《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 41
Advertisement
[Zawgyi]
"ဟား၊ ပြသနာအိုးလေး။"
....
[Unicode]
{ငါနားလည်တယ်၊ ငါအကုန်နားလည်တယ်}
ချီရှန်း သူ့ရင်ဘတ်ကိုဆုပ်လိုက်မိသည်။ သူအရမ်းဒေါသထွက်လာတာကြောင့် အသက်ရှူ နှုန်းမတည်ငြိမ်တော့ဘဲ သူ့မျက်နှာက ဖျော့တော့လာ၏။ နဉ်ရှုကတော့ အရမ်းကိုဖြူ စင်ရိုးအတဲ့မိန်းကလေးတစ်ယောက်အဖြစ်ဟန်ဆောင်နေဆဲဖြစ်ပြီး ချီရှန်းတစ်ယောက် အရမ်းကိုထိရှသွားသောအမူအရာဖြင့် ဒေါသထွက်လွန်းပြီးသေတော့မလိုဖြစ်နေတာကို သတိမထားမိ။
"သခင်လေးက အရမ်းကောင်းတဲ့သူပဲ။ ဒါဆို ဒီအစေခံ မသွားတော့ပါဘူး။"
ထို့နောက် နဉ်ရှု သူမအခန်းဆီပြန်သွားလိုက်သည်။ ညဘက်မှာ အပြင်ထွက်တာထက် စောင်တွေအောက်မှာအိပ်ရတာက ပိုနွေးထွေးပြီးသက်တောင့်သက်သာရှိတယ်။
ဤတစ်ကြိမ်တွင်မတော့ ချီရှန်း သူမကိုမတားပါလေတော့။ ဒီလိုလုပ်ရမှာကိုတောင် သူ ဒေါသထွက်လွန်းနေပုံရ၏။
Tch, ဘယ်သူက နင့်ကို ကြင်နာတတ်တဲ့ပုံစံဟန်ဆောင်ဖို့ပြောလို့လဲ? နင် ဘယ်လောက်ကြာကြာဟန်ဆောင်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့
ယွဲ့လန်က နဉ်ရှုနောက်ကနေ အခန်းထဲကိုလိုက်ဝင်လာရင်း လက်ခံသလိုပြောလာသည်။
"မမလေးရဲ့ရွေးချယ်မှုက အရမ်းကောင်းတယ်။ အဲ့လာက သေချာပေါက်လူကောင်းမဟုတ်ဘူး။"
ထို့နောက်တွင်တော့ ချီရှန်းတစ်ယောက် မီးပုံးပွဲတော်ကို ဘယ်တော့မှမခေါ်တော့ချေ။ သို့သော်လည်း သူမျက်နှာက ဖျော့တော့နေဆဲဖြစ်၏။ သူအခုထိဒေါသထွက်နေသေးတာဖြစ်နိုင်တာကြောင့် နဉ်ရှုကလည်း ဘာကိုမှသတိမထားမိသလို ဆက်လက်ဟန်ဆောင်နေတော့သည်။
အဆုံးတွင်တော့ ချီရှန်း ဒါကိုဆက်သည်းမခံနိုင်ပါလေတော့။ သူက သူမကို အကူအညီကင်းမဲ့နေသည့်လေသံဖြင့်ပြောလာသည်။
"ဟား၊ ပြသနာအိုးလေး။"
သူ့အသံထဲမှာပါဝင်နေတဲ့ ချစ်ခင်မြတ်နိုးမှုအပြည့်က နဉ်ရှုကို တုန်လှုပ်သွားစေ၏။ Fuck! အရမ်းကြာက်ဖို့ကောင်းလွန်းလို့ သူမတစ်ကိုယ်လုံးကြက်သီးတွေထလာပြီ။
ဒီဇာတ်ကွက်ဖြစ်လာတာကြီးက အရမ်းရုတ်တရက်ဆန်လွန်းတယ်။ သူမတို့ကြားထဲ ဆက်ဆံရေးတိုးတက်မှုလည်းမရှိဘဲနဲ့ သူက သူမကို ဘာလို့ ဒီလေသံကြီးနဲ့လာပြောနေရတာလဲ!?
သူမ သူမရဲ့ပန်ဒါမျက်လုံးတွေနဲ့ သူ့ကိုရှုပ်ထွေးစွာကြည့်လိုက်သည်။ သူ့ခေါင်းက တစ်ခုခုများလွဲနေလေရော့သလား?
