《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 42
Advertisement
[Zawgyi]
{မၾကာခင္ ရွင္ သားေလးတစ္ေယာက္ရနိုင္ပါေစ!}
နဥ္ရႈက သူမက မုယန္မုန္႔ပါဆိုသည့္အခ်က္ကို အသည္ူအသန္ျငင္းဆိုခဲ့ေသာ္လည္း ခ်ီရွန္းကေတာ့ သူမက မုယန္မုန္႔ပါဟုအခိုင္အမာယံုၾကည္ေနဆဲျဖစ္သည္။ သူ႔မ်က္လံုးမ်ားတြင္ သရဲမရဲစီးေနေသာစိတ္ဝင္စားမႈတို႔ျဖင့္ျပည့္ေနသည္။
နဥ္ရႈ သူ႔ကိုဂရုမစိုက္ေတာ့။ သူမက မုယန္မုန္႔ပါလို႔ သူသိရင္ေရာ ဘာျဖစ္လဲ? သူ႔အခ်စ္စစ္ကေလးေရာက္လာတာနဲ႔ သူမကို ခ်က္ခ်င္းေမ့သြားမယ့္ဟာ။
ခ်ီရွန္းက မိန္းကလးေတြကိုပိုးပန္းရတာသေဘာက်ရံုသာ။ သို႔သာ္လည္း သူ႔နွလံုးသားတစ္ခုလံုးကိုပိုင္စိုးထားတဲ့ ျဖဴ စင္တဲ့နတ္သမီးေလးလိုအခ်စ္စစ္ေကာင္မေလးရွိေနမွေတာ့ သူတို႔ကိုရၿပီးတာနဲ႔ ခ်စ္ခင္ျမတ္နိုးဖို႔စဥ္းစားလိမ့္မည္မဟုတ္ေပ။
သူ႔မွာ သူခ်စ္ရတဲ့သူရွိေသာ္လည္း သူ႔ကိုယ္သူနည္းနည္းပါးပါးသာထိန္းခ်ဳပ္နိုင္သည္။ သူက မုယန္မုန္႔ကိုဝယ္ဖို႔ ေဝးလံလံန္းလွတဲ့ေနရာက အေပ်ာ္ေဂဟာဆီကိုေတာင္သြားခဲ့ေသးသည္။
သူက သူ႔ရဲ႕အခ်စ္စစ္ေလးကို သိပ္မခ်စ္တာလည္းျဖစ္နိုင္သည္။ ေနာက္ဆံုးေတာ့ သူ႔ရဲ႕နတ္သမီးေလးလိုအခ်စ္စစ္က မနာလိုဝန္တိုမႈေတြနဲ႔ျပည့္ေနတဲ့သူဆိုတာကိုသိလိုက္ရတာေၾကာင့္ သူမကို အလြယ္တကူပင္စြန္႔ပစ္ခဲ့သည္ေလ။ ယွဥ္ၾကည့္လ်ွင္ မုယန္မုန္႔က ပိုၾကင္နာတတ္တာေၾကဳင့္ သူက ဒီလိုနဲ႔ပဲ မုယန္မုန္႔ကိုခ်စ္မိသြားတာျဖစ္သည္။
'မင္းက မနာလိုတတ္လို႔ ငါမင္းကိုဆက္မခ်စ္ေတာ့ဘူး။ မင္းကိုခ်စ္မိတာ ငါကန္းေနလို႔ပဲ။' ဒါႀကီးက အခ်စ္ဆိုတာေရာဟုတ္ေသးရဲ႕လား?
