《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 70
Advertisement
[Unicode]
{ငါ့ကို ပြန်လာဖို့ပြော!}
သူမရဲ့မျက်လုံးတွေကို ဝမ်ရူဟွားတွေ့လိုက်ရချိန်၌ သူသည် ကြက်သေ သေသွားပြီး ပါးစပ်က လွှတ်ခနဲထွက်သွား၏။
"ပိုင်ချင်ရှန်း၊ မင်းက ဘာလို့ အရင်တုန်းကနဲ့ လုံးဝမတူရတာလဲ? မင်းက ပိုင်ချင်ရှန်းမဟုတ်ဘူးမလား?"
အစောတုန်းက မှောင်နေပြီး သူမကလည်း အဖြူရောင်ဇာပဝါကိုတပ်ဆင်ထားသည်မို့ သူမ ဘယ်လိုပုံစံလဲဆိုတာ သူမတွေ့နိုင်ခဲ့ပေ။ အခု သူ သူမကို နေ့အလင်းရောင်အောက်မှာတွေ့လိုက်ရပြီ၊ ဒီအမျိုးသမီးက သူ့ရဲ့ဝမ်းကွဲညီမ မဖြစ်နိုင်ဘူးလို့ သူခံစားမိလိုက်သည်။
ပိုင်ချင်ရှန်းရဲ့ပုံပန်းသဏ္ဍာန်က အများဆုံးမှ ရိုးရှင်းပြီးနူးညံ့သည်လို့ ပြော၍ရရုံသာဖြစ်၏။ သူမက အရပ်လည်းအရမ်းမရှည်ပေ၊ သို့သော်လည်း သူ့ရှေ့ရှိလူကတော့ ခြေတံတွေသွယ်လျရှည်လျားကာ ကျက်သရေရှိပြီး အချိုးအဆစ်ပြေပြစ်သည်။ သူမက ပိုင်ချင်ရှန်း လုံးဝမဟုတ်ပေ။
နဉ်ရှုက မျက်ခုံးပင့်ကာ ပေါ့ပါးစွာတုန့်ပြန်၏။
"ညီမက ပိုင်ချင်ရှန်းပါ ဝမ်းကွဲအစ်ကို။ ညီမက ညီမတို့ကတိကိုချိုးဖျက်ခဲ့ပြီး အစ်ကို့ကို သစ္စာဖောက်ခဲ့တယ်ဆိုတာ ညီမသိပါတယ်။ ဒါပေမယ့် ညီမ အဲ့အတွက် အပြစ်ပေးတာခံခဲ့ရပြီးပါပြီ။"
ဝမ်ရူဟွား မျက်မှောင်ကုတ်လိုက်မိသည်။ ဒီမိန်းမက ပိုင်ချင်ရှန်းမဟုတ်ဘူးဆိုတာ သူသေချာသိသည်၊ သို့သော်လည်း သူမက သူနဲ့ပိုင်ချင်ရှန်းတို့ကြားမှာဖြစ်ခဲ့တာတွေကို သိနေပုံပေါ်၏။ ဘာတွေဖြစ်နေတာလဲ?
သူ ဘာလုပ်ရမှန်း လုံးဝမသိတော့။
နဉ်ရှုက သူမမျက်နှာကိုပွတ်သပ်ကာ ပြော၏။
"ညီမရဲ့မျက်လုံးတွေက ကြီးလာပြီး တောက်ပလာတယ်လို့ အစ်ကိုမခံစားမိဘူးလား? ပြီးတော့ ညီမ အရပ်လည်းရှည်လာတယ်ဆိုတာကိုရောပေါ့။ ဘာဖြစ်ဖြစ် ညီမက ချမ်းသာတဲ့မိသားစုကိုလက်ထပ်ခဲ့ရတာပဲလေ။ ပင်လယ်သခွားတွေ၊ ပင်လယ်ခရုတွေကို စားပြီး နို့နဲ့ရေချိုးတာတွေ ကြာလာတာတော့ ပြောင်းလဲလာတာ ပုံမှန်ပါပဲ။ ကောင်းကောင်းစားပြီး ကောင်းကောင်းနေရရင် ခန္ဓာကိုယ်က ဒုတိယအကြိမ်ငယ်ရွယ်ပျိုမြစ်လာတာ ပုံမှန်ပဲလေ။"
ပိုင်ချင်ရှန်း လက်ထပ်သွားတုန်းက ဆယ့်ငါးနှစ်ပဲရှိသေးတာမို့ ဝမ်ရူဟွား သူမကို မမှတ်မိနိုင်လောက်တော့သည်အထိ အများကြီးပြောင်းလဲသွားတာက အလွန်ပင်ဖြစ်နိုင်ချေရှိ၏။
"မင်းရဲ့ဇိမ်ကျကျနေရတဲ့ဘဝကို ငါ့ကိုလာကြွားနေတာလား?"