ချီရှန်းက နဉ်ရှုလက်ကိုကိုင်ဖို့လုပ်လိုက်တာကြောင့် နဉ်ရှုက အရင်လက်ဦးမှုရယူကာ သူ့လက်ကိုကိုင်လိုက်သည်။ ဝက်ဆီတုံးကြီးက သူ့ကိုကိုင်လိုက်သလို ချီရှန်းခံစားလိုက်ရသည်။ ဒီစေးကပ်ပြီးအဆီတွေပြန်နေတဲ့လက်ရဲ့ထိတွေ့မှုက စကားလုံးနဲ့ဖော်ပြလို့မရလောက်အောင်ကြမ်းတမ်းတယ်။
ချီရှန်း သူမကိုင်ထားတဲ့သူ့လက်ကို ပြန်ရုတ်လိုက်ပြီး လက်ကိုင်ပဝါတစ်ခုနဲ့ အလျင်အမြန်ပင်သုတ်လိုက်ရသည်။ ဒီထိတ်လန့်စရာအတွေ့အကြုံကိုခံစားရပြီးနောက် သူ သူမလက်ကို နောက်တစ်ကြိမ်ထပ်ကိုင်ဖို့မကြိုးစားရဲတော့ချေ။
နဉ်ရှု သူ့ကိုရှက်ရွံ့သလိုကြည့်ကာမေးလိုက်သည်။
"ဘာဖြစ်လို့ပါလဲ သခင်လေး?"
ချီရှန်းက နဉ်ရှုကို နားလည်မှု၊ စာနာသနားမှု၊ စိုးရိမ်ပူပန်မှုတို့ပြည့်နေသောမျက်ဝန်းဖြင့်ကြည့်လာ၏။ ထိုအကြည့်က နဉ်ရှုကို ဆံပင်များထောင်ထသွားစေသည်။ ဘညလဲဟ? ပြောစရာရှိရင် ပြောလိုက်လေ! ဒီလိုကြောက်စရာအကြည့်ကြီးနဲ့ ကြည့်ဖို့လိုလို့လား?
"ငါ မင်းအကြောင်းသိပြီးပြီ။ မင်း တကယ်ကို အရမ်းခံစားခဲ့ရတာပဲ။"
ချီရှန်းက 'ငါနားလည်တယ်၊ ငါအကုန်နားလည်ပါတယ်'ဆိုတဲ့စကားလုံးတွေကို သူ့မျက်ဝန်းတွေမှာထင်ဟပ်စေရင်း ပြောလေ၏။
နဉ်ရှု : Oh my fucking god! လူစကားလေးပြောပါဟဲ့!
သူမက ရှုပ်ထွေးနေကာ အရမ်းတုံးအပြီးရိုသားဖြူ စင်တဲ့နတ်သမီးလေးတစ်ပါးပုံစံနဲ့ ပြောလေ၏။
"သခင်လေးဘာပြောနေတယ်ဆိုတာ ဒီအစေခံမသိပါဘူး။"
ချီရှနက 'ငါနာကျင်လိုက်တာ'ဆိုတဲ့အမူအရာနဲ့ ခေါင်းယမ်းကာဆိုသည်။
"မင်းက အခုထိငါ့ကိုမယုံသေးဘူးပဲ။ ငါက မယုံရဘူးလို့ မင်းထင်နေတာလား? မင်း ငါနဲ့အတူရှိနေတာ အချိန်အတော်ကြာပြီကို ငါက ဘယ်လိုလူမျိုးဆိုတာ အခုထိမသိသေးဘူးလား?"
ဒီမေးခွန်းအမျှင်တန်းကြီးက ခေါင်းခြောက်ချင်စရာကောင်းတယ်လို့ နဉ်ရှုသိလိုက်သည်။ သူမတို့သိတာ အများဆုံးမှလဝက်လောက်ပဲရှိသေးတဲ့ဟာ။
"မင်းက ငါ့ကို အခုထိ အမှန်တရားကိုမပြောပြချင်သေးဘူးပဲ။ မင်းက မုဝန်ကြီးချုပ်ရဲ့သမီး မုယန်မုန့်ဆိုတာ ငါသိတယ်။ အခု စစ်ထူချင်းယွီနဲ့ ဘုရင်ခံမင်းသားက မင်းကို မြို့တော်ထဲမှာ ပိုက်စိတ်တိုက်လိုက်ရှာနေကြတာမို့ မင်းသတိရှိနေတာကလည်း ကောင်းပါတယ်လေ။"
ချီရှန်းက နားလည်သလိုပြောလာသည်။
နဉ်ရှု ချီရှန်းကို ရှုပ်ထွေးနေသလိုကြည့်လိုက်သည်။
"သခင်လေးဘာအကြောင်းပြောနေတယ်ဆိုတာ ဒီအစေခံနားမလည်ပါဘူး။ မုယန်မုန့်က ဘယ်သူလဲ? ဒီအစေခံရဲ့နာမည်က ရှောင်ဟုန်ပါ။ မုယန်မုန့်မဟုတ်ပါဘူး။"
ချီရှန်းက မျက်မှောင်ကုတ်လိုက်သော်လည်း မကြာခင်မှာပင် ပြန်ပြေလျော့သွား၏။
"မင်း သတိရှိနေတာကောင်းပါတယ်။ နောင်တစ်ချိန်မှာ တစ်ခြားလူတွေမင်းကိုမေးလာခဲ့ရင်လည်း အခုလိုပဲငြင်းသင့်တယ်။ ဒါပေမယ့် မင်း ငါ့ကိုယုံလို့ရပါတယ်။ မင်းရဲ့သခင်လေးက ယုံကြည်လို့ရတယ်။"
နဉ်ရှု ခေါင်းငြိမ့်ကာ ဝမ်းသာနေသည့်အမူအရာဖြင့်ပြောလိုက်သည်။
"သခင်လေးဘာအကြောင်းပြောနေတယ်ဆိုတာမသိပေမယ့်လည်း ကျေးဇူးတင်ပါတယ် သခင်လေး။"
"ယန်မုန့်၊ မင်းရဲ့ရုပ်ရည်အစစ်အမှန်ကို ပြနိုင်မလား? ဒီသခင်လေးက မင်းရဲ့ပုံစံအစစ်အမှန်ကို သတိရနေနိုင်ဖို့မျှော်လင့်ပါတယ်။"
ချီရှန်းက စိတ်အားထက်သန်နေသောမျက်ဝန်းဖြင့်ပြောလာသည်။
နောက်ဆုံးတော့ သူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်ပြလာခဲ့ပြီပဲ။
....
