《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 57
Advertisement
[Zawgyi]
{'ရွင္ကအရမ္းညစ္ပတ္တာပဲ'ဆိုတဲ့ အမူအရာ}
"အစ္ကိုရွန္၊ ဒီဟင္းခ်ိဳေလးေသာက္ၾကည့္။ အစ္ကိုက တစ္ေန႔လံုးအလုပ္လုပ္ၿပီဴပင္ပန္းထားလို႔ ယုေဖးက ဒီဟင္းခ်ိဳကို အစ္ကို႔အတြက္ ေသခ်ာလုပ္ထားတာ။"
လီယုေဖးက ဟင္းခ်ိဳတစ္ဇြန္းကို သူ႔အတြက္ခပ္ေပးသည္။
ခ်ီရွန္းက ႏူးညံ့စြာၿပံဳးကာ လီယုေဖးရဲ႕လက္ကိုကိုင္လ်က္ ဇြန္းကို သူ႔နႈတ္ခမ္းဆီပို႔ကာ ေပ်ာ္ရႊင္စြာေသာက္၏။
သူ႔ပံုစံက အရမ္းကိုေပ်ာ္ရႊင္ေက်နပ္ေနပံုရတာေၾကာင့္ နဥ္ရႈမွာ သူတကယ္တမ္းေသာက္ေနတာ ကာမအားတိုးေဆးဟုပင္ထင္လိုက္မိေလ၏။
"ယုေဖး၊ ညီမလည္းေသာက္သင့္တယ္။"
ထို႔ေနာက္ ခ်ီရွန္းက ဟင္းခ်ိဳတစ္ဇြန္းခပ္ကာ လီယုေဖးရဲ႕နႈတ္ခမ္းဆီပို႔လိုက္သည္။
သူတို႔နွစ္ေယာက္မွာ ထိုနည္းအတိုင္းပင္ တစ္ေယာက္နွင့္တစ္ေယာက္ ခ်စ္ခင္ၾကင္နာစြာခံြ႕ေကြၽးလ်က္ရွိ၏။ နဥ္ရႈသည္ေတာ့ ထိုနွစ္ဦးသားထုတ္လႊတ္လ်က္ရွိေသာ ပန္းေရာင္ပူေဖာင္းမ်ားကိုၾကည့္ရင္း ေဘးမွာသစ္သားတံုးႀကီးသဖြယ္ရပ္ေနရေလ၏။
ဒါက အရမ္းကိုကပ္ဖားရပ္ဖားနိုင္ၿပီး အတုအေယာင္ဆန္လြန္းသည္။
ခ်ီရွန္းနဲ႔လီယုေဖးတို႔က တစ္ပံုစံတည္းတူညီေသာလူမ်ားပင္ျဖစ္သည္။ သူတို႔က သူတို႔ရဲ႕ပံုစံအမွန္ကိုဖံုးကြယ္ဖို႔အတြက္ အျပစ္ကင္းၿပီးႏူးညံ့ၾကင္နာတတ္တဲ့မ်က္နွာဖံုးမ်ားကို တပ္ဆင္ထားၾကသည္။ လီယုေဖးကလည္း ျမင္ေနရသည့္အတိုင္း ႏူးညံ့ၾကင္နာတတ္သူမဟုတ္သကဲ့သို႔ ခ်ီရွန္းသည္လည္း ျမင္ေနရသည့္အတိုင္း သေဘာထားႀကီးကာ ၾကင္နာတတ္သူဟုတ္မေနေပ။
ဒီနွစ္ေယာက္က ေကာင္းကင္ဘံုကတဲြဖက္ေပးထားတဲ့ တကယ့္စံုတဲြပင္ျဖစ္ေတာ့၏။
"ထြက္သြားေတာ့။"
ခ်ီရွန္းက နဥ္ရႈကို တစ္ခ်က္မ်ွၾကည့္လာသည္။ နဥ္ရႈမွာ အိပ္ငိုက္လုနီးပါးျဖစ္ေနရကား ခ်ီရွန္းေျပာတာကိုၾကားသည္နွင့္ ခ်က္ခ်င္းပင္လွည့္ထြက္သြားေတာ့၏။
ခ်ီရွန္းက အံႀကိတ္ကာဆိုသည္။
"တံခါးပိတ္ၿပီး အျပင္မွာေစာင့္ေန။ မင္းကို ထြက္သြားခြင့္မျပဳထားလို႔ အျပင္မွာပဲေစာင့္ေန။"
