《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 66
Advertisement
[Zawgyi]
{ငါ့ငွက္!-နဥ္ရႈရဲ႕ႀကိတ္ငိုေႂကြးသံ}
နဥ္ရႈတို႔အဖဲြ႕က အခ်ိန္အေတာ္ၾကာေအာင္ စမ္းတဝါးဝါးျဖင့္ေလ်ွာက္သြားေနခဲ့ေလ၏။ နဥ္ရႈမွာ အနည္းငယ္ရႈပ္ေထြးလ်က္ရွိသည္။ သူမတို႔က ဒီေလာက္အၾကာႀကီးခရီးထြက္လာခဲ့ေပမယ့္ အခုထိ ပညာရွိအစ္ကိုႀကီးနဲ႔မေတြ႕ရေသး။ အမ်ိဳးသားဇာတ္လိုက္နဲ႔အမ်ိဳးသမီးဇာတ္လိုက္ၾကားက ဆဲြေဆာင္မႈအားက ဘာျဖစ္သြားတာလဲ? ဇာတ္ေၾကာင္းကေရာ ဘာျဖစ္သြားတာလဲ?
နဥ္ရႈ လိုက္ကာကိုမကာ သက္ေတာ္ေစာင့္ကိုေျပာလိုက္သည္။
"ငါတို႔နားဖို႔ေနရာမရွိဘူးလား?"
သက္ေတာ္ေစာင့္ရဲ႕မ်က္နွာက မ်က္လံုးေလးသာခ်န္ၿပီး အဝတ္နက္ျဖင့္အုပ္ထားျခင္းခံရကာ သူ႔ရဲ႕ေလးေထာင့္က်က်နဖူးမွာ သိသာေန၏။ သူက နဥ္ရႈကို ျပန္ၾကည့္ကာေျပာလာသည္။
"ကြၽန္ေတာ္ ဘာ႐ြာမွမေတြ႕ဘူး။"
နဥ္ရႈ မ်က္ခံုးတို႔ကိုတြန္႔ခ်ိဳးလိုက္မိသည္။ ယဲြ႕လန္ကေျပာလာ၏။
"ကြၽန္မတို႔ ဘာလို႔ ညာဘက္ကိုမသြားတာလဲ မမေလး? ဘယ္ဘက္မွာ တစ္ေယာက္မွရွာမေတြ႕မွေတာ့ ညာဘက္ကိုသြားၾကည့္ၾကမယ္ေလ။"
နဥ္ရႈ : ...
"ထားလိုက္ေတာ့။ ငါ နည္းနည္းပင္ပန္းေနတယ္။ တဲေဆာက္ၾကမယ္။"
နဥ္ရႈက လက္ကိုယမ္းကာဆိုသည္။
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကာေျပာသည္။
"တဲေဆာက္ဖို႔ဒုကၡခံေနစရာမလိုပါဘူး။ သခင္မေလးနဲ႔ယဲြ႕လန္က ရထားလံုးထဲမွာပဲနားလိုက္ပါ။ ကြၽန္ေတာ္ကေတာ့ တစ္ေမွးေလာက္အိပ္ဖို႔ သစ္ပင္တစ္ပင္ရွာလိုက္မယ္။"
"ဒါေပမယ့္ ငါ ရထားလံုးထဲမွာဆက္မထိုင္ခ်င္ေတာ့ဘူး။ ညအိပ္ဖို႔ ျပန္႔ျပဴ းတဲ့တစ္ခုခုေပၚမွာလွဲခ်င္တယ္။"
နဥ္ရႈက ခါးသက္ေသာအမူအရာျဖင့္ဆိုလာသည္။ ရထားလံုးထဲမွာ သူမရဲ႕ေျခေထာက္ေတြကိုေတာင္ မဆန္႔နိုင္ဘူး။ အရမ္းပင္ပန္းတာပဲ။
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က 'သခင္မေလးရဲ႕မင္းသမီးေရာဂါ ထလာျပန္ၿပီလား?'ဟူသည့္အၾကည့္ျဖင့္ သူမကိုၾကည့္လာ၏။ နဥ္ရႈ စိတ္ရႈသြားကာ ေျပာလိုက္သည္။
