《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 62
Advertisement
[Zawgyi]
နဉ်ရှု : …
အစေခံက ပြောသည်။
"ရှောင်ဟုန်၊ ဒီကိုလာ။ ဒါက မင်းအတွက်။"
လီယုဖေးက ပြောသည်။
လီယုဖေးကပြောသည်။
...
[Unicode]
{ဒီပစ္စည်းတွေက ဖြည်းဖြည်းပဲမိတ်ဆက်ပေးရမှာ...}
နဉ်ရှုမှာ အပြင်တွင်ကြာမြင့်စွာရပ်နေခဲ့ရသဖြင့် ခြေထောက်တို့ထုံကျင်နေပြီဖြစ်သော်လည်း အခန်းထဲရှိလူနှစ်ယောက်သည်တော့ မပြီးဆုံးကြသေးပေ။ အရင်ကတော့ ချီရှန်းရဲာမိသားစုရတနာလေး တစ်ခုခုများဖြစ်သွားသလားလို့ နဉ်ရှုသိချင်နေခဲ့သော်ငြား အခုတော့ဖြင့် သူ့ရတနာလေးက အထင်ကြီးလောက်စရာကောင်းနေဆဲဖြစ်ပုံရ၏။ ဒါပေမယ့် ဒါက မျှော်လင့်ထားသလိုပါပဲ။ ပြီးတော့ ဇာတ်လိုက်အမျိုးသားရဲ့မိသားစုရတနာလေးက ဘယ်လိုလုပ်တစ်ခုခုဖြစ်နိုင်မှာတဲ့လဲ?
နဉ်ရှုသည် သူမ၏ထုံကျင်နေသောခြေထောက်တို့ကို လက်ဖြင့်ထု၏။ ထို့နောက်တွင်တော့ သူမ တံခါးဖွင့်သံကြားလိုက်ရကာ ချီရှန်းသည် တည်ငြိမ်ဟန်ဆောင်လျက် အပြင်သို့ထွက်လာလေ၏။ သူ့မျက်နှာက နီရဲနေကာ သူ့ကိုယ်သူ ကျေနပ်အားရနေပုံပေါ်သော်လည်း အရှက်တကွဲဖြစ်ခြင်းနှင့် ဒေါသထွက်ရခြင်းတို့ကိုလည်း ခံစားနေရပုံပေါ်၏။ ဒါက အရမ်းရှုပ်ထွေးလွန်းသည့်အမူအရာပင်။ ချီရှန်းသည် နဉ်ရှု၏ရုပ်ဆိုးဆိုးမျက်နှာကိုကြည့်ကာ ခက်ထန်စွာဆို၏။
"နောက်ပိုင်း ဒီသခင်လေး ဒီကိုလာတဲ့အခါ အပြင်မှာပဲနေ။ ငါ မင်းမျက်နှာကို မမြင်ချင်ဘူး။"
နဉ်ရှု : ငါကရော နင့်မျက်နှာကြီးကို သောက်ရမ်းတွေ့ချင်တဲ့ပုံပေါ်နေလို့လား?
