《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 55
Advertisement
[Zawgyi]
{ေရွာင္ဟုန္က ဘာျဖစ္လို႔လဲ?}
"ေရေႏြးေတြျပင္ထားၿပီးၿပီဆိုေတာ့ မင္း အခုပဲေရသြားခ်ိဳးသင့္တယ္။ မင္း မ်က္နွာသစ္ၿပီးရင္ မ်က္နွာေခ်ဘယ္လိုလိမ္းရမယ္ဆိူတာ တို႔ မင္းကိုသင္ေပးမယ္။"
နဥ္ရႈ မလႈပ္တာကို လီယုေဖးျမင္တဲ့အခါ သူမက ထပ္မံတိုက္တြန္းေလ၏။
နဥ္ရႈက ရုတ္ခ်ည္းဆိုသလိုပင္ ၾကမ္းေပၚမွာထိုင္ခ်လိုက္ေလတာေၾကာင့္ ခ်ီရွန္းနဲ႔လီယုေဖးကို အံ့အားသင့္သြားေစ၏။ လီယုေဖးက အလ်င္အျမန္ပင္ေမးလာသည္။
"ေရွာင္ဟုန္၊ မင္း ဘာလုပ္ေနတာလဲ?"
"ျမန္ျမန္ထ၊ ၾကမ္းေပၚက ေအးတယ္။"
ခ်ီရွန္းက ေျပာသည္။
"မင္းမွာ ေျပာစရာရွိေနရင္ေျပာပါ။ အဲ့ဒါက ဘာပဲျဖစ္ေနေန ငါတို႔ ကူညီေျဖရွင္းေပးမယ္။"
နဥ္ရႈက စတင္ငိုေႂကြးေတာ့၏။
"သခင္မေလးယုေဖး၊ ေက်းဇူးျပဳ ၿပီး ဒီအေစခံရဲ႕မ်က္နွာေခ်ေတြကို မဖယ္ခိုင္းပါနဲ႔၊ မဟုတ္ရင္ ဒီအေစခံ ေနာက္ထပ္မ်က္နွာျပရဲေတာ့မွာမဟုတ္ဘူး။"
"ဘာလို႔လဲ?"
လီယုေဖး အံ့ၾသသြားသည္။
"အမွန္ေတာ့ ဒီအေစခံက တကယ္ရုပ္ဆိုးပါတယ္။ ကြၽန္မရဲ႕ညာဘက္မ်က္နွာတစ္ျခမ္းက ႀကီးလြန္းတဲ့ေမြးရာပါအမွတ္အသားေၾကာင့္ လံုးဝမည္းနက္ေနတာ၊ ဒါေၾကာင့္ ဒီအေစခံက အဲ့ဒါကိုဖံုးဖို႔ မိတ္ကပ္အထူႀကီးအၿမဲလိမ္းေနရတာပါ။"
နဥ္ရႈက ေျပာရင္းျဖင့္ အနက္ေရာင္အေရျပားကိုျပဖို႔အတြက္ အက်ႌလက္ကိုသံုးကာ သူမမ်က္နွာေပၚက မ်က္နွာေခ်ကိုသုတ္လိုက္၏။
အေရျပားက အရမ္းကိုမည္းနက္ေနၿပီး ဟိုတစ္ကြက္ဒီတစ္ကြက္ျဖစ္ေနတာေၾကာင့္ လြန္စြာမွပင္ရံြစရာေကာင္းေပ၏။
ခ်ီရွန္းမွာ အံ့ၾသလြန္း၍စကားမေျပာနိုင္ေတာ့ေပ။ ထို႔ေနာက္ သူက အထစ္ထစ္အေငါ့ေငါ့နွင့္ဆို၏။
"မင္းမွာ ဘယ္...ဘယ္လိုလုပ္ၿပီး ေမြးရာပါအမွတ္ရွိေနရတာလဲ? ဒီ...ဒီေမြးရာပါအမွတ္က...အတုႀကီး၊ ဟုတ္တယ္မလား?"