"ဒီမွာ ငါတို႔သံုးေယာက္ပဲရွိတာကို ဘာလို႔ နင့္မ်က္နွာကိုဖံုးထားရတာလဲ? ဒီပံုစံနဲ႔မွ ရွင္က တအားႀကီးထင္းထြက္ေနတာကို မသိဘူးလား? ငါတို႔က မထင္မရွားပံုစံျဖစ္ေအာငိႀကိဳးစားေနပါတယ္ဆိုမွ နင္က လူခ်မ္းသာေတြကိုဓားျပတိုက္ၿပီး ဆင္းရဲသားေတြကို ေငြေတြေပးမယ့္လူနဲ႔တူေနေတာ့ ဘယ္လိုလုပ္မထင္မရွားပံုစံမ်ိဳးျဖစ္ေအာင္ေနလို႔ရေတာ့မွာလဲ?"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ဘာမွမေျပာေသာ္လည္း အဝတ္နက္ကိုလည္းမခြၽတ္ေခ်။ သူက စခန္းခ်ဖို႔ေနရာကိုသာသြားရွာေလ၏။
နဥ္ရႈက နာက်င္သြားရသည့္ဟန္ျဖင့္ နွလံုးရွိရာကိုအုပ္ကိုင္ရင္း ယဲြ႕လန္ကိုေျပာသည္။
"နင္တို႔အိမ္က သက္ေတာ္ေစာင့္အစ္ကိုႀကီးက အရမ္းေအးစက္တာပဲ။"
ယဲြ႕လန္က ခက္ထန္စြာျပန္ေျဖ၏။
"လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကို ဒီအေစခံရဲ႕မိသားစုက ပိုင္တာမဟုတ္ပါဘူး မမေလး။ သူက မမေလးတို႔မိသားစုပိုင္တာပါ။"
နဥ္ရႈ : ...
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က သူမတို႔အတြက္ ငွက္တစ္ခ်ိဳ႕ကို ကင္ေပးတာမို႔ သူ႔မွာ ၾကင္နာမႈေလးနည္းနည္းရွိေနေသးတာ သိသာသည္။
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ခိုနဲ႔တူသည့္အေကာင္တစ္ေကာင္က္ု ကမ္းေပးလာသည္မို႔ နဥ္ရႈက လက္ကမ္းကာယူလိုက္ေသာ္လည္း သူ႔လက္ေတြက ေ႐ြ႕လ်ားသြားကာ ယဲြ႕လန္ဆီကမ္းေပးလိုက္ေခ်၏။
ယဲြ႕လန္က ခဏမ်ွေၾကာင္အေနၿပီးမွ ငွက္ကင္ကိုယူလိုက္သည္။ နဥ္ရႈတစ္ေယာက္ အင္မတန္မွကို႔ရို႕ကားယားျဖစ္သြားသည္ကို သူမေတြ႕လိုက္ခ်ိန္၌ သူမက ငွက္ကင္ကို နဥ္ရႈဆီလွမ္းေပးလိုက္သည္။
"ဘာလို႔ အရင္မစားတာလဲ မမေလး?"
နဥ္ရႈရဲ႕မ်က္နွာက ရႈံ႕မဲ့သြားကာ သူမက သူမကိုယ္သူမ အတင္းဖိအားေပးကာေျပာလိုက္ရ၏။
"ရပါတယ္၊ နင္စားပါ။ သက္ေတာ္ေစာင့္အစ္ကိုႀကီးက နင့္ကိုေပးတာပဲေလ။"
"မမေလးစားသင့္တယ္။"
ယဲြ႕လန္ကေျပာသည္။
နဥ္ရႈ : "ငါမစားဘူး။"
ယဲြ႕လန္ : "မမေလးစားသင့္တယ္။ မမေလးက အသားစားရတာႀကိဳက္တယ္ဆိုတာ ဒီရက္ေတြမွာ ဒီအေစခံသိလာတယ္။"
နဥ္ရႈ : "မလိုပါဘူး၊ နင္စားသင့္တယ္။ သက္ေတာ္ေစာင့္အစ္ကိုႀကီးက နင့္ကိုေပးတာပဲေလ။"
ယဲြ႕လန္ : "ဘာလို႔ တစ္ျခမ္းစီမစားတာလဲ?"
