《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 59
Advertisement
[Zawgyi]
{ျပန္ဝင္စားလာတဲ့ဆန္ေစ့ေတြရဲ႕ရနံ႔}
ယဲြ႕လန္က နွာေခါင္းကိုအုပ္ကာေမးသည္။
"ကြၽန္မတို႔ ဒါကို တကယ္ႀကီးလုပ္မွာလား မမေလး? အနံ႔က အရမ္းဆိုးလြန္းတယ္။"
နဥ္ရႈက သူမလက္မ်ားကိုပုတ္ခါလိုက္ကာ ႏူးညံ့စြာဆို၏။
"နင့္မမေလးက ျမင့္ျမတ္ၿပီးသီးျခားဆန္တဲ့သူပဲ၊ နင့္မမေလးက ဒီလိုအလုပ္မီုးကို ဘယ္လိုလုပ္ လုပ္မွာလဲ? ဒီအလုပ္နဲ႔စာရင္ အဝတ္ေလ်ွာ္တာကမွ ပိုၿပီးသိကၡာရွိေသးတယ္။"
"ဒါဆို ထြက္သြားၾကရေအာင္ပါ မမေလး။ မမေလးပဲ ေလာကႀကီးထဲလွည့္ပတ္သြားမယ္လို႔ ေျပာခဲ့တယ္မဟုတ္ဘူးလား? အခု သြားၾကရေအာင္ပါ။ ခရာကိုမႈတ္ၿပီး သက္ေတာ္ေစာင့္ကို ကြၽန္မတို႔ကို ဒီကေနေခၚသြားခိုင္းပါ မမေလး။"
ယဲြ႕လန္က အသက္ေအာင့္ထားသည္ျဖစ္ရာ သူမရဲ႕ပါးျပင္ေတြက နီျမန္းလာ၏။
နဥ္ရႈက သူမေခါင္းကို ေလးဆယ့္ငါးဒီဂရီေလာက္ေမာ့ကာ သူမရဲ႕ဆဲြေဆာင္မႈရွိၿပီးဝမ္းနည္းမႈေတြျပည့္ေနတဲ့မ်က္ဝန္းနဲ႔ ေကာင္းကင္ကိုၾကည့္လိုက္သည္။ သူမရဲ႕ လူျပက္လိုမ်က္နွာနဲ႔ေပါင္းလိုက္တဲ့အခါ ဒီျမင္ကြင္းက ေဖာ္ျပလို႔မရနိုင္ေလာက္ေအာင္ပင္ ၾကက္သီးထဖို႔ေကာင္းေနေတာ့သည္။
"နင့္မမေလးမွာ လုပ္စရာေလးေတြရွိေနေသးတယ္။ ၿပီးရင္ေတာ့ သိပ္မၾကာခင္ ထြက္သြားနိုင္ေတာ့မွာပါ။"
နဥ္ရႈက သက္ျပင္းခ်ကာဆိုသည္။
ယဲြ႕လန္ : …
"မမေလး ဘာလုပ္ဖို႔ႀကိဳးစားေနတယ္ဆိုတာ ဒီအေစခံ လံုးဝနားမလည္နိုင္ေတာ့ဘူး။"
ထို႔ေနာက္ ယဲြ႕လန္က ျပတ္သားစြာေခါင္းၿငိမ့္၏။
"ဒါေပမယ့္ မမေလးဘယ္သြားသြား၊ ဒီအေစခံလိုက္ေနမွာပါ။"
နဥ္ရႈမွာ စကားေျပာရင္းနွင့္ မ်က္ရည္မ်ားစီးက်လာ၏။
"ဒီအနံ႔က အရမ္းကိုပဲ။"
ေခ်းနံ႔နဲ႔ေသးနံ႔ေတြက မႊန္ထူေနတာပဲ။
"ဟုတ္တယ္။"
ယဲြ႕လန္သည္လည္း မ်က္ရည္မ်ားကိုသုတ္လိုက္၏။
"ေရွာင္ဟုန္၊ ငါ့သခင္မေလးက နင့္ကိုရွာေနတယ္။"
အေစခံတစ္ေယာက္က နဥ္ရႈကို ခပ္လွမ္းလွမ္းမွေန၍ လွမ္းေအာ္သည္။
လီယုေဖးရဲ႕အေစခံကို နဥ္ရႈျမင္လိုက္ၿပီးသည္နွင့္ ျဖစ္နိုင္ေခ်ရွိသမ်ွညစ္ပတ္ဆို႐ြားတဲ့ဇာတ္လမ္းေတြအားလံုးက သူမေခ့င္းထဲျဖတ္ေျပးသြားသည္။ ခ်ီရွန္းက သူမကို မ်က္နွာသာထပ္မေပးေတာ့တာကို လီယုေဖး သတိထားမိလို႔ ဒါကို အခြင့္အေရးအျဖစ္အသံုးခ်ၿပီး သူမကိုနွိပ္စက္မလို႔လား?
