《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 39
Advertisement
[Zawgyi]
{သဘာဝအတိုင္းေလးကလွတယ္}
နဥ္ရႈက စပ္ၿဖဲၿဖဲလုပ္လိုက္တာေၾကာင့္ နင္းကန္ေဆးျခယ္ထားတဲ့ပါးစပ္က ပိုမိုၿပဲလာကာ မၾကည့္ဝ့ံေလာက္ေအာင္ပင္ရွိေတာ့သည္။ ခ်ီရွန္း ေခါင္းကိုတစ္ဖက္လွည့္လိုက္သည္။ သူမကို ေနာက္တစ္ခါျပန္ၾကည့္ဖို႔အတြက္ သူ အခ်ိန္အနည္းငယ္ၾကာေအာင္ သတၱိစုေဆာင္းလိုက္ရသည္။
"မင္းကိုယ္တိုင္ရဲ႕ပံုစံနဲ႔ သဘာဝအတိုင္းက လွပါတယ္။ ဒီအလွျပင္ပစၥည္းေတြက မင္းရဲ႕အသားအေရအတြက္မေကာင္းဘူး။ ၿပီးေတာ့ မင္းက ငယ္ေသးတယ္။ ဒီအလွျပင္ပစၥည္းေတြက မင္းရဲ႕သဘာဝအလွကို ဖုံးကြယ္ထားသလိုျဖစ္ေနတယ္။"
အမွန္ေတာ့ သူမရဲ႕ရုပ္ရည္အစစ္ကိုျမင္ရဖို႔အတြက္ ခ်ီရွန္း သူမကိုမ်က္နွာသစ္ေပးခ်င္စိတ္ေတြတဖြားဖြားျဖစ္ေနသည္။
နဥ္ရႈက မ်က္ခံုးထူထူႀကီးေတြကိုပင့္တင္လိုက္ရင္း ရင္ဘတ္ကို လက္နဲ႔ဖိကာဆို၏။
"ေပါင္ေပါင့္မွာ အခက္အခဲေတြရွိတယ္။ ဒါေပမယ့္ ေပါင္ေပါင္ ေျပာျပမွာမဟုတ္ဘူး။"
"မင္းနာမည္က ေရွာင္ဟုန္မဟုတ္ဘူးလား? ဘာလို႔ မင္းကိုယ္မင္း ေပါင္ေပါင္လို႔ေခၚေနတာလဲ?"
ခ်ီရွန္းက ရႈပ္ေထြးစြာေမးလာသည္။
နဥ္ရႈက အေလးအနက္မထားသလို လက္ကိုယမ္းကာေျပာသည္။
"အေသးအဖဲြေလးေတြကို စိတ္ထဲထားမေနပါနဲ႔။ ဒီအေစခံက ဒီအေစခံရဲ႕အေဖနဲ႔ရုပ္ခ်င္းအရမ္းဆင္တယ္။ ဒီအေစခံက ရုပ္ဆိုးလြန္းလို႔ ဒီရုပ္ဆိုးတာေတြကိုဖုံးထားနိုင္ဖို႔အတြက္ အလွျပင္ပစၥည္းေတြကိုသံုးဖို႔ကလဲြရင္ ေ႐ြးစရာမရွိပါဘူး။ ဒီကိစၥေၾကာင့္ပဲ ဒီအေစခံ အခက္အခဲေတြဘယ္ေလာက္ေတာင္ရင္ဆိုင္ခဲ့ရတယ္ဆိုတာကို သခင္ေလးနားလည္မွာမဟုတ္ပါဘူးရွင္။ ညေရာက္ရင္ေတာင္ သရဲနဲ႔မွားမွာစိုးလို႔ မ်က္နွာေခ်ေတြကိုမဖယ္ရဲေလာက္ေအာင္ပါပဲရွင္။"
