိုက နန်းတွင်းစာမေးပွဲဝင်မဖြေခဲ့ဘူး။ ချင်ရှန်း အရမ်းစိတ်လှုပ်ရှားရပြီး တကယ်ကို အပြစ်မကင်းသလိုခံစားရပါတယ်။ ဒါကြောင့်မို့လည်း ဝမ်းကွဲအစ်ကိုကို စာပြန်လေ့လာပြီး နန်းတွင်းစာမေးပွဲဝင်ဖြေဖို့တိုက်တွန်းဖို့ ချင်ရှန်းပြန်လာခဲ့တာပါ။"
နဉ်ရှုက ကြုံသလိုပင်ပြန်ဖြေသည်။
ဝမ်ရူဟွားရဲ့မျက်လုံးတွေက ပြူးထွက်လာသည်။ ဒီမိန်းမက ဒီလိုစကားမျိုးကို ဘယ်လိုလုပ် အရှက်မရှိပြောရဲရတာလဲ?
ထိုစဉ်တုန်းက သူမက ဆုံးဖြတ်ပြီးတော့ လုံးဝနောက်ပြန်လှည့်မကြည့်ဘဲထွက်သွားခဲ့ပေမယ့် အခုကျ သူမက သူစာလေ့လာတဲ့နေရာမှာ အဖော်လုပ်ပေးချင်တယ်လို့ပြောပြီး ပြန်လာခဲ့သည်။ ဝမ်ရူဟွားမှာ ဒေါသထွက်လွန်း၍ သွေးများပင်ပွက်ပွက်ဆူနေပြီဖြစ်၏။ ဒီမိန်းမက ဘယ်လိုလုပ် အရမ်းစက်ဆုပ်ဖို့ကောင်းလာရတာလဲ? အရှက်မရှိလိုက်တာ။ သူမက လိပ်ပြာမသန့်တာတွေ၊ ရှက်ရွံ့တာတွေကို လုံးဝမခံစားရတာဖြစ်နိုင်လား?
ဝမ်ရူဟွားမှာ ရထားလုံးပေါ်မှဆင်းချင်ပါသော်လည်း လျှို့ဝှက်သက်တော်စောင့်က ရပ်မပေးချေ။ သူ့မှာ ရထားလုံးပေါ်ကခုန်ချဖို့သတ္တိမရှိရကား ရွေးချယ်စရာမရှိတော့ဘဲ ရွာရောက်သည်အထိ ဖြူစုတ်နေသည့်မျက်နှာဖြင့်သာ ဆက်ထိုင်နေရတော့သည်။
နဉ်ရှုက အိမ်တွေရဲ့မီးခိုးခေါင်းတိုင်တွေကနေထွက်နေတဲ့ မီးခိုးငွေ့တွေကိုကြည့်လိုက်ပြီး ဝမ်ရူဟွားကိုမေးသည်။
"ဒီလိုဝေးလံပြီး သီးသန့်ဆန်တဲ့ရွာကို အစ်ကို ဘယ်လိုလုပ်ရှာတွေ့တာလဲ? ခက်ခက်ခဲခဲရှာထားရတာဖြစ်မယ်။"
ဝမ်ရူဟွားက ပြန်မဖြေဘဲ ရွာထဲကိုသာလျှောက်သွားလေ၏။ နဉ်ရှုက လျှို့ဝှက်သက်တော်စောင့်နဲ့ ယွဲ့လန်ကိုပြောသည်။
"ငါတို့လည်း ဝင်ကြမယ်။ နားစရာနေရာရှာရအောင်။"
လျှိူ့ဝှက်သက်တော်စောင့်က နဉ်ရှုကိုကြည့်ကာဆိုသည်။
"ကျုပ် ဒီမှာပဲနေပြီး ရထားလုံးကိုစောင့်ပေးပါ့မယ် သခင်မလေး။ အချိန်တန်ရင် ကျုပ်ဆီ စားစရာပို့ပေးဖို့ ယွဲ့လန်ကိုလွှတ်လိုက်လို့ရပါတယ်။"
ဒါလည်း အလုပ်ဖြစ်သားပဲ။ ပြီးတော့ လျှို့ဝှက်သက်တော်စောင့်သာ ရွာထဲကို ဒီအတိုင်းကြီးဝင်သွားရင် ရွာထဲကလူတွေကို လန့်သွားစေနိုင်တယ်။
"ကောင်းပြီလေ၊ ဒါဆိုလည်း ငါတို့ရဲ့ရထားလုံးကို ကောင်းကောင်းဂရုစိုက်ထားပါ။ နောက်ပိုင်းမှာလည်း ငါတို့ ဒါကိုလိုနေသေးတယ်။"
...