သူမရုပ္ရည္ေလး ပ်က္စီးေတာ့မွာလား!?
"ျမန္ျမန္ေလး ေရွာင္ဟုန္!"
အေစခံမေလးက နဥ္ရႈမလႈပ္တာကိုျမင္ေသာ္ျငား အနားကိုမလာရဲသျဖင့္ နဥ္ရႈကို စိတ္မရွည္စြာသာလွမ္းေအာ္၏။
နဥ္ရႈက လမ္းေလ်ွာက္လာၿပီး သူမနဲ႔အတူပါလာတဲ့ ျပင္းထန္လြန္းလွတဲ့အနံ႔က အေစခံမေလးကို ခ်က္ခ်င္းပင္ပ်ိဳ႕တက္သြားေစသည္။ အေစခံမေလးက 'နင့္ကို သခင္မေလးရွာေနတယ္'လို႔ ခပ္ျမန္ျမန္ေျပာကာ ေျပးသြားေတာ့၏။
လီယုေဖးက သူမကိုဘာေၾကာင့္ရွာရသလဲဆိုတဲ့အေၾကာင္းကို နဥ္ရႈ မစဥ္းစားနိုင္ေပ။
သူမက ေဆးေၾကာသန္႔ရွင္းဖို႔မသြားေတာ့ဘဲ လီယုေဖးရဲ႕ၿခံဝင္းဆီကိုသာ တိုက္ရိုက္သြားေလ၏။ သူမ ခ်ီအိမ္ေတာ္ကိုေရာက္ၿပီးတည္းက ဆိုး႐ြားတဲ့ရနံ႔မ်ိဳးစံုကိုထြင္ၿပီး သူမကိုယ္မွာစဲြၿငိေစခဲ့သည္။ အခု ျပန္ဝင္စားလာတဲ့ဆန္ေစ့ေတြရဲ႕ရနံ႔ကိုပါေပါင္းထည့္လိုက္ေတာ့ သူမဆီကအနံ႔က ပိုၿပီးေတာင္ဆိုး႐ြားလာေသး၏။
[T/N : ျပန္ဝင္စားလာတဲ့ဆန္ေစ့ေတြရဲ႕ရနံ႔ဆိုတာ ေခ်းနံ႔ကိုေျပာတာ XD]
နဥ္ရႈဝင္လာသည့္အခ်ိန္၌ပင္ လီယုေဖးက သူမရဲ႕နွာေခါင္းကိုအုပ္ကာ ေအာ္ေတာ့သည္။
"ဒါ ဘာနံ႔ႀကီးလဲ!?"
"အရင္ ကိုယ္လက္သန္႔စင္ေခ်။ တို႔ မင္းကို ေျပာစရာရွိတယ္။ ေရခ်ိဳးသန္႔စင္ၿပီးရင္ အေမႊးနံ႔သာလည္းလိမ္းခဲ့ဦး။"
လီယုေဖးက မ်က္ေမွာင္ကုတ္ရင္းေျပာသည္။
အခုေတာ့ နဥ္ရႈ ပိုၿပီးေတာ့ေတာင္သိခ်င္သြားေပၿပီ။ လီယုေဖး ဘာေတြႀကံေနတာလဲ?
လီယုေဖးက သူမနဲ႔ တကယ္ပဲ သူငယ္ခ်င္းျဖစ္ခ်င္ေနတာလား? ဒါ မျဖစ္နိုင္ဘူး။ အမ်ိဳးသမီးဇာတ္လိုက္က မိန္းမတိုင္း ဲ့မနာလိုဝန္တိုမႈေတြကို ဆဲြေဆာင္နိုင္တဲ့ေရာင္ဝါကိုပိုင္ဆိုင္ထားတာပဲကို။ ဒါ
အမ်ိဳးသမီးေတြအေနနဲ႔ အမ်ိဳးသမီးဇာတ္လိုက္ကို ဘာအေၾကာင္းျပခ်က္မွမရွိဘဲ စိတ္အေနွာင့္အယွက္ျဖစ္လာေစၿပီး သူမကို ဒုကၡေပးေစတာ။
သူမက အေျမာက္စာဇာတ္ေကာင္ေလးမို႔ အဲ့ေရာင္ဝါေပ်ာက္ကြယ္သြားတာလား?