ထို႔ေနာက္ သူမက သူမမ်က္နွာကို ဂုဏ္ယူေနဟန္ျဖင့္ ကိုင္လိုက္၏။
"ကံေကာင္းခ်င္ေတာ့ တစ္စံုတစ္ေယာက္က မ်က္နွာေခ်ဘယ္လိုလိမ္းရမယ္ဆိုတာ ကြၽန္မကိုသင္ေပးခဲ့တယ္။ အလွျပင္ပစၥည္းေတြနဲ႔ အခုဆို ဒီအေစခံက ပုိၿပီးေတာ့ယံုၾကည္ခ်က္ရွိလာၿပီ။"
ဒါကိုၾကားတဲ့အခါ ခ်ီရွန္းရဲ႕မ်က္နွာက ရႈံ႕မဲ့သြားေလ၏။
"မင္းရဲ႕မ်က္နွာက မင္းမိဘေတြအေမြေပးခဲ့တဲ့အရာပဲ။ မင္း ဒါကို သေဘာမက်ျဖစ္မေနသင့္ဘူး။ မင္း ငါနဲ႔ရွိေနခ်ိန္ဆို ဒီလိုလုပ္ဖို႔မလိုပါဘူး။ မင္းရဲ႕ရုပ္ရည္ေၾကညင့္နဲ႔ေတာ့ ငါမင္းကိုသေဘာမက်တာမ်ိဳးျဖစ္သြားမွာမဟုတ္ဘူး။ ေနာက္က်ရင္ မင္း မ်က္နွာေခ်လိမ္းဖို႔အတြက္နဲ႔ဒုကၡအမ်ားႀကီးေတြ႕စရာမလိုဘူး။ မင္းရဲ႕ကိုယ္ပိုင္အလွကသာ အလွဆံုးပဲ။"
ခ်ီရွန္းရဲ႕အၾကည့္က အရမ္းကိုစစ္မွန္ရိုးသားေနကာ သူ႔စကားေတြက စိတ္ရင္းအတိုင္းျဖစ္တယ္လို႔ လူေတြကိုခံစားရေစသည္။
ဒီစကားေတြက တကယ္ကိုစိတ္ထဲေႏြးေထြးေစသည္။ တစ္ခါက မုယန္မုန္႔ခံစားရဖူးတဲ့ေႏြးေထြးမႈမ်ိဳးကို နဥ္ရႈလည္းခံစားလိုက္ရသည္။ ဆိုး႐ြားစြာနာက်င္ခံစားရၿပီးေနာက္မွာ သူမရဲ႕အမွားေတြနဲ႔အတိတ္ကနာက်င္မႈေတြအားလံုးကို လက္ခံေပးလိုတဲ့အမ်ိဳးေကာင္းသားတစ္ဦးေပၚေပါက္လာခဲ့သည္။
ထို႔ေနာက္တြင္ေတာ့ မုယန္မုန္႔မွာ အရမ္းကိုစိတ္လႈပ္ရွားသြားရေသာ္လည္း ရလဒ္ကေတာ့ဝမ္းနည္းဖို႔ေကာင္းလွသည္။ ဒီအျပင္ပန္းႏူးညံ့ၾကင္နာတတ္တဲ့အေရျပားရဲ႕ေအာက္မွာ တြပ္ခ်က္တတ္ၿပီးအၾကင္နာကင္းမဲ့တဲ့ရည္႐ြယ္ခ်က္တို႔ရွိေနခဲ့သည္။ သူ႔ရဲ႕တစ္ခုတည္းေသာရည္မွန္းခ်က္က မုယန္မုန္႔ရဲ႕နွလံုးသားကိုရဖို႔ျဖစ္တာေၾကာင့္ သူက သူမရဲ႕နွလံုးသားကိုတိုက္ခိုက္ဖို႔ ၾကင္နာနားလည္ေပးတဲ့စကားေတြကိုအသံုးျပဳခဲ့သည္။ သူက