《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 43
Advertisement
[Zawgyi]
ဟား၊ ဆုတောင်းလေ!
ဟား၊ ဟား။
....
[Unicode]
{ဘဝရဲ့အရောင်အသွေးတွေက တောက်ပစုံလင်နေသင့်တယ်}
တစ်ခါတစ်လေတော့လည်း ချီရှန်း ဒီမိန်းမက တကယ်ပဲမုယန်မုန့်ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို သိချင်မိသည်။ သူမရဲ့တုန့်ပြန်မှုတွေက အမြဲတမ်းကို့ရို့ကားယားနဲ့။ ဒါပေမယ့် ဖမ်းဝရမ်းတွေမှာ သခင်နဲ့အစေခံလို့ပါပြီး အစေခံရဲ့နာမည်ကလည်းယွဲ့လန်ပင်။ ယွဲ့လန်က မုယန်မုန့်များလား? ဒါပေမယ့် ယွဲ့လန်က အရမ်းကြီးလှမနေပါဘူး။
ချီရှန်းက သုန်ဟွာပြည်ရဲ့နံပါတ်တစ်အလှပဂေးမုယန်မုန့်အကြောင်းကြားဖူးတာ ကြာပြီဖြစ်သော်လည်း သူ့ရာထူးအနေအထားက သတ်မှတ်ထားပြီးသားဖြစ်သည်။ သူမကိုတွေ့ဆုံနိုင်ဖို့ အထက်ကိုတက်နိုင်ရမယ့်မျှော်လင့်ချက်လည်းမရှိ။ ဒါပေမယ့် အခုတော့ သူမက သူ့ရှေ့မှာရပ်နေခဲ့ပြီ။ သူမကိုယ်ပေါ် ရေတစ်ပုံးလောက်လောင်းချပြီး သူမမျက်နှာထက်ကမျက်နှာချေတွေကိုပြောင်စင်စေရင်း သူမကိုတွေ့ဖူးချင်စိတ်ကလွဲ ဘာမှရှိမနေတော့။
ပြင်းထန်အားကောင်းလွန်းလှတဲ့ဆန္ဒကို သူ အားကုန်သုံးကာချုပ်တီးထားရသည်။
"ဒါဆို ယုဖေးရဲ့အခန်းကို သွားပြင်ဆင်ပေးပါဦး။ မင်းရဲ့ခံစားတတ်မှုကို ငါယုံတယ်။"
ချီရှန်းက နဉ်ရှုကို သဝန်တိုလာအောင်လုပ်နေတာဖြစ်သော်လည်း နဉ်ရှုကတော့ သဝန်တိုခြင်းမရှိဘဲ ပျော်ရွှင်စွာပင်တုန့်ပြန်လေ၏။
"စိတ်ချပါ သခင်လေး။ ဒီအစေခံ ကောင်းကောင်းပြင်ဆင်ထားလိုက်ပါ့မယ်။"
ထို့နောက် နဉ်ရှုကိုယ်ပေါ်ကရနံ့နဲ့ အနီနဲ့အစိမ်းတွဲဖက်ဝတ်ဆင်မှုကို ချီရှန်းသတိရသွားရှာသည်။ သူမရဲ့ခံစားတတ်မှုက တကယ်ကိုထူးဆန်းတယ်။ သူက လေးပင်စွာပြောလာ၏။
"ပြန်တွေးမိမှ အရင်က မင်း ဒီတာဝန်မျိုးမလုပ်ဖူးဘူးပဲ။ ဒီတော့ တစ်ခြားအစေခံတစ်ယောက်ကိုပဲခိုင်းလိုက်တော့မယ်။ မင်းက ဒီလိုအလုပ်ကြမ်းမျိုးတွေနဲ့ ရင်းနှီးမှာမဟုတ်ဘူး။"
Advertisement