တံခါးပိတ္ခိုင္းတဲ့သူ႔အမိန္႔ကိုၾကားခ်ိန္မွာေတာ့ နဥ္ရႈေၾကာင္အသြားေခ်သည္။ သူတို႔က ေန႔ခင္းေၾကာင္ေတာင္ႀကီးမွာ ဘာလို႔တံခါးပိတ္ေနတာတုန္း? ေန႔လည္ေန႔ခင္းမွာ တေရးတေမာအိပ္ဖို႔လား? ထို႔ေနာက္ သူမ လီယုေဖးရဲ႕ရွက္ေသြးျဖာေနသည့္မ်က္နွာကိုျမင္လိုက္ရခ်ိန္တြင္မူ သူမရဲ႕ေမးရိုးႀကီးျပဳတ္က်သြားသည္။
ဘယ္လိုသားရဲေကာင္မ်ိဳးလဲ! သူတို႔က အဲ့ဒါကို ေန႔လည္ခင္းႀကီးမွလုပ္ၾကမလို႔လား? ၿပီးေတာ့ သူက သူမကို တံခါးဝမွာေစာင့္ေနေစခ်င္တယ္!? သူ႔အႀကိဳက္က အေတာ္ေလးထူးျခားတာပဲ။ သူ႔ကိုယ္သူ ကံေကာင္းတဲ့ၾကင္ရာေတာ္တစ္ေယာက္ကို ခ်စ္ခင္အလိုလိုက္ေနတဲ့ဧကရာဇ္လို႔ထင္ေနလို႔မ်ား တံခါးမွာေစာင့္ေပးဖို႔ တစ္ေယာက္ေယာက္လိုေနတာလား?
နဥ္ရႈ သူ႔ကို 'ရွင္က အရမ္းညစ္ပတ္တာပဲ'ဟူသည့္ အမူအရာမ်ိဳးနွင့္ၾကည့္လိုက္သည္။
ခ်ီရွန္းက နဥ္ရႈရဲ႕အမူအရာကို မနာလိုေနတယ္ဟုမွတ္ယူလိုက္ကာ အဖက္မလုပ္ဟန္ျဖင့္ဆိုသည္။
"ဒီမွာ ဘာရပ္လုပ္ေနတာလဲ? အျပင္ထြက္ၿပီး တံခါးပိတ္လိုက္!"
နဥ္ရႈက အျပင္ထြက္သြားကာ တံခါးပိတ္လိုက္ၿပီးေနာက္ တံခါးကုိမွီကာ မ်က္လံုးလွန္လိုက္ေလ၏။
ခဏအၾကာမွာေတာ့ အခန္းထဲကေန ခပ္တိုးတိုးအသံေတြထြက္လာသည္။ အနွီအသံမ်ားက ကလူျမဴ ေနေသာအသံမ်ား၊ တကြၽိကြၽိကုတင္လႈပ္သံမ်ားနွင့္ လီယုေဖးရဲ႕ခပ္တိုးတိုးညည္းညဴ သံမ်ားျဖစ္ေပ၏။
Tsk tsk tsk။ နဥ္ရႈ ေခါင္းယမ္းလိုက္သည္။ အမ်ိဳးသမီးဇာတ္လိုက္ရဲ႕ေရွ႕မွာ တစ္ျခားမိန္းမတစ္ေယာက္နဲ႔အိပ္တာက အမ်ိဳးသမီးဇာတ္လိုက္ကို နာက်င္ေစဖို႔ အထိေရာက္ဆံုးနည္းလမ္းျဖစ္ပံုရ၏။ မူလမုယန္မုန္႔သာဒီေနရာမွာရွိေနလ်ွင္ သူမရဲ႕နွလံုးသားေလး ကဲြေၾကသြားေလာက္ၿပီျဖစ္၏။
နဥ္ရႈသည္ကား ေလွကားထစ္မွာထိုင္ခ်လိုက္ရင္း အနွီအသံမ်ားကို ကေလးေခ်ာ့ေတးအျဖစ္မွတ္ယူကာ ေခါင္းမွီလ်က္ အိပ္ေပ်ာ္သြားေခ်ေတာ့၏။
အိုင္း၊ ဒီသိကၡာမရွိတဲ့ကမၻာကေတာ့။
သူမ ေခါင္းငိုက္က်သြားသည့္အခိုက္မွာပင္ ေအာ္သံတစ္သံကိုၾကားလိုက္ရသည္။
"ေရွာင္ဟုန္..."