ခ်ီရွန္းတစ္ေယာက္ ဘယ္လိုေတာင္ျဖစ္ပ်က္ေနသလဲဆိုတာကိုျမင္လိုက္ရတဲ့နဥ္ရႈကေတာ့ အထင္ေသးစြာျဖင့္ စိတ္ထဲႀကိတ္ကာ တံေတြးေထြးလိုက္၏။
ခ်ီရွန္းက သူ႔ယပ္ေတာင္နဲ႔ စားပဲြကို တေတာက္ေတာက္ေခါက္ေနၿပီးမွ ယပ္ေတာင္ကို ခပ္တင္းတင္းဆုပ္ကိုင္လိုက္သည္။ သူ႔အမူအရာက ခဏၾကာသည္အထိ လြန္စြာမွရက္စက္ဟန္ေပၚေနၿပီးေနာက္ သူက လီယုေဖးဘက္သို႔လွည့္ကာဆို၏။
"ကိုယ့္မွာ လုပ္စရာကိစၥေလးေတြရွီေနေသးလို႔ သြားေတာ့မယ္။ မင္းတို႔ ေအးေအးေဆးေဆးေနၾကပါ။"
ထို႔ေနာက္ သူက လွည့္၍ပင္မၾကည့္ဘဲထြက္သြားေလ၏။
လီယုေဖးက နဥ္ရႈရဲ႕ တစ္ဝက္ျဖဴ တစ္ဝက္မည္းမ်က္နွာကိုၾကည့္ရန္ ျပန္လွည့္လာၿပီးေနာက္ ေႏြးေထြးစြာၿပံဳးသည္။
"ဒါက မင္းအတြက္အရမ္းခက္ခဲေနမွေတာ့ တို႔ မင္းကို အတင္းမတိုက္တြန္းေတာ့ပါဘူး။ မင္း သြားလို႔ရၿပီ။"
သို႔ျဖစ္၍ နဥ္ရႈ လွည့္ထြက္လာခဲ့ေသာ္လည္း ျပန္တဲ့လမ္းမွာ ျဖဴ ေရာ္ေနတဲ့မ်က္နွာနဲ႔ခ်ီရွန္းကိုေတြ႕၏။ သူက မ်က္ေမွာင္ကုတ္ကာေမးသည္။
"မင္းက တကယ္ပဲ မုယန္မုန္႔မဟုတ္ဘူးလား?"
နဥ္ရႈက သူမရဲ႕ပန္ဒါမ်က္လံုးေတြနဲ႔ မ်က္ေတာင္ခတ္ရင္းဆို၏။
"သခင္ေလး၊ ဒီအေစခံက မုယန္မုန္႔ပါလို႔ ဘယ္တုန္းကမ်ား ေျပာခဲ့ဖူးလို႔လဲ? ဒီအေစခံရဲ႕နာမည္က ေရွာင္ဟုန္ပါလို႔ ေသေသခ်ာခ်ာေျပာခဲ့ၿပီးၿပီပဲ။ ေသးငယ္တယ္ဆိုတဲ့ေရွာင္၊ အနီေရာင္ဆိုတဲ့ဟုန္။ ဒီအေစခံရဲ႕နာမည္က မုယန္မုန္႔မဟုတ္ပါဘူး။"
"ဒီအေစခံက မုယန္မုန္႔ပါလို႔ေျပာေနခဲ့တဲ့သူက သခင္ေလးပဲေလ။ ဒီအေစခံ ဒါကို အႀကိမ္တိုင္းျငင္းခဲ့ပါတယ္။"
နဥ္ရႈက သူ႔ဒဏ္ရာေပၚဆားသိပ္ေပးရန္ အေကာင္းဆံုးလုပ္ေဆာင္လိုက္၏။
“ဒင္၊ စိတ္ဒဏ္ရာမွတ္ +10။ လက္ရွိစိတ္ဒဏ္ရာမွတ္စုစုေပါင္းကေတာ့ 20ပါ။"
2333ရဲ႕အသံက အနည္းငယ္စိတ္တိုေနဟန္ေပၚသည္။