ဒါယုတၲိမရွိဘူး၊ ဒါ မမ်ွတဘူး! ေကာင္းေကာင္းဆိုးဆိုး အခုက သူမလည္း အမ်ိဳးသမီးဇာတ္လိုက္ပဲေလ!
နဥ္ရႈ ျပန္သြားကာ ေရခ်ိဳးသန္႔စင္လိုက္သည္။ ထို႔ေနာက္ သူမက လီယုေဖးေတာင္းဆိုသည့္အတိုင္း အေမႊးနံ႔သာလိမ္းက်ံလိုက္ေလ၏။ တစ္ဘူးလံုးေပါ့။
အခုက် နဥ္ရႈက တစ္ေယာက္ေယာက္ကို အသက္ရွဴ ၾကပ္ေစနိုင္ေလာက္သည္အထိ အရမ္းကိုေမႊးႀကိဳင္ေနေတာ့၏။
သူမက အခန္းထဲကို အနွီျပင္းထန္လြန္းလွေသာေမႊးရနံ႔တို႔နဲ႔ဝင္သြားတာေၾကာင့္ လီယုေဖးကို ခ်က္ခ်င္းပင္နွာေခ်သြားေစ၏။လီယုေဖးက နွာေခါင္းကိုအုပ္ကာေမးသည္။
"မင္း နံ႔သာမႈန္႔ေတြ ဘယ္ေလာက္ေတာင္လိမ္းလာတာလဲ? မင္း အနံ႔ခံနိုင္ေသးရဲ႕လား?"
"ဒီအေစခံ အနံ႔ခံနိုင္ပါတယ္၊ ဒီအနံ႔က အရမ္းေကာင္းတယ္။ ကိုယ္တိုင္ရွဴ ၾကည့္ေလ သခင္ေလးယုေဖး..."
နဥ္ရႈက လီယုေဖးဆီေလ်ွာက္သြားကာ သူမရဲ႕လက္ကို လီယုေဖးရဲ႕နွာေခါင္းဆီပင့္တင္လိုက္၏။
လီယုေဖးရဲ႕မ်က္နွာက အနည္းငယ္ျဖဴ ေဖ်ာ့သြားၿပီး သူမက အလ်င္အျမန္ပင္ေနာက္ကိုဆုတ္ကာေျပာ၏။
"ေရွာင္ဟုန္၊ တို႔ မင္းကို ေမးစရာေလးရွိလို႔ေခၚလိုက္တာ။"
...
[Unicode]
{ပြန်ဝင်စားလာတဲ့ဆန်စေ့တွေရဲ့ရနံ့}
ယွဲ့လန်က နှာခေါင်းကိုအုပ်ကာမေးသည်။
"ကျွန်မတို့ ဒါကို တကယ်ကြီးလုပ်မှာလား မမလေး? အနံ့က အရမ်းဆိုးလွန်းတယ်။"
နဉ်ရှုက သူမလက်များကိုပုတ်ခါလိုက်ကာ နူးညံ့စွာဆို၏။
"နင့်မမလေးက မြင့်မြတ်ပြီးသီးခြားဆန်တဲ့သူပဲ၊ နင့်မမလေးက ဒီလိုအလုပ်မီုးကို ဘယ်လိုလုပ် လုပ်မှာလဲ? ဒီအလုပ်နဲ့စာရင် အဝတ်လျှော်တာကမှ ပိုပြီးသိက္ခာရှိသေးတယ်။"
"ဒါဆို ထွက်သွားကြရအောင်ပါ မမလေး။ မမလေးပဲ လောကကြီးထဲလှည့်ပတ်သွားမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား? အခု သွားကြရအောင်ပါ။ ခရာကိုမှုတ်ပြီး သက်တော်စောင့်ကို ကျွန်မတို့ကို ဒီကနေခေါ်သွားခိုင်းပါ မမလေး။"
ယွဲ့လန်က အသက်အောင့်ထားသည်ဖြစ်ရာ သူမရဲ့ပါးပြင်တွေက နီမြန်းလာ၏။
နဉ်ရှုက သူမခေါင်းကို လေးဆယ့်ငါးဒီဂရီလောက်မော့ကာ သူမရဲ့ဆွဲဆောင်မှုရှိပြီးဝမ်းနည်းမှုတွေပြည့်နေတဲ့မျက်ဝန်းနဲ့ ကောင်းကင်ကိုကြည့်လိုက်သည်။ သူမရဲ့ လူပြက်လိုမျက်နှာနဲ့ပေါင်းလိုက်တဲ့အခါ ဒီမြင်ကွင်းက ဖော်ပြလို့မရနိုင်လောက်အောင်ပင် ကြက်သီးထဖို့ကောင်းနေတော့သည်။