စီးပြားေရးဆက္သြယ္မႈတစ္ခုကိုရယူေလ့ရွိတဲ့အတိုင္း လူေတြကို အစ္ေအာက္ေမးျမန္းျခင္း၊ သူတို႔ကိုနားလည္ေပးျခင္း၊ သူတို႔ေတြ သူ႔လက္ထဲသက္ဆင္းလာသည့္တိုင္ေအာင္ႀကိဳးကိုင္ျခယ္လွယ္ကစားျခင္းစသည့္နည္းလမ္းမ်ားျဖင့္ သူမရဲ႕နွလံုးသားကို ရရွိခဲ့ေလ၏။
မုယန္မုန္႔ေပ်ာက္ကြယ္သြားၿပီး ေနာက္ဆံုးေတာ့မွ သူ မုယန္မုန္႔အေပၚခံစားခ်က္ရွိေနတယ္ဆိုတာကို နားလည္သြားသည့္အခ်ိန္အထိပင္။
နဥ္ရႈ ဆဲနည္းေပါင္းစံုျဖင့္ဆဲပစ္ခ်င္စိတ္ပင္ေပါက္လာရသည္။
"သခင္ေလးရဲ႕စိုးရိမ္ေပးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒါေပမယ့္ ဒီအေစခံက ယံုၾကည္မႈအရမ္းနည္းပါတယ္။ မ်က္နွာေခ်သာမပါရင္ ဒီအေစခံအေနနဲ႔ တံခါးအျပင္ကိုေတာင္မထြက္ရဲပါဘူး။ မ်က္နွာေခ်ကသာလ်ွင္ ဒီအေစခံကို ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈနဲ႔ဘဝကိုရင္ဆိုင္နိုင္ဖို႔ သတၱိေတြေပးပါတယ္။"
နဥ္ရႈက ရႊင္ျမဴ းဝမ္းေျမာက္ေနဟန္ျဖင့္ေျပာလာ၏။
ခ်ီရွန္း မ်က္နွာပ်က္သြားရျပန္၏။ ဒီေကာင္္မေလးက ေနမေကာင္းဘူးလို႔ သူဘယ္လိုလုပ္ခံစားေနမိတာပါလိမ့္? သူမ ကန္းမ်ားေနတာလား? သူမ မွန္ေရာသံုးရဲ႕လား?
ဒါႀကီးကို ဘယ္လိုလုပ္ၿပီးေတာ့မ်ား လွပတယ္လို႔ေခၚနိုင္တာပါလိမ့္? ခ်ီရွန္း အားမပါစြာပင္ လက္ယမ္းလိုက္သည္။
"မင္းေပ်ာ္ရင္ ၿပီးတာပဲ။"
နဥ္ရႈ ခ်က္ခ်င္းပင္ေျပာလိုက္သည္။
"ရွင္က တကယ္ေကာင္းတဲ့သူပါပဲ သခင္ေလး။"
ခ်ီရွန္း : …
သူ႔အၾကည့္က သူမမ်က္နွာအနွံ႔ကို ျဖည္းျဖည္းခ်င္းေ႐ြ႕လ်ားသြားသည္။ အလွအပေတြကို နွစ္ေပါင္းမ်ားစြာခဲြျခားလာခဲ့တဲ့သူ႔အေတြ႕အႀကံဳအရ ဒီမိန္းကေလးရဲ႕ရုပ္ရည္က အေတာ္ေလးကိုလွတယ္ဆိုတာ သူခံစားမိေနသည္။ ဒါကို ဘာလို႔ သူမရုပ္ကိုသူမျပန္ဖ်က္ဆီးေနရတာလဲ?