"ဘာလို႔ စိတ္ဒဏ္ရာမွတ္ေတြက အရမ္းနည္းေနရတာလဲ? နဥ္ရႈ~~~~"
ငါက ဘယ္လိုလုပ္သိမွာလဲဟဲ့? ဒါေပမယ့္ ဒီလိုငစဥ္းလဲေကာင္က ဒီေလာက္စိတ္ထိခိုက္လြယ္ေနရင္ ပိုေတာင္ထူးဆန္းေနဦးမယ္။
"ဒါဆို မင္းနဲ႔ရွိေနတဲာအေစခံက ဘာလဲ? မင္းရဲ႕အေစခံက ဖမ္းဝရမ္းေတြထဲကတစ္ေယာက္ပဲ။"
ခ်ီရွန္း ေနာက္ဆံုးအေနျဖင့္စမ္းသပ္ၾကည့္လိုက္သည္။
နဥ္ရႈက ခ်ီရွန္းကို တစ္ဝက္ေလာက္မည္းေနတဲ့မ်က္နွာနဲ႔ပင္ မ်က္နွာခ်င္းဆိုင္ကာ ဆို၏။
"အဲ့ေကာင္မေလးက အလိုရွိေနတဲ့ရာဇဝတ္သားလား? ဒီအေစခံ မသိပါဘူး။ တကယ္ေတာ့..."
နဥ္ရႈက ရွက္ရံြ႕စြာျဖင့္ ေခါင္းအနည္းငယ္ငံု႔၏။
"အဲ့ေကာင္မေလးက ဒီအေစခံ လမ္းမွာေတြ႕ခဲ့တဲ့သူပါ။ သူ လမ္းလယ္ေကာင္မွာေမ့ေနတာနဲ႔ ကြၽန္မနဲ႔ ကြၽန္မအေဖက သူ႔ကိုကယ္ခဲ့ၾကတာ။ ကြၽန္မအေဖဆံုးသြားတဲ့ေနာက္ေတာ့ ကြၽန္မက သူ႔ကို မမေလးလို႔ေခၚခိုင္းခဲ့တယ္။ တကယ္ေတာ့ ဒီအေစခံရဲ႕အေဖက အရာရွိတစ္ေယာက္မဟုတ္ပါဘူး။ ကြၽန္မက မ်ိဳးရိုးျမင့္တဲ့လူတစ္ေယာက္ရဲ႕သမီးလိုခံစားၾကည့္ခ်င္ရံုေလးပါ။"
"သခင္ေလး..."
"ေတာ္ေတာ့၊ ေတာ္လိုက္ေတာ့။"
ခ်ီရွန္းက သူ႔မ်က္နွာကိုအုပ္လိုက္သည္။ ၿပီးေနာက္ မခ်င့္မရဲျဖစ္ေနဟန္ျဖင့္ မ်က္လံုးကိုပြတ္၏။
"မင္း ငါ့ကို ဘာလို႔လိမ္ခဲ့တာလဲ?"
မင္း ငါ့ကိုဘာလို႔လိမ္ခဲ့တာလဲတဲ့!? ဒါကိုၾကားလိုက္ရတဲ့နဥ္ရႈမွာ သူ႔မ်က္နွာကို တံေတြးနဲ႔ေထြးပစ္မိလုနီးပါးပင္။ သူမက မ်က္လံုးေတြကို ျပဴ းလိုက္ကာ အံ့ၾသဟန္ျဖင့္ေမးေလ၏။
"ဒီအေစခံက ဘယ္တုန္းကမ်ား လိမ္ခဲ့မိလို႔လဲ? ဒီအေစခံက သခင္ေလးကို ဘယ္တုန္းကမွမလိမ္ခဲ့ပါဘူး။"
ခ်ီရွန္းရဲ႕မ်က္နွာက ရႈံ႕မဲ့သြားကာ ေအာ္ေလ၏။
"ေရွာင္ဟုန္ဆိုတဲ့နာမည္က နာမည္အတုနဲ႔တူတယ္ေလ! မင္းက မုယန္မုန္႔လို႔ ငါထင္မိတာေပါ့!"