နဥ္ရႈက မုယန္မုန္႔ဆိုတာကို ခ်ီရွန္းသိသြားၿပီးေနာက္မွာေတာ့ သူက သူမကို ပို၍ပင္ေကာင္းမြန္စြာဆက္ဆံလာ၏။ သူက အေစခံတစ္ေယာက္လုပ္ရမယ့္ မ်ားျပားလြန္းလွတဲ့တာဝန္ေတြကိုပင္မလုပ္ေစဘဲ သူမကို ခ်မ္းသာတဲ့မမေလးတစ္ေယာက္သဖြယ္ထားေလ၏။
နဥ္ရႈကေတာ့ ခ်ီရွန္းကသူမကို အလုပ္မလုပ္ခိုင္းေတာ့ကတည္းက လက္ဖက္ရည္ေသာက္လိုက္၊ ဥယ်ာဥ္တစ္ဝိုက္ ေအးေအးေဆးေဆးလမ္းေလ်ွာက္လိုက္ျဖင့္ အခ်ိန္ေတြျဖဳန္းရင္း ေစာင့္ဆိုင္းေနေတာ့သည္။ ခ်ီရွန္းရဲ႕အခ်စ္စစ္ေလးက ေရာက္လာေတာ့မယ္ေလ။
သူ႔ရဲ႕အခ်စ္စစ္ေလးက အျပင္ပန္းကေတာ့ ေဖာ္ေ႐ြၾကင္နာတတ္သေယာင္ထင္ရေပမယ့္ အတြင္းထဲကေတာ့ ရိုးတြင္းျခင္ဆီေတြအထိပုပ္သိုးေနသူျဖစ္သည္။ သူမက မူလခႏၶာရွင္ရဲ႕ရုပ္ရည္ကို ဖ်က္ဆီးခဲ့ၿပီး သူမတစ္ကိုယ္လံုး ဒဏ္ရာအမာ႐ြတ္ေတြေနရာမလပ္ရွိသည္အထိ နွိပ္စက္ညႇင္းပန္းခဲ့သည္။
သူမက မနာလိုတတ္တဲ့စံျပအရံအမ်ိဳးသမီးဇာတ္ေဆာင္ပင္။ နဥ္ရႈ ဆံြ႕အေနေခ်ၿပီ။ ဒါက သူမပါဝင္ကစားရမယ့္ဇာတ္ေကာင္ျဖစ္ေသာ္လည္း ဒီတစ္ႀကိမ္မွာေတာ့ အေၾကာင္းတစ္ခ်ိဳ႕ေၾကာင့္ သူမက သနားစရာအမ်ိဳးသမီးဇာတ္လိုက္ေလးလာျဖစ္ေနသည္။
ဒါ ဘယ္လိုတာဝန္မ်ိဳးႀကီးလဲဟ?
ခဏၾကာၿပီးေနာက္ ခ်ီရွန္းရဲ႕မ်က္နွာက ေပ်ာ္ရႊင္မႈေတြနဲ႔ျပည့္ေနၿပီး ေနာက္ခံေလထုမွာ ပန္းေရာင္ပူေဖာင္းဆလးေတြထေနသလိုျဖစ္ေနတာကို ျမင္လိုက္ရခ်ိန္မွာေတာ့ အရံအမ်ိဳးသမီးဇာတ္လိုက္ေရာက္လာေတာ့မယ္ဆိုတာ နဥ္ရႈသိလိုက္သည္။
"ယန္မုန္႔၊ ယုေဖးျပန္လာေတာ့မယ္။"
ခ်ီရွန္းက နဥ္ရႈကိုေျပာသည္။
ဒါက ငါနဲ႔ဘာဆိုင္လဲ? နဥ္ရႈ ေမးလိုက္သည္။
"ယုေဖးက ဘယ္သူပါလဲ?"
ခ်ီရွန္းက နဥ္ရႈရဲ႕ ပန္ဒါမ်က္လံုးေတြကိုၾကည့္ကာ စိတ္လႈပ္ရွားစြာဆို၏။
"သူမက ဟိုးအရင္တည္းက ငါခ်စ္ေနခဲ့ရတဲ့သူပဲ၊ အရမ္းၾကာေနၿပီမို႔ ဘယ္တုန္းကစခ်စ္ခဲ့လဲဆိုတာေတာင္ မမွတ္မိေတာ့ဘူး။ သူမက အံ့ၾသဖို႔ေကာင္းတယ္။ သူမလာမယ္ဆိုတာက အိပ္မက္တစ္ခုလိုပဲ။"
နဥ္ရႈက ခ်က္ခ်င္းပင္ ေၾကာက္စရာေကာင္းေလာက္ေအာင္စပ္ၿဖဲၿဖဲၿပံဳးရယ္လိုက္သည္။
"ဂုဏ္ယူပါတယ္ သခင္ေလး။"
ခ်ီရွန္းက နဥ္ရႈလက္ကို ဆဲြကိုင္ခ်င္မိေသာ္လည္း ဆိုး႐ြားလြန္းလွတဲ့ခံစားခ်က္ကို သတိရသြားတဲ့အခါ ရပ္ပစ္လိုက္သည္။
"ယုေဖးျပန္လာရင္ေတာင္ ငါက မင္းကိုကာကြယ္ေပးေနမွာမို႔ စိတ္မပူပါနဲ႔။ ယုေဖးက အရမ္းၾကင္နာတတ္တာ။ သူမသာမင္းအေၾကာင္းကိုသိသြားရင္ သူမလည္း မင္းကိုကာကြယ္ေပးလိမ့္မယ္။"
နဥ္ရႈ : What the fuck?