ခ်ီရွန္းက ရုတ္တရက္ဆိုသလိုေျပာလာ၏။
"ဒီည မီးပံုးပဲြေတာ္ရွိတယ္လို႔ငါၾကားတယ္။ မင္း ငါနဲ႔လိုက္ရမယ္။ ဒါေပမယ့္ မင္းမ်က္နွာကိုသန္႔ရွင္းသြာေးအာင္ မ်က္နွာသစ္လိုက္။ ညဆိုေမွာင္ေနတဲ့အတြက္ လူေတြက မင္းရဲ႕ရုပ္ကိုျမင္နိုင္မွာမဟုတ္ဘူး။ ဒါေၾကာင့္ မင္း ဒီေလာက္မ်က္နွာေခ်အထူႀကီးလိမ္းထားဖို႔မလိုဘူး။"
နဥ္ရႈ : …
သူက သူမရဲ႕ရုပ္ရည္အစစ္အမွန္အေပၚ အရမ္းကိုစိတ္ဝင္စားေနတဲ့ပံုပဲ၊ ဟက္။
နဥ္ရႈ ရွက္႐ြံ႕စြာၿပံဳးရင္း အရမ္းကိုျဖဴ စက္တဲ့ၾကာပန္းျဖဴ ေလးအမူအရာနဲ႔ေျပာလိုက္သည္။
"အိုက္ယား၊ အခုက အရမ္းေနာက္က်ေနၿပီပဲ။ မိန္းကေလးေတြက ညဘက္ဆို အျပင္မထြက္သင့္ဘူးလို႔ ဒီအေစခံရဲ႕အေမကေျပာထားတယ္ရွင့္။"
ခ်ီရွန္း : …
....
[Unicode]
{သဘာဝအတိုင်းလေးကလှတယ်}
နဉ်ရှုက စပ်ဖြဲဖြဲလုပ်လိုက်တာကြောင့် နင်းကန်ဆေးခြယ်ထားတဲ့ပါးစပ်က ပိုမိုပြဲလာကာ မကြည့်ဝံ့လောက်အောင်ပင်ရှိတော့သည်။ ချီရှန်း ခေါင်းကိုတစ်ဖက်လှည့်လိုက်သည်။ သူမကို နောက်တစ်ခါပြန်ကြည့်ဖို့အတွက် သူ အချိန်အနည်းငယ်ကြာအောင် သတ္တိစုဆောင်းလိုက်ရသည်။
"မင်းကိုယ်တိုင်ရဲ့ပုံစံနဲ့ သဘာဝအတိုင်းက လှပါတယ်။ ဒီအလှပြင်ပစ္စည်းတွေက မင်းရဲ့အသားအရေအတွက်မကောင်းဘူး။ ပြီးတော့ မင်းက ငယ်သေးတယ်။ ဒီအလှပြင်ပစ္စည်းတွေက မင်းရဲ့သဘာဝအလှကို ဖုံးကွယ်ထားသလိုဖြစ်နေတယ်။"
အမှန်တော့ သူမရဲ့ရုပ်ရည်အစစ်ကိုမြင်ရဖို့အတွက် ချီရှန်း သူမကိုမျက်နှာသစ်ပေးချင်စိတ်တွေတဖွားဖွားဖြစ်နေသည်။
နဉ်ရှုက မျက်ခုံးထူထူကြီးတွေကိုပင့်တင်လိုက်ရင်း ရင်ဘတ်ကို လက်နဲ့ဖိကာဆို၏။
"ပေါင်ပေါင့်မှာ အခက်အခဲတွေရှိတယ်။ ဒါပေမယ့် ပေါင်ပေါင် ပြောပြမှာမဟုတ်ဘူး။"
"မင်းနာမည်က ရှောင်ဟုန်မဟုတ်ဘူးလား? ဘာလို့ မင်းကိုယ်မင်း ပေါင်ပေါင်လို့ခေါ်နေတာလဲ?"
