《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 39
Advertisement
[Zawgyi]
{သဘာဝအတိုင္းေလးကလွတယ္}
နဥ္ရႈက စပ္ၿဖဲၿဖဲလုပ္လိုက္တာေၾကာင့္ နင္းကန္ေဆးျခယ္ထားတဲ့ပါးစပ္က ပိုမိုၿပဲလာကာ မၾကည့္ဝ့ံေလာက္ေအာင္ပင္ရွိေတာ့သည္။ ခ်ီရွန္း ေခါင္းကိုတစ္ဖက္လွည့္လိုက္သည္။ သူမကို ေနာက္တစ္ခါျပန္ၾကည့္ဖို႔အတြက္ သူ အခ်ိန္အနည္းငယ္ၾကာေအာင္ သတၱိစုေဆာင္းလိုက္ရသည္။
"မင္းကိုယ္တိုင္ရဲ႕ပံုစံနဲ႔ သဘာဝအတိုင္းက လွပါတယ္။ ဒီအလွျပင္ပစၥည္းေတြက မင္းရဲ႕အသားအေရအတြက္မေကာင္းဘူး။ ၿပီးေတာ့ မင္းက ငယ္ေသးတယ္။ ဒီအလွျပင္ပစၥည္းေတြက မင္းရဲ႕သဘာဝအလွကို ဖုံးကြယ္ထားသလိုျဖစ္ေနတယ္။"
အမွန္ေတာ့ သူမရဲ႕ရုပ္ရည္အစစ္ကိုျမင္ရဖို႔အတြက္ ခ်ီရွန္း သူမကိုမ်က္နွာသစ္ေပးခ်င္စိတ္ေတြတဖြားဖြားျဖစ္ေနသည္။
နဥ္ရႈက မ်က္ခံုးထူထူႀကီးေတြကိုပင့္တင္လိုက္ရင္း ရင္ဘတ္ကို လက္နဲ႔ဖိကာဆို၏။
"ေပါင္ေပါင့္မွာ အခက္အခဲေတြရွိတယ္။ ဒါေပမယ့္ ေပါင္ေပါင္ ေျပာျပမွာမဟုတ္ဘူး။"
"မင္းနာမည္က ေရွာင္ဟုန္မဟုတ္ဘူးလား? ဘာလို႔ မင္းကိုယ္မင္း ေပါင္ေပါင္လို႔ေခၚေနတာလဲ?"
ခ်ီရွန္းက ရႈပ္ေထြးစြာေမးလာသည္။
နဥ္ရႈက အေလးအနက္မထားသလို လက္ကိုယမ္းကာေျပာသည္။
"အေသးအဖဲြေလးေတြကို စိတ္ထဲထားမေနပါနဲ႔။ ဒီအေစခံက ဒီအေစခံရဲ႕အေဖနဲ႔ရုပ္ခ်င္းအရမ္းဆင္တယ္။ ဒီအေစခံက ရုပ္ဆိုးလြန္းလို႔ ဒီရုပ္ဆိုးတာေတြကိုဖုံးထားနိုင္ဖို႔အတြက္ အလွျပင္ပစၥည္းေတြကိုသံုးဖို႔ကလဲြရင္ ေ႐ြးစရာမရွိပါဘူး။ ဒီကိစၥေၾကာင့္ပဲ ဒီအေစခံ အခက္အခဲေတြဘယ္ေလာက္ေတာင္ရင္ဆိုင္ခဲ့ရတယ္ဆိုတာကို သခင္ေလးနားလည္မွာမဟုတ္ပါဘူးရွင္။ ညေရာက္ရင္ေတာင္ သရဲနဲ႔မွားမွာစိုးလို႔ မ်က္နွာေခ်ေတြကိုမဖယ္ရဲေလာက္ေအာင္ပါပဲရွင္။"
ထို႔ေနာက္ သူမက သူမမ်က္နွာကို ဂုဏ္ယူေနဟန္ျဖင့္ ကိုင္လိုက္၏။
"ကံေကာင္းခ်င္ေတာ့ တစ္စံုတစ္ေယာက္က မ်က္နွာေခ်ဘယ္လိုလိမ္းရမယ္ဆိုတာ ကြၽန္မကိုသင္ေပးခဲ့တယ္။ အလွျပင္ပစၥည္းေတြနဲ႔ အခုဆို ဒီအေစခံက ပုိၿပီးေတာ့ယံုၾကည္ခ်က္ရွိလာၿပီ။"
ဒါကိုၾကားတဲ့အခါ ခ်ီရွန္းရဲ႕မ်က္နွာက ရႈံ႕မဲ့သြားေလ၏။
"မင္းရဲ႕မ်က္နွာက မင္းမိဘေတြအေမြေပးခဲ့တဲ့အရာပဲ။ မင္း ဒါကို သေဘာမက်ျဖစ္မေနသင့္ဘူး။ မင္း ငါနဲ႔ရွိေနခ်ိန္ဆို ဒီလိုလုပ္ဖို႔မလိုပါဘူး။ မင္းရဲ႕ရုပ္ရည္ေၾကညင့္နဲ႔ေတာ့ ငါမင္းကိုသေဘာမက်တာမ်ိဳးျဖစ္သြားမွာမဟုတ္ဘူး။ ေနာက္က်ရင္ မင္း မ်က္နွာေခ်လိမ္းဖို႔အတြက္နဲ႔ဒုကၡအမ်ားႀကီးေတြ႕စရာမလိုဘူး။ မင္းရဲ႕ကိုယ္ပိုင္အလွကသာ အလွဆံုးပဲ။"