[Zawgyi]
{ခက္ခက္ခဲခဲရွာခဲ့ရတာျဖစ္မယ္}
ရထားလံုးက ဖုန္ထူထူလမ္းေပၚမွာေျပးလႊားေနၿပီး မည္သူကမွစကားမေျပာေခ်။ ပတ္ဝန္းက်င္ေလထုအေျခအေနမွာ အနည္းငယ္တင္းမာလာ၏။
ဝမ္ရူဟြားက သူ႔ေဘးနားထိုင္ေနသၫ့္ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္ကိုၾကၫ့္သည္။ လ်ိႈ႔ဝွပ္သက္ေတာ္ေစာင့္ရဲ့အၾကၫ့္က ခံစားခ်က္ကင္းမဲ့ကာ ေအးစက္ေနၿပီး သူ႔ခႏၶာကိုယ္ကေတာ့ ျပင္းထန္လြန္းသၫ့္ လူသတ္ေငြ့ကို ထုတ္လႊတ္ေန၏။ သူက အရမ္းသန္မာၿပီး သိုင္းပညာထူးခြၽန္တယ္ဆိုတာ သိသာေနသည္။
ပိုင္ခ်င္ရွန္းက တကယ္ကိုပဲ သူနဲ႔တူညီတဲ့ကမ႓ာမွာမဟုတ္ေတာ့ေပ။ သူမ အျပင္သြားတဲ့အခါတိုင္း သက္ေတာ္ေစာင့္တစ္ေယာက္နဲ႔ အေစခံတစ္ေယာက္ပါသည္။ အခု သူမေနထိုင္ေနတဲ့ပံုစံက တကယ္ကိုခ်မ္းသာတဲ့မမေလးတစ္ေယာက္လိုပင္။
ရထားလံုးထဲမွာေတာ့ နဉ္ရႈနဲ႔ယြဲ႔လန္မွာ အိပ္ေပ်ာ္ေနၾကၿပီျဖစ္၏။ သို႔ေသာ္လည္း ဒါက သူမတို႔ကိုအျပစ္တင္လို႔မရေပ။ တလႈပ္လႈပ္ျဖစ္ေနတဲ့ရထားလံုးေၾကာင့္ အိပ္ခ်င္လာမႈကို ဖယ္ထုတ္ရန္ခက္လွ၏။
နဉ္ရႈက အိပ္ေပ်ာ္ေနရာမွႏိုးလာၿပီး လိုက္ကာစကိုမကာ ဝမ္ရူဟြားကိုေမး၏။
"အစ္ကို႔ရြာက ဘယ္ေလာက္ေတာင္ေဝးေသးတာလဲ? ေဆးပင္ခူးဖို႔ကို ဘာလို႔ အေဝးႀကီးေျပးလာရတာလဲ? ဒါဆို အစ္ကိုက ေျပးတဲ့ေနရာမွာ အေတာ္ေလးေတာ္တာေပါ့ေနာ္?"
နဉ္ရႈေျပာတာကိုၾကားလိုက္ရတဲ့အခါ ဝမ္ရူဟြားရဲ့မ်က္ႏွာက နီရဲသြားၿပီးမွ ျဖဴေရာ္သြား၏။ သူက ေအးစက္စြာဆိုသည္။
Advertisement
"ငါ ဘယ္ေနရာမွာေဆးပင္ခူးတယ္ဆိုတာ မင္းနဲ႔ဘာဆိုင္လဲ?"