Advertisement
သူမက ခေါင်းကိုငုံ့လိုက်ကာ ဘာမှမပြောသည်မို့ ချီရှန်းသည် အေးစက်စက်နှာမှုတ်ကာ ထွက်ခွာသွားလေ၏။
သူမ အခန်းထဲကိုဝင်မိချိန်၌ ပြင်းထန်လွန်းလှသောရမ္မက်ဇောရနံ့တို့ကို ချက်ချင်းဆိုသလိုရလိုက်သည်။ လီယုဖေးသည်ကား သူမ၏ကိုယ်ပေါ်တွင် အဝတ်လေးတစ်စသာလွှမ်းထားရင်း ခုံပေါ်၌ ပျင်းရိစွာထိုင်နေ၏။ သူမ၏မျက်နှာက ကျေနပ်မှုတို့ဖြင့်ပြည့်နေကာ ပြီးမြောက်ပြီးနောက်အရသာကို ခံစားနေပုံပေါ်သည်။
နဉ်ရှု သူမ၏မျက်လုံးများကိုအုပ်လိုက်သည်။ ဒါက အရမ်းညစ်ညမ်းလွန်းတယ်။ ဒီကမ္ဘာက တကယ်ကို အရှက်သိက္ခာမရှိတဲ့ကမ္ဘာပဲ။
လီယုဖေး မျက်လုံးဖွင့်လိုက်သည်။ နဉ်ရှုကိုမြင်သည်၌ သူမသည်အပြုံးလေးဖြင့်ဆိုလာ၏။
"မင်းရဲ့နည်းလမ်းက အလုပ်ဖြစ်သားပဲ။ အစ်ကိုရှန် ဒီလောက်စိတ်လှုပ်ရှားနေတာကို တို့ အရင်က တစ်ခါမှမတွေ့ဖူးဘူး။ သူက အရမ်းစိတ်အားထက်သန်နေပြီးကြမ်းတမ်းတယ်၊ သူက တို့ကို အငမ်းမရဝါးမြိုနေသလိုပဲ။ တို့ခြေထောက်တွေ အခုထိပျော့ခွေနေတုန်း။"
နဉ်ရှု ခေါင်းစဉ်ကို အလျင်အမြန်ပင်ပြောင်းလိုက်ရသည်။
"သခင်လေးက ဘာလို့ ညမအိပ်တာလဲ?"
လီယုဖေးက ရှက်ရွံ့စွာပြောလာသည်။
"တို့က အခုထိလက်မထပ်ရသေးဘူးလေ၊ ဒါကြောင့် အစ်ကိုရှန့်အတွက် ညအိပ်လို့မကောင်းဘူး။"
နဉ်ရှု : …
သူတို့က အတွင်းခံတွေချွတ်ပြီးတောင် ဖောင်းဒိုင်းပြီးနေကြပြီကို၊ ပြီးတော့ အကျယ်ကြီးလုပ်ခဲ့တာမို့ အိမ်တော်တစ်ခုလုံးလည်းကြားပြီးသွားပြီ၊ ဒါကို သူတို့က ဘာလို့အခုမှ အရမ်းတွေ ကျင့်ဝတ်လိုက်နာနေရတာလဲ?
ကျေးဇူးပြု ပြီး အရမ်းကြီးမလွန်ကြပါနဲ့ဟဲ့။
နဉ်ရှုမှာ လီယုဖေးအိပ်ပျော်သွားသည်ကို ငေးကြောင်ကာသာကြည့်နေမိ၏။ သူမရဲ့မျက်နှာက ကျေနပ်မှုတို့ဖြင့်ရွှင်ပျတောက်ပနေဆဲဖြစ်သည်။
နဉ်ရှု : အနည်းဆုံးတော့ နင့်အိပ်ရာပေါ်နင်အိပ်လေ။ ဧည့်ခန်းထဲမှာ အဝတ်ဗလာနဲ့အိပ်တာက တကယ်ရောကောင်းလို့လား?
နဉ်ရှုသည် တံခါးကိုပင်ပိတ်ပေးချင်စိတ်မရှိတော့ဘဲ လှည့်ထွက်လာခဲ့၏။
သူမအခန်းကိုပြန်ရောက်ချိန်၌ ယွဲ့လန်သည် အလျင်အမြန်လာကာမေး၏။
"မမလေး၊ အဲ့မိန်းမက မမလေးကို တစ်ခုခုလုပ်သေးလား?"