ခ်ီရွန္းရဲ႕အၾကည့္က အရမ္းကိုစစ္မွန္ရိုးသားေနကာ သူ႔စကားေတြက စိတ္ရင္းအတိုင္းျဖစ္တယ္လို႔ လူေတြကိုခံစားရေစသည္။
ဒီစကားေတြက တကယ္ကိုစိတ္ထဲေႏြးေထြးေစသည္။ တစ္ခါက မုယန္မုန္႔ခံစားရဖူးတဲ့ေႏြးေထြးမႈမ်ိဳးကို နဥ္ရႈလည္းခံစားလိုက္ရသည္။ ဆိုး႐ြားစြာနာက်င္ခံစားရၿပီးေနာက္မွာ သူမရဲ႕အမွားေတြနဲ႔အတိတ္ကနာက်င္မႈေတြအားလံုးကို လက္ခံေပးလိုတဲ့အမ်ိဳးေကာင္းသားတစ္ဦးေပၚေပါက္လာခဲ့သည္။
ထို႔ေနာက္တြင္ေတာ့ မုယန္မုန္႔မွာ အရမ္းကိုစိတ္လႈပ္ရွားသြားရေသာ္လည္း ရလဒ္ကေတာ့ဝမ္းနည္းဖို႔ေကာင္းလွသည္။ ဒီအျပင္ပန္းႏူးညံ့ၾကင္နာတတ္တဲ့အေရျပားရဲ႕ေအာက္မွာ တြပ္ခ်က္တတ္ၿပီးအၾကင္နာကင္းမဲ့တဲ့ရည္႐ြယ္ခ်က္တို႔ရွိေနခဲ့သည္။ သူ႔ရဲ႕တစ္ခုတည္းေသာရည္မွန္းခ်က္က မုယန္မုန္႔ရဲ႕နွလံုးသားကိုရဖို႔ျဖစ္တာေၾကာင့္ သူက သူမရဲ႕နွလံုးသားကိုတိုက္ခိုက္ဖို႔ ၾကင္နာနားလည္ေပးတဲ့စကားေတြကိုအသံုးျပဳခဲ့သည္။ သူက စီးပြားေရးဆက္သြယ္မႈတစ္ခုကိုရယူေလ့ရွိတဲ့အတိုင္း လူေတြကို အစ္ေအာက္ေမးျမန္းျခင္း၊ သူတို႔ကိုနားလည္ေပးျခင္း၊ သူတို႔ေတြ သူ႔လက္ထဲသက္ဆင္းလာသည့္တိုင္ေအာင္ႀကိဳးကိုင္ျခယ္လွယ္ကစားျခင္းစသည့္နည္းလမ္းမ်ားျဖင့္ သူမရဲ႕နွလံုးသားကို ရရွိခဲ့ေလ၏။
မုယန္မုန္႔ေပ်ာက္ကြယ္သြားၿပီး ေနာက္ဆံုးေတာ့မွ သူ မုယန္မုန္႔အေပၚခံစားခ်က္ရွိေနတယ္ဆိုတာကို နားလည္သြားသည့္အခ်ိန္အထိပင္။
နဥ္ရႈ ဆဲနည္းေပါင္းစံုျဖင့္ဆဲပစ္ခ်င္စိတ္ပင္ေပါက္လာရသည္။
"သခင္ေလးရဲ႕စိုးရိမ္ေပးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒါေပမယ့္ ဒီအေစခံက ယံုၾကည္မႈအရမ္းနည္းပါတယ္။ မ်က္နွာေခ်သာမပါရင္ ဒီအေစခံအေနနဲ႔ တံခါးအျပင္ကိုေတာင္မထြက္ရဲပါဘူး။ မ်က္နွာေခ်ကသာလ်ွင္ ဒီအေစခံကို ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈနဲ႔ဘဝကိုရင္ဆိုင္နိုင္ဖို႔ သတၱိေတြေပးပါတယ္။"
နဥ္ရႈက ရႊင္ျမဴ းဝမ္းေျမာက္ေနဟန္ျဖင့္ေျပာလာ၏။
ခ်ီရွန္း မ်က္နွာပ်က္သြားရျပန္၏။ ဒီေကာင္္မေလးက ေနမေကာင္းဘူးလို႔ သူဘယ္လိုလုပ္ခံစားေနမိတာပါလိမ့္? သူမ ကန္းမ်ားေနတာလား? သူမ မွန္ေရာသံုးရဲ႕လား?