ချီရှန်းက ရှုပ်ထွေးစွာမေးလာသည်။
နဉ်ရှုက အလေးအနက်မထားသလို လက်ကိုယမ်းကာပြောသည်။
"အသေးအဖွဲလေးတွေကို စိတ်ထဲထားမနေပါနဲ့။ ဒီအစေခံက ဒီအစေခံရဲ့အဖေနဲ့ရုပ်ချင်းအရမ်းဆင်တယ်။ ဒီအစေခံက ရုပ်ဆိုးလွန်းလို့ ဒီရုပ်ဆိုးတာတွေကိုဖုံးထားနိုင်ဖို့အတွက် အလှပြင်ပစ္စည်းတွေကိုသုံးဖို့ကလွဲရင် ရွေးစရာမရှိပါဘူး။ ဒီကိစ္စကြောင့်ပဲ ဒီအစေခံ အခက်အခဲတွေဘယ်လောက်တောင်ရင်ဆိုင်ခဲ့ရတယ်ဆိုတာကို သခင်လေးနားလည်မှာမဟုတ်ပါဘူးရှင်။ ညရောက်ရင်တောင် သရဲနဲ့မှားမှာစိုးလို့ မျက်နှာချေတွေကိုမဖယ်ရဲလောက်အောင်ပါပဲရှင်။"
ထို့နောက် သူမက သူမမျက်နှာကို ဂုဏ်ယူနေဟန်ဖြင့် ကိုင်လိုက်၏။
"ကံကောင်းချင်တော့ တစ်စုံတစ်ယောက်က မျက်နှာချေဘယ်လိုလိမ်းရမယ်ဆိုတာ ကျွန်မကိုသင်ပေးခဲ့တယ်။ အလှပြင်ပစ္စည်းတွေနဲ့ အခုဆို ဒီအစေခံက ပိုပြီးတော့ယုံကြည်ချက်ရှိလာပြီ။"
ဒါကိုကြားတဲ့အခါ ချီရှန်းရဲ့မျက်နှာက ရှုံ့မဲ့သွားလေ၏။
"မင်းရဲ့မျက်နှာက မင်းမိဘတွေအမွေပေးခဲ့တဲ့အရာပဲ။ မင်း ဒါကို သဘောမကျဖြစ်မနေသင့်ဘူး။ မင်း ငါနဲ့ရှိနေချိန်ဆို ဒီလိုလုပ်ဖို့မလိုပါဘူး။ မင်းရဲ့ရုပ်ရည်ကြေညင့်နဲ့တော့ ငါမင်းကိုသဘောမကျတာမျိုးဖြစ်သွားမှာမဟုတ်ဘူး။ နောက်ကျရင် မင်း မျက်နှာချေလိမ်းဖို့အတွက်နဲ့ဒုက္ခအများကြီးတွေ့စရာမလိုဘူး။ မင်းရဲ့ကိုယ်ပိုင်အလှကသာ အလှဆုံးပဲ။"
ချီရှန်းရဲ့အကြည့်က အရမ်းကိုစစ်မှန်ရိုးသားနေကာ သူ့စကားတွေက စိတ်ရင်းအတိုင်းဖြစ်တယ်လို့ လူတွေကိုခံစားရစေသည်။
ဒီစကားတွေက တကယ်ကိုစိတ်ထဲနွေးထွေးစေသည်။ တစ်ခါက မုယန်မုန့်ခံစားရဖူးတဲ့နွေးထွေးမှုမျိုးကို နဉ်ရှုလည်းခံစားလိုက်ရသည်။ ဆိုးရွားစွာနာကျင်ခံစားရပြီးနောက်မှာ သူမရဲ့အမှားတွေနဲ့အတိတ်ကနာကျင်မှုတွေအားလုံးကို လက်ခံပေးလိုတဲ့အမျိုးကောင်းသားတစ်ဦးပေါ်ပေါက်လာခဲ့သည်။
ထို့နောက်တွင်တော့ မုယန်မုန့်မှာ အရမ်းကိုစိတ်လှုပ်ရှားသွားရသော်လည်း ရလဒ်ကတော့ဝမ်းနည်းဖို့ကောင်းလှသည်။ ဒီအပြင်ပန်းနူးညံ့ကြင်နာတတ်တဲ့အရေပြားရဲ့အောက်မှာ တွပ်ချက်တတ်ပြီးအကြင်နာကင်းမဲ့တဲ့ရည်ရွယ်ချက်တို့ရှိနေခဲ့သည်။ သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က မုယန်မုန့်ရဲ့နှလုံးသားကိုရဖို့ဖြစ်တာကြောင့် သူက သူမရဲ့နှလုံးသားကိုတိုက်ခိုက်ဖို့ ကြင်နာနားလည်ပေးတဲ့စကားတွေကိုအသုံးပြုခဲ့သည်။ သူက စီးပွားရေးဆက်သွယ်မှုတစ်ခုကိုရယူလေ့ရှိတဲ့အတိုင်း လူတွေကို အစ်အောက်မေးမြန်းခြင်း၊ သူတို့ကိုနားလည်ပေးခြင်း၊ သူတို့တွေ သူ့လက်ထဲသက်ဆင်းလာသည့်တိုင်အောင်ကြိုးကိုင်ခြယ်လှယ်ကစားခြင်းစသည့်နည်းလမ်းများဖြင့် သူမရဲ့နှလုံးသားကို ရရှိခဲ့လေ၏။