"ေရွာင္ဟုန္က ဘာျဖစ္လို႔လဲ? ဒီအေစခံမွာ ေရွာင္မင္လို႔ေခၚတဲ့အစ္ကိုတစ္ေယာက္ေတာင္ရွိေသးတယ္။ ဒီအေစခံရဲ႕နာမည္က ေရွာင္ဟုန္ပါပဲ။"
နဥ္ရႈက ခပ္တည္တည္ျဖင့္ေခါင္းၿငိမ့္၏။
ခ်ီရွန္းက သူ႔ရင္ဘတ္ကို ခပ္ၾကမ္းၾကမ္းဖိလိုက္သည္။
"သြားေတာ့၊ ငါ အခု မင္းကိုမျမင္ခ်င္ဘူး။ မင္း ငါ့ကိုလိမ္ရဲတယ္။"
နဥ္ရႈက လွည့္ကာေျပးသြားေတာ့သည္။
...
ေရွာင္မင္ကို မွတ္မိၾကေသးလား :"
...
[Unicode]
{ရှောင်ဟုန်က ဘာဖြစ်လို့လဲ?}
"ရေနွေးတွေပြင်ထားပြီးပြီဆိုတော့ မင်း အခုပဲရေသွားချိုးသင့်တယ်။ မင်း မျက်နှာသစ်ပြီးရင် မျက်နှာချေဘယ်လိုလိမ်းရမယ်ဆိူတာ တို့ မင်းကိုသင်ပေးမယ်။"
နဉ်ရှု မလှုပ်တာကို လီယုဖေးမြင်တဲ့အခါ သူမက ထပ်မံတိုက်တွန်းလေ၏။
နဉ်ရှုက ရုတ်ချည်းဆိုသလိုပင် ကြမ်းပေါ်မှာထိုင်ချလိုက်လေတာကြောင့် ချီရှန်းနဲ့လီယုဖေးကို အံ့အားသင့်သွားစေ၏။ လီယုဖေးက အလျင်အမြန်ပင်မေးလာသည်။
"ရှောင်ဟုန်၊ မင်း ဘာလုပ်နေတာလဲ?"
Advertisement
"မြန်မြန်ထ၊ ကြမ်းပေါ်က အေးတယ်။"
ချီရှန်းက ပြောသည်။
"မင်းမှာ ပြောစရာရှိနေရင်ပြောပါ။ အဲ့ဒါက ဘာပဲဖြစ်နေနေ ငါတို့ ကူညီဖြေရှင်းပေးမယ်။"
နဉ်ရှုက စတင်ငိုကြွေးတော့၏။
"သခင်မလေးယုဖေး၊ ကျေးဇူးပြု ပြီး ဒီအစေခံရဲ့မျက်နှာချေတွေကို မဖယ်ခိုင်းပါနဲ့၊ မဟုတ်ရင် ဒီအစေခံ နောက်ထပ်မျက်နှာပြရဲတော့မှာမဟုတ်ဘူး။"
"ဘာလို့လဲ?"
လီယုဖေး အံ့သြသွားသည်။
"အမှန်တော့ ဒီအစေခံက တကယ်ရုပ်ဆိုးပါတယ်။ ကျွန်မရဲ့ညာဘက်မျက်နှာတစ်ခြမ်းက ကြီးလွန်းတဲ့မွေးရာပါအမှတ်အသားကြောင့် လုံးဝမည်းနက်နေတာ၊ ဒါကြောင့် ဒီအစေခံက အဲ့ဒါကိုဖုံးဖို့ မိတ်ကပ်အထူကြီးအမြဲလိမ်းနေရတာပါ။"
နဉ်ရှုက ပြောရင်းဖြင့် အနက်ရောင်အရေပြားကိုပြဖို့အတွက် အင်္ကျီလက်ကိုသုံးကာ သူမမျက်နှာပေါ်က မျက်နှာချေကိုသုတ်လိုက်၏။
အရေပြားက အရမ်းကိုမည်းနက်နေပြီး ဟိုတစ်ကွက်ဒီတစ်ကွက်ဖြစ်နေတာကြောင့် လွန်စွာမှပင်ရွံစရာကောင်းပေ၏။
ချီရှန်းမှာ အံ့သြလွန်း၍စကားမပြောနိုင်တော့ပေ။ ထို့နောက် သူက အထစ်ထစ်အငေါ့ငေါ့နှင့်ဆို၏။
"မင်းမှာ ဘယ်...ဘယ်လိုလုပ်ပြီး မွေးရာပါအမှတ်ရှိနေရတာလဲ? ဒီ...ဒီမွေးရာပါအမှတ်က...အတုကြီး၊ ဟုတ်တယ်မလား?"