နဥ္ရႈဆစ္ေယာက္ ဆတ္ကနဲတုန္ကာနိုးလာ၏။ သူမက အလ်င္အျမန္ထရပ္လိုက္ရင္း အိပ္ခ်င္မူးတူးျဖင့္ မ်က္လံုးကိုပြတ္ရင္းေမးလိုက္သည္။
"ဒီေလာက္ျမန္ျမန္ၿပီးသြားတယ္လား?"
ယပ္ေတာင္ကိုခပ္တင္းတင္းဆုပ္ကိုင္လိုက္တဲ့ခ်ီရွန္းရဲ႕မ်က္နွာက လြန္စြာမွပင္ၾကည့္ရဆိုးေနေတာ့သည္။ သူ႔ပံုစံၾကည့္ရသည္မွာ နဥ္ရႈကို ယပ္ေတာင္နွင့္အေသရိုက္သတ္ပစ္ခ်င္ေနပံုပင္။
သူ႔ရဲ႕ျဖဴ ေရာ္ေနတဲ့မ်က္နွာကိုျမင္လိုက္ရခ်ိန္မွ နဥ္ရႈတစ္ေယာက္ သူမ စကားေျပာမွသြားတာသိသြားကာ ပါးစပ္ကိုအုပ္လိုက္သည္။ သို႔ေပမယ့္လည္း ခ်ီရွန္းရဲ႕ေအာက္ပိုင္းကို မၾကည့္ဘဲမေနနိုင္ခဲ့ေခ်။
ေရွာ႔ခ္ရသြားတာ အရမ္းမ်ားသြားတာမ်ားလား?
...
[Unicode]
{'ရှင်ကအရမ်းညစ်ပတ်တာပဲ'ဆိုတဲ့ အမူအရာ}
"အစ်ကိုရှန်၊ ဒီဟင်းချိုလေးသောက်ကြည့်။ အစ်ကိုက တစ်နေ့လုံးအလုပ်လုပ်ပြီူပင်ပန်းထားလို့ ယုဖေးက ဒီဟင်းချိုကို အစ်ကို့အတွက် သေချာလုပ်ထားတာ။"
လီယုဖေးက ဟင်းချိုတစ်ဇွန်းကို သူ့အတွက်ခပ်ပေးသည်။
ချီရှန်းက နူးညံ့စွာပြုံးကာ လီယုဖေးရဲ့လက်ကိုကိုင်လျက် ဇွန်းကို သူ့နှုတ်ခမ်းဆီပို့ကာ ပျော်ရွှင်စွာသောက်၏။
သူ့ပုံစံက အရမ်းကိုပျော်ရွှင်ကျေနပ်နေပုံရတာကြောင့် နဉ်ရှုမှာ သူတကယ်တမ်းသောက်နေတာ ကာမအားတိုးဆေးဟုပင်ထင်လိုက်မိလေ၏။
"ယုဖေး၊ ညီမလည်းသောက်သင့်တယ်။"
ထို့နောက် ချီရှန်းက ဟင်းချိုတစ်ဇွန်းခပ်ကာ လီယုဖေးရဲ့နှုတ်ခမ်းဆီပို့လိုက်သည်။
သူတို့နှစ်ယောက်မှာ ထိုနည်းအတိုင်းပင် တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ကြင်နာစွာခွံ့ကျွေးလျက်ရှိ၏။ နဉ်ရှုသည်တော့ ထိုနှစ်ဦးသားထုတ်လွှတ်လျက်ရှိသော ပန်းရောင်ပူဖောင်းများကိုကြည့်ရင်း ဘေးမှာသစ်သားတုံးကြီးသဖွယ်ရပ်နေရလေ၏။
ဒါက အရမ်းကိုကပ်ဖားရပ်ဖားနိုင်ပြီး အတုအယောင်ဆန်လွန်းသည်။
ချီရှန်းနဲ့လီယုဖေးတို့က တစ်ပုံစံတည်းတူညီသောလူများပင်ဖြစ်သည်။ သူတို့က သူတို့ရဲ့ပုံစံအမှန်ကိုဖုံးကွယ်ဖို့အတွက် အပြစ်ကင်းပြီးနူးညံ့ကြင်နာတတ်တဲ့မျက်နှာဖုံးများကို တပ်ဆင်ထားကြသည်။ လီယုဖေးကလည်း မြင်နေရသည့်အတိုင်း နူးညံ့ကြင်နာတတ်သူမဟုတ်သကဲ့သို့ ချီရှန်းသည်လည်း မြင်နေရသည့်အတိုင်း သဘောထားကြီးကာ ကြင်နာတတ်သူဟုတ်မနေပေ။
ဒီနှစ်ယောက်က ကောင်းကင်ဘုံကတွဲဖက်ပေးထားတဲ့ တကယ့်စုံတွဲပင်ဖြစ်တော့၏။
"ထွက်သွားတော့။"
