《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 60
Advertisement
[Zawgyi]
{လီယုေဖးရဲ႕အေစခံ}
နဥ္ရႈ အံ့ၾသသြားသည္။ လီယုေဖးက သူမကို ဘာမ်ားေမးနိုင္ေလာက္မလဲ? သို႔ျဖစ္ရကား သူမသည္ ပို၍နီးေအာင္တိုးကပ္သြားကာေမးေလ၏။
"သခင္မေလးယုေဖးမွာ ဒီအေစခံကို ေမးစရာရွိေနလို႔လား?"
လီယုေဖးသည္ သူမ၏နွာေခါင္းကိုပိတ္ကာ ေနာက္ကို ထပ္ဆုတ္ရင္း ေမးသည္။
"မင္းက အစ္ကိုရွန္ရဲ႕ကိုယ္ပိုင္အေစခံပဲ၊ ဒီေတာ့ အစ္ကိုရွန္႔မွာ သူသေဘာက်တဲ့တစ္ျခားတစ္ေယာက္ရွိေနရင္ မင္းသိမွာေပါ့?"
နဥ္ရႈသည္ သူမ၏ပန္ဒါမ်က္လံုးမ်ားကို ဖြင့္ခ်ည္ပိတ္ခ်ည္လုပ္ကာ မည္းနက္ကာ ေပါက္ဖက္တစ္ေကာင္နွယ္ျဖစ္ေနသည့္မ်က္ခံုးမ်ားကိုပင့္ရင္း ရွင္းျပသည္။
"ဘာလို႔ ဒါကိုေမးရတာလဲ သခင္မေလးယုေဖးရဲ႕? သခင္မေလးက သခင္ေလးရဲ႕အခ်စ္စစ္ပါပဲ။ မဟုတ္ေသးဘူး၊ ကြၽန္မ-ဒီအေစခံေျပာခ်င္တာက...သင္ေလးက သခင္မေလးတစ္ေယာက္တည္းကိုပဲခံစားခ်က္ရွိတာပါလို႔။"
နဥ္ရႈ၏စကားမ်ားက လီယုေဖး၏မ်က္နွာထပ္တြင္ ရႊင္ျပသည့္အၿပံဳးတစ္ခုကိုျဖစ္တည္လာစ၏။ ထို႔ေနာက္ သူမသည္ နဥ္ရႈကို ၾကင္နာစြာၾကည့္လာရကား နဥ္ရႈတစ္ေယာက္ တုန္တက္သြားေတာ့သည္။ သူမက ခ်ီရွန္းမဟုတ္ဘူးေလ၊ လီယုေဖးက သူမကို ဘာလို႔ ကလူသလိုလိုျမႇဴ သလိုလိုလာၾကည့္ေနရတာလဲ?
"အစ္ကိုရွန္က တို႔ကိုဂရုစိုက္မွန္း တို႔သိသားပဲ။"
လီယုေဖးသည္ အနည္းငယ္ရွက္ရံြ႕လ်က္ရွိ၏။
နဥ္ရႈ : …
ဒါက သူမကို ဒီကိုေခၚရတဲ့ကိစၥေပါ့ေလ? သူမရဲ႕စိတ္ခံစားခ်က္ေတြကို ထိခိုက္နာက်င္သြားေအာင္ႀကိဳးစားဖို႔လား?
"ဒါေပမယ့္..."