သူက ငါးရံ႕နွစ္ေကာင္ဖမ္းခ်င္ေနတာလား? သူ႔အခ်စ္စစ္ေလးျပန္လာေတာ့မွာကိုေတာင္ သူက သူမကိုကတိေတြေပးၿပီးရယူနိုင္ဖို႔ႀကိဳးစားေနေသးတယ္?
နဥ္ရႈ ဥာဏ္အလင္းပြင့္သြားေပၿပီ။ ဒါက လူတစ္ေယာက္က ေလွနံနွစ္ဖက္နင္းဖို႔ႀကိဳးစားေနတာကို သူမမ်က္လံုးေတြနဲ႔ျမင္ဖူးတဲ့ ပထမဆံုးအႀကိမ္ပင္။
ဒါေပမယ့္ ယုတၲေတာ့ရွိသည္။ မူလဇာတ္ေၾကာင္းမွာ အခ်စ္စစ္ျဖစ္တဲ့ လီယုေဖးျပန္မလာခင္ မုယန္မုန္႔နဲ႔ခ်ီရွန္းက အတူတူအိပ္ၿပီးသြားၾကၿပီျဖစ္သည္။ ခ်ီရွန္းက သူမကိုရၿပီးသြားမွေတာ့ သူမရယူရေသးတဲ့သူကိုပဲ ပိုၿပီးတန္ဖိုးထားေပလိမ့္မည္။
သို႔ေပမယ့္ အခုက်ေတာ့ နဥ္ရႈနဲ႔ခ်ီရွန္းက သံေယာဇဥ္ေသးေသးေလးေတာင္ရွိမေန။ သူတို႔မွာသံေယာဇဥ္ရွိေနတယ္လို႔ထင္ၾကရင္ေတာင္ အဲ့ဒီ့ထင္ျမင္ခ်က္ေတြအကုန္လံုးက ခ်ီရွန္းရဲ႕တစ္ဖက္သတ္အေတြးအျမင္မ်ားသာျဖစ္သည္။
ဒါေၾကာင့္ သူမ သူ႔လက္ထဲမသက္ဆင္းရမီ ထြက္ခြာမသြားေစရန္ ခ်ီရွန္းက သူမကို စိတ္ေအးလက္ေအးေနေစမည္ျဖစ္သည္။ သူက အရမ္းရံြဖို႔ေကာင္းတာပဲ။
သူတို႔နွိပ္စက္တာကို ဒီေလာက္ထိခံရၿပီးတာေတာင္ အဆံုးက်ေတာ့ မုယန္မုန္႔က သူတို႔နဲ႔ေပ်ာ္ေပ်ာ္ႀကီးေနသြားနိုင္ေသးတယ္? မယံုနိုင္စရာပဲ။
နဥ္ရႈက ခ်ီရွန္းကိုမ်က္စိေစြၾကည့္လိုက္ကာ ရိုးသြားစြာေျပာေလ၏။
"ဂုဏ္ယူပါတယ္ သခင္ေလး၊ ဂုဏ္ယူပါတယ္! သခင္ေလး မၾကာခင္ သားေလးတစ္ေယာက္ရနိုင္ပါေစ!"
ခ်ီရွန္း : …
....