ချီရှန်းက နဉ်ရှုကို တစ်ချက်မျှကြည့်လာသည်။ နဉ်ရှုမှာ အိပ်ငိုက်လုနီးပါးဖြစ်နေရကား ချီရှန်းပြောတာကိုကြားသည်နှင့် ချက်ချင်းပင်လှည့်ထွက်သွားတော့၏။
ချီရှန်းက အံကြိတ်ကာဆိုသည်။
"တံခါးပိတ်ပြီး အပြင်မှာစောင့်နေ။ မင်းကို ထွက်သွားခွင့်မပြုထားလို့ အပြင်မှာပဲစောင့်နေ။"
တံခါးပိတ်ခိုင်းတဲ့သူ့အမိန့်ကိုကြားချိန်မှာတော့ နဉ်ရှုကြောင်အသွားချေသည်။ သူတို့က နေ့ခင်းကြောင်တောင်ကြီးမှာ ဘာလို့တံခါးပိတ်နေတာတုန်း? နေ့လည်နေ့ခင်းမှာ တရေးတမောအိပ်ဖို့လား? ထို့နောက် သူမ လီယုဖေးရဲ့ရှက်သွေးဖြာနေသည့်မျက်နှာကိုမြင်လိုက်ရချိန်တွင်မူ သူမရဲ့မေးရိုးကြီးပြုတ်ကျသွားသည်။
ဘယ်လိုသားရဲကောင်မျိုးလဲ! သူတို့က အဲ့ဒါကို နေ့လည်ခင်းကြီးမှလုပ်ကြမလို့လား? ပြီးတော့ သူက သူမကို တံခါးဝမှာစောင့်နေစေချင်တယ်!? သူ့အကြိုက်က အတော်လေးထူးခြားတာပဲ။ သူ့ကိုယ်သူ ကံကောင်းတဲ့ကြင်ရာတော်တစ်ယောက်ကို ချစ်ခင်အလိုလိုက်နေတဲ့ဧကရာဇ်လို့ထင်နေလို့များ တံခါးမှာစောင့်ပေးဖို့ တစ်ယောက်ယောက်လိုနေတာလား?
နဉ်ရှု သူ့ကို 'ရှင်က အရမ်းညစ်ပတ်တာပဲ'ဟူသည့် အမူအရာမျိုးနှင့်ကြည့်လိုက်သည်။
ချီရှန်းက နဉ်ရှုရဲ့အမူအရာကို မနာလိုနေတယ်ဟုမှတ်ယူလိုက်ကာ အဖက်မလုပ်ဟန်ဖြင့်ဆိုသည်။
"ဒီမှာ ဘာရပ်လုပ်နေတာလဲ? အပြင်ထွက်ပြီး တံခါးပိတ်လိုက်!"
နဉ်ရှုက အပြင်ထွက်သွားကာ တံခါးပိတ်လိုက်ပြီးနောက် တံခါးကိုမှီကာ မျက်လုံးလှန်လိုက်လေ၏။
ခဏအကြာမှာတော့ အခန်းထဲကနေ ခပ်တိုးတိုးအသံတွေထွက်လာသည်။ အနှီအသံများက ကလူမြူ နေသောအသံများ၊ တကျွိကျွိကုတင်လှုပ်သံများနှင့် လီယုဖေးရဲ့ခပ်တိုးတိုးညည်းညူ သံများဖြစ်ပေ၏။
Tsk tsk tsk။ နဉ်ရှု ခေါင်းယမ်းလိုက်သည်။ အမျိုးသမီးဇာတ်လိုက်ရဲ့ရှေ့မှာ တစ်ခြားမိန်းမတစ်ယောက်နဲ့အိပ်တာက အမျိုးသမီးဇာတ်လိုက်ကို နာကျင်စေဖို့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပုံရ၏။ မူလမုယန်မုန့်သာဒီနေရာမှာရှိနေလျှင် သူမရဲ့နှလုံးသားလေး ကွဲကြေသွားလောက်ပြီဖြစ်၏။
နဉ်ရှုသည်ကား လှေကားထစ်မှာထိုင်ချလိုက်ရင်း အနှီအသံများကို ကလေးချော့တေးအဖြစ်မှတ်ယူကာ ခေါင်းမှီလျက် အိပ်ပျော်သွားချေတော့၏။
အိုင်း၊ ဒီသိက္ခာမရှိတဲ့ကမ္ဘာကတော့။
သူမ ခေါင်းငိုက်ကျသွားသည့်အခိုက်မှာပင် အော်သံတစ်သံကိုကြားလိုက်ရသည်။
"ရှောင်ဟုန်..."
