《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 56
Advertisement
[Zawgyi]
လီယုဖေး : …
နဉ်ရှု : …
...
...
[Unicode]
{အမျိုးသမီးဇာတ်လိုက်ရဲ့ဂုဏ်သိက္ခာ}
နဉ်ရှုက မုယန်မုန့်မဟုတ်ဘူးဆိုတာကို ချီရှန်းသိသွားချိန်ကစပြီး သူ့ရဲ့ သူမအပေါ်သဘောထားက လုံးဝပြောင်းလဲသွားတော့သည်။ သူမ သူ့အတွက်လက်ဖက်ရည်ဖျော်ပေးတဲ့အချိန်မှာတောင် သူက လက်ဖက်ရည်က ပူလွန်းတယ် ဒါမှမဟုတ် အေးလွန်းတယ်ဆိုပြီး ပြောတတ်သည်။ သူက သူ့နှာခေါင်းကိုလည်းပိတ်ထားတတ်ပြီး သူမက နံလွန်းတယ်လို့ ပြောင်ပြောင်တင်းတင်းပင်ဆိုတတ်သေး၏။
မင်းက စောက်ရမ်းရုပ်ဆိုးတယ်၊ ဘာလို့ မသေသေးတာလဲလို့ပြောဖို့ပင် နီးစပ်နေပြီဖြစ်၏။
သို့သော်လည်း သူက နဉ်ရှုကို အခုထိမောင်းမထုတ်သေးဘဲ သူ့ရဲ့ကိုယ်ပိုင်အစေခံအဖြစ်ခန့်အပ်ထားဆဲသာဖြစ်သည်။ ဒါက အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ကြားမှာကျန်ရှိနေသေးသော နှောင်ကြိုးများကြောင့်သာဖြစ်တန်ရာသည်။
နဉ်ရှုက သူမရဲ့မျက်လုံးတစ်ဝိုက်မှာ အမည်းရောင်အကွင်းတွေကိုခြယ်သနေဆဲဖြစ်ပြီး ချီရှန်းရဲ့ရှေ့မှာ ပိုပြီးထင်းလင်းနေစေဖို့အတွက် နှုတ်ခမ်းတွေကို အနီရောင်တောက်တောက်တွေဆိုးတတ်သည်။
ချီရှန်းရဲ့ သူမအပေါ်အမြင်က လွန်စွာထိုးကျနေသလောက် လီယုဖေးရဲ့သူမအပေါ်အမြင်ကတော့ အဆမတန်ထိုးတက်လာပေ၏။ လီယုဖေးက အရမ်းကိုဖော်ရွေလွန်းနေတာကြောင့် နဉ်ရှုမှာ ကြက်သီးများပင်ထနေရသည်။
Advertisement
လီယုဖေးဘာတွေတွေးနေလဲဆိုတာ သူမ နားမလည်နိုင်ပေ။ လီယုဖေးက တကယ်ကြီး သူမနဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ချင်နေတာလား? လီယုဖေးက သူမရဲ့ရုပ်ဆိုးနေမှုက သူမ(လီယုဖေး)ရဲ့အလှအပပို ပိုပြီးပေါ်လွင်စေတယ်လို့ခံစားရလို့လား?