မုယန်မုန့်ပျောက်ကွယ်သွားပြီး နောက်ဆုံးတော့မှ သူ မုယန်မုန့်အပေါ်ခံစားချက်ရှိနေတယ်ဆိုတာကို နားလည်သွားသည့်အချိန်အထိပင်။
နဉ်ရှု ဆဲနည်းပေါင်းစုံဖြင့်ဆဲပစ်ချင်စိတ်ပင်ပေါက်လာရသည်။
"သခင်လေးရဲ့စိုးရိမ်ပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် ဒီအစေခံက ယုံကြည်မှုအရမ်းနည်းပါတယ်။ မျက်နှာချေသာမပါရင် ဒီအစေခံအနေနဲ့ တံခါးအပြင်ကိုတောင်မထွက်ရဲပါဘူး။ မျက်နှာချေကသာလျှင် ဒီအစေခံကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ဘဝကိုရင်ဆိုင်နိုင်ဖို့ သတ္တိတွေပေးပါတယ်။"
နဉ်ရှုက ရွှင်မြူးဝမ်းမြောက်နေဟန်ဖြင့်ပြောလာ၏။
ချီရှန်း မျက်နှာပျက်သွားရပြန်၏။ ဒီကောင်မလေးက နေမကောင်းဘူးလို့ သူဘယ်လိုလုပ်ခံစားနေမိတာပါလိမ့်? သူမ ကန်းများနေတာလား? သူမ မှန်ရောသုံးရဲ့လား?
ဒါကြီးကို ဘယ်လိုလုပ်ပြီးတော့များ လှပတယ်လို့ခေါ်နိုင်တာပါလိမ့်? ချီရှန်း အားမပါစွာပင် လက်ယမ်းလိုက်သည်။
"မင်းပျော်ရင် ပြီးတာပဲ။"
နဉ်ရှု ချက်ချင်းပင်ပြောလိုက်သည်။
"ရှင်က တကယ်ကောင်းတဲ့သူပါပဲ သခင်လေး။"
ချီရှန်း : …
သူ့အကြည့်က သူမမျက်နှာအနှံ့ကို ဖြည်းဖြည်းချင်းရွေ့လျားသွားသည်။ အလှအပတွေကို နှစ်ပေါင်းများစွာခွဲခြားလာခဲ့တဲ့သူ့အတွေ့အကြုံအရ ဒီမိန်းကလေးရဲ့ရုပ်ရည်က အတော်လေးကိုလှတယ်ဆိုတာ သူခံစားမိနေသည်။ ဒါကို ဘာလို့ သူမရုပ်ကိုသူမပြန်ဖျက်ဆီးနေရတာလဲ?
ချီရှန်းက ရုတ်တရက်ဆိုသလိုပြောလာ၏။
"ဒီည မီးပုံးပွဲတော်ရှိတယ်လို့ငါကြားတယ်။ မင်း ငါနဲ့လိုက်ရမယ်။ ဒါပေမယ့် မင်းမျက်နှာကိုသန့်ရှင်းသွာေးအာင် မျက်နှာသစ်လိုက်။ ညဆိုမှောင်နေတဲ့အတွက် လူတွေက မင်းရဲ့ရုပ်ကိုမြင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် မင်း ဒီလောက်မျက်နှာချေအထူကြီးလိမ်းထားဖို့မလိုဘူး။"
နဉ်ရှု : …
သူက သူမရဲ့ရုပ်ရည်အစစ်အမှန်အပေါ် အရမ်းကိုစိတ်ဝင်စားနေတဲ့ပုံပဲ၊ ဟက်။
နဉ်ရှု ရှက်ရွံ့စွာပြုံးရင်း အရမ်းကိုဖြူ စက်တဲ့ကြာပန်းဖြူ လေးအမူအရာနဲ့ပြောလိုက်သည်။
"အိုက်ယား၊ အခုက အရမ်းနောက်ကျနေပြီပဲ။ မိန်းကလေးတွေက ညဘက်ဆို အပြင်မထွက်သင့်ဘူးလို့ ဒီအစေခံရဲ့အမေကပြောထားတယ်ရှင့်။"
ချီရှန်း : …
....