ဝမ်ရူဟွားက သူမကို အေးစက်စွာကြည့်၏။
"ဒါဆိုလည်း အခု ငါ့ကိုဘာလို့လာရှာနေတာလဲ?"
"ဒင်၊ စိတ်ဒဏ်ရာမှတ် +20။ လက်ရှိစိတ်ဒဏ်ရာမှတ်က 40ပါ။"
2333ရဲ့အသံက အနည်းငယ်စိတ်လှုပ်ရှားနေပုံပေါ်သည်။
"ဝိုး၊ မဆိုးဘူးပဲ။ တစ်ညတည်းနဲ့ စိတ်ဒဏ်ရာမှတ် 40ရသွားပြီ။ ဆက်ကြိုးစား နဉ်ရှု။ ငါတို့ ဒီတစ်ခါ အမှတ်အများကြီးရလောက်တယ်။"
နဉ်ရှု : "ထွက်သွား။"
"ဟမ့်၊ နှလုံးသားမရှိတဲ့မိန်းမ။ ငါ မင်းကို စကားမပြောတော့ဘူး!"
2333က မျက်ရည်များကိုသုတ်၏။ ထို့တနာက်တွင်တော့ ပြေးထွက်သွားသည့်ခြေသံများကို နဉ်ရှုကြားလိုက်ရသည်။ ခဏအကြာတွင်တော့ 2333က ရှက်ရွံ့စွာအော်လာ၏။
"ငါ့ကို ပြန်လာပေးဖို့ မြန်မြန်လေးပြောစမ်းပါ။ ငါ့ကို ပြန်လာဖို့ပြော!"
နဉ်ရှု : အဝေးကြီးကို...ထွက်သွားလိုက်တော့။"
နဉ်ရှု ဝမ်ရူဟွားကိုလှည့်ကြည့်လိုက်သည်။ သူ့ရဲ့ အစိမ်းရောင်ဝတ်စုံက မြက်တွေ၊ ရွှံ့တွေနဲ့ ပေပွနေပြီး သူ့ဆံပင်တွေက ရှုပ်ပွနေကာ သူ့ကြည့်ရသည်မှာ မျက်တွင်းများချောင်ကျနေ၏။
ဝမ်ရူဟွားရဲ့ အကြီးမားဆုံးဒဏ်ရာက သူ့ညီမဝမ်းကွဲက ချမ်းသာပြီးဂုဏ်ရှိတဲ့သူနဲ့လက်ထပ်သွားခြင်းပင်။ ထို့အတွက် နဉ်ရှုပြောလိုက်သည့် သာမန်စကားလုံးလေးများကပင် သူ့ဒဏ်ရာကို တည့်တည့်မတ်မတ်ထိစေ၏။
ဒါက ဝမ်ရူဟွား သူ့နှလုံးသားထဲမှာမြှုပ်နှံထားပြီး ဝန်ခံဖို့ငြင်းဆိုနေသည့်နာကျင်မှုပင်ဖြစ်၏။
ဝမ်ရူဟွားက သနားစရာကောင်းပြီး ရွံဖို့လည်းကောင်းသည်ဟု နဉ်ရှုထင်သည်။ သူက ဘဝရဲ့ဒဏ်ရာဒဏ်ချက်ဘလးနည်းနည်းကိုတောင် မခံနိုင်သည့် ပျော့ညံ့ပြီး အသုံးမကျသူဖြစ်၏။ သူကသာ ဘဝကိုအရှုံးပေးခဲ့သူဖြစ်၏၊ သူ့မှာ ယောက်ျားတစ်ယောက်ရဲ့ခွန်အားဆိုတာမျိုး လုံးဝမရှိ။
ဒီလိုလူမျိုးက ဘယ်လိုလုပ်အမျိုးသားဇာတ်လိုက်ဖြစ်လာရတာလဲ? သူက မုယန်မုန့်ကို တခြားယောက်ျားခြောက်ယောက်နဲ့ မျှဝေနေချိန်မှာတောင် သူက အမြဲတမ်းအနိုင်ကျင့်ခံနေရတဲ့ဘူဖြစ်လောက်တယ်လို့ နဉ်ရှုတွေးလိုက်မိသည်။ တခြားယောက်ျားတွေအားလုံးမှာ အာဏာ၊ ငွေကြေး၊ ထက်မြက်တဲ့သိုင်းပညာ ဒါမှမဟုတ် ခိုင်မာတဲ့ခံယူချက်တွေရှိကြသည်။
သို့သော်လည်း ဝမ်ရူဟွားတွင်တော့ ဘာအားမာန်မှမရှိ။ သူ့မှာရှိတာက စာအုပ်ထဲက အသိပညာများသာ၊ ဒါပေမယ့် အဲ့ဒါတွေက ဘာအသုံးဝင်လို့လဲ?