ဒါႀကီးကို ဘယ္လိုလုပ္ၿပီးေတာ့မ်ား လွပတယ္လို႔ေခၚနိုင္တာပါလိမ့္? ခ်ီရွန္း အားမပါစြာပင္ လက္ယမ္းလိုက္သည္။
"မင္းေပ်ာ္ရင္ ၿပီးတာပဲ။"
နဥ္ရႈ ခ်က္ခ်င္းပင္ေျပာလိုက္သည္။
"ရွင္က တကယ္ေကာင္းတဲ့သူပါပဲ သခင္ေလး။"
ခ်ီရွန္း : …
သူ႔အၾကည့္က သူမမ်က္နွာအနွံ႔ကို ျဖည္းျဖည္းခ်င္းေ႐ြ႕လ်ားသြားသည္။ အလွအပေတြကို နွစ္ေပါင္းမ်ားစြာခဲြျခားလာခဲ့တဲ့သူ႔အေတြ႕အႀကံဳအရ ဒီမိန္းကေလးရဲ႕ရုပ္ရည္က အေတာ္ေလးကိုလွတယ္ဆိုတာ သူခံစားမိေနသည္။ ဒါကို ဘာလို႔ သူမရုပ္ကိုသူမျပန္ဖ်က္ဆီးေနရတာလဲ?
ခ်ီရွန္းက ရုတ္တရက္ဆိုသလိုေျပာလာ၏။
"ဒီည မီးပံုးပဲြေတာ္ရွိတယ္လို႔ငါၾကားတယ္။ မင္း ငါနဲ႔လိုက္ရမယ္။ ဒါေပမယ့္ မင္းမ်က္နွာကိုသန္႔ရွင္းသြာေးအာင္ မ်က္နွာသစ္လိုက္။ ညဆိုေမွာင္ေနတဲ့အတြက္ လူေတြက မင္းရဲ႕ရုပ္ကိုျမင္နိုင္မွာမဟုတ္ဘူး။ ဒါေၾကာင့္ မင္း ဒီေလာက္မ်က္နွာေခ်အထူႀကီးလိမ္းထားဖို႔မလိုဘူး။"
နဥ္ရႈ : …
သူက သူမရဲ႕ရုပ္ရည္အစစ္အမွန္အေပၚ အရမ္းကိုစိတ္ဝင္စားေနတဲ့ပံုပဲ၊ ဟက္။
နဥ္ရႈ ရွက္႐ြံ႕စြာၿပံဳးရင္း အရမ္းကိုျဖဴ စက္တဲ့ၾကာပန္းျဖဴ ေလးအမူအရာနဲ႔ေျပာလိုက္သည္။
"အိုက္ယား၊ အခုက အရမ္းေနာက္က်ေနၿပီပဲ။ မိန္းကေလးေတြက ညဘက္ဆို အျပင္မထြက္သင့္ဘူးလို႔ ဒီအေစခံရဲ႕အေမကေျပာထားတယ္ရွင့္။"
ခ်ီရွန္း : …
....