လီယုေဖး၏မ်က္နွာထက္မွအၿပံဳးသည္ ေပ်ာက္ကြယ္သြားကာ သူမသည္ နဥ္ရႈကို ေလးနက္စြာၾကည့္လာ၏။
"အစ္ကိုရွန္ရဲ႕နွလံုးသားက တစ္ျခားသူတစ္ေယာက္အေပၚကိုလည္းယိမ္းယိုင္ေနတာကို တို႔ခံစားမိတယ္။ ရွင္းရွင္းလင္းလင္းကိုခံစားမိေနတာ။"
မိန္းမတစ္ေယာက္ရဲ႕ဆဠမအာရံုက တကယ္ကိုေၾကာက္ဖို႔ေကာင္းတာပဲ။ သူမ မွန္ကန္ေအာင္ခန္႔မွန္းနိုင္တယ္။
နဥ္ရႈသည္ သူမ၏လက္ကိုယမ္းကာဆို၏။
"သခင္မေလးယုေဖးက အေတြးလြန္ေနျပန္ပါၿပီ။ သခင္မေလး ဘာလို႔ဒီလိုခံစားေနရလဲဆိုတာ ရွင္းပါတယ္။ ဟုိဟာေၾကာင့္ ဟုတ္တယ္မလား?"
"ဘာဟိုဟာလဲ?"
လီယုေဖးသည္ နဥ္ရႈကို မ်က္ေမွာင္ကုတ္ကာၾကည့္၏။
နဥ္ရႈသည္ ရွက္ရံြ႕စြာျဖင့္ ေျခကိုေဆာင့္ရင္း မ်က္နွာကိုအုပ္ကာဆိုသည္။
"အိုက္ယား၊ သခင္မေလးယုေဖးရယ္၊ သခင္မေလး သိပါတယ္~"
လီယုေဖး၏မ်က္နွာသည္ အနက္ေရာင္လိုင္းမ်ားျဖင့္ျပည့္နွက္သြားရင္းဆို၏။
"ရွင္းေအာင္ေျပာစမ္းပါ။"
"အဟမ္း..."
နဥ္ရႈသည္ ခပ္တိုးတိုးေခ်ာင္းဟန္႔လိုက္ၿပီးေနာက္ ေျပာသည္။
"အိပ္ရာေပၚကကိစၥေတြက နည္းနည္းပ်င္းစရာေကာင္းေနၿပီး သခင္ေလးက သခင္မေလးကို ၿငီးေငြ႕သြားၿပီလို႔ ခံစားေနရတယ္မလား သခင္မေလးယုေဖး?"
"ဘယ္လို-၊ မင္း ဘာေတြေလ်ွာက္ေျပာေနတာလဲ?"
လီယုေဖး၏မ်က္နွာမွာ ရွက္ရံြ႕မႈေၾကာင့္ နီရဲလို႔သြားေခ်၏။
နဥ္ရႈ : နင္ေလး ကိြစိကြစလုပ္ေနတုန္းက ရွက္ေနတဲ့ပံုစံကို ငါလံုးဝမေတြ႕မိဘူးေနာ္။ အခု နင္သရုပ္ေဆာင္ေနတာႀကီးက အရမ္းမ်ားလြန္းတယ္။
"ေယာက်္ားေတြအားလံုးက အသစ္အဆန္းေတြကို သေဘာက်ၾကတာပဲမဟုတ္ဘူးလား?"
နဥ္ရႈသည္ သူမ၏ေသြးနီေရာင္နႈတ္ခမ္းမ်ားကိုဖြင့္ဟကာ အရွက္ကင္းမဲ့သည့္ဟန္ၿပံဳး၏။ လီယုေဖးသည္ သူမကိုၾကည့္ကာေမးသည္။
"မင္းမွာ နည္းလမ္းရွိတာလား?"
"သခင္မေလးအေနနဲ႔ ေယာက်္ားတစ္ေယာက္ရဲ႕နွလံုးသားကိုဖမ္းစားနိုင္ခ်င္ရင္ သူက သခင္မေလးကို အရူးအမူးစဲြလန္းလာဆအာင္လုပ္ရမယ္။"
နဥ္ရႈသည္ အလြန္အင္မတန္မွအေတြ႕အႀကံဳမ်ားေလဟန္ျဖင့္ဆို၏။
လီယုေဖးသည္ နဥ္ရႈအားၾကည့္၏။
"အရူးအမူးစဲြလန္းလာေအာင္လုပ္ရမယ္ဆိုတာက ဘာကိုဆိုလိုတာလဲ? မင္းမွာ အေတြ႕အႀကံဳရွိတဲ့ပံုပဲ။"
"ခီြး...အဟြတ္ အဟြတ္။ အိုး...သခင္မေလးရယ္! မုန္းဖို႔ေကာင္းလိုက္တာ!"