အမျိုးသမီးဇာတ်လိုက်ကိုရဖို့ တိုက်ခိုက်တာမှာရှုံးနိမ့်တိုင်း သူက သူ့မျက်နှာသူပွတ်သပ်နေလောက်သည်။ နဉ်ရှုရဲ့အတွေးတွေ ပျံ့လွင့်စပြုလာသည်...။
ဝမ်ရူဟွားက သူ့ရဲ့ဝါးခြင်းကလေးကိုကောက်ယူကာ ထွက်သွားရန်ပြင်၏။ နဉ်ရှု အလောတကြီးမေးလိုက်သည်။
"ဘယ်သွားမလို့လဲ?"
ဝမ်ရူဟွားက အေးစက်စွာပြောလာသည်။
"ပြန်မလို့လေ။"
နဉ်ရှုက ပြောသည်။
"ညီမလည်း လိုက်မယ်။"
ဝမ်ရူဟွားက ရုတ်တရက် ခက်ထန်စွာအော်တော့သည်။
"ပိုင်ချင်ရှန်း၊ ငါက မင်းစွန့်ပစ်ချင်တိုင်းစွန့်ပစ်လို့ရပြီး ပြန်ကောက်ယူချင်တိုင်းကောက်ယူလို့ရတဲ့ပစ္စည်းမဟုတ်ဘူးကွ။ လက်လျှော့လိုက်တော့!"
နဉ်ရှုက သူ့ကိုအရေးမစိုက်ဘဲ ရထားလုံးပေါ်တက်ကာ ဝမ်ရူဟွားနောက်မှလိုက်လေ၏။
...
[Zawgyi]
{ငါ့ကို ျပန္လာဖို႔ေျပာ!}
သူမရဲ့မ်က္လံုးေတြကို ဝမ္ရူဟြားေတြ့လိုက္ရခ်ိန္၌ သူသည္ ၾကက္ေသ ေသသြားၿပီး ပါးစပ္က လႊတ္ခနဲထြက္သြား၏။
"ပိုင္ခ်င္ရွန္း၊ မင္းက ဘာလို႔ အရင္တုန္းကနဲ႔ လံုးဝမတူရတာလဲ? မင္းက ပိုင္ခ်င္ရွန္းမဟုတ္ဘူးမလား?"
အေစာတုန္းက ေမွာင္ေနၿပီး သူမကလည္း အျဖဴေရာင္ဇာပဝါကိုတပ္ဆင္ထားသည္မို႔ သူမ ဘယ္လိုပံုစံလဲဆိုတာ သူမေတြ့ႏိုင္ခဲ့ေပ။ အခု သူ သူမကို ေန့အလင္းေရာင္ေအာက္မွာေတြ့လိုက္ရၿပီ၊ ဒီအမ်ိဳးသမီးက သူ႔ရဲ့ဝမ္းကြဲညီမ မျဖစ္ႏိုင္ဘူးလို႔ သူခံစားမိလိုက္သည္။
ပိုင္ခ်င္ရွန္းရဲ့ပံုပန္းသ႑ာန္က အမ်ားဆံုးမွ ရိုးရွင္းၿပီးႏူးညံ့သည္လို႔ ေျပာ၍ရရံုသာျဖစ္၏။ သူမက အရပ္လည္းအရမ္းမရွည္ေပ၊ သို႔ေသာ္လည္း သူ႔ေရ႔ွရိွလူကေတာ့ ေျခတံေတြသြယ္လ်ရွည္လ်ားကာ က်က္သေရရိွၿပီး အခ်ိဳးအဆစ္ေျပျပစ္သည္။ သူမက ပိုင္ခ်င္ရွန္း လံုးဝမဟုတ္ေပ။
Advertisement
နဉ္ရႈက မ်က္ခံုးပင့္ကာ ေပါ့ပါးစြာတုန႔္ျပန္၏။
"ညီမက ပိုင္ခ်င္ရွန္းပါ ဝမ္းကြဲအစ္ကို။ ညီမက ညီမတို႔ကတိကိုခ်ိဳးဖ်က္ခဲ့ၿပီး အစ္ကို႔ကို သစၥာေဖာက္ခဲ့တယ္ဆိုတာ ညီမသိပါတယ္။ ဒါေပမယ့္ ညီမ အဲ့အတြက္ အျပစ္ေပးတာခံခဲ့ရၿပီးပါၿပီ။"
ဝမ္ရူဟြား မ်က္ေမွာင္ကုတ္လိုက္မိသည္။ ဒီမိန္းမက ပိုင္ခ်င္ရွန္းမဟုတ္ဘူးဆိုတာ သူေသခ်ာသိသည္၊ သို႔ေသာ္လည္း သူမက သူနဲ႔ပိုင္ခ်င္ရွန္းတို႔ၾကားမွာျဖစ္ခဲ့တာေတြကို သိေနပံုေပၚ၏။ ဘာေတျြဖစ္ေနတာလဲ?