ချီရှန်းတစ်ယောက် ဘယ်လိုတောင်ဖြစ်ပျက်နေသလဲဆိုတာကိုမြင်လိုက်ရတဲ့နဉ်ရှုကတော့ အထင်သေးစွာဖြင့် စိတ်ထဲကြိတ်ကာ တံတွေးထွေးလိုက်၏။
ချီရှန်းက သူ့ယပ်တောင်နဲ့ စားပွဲကို တတောက်တောက်ခေါက်နေပြီးမှ ယပ်တောင်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူ့အမူအရာက ခဏကြာသည်အထိ လွန်စွာမှရက်စက်ဟန်ပေါ်နေပြီးနောက် သူက လီယုဖေးဘက်သို့လှည့်ကာဆို၏။
"ကိုယ့်မှာ လုပ်စရာကိစ္စလေးတွေရှီနေသေးလို့ သွားတော့မယ်။ မင်းတို့ အေးအေးဆေးဆေးနေကြပါ။"
ထို့နောက် သူက လှည့်၍ပင်မကြည့်ဘဲထွက်သွားလေ၏။
လီယုဖေးက နဉ်ရှုရဲ့ တစ်ဝက်ဖြူ တစ်ဝက်မည်းမျက်နှာကိုကြည့်ရန် ပြန်လှည့်လာပြီးနောက် နွေးထွေးစွာပြုံးသည်။
"ဒါက မင်းအတွက်အရမ်းခက်ခဲနေမှတော့ တို့ မင်းကို အတင်းမတိုက်တွန်းတော့ပါဘူး။ မင်း သွားလို့ရပြီ။"
သို့ဖြစ်၍ နဉ်ရှု လှည့်ထွက်လာခဲ့သော်လည်း ပြန်တဲ့လမ်းမှာ ဖြူ ရော်နေတဲ့မျက်နှာနဲ့ချီရှန်းကိုတွေ့၏။ သူက မျက်မှောင်ကုတ်ကာမေးသည်။
"မင်းက တကယ်ပဲ မုယန်မုန့်မဟုတ်ဘူးလား?"
နဉ်ရှုက သူမရဲ့ပန်ဒါမျက်လုံးတွေနဲ့ မျက်တောင်ခတ်ရင်းဆို၏။
"သခင်လေး၊ ဒီအစေခံက မုယန်မုန့်ပါလို့ ဘယ်တုန်းကများ ပြောခဲ့ဖူးလို့လဲ? ဒီအစေခံရဲ့နာမည်က ရှောင်ဟုန်ပါလို့ သေသေချာချာပြောခဲ့ပြီးပြီပဲ။ သေးငယ်တယ်ဆိုတဲ့ရှောင်၊ အနီရောင်ဆိုတဲ့ဟုန်။ ဒီအစေခံရဲ့နာမည်က မုယန်မုန့်မဟုတ်ပါဘူး။"
"ဒီအစေခံက မုယန်မုန့်ပါလို့ပြောနေခဲ့တဲ့သူက သခင်လေးပဲလေ။ ဒီအစေခံ ဒါကို အကြိမ်တိုင်းငြင်းခဲ့ပါတယ်။"
နဉ်ရှုက သူ့ဒဏ်ရာပေါ်ဆားသိပ်ပေးရန် အကောင်းဆုံးလုပ်ဆောင်လိုက်၏။
“ဒင်၊ စိတ်ဒဏ်ရာမှတ် +10။ လက်ရှိစိတ်ဒဏ်ရာမှတ်စုစုပေါင်းကတော့ 20ပါ။"
2333ရဲ့အသံက အနည်းငယ်စိတ်တိုနေဟန်ပေါ်သည်။