နဥ္ရႈသည္ သူမ၏မ်က္နွာကို လက္ကိုင္ပဝါျဖင့္အုပ္ကာဆို၏။
"ဒါက ပံုမွန္ပါပဲ၊ သခင္မေလး သိရဲ႕လား?"
လီယုေဖးသည္ သူမ၏မ်က္လံုးမ်ားကိုေမွးစင္းလိုက္၏။
"ဒီလိုဆိုရင္ အခုကစၿပီး မင္းက တို႔အေစခံလုပ္ရမယ္။ တို႔ အစ္ကိုရွန္႔ကိုေျပာလိုက္မယ္။"
ရူးေလာက္စရာအလွည့္အေျပာင္းႀကီးပဲဟ။ သူမက ဘယ္လိုလုပ္ လီယုေဖးရဲ႕အေစခံျဖစ္သြားရတာလဲ?
ဒါေပမယ့္လည္း ဘဝက အၿမဲတမ္းဒီလိုပါပဲေလ။ အစကေတာ့ သူမ တကယ္ပဲ ေခ်းအိုးေတြေဆးရေတာ့မယ္လို႔ထင္ထားတာ။
"မင္းရဲ႕ အေတြ႕အႀကံဳေတြအားလံုး တို႔ကိုေျပာျပ။"
လီယုေဖးသည္ အင္မတန္မွခ်မ္းသာႂကြယ္ဝေသာမမေလးတစ္ဦး၏ဟန္ပန္ျဖင့္ေျပာလာ၏။
"ကိစၥေတြက ေကာင္းေကာင္းမြန္မြန္ျဖစ္ေနေသးသေ႐ြ႕ မင္း အက်ိဳးခံစားရပါလိမ့္မယ္။"
နဥ္ရႈ : …
သူမ ပိုၿပီးအေရထူေအာင္လုပ္ရေတာ့မယ့္အခ်ိန္ပဲ။
နဥ္ရႈသည္ ရုန္႔ရင္းစြာၿပံဳးကာ သူမ၏ရင္ဘတ္ကိုပုတ္ရင္း ယံုၾကည္မႈအျပည့္ျဖင့္ဆို၏။
"ဒီအေစခံရဲ႕တာဝန္သာ ထားလိုက္ပါ သခင္မေလးယုေဖး! ဒီအေစခံက ဒါကို ေသခ်ာေပါက္ ေကာင္းေကာင္းကိုင္တြယ္မွာပါ။"
လီယုေဖးသည္ 'အန္'ဟုသာ တုန္႔ျပန္လာေခ်၏။
...
[Unicode]
{လီယုဖေးရဲ့အစေခံ}
နဉ်ရှု အံ့သြသွားသည်။ လီယုဖေးက သူမကို ဘာများမေးနိုင်လောက်မလဲ? သို့ဖြစ်ရကား သူမသည် ပို၍နီးအောင်တိုးကပ်သွားကာမေးလေ၏။
"သခင်မလေးယုဖေးမှာ ဒီအစေခံကို မေးစရာရှိနေလို့လား?"
လီယုဖေးသည် သူမ၏နှာခေါင်းကိုပိတ်ကာ နောက်ကို ထပ်ဆုတ်ရင်း မေးသည်။
"မင်းက အစ်ကိုရှန်ရဲ့ကိုယ်ပိုင်အစေခံပဲ၊ ဒီတော့ အစ်ကိုရှန့်မှာ သူသဘောကျတဲ့တစ်ခြားတစ်ယောက်ရှိနေရင် မင်းသိမှာပေါ့?"