သူ ဘာလုပ္ရမွန္း လံုးဝမသိေတာ့။
နဉ္ရႈက သူမမ်က္ႏွာကိုပြတ္သပ္ကာ ေျပာ၏။
"ညီမရဲ့မ်က္လံုးေတြက ႀကီးလာၿပီး ေတာက္ပလာတယ္လို႔ အစ္ကိုမခံစားမိဘူးလား? ၿပီးေတာ့ ညီမ အရပ္လည္းရွည္လာတယ္ဆိုတာကိုေရာေပါ့။ ဘာျဖစ္ျဖစ္ ညီမက ခ်မ္းသာတဲ့မိသားစုကိုလက္ထပ္ခဲ့ရတာပဲေလ။ ပင္လယ္သခြားေတြ၊ ပင္လယ္ခရုေတြကို စားၿပီး ႏို႔နဲ႔ေရခ်ိဳးတာေတြ ၾကာလာတာေတာ့ ေျပာင္းလဲလာတာ ပံုမွန္ပါပဲ။ ေကာင္းေကာင္းစားၿပီး ေကာင္းေကာင္းေနရရင္ ခႏၶာကိုယ္က ဒုတိယအႀကိမ္ငယ္ရြယ္ပ်ိဳျမစ္လာတာ ပံုမွန္ပဲေလ။"
ပိုင္ခ်င္ရွန္း လက္ထပ္သြားတုန္းက ဆယ့္ငါးႏွစ္ပဲရိွေသးတာမို႔ ဝမ္ရူဟြား သူမကို မမွတ္မိႏိုင္ေလာက္ေတာ့သည္အထိ အမ်ားႀကီးေျပာင္းလဲသြားတာက အလြန္ပင္ျဖစ္ႏိုင္ေခ်ရိွ၏။
"မင္းရဲ့ဇိမ္က်က်ေနရတဲ့ဘဝကို ငါ့ကိုလာႂကြားေနတာလား?"
ဝမ္ရူဟြားက သူမကို ေအးစက္စြာၾကၫ့္၏။
"ဒါဆိုလည္း အခု ငါ့ကိုဘာလို႔လာရွာေနတာလဲ?"
"ဒင္၊ စိတ္ဒဏ္ရာမွတ္ +20။ လက္ရိွစိတ္ဒဏ္ရာမွတ္က 40ပါ။"
2333ရဲ့အသံက အနည္းငယ္စိတ္လႈပ္ရွားေနပံုေပၚသည္။
"ဝိုး၊ မဆိုးဘူးပဲ။ တစ္ညတည္းနဲ႔ စိတ္ဒဏ္ရာမွတ္ 40ရသြားၿပီ။ ဆက္ႀကိဳးစား နဉ္ရႈ။ ငါတို႔ ဒီတစ္ခါ အမွတ္အမ်ားႀကီးရေလာက္တယ္။"
နဉ္ရႈ : "ထြက္သြား။"
"ဟမ့္၊ ႏွလံုးသားမရိွတဲ့မိန္းမ။ ငါ မင္းကို စကားမေျပာေတာ့ဘူး!"