"မလုပ်ပါဘူး။ နင့်မမလေး လုံးဝအဆင်ပြေတယ်။"
နဉ်ရှုမှာ အလွန်ပင် ပင်ပန်းနေကာ အိပ်ရာပေါ်လှဲလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့တွင်မူ နဉ်ရှုဆစ်ယောက်အေးချမ်းစွာအိပ်ပျော်နေဆဲမှာပင် အိပ်ရာထဲမှဆွဲခေါ်ခြင်းခံလိုက်ရ၏။ သူမ မျက်လုံးဖွင့်လိုက်သည်။ ထိုသူက လီယုဖေးကိုခစားနေသည့်အစေခံဖြစ်သည်ကိုမြင်သောအခါ သူမ မေးလိုက်သည်။
"လူကိုတောင် အိပ်ခွင့်မပေးနိုင်ရလောက်အောင် ဘာတွေများအရေးတကြီးဖြစ်နေရတာလဲ အစ်မရဲ့။"
အစေခံက ပြောသည်။
"အခု ဘယ်အချိန်ရှိနေပြီလဲဆိုတာ နင်မသိဘူးလား? ဒီလောက်နောက်ကျတဲ့အထိ နင်ဘယ်လိုတောင်အိပ်နိုင်ရတာလဲ? သခင်မလေး နင့်ကိုစောင့်နေတယ်။"
နဉ်ရှုသည် စူပုတ်နေသောမျက်နှာပေးနှင့် လီယုဖေးကိုတွေ့ရန် အစေခံနောက်မှလိုက်သွားခဲ့၏။ လီယုဖေး၏တစ်ကိုယ်လုံးသည် ပန်းရောင်ပြေးနေ၏။ ဖူးဖူးမှုတ်အလိုလိုက်ချစ်ခင်ခြင်းခံရသောကြောင့် သူမရဲ့သားအရေက ကောင်းမွန်ကာနီထွေးနေ၏။
သူမသည် အလင်းတစ်ချို့ကိုပင်ထုတ်လွှတ်နေသည့်နှယ်။
"ရှောင်ဟုန်၊ ဒီကိုလာ။ ဒါက မင်းအတွက်။"
လီယုဖေးသည် နဉ်ရှုကို ရှုံ့အိတ်ကလေးတစ်လုံးပေး၏။ နဉ်ရှု အိတ်ကိုဖွင့်လိုက်သည်။ အိတ်ထဲတွင် လေးလံလှသောငွေချောင်းနှစ်ချောင်းရှိနေ၏။ သူမသည် အိတ်ကို အလျင်အမြန်ပင်သိမ်းဆည်းလိုက်သည်။ ပိုက်ဆံတွေအများကြီးရှိတာက အမြဲတမ်းကောင်းတာပဲလေ။
"မင်း ဒီတစ်ကြိမ် ကောင်းကောင်းလုပ်ခဲ့တာပဲ။"
လီယုဖေးက ပြောသည်။
"ဒါပေမယ့် မနေ့ညက အစ်ကိုရှန်က ကြာပွတ်ကို တကယ်သဘောမကျတဲ့ပုံပဲ။ တို့ သုံးလို့ရတဲ့ တစ်ခြားပစ္စည်းများရှိမလား?"
နဉ်ရှုသည် သူမ၏မျက်ခုံးထူထူကြီးများကိုပင့်ကာဆို၏။
"သူက ကြာပွတ်ကိုမကြိုက်ရင် ဖယောင်းစက်ချပြီးလုပ်။ ဒါပေမယ့် ကြာပွတ်ကိုဆက်သုံးဦး။ ဒီတစ်ကြိမ်တော့ သူ့ကို ရှင့်ကိုရိုက်ခိုင်းလိုက်။ ဒီပစ္စည်းတွေက ဖြည်းဖြည်းလေးပဲမိတ်ဆက်ပေးရမှာ။ သခင်လေးက ဒီစိတ်လှုပ်ရှားစရာကောင်းတဲ့နည်းလမ်းကို ရင်းနှီးလာတာနဲ့အမျှ သူက တစ်ခြားမိန်းကလေးတွေကို စိတ်ဝင်စားတော့မှာမဟုတ်ဘဲ သူ့နှလုံးသားကို မမလေးယုဖေးတစ်ယောက်တည်းပဲပိုင်ဆိုင်ရလိမ့်မယ်။"
"ဒါဆို တို့ကို အဲ့ဒါတွေပြင်ဆင်ဖို့ ကူညီပေးပါဦး။"
လီယုဖေးကပြောသည်။
နဉ်ရှု ခေါင်းငြိမ့်လိုက်သည်။
...