နဉ်ရှုသည် သူမ၏ပန်ဒါမျက်လုံးများကို ဖွင့်ချည်ပိတ်ချည်လုပ်ကာ မည်းနက်ကာ ပေါက်ဖက်တစ်ကောင်နှယ်ဖြစ်နေသည့်မျက်ခုံးများကိုပင့်ရင်း ရှင်းပြသည်။
"ဘာလို့ ဒါကိုမေးရတာလဲ သခင်မလေးယုဖေးရဲ့? သခင်မလေးက သခင်လေးရဲ့အချစ်စစ်ပါပဲ။ မဟုတ်သေးဘူး၊ ကျွန်မ-ဒီအစေခံပြောချင်တာက...သင်လေးက သခင်မလေးတစ်ယောက်တည်းကိုပဲခံစားချက်ရှိတာပါလို့။"
နဉ်ရှု၏စကားများက လီယုဖေး၏မျက်နှာထပ်တွင် ရွှင်ပြသည့်အပြုံးတစ်ခုကိုဖြစ်တည်လာစ၏။ ထို့နောက် သူမသည် နဉ်ရှုကို ကြင်နာစွာကြည့်လာရကား နဉ်ရှုတစ်ယောက် တုန်တက်သွားတော့သည်။ သူမက ချီရှန်းမဟုတ်ဘူးလေ၊ လီယုဖေးက သူမကို ဘာလို့ ကလူသလိုလိုမြှူ သလိုလိုလာကြည့်နေရတာလဲ?
"အစ်ကိုရှန်က တို့ကိုဂရုစိုက်မှန်း တို့သိသားပဲ။"
လီယုဖေးသည် အနည်းငယ်ရှက်ရွံ့လျက်ရှိ၏။
နဉ်ရှု : …
ဒါက သူမကို ဒီကိုခေါ်ရတဲ့ကိစ္စပေါ့လေ? သူမရဲ့စိတ်ခံစားချက်တွေကို ထိခိုက်နာကျင်သွားအောင်ကြိုးစားဖို့လား?
"ဒါပေမယ့်..."
လီယုဖေး၏မျက်နှာထက်မှအပြုံးသည် ပျောက်ကွယ်သွားကာ သူမသည် နဉ်ရှုကို လေးနက်စွာကြည့်လာ၏။
"အစ်ကိုရှန်ရဲ့နှလုံးသားက တစ်ခြားသူတစ်ယောက်အပေါ်ကိုလည်းယိမ်းယိုင်နေတာကို တို့ခံစားမိတယ်။ ရှင်းရှင်းလင်းလင်းကိုခံစားမိနေတာ။"
မိန်းမတစ်ယောက်ရဲ့ဆဠမအာရုံက တကယ်ကိုကြောက်ဖို့ကောင်းတာပဲ။ သူမ မှန်ကန်အောင်ခန့်မှန်းနိုင်တယ်။
နဉ်ရှုသည် သူမ၏လက်ကိုယမ်းကာဆို၏။
"သခင်မလေးယုဖေးက အတွေးလွန်နေပြန်ပါပြီ။ သခင်မလေး ဘာလို့ဒီလိုခံစားနေရလဲဆိုတာ ရှင်းပါတယ်။ ဟိုဟာကြောင့် ဟုတ်တယ်မလား?"
"ဘာဟိုဟာလဲ?"
လီယုဖေးသည် နဉ်ရှုကို မျက်မှောင်ကုတ်ကာကြည့်၏။
နဉ်ရှုသည် ရှက်ရွံ့စွာဖြင့် ခြေကိုဆောင့်ရင်း မျက်နှာကိုအုပ်ကာဆိုသည်။
"အိုက်ယား၊ သခင်မလေးယုဖေးရယ်၊ သခင်မလေး သိပါတယ်~"
လီယုဖေး၏မျက်နှာသည် အနက်ရောင်လိုင်းများဖြင့်ပြည့်နှက်သွားရင်းဆို၏။
"ရှင်းအောင်ပြောစမ်းပါ။"
"အဟမ်း..."