Advertisement
- In Serial86 Chapters
Small Medium
Chase Berrymore dreams of adventure, excitement, and getting the heck out of her pastoral halven village.But when adventure finds her, she'll be scrambling to save everyone of her family and friends from a decades-old conspiracy. Outmatched in almost every way, she'll have to use her wits, charisma, and a bit of divine favor to figure out the path to victory. But the odds are bad, and even with an Oracle's foresight, she can't save everyone. Even worse, she'll have to figure out ways to deal with the weird and nigh-immortal beings that call themselves "playas..."A litrpg romp with a very non-standard protagonist, set in the same world as the "Threadbare" books. CLAIMER: My name is Andrew Seiple. I am a writer, and I both write this story and own the rights to it. I will be posting this story on Spacebattles.com, SufficientVelocity.com, RoyalRoad.com, and my Patreon. I reserve the right to remove it from any and all platforms as needed to facilitate my sinister long-term plans. Cover art created by Amelia Parris, licensed per agreement.
8 122 - In Serial6 Chapters
Gangster Of 1929: How The End Of Oppression Started
Losing his mother and father on a road, a boy aged ten must look after his seven year old sister while growing in an apocalyptic great depression. Towns are all run by federal segregated mobs. Survival is slim, but little Clyde Briess is determined to thrive and seek answers to his father's murder. That search will lead him into much more than he would have initially anticipated. Bonnie.
8 136 - In Serial31 Chapters
The Forgotten Lands
The lands close to the edge of the world, which is marked by an ever-present fog, are known as the barrens. A blighted land in which crops struggle to grow , with only the very poor and desperate to occupy the scarce villages. Naturally making it a haven for outlaws.It is in one of these barrens that a raider called Raegan was born and raised, feared and respected by the cut-throats he grew up around.The world has been told that magic is responsible for cursed regions known as the Forgotten Lands. For this reason anyone with the gift of magic are labelled abominations, a crime punishable by death and enforced by the Malleus Maleficarum, the worlds leading religion. Raegan is one such abomination, untrained in whatever magic he may have.Even in the lawless barrens those with magic aren't looked upon favourably, and so Raegan has kept his 'gift' hidden from all but his closest friend. But now he wants to leave behind the dangerous wasteland that is his home and everything he has ever known, in the effort to seek new experiences.No matter where this new path will take him, good or bad.
8 94 - In Serial14 Chapters
The Library's Patron.
A fan fiction of Library of Ruina that only uses the Library and its powers. (ALSO YOU CAN ONLY READ THIS IF YOU HAVE COMPLETED LOR because IT SPOILS THE ENTIRE GAME. Read at your risk!) "May you find your book in this place." 18 year old, Albion 'Lynx' Herrington was an F-Ranked Hunter who died. Now he finds himself in a place known as the Library. Whatever its origins and whatever it is. Albion had to figure things out on his own, and the Library may have the answers to the questions he has.
8 130 - In Serial27 Chapters
Righteous Fox Immortal (Postponed until further notice)
After a stroke of bad luck, Haiyang reincarnates into the body of a fox. After reincarnating Haiyang's luck takes a turn for the best and finds out he is in a world of qi, demon beast, and cultivators he meets an unnamed immortal who changes his fate. Then After seeing the world for what it truly was, sets off on a journey to change this world or die trying. *********************** I've given up on this one until I get my act together and rewrite this thing.
8 221 - In Serial29 Chapters
The Immortals of Pandora
Richard was a humble man from a good background that put him above majority of the people around him. He was in his thirties and married to a lovely woman that brought him joy. He had gone through difficulties and conquered them all to walk a path of success. Only success of greater proportions could be seen in his future and his child would be born in a perfect family. But, reality could be cruel mistress. Richard got into an accident and died a painful death. His death was not the end of his ordeal and Richard found himself in a new world, and with a new family. The new world was still in the medieval ages but it was not normal. Magic and monsters were normal, and people could become stronger with magical energy. Armed with the new power, Richard decided to grow strong enough to return back home to his family. Starting from a low point, Richard was put into a journey of epic proportions that required compromise and effort beyond what he had ever imagined. It was a world where immortals roamed and each path towards the top was filled with the stench of death. Mixture of Greek, Egyptian, Chinese, Japanese and Lovercraft.
8 72