ချီရှန်းဘာတွေးနေလဲဆိုတာ နဉ်ရှုသိပါသည်။ သူမ ပစ္စည်းတွေကိုဖျက်ဆီးပစ်မှာ သူစိုးရိမ်နေခြင်းပင်။ သို့သော်လည်း သူမက စ်တ်အားထက်သန်နေသောအပြုံးဖြင့်ပြောလာလေ၏။
"ဒီအစေခံကို သခင်မလေးယုဖေးအတွက် လုပ်ဆောင်ခွင့်ပေးပါ။ ဒီကိစ္စပြီးရင် ဒီအစေခံက သခင်မလေးယုဖေးနဲ့ ညီအစ်မတွေတောင်ဖြစ်လာနိုင်တယ်။"
ညီအစ်မတွေဖြစ်လာနိုင်တယ်...။ ချီရှန်း သူမစကားတွေထဲက ဖြစ်နိုင်ချေရှိတဲ့အဓိပ္ပါယ်ကိုတွေးဆရင်း နဉ်ရှုကိုကြည့်လိုက်သည်။ ဒါက သူရှာဖွေနေခဲ့တဲ့အဓိပ္ပါယ်စ်ြနိုင်လောက်တယ်။ သူက ခြေတစ်လှမ်းလောက်ရှေ့တိုးလိုက်ကာ သူမလက်ကိုကိုင်မည်ပြုသော်လည်း လမ်းတစ်ဝက်မှာပင် ဇွတ်အတင်းရပ်လိုက်လေ၏။ သူက ပျော်ရွှင်စွာဆိုလာသည်။
"ယုဖေးက ကြင်နာတတ်တဲ့မိန်းကလေးပါ။ မင်းတို့နှစ်ယောက်က သေချာပေါက်ညီအစ်မကောင်းတွေဖြစ်လာမှာ။"
ဟား၊ ဆုတောင်းလေ!
ဒီလိုလူမျိုးကတောင် အမျိုးသားဇာတ်လိုက်ဖြစ်လာနိုင်တယ်တဲ့လား? နဉ်ရှုတစ်ယောက် သူမရဲ့လောကအမြင်တွေ ပြိုကွဲသွားတော့မလို ခံစားလိုက်ရသည်။ လူတစ်ယေယက်က ကြင်နာတတ်တာနဲ့ နင့်ရဲ့ကိစ္စတိုင်းကို လက်ခံပေးရမယ်ပေါ့။ သူတို့က နင်လုပ်တာတွေကိုသဘောမတူရင်၊ နင်ယုံကြည်တာကိုလက်မခံရင် သူတို့က မကြင်နာတတ်တော့ဘူးပေါ့လေ။
Da fudge? ကြင်နာတတ်တယ်ဆိုတာက ဘယ်တုန်းက ဒီလိုအဓိပ္ပါယ်မျိုးဖြစ်သွားရတာလဲ?
ဟား၊ ဟား။
ချီရှန်းက သူမကို ကြင်နာပြီးချစ်စိတ်တွေပြည့်နေသလိုကြည့်နေတာကို မြင်တဲ့အခါတိုင်း နဉ်ရှုမှာ သူမကိုယ်သူမ ကန်းသွားအောင်လုပ်ပစ်ချင်စိတ်တွေတဖွားဖွား။ သူ့ရဲ့သူတော်ကောင်းယောင်ဆောင်တာတွေက သူမကိုအန်ချင်လာစေသည်။
ဒီတော့ သူမရဲ့ရည်မှန်းချက်က အောင်သွယ်တော်တစ်ယောက်လုပ်ပြီး ချီရှန်းနဲ့သူ့အချစ်စစ်ကလေးတို့ ထာ...ဝ...ရ...အတူတူနေသွားရစေဖို့ပဲ။
ိနဉ်ရှုက အရံအမျိုးသမီးဇာတ်လိုက်အတွက်အခန်းပြင်ပေးဖို့ ယွဲ့လန်နဲ့အတူတူသွားတဲ့အခါ ယွဲ့လန်ကဂွမ်းအိပ်ယာကို ခါရင်းဝမ်းပန်းတနည်းဆိုလေ၏။
"မမလေးရယ်၊ ကျွန်မရဲ့ သနားစရာမမလေးရဲ့၊ မြင့်မြတ်တဲ့မိသားစုကနေဆင်းသက်လာပြီး အစေခံတစ်ယောက်ရဲ့အလုပ်တွေကိုလုပ်နေရတယ်။ သခင်ကြီးသာသိရင် ရင်နာနေတော့မှာပဲ။"