2333က မ်က္ရည္မ်ားကိုသုတ္၏။ ထို႔တနာက္တြင္ေတာ့ ေျပးထြက္သြားသၫ့္ေျခသံမ်ားကို နဉ္ရႈၾကားလိုက္ရသည္။ ခဏအၾကာတြင္ေတာ့ 2333က ရွက္ရြံ႔စြာေအာ္လာ၏။
"ငါ့ကို ျပန္လာေပးဖို႔ ျမန္ျမန္ေလးေျပာစမ္းပါ။ ငါ့ကို ျပန္လာဖို႔ေျပာ!"
နဉ္ရႈ : အေဝးႀကီးကို...ထြက္သြားလိုက္ေတာ့။"
နဉ္ရႈ ဝမ္ရူဟြားကိုလွၫ့္ၾကၫ့္လိုက္သည္။ သူ႔ရဲ့ အစိမ္းေရာင္ဝတ္စံုက ျမက္ေတြ၊ ရႊံ႔ေတြနဲ႔ ေပပြေနၿပီး သူ႔ဆံပင္ေတြက ရႈပ္ပြေနကာ သူ႔ၾကၫ့္ရသည္မွာ မ်က္တြင္းမ်ားေခ်ာင္က်ေန၏။
ဝမ္ရူဟြားရဲ့ အႀကီးမားဆံုးဒဏ္ရာက သူ႔ညီမဝမ္းကြဲက ခ်မ္းသာၿပီးဂုဏ္ရိွတဲ့သူနဲ႔လက္ထပ္သြားျခင္းပင္။ ထို႔အတြက္ နဉ္ရႈေျပာလိုက္သၫ့္ သာမန္စကားလံုးေလးမ်ားကပင္ သူ႔ဒဏ္ရာကို တၫ့္တၫ့္မတ္မတ္ထိေစ၏။
ဒါက ဝမ္ရူဟြား သူ႔ႏွလံုးသားထဲမွာျမႇဳပ္ႏွံထားၿပီး ဝန္ခံဖို႔ျငင္းဆိုေနသၫ့္နာက်င္မႈပင္ျဖစ္၏။
ဝမ္ရူဟြားက သနားစရာေကာင္းၿပီး ရြံဖို႔လည္းေကာင္းသည္ဟု နဉ္ရႈထင္သည္။ သူက ဘဝရဲ့ဒဏ္ရာဒဏ္ခ်က္ဘလးနည္းနည္းကိုေတာင္ မခံႏိုင္သၫ့္ ေပ်ာ့ညံ့ၿပီး အသံုးမက်သူျဖစ္၏။ သူကသာ ဘဝကိုအရႈံးေပးခဲ့သူျဖစ္၏၊ သူ႔မွာ ေယာက္်ားတစ္ေယာက္ရဲ့ခြန္အားဆိုတာမ်ိဳး လံုးဝမရိွ။
ဒီလိုလူမ်ိဳးက ဘယ္လိုလုပ္အမ်ိဳးသားဇာတ္လိုက္ျဖစ္လာရတာလဲ? သူက မုယန္မုန႔္ကို တျခားေယာက္်ားေျခာက္ေယာက္နဲ႔ မ်ွေဝေနခ်ိန္မွာေတာင္ သူက အၿမဲတမ္းအႏိုင္က်င့္ခံေနရတဲ့ဘူျဖစ္ေလာက္တယ္လို႔ နဉ္ရႈေတြးလိုက္မိသည္။ တျခားေယာက္်ားေတြအားလံုးမွာ အာဏာ၊ ေငြေၾကး၊ ထက္ျမက္တဲ့သိုင္းပညာ ဒါမွမဟုတ္ ခိုင္မာတဲ့ခံယူခ်က္ေတြရိွၾကသည္။
သို႔ေသာ္လည္း ဝမ္ရူဟြားတြင္ေတာ့ ဘာအားမာန္မွမရိွ။ သူ႔မွာရိွတာက စာအုပ္ထဲက အသိပညာမ်ားသာ၊ ဒါေပမယ့္ အဲ့ဒါေတြက ဘာအသံုးဝင္လို႔လဲ?
အမ်ိဳးသမီးဇာတ္လိုက္ကိုရဖို႔ တိုက္ခိုက္တာမွာရႈံးနိမ့္တိုင္း သူက သူ႔မ်က္ႏွာသူပြတ္သပ္ေနေလာက္သည္။ နဉ္ရႈရဲ့အေတြးေတြ ပ်ံ့လြင့္စျပဳလာသည္...။
ဝမ္ရူဟြားက သူ႔ရဲ့ဝါးျခင္းကေလးကိုေကာက္ယူကာ ထြက္သြားရန္ျပင္၏။ နဉ္ရႈ အေလာတႀကီးေမးလိုက္သည္။
"ဘယ္သြားမလို႔လဲ?"