နဉ္ရႈက ဆံပင္ေတြကိုသပ္တင္လိုက္ရင္း ေပါ့ပါးစြာပင္မွတ္ခ်က္ခ်သည္။
"အစ္ကို ရြာနားကေဆးပင္ေတြအကုန္ခူးၿပီးလို႔ ဒီေလာက္အေဝးႀကီးကိုေျပးလာရတာ၊ ဟုတ္တယ္မလား? ဝမ္းကြဲအစ္ကို၊ အစ္ကို ညီမကိုထားခဲ့ရင္ အစ္ကို႔မွာ ပိုေကာင္းတဲ့အခြင့္အေရးေတြရိွလာလိမ့္မယ္လို႔ ညီမထင္ထားတာ၊ အစ္ကို႔အေျခအေနက အရမ္းဆိုးရြားေနလိမ့္မယ္လို႔ တစ္ခါမွမေတြးမိခဲ့ဘူး။"
ဝမ္ရူဟြားရဲ့မ်က္ႏွာထက္မွာ ခံစားခ်က္ေပါင္းစံုျဖတ္ေျပးသြား၏။ သူ႔မွာ ေဒါသထြက္လြန္းသျဖင့္ အသက္ရႉရပင္ခက္လာသည္။
"ဒင္၊ စိတ္ဒဏ္ရာမွတ္ +10။ လက္ရိွစိတ္ဒဏ္ရာမွတ္စုစုေပါင္းက 60ပါ။"
နဉ္ရႈ : ဖက္ခ္၊ ဒီအခ်စ္အမုန္းေရာေနတဲ့ခံစားခ်က္ႀကီးကို ငါသေဘာက်တယ္။
သူမက ႏႈတ္ခမ္းေတြကို ရြံရွာဟန္ျဖင့္တြန႔္ေကြးလိုက္ၿပီး သူမ သူ႔ကိုစကားမေျပာခ်က္ေတာ့ပါဆိုသည္ကို သိသာစြာၫႊန္ျပသၫ့္အေနျဖင့္ လိုက္ကာစကိုခ်လိုက္၏။ ရထားလံုးထဲမွာပင္ ဝမ္ရူဟြားရဲ့ ေဒါသတႀကီးအသက္ရႉေနသံကို သူမၾကားေနရသည္။
"ရထားလံုးကို ရပ္ေပး၊ ငါဆင္းခ်င္တယ္! ပိုင္ခ်င္ရွန္း၊ မင္းဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ? ငါ့ကိုအရွက္ခြဲဖို႔ မင္း ဒီကို တမင္လာတာလား?"
ဝမ္ရူဟြားက နဉ္ရႈကိုေအာ္သည္။
နဥ္ရႈက ႏူးညံ့စြာပင္ျပန္ေျဖသည္။
"ဝမ္းကြဲအစ္ကို၊ ခ်င္ရွန္းက အစ္ကို႔ဆီမွာခိုလႈံဖို႔လာခဲ့တာပါ။ အခု ခ်င္ရွန္းမွာ သြားစရာေနရာမရိွလို႔ ဝမ္းကြဲအစ္ကိုကိုပဲ အကူအညီေတာင္းႏိုင္ပါတယ္။"
ဝမ္ရူဟြား ေဒါသထြက္သြားသည္။
"ဒါက မင္းအကူအညီေတာင္းတဲ့ပံုစံလား? ပိုင္ခ်င္ရွန္း၊ ငါမင္းကိုေျပာလိုက္မယ္၊ ငါမင္းအေပၚ ဘာတစ္ခုမွအေႂကြးတင္မေနဘူး! ငါ့ေရ႔ွမွာေပၚလာတာ မင္းမရွက္ဘူးလား?"