အခုလောက်ဆို ဝန်ကြီးချုပ်မုက အဝေးတစ်နေရာမှာ ကောင်းကောင်းမွန်မွန်နေထိုင်နေရလောက်ရောပေါ့။ ဇာတ်ကြောင်းထဲမှာ သနာစဖွယ်ကောင်းလွန်းစွာဖြင့် သူ့အတွက်စာကြောင်းအနည်းငယ်သာပါသည်။ ဒီဇာတ်လမ်းမှာတော့ သူက ဖြတ်လျှောက်သာသာပါပဲ။
နဉ်ရှုက ရိုးရှင်းလှပတဲ့ခန်းဆီးတွေအကုန်လုံးကိုဖြုတ်ချလိုက်ကာ ဝင့်ကြွားဟန်ရှိတဲ့ခန်းဆီးတွေကိုလဲလှယ်တပ်ဆင်လိုက်သည်။ အကုန်လုံးက အစိမ်းတောက်၊ အနီတောက်တွေသာဖြစ်ပြီး မျက်စိကျိန်းလာစေသည်။
ဒါက အရံအမျိုးသမီးဇာတ်လိုက်ကိုကြိုဆိုတဲ့နေရာမှာ သူမရဲ့စိတ်အားထက်သန်မှုကို ဖော်ပြတာပဲ။ နူးညံ့လှပတဲ့အရံအမျိုးသမီးဇာတ်လိုက်က ဒီလိုအရောင်တွေတောက်ပနေတဲ့အခန်းကိုမြင်ရင် ဘယ်လိုတုန့်ပြန်မလဲသိချင်မိရဲ့။
ယွဲ့လန်က အခန်းကိုဝေ့ကြည့်လိုက်ပြီးနောက် မျက်စိကိုပွတ်ကာမေးလေ၏။
"မမလေး၊ ဘယ်အချိန်ကစပြီး ဒီလိုအရောင်တွေကိုကြိုက်လာတာလဲ? ဒါ...ဒါက..."
"မကြာသေးခင်က ကိစ္စတွေပြီးတဲ့နောက် ဘဝရဲ့အရောင်အသွေးတွေက တောက်ပစုံလင်နေသင့်တယ်ဆိုတာကို နင့်မမလေးနောက်ဆုံးတော့နားလည်သွားပြီလေ။"
နဉ်ရှုက လက်မှဖုန်တွေကိုပုတ်ခါရင်းပြောလေ၏။
နဉ်ရှု အခန်းကိုပြင်ဆင်ပြီးတဲ့အခါ ချီရှန်းမှာ အထဲဝင်ကာကြည့်ချင်မိလေ၏။ အဆုံးမှာတော့ သူ့နှလုံးသားထဲ၌ အရံအမျိုးသမီးဇာတ်လိုက်က သန့်ရှင်းဖြူ စင်သောလရောင်လေးပင်ဖြစ်၏။ ဒီအချိန်အတွင်းမှာတော့ သူက သူမရဲ့ချစ်ခြင်းမေတ္တာကိုရယူထားနိုင်ဖို့လိုတာကြောင့် နဉ်ရှုက သူ့ကိစ္စတွေကို ဖျက်ဆီးပစ်မှာကို သူစိုးရိမ်နေသည်။
"ဒီအစေခံကို ယုံလိုက်စမ်းပါသခင်လေးရဲ့။ ဒီအစေခံက သခင်မလေးယုဖေးကို သေချာပေါက် အံ့သြစရာအကြီးကြီးပေးမှာ!"
နဉ်ရှုက အဝင်မခံတာကြောင့် ချီရှန်းတစ်ယေယက် အပြင်မှာပင်ရပ်နေရသည်။
ချီရှန်းက နဉ်ရှုနှာခေါင်းကိုအသာအယာတို့ကာ တုန်နေအောင်ချစ်သည့်လေသံဖြင့်ပြောလာသည်။
"မင်းရဲ့သခင်လေးက မင်းကို ယုံပါတယ်။"
Fuck! နင် လက်ပြတ်ချင်နေပြီလား!?