နဉ်ရှုသည် ခပ်တိုးတိုးချောင်းဟန့်လိုက်ပြီးနောက် ပြောသည်။
"အိပ်ရာပေါ်ကကိစ္စတွေက နည်းနည်းပျင်းစရာကောင်းနေပြီး သခင်လေးက သခင်မလေးကို ငြီးငွေ့သွားပြီလို့ ခံစားနေရတယ်မလား သခင်မလေးယုဖေး?"
"ဘယ်လို-၊ မင်း ဘာတွေလျှောက်ပြောနေတာလဲ?"
လီယုဖေး၏မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲလို့သွားချေ၏။
နဉ်ရှု : နင်လေး ကွိစိကွစလုပ်နေတုန်းက ရှက်နေတဲ့ပုံစံကို ငါလုံးဝမတွေ့မိဘူးနော်။ အခု နင်သရုပ်ဆောင်နေတာကြီးက အရမ်းများလွန်းတယ်။
"ယောက်ျားတွေအားလုံးက အသစ်အဆန်းတွေကို သဘောကျကြတာပဲမဟုတ်ဘူးလား?"
နဉ်ရှုသည် သူမ၏သွေးနီရောင်နှုတ်ခမ်းများကိုဖွင့်ဟကာ အရှက်ကင်းမဲ့သည့်ဟန်ပြုံး၏။ လီယုဖေးသည် သူမကိုကြည့်ကာမေးသည်။
"မင်းမှာ နည်းလမ်းရှိတာလား?"
"သခင်မလေးအနေနဲ့ ယောက်ျားတစ်ယောက်ရဲ့နှလုံးသားကိုဖမ်းစားနိုင်ချင်ရင် သူက သခင်မလေးကို အရူးအမူးစွဲလန်းလာဆအာင်လုပ်ရမယ်။"
နဉ်ရှုသည် အလွန်အင်မတန်မှအတွေ့အကြုံများလေဟန်ဖြင့်ဆို၏။
လီယုဖေးသည် နဉ်ရှုအားကြည့်၏။
"အရူးအမူးစွဲလန်းလာအောင်လုပ်ရမယ်ဆိုတာက ဘာကိုဆိုလိုတာလဲ? မင်းမှာ အတွေ့အကြုံရှိတဲ့ပုံပဲ။"
"ခွီး...အဟွတ် အဟွတ်။ အိုး...သခင်မလေးရယ်! မုန်းဖို့ကောင်းလိုက်တာ!"
နဉ်ရှုသည် သူမ၏မျက်နှာကို လက်ကိုင်ပဝါဖြင့်အုပ်ကာဆို၏။
"ဒါက ပုံမှန်ပါပဲ၊ သခင်မလေး သိရဲ့လား?"
လီယုဖေးသည် သူမ၏မျက်လုံးများကိုမှေးစင်းလိုက်၏။
"ဒီလိုဆိုရင် အခုကစပြီး မင်းက တို့အစေခံလုပ်ရမယ်။ တို့ အစ်ကိုရှန့်ကိုပြောလိုက်မယ်။"
ရူးလောက်စရာအလှည့်အပြောင်းကြီးပဲဟ။ သူမက ဘယ်လိုလုပ် လီယုဖေးရဲ့အစေခံဖြစ်သွားရတာလဲ?