"ဝမ္းကြဲအစ္ကို၊ ခ်င္ရွန္း အစ္ကို႔ကို ေတာင္းပန္ၿပီးၿပီမဟုတ္လား? အရင္က ခ်င္ရွန္း အစ္ကို႔အေပၚမွားခဲ့တယ္၊ အခု ခ်င္ရွန္း နားလည္သြားပါၿပီ။ ခ်င္ရွန္းေၾကာင့္ ဝမ္းကြဲအစ္ကိုက နန္းတြင္းစာေမးပြဲဝင္မေျဖခဲ့ဘူး။ ခ်င္ရွန္း အရမ္းစိတ္လႈပ္ရွားရၿပီး တကယ္ကို အျပစ္မကင္းသလိုခံစားရပါတယ္။ ဒါေၾကာင့္မို႔လည္း ဝမ္းကြဲအစ္ကိုကို စာျပန္ေလ့လာၿပီး နန္းတြင္းစာေမးပြဲဝင္ေျဖဖို႔တိုက္တြန္းဖို႔ ခ်င္ရွန္းျပန္လာခဲ့တာပါ။"
နဉ္ရႈက ႀကံဳသလိုပင္ျပန္ေျဖသည္။
ဝမ္ရူဟြားရဲ့မ်က္လံုးေတြက ျပဴးထြက္လာသည္။ ဒီမိန္းမက ဒီလိုစကားမ်ိဳးကို ဘယ္လိုလုပ္ အရွက္မရိွေျပာရဲရတာလဲ?
ထိုစဉ္တုန္းက သူမက ဆံုးျဖတ္ၿပီးေတာ့ လံုးဝေနာက္ျပန္လွၫ့္မၾကၫ့္ဘဲထြက္သြားခဲ့ေပမယ့္ အခုက် သူမက သူစာေလ့လာတဲ့ေနရာမွာ အေဖာ္လုပ္ေပးခ်င္တယ္လို႔ေျပာၿပီး ျပန္လာခဲ့သည္။ ဝမ္ရူဟြားမွာ ေဒါသထြက္လြန္း၍ ေသြးမ်ားပင္ပြက္ပြက္ဆူေနၿပီျဖစ္၏။ ဒီမိန္းမက ဘယ္လိုလုပ္ အရမ္းစက္ဆုပ္ဖို႔ေကာင္းလာရတာလဲ? အရွက္မရိွလိုက္တာ။ သူမက လိပ္ျပာမသန႔္တာေတြ၊ ရွက္ရြံ႔တာေတြကို လံုးဝမခံစားရတာျဖစ္ႏိုင္လား?
ဝမ္ရူဟြားမွာ ရထားလံုးေပၚမွဆင္းခ်င္ပါေသာ္လည္း လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္က ရပ္မေပးေခ်။ သူ႔မွာ ရထားလံုးေပၚကခုန္ခ်ဖို႔သတၲိမရိွရကား ေရြးခ်ယ္စရာမရိွေတာ့ဘဲ ရြာေရာက္သည္အထိ ျဖဴစုတ္ေနသၫ့္မ်က္ႏွာျဖင့္သာ ဆက္ထိုင္ေနရေတာ့သည္။
နဉ္ရႈက အိမ္ေတြရဲ့မီးခိုးေခါင္းတိုင္ေတြကေနထြက္ေနတဲ့ မီးခိုးေငြ့ေတြကိုၾကၫ့္လိုက္ၿပီး ဝမ္ရူဟြားကိုေမးသည္။
"ဒီလိုေဝးလံၿပီး သီးသန႔္ဆန္တဲ့ရြာကို အစ္ကို ဘယ္လိုလုပ္ရွာေတြ့တာလဲ? ခက္ခက္ခဲခဲရွာထားရတာျဖစ္မယ္။"
ဝမ္ရူဟြားက ျပန္မေျဖဘဲ ရြာထဲကိုသာေလ်ွာက္သြားေလ၏။ နဉ္ရႈက လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္နဲ႔ ယြဲ႔လန္ကိုေျပာသည္။
"ငါတို႔လည္း ဝင္ၾကမယ္။ နားစရာေနရာရွာရေအာင္။"
လ်ိွူ႔ဝွက္သက္ေတာ္ေစာင့္က နဉ္ရႈကိုၾကၫ့္ကာဆိုသည္။
"က်ဳပ္ ဒီမွာပဲေနၿပီး ရထားလံုးကိုေစာင့္ေပးပါ့မယ္ သခင္မေလး။ အခ်ိန္တန္ရင္ က်ဳပ္ဆီ စားစရာပို႔ေပးဖို႔ ယြဲ႔လန္ကိုလႊတ္လိုက္လို႔ရပါတယ္။"
ဒါလည္း အလုပ္ျဖစ္သားပဲ။ ၿပီးေတာ့ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္သာ ရြာထဲကို ဒီအတိုင္းႀကီးဝင္သြားရင္ ရြာထဲကလူေတြကို လန႔္သြားေစႏိုင္တယ္။
"ေကာင္းၿပီေလ၊ ဒါဆိုလည္း ငါတို႔ရဲ့ရထားလံုးကို ေကာင္းေကာင္းဂရုစိုက္ထားပါ။ ေနာက္ပိုင္းမွာလည္း ငါတို႔ ဒါကိုလိုေနေသးတယ္။"
...