"ဘာလို့ စိတ်ဒဏ်ရာမှတ်တွေက အရမ်းနည်းနေရတာလဲ? နဉ်ရှု~~~~"
ငါက ဘယ်လိုလုပ်သိမှာလဲဟဲ့? ဒါပေမယ့် ဒီလိုငစဉ်းလဲကောင်က ဒီလောက်စိတ်ထိခိုက်လွယ်နေရင် ပိုတောင်ထူးဆန်းနေဦးမယ်။
"ဒါဆို မင်းနဲ့ရှိနေတဲာအစေခံက ဘာလဲ? မင်းရဲ့အစေခံက ဖမ်းဝရမ်းတွေထဲကတစ်ယောက်ပဲ။"
ချီရှန်း နောက်ဆုံးအနေဖြင့်စမ်းသပ်ကြည့်လိုက်သည်။
နဉ်ရှုက ချီရှန်းကို တစ်ဝက်လောက်မည်းနေတဲ့မျက်နှာနဲ့ပင် မျက်နှာချင်းဆိုင်ကာ ဆို၏။
"အဲ့ကောင်မလေးက အလိုရှိနေတဲ့ရာဇဝတ်သားလား? ဒီအစေခံ မသိပါဘူး။ တကယ်တော့..."
နဉ်ရှုက ရှက်ရွံ့စွာဖြင့် ခေါင်းအနည်းငယ်ငုံ့၏။
"အဲ့ကောင်မလေးက ဒီအစေခံ လမ်းမှာတွေ့ခဲ့တဲ့သူပါ။ သူ လမ်းလယ်ကောင်မှာမေ့နေတာနဲ့ ကျွန်မနဲ့ ကျွန်မအဖေက သူ့ကိုကယ်ခဲ့ကြတာ။ ကျွန်မအဖေဆုံးသွားတဲ့နောက်တော့ ကျွန်မက သူ့ကို မမလေးလို့ခေါ်ခိုင်းခဲ့တယ်။ တကယ်တော့ ဒီအစေခံရဲ့အဖေက အရာရှိတစ်ယောက်မဟုတ်ပါဘူး။ ကျွန်မက မျိုးရိုးမြင့်တဲ့လူတစ်ယောက်ရဲ့သမီးလိုခံစားကြည့်ချင်ရုံလေးပါ။"
"သခင်လေး..."
"တော်တော့၊ တော်လိုက်တော့။"
ချီရှန်းက သူ့မျက်နှာကိုအုပ်လိုက်သည်။ ပြီးနောက် မချင့်မရဲဖြစ်နေဟန်ဖြင့် မျက်လုံးကိုပွတ်၏။
"မင်း ငါ့ကို ဘာလို့လိမ်ခဲ့တာလဲ?"
မင်း ငါ့ကိုဘာလို့လိမ်ခဲ့တာလဲတဲ့!? ဒါကိုကြားလိုက်ရတဲ့နဉ်ရှုမှာ သူ့မျက်နှာကို တံတွေးနဲ့ထွေးပစ်မိလုနီးပါးပင်။ သူမက မျက်လုံးတွေကို ပြူးလိုက်ကာ အံ့သြဟန်ဖြင့်မေးလေ၏။
"ဒီအစေခံက ဘယ်တုန်းကများ လိမ်ခဲ့မိလို့လဲ? ဒီအစေခံက သခင်လေးကို ဘယ်တုန်းကမှမလိမ်ခဲ့ပါဘူး။"
ချီရှန်းရဲ့မျက်နှာက ရှုံ့မဲ့သွားကာ အော်လေ၏။
"ရှောင်ဟုန်ဆိုတဲ့နာမည်က နာမည်အတုနဲ့တူတယ်လေ! မင်းက မုယန်မုန့်လို့ ငါထင်မိတာပေါ့!"
