《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 71
Advertisement
[Unicode]
{ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံးလူ}
ဝမ်ရူဟွား ဒေါသတကြီးဖြင့် ခြေလှမ်းတို့ကို အရှိန်မြှင့်လိုက်သည်။ သို့သော်လည်း လူရဲ့ခြေထောက်က မြင်းရဲ့ေြခထောက်ကို ကျော်နိုင်စရာအကြောင်းမရှိပေ။ ဝမ်ရူဟွားရဲ့ တတိယခြေထောက်လေးကိုပေါင်းထည့်မည်ဆိုလျှင်တောင် အသုံးမဝင်ပါချေ။
ရထားလုံးက သူ့နောက်ကိုလိုက်နေတာနဲ့ပတ်သက်ပြီး သူဘာမှမလုပ်နိုင်တဲ့အတွက် အဆုံးမှာ သူ သူတို့ကို လျစ်လျူရှုရန်ဆုံးဖြတ်လိုက်သည်။
ယွဲ့လန်က လိုက်ကာစကိုမကာ ဝမ်ရူဟွားကိုကြည့်လိုက်ပြီးနောက် နဉ်ရှုကိုမေးသည်။
"အဲ့လူရဲ့ဦးနှောက်က တစ်ခုခုဖြစ်နေတာလား မမလေး?"
"မဖြစ်ပါဘူး၊ သူက ဝမ်းနည်းမှုတွေထဲနစ်မြုပ်နေပြီး သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံးလူလို့ ထင်နေရုံလေးပါ။"
နဉ်ရှုက ညင်သာစွာပင်ပြန်ဖြေသည်။ သူက မထိုက်တန်တဲ့မိန်းမတစ်ယောက်အတွက်နဲ့ သူ့ရဲ့အနာဂတ်ကို လွှင့်ပစ်လိုက်တာ။
မဟုတ်ဘူး၊ သူက သူ့တစ်ဘဝလုံးကို စွန့်ပစ်လိုက်တာလို့ ပြောသင့်တယ်။ သူက သူ့ရဲ့အိုမင်းနေပြီဖြစ်တဲ့မိဘတွေရဲ့ကံကြမ္ာကို နည်းနည်းလေးတောင်အလေးမထား၊ ဂရုမစိုက်တော့ဘဲ အိမ်ကထွက်လာခဲ့ပြီး ဒီဝေးလံခေါင်သီတဲ့ရွာလေးမှာ စာလာသင်ပေးနေတာလေ။ စိတ်အားထက်သန်မှုမရှိတဲ့ သူ့အကျင့်စရိုက်နဲ့ဆို သူ့တပည့်တွေက ဘယ်လိုပုံစံတွေများထွက်လာမှာပါလိမ့်?
ဇာတ်ကြောင်းမှာတော့ မုယန်မုန့်က လီယုဖေးလွှတ်လိုက်တဲ့ လူသတ်သမားတွေလက်က လွတ်နိုင်ဖို့ကြိုးစားရင်း တောင်စောင်းပေါ်ကပြုတ်ကျသွားပြီး ဆေးပင်လာခူးတဲ့ ဝမ်ရူဟွားကယ်တာကိုခံလိုက်ရသည်။ သူမ အသက်ရှင်ခဲ့ပေမယ့် သူမရဲ့ရုပ်က ပျက်စီးနေပြီး ခန္ဓာကိုယ်မှာလည်း နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ပြည့်နေတာမို့ သူမရဲ့သွင်ပြင်က ကြောက်စရာကောင်းနေတော့သည်။
ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးက အခုတော့ ရုပ်ဆိုးဆိုး မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သွားခဲ့ချေ၏။ မုယန်မုန့်က သူမရဲ့ရုပ်ရည်ကိုဖုံးကွယ်ထားဖို့အတွက် ရွေးစရာမရှိတော့ဘဲ ဇာပဝါကို နေ့တိုင်းဝတ်ဆင်ထားရတော့သည်။
မုယန်မုန့်ရဲ့နှလုံးသားက အဖြစ်အပျက်တွေအားလုံးကြောင့် ထုံကျင်လို့နေပြီဖြစ်တာမို့ သူမက ရုပ်ရည်ပျက်စီးသွားတာကို ဂရုမစိုက်ချေ။ သူမရဲ့ရုပ်ရည်က အရာအားလုံးကိုဖြစ်စေခဲ့တာလို့ပင် သူမကတစ်ခါတစ်လေတွေးမိသေးသည်။
မုယန်မုန့်နေပြန်ကောင်းလာတဲ့အခါ ဝမ်ကူဟွားက သူမကိုမောင်းမထုတ်ခဲ့တာမို့ သူတို့နှစ်ယောက်က အတူတူစနေကြတော့သည်။