"နင့်မမလေးမှာ လုပ်စရာလေးတွေရှိနေသေးတယ်။ ပြီးရင်တော့ သိပ်မကြာခင် ထွက်သွားနိုင်တော့မှာပါ။"
နဉ်ရှုက သက်ပြင်းချကာဆိုသည်။
ယွဲ့လန် : …
"မမလေး ဘာလုပ်ဖို့ကြိုးစားနေတယ်ဆိုတာ ဒီအစေခံ လုံးဝနားမလည်နိုင်တော့ဘူး။"
ထို့နောက် ယွဲ့လန်က ပြတ်သားစွာခေါင်းငြိမ့်၏။
"ဒါပေမယ့် မမလေးဘယ်သွားသွား၊ ဒီအစေခံလိုက်နေမှာပါ။"
နဉ်ရှုမှာ စကားပြောရင်းနှင့် မျက်ရည်များစီးကျလာ၏။
"ဒီအနံ့က အရမ်းကိုပဲ။"
ချေးနံ့နဲ့သေးနံ့တွေက မွှန်ထူနေတာပဲ။
"ဟုတ်တယ်။"
ယွဲ့လန်သည်လည်း မျက်ရည်များကိုသုတ်လိုက်၏။
"ရှောင်ဟုန်၊ ငါ့သခင်မလေးက နင့်ကိုရှာနေတယ်။"
အစေခံတစ်ယောက်က နဉ်ရှုကို ခပ်လှမ်းလှမ်းမှနေ၍ လှမ်းအော်သည်။
လီယုဖေးရဲ့အစေခံကို နဉ်ရှုမြင်လိုက်ပြီးသည်နှင့် ဖြစ်နိုင်ချေရှိသမျှညစ်ပတ်ဆိုရွားတဲ့ဇာတ်လမ်းတွေအားလုံးက သူမခေ့င်းထဲဖြတ်ပြေးသွားသည်။ ချီရှန်းက သူမကို မျက်နှာသာထပ်မပေးတော့တာကို လီယုဖေး သတိထားမိလို့ ဒါကို အခွင့်အရေးအဖြစ်အသုံးချပြီး သူမကိုနှိပ်စက်မလို့လား?
သူမရုပ်ရည်လေး ပျက်စီးတော့မှာလား!?
"မြန်မြန်လေး ရှောင်ဟုန်!"
အစေခံမလေးက နဉ်ရှုမလှုပ်တာကိုမြင်သော်ငြား အနားကိုမလာရဲသဖြင့် နဉ်ရှုကို စိတ်မရှည်စွာသာလှမ်းအော်၏။
နဉ်ရှုက လမ်းလျှောက်လာပြီး သူမနဲ့အတူပါလာတဲ့ ပြင်းထန်လွန်းလှတဲ့အနံ့က အစေခံမလေးကို ချက်ချင်းပင်ပျို့တက်သွားစေသည်။ အစေခံမလေးက 'နင့်ကို သခင်မလေးရှာနေတယ်'လို့ ခပ်မြန်မြန်ပြောကာ ပြေးသွားတော့၏။
လီယုဖေးက သူမကိုဘာကြောင့်ရှာရသလဲဆိုတဲ့အကြောင်းကို နဉ်ရှု မစဉ်းစားနိုင်ပေ။
သူမက ဆေးကြောသန့်ရှင်းဖို့မသွားတော့ဘဲ လီယုဖေးရဲ့ခြံဝင်းဆီကိုသာ တိုက်ရိုက်သွားလေ၏။ သူမ ချီအိမ်တော်ကိုရောက်ပြီးတည်းက ဆိုးရွားတဲ့ရနံ့မျိုးစုံကိုထွင်ပြီး သူမကိုယ်မှာစွဲငြိစေခဲ့သည်။ အခု ပြန်ဝင်စားလာတဲ့ဆန်စေ့တွေရဲ့ရနံ့ကိုပါပေါင်းထည့်လိုက်တော့ သူမဆီကအနံ့က ပိုပြီးတောင်ဆိုးရွားလာသေး၏။
[T/N : ပြန်ဝင်စားလာတဲ့ဆန်စေ့တွေရဲ့ရနံ့ဆိုတာ ချေးနံ့ကိုပြောတာ XD]
နဉ်ရှုဝင်လာသည့်အချိန်၌ပင် လီယုဖေးက သူမရဲ့နှာခေါင်းကိုအုပ်ကာ အော်တော့သည်။
"ဒါ ဘာနံ့ကြီးလဲ!?"