[Unicode]
{မကြာခင် ရှင် သားလေးတစ်ယောက်ရနိုင်ပါစေ!}
နဉ်ရှုက သူမက မုယန်မုန့်ပါဆိုသည့်အချက်ကို အသည်ူအသန်ငြင်းဆိုခဲ့သော်လည်း ချီရှန်းကတော့ သူမက မုယန်မုန့်ပါဟုအခိုင်အမာယုံကြည်နေဆဲဖြစ်သည်။ သူ့မျက်လုံးများတွင် သရဲမရဲစီးနေသောစိတ်ဝင်စားမှုတို့ဖြင့်ပြည့်နေသည်။
နဉ်ရှု သူ့ကိုဂရုမစိုက်တော့။ သူမက မုယန်မုန့်ပါလို့ သူသိရင်ရော ဘာဖြစ်လဲ? သူ့အချစ်စစ်ကလေးရောက်လာတာနဲ့ သူမကို ချက်ချင်းမေ့သွားမယ့်ဟာ။
ချီရှန်းက မိန်းကလးတွေကိုပိုးပန်းရတာသဘောကျရုံသာ။ သို့သ်ာလည်း သူ့နှလုံးသားတစ်ခုလုံးကိုပိုင်စိုးထားတဲ့ ဖြူ စင်တဲ့နတ်သမီးလေးလိုအချစ်စစ်ကောင်မလေးရှိနေမှတော့ သူတို့ကိုရပြီးတာနဲ့ ချစ်ခင်မြတ်နိုးဖို့စဉ်းစားလိမ့်မည်မဟုတ်ပေ။
သူ့မှာ သူချစ်ရတဲ့သူရှိသော်လည်း သူ့ကိုယ်သူနည်းနည်းပါးပါးသာထိန်းချုပ်နိုင်သည်။ သူက မုယန်မုန့်ကိုဝယ်ဖို့ ဝေးလံလံန်းလှတဲ့နေရာက အပျော်ဂေဟာဆီကိုတောင်သွားခဲ့သေးသည်။
သူက သူ့ရဲ့အချစ်စစ်လေးကို သိပ်မချစ်တာလည်းဖြစ်နိုင်သည်။ နောက်ဆုံးတော့ သူ့ရဲ့နတ်သမီးလေးလိုအချစ်စစ်က မနာလိုဝန်တိုမှုတွေနဲ့ပြည့်နေတဲ့သူဆိုတာကိုသိလိုက်ရတာကြောင့် သူမကို အလွယ်တကူပင်စွန့်ပစ်ခဲ့သည်လေ။ ယှဉ်ကြည့်လျှင် မုယန်မုန့်က ပိုကြင်နာတတ်တာကြေုင့် သူက ဒီလိုနဲ့ပဲ မုယန်မုန့်ကိုချစ်မိသွားတာဖြစ်သည်။
'မင်းက မနာလိုတတ်လို့ ငါမင်းကိုဆက်မချစ်တော့ဘူး။ မင်းကိုချစ်မိတာ ငါကန်းနေလို့ပဲ။' ဒါကြီးက အချစ်ဆိုတာရောဟုတ်သေးရဲ့လား?
နဉ်ရှုက မုယန်မုန့်ဆိုတာကို ချီရှန်းသိသွားပြီးနောက်မှာတော့ သူက သူမကို ပို၍ပင်ကောင်းမွန်စွာဆက်ဆံလာ၏။ သူက အစေခံတစ်ယောက်လုပ်ရမယ့် များပြားလွန်းလှတဲ့တာဝန်တွေကိုပင်မလုပ်စေဘဲ သူမကို ချမ်းသာတဲ့မမလေးတစ်ယောက်သဖွယ်ထားလေ၏။
နဉ်ရှုကတော့ ချီရှန်းကသူမကို အလုပ်မလုပ်ခိုင်းတော့ကတည်းက လက်ဖက်ရည်သောက်လိုက်၊ ဥယျာဉ်တစ်ဝိုက် အေးအေးဆေးဆေးလမ်းလျှောက်လိုက်ဖြင့် အချိန်တွေဖြုန်းရင်း စောင့်ဆိုင်းနေတော့သည်။ ချီရှန်းရဲ့အချစ်စစ်လေးက ရောက်လာတော့မယ်လေ။
သူ့ရဲ့အချစ်စစ်လေးက အပြင်ပန်းကတော့ ဖော်ရွေကြင်နာတတ်သယောင်ထင်ရပေမယ့် အတွင်းထဲကတော့ ရိုးတွင်းခြင်ဆီတွေအထိပုပ်သိုးနေသူဖြစ်သည်။ သူမက မူလခန္ဓာရှင်ရဲ့ရုပ်ရည်ကို ဖျက်ဆီးခဲ့ပြီး သူမတစ်ကိုယ်လုံး ဒဏ်ရာအမာရွတ်တွေနေရာမလပ်ရှိသည်အထိ နှိပ်စက်ညှင်းပန်းခဲ့သည်။
သူမက မနာလိုတတ်တဲ့စံပြအရံအမျိုးသမီးဇာတ်ဆောင်ပင်။ နဉ်ရှု ဆွံ့အနေချေပြီ။ ဒါက သူမပါဝင်ကစားရမယ့်ဇာတ်ကောင်ဖြစ်သော်လည်း ဒီတစ်ကြိမ်မှာတော့ အကြောင်းတစ်ချို့ကြောင့် သူမက သနားစရာအမျိုးသမီးဇာတ်လိုက်လေးလာဖြစ်နေသည်။
ဒါ ဘယ်လိုတာဝန်မျိုးကြီးလဲဟ?