နဥ္ရႈ၏မ်က္နွာမွာ ႀကီးစြာရႈံ႕မဲ့လို႔သြား၏။ ဒီလို ငွက္ပိန္ေလးတစ္ေကာင္ကို ဒါမ်ိဳးလုပ္ဖို႔လိုလို႔လား? သူမက ငွက္ကို ယဲြ႕လန္ရဲ႕ပါးစပ္ထဲထိုးသိပ္ထည့္လိုက္၏။
"ငါနင့္ကို စားဖို႔ေျပာေနတာကို စားမွေပါ့! ဘာလို႔ စကားေျပာခ်ိန္အမ်ားႀကီးယူေနတာလဲ?"
ယဲြ႕လန္က ေမႊးႀကိဳင္ေနသည့္ငွက္ကင္ကို စတင္ကိုက္ဝါးကာဆို၏။
"ဒါက ေတာ္ေတာ္ေမႊးတယ္ေနာ္ မမေလး။ သခင္ႀကီးက ဘာလို႔ငွက္ကင္စားရတာအရမ္းႀကိဳက္လဲဆိုတာ အံ့ၾသစရာမရွိေတာ့ဘူး။ တကယ္ေမႊးတယ္။ ခဏေလးေစာင့္လိုက္ပါ မမေလး၊ သက္ေတာ္ေစာင့္က အဲ့တစ္ေကာင္ကိုကင္လို႔ၿပီးေတာ့မယ္။"
နဥ္ရႈ သက္ေတာ္ေစာင့္ကိုင္ထားတဲ့ငွက္ကိုၾကည့္ကာ တံေတြးၿမိဳခ်လိုက္မိသည္။ ရုတ္တရက္ သက္ေတာ္ေစာင့္က ငွက္ကို မီးပံုထဲပစ္ခ်ကာ ဓားကို တစ္ေနရာဆီခ်ိန္႐ြယ္လ်က္ ေအာ္လိုက္ေလ၏။
"ဘယ္သူလဲ?"
ယဲြ႕လန္က ေျပာင္သလင္းခါေနသည့္ငွက္ကင္အရိုးမ်ားကို ပစ္လိုက္ရင္း နဥ္ရႈကို သူရဲေင္းဆန္စြာ ကာကြယ္ေပးရန္ ခုန္ထ၏။ သူမက သက္ေတာ္ေစာင့္အစ္ကိုႀကီးရဲ႕ ခက္ထန္သည့္ေလသံကိုအတုယူကာ ေအာ္ဟစ္လိုက္သည္။
"ဘယ္သူလဲ? ထြက္လာၿပီး ေသဖို႔ျပင္ထားလိုက္ေတာ့! ငါ့မမေလးကို ထိခိုက္ေအာင္လုပ္ဖို႔ႀကိဳးစားေနတာ ရပ္လိုက္စမ္း။"
နဥ္ရႈ : ပထမဆံုးတစ္ေခါက္မွာတင္ ဘာလို႔ နင့္မမေလးကို ထုတ္ေျပာလိုက္ရတာလဲ?
နဥ္ရႈက သူမရဲ႕မ်က္နွာကို လက္ကိုင္ပဝါျဖင့္ အလ်င္စလိုအုပ္ကာလိုက္ၿပီး မ်က္လံုးေလးသာခ်န္ထားလိုက္သည္။
သစ္႐ြက္ေပၚမွနင္းေလ်ွာက္လာသံမ်ားၾကားလိုက္ရၿပီးေနာက္ အစိမ္းေရာင္ဝတ္စံုကိုဝတ္ဆင္ထားၿပီး ဝါးျခင္းကေလးကိုလြယ္ထားသည့္အမ်ိဳးသားတစ္ေယာက္ထြက္ေပၚလာ၏။ သူက ယဥ္ေက်းရည္မြန္စြာျဖင့္ လက္သီးဆုပ္အရိုအေသေပးရင္းဆို၏။
"ကြၽန္ေတာ္ ေနွာင့္ယွက္ဖို႔မရည္႐ြယ္ပါဘူး။ ဒါေပမယ့္ ေမွာင္လာၿပီမို႔ မီးနည္းနည္းေလာက္ ေတာင္းခ်င္လို႔ပါခင္ဗ်ာ။"
နဥ္ရႈက အမ်ိဳးသားကိုၾကည့္ရင္း မ်က္လံုးတို႔ကိုေမွးက်ဥ္းလိုက္၏။ အရမ္းေမွာင္လြန္းေနတာမို႔ သူမ သူ႔ကိုေသခ်ာမျမင္ရေသာ္လည္း သူ႔စကားေျပာဟန္က အရမ္းရည္မြန္လြန္းၿပီး သူမရဲ႕နွလံုးသားေလးက ျပင္းထန္စြာတုန္႔ျပန္ေနခဲ့သည္မို႔ ထိုလူက ေသခ်ာေပါက္ အမ်ိသားဇာတ္လိုက္တစ္ေယာက္ပင္ျဖစ္ရေခ်မည္။
နဥ္ရႈက ႏူးညံ့စြာေခ်ာင္းဟန္႔ကာ ေျပာေလ၏။
"ေရစက္ရွိလို႔ ဆံုေတြ႕ရတာပါပဲ။ ဘာလို႔ ကြၽန္မတို႔နဲ႔အတူထိုင္ၿပီး ေရမေသာက္တာလဲ သခင္ေလးရွင္?"