"ရှောင်ဟုန်၊ ရော့၊ ဒီငွေအိတ်က မင်းအတွက်။ ဒီထဲမှာ ငွေတုံးနည်းနည်းပါတယ်။ မင်း ပိုပြီးအရည်အသွေးကောင်းတဲ့မျက်နှာချေသွားဝယ်သင့်တယ်။"
လီယုဖေးက နဉ်ရှုကို ပန်းထိုးထားသည့်အိတ်တစ်လုံးပေးသည်။
အရံအမျိုးသမီးဇာတ်လိုက်ရဲ့ပေးကမ်းစွန့်ကြံမှုကို ဂုဏ်သိက္ခာရှိတဲ့ဘယ်အမျိုးသမီးဇာတ်လိုက်မဆို သူတို့ရဲ့ဂုဏ်သိက္ခာကိမြှင့်တင်ရန်အတွက် ကျောကိုမတ်ကာ အနှီစွန့်ကြဲမှုကို ငြင်းပယ်သင့်ပေ၏။
နဉ်ရှုကမူ ငွေအိတ်ကို အလျင်အမြန်ပင်လက်ခံလိုက်ကာ ပျော်ရွှင်စွာပြုံးလေ၏။
"ကျေးဇူးတင်ပါတယ် သခင်မလေးယုဖေး။"
သူမက ငွေအိတ်ကို လီယုဖေးရဲ့ရှေ့မှာပင်ဖွင့်ကြည့်လိုက်သည်။ အထဲမှာ ငွေတုံးအများကြီးမရှိပေမယ့်လည်း သူမက လီယုဖေးအား ကြောက်မက်ဖွယ်အပြုံးကြီးဖြင့်တောက်ပစွာပြုံးပြကာ မသိမသာလှောင်ပြုံး,ပြုံးရင်းမေးလိုက်သည်။
"သခင်မလေးယုဖေးမှာ ဒီအစေခံကို ခိုင်းစရာတစ်ခုခုရှိလို့လား?"
ဆေးဝယ်တာမျိုး ဒါမှမဟုတ် အဲ့ဒီ့ပုံစံမျိုးခပ်ဆင်ဆင်ပစ္စည်းဝယ်တာမျိုး? နဉ်ရှု အရမ်းကိုကူညီပေးချင်ပါသည်။
လီယုဖေးက နောက်ကိုခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်ကာ သူမနှာခေါင်းကို လက်ကိုင်ပဝါဖြင့်အုပ်ရင်းဆိုသည်။
"မရှိပါဘူး။ မင်းက ဈေးပေါတဲ့မျက်နှာချေတွေပဲသုံးနေတာကို တို့သတိထားမိလို့ပါ။ အဲ့ဒါကြောင့် ပိုပြီးအရည်အသွေးကောင်းတာလေးဝယ်သုံးစေချင်လို့။ ပြီးတော့ မင်းက အစ်ကိုရှန်ရဲ့ကိုယ်ပိုင်အစေခံပဲလေ။ မင်းရဲ့ရုပ်ရည်က အစ်ကိုရှန်ရဲ့ဂုဏ်သိက္ခာကို ကိုယ်စားပြုတယ်လေ။ မင်းကိုယ်မင်း ဘယ်လိုရုပ်ရည်မျိုးရှိတယ်ဆိုတာဂရုမစိုက်ရင်တောင် အစ်ကိုရှန်ရဲ့သိက္ခာကိုတော့ ဂရုစိုက်သင့်တာပေါ့။"
အရံအမျိုးသမီးဇာတ်လိုက်ရဲ့နှိမ့်ချစော်ကားမှုကိုကြုံရတဲ့အခါ အမျိုးသမီးဇာတ်လိုက်တွေက 'နင် ငါ့ကိုစော်ကားလို့ရပေမယ့် ငါ့သိက္ခာကိုတော့စော်ကားခွင့်မပြုဘူး'ဟုဆိုကာ ခေါင်းမာမာဖြင့် သူမကိုယ်သူမ ခုခံကာကွယ်သင့်ပေ၏။
"သခင်မလေးယုဖေး၊ ကျွန်မက ရုပ်ဆိုးတယ်ဆိုပေမယ့် ကျွန်မမှာလည်းဂုဏ်ယူစရာရှိပါသေးတယ်။"
နဉ်ရှုက ရင်ကိုကော့ကာ သူမရဲ့ရင်သားတွေနဲ့ လီယုဖေးရဲ့ရင်သားကိုပွတ်တိုက်လိုက်သည်။ ငါက ရုပ်ဆိုးတယ်ဆိုပေမယ့် ငါရင်သားတွေက နင့်ဟာတွေထက်ပိုကြီးတယ်ဟဲ့။
လီယုဖေး : …
ချီရှန်း ဝင်လာသည်။ သူမတို့နှစ်ယောက်အတူရှိနေတာကိုမြင်တဲ့အခါ သူက နဉ်ရှုကို အေးစက်စက်ဖြင့်နှာမှုတ်ပြကာ လီယုဖေးကိုတော့ ကြင်နာစွာမေးလေ၏။
"ဒီမှာနေရတာ အဆင်ပြေရဲ့လား?"