ခဏကြာပြီးနောက် ချီရှန်းရဲ့မျက်နှာက ပျော်ရွှင်မှုတွေနဲ့ပြည့်နေပြီး နောက်ခံလေထုမှာ ပန်းရောင်ပူဖောင်းဆလးတွေထနေသလိုဖြစ်နေတာကို မြင်လိုက်ရချိန်မှာတော့ အရံအမျိုးသမီးဇာတ်လိုက်ရောက်လာတော့မယ်ဆိုတာ နဉ်ရှုသိလိုက်သည်။
"ယန်မုန့်၊ ယုဖေးပြန်လာတော့မယ်။"
ချီရှန်းက နဉ်ရှုကိုပြောသည်။
ဒါက ငါနဲ့ဘာဆိုင်လဲ? နဉ်ရှု မေးလိုက်သည်။
"ယုဖေးက ဘယ်သူပါလဲ?"
ချီရှန်းက နဉ်ရှုရဲ့ ပန်ဒါမျက်လုံးတွေကိုကြည့်ကာ စိတ်လှုပ်ရှားစွာဆို၏။
"သူမက ဟိုးအရင်တည်းက ငါချစ်နေခဲ့ရတဲ့သူပဲ၊ အရမ်းကြာနေပြီမို့ ဘယ်တုန်းကစချစ်ခဲ့လဲဆိုတာတောင် မမှတ်မိတော့ဘူး။ သူမက အံ့သြဖို့ကောင်းတယ်။ သူမလာမယ်ဆိုတာက အိပ်မက်တစ်ခုလိုပဲ။"
နဉ်ရှုက ချက်ချင်းပင် ကြောက်စရာကောင်းလောက်အောင်စပ်ဖြဲဖြဲပြုံးရယ်လိုက်သည်။
"ဂုဏ်ယူပါတယ် သခင်လေး။"
ချီရှန်းက နဉ်ရှုလက်ကို ဆွဲကိုင်ချင်မိသော်လည်း ဆိုးရွားလွန်းလှတဲ့ခံစားချက်ကို သတိရသွားတဲ့အခါ ရပ်ပစ်လိုက်သည်။
"ယုဖေးပြန်လာရင်တောင် ငါက မင်းကိုကာကွယ်ပေးနေမှာမို့ စိတ်မပူပါနဲ့။ ယုဖေးက အရမ်းကြင်နာတတ်တာ။ သူမသာမင်းအကြောင်းကိုသိသွားရင် သူမလည်း မင်းကိုကာကွယ်ပေးလိမ့်မယ်။"
နဉ်ရှု : What the fuck?
သူက ငါးရံ့နှစ်ကောင်ဖမ်းချင်နေတာလား? သူ့အချစ်စစ်လေးပြန်လာတော့မှာကိုတောင် သူက သူမကိုကတိတွေပေးပြီးရယူနိုင်ဖို့ကြိုးစားနေသေးတယ်?