အမ်ိဳးသားက နဥ္ရႈကို လက္သီးဆုပ္အရိုအေသေပးကာေျပာလာသည္။
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ သခင္မေလးခင္ဗ်ာ။"
...
[Unicode]
{ငါ့ငှက်!-နဉ်ရှုရဲ့ကြိတ်ငိုကြွေးသံ}
နဉ်ရှုတို့အဖွဲ့က အချိန်အတော်ကြာအောင် စမ်းတဝါးဝါးဖြင့်လျှောက်သွားနေခဲ့လေ၏။ နဉ်ရှုမှာ အနည်းငယ်ရှုပ်ထွေးလျက်ရှိသည်။ သူမတို့က ဒီလောက်အကြာကြီးခရီးထွက်လာခဲ့ပေမယ့် အခုထိ ပညာရှိအစ်ကိုကြီးနဲ့မတွေ့ရသေး။ အမျိုးသားဇာတ်လိုက်နဲ့အမျိုးသမီးဇာတ်လိုက်ကြားက ဆွဲဆောင်မှုအားက ဘာဖြစ်သွားတာလဲ? ဇာတ်ကြောင်းကရော ဘာဖြစ်သွားတာလဲ?
နဉ်ရှု လိုက်ကာကိုမကာ သက်တော်စောင့်ကိုပြောလိုက်သည်။
"ငါတို့နားဖို့နေရာမရှိဘူးလား?"
သက်တော်စောင့်ရဲ့မျက်နှာက မျက်လုံးလေးသာချန်ပြီး အဝတ်နက်ဖြင့်အုပ်ထားခြင်းခံရကာ သူ့ရဲ့လေးထောင့်ကျကျနဖူးမှာ သိသာနေ၏။ သူက နဉ်ရှုကို ပြန်ကြည့်ကာပြောလာသည်။
Advertisement
"ကျွန်တော် ဘာရွာမှမတွေ့ဘူး။"
နဉ်ရှု မျက်ခုံးတို့ကိုတွန့်ချိုးလိုက်မိသည်။ ယွဲ့လန်ကပြောလာ၏။
"ကျွန်မတို့ ဘာလို့ ညာဘက်ကိုမသွားတာလဲ မမလေး? ဘယ်ဘက်မှာ တစ်ယောက်မှရှာမတွေ့မှတော့ ညာဘက်ကိုသွားကြည့်ကြမယ်လေ။"
နဉ်ရှု : ...