"ရှောင်ဟုန်က ဘာဖြစ်လို့လဲ? ဒီအစေခံမှာ ရှောင်မင်လို့ခေါ်တဲ့အစ်ကိုတစ်ယောက်တောင်ရှိသေးတယ်။ ဒီအစေခံရဲ့နာမည်က ရှောင်ဟုန်ပါပဲ။"
နဉ်ရှုက ခပ်တည်တည်ဖြင့်ခေါင်းငြိမ့်၏။
ချီရှန်းက သူ့ရင်ဘတ်ကို ခပ်ကြမ်းကြမ်းဖိလိုက်သည်။
"သွားတော့၊ ငါ အခု မင်းကိုမမြင်ချင်ဘူး။ မင်း ငါ့ကိုလိမ်ရဲတယ်။"
နဉ်ရှုက လှည့်ကာပြေးသွားတော့သည်။
...
ရှောင်မင်ကို မှတ်မိကြသေးလား :"
...
Advertisement
- In Serial66 Chapters
Law of Shadows
Mercs are causing trouble in my city. They are hunting someone, whatever the cost. It’s not like I care that some lowly humans died, but if I don’t act now it would set a bad example. So what would the hero do? Probably he would save the victims and protect them while the enemies keep coming…Yeah, as if I would ever do something so troublesome! They aren’t calling me the demon lord for no reason. I suppose I’ll just shoot the victim and be done with it.
8 432 - In Serial19 Chapters
Immortal Dynasty (Rewrite)
The Tianyang Continent. A place where the strong prey on the weak; where one life is more valuable than a thousand; a cemetery for delusional fantasies and dreams. In this hostile and precarious world, our protagonist is transported. A young man who experienced both betrayal and tragedy, despite possessing all the tools to lead a successful and fulfilled life. Watch this sad and broken bachelor get back on his feet, make friends, and redefine his presumptions on life. Wish him the best on his journey of cultivation and discover secrets he wished he had never uncovered. (If the owner of the cover Image wishes me to remove it, I will)
8 213 - In Serial35 Chapters
King of Demons
How can one human survive in a world of demons? Rosalyn, known online as RosieRainbow, finds a mysterious 90s video game in a rummage sale. She tries to research it but can’t find it anywhere online, nor the company that made the game in the first place. She starts the livestream event of the season to showcase the mysterious game, but upon booting it up ends up inside of it. Physically and literally, standing in the center of a demonic world, terrified in fuzzy slippers. Now Rosalyn has to figure out how to escape the game. And in this place, mashing buttons on a keyboard can’t save her. Updates on Mondays and Thursdays! Cover Artwork by Kristen Lee at https://kristenlee.co.uk/
8 135 - In Serial38 Chapters
Everlasting ღ Newt TMR¹
❛I know we're not everlasting, We're a train wreck waiting to happen.❜ Lori wakes up inside a grave, along with a body. Finally a boy helps her escape, and he takes her to the Glade, an encampment in the middle of a Maze. Lori has no idea where she is, who she is or how the hell she got into the middle of a Maze. All she knows is that she has to find a way out.!!!WARNING!!!- There will be spoilers for the books and movies (duh) - This was my first proper fanfic, and it's cheesy af Enjoy *+*COMPLETE*+**UNEDITED* I hope you all enjoy my new story. I only own Lori and whoever else you don't recognize from the books! xoxo - WrathfulDeity And please don't copyright, even if the story sucks, I rather it stays mine. COPYRIGHT 2014 ©WrathfulDeity Published 4/11/2014
8 152 - In Serial12 Chapters
The Kajiu King
This story is base on the movie The Lion King but in a different storyline version. Also this a Gojishipping story (a ship of Godzilla & Serena) and a Godzilla and Pokémon crossover.
8 94 - In Serial17 Chapters
Predator(KnY×reader!!Ghoul)
How did she get there? No one knew. She just suddenly appeared.Y/n couldn't even think of a logical explanation for her to get lost from her time period or suddenly hopped to some ancient universe. But she's here. Trying her best to fit in for a world where demons are the ones plaguing the world and not Ghouls.All she could do is painstakingly take on a role she doesn't really want in order to hide her identity from everyone else. Meeting a Demon slayer and travelling with them and having encounters with some people who just doesn't wish to leave her alone just like in her old world.
8 110