....
Advertisement
- In Serial22 Chapters
Darkborn
The Unbinding series Arc: The Dark Spiral Book: Darkborn Shae is broken. Deeply hurt by life, unable to fit in and without the perspective to understand what the people around her mean by their actions. Her only link to the world around her, a pet cat, dies, and her world is turned upside down. When an opportunity presents itself, she grabs onto it, unaware of the part she is made to play in plots that may well determine the fate of mankind. Forum post: https://forum.royalroadl.com/showthread.php?tid=100419 *** 03-May-2018 For all intents and purposes, this book is now finished. At least the second pass. Editing a book is soo much slower than writing it in the first place :( Book 2 of the Unbinding series, chapter 1 has been submitted, and should be readable any moment now. Please check it out, read it, enjoy it and maybe even comment on it. Join me on twitter to get updates on my progress, @mroysson *** Cover background Photo by Joel Filipe on Unsplash Cover design by Al Pearce (https://twitter.com/alpearcedev)
8 200 - In Serial14 Chapters
Invincible
This is the story of two souls who are link together by the love they possess for a child. A love that will transcend both time and space, and defy gods, destiny and the very universe itself. This is a simple story of a father whose willingness to protect and to guide his child carved new empires and kingdoms and destroy the old. This is the story of a man known simply as the INVINCIBLE. ********************************************************************* AUTHOR'S NOTE: First of all, I am a first time author but a long time reader in Royal Road. I believe that what this site is been doing for the last couple of years now is a godsend for all fantasy enthusiast like me and more power to them and all authors and readers and reviewers in this site. Every review is welcome. I would only suggest that any criticism heap upon me and my story would also include a tip on how I can improve upon the said mistake, so I can improve as an amateur author. I cannot guarantee that I will be able to regularly update my story in the future but I will endeavor to do so to the best of my ability. The categories I have chosen might change also in the future as my story evolve. Good day and hopefully enjoy my story. :D
8 160 - In Serial43 Chapters
Simple Man(Jensen Ackles X reader)
Your an actress but not that well known sadly. You've done a soap opera here, a crappy horror movie there, and occasionally a commercial. But one day you get the chance of a life time when your picked to play the role as 'Roxy', Dean Winchester's new love interest on the hit TV series Supernatural. What happens when your love for Dean comes off camera and your love for Jensen grows?
8 145 - In Serial8 Chapters
Ninjago: Evil Lloyd Garmadon
The ninja noticed Lloyd was acting strange. Lloyd was inherited withevil in his blood. Lloyd will do whatever it takes to conquer Ninjago. Following his father footsteps & finishing what he has started. Read for more.
8 213 - In Serial35 Chapters
Orphan Girl
Oakley has no one. No family and most definitely no friends. She doesn't fit in anywhere and she gets that. There isn't any point in trying to after all those years of being bullied by her peers. It's not only school that she doesn't fit in at, but also at home. Sharing a house with fifteen little kids that she isn't related to can get pretty difficult sometimes. That's what you get living in a Orphanage. Oakley's always being pushed around, and forced to work all the time. Although she is used to it, it would still be nice to have someone to talk to about it. Scott enters Oakley's life with big hopes and dreams to make her happy. Although maybe wolf boy Scott is the complete opposite of what Oakley needs. Tune in and read to find out what happens on the whirl wide ride between Oakley and Scott. Claire Fastuca - copyright 2012
8 208 - In Serial3 Chapters
BLOODLUST, matt murdock
❝I TASTE HER BLOOD ON MY LIPS.❞In which a journalist becomes Hell's Kitchen's newest vigilante seeking justice, and Daredevil goes against his morals to help her make others bleed.daredevil/punisher aufem!oc x matt murdock © offallenangels 2022[WEEKLY UPDATES]highest ranking:#17 in defenders tag#45 in punishers tag #16 in hells kitchen tag#12 in foggy nelson tag#48 in mart murdock tag
8 182