နဉ်ရှု ဥာဏ်အလင်းပွင့်သွားပေပြီ။ ဒါက လူတစ်ယောက်က လှေနံနှစ်ဖက်နင်းဖို့ကြိုးစားနေတာကို သူမမျက်လုံးတွေနဲ့မြင်ဖူးတဲ့ ပထမဆုံးအကြိမ်ပင်။
ဒါပေမယ့် ယုတ္တတော့ရှိသည်။ မူလဇာတ်ကြောင်းမှာ အချစ်စစ်ဖြစ်တဲ့ လီယုဖေးပြန်မလာခင် မုယန်မုန့်နဲ့ချီရှန်းက အတူတူအိပ်ပြီးသွားကြပြီဖြစ်သည်။ ချီရှန်းက သူမကိုရပြီးသွားမှတော့ သူမရယူရသေးတဲ့သူကိုပဲ ပိုပြီးတန်ဖိုးထားပေလိမ့်မည်။
သို့ပေမယ့် အခုကျတော့ နဉ်ရှုနဲ့ချီရှန်းက သံယောဇဉ်သေးသေးလေးတောင်ရှိမနေ။ သူတို့မှာသံယောဇဉ်ရှိနေတယ်လို့ထင်ကြရင်တောင် အဲ့ဒီ့ထင်မြင်ချက်တွေအကုန်လုံးက ချီရှန်းရဲ့တစ်ဖက်သတ်အတွေးအမြင်များသာဖြစ်သည်။
ဒါကြောင့် သူမ သူ့လက်ထဲမသက်ဆင်းရမီ ထွက်ခွာမသွားစေရန် ချီရှန်းက သူမကို စိတ်အေးလက်အေးနေစေမည်ဖြစ်သည်။ သူက အရမ်းရွံဖို့ကောင်းတာပဲ။
သူတို့နှိပ်စက်တာကို ဒီလောက်ထိခံရပြီးတာတောင် အဆုံးကျတော့ မုယန်မုန့်က သူတို့နဲ့ပျော်ပျော်ကြီးနေသွားနိုင်သေးတယ်? မယုံနိုင်စရာပဲ။
နဉ်ရှုက ချီရှန်းကိုမျက်စိစွေကြည့်လိုက်ကာ ရိုးသွားစွာပြောလေ၏။
"ဂုဏ်ယူပါတယ် သခင်လေး၊ ဂုဏ်ယူပါတယ်! သခင်လေး မကြာခင် သားလေးတစ်ယောက်ရနိုင်ပါစေ!"
ချီရှန်း : …
....
Advertisement
- In Serial119 Chapters
Boku No Halo Academia: Rising Conflict
After just barely managing to survive the Fall of Reach, Aurdel-009 found a Frigate and tried to get back to Earth. But after a malfunction with the ship's slipspace drive he found himself somewhere else, an alternate Earth. On this Earth he'll have to take on the title of a pro-Hero and a teacher, fighting against Villains and the critics of his brutal methods. However he must also prepare for a conflict that approaches from beyond the horizon, one that threatens to bring a violent and fiery end to the world and all those who live on it.(A Halo and My Hero Academia crossover)
8 186 - In Serial11 Chapters
The Elements of Terra
A bandit child, son to a recluse man and a dead mother. A thief, who has unyielding determination to become the strongest. A man, who stops at nothing to achieve success in the face of many enemies. A god, who grew to have no equal. This is the story of a man wielding the elements and a lonely sword who rose to conquer the heavens*********My story is about rising to the peak of cultivation. Almost everything in my story has behind it a framework, something that can be explained by another underlying reason. This is my first story and I know I'm bad at names, but I'll try my best. English is my first language, so I should be ok on the grammar side. However, please let me know when I make a mistake so I can fix it.
8 141 - In Serial39 Chapters
The Bird and the Fool
Kesil is stranded very far indeed from his home. Despite a gift from the fair folk that allows him to understand and speak any language, he has very little idea of what’s going on around him (though he likes to pretend he does). But this doesn’t stop him from getting into trouble in the port city of Edazzo, in the ancient empire of Duri, and elsewhere, doing his best to find love, escape snares of ancient magic, and hopefully return home in the end.
8 103 - In Serial21 Chapters
Soul For Gaia
A curse has fallen upon all worldly beings, this terrible hatred alone has driven mankind to accept their demise. And in that bitter sense of despair, the Gods comes offers salvation in the form of dominance. With a blood oath, the human race given a new chance against the curse. A new power that strong enough to push the curse at bay, and bring new era of Gods. At first it all looks to be fine, the world curse seeming to fade. However, the Gods do have different plan . Each of them.....
8 115 - In Serial12 Chapters
Fantasy into Fallout
This book is a joined effort from two authors--------------------------------------------------------This book is about the worlds: The fantasy world named Valhalla and the Fallout world Earth, just as they merge into one world.Ashton meets new friends and enemies, but he could lose a friend at any moments notice. [I'm really excited for this! XD] -Writer 1 _I'm anxious. I have a nosebleed. And there's a lot of action in there, so I'm also excited. But, hey, the most beautiful voice is the sound of antagonized readers._ Writer 0
8 70 - In Serial10 Chapters
Boxes|j.hs
"It's like, trying to forget the past but you keep unpacking the boxes that should've hid it away." "I still don't understand."
8 87