Advertisement
- In Serial78 Chapters
Shade Touched
A monster is born in the depths of the wilds, but she isn't like her siblings. Curiosity colors her every thought, and a hunger for understanding grows within this little creature. The world is full of wonders just waiting to be discovered! She's not just hunting for her next meal, her prey is something far greater: knowledge. But as wonderful as it is, discovery alone is missing half the point. After all, what joy is there in finding the next amazing thing when there's no one to share it with? Aiming to update Monday and Friday! Cover art by the amazing Kailey!Twitter @kbearart Full-size cover here.Full banner pic here. Gore tag for some somewhat graphic fight scenes. Profanity tag because there may be some explicit language, it shouldn't be excessive.
8 256 - In Serial9 Chapters
Forging The Beastmen
Our mc gently freezes to death behind some dumpsters like a stray, and has somehow woken up in the body of a beastman child, jailed in a slaver ship.Enslaved, hunted, and scattered, how will he gather the beastmen from their squalor, and bring them to glory alongside the other races? Typical fantasy world with dungeons, magic, monsters, and adventurers. I'm just trying to take out all the game-style systems and rely on wit & skill, whilst putting us in a different perspective. as you can see in the tags I have big ambitions for this story, and I hope to get to that stage without ballsing it all up, looking forward to sharing it with you all
8 96 - In Serial413 Chapters
Alexander Creed: Re-Life
From collecting to haphazard experimention, Alexander Creed briefly peeked at the secrets of existence in an incident involving chaos. Having given the chance relive his life, Alexander decides to move out of his reclusive comfort zone and test how far his methods would change the world. From this, he becomes a Chaos Butterfly whose wingspan encompasses everything from comic books, toys, animation, tv shows, movies, music, and even beauties. ------- This is a work of fiction and a lot of unresearched topics so don't bash my trashy work too much. Also, it is just a fictionalization of things for entertainment and just sharing for free. Hope I don't get much trouble for it and hope I don't get sued or whatever. -------- Cover Credits go to LordValmar.
8 1212 - In Serial17 Chapters
Inner Steel
Orphaned Teenage girl lives two lives on habitat 3091, one of hundreds of thousands of habitats that consistitute Dyson Sphere Alpha. One life is in accordance with Magnusson's rule. Magnusson has lead the human race for the last 10,000 years in the contruction of the dyson sphere, but it is almost completed now. The other life Emma Miner lives, is one where she harbors a rebellion fugative. He's her only hope of escaping the habitat and fleeing to the rebellion, or what remains of it. But when she is discovered and taken prisoner, she discovers something else. Someone else lives in her brain. And that someone else is a devil.
8 176 - In Serial28 Chapters
TRIGGER HAPPY HAVOC (disc.)
+ . + ✹ . ˚ . * · ✵ · . ✵ . · · ˚ * . · ✺ ·" discontinued. ⁀ ❝ I'M IN DESPAIR - SHOULD I BE SCARED? ❞ ˎˊ- an AU in which the yhs cast and the krew are trapped in the world of danganronpa. ─ ,, ⟶ .·. ( ITSFUNNEH ; DANGANRONPA AU ) [ DANGANRONPA SPOILERS WARNING ]
8 152 - In Serial14 Chapters
[One Shots] : s.sj + y.sh
Yeh Shuhua x Seo Soojin"I'm single.. just thought you should know""When did you learn how to flirt?" : Different short stories per chapter : Just my thoughts: Fluff & Smut
8 191