လီယုဖေးက နူးညံ့စွာပြုံးပြလိုက်လေတာကြောင့် သူမပုံစံက နွေးထွေးနူးညံ့သည့်ရောင်ခြည်များထဲကျရောက်နေသလိုထင်ရ၏။
"အစ်ကိုရှန်၊ ယုဖေး နေ့လည်စာပြင်ထားတယ်။ အတူတူစားရအောင်။"
လီယုဖေးက ရှက်ရွံ့စွာဆိုသည်။
ချီရှန်းက လီယုဖေးရဲ့လက်ကိုမကိုင်လိုက်ခင် နဉ်ရှုကိုကြည့်သည်။
"ယုဖေးက ကိုယ့်အကြိုက်တွေကိုကောင်းကောင်းသိတယ်။ ညီမလုပ်ထားတာတွေက သေချာပေါက်စားကောင်းမှာပဲ။"
လီယုဖေးရဲ့အပြုံးက ပို၍ပင်အရှက်သည်းလာသည့်ပုံပေါ်လာသော်လည်း နဉ်ရှုသည်တော့ ဘယ်နေရာကများရှက်ဖို့ကောင်းနေလို့လဲဆိုတာ နားမလည်နိုင်ခဲ့ချေ။
ထို့နောက် ချီရှန်းက နဉ်ရှုကိုအော်လိုက်သည်ဟ
"မင်းက ဒီမှာဘာရပ်လုပ်နေတာလဲ? ငါတို့စားဖို့မြန်မြန်ပြင်ပေးစမ်း။ မင်းက ကိုယ်ပိုင်အစေခံတစ်ယောက်ပဲကို!"
နဉ်ရှုက သူမရဲ့သွေးလိုရဲရဲနီနေတဲ့နှုတ်ခမ်းကို စူလိုက်သည်။ လီယုဖေးက အလျင်စလိုပင်ပြောလာ၏။
"ကောင်းကောင်းဆိုးဆိုး သူက အစ်ကို့ရဲ့ကိုယ်ပိုင်အစေခံလေ။ သူတစ်ခုခုအမှားအယွင်းလုပ်ခဲ့မိရင် နောက်တစ်ခါကျ သူ့ကိုဂရုတစိုက်နဲ့သင်ပြပေးလိုက်ပါ အစ်ကိုရဲ့။"
ရှီချန်းက နဉ်ရှုကို အေးစက်စွာကြည့်လိုက်ပြီးမှ လီယုဖေးကိုပြောသည်။
"ညီမက အကြင်နာတတ်ဆုံးသူပဲဆိုတာ အစ်ကိုသိပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေက ဘယ်နှကြိမ်ပဲသင်ပြသင်ပြ ပြောင်းလဲမသွားဘူးညီမရဲ့။ ငွေစနှစ်ဆယ်ကြောင့်သာမဟုတ်ရင် အစ်ကို သူ့ကိုနှင်ထုတ်လိုက်ပြီ။"
နဉ်ရှု : …
အခုလက်ရှိချီရှန်းက တကယ်မကောင်းတဲ့သူနဲ့တူတယ်။ ဒီကောင်က သူမကသူ့ကိုလိမ်ညာလှည့်စားပြီး သူမကိုချစ်မိသွားအောင်လုပ်တယ်လို့ထင်နေပုံပဲ။ ငကြောင်။ သူကသာ သူမ သူ့ကိုချစ်လာအောင်လှည့်စားချင်ခဲ့တဲ့သူလေ။ အခု သူက ဒီလိုဖြစ်သွားလို့ သူမအပေါ် အပြစ်ပုံချချင်နေတာလား? အရှက်မရှိလိုက်တာ။
ချီရှန်းနဲ့လီယုဖေးက လက်တွေတွဲထားလျက် အခန်းထဲဝင်သွားကြသည်။ နဉ်ရှုက သူတို့နောက်ကိုလိုက်သွားကာ သူတို့နှစ်ယောက်အတွက်ပန်းကန်များကို သယ်လိုက်သည်။ ချီရှန်းက သူမဆီကလာတဲ့အနံ့ကို မခံနိုင်သလိုရွံရှာတဲ့အမူအရာမျိုးလုပ်နေပေမယ့် သူမကို သူတို့အတွက် စားစရာပြင်ပေးဖို့ခိုင်းနေဆဲပင်။
သူ စိတ်ရောဂါရနေတာဖြစ်ရမယ်။
...