"ထားလိုက်တော့။ ငါ နည်းနည်းပင်ပန်းနေတယ်။ တဲဆောက်ကြမယ်။"
နဉ်ရှုက လက်ကိုယမ်းကာဆိုသည်။
လျှို့ဝှက်သက်တော်စောင့်ကာပြောသည်။
"တဲဆောက်ဖို့ဒုက္ခခံနေစရာမလိုပါဘူး။ သခင်မလေးနဲ့ယွဲ့လန်က ရထားလုံးထဲမှာပဲနားလိုက်ပါ။ ကျွန်တော်ကတော့ တစ်မှေးလောက်အိပ်ဖို့ သစ်ပင်တစ်ပင်ရှာလိုက်မယ်။"
"ဒါပေမယ့် ငါ ရထားလုံးထဲမှာဆက်မထိုင်ချင်တော့ဘူး။ ညအိပ်ဖို့ ပြန့်ပြူးတဲ့တစ်ခုခုပေါ်မှာလှဲချင်တယ်။"
နဉ်ရှုက ခါးသက်သောအမူအရာဖြင့်ဆိုလာသည်။ ရထားလုံးထဲမှာ သူမရဲ့ခြေထောက်တွေကိုတောင် မဆန့်နိုင်ဘူး။ အရမ်းပင်ပန်းတာပဲ။
လျှို့ဝှက်သက်တော်စောင့်က 'သခင်မလေးရဲ့မင်းသမီးရောဂါ ထလာပြန်ပြီလား?'ဟူသည့်အကြည့်ဖြင့် သူမကိုကြည့်လာ၏။ နဉ်ရှု စိတ်ရှုသွားကာ ပြောလိုက်သည်။
"ဒီမှာ ငါတို့သုံးယောက်ပဲရှိတာကို ဘာလို့ နင့်မျက်နှာကိုဖုံးထားရတာလဲ? ဒီပုံစံနဲ့မှ ရှင်က တအားကြီးထင်းထွက်နေတာကို မသိဘူးလား? ငါတို့က မထင်မရှားပုံစံဖြစ်အောငိကြိုးစားနေပါတယ်ဆိုမှ နင်က လူချမ်းသာတွေကိုဓားပြတိုက်ပြီး ဆင်းရဲသားတွေကို ငွေတွေပေးမယ့်လူနဲ့တူနေတော့ ဘယ်လိုလုပ်မထင်မရှားပုံစံမျိုးဖြစ်အောင်နေလို့ရတော့မှာလဲ?"
လျှို့ဝှက်သက်တော်စောင့်က ဘာမှမပြောသော်လည်း အဝတ်နက်ကိုလည်းမချွတ်ချေ။ သူက စခန်းချဖို့နေရာကိုသာသွားရှာလေ၏။
နဉ်ရှုက နာကျင်သွားရသည့်ဟန်ဖြင့် နှလုံးရှိရာကိုအုပ်ကိုင်ရင်း ယွဲ့လန်ကိုပြောသည်။
"နင်တို့အိမ်က သက်တော်စောင့်အစ်ကိုကြီးက အရမ်းအေးစက်တာပဲ။"
ယွဲ့လန်က ခက်ထန်စွာပြန်ဖြေ၏။
"လျှို့ဝှက်သက်တော်စောင့်ကို ဒီအစေခံရဲ့မိသားစုက ပိုင်တာမဟုတ်ပါဘူး မမလေး။ သူက မမလေးတို့မိသားစုပိုင်တာပါ။"
နဉ်ရှု : ...
လျှို့ဝှက်သက်တော်စောင့်က သူမတို့အတွက် ငှက်တစ်ချို့ကို ကင်ပေးတာမို့ သူ့မှာ ကြင်နာမှုလေးနည်းနည်းရှိနေသေးတာ သိသာသည်။
လျှို့ဝှက်သက်တော်စောင့်က ခိုနဲ့တူသည့်အကောင်တစ်ကောင်က်ု ကမ်းပေးလာသည်မို့ နဉ်ရှုက လက်ကမ်းကာယူလိုက်သော်လည်း သူ့လက်တွေက ရွေ့လျားသွားကာ ယွဲ့လန်ဆီကမ်းပေးလိုက်ချေ၏။
ယွဲ့လန်က ခဏမျှကြောင်အနေပြီးမှ ငှက်ကင်ကိုယူလိုက်သည်။ နဉ်ရှုတစ်ယောက် အင်မတန်မှကို့ရို့ကားယားဖြစ်သွားသည်ကို သူမတွေ့လိုက်ချိန်၌ သူမက ငှက်ကင်ကို နဉ်ရှုဆီလှမ်းပေးလိုက်သည်။
"ဘာလို့ အရင်မစားတာလဲ မမလေး?"
နဉ်ရှုရဲ့မျက်နှာက ရှုံ့မဲ့သွားကာ သူမက သူမကိုယ်သူမ အတင်းဖိအားပေးကာပြောလိုက်ရ၏။
"ရပါတယ်၊ နင်စားပါ။ သက်တော်စောင့်အစ်ကိုကြီးက နင့်ကိုပေးတာပဲလေ။"
"မမလေးစားသင့်တယ်။"
ယွဲ့လန်ကပြောသည်။
နဉ်ရှု : "ငါမစားဘူး။"
ယွဲ့လန် : "မမလေးစားသင့်တယ်။ မမလေးက အသားစားရတာကြိုက်တယ်ဆိုတာ ဒီရက်တွေမှာ ဒီအစေခံသိလာတယ်။"
နဉ်ရှု : "မလိုပါဘူး၊ နင်စားသင့်တယ်။ သက်တော်စောင့်အစ်ကိုကြီးက နင့်ကိုပေးတာပဲလေ။"
ယွဲ့လန် : "ဘာလို့ တစ်ခြမ်းစီမစားတာလဲ?"