Advertisement
- In Serial35 Chapters
The Astral Sea
Rydel saw an opportunity to become what he had always desired after getting reborn into a fantastical world. His objective? Travel across the world free and unrestrained. Alas, not everything is sunshine and rainbows. He will need to avoid calamities and psychotic gods, taking advantage of any chance to become stronger.A cultivation litrpg novel that will hook you without mercy.Release schedule is every day at 9pm GMT, the average chapter length is 2000~ words.
8 264 - In Serial17 Chapters
Guardium
Year 3184: Earth remains divided. Five years ago, a comet storm known as Orbital bombardment ravaged the Sol galaxy and left many humans scrambling to find new lives beyond the stars. Those who stay face many challenges to keep their world alive. Though splintered, Earth still retains hope underfoot. Gaia, who emerged to save Her people that day. But ever since, she has remained dormant and hidden from the world when they needed her most. That is, until one Illian Jones answered her pleas. Despite his blue-collar occupation as an intergalactic diamond miner, Illian learns he is destined for greater things. He is the only one who can speak to Gaia. He is one of many Messengers who speak for their Gods in the mortal coil. In all iterations, they call their congregation Guardium. When an ancient army awakens to reclaim Earth through means of war, it will be up to Illian to unite his people and prove once and for all that Earth is not yet dead. --- Guardium is Science Fiction like you've never read before. Meet legendary figures, engage in exciting warfare, and learn what it means to be one part of a bigger whole. The perfect cross between Star Wars, Mass Effect, and Greek epics such as The Illiad! Also on Wattpad and Tapas.
8 154 - In Serial6 Chapters
Stars' Boundless Domain
For all that exists there is a star, be it human beings, plants, or even a single person, be it a group or a single existence, there is a star that represents it. This story is about the star that shined brightest of them all, that burned with all it’s glory and endless streams of powers on the road that is cultivation, the story about how he, Lios, made the world of cultivation turn upside down.
8 183 - In Serial83 Chapters
Mary Susan Oceanrunner and the Brutus Saint's Academy
Join Mary Susan Oceanrunner on her quest to do... erm... something really important for the world... probably... Ahem. Long gone are the days when every hero could do whatever they wanted - now, we are civilised. We have government. Law. And proper forms. Lots of proper forms. (Final episode 25/07/2022. Also - beta readers far into the book rate the 'gore' degree as below 2/10, so the warning is a bit much) Mary Susan Oceanrunner is a poor girl from the orphanage, who like many others before, has to fulfil her destiny. The prophecy had been told, and she is the only one who can make things right. Erm... probably. Anyway, she can't just go and kill monsters like in the middle ages. First, she must apply for the appropriate permissions, fill the forms, learn about the proper loot taxations... Hey, no one said adventuring would be easy, right? Disclaimers: No claim made by any character by the book should be treated as the author's or anyone else's opinion on any subject. Most likely, it was just the funniest thing the Author could think of at the time of writing. This book contains many references to other works. It will probably be best enjoyed by individuals familiar with at least some of the following: 1) Computer games2) Fantasy in general3) Science fiction4) Tabletop RPGs5) Conspiracy theories6) Corporation work life7) Long forgotten prophecies uttered millennia ago in almost as forgotten languages under a starless night three dusks before the great convergence8) Filling any government-mandated form9) School10) EnglishMy ultimate goal is to make as many people experience something akin to joy while reading (think ~a bit louder exhale through the nose). It doesn't mean every scene will be funny or joyful because that's not how this stuff works. I can neither confirm nor deny having any other hidden agenda outside of that. (11.01.2022 NEW COVER by Philippa_and_art. You can find her here: https://www.instagram.com/philippa_and_art/)
8 118 - In Serial7 Chapters
Secret Santa
Marinette and Adrien are paired for their class Secret Santa exchange, but the simple gifts set in motion something much larger and more complete than either of them alone.
8 195 - In Serial6 Chapters
The Midori Cafe
What if All Might never found Izuku after the sludge incident? what if Izuku gave up on being a hero and opened a cafe instead?read more to find outAka a person who only reads/writes angst attempts to write fluff.Completed.
8 130