ဝမ္ရူဟြားက ေအးစက္စြာေျပာလာသည္။
"ျပန္မလို႔ေလ။"
နဉ္ရႈက ေျပာသည္။
"ညီမလည္း လိုက္မယ္။"
ဝမ္ရူဟြားက ရုတ္တရက္ ခက္ထန္စြာေအာ္ေတာ့သည္။
"ပိုင္ခ်င္ရွန္း၊ ငါက မင္းစြန႔္ပစ္ခ်င္တိုင္းစြန႔္ပစ္လို႔ရၿပီး ျပန္ေကာက္ယူခ်င္တိုင္းေကာက္ယူလို႔ရတဲ့ပစၥည္းမဟုတ္ဘူးကြ။ လက္ေလ်ွာ့လိုက္ေတာ့!"
နဉ္ရႈက သူ႔ကိုအေရးမစိုက္ဘဲ ရထားလံုးေပၚတက္ကာ ဝမ္ရူဟြားေနာက္မွလိုက္ေလ၏။
...
Advertisement
- In Serial9 Chapters
Paradox
Have you ever wanted to time travel? Ever had a moment in your life that you wished you could change? What if the opportunity appeared, but the price was an eternal nightmare? This story isn't about time travel, or anything fantastical. It is about a man with schizophrenia who believes himself to be part of a hivemind, an entity called 'Paradox'.
8 201 - In Serial17 Chapters
100 Ways to Make Money in a Fantasy World
Harrogate, a nervous aging assassin and Cecil, bold-hearted barbarian, have one job and one job only. To make one million Gold before the International Regal Society or IRS as they're known, imprison them for failure in paying their debt. The task is simple; Harrogate's got to keep Cecil in line long enough for them to make some easy money through odd jobs and simple work. Simple, but hard. Cecil's got other ideas in mind. Glory, fame, and merchandising that compels her to do what she does best, adventure. One goal - one million Gold. Two ideas. What could possibly go wrong?
8 104 - In Serial24 Chapters
Bloodsong
Lara's days have been filled with emptiness since she woke from a past she can't remember, five decades into the devastating aftermath of a nuclear 20th century. Lost in the desolate remnants of the world, she is plagued by shadows, nightmares, and whispers in her mind. But one day she’s taken from the small abandoned home she's known since her awakening, to one of the last remaining hearts of the country: the mountainous city-state, Circa. Along the way, she is exposed to the drastic differences in humanity's survival, and upon stumbling into mortal danger, becomes entangled in the world's last struggle for power, only to discover the crucial key to her memories. As secrets unravel, Lara struggles to find balance between her humanity and the inexplicable power growing within her - calling to the shadows. And in a world-shattering discovery, unearths her role in history's tragic turn, and her unending bond with Death as an instrument of fate.
8 208 - In Serial7 Chapters
The overpowered Tacos, aka the God of Cancers
The concept of Tacos, after coming to life in the form of a little girl, decides to venture outside the Earth and discover for herself the wonders that abound in the universe.
8 283 - In Serial33 Chapters
Death Mark
Synopsis:The tragic death of his parents left Dante alone in this world were Cultivators capable of sundering the heavens and Gods capable of sealing an entire realm weren't just the stuff of legends...With the loss of his aunt, Dante’s childhood was short lived as he had to deal with the world’s harsh reality and fend for himself.His only hope was to cultivate and become a Dungeon Soldier, proving himself on the battlefield, his weakness had made him realize that revenge was still too far away for him.However, fate was cruel to him as his cultivation was to never advance to the next realm due to his body's constitution. Dante’s condition didn't stop him though, he still persisted hoping to achieve a breakthrough under the pressure of life and death battles.After more than a decade since his parents’ death, Dante is still nowhere close to his goal. Will he give up on his vengeance and live a quiet mundane life or will he take his fate into his own hands?Watch him as he embarks on a journey filled with legends, magic and ancient secrets!!
8 161 - In Serial134 Chapters
Inky Veins is a poetry collection of rhyme, free verse, prose, and haiku. Poems included in this collection are from Andi Leigh's blog: andileighwrites.com.Originally published: May 15, 2022.Paperback copies are available at Lulu.com, Amazon, and Barnes & Noble Online!
8 133