နဉ်ရှု၏မျက်နှာမှာ ကြီးစွာရှုံ့မဲ့လို့သွား၏။ ဒီလို ငှက်ပိန်လေးတစ်ကောင်ကို ဒါမျိုးလုပ်ဖို့လိုလို့လား? သူမက ငှက်ကို ယွဲ့လန်ရဲ့ပါးစပ်ထဲထိုးသိပ်ထည့်လိုက်၏။
"ငါနင့်ကို စားဖို့ပြောနေတာကို စားမှပေါ့! ဘာလို့ စကားပြောချိန်အများကြီးယူနေတာလဲ?"
ယွဲ့လန်က မွှေးကြိုင်နေသည့်ငှက်ကင်ကို စတင်ကိုက်ဝါးကာဆို၏။
"ဒါက တော်တော်မွှေးတယ်နော် မမလေး။ သခင်ကြီးက ဘာလို့ငှက်ကင်စားရတာအရမ်းကြိုက်လဲဆိုတာ အံ့သြစရာမရှိတော့ဘူး။ တကယ်မွှေးတယ်။ ခဏလေးစောင့်လိုက်ပါ မမလေး၊ သက်တော်စောင့်က အဲ့တစ်ကောင်ကိုကင်လို့ပြီးတော့မယ်။"
နဉ်ရှု သက်တော်စောင့်ကိုင်ထားတဲ့ငှက်ကိုကြည့်ကာ တံတွေးမြိုချလိုက်မိသည်။ ရုတ်တရက် သက်တော်စောင့်က ငှက်ကို မီးပုံထဲပစ်ချကာ ဓားကို တစ်နေရာဆီချိန်ရွယ်လျက် အော်လိုက်လေ၏။
"ဘယ်သူလဲ?"
ယွဲ့လန်က ပြောင်သလင်းခါနေသည့်ငှက်ကင်အရိုးများကို ပစ်လိုက်ရင်း နဉ်ရှုကို သူရဲငေ်းဆန်စွာ ကာကွယ်ပေးရန် ခုန်ထ၏။ သူမက သက်တော်စောင့်အစ်ကိုကြီးရဲ့ ခက်ထန်သည့်လေသံကိုအတုယူကာ အော်ဟစ်လိုက်သည်။
"ဘယ်သူလဲ? ထွက်လာပြီး သေဖို့ပြင်ထားလိုက်တော့! ငါ့မမလေးကို ထိခိုက်အောင်လုပ်ဖို့ကြိုးစားနေတာ ရပ်လိုက်စမ်း။"
နဉ်ရှု : ပထမဆုံးတစ်ခေါက်မှာတင် ဘာလို့ နင့်မမလေးကို ထုတ်ပြောလိုက်ရတာလဲ?
နဉ်ရှုက သူမရဲ့မျက်နှာကို လက်ကိုင်ပဝါဖြင့် အလျင်စလိုအုပ်ကာလိုက်ပြီး မျက်လုံးလေးသာချန်ထားလိုက်သည်။
သစ်ရွက်ပေါ်မှနင်းလျှောက်လာသံများကြားလိုက်ရပြီးနောက် အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဝါးခြင်းကလေးကိုလွယ်ထားသည့်အမျိုးသားတစ်ယောက်ထွက်ပေါ်လာ၏။ သူက ယဉ်ကျေးရည်မွန်စွာဖြင့် လက်သီးဆုပ်အရိုအသေပေးရင်းဆို၏။
"ကျွန်တော် နှောင့်ယှက်ဖို့မရည်ရွယ်ပါဘူး။ ဒါပေမယ့် မှောင်လာပြီမို့ မီးနည်းနည်းလောက် တောင်းချင်လို့ပါခင်ဗျာ။"
နဉ်ရှုက အမျိုးသားကိုကြည့်ရင်း မျက်လုံးတို့ကိုမှေးကျဉ်းလိုက်၏။ အရမ်းမှောင်လွန်းနေတာမို့ သူမ သူ့ကိုသေချာမမြင်ရသော်လည်း သူ့စကားပြောဟန်က အရမ်းရည်မွန်လွန်းပြီး သူမရဲ့နှလုံးသားလေးက ပြင်းထန်စွာတုန့်ပြန်နေခဲ့သည်မို့ ထိုလူက သေချာပေါက် အမျိသားဇာတ်လိုက်တစ်ယောက်ပင်ဖြစ်ရချေမည်။
နဉ်ရှုက နူးညံ့စွာချောင်းဟန့်ကာ ပြောလေ၏။
"ရေစက်ရှိလို့ ဆုံတွေ့ရတာပါပဲ။ ဘာလို့ ကျွန်မတို့နဲ့အတူထိုင်ပြီး ရေမသောက်တာလဲ သခင်လေးရှင်?"