အစ်မကြီးက အငှားရထားတဲ့ကိုယ်ကဟာကို ကြွားလုံးထုတ်လို့မပြီးတော့🙄 သူ့ခန္ဓာကိုယ်အစစ်ကတော့ အဝေးပြေးလမ်းမကြီးပဲဖြစ်နေလောက်တယ်။
...
Advertisement
- In Serial3608 Chapters
The Devil’s Cage
A virtual underground game that has no protection. Lurking with players who seek power, fortune and survival. Kieran chose to enter this VRMMORPG game without hesitation because he knows this is his only way out from death. Can he escape death in real life or dying via the game?
8 2617 - In Serial9 Chapters
Adorne: (A LITRPG adventure) (DROPPED)
Dying young was never Jacobs goal, but hey, it could have been worse. At least he didn't get transported to a new world with monsters that want to eat your testicles and gods that like to hunt you down for sport. Ohh wait ... Welcome to Adorne!
8 275 - In Serial14 Chapters
Another world? Some weird magic? Sure.
Writing my last novel, I realized that before you start, an ending should be there in your mind. So I wrote this as an atonement to my first novel. This is a typical story about someone who gets stranded in another world with OP powers. But this is not about just the MC, but also some people around him who directly/indirectly had their lives changed. I've written this as a collection of short stories where some may be bigger and more intense than the others. Note: I've finished writing all the chapters, but will upload on my own discretion.
8 85 - In Serial13 Chapters
Angry Birds movie (rewritten)
What we all didn't know that there was Agatha aka Aggie, a white bird who has anger issues, and was easily being teased because of her over-grown feathers. She shared the same anger issues with Red, Chuck, and Bomb (Based on the movie)
8 209 - In Serial12 Chapters
When LitRPG Destroys Earth
The floating screen and stats suddenly appeared and distributed throughout the entire earth. But at what cost? People dying, no internet, the writer of my favourite comic is dead, every day is either kill or be killed. Well... at the very least laws and orders aren't a thing anymore.
8 179 - In Serial32 Chapters
♛The Wallflower♛ (Jikook/Kookmin) [[COMPLETED]]
❝I don't know how great this guy supposedly was but don't live your life based on one thing a guy you used to like said! He's not the only guy in the world!❞ -J. JK.❝You are only saying that...❞❝... because you're not ugly like me.❞Park Jimin got rejected by his first love years ago and it somehow turned him into this creepy weirdo in town. Jeon Jungkook, a transferee and a newly arrived resident in Jimin's neighborhood stumble upon Jimin for the very first time and Jungkook almost peed in his pants. He was a scaredy cat after all and he was sure that Jimin was scaring the shit out of him.Inspired by the ANIME and MANGA: Yamato Nadeshiko Shichi HengeWARNINGS:- A little scary (Not to the extreme way)- A little bullying- Anxiety- Suicide attempt (ONLY ONCE!!)HR: #10 in horror-thriller 😏The characters, pictures, videos or music, and anything ARE DEFINITELY NOT MINE. I just own the story. All credits go to the rightful owners ;)STARTED: 03/30/19ENDED: 04/24/19
8 237