"အရင် ကိုယ်လက်သန့်စင်ချေ။ တို့ မင်းကို ပြောစရာရှိတယ်။ ရေချိုးသန့်စင်ပြီးရင် အမွှေးနံ့သာလည်းလိမ်းခဲ့ဦး။"
လီယုဖေးက မျက်မှောင်ကုတ်ရင်းပြောသည်။
အခုတော့ နဉ်ရှု ပိုပြီးတော့တောင်သိချင်သွားပေပြီ။ လီယုဖေး ဘာတွေကြံနေတာလဲ?
လီယုဖေးက သူမနဲ့ တကယ်ပဲ သူငယ်ချင်းဖြစ်ချင်နေတာလား? ဒါ မဖြစ်နိုင်ဘူး။ အမျိုးသမီးဇာတ်လိုက်က မိန်းမတိုင်ဲး့မနာလိုဝန်တိုမှုတွေကို ဆွဲဆောင်နိုင်တဲ့ရောင်ဝါကိုပိုင်ဆိုင်ထားတာပဲကို။ ဒါ
အမျိုးသမီးတွေအနေနဲ့ အမျိုးသမီးဇာတ်လိုက်ကို ဘာအကြောင်းပြချက်မှမရှိဘဲ စိတ်အနှောင့်အယှက်ဖြစ်လာစေပြီး သူမကို ဒုက္ခပေးစေတာ။
သူမက အမြောက်စာဇာတ်ကောင်လေးမို့ အဲ့ရောင်ဝါပျောက်ကွယ်သွားတာလား?
ဒါယုတ္တိမရှိဘူး၊ ဒါ မမျှတဘူး! ကောင်းကောင်းဆိုးဆိုး အခုက သူမလည်း အမျိုးသမီးဇာတ်လိုက်ပဲလေ!
နဉ်ရှု ပြန်သွားကာ ရေချိုးသန့်စင်လိုက်သည်။ ထို့နောက် သူမက လီယုဖေးတောင်းဆိုသည့်အတိုင်း အမွှေးနံ့သာလိမ်းကျံလိုက်လေ၏။ တစ်ဘူးလုံးပေါ့။
အခုကျ နဉ်ရှုက တစ်ယောက်ယောက်ကို အသက်ရှူ ကြပ်စေနိုင်လောက်သည်အထိ အရမ်းကိုမွှေးကြိုင်နေတော့၏။
သူမက အခန်းထဲကို အနှီပြင်းထန်လွန်းလှသောမွှေးရနံ့တို့နဲ့ဝင်သွားတာကြောင့် လီယုဖေးကို ချက်ချင်းပင်နှာချေသွားစေ၏။လီယုဖေးက နှာခေါင်းကိုအုပ်ကာမေးသည်။
"မင်း နံ့သာမှုန့်တွေ ဘယ်လောက်တောင်လိမ်းလာတာလဲ? မင်း အနံ့ခံနိုင်သေးရဲ့လား?"
"ဒီအစေခံ အနံ့ခံနိုင်ပါတယ်၊ ဒီအနံ့က အရမ်းကောင်းတယ်။ ကိုယ်တိုင်ရှူ ကြည့်လေ သခင်လေးယုဖေး..."