သူတို့ရဲ့ဆက်ဆံရေးက အေးချမ်းကာတည်ငြိမ်သည်။ မုယန်မုန့်က သူမကိုကယ်တင်ခဲ့တဲ့အတွက် ဝမ်ရူဟွားကို ကျေးဇူးတင်နေတာမို့ အဝတ်လျှော်၊ ထင်းခွဲ၊ ချက်ပြုတ် စတဲ့အိမ်အလုပ်တွေကို ကူညီလုပ်ကိုင်ပေးသည်။
မုယန်မုန့်က ကျောင်းဆီကို စားစရာတွေမကြာခဏယူလာပေးပေမယ့် ဝန်ကူဟွားရဲ့ကျောင်းသားတွေက သူမကိုလှောင်ပြောင်ကာ ရုပ်ဆိုးမဟုခေါ်ကြသည်။ အတင့်ရဲကာအေဆာ့သန်သည့်ကလေးတစ်ချို့ဆိုလျှင် သူမကို ကျောက်တုံးများနှင့်ပင်ပေါက်ကြသေး၏။
မုယန်မုန့်က သူ့ကို ကျောင်းသားတွေရှေ့မှာ မျက်နှာပျက်ရအောင်လုပ်နေတယ်လို့ ဝမ်ရူဟွား တွေးလိုက်မိတာကြောင့် ကျောင်းကို ဘယ်တော့မှထပ်မလာဖို့၊ မဟုတ်လျှင်တော့ သူ သူမကိုမောင်းထုတ်မည်ဟု မုယန်မုန့်ကိုပြောခဲ့သည်။
မုယန်မုန့် နာကျင်သွားရသည်။ သူမ အခုရရှိလိုက်တဲ့ ခွဲခြားဆက်ဆံမှုက သူမကို အကြီးအကျယ်အံ့အားသင့်သွားစေ၏။
သူမရဲ့ရုပ်က ပျက်စီးသွားသော်လည်း သူမရဲ့မျက်လုံးတွေကတော့ ကြာ်လင်တောက်ပကာ စိတ်နှလုံးကို ညှို့ငင်နိုင်စွမ်းရှိနေသေးဆဲဖြစ်၏။ တစ်ယောက်ယောက်က အဲ့မျက်လုံးတွေကိုစိုက်ကြည့်မိလိုက်ချိန်တိုင်း သူတို့ရဲ့စိတ်ဝိဉာဉ်က အလှတရားကြောင့်တုန်လှုပ်သွားပေလိမ့်မည်။
သူမရဲ့မျက်လုံးတွေကြောင့် ရွာလူကြီးရဲ့သားက သူမကို သဘောကျလာခဲ့သည်။ အနှီအာဏာအားကိုးနဲ့ဆိုးသွမ်းနေတဲ့သူက သိပ်ချေးမများဘဲ သူမက ရုပ်ရည်ပျက်စီးနေပေမယ့် သူမရဲ့မျက်လုံးတွေကတော့ အတော်လေးလှတယ်လို့ပြောခဲ့သည်။ နောက်ပြီး အမျိုးသမီးတွေဆိုတာက မီးတွေမှိတ်ပြီး စောင်ကိုလှပ်လိုက်သည်နှင့် အရာအားလုံးက အတူတူသာဖြစ်သည်လေ။
ဒါကို ဝမ်ရူဟွားကြားတဲ့အခါ သူက ဒီလိုရုပ်ဆိုးဆိုးပုံစံနဲ့တောင် လျှောက်ပတ်သွားနေပြီး ယောက်ျားတွေကို ဆက်လက်ဖျားယောင်းနေတဲ့အတွက် မုယန်မုန့်ကို အေးစက်စွာလှောင်ပြောင်သည်။ မိန်းမတွေအားလုံးက အာဏာရှိတဲ့လူတွေကို ဖျားယောင်းကြတယ်လို့ပင် သူထင်လာသည်။
ရွာလူကြီးရဲ့သားက ရွာမှာ အာဏာရှိတဲ့လူလို့ သတ်မှတ်ထားလို့ရသည်။ ဒါက ဝမ်ရူဟွားကို ချမ်းသာတဲ့မိသားစုရဲ့သခင်မကြီးဖြစ်လာစေဖို့ သူ့ကိုသစ္စာဖောက်သွားတဲ့ သူ့ညီမဝမ်းကွဲအားသတိရသွားစေသည်။ သူ ဒေါသထွက်သွားသည်။ ဘာလို့ မိန်းမတွေအားလုံးက ကျေးဇူးမသိတတ်တဲ့အပြင် အကြင်နာတရားပါမရှိရတာလဲ?
ဝမ်ရူဟွားက ရွာလူကြီးရဲ့သားနဲ့ ဆက်ဆံရေးအဆင်မပြေပေ။ သူသာ ဒီရွာမှာရှိတဲ့ တစ်ယောက်တည်းသောဆရာမဟုတ်လျှင် ရွာလူကြီးက သူ့ကိုရှင်းထုတ်ပစ်လောက်ပေပြီ။
ဝမ်ရူဟွားက ဩဇာအာဏာရှိတဲ့လူတိုင်းကို မုန်းတီးတာမို့ သူက ရွာလူကြီးရဲ့သားကိုလည်း အတော်လေးသဘောမကျဘဲ အာဏာအားကိုးနဲ့ဆိုးယုတ်တဲ့လူလို့သာမြင်လေ၏။ သူ သူ့ကိုမုန်းသော်လည်း ပွင့်ပွင့်လင်းလင်းမပြောရဲပေ။ ထိုအချိိန်တွင် အနှီရွာလူကြီး၏သားမှာတော့ ဝမ်ရူဟွားရဲ့ခေါင်းက တစ်ခုခုဖြစ်နေတယ်လို့သာတွေးလေ၏။
...