နဉ်ရှုဆစ်ယောက် ဆတ်ကနဲတုန်ကာနိုးလာ၏။ သူမက အလျင်အမြန်ထရပ်လိုက်ရင်း အိပ်ချင်မူးတူးဖြင့် မျက်လုံးကိုပွတ်ရင်းမေးလိုက်သည်။
"ဒီလောက်မြန်မြန်ပြီးသွားတယ်လား?"
ယပ်တောင်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်တဲ့ချီရှန်းရဲ့မျက်နှာက လွန်စွာမှပင်ကြည့်ရဆိုးနေတော့သည်။ သူ့ပုံစံကြည့်ရသည်မှာ နဉ်ရှုကို ယပ်တောင်နှင့်အသေရိုက်သတ်ပစ်ချင်နေပုံပင်။
သူ့ရဲ့ဖြူ ရော်နေတဲ့မျက်နှာကိုမြင်လိုက်ရချိန်မှ နဉ်ရှုတစ်ယောက် သူမ စကားပြောမှသွားတာသိသွားကာ ပါးစပ်ကိုအုပ်လိုက်သည်။ သို့ပေမယ့်လည်း ချီရှန်းရဲ့အောက်ပိုင်းကို မကြည့်ဘဲမနေနိုင်ခဲ့ချေ။
ရှော့ခ်ရသွားတာ အရမ်းများသွားတာများလား?
...
Advertisement
- In Serial11 Chapters
The Condemned Child
Ten years ago, the parents of Shinsato Katsuro were brutally killed by an army of demons known as Shifters. Now, at sixteen, Katsuro is determined to enter the Celestial Military Academy, begin training for the war effort and ultimately save humanity from this perpetual, brutal conflict between humans and Shifters. With many different islands, cultures and factions to explore, Katsuro will have to work his hardest to unlock the truths behind the Runic stones, the Duobeast system and the Condemned Children, a special group of humans marked by the Prince of the Shifters before his mysterious disappearance. Studying hard and working out every day for years, Shinsato and his childhood best friend Naomi are finally prepared to set off on their sacred mission.
8 153 - In Serial31 Chapters
Kingdom of Rust
Ever since Bakus was little, he only wanted to be one thing when he grew up, a Chosen. So he trained diligently until he came of age with that sole purpose in mind. When he finally fulfills his lifelong wish, he finds out not everything is as he thought and he isn’t nearly as prepared as he should have been. He must now try and survive while he unravels the truth and figures out who he can trust. FYI, this story is a slow burn with an MC that isn't necessarily meant to be OP.
8 211 - In Serial12 Chapters
Albert's Summer
Albert is a middle school kid who accidentally found a way to step into the world of his favorite MMORPG. Inside the world of 'Deaths of the Gods', he meets an elven girl named Lily who asks him help to her find her origin. With his strong desire to explore and a need to go off into new adventures, follow Albert's undertaking as he lives the life of an adventurer inside the world of favorite game.
8 190 - In Serial6 Chapters
Changing Monster
A skeleton wakes up inside a dungeon. Armed with only a sword and a single memory, it must make decisions on what it should do. Each choice it makes will have a profound impact on itself.
8 140 - In Serial8 Chapters
Irondad oneshots
Lots of fluff and mini stories of iron dad and spider baby.
8 567 - In Serial27 Chapters
An Addams Mate
What if Gomez and Morticia Addams eldest daughter Persephone Addams went to Forks to help their distant cousins daughter get over her heartbreak?
8 115