ဒါပေမယ့်လည်း ဘဝက အမြဲတမ်းဒီလိုပါပဲလေ။ အစကတော့ သူမ တကယ်ပဲ ချေးအိုးတွေဆေးရတော့မယ်လို့ထင်ထားတာ။
"မင်းရဲ့ အတွေ့အကြုံတွေအားလုံး တို့ကိုပြောပြ။"
လီယုဖေးသည် အင်မတန်မှချမ်းသာကြွယ်ဝသောမမလေးတစ်ဦး၏ဟန်ပန်ဖြင့်ပြောလာ၏။
"ကိစ္စတွေက ကောင်းကောင်းမွန်မွန်ဖြစ်နေသေးသရွေ့ မင်း အကျိုးခံစားရပါလိမ့်မယ်။"
နဉ်ရှု : …
သူမ ပိုပြီးအရေထူအောင်လုပ်ရတော့မယ့်အချိန်ပဲ။
နဉ်ရှုသည် ရုန့်ရင်းစွာပြုံးကာ သူမ၏ရင်ဘတ်ကိုပုတ်ရင်း ယုံကြည်မှုအပြည့်ဖြင့်ဆို၏။
"ဒီအစေခံရဲ့တာဝန်သာ ထားလိုက်ပါ သခင်မလေးယုဖေး! ဒီအစေခံက ဒါကို သေချာပေါက် ကောင်းကောင်းကိုင်တွယ်မှာပါ။"
လီယုဖေးသည် 'အန်'ဟုသာ တုန့်ပြန်လာချေ၏။
...
Advertisement
- In Serial14 Chapters
The Daily Life of a Divine Soul
Finding himself at the verge of entering the Sea of Souls after dying a sudden and unexpected death, Leng Yu was not allowed to rest easy as he was dragged back into the world of the living by a great evil! Forcing his poor soul to become the medium that will devour two of the most powerful experts of another world! Yu is then granted a new and terrifying body that can withstand his newfound divine might by the God of the other world! Join Leng Yu as he lives a carefree life in the most brutal continent of this other world. Obtaining a Spirit Queen as his wife, exploring the world's wide array of fragrant teas as well as causing countless jaws to drop and numerous eyes to widen as he does!
8 170 - In Serial12 Chapters
Aw Cluck
Grover had been battling his sickness for a long time, and he was ready to find peace in the afterlife. Unfortunately, when he opens his eyes for the first time after death, he realizes he's inside an egg! What the cluck? Join Grover as he discovers his place in the pecking order of this new world. He may be winging it, but he certainly knows you've gotta break a few eggs to make an omelet.
8 170 - In Serial6 Chapters
The End of Apocrypha
God eventually arrived to save humanity, but the term "save" means "butcher," since his creatures slaughtered every life on Earth before setting it ablaze. When a bright light arose in the sky and various things with horrific features emerged from the clouds, Nathan, a college student, was getting ready to travel to his university with his friend Deo... Will he be able to protect the people he loves about, or will he succumb in a fate worse than death?
8 102 - In Serial8 Chapters
Vendor of Spirits
A warlock once made a pact with the Powers Above. He snuck in a clause that resurrected him whenever he died, with all his memories intact. He lived for thousands of years in a hundred different bodies, changing the world into a dystopian regime where he could freely pursue his passions: alcohol, television and ducks. This made the Powers Above very angry, so they erased his memories and reincarnated him as a simple barmaid in a sleepy village where she could do no harm. I don’t know any of this, of course. I just find it very annoying that she’s chosen me to tag along with.
8 209 - In Serial51 Chapters
Pathetic || Seth Clearwater
"I am a leach. I will take all your love and desire and never say thank you"."I will never ask you to".Seth Clearwater x male OCSet during eclipse
8 163 - In Serial18 Chapters
Second Chance: Soldier & Daughter
Stripped of a normal life, the soldier loses his raison d'etre... Stripped of a normal life, the child has her only father taken from her... A soldier, turned an avenger. A girl, prophesied to kill the gods. Living in vastly different worlds, the soldier is brought to protect the Messiah. Through peril together, the soldier gains a new purpose as the girl becomes his daughter. Reino Steysa, is resurrected into a new world to protect a little demi human shark girl named Lusaia. Containing the mana of half the world, the gods sought to find the child and either kill her or use her. To the soldier who has lived through such a fate, Reino cannot allow such fate to befall upon this child. Swearing to protect the girl as if she's the daughter that he once lost, they travel across the continent of Necrosia seeking refuge wherever possible. However, fate is never so kind to them...
8 208