[Zawgyi]
...
Advertisement
- In Serial111 Chapters
Tower of Somnus
When humanity first encountered alien life, we were judged and found wanting. The Galactic Consensus interviewed our leaders and subjected us to a battery of psychological tests to determine our progress as a society. They found us to be selfish, wasteful, impulsive, and boorish neighbors. Earth was blockaded and our collective encounter with our extrasolar neighbors rapidly faded from memory. All they left behind was a hypercomm relay and a handful of subscriptions to a massively multiplayer game that participants played in their sleep. The Consensus said that it would let us interact with our neighbors in a controlled setting. That it would teach us to be better members of the galactic community. The megacorporations that controlled Earth ignored the game until they learned that the powers earned from clearing dungeons were just as real when day broke. Magic, supernatural abilities and rumors exploded from nothing and a subscription to The Tower of Somnus became a status symbol. Katherine ‘Kat’ Debs doesn’t have much, but it could be worse. Born in an arcology, she was assigned a job in the megacorporation that raised her almost as soon as she could work. Despite the stability of her corporate life, she wanted something more. A chance to claw her way up the rigid social and financial ladder to make something of herself. A chance that wouldn’t come naturally to someone as familiar with dark alleyways and the glint of steel as she was with office work and corporate niceties.Book One is up on Kindle Unlimited as of 7/6/22 - https://www.royalroad.com/amazon/B0B2X3L8H5
8 338 - In Serial24 Chapters
Game On!
Ichiroku who won a Monolith Capsule in a lottery found himself in a virtual reality that surpassed his imagination. Half-heartedly, he logged into the game and advance without knowing anything... Or that was what he thought...Author Note: Sorry for the bad grammar. I wrote most of the chapter in Japanese and translated it later on to english. There might be some inconsistency with past-present tense. WARNING! Contain Intense Cursing!
8 244 - In Serial52 Chapters
The Crafter (Books 1, 2, 3)
As a ten year old orphan, all Wick ever wanted was money, power, and well, what else was there? Enough is never enough. His father's death left him only with a glass amulet, his trusty spade, and two level one skills. Six months in the backwater city of Outlast, Wick has finally decided to make his move for a brighter future. It may cost him the beating of his life, but he lives by the Sprawler's Code: The strong live long, but the bold get the gold.Follow Wick on the beginning of his new life as he explores new powers and manipulate anyone foolish enough to get in his way.Story Does Contain: Male Lead, Fast Pace, Slightly Overpowered Protagonist, Greedy Protagonist, Right of Passage, Multiple Magic Systems, MysteryStory Does NOT Contain: Harem, Ultraviolence, Horror, Mopey Protagonist Author's Note: Currently working on Book 3. At least 2 chapters per week. All Books will be free on here first, and completely available in all chapters on my Patreon. Chapters for Book 3 will be up on Patreon soon. Books 1 and 2 also available on Amazon or Audible. The art is the cover for Book 3.
8 302 - In Serial7 Chapters
Along for the Ride
Every child born on the continent of West Cartia is taught about the Great Goblin War but what the annals of history fail to mention is that the entirety of the conflict could be traced back to a group of four friends who stumbled into the currents of fate in search of a fantasy novel. This is the story of how a band of bookworms realized that when destiny pulled hard enough, struggling was futile; it was best to relax and go along for the ride. "A breezy, good time with all the trappings of high fantasy fun." - someone eventually (hopefully)
8 209 - In Serial7 Chapters
The Swimming Pool from Another Freaking Dimension
When the world’s on fire and your garden sprinkler is not going to cut it, there’s only one thing to do: just dig. But the town’s hillbillies are laughing behind your back and your so-called mates are laying bets on you burying yourself alive and venomous spiders are breeding in your 3D printer and those fires are inching closer every freaking day. Just dig, baby. Stranded in a mountaintop suburb monitored by military drones and plagued by wildlife and weather gone crazy, Dezzy and his teenaged neighbour, Sonia, are just trying to save their homes from the next megafires – by digging the biggest, deepest, most badass swimming pool possible. A chlorinated moat at the edge of their derelict suburb that might also provide a refreshing dip in between raging infernos. Only they dig up more than they bargained for, a hell of a lot more. Never mind the secret military base, the burn-scarred locals and their Truth Church, or those birds attacking people out of the blue, because Dezzy and Sonia have bigger things to worry about, things perhaps not of this freaking near-future reality.
8 149 - In Serial30 Chapters
My Subliminal Journey
This story is just an update on the Subliminals I use. I use pictures for updates too!! I've been updating for two years now :)
8 123