အမျိုးသားက နဉ်ရှုကို လက်သီးဆုပ်အရိုအသေပေးကာပြောလာသည်။
"ကျေးဇူးအများကြီးတင်ပါတယ် သခင်မလေးခင်ဗျာ။"
...
Advertisement
- In Serial149 Chapters
Soul For A Girlfriend?
"Make girls fall in love with you or accept your death." The female devil smiled through her crimson eyes and her white hairs shining under the moonlight.
8 390 - In Serial15 Chapters
A Different Kind of God
The city that never sleeps is one like no other. You could look at the wolves on Wallstreet trying to make a buck or you could look at the more fun things, the more supernatural things. There are all manner of these things in the underbelly of New York whether it be gods, demons, monsters, or even vampires. Now, where does Liam fit in? ... This is a Percy Jackson/Elderscrolls Fanfic I came up with in my free time. After writing 16 chapters I had some people DM me about co-posting it to different sites. Currently, I have it up over on Fanficiton.net and Spacebattles but as I saw this site allows fanfiction, and I use this site a lot, I decided to start posting it here as well. Feel free to enjoy it or hate it, I'm just writing to have some fun. If you're wanting to read it on either of those two sites I have the same name on both.
8 158 - In Serial11 Chapters
cocaine makes you boring ; ws oneshots
an old oneshot book but full of angst and wilbur-centric, not writing for this anymore
8 177 - In Serial33 Chapters
Worth: A Star Wars Story
***OLD VERSION***-Part II of the 'Heart of Empire, Heart of Rebellion' Series-CT-7209 was a member of the Coruscant Guard with a strong dislike of Jedi. By the book and a veteran clone commander, he knows how to get the job done. When an assassin cell appears to be on the loose targeting not only high-profile senators but the Chancellor as well, he finds himself deployed to hunt them down.Only there's a catch. His partner is Talen Jall, the new young and fiery padawan of Jedi Master Agen Kolar who makes up for his lack of experience with blinding enthusiasm. The two work on catching the assassins and overcome their mutual distrust in addition to stopping whoever is behind the assassinations, but a greater threat seems to be looming on the horizon as the Clone Wars near their close.----Highest Rank:#8 in #starwars [10/2/2019]
8 133 - In Serial11 Chapters
The Dead Dungeon
RJ was a great and powerful dungeon, a human reincarnated as a dungeon core he was proud of the monstrous humanoids and deadly traps he built. Unfortunately the awesome loot, and powerful magics that came from him drew the attention of many nations. During a brutal siege in which the elven nation tried to defend against the Southern dwarven kingdom, a rogue human faction snuck in and shattered RJ's core. Now the dungeon town is a burned ruin, the magnificent hundred level dungeon has colapsed, and in a tiny lonely crack, a shard of RJ remains. Lacking access to any of his old monsters or abilities, can he ressurect the dead dungeon? more importantly, can he stop the sentient races from discovering and fighting over him once again if he does? (Cover art by Yorugami Ahou [email protected]> https://twitter.com/ArtofYorugami )
8 434 - In Serial42 Chapters
The Girl They Won't Forget
*FINAL BOOK*At last, Saki found her place in the world - fighting side by side with the soon-to-be-legendary Team Avatar. That is, until she's forcibly returned to the Fire Nation. As always, life likes to throw curveballs just when Saki thinks things couldn't possibly get worse. The long-awaited battle with Firelord Ozai is growing closer, and Saki has a number of important decisions to make. To make things even more stressful: she begins to question many of those that had once been her most trusted friends. With all of this happening, it's more than any seventeen-year-old can handle.
8 173