Advertisement
- In Serial7 Chapters
A Loner's Calling
Additional Tags: Weak to OP, Ruthless Male Lead Ren, a high school student, was summoned along with his classmates to another world. Their job was to unite the 10 continents warring with each other. Unlike wars among countries, wars across continents were in a whole other league. Death was always nearby, creeping near to take away your life. Luckily, they were given abilities by the God in order to cope with their lack of experience, as well as a one month protection inside the heavenly dome for training, preventing their death. But Ren however, was given something else entirely. “[Loner] title activated, declining invitation to heavenly dome. Remaining in current world…” _____________________________________________________________________ A/N: Ok, so for those wondering about my other fiction, it's still alive. I plan on continuing it, and I plan on posting the next chapter for it about on or after Christmas. The reason for it was because all of my plans, layout, even outline, as well as some chapters I was suppose to release were deleted thanks to a mishap by my classmate. That really triggered me so I got unmotivated, but I plan on continuing it so don't worry. Also, I plan on writing this new series, much more because there is no more classes (CHRISTMAS BREAK HERE I COME!!!), sadly, I still have to take a removal exam because I failed one of my subjects (NOOOOOOOOOOOOOOOOOOOOOOO!!!!!) Well anyway, that's enough for me, enjoy!
8 195 - In Serial17 Chapters
Jade Immortal
(Experimental story)Six people stood in line for reincarnation and went to the same world. One person broke the rule of Six and followed them to the xianxia world they selected. Tricking a mortal bent on vengeance, an evil jade spirit was freed. It has a body at last and will do all it can to protect its freedom.
8 163 - In Serial48 Chapters
Haikyuu!!: She's Your Sister!?
With a new team and a new coach, Karasuno is on their way to becoming a strong team. Golden Week has begun, and Ukai decided to bring in some back-up. Who might they be? Why, it's none other than Hinata's older sister, who just returned after graduating high school in America. Follow Karasuno, as they embark on their further journeys with her, as she herself experiences new friends, love, and the bonds they will share as a team.
8 222 - In Serial32 Chapters
Beautiful (Matt Tuck) (BFMV)
Angie is a beautiful 25 year old singer for a band called "Silent Moment" along side her are her band mates Paige Adams (guitarist, backup vocals), Matthew James (vocals, rhythm guitar), Sagen Moore (bassist, backup vocals), Daniel Smith (drummer), and Alexan Maiden (pianist). The band Silent Moment is as big as Slipknot, Metallica, and Slayer combined (imaginations)
8 253 - In Serial59 Chapters
Who Made This Groupchat? » skz
When the school's most popular boy, Bang Chan, attempts to unite his friends through a groupchat... well, shit goes down. - a Stray Kids fanfiction - texting - highschool AU- completed
8 114 - In Serial65 Chapters
The black phone ~imagines~
Check out my other book the black phone before you read thisI'll take requests on what characters you would like and what kind of stories
8 471