နဉ်ရှုက လီယုဖေးဆီလျှောက်သွားကာ သူမရဲ့လက်ကို လီယုဖေးရဲ့နှာခေါင်းဆီပင့်တင်လိုက်၏။
လီယုဖေးရဲ့မျက်နှာက အနည်းငယ်ဖြူ ဖျော့သွားပြီး သူမက အလျင်အမြန်ပင်နောက်ကိုဆုတ်ကာပြော၏။
"ရှောင်ဟုန်၊ တို့ မင်းကို မေးစရာလေးရှိလို့ခေါ်လိုက်တာ။"
...
Advertisement
- In Serial25 Chapters
Creator of All-Realms
Release Schedule: 5 chapters/week, from Monday to Friday (01:15 PM, GMT-3) Throughout the years, countless powerful beings rose and fell. As powerful as they were, their lifespan had an end. The universe is fair. Beings whose power was enough to shatter planets in countless pieces wailed in the cosmos, feeling that while the universe being fair was a blessing, it was also a curse! They trained for thousands, even tens of thousands of years to reach their current strength, but just like mortals, their lifespan also had an end! Countless galaxies away, within Earth, a young man shook his head before looking at the moon worriedly, ''What's the use knowing this... I must deal with my problems, right? Sometimes, knowing everything isn't that useful...'' He, who can see everything, do everything and be everything, was troubled. The universe is fair. That's the only thing most living beings agreed, not expecting unfairness to appear. Diverting his gaze from the moon, the young man looked towards his farm with calm eyes, ''Well, well. I wonder what surprises you'll bring me, my creations...'' This is a story about a lazy creator trying to deal with his problems while getting to know himself better.
8 122 - In Serial7 Chapters
Make God Bleed!
In the final year after the death of God, where heaven has been destroyed, an occult summons has been sent across the multiverse. And there at the end of all creation, at the precipice of annihilation, Dalita finds herself awakened and subjected to a cruel and unjust game. Now she must learn to survive and grow, and Attain that holy name of Karanduun, so that she can achieve the ultimate goal of the game she was subjected to: to make God bleed. Make God Bleed! is a Fantasy LitRPG set in a game world inspired by Breath of the Wild, Final Fantasy Tactics, and NieR, in a setting inspired by Filipino Myth and Folklore. I hope you like it!
8 102 - In Serial21 Chapters
Blood and Honor: Honor among Thieves
So, Aaron has had a bad couple years. Betrayed by the people he trusted most...check Had everyone and everything he ever cared about taken away...check Sent to the hellhole of Nevada for life...check It can't get worse then that, right???Note* I DO NOT own the Image, all Rights and Credit go to the original creators.
8 187 - In Serial21 Chapters
Ghost of You ▸ Roger Taylor
Magdalena Lierens has been assigned to be Queen's tour manager during their first tour of the United States. She didn't ever anticipate that would turn into following a certain blonde with gorgeous eyes across oceans, through over crowded concert halls and into secluded dressing rooms.COSMIC series: 1974-1977now existing on AO3 under the same username etc.
8 204 - In Serial34 Chapters
444. (Completed)
"Montana, come here." He nodded his head toward the door, leaving out of the room. Staying silent as Ms. Carol looked at me, I kissed the back of Josiah's hand before leaving out of the room. As I walked out, Messiah stood there looking at me in disgust while I closed the door. "What are you doing that shit for?" "Huh?" I said since I had nothing else to say, just trying to stall time to get my words together."Why are you stripping, Monty?"Sighing, I decided that I wasn't going to lie like I'd originally planned to do after listening to Chocolate's stupid advice. "Money." I spoke simply and he scoffed as I looked down."Why not just ask Josiah for money instead doing hoe shit?" "First of all, It's not doing hoe shit. I don't have sex with anyone. I just dance. And I don't want to ask him for any money. It's not his job to take care of me.""So stripping..." He trailed off with a laugh."..stripping was the last resort? Instead of putting your pride aside?" Saying nothing, I just looked at him with pleading eyes."Please don't tell him, Messiah." I could already tell by the look on his face that he was going to tell him."I ain't gon' tell him.." Thank God. I thought. "..you are." "What?!" I shrieked. "No. I'm not.""You are." He spoke in a demanding tone."Please. You know how he is." I expressed"And you know how he is too but you made that bed." "Messiah, he's going to kill me." I begged."I know." He shook his head, walking away from me."Better figure it out. You got until the end of the day to tell him or I will." He mumbled before walking back into the room.
8 194 - In Serial15 Chapters
Bad Education Imagines
Imagines about the bad education characters request are welcome
8 229