[Unicode]
{သဘာဝအတိုင်းလေးကလှတယ်}
နဉ်ရှုက စပ်ဖြဲဖြဲလုပ်လိုက်တာကြောင့် နင်းကန်ဆေးခြယ်ထားတဲ့ပါးစပ်က ပိုမိုပြဲလာကာ မကြည့်ဝံ့လောက်အောင်ပင်ရှိတော့သည်။ ချီရှန်း ခေါင်းကိုတစ်ဖက်လှည့်လိုက်သည်။ သူမကို နောက်တစ်ခါပြန်ကြည့်ဖို့အတွက် သူ အချိန်အနည်းငယ်ကြာအောင် သတ္တိစုဆောင်းလိုက်ရသည်။
"မင်းကိုယ်တိုင်ရဲ့ပုံစံနဲ့ သဘာဝအတိုင်းက လှပါတယ်။ ဒီအလှပြင်ပစ္စည်းတွေက မင်းရဲ့အသားအရေအတွက်မကောင်းဘူး။ ပြီးတော့ မင်းက ငယ်သေးတယ်။ ဒီအလှပြင်ပစ္စည်းတွေက မင်းရဲ့သဘာဝအလှကို ဖုံးကွယ်ထားသလိုဖြစ်နေတယ်။"
အမှန်တော့ သူမရဲ့ရုပ်ရည်အစစ်ကိုမြင်ရဖို့အတွက် ချီရှန်း သူမကိုမျက်နှာသစ်ပေးချင်စိတ်တွေတဖွားဖွားဖြစ်နေသည်။
နဉ်ရှုက မျက်ခုံးထူထူကြီးတွေကိုပင့်တင်လိုက်ရင်း ရင်ဘတ်ကို လက်နဲ့ဖိကာဆို၏။
"ပေါင်ပေါင့်မှာ အခက်အခဲတွေရှိတယ်။ ဒါပေမယ့် ပေါင်ပေါင် ပြောပြမှာမဟုတ်ဘူး။"
"မင်းနာမည်က ရှောင်ဟုန်မဟုတ်ဘူးလား? ဘာလို့ မင်းကိုယ်မင်း ပေါင်ပေါင်လို့ခေါ်နေတာလဲ?"
ချီရှန်းက ရှုပ်ထွေးစွာမေးလာသည်။
နဉ်ရှုက အလေးအနက်မထားသလို လက်ကိုယမ်းကာပြောသည်။
"အသေးအဖွဲလေးတွေကို စိတ်ထဲထားမနေပါနဲ့။ ဒီအစေခံက ဒီအစေခံရဲ့အဖေနဲ့ရုပ်ချင်းအရမ်းဆင်တယ်။ ဒီအစေခံက ရုပ်ဆိုးလွန်းလို့ ဒီရုပ်ဆိုးတာတွေကိုဖုံးထားနိုင်ဖို့အတွက် အလှပြင်ပစ္စည်းတွေကိုသုံးဖို့ကလွဲရင် ရွေးစရာမရှိပါဘူး။ ဒီကိစ္စကြောင့်ပဲ ဒီအစေခံ အခက်အခဲတွေဘယ်လောက်တောင်ရင်ဆိုင်ခဲ့ရတယ်ဆိုတာကို သခင်လေးနားလည်မှာမဟုတ်ပါဘူးရှင်။ ညရောက်ရင်တောင် သရဲနဲ့မှားမှာစိုးလို့ မျက်နှာချေတွေကိုမဖယ်ရဲလောက်အောင်ပါပဲရှင်။"
ထို့နောက် သူမက သူမမျက်နှာကို ဂုဏ်ယူနေဟန်ဖြင့် ကိုင်လိုက်၏။
"ကံကောင်းချင်တော့ တစ်စုံတစ်ယောက်က မျက်နှာချေဘယ်လိုလိမ်းရမယ်ဆိုတာ ကျွန်မကိုသင်ပေးခဲ့တယ်။ အလှပြင်ပစ္စည်းတွေနဲ့ အခုဆို ဒီအစေခံက ပိုပြီးတော့ယုံကြည်ချက်ရှိလာပြီ။"
ဒါကိုကြားတဲ့အခါ ချီရှန်းရဲ့မျက်နှာက ရှုံ့မဲ့သွားလေ၏။
"မင်းရဲ့မျက်နှာက မင်းမိဘတွေအမွေပေးခဲ့တဲ့အရာပဲ။ မင်း ဒါကို သဘောမကျဖြစ်မနေသင့်ဘူး။ မင်း ငါနဲ့ရှိနေချိန်ဆို ဒီလိုလုပ်ဖို့မလိုပါဘူး။ မင်းရဲ့ရုပ်ရည်ကြေညင့်နဲ့တော့ ငါမင်းကိုသဘောမကျတာမျိုးဖြစ်သွားမှာမဟုတ်ဘူး။ နောက်ကျရင် မင်း မျက်နှာချေလိမ်းဖို့အတွက်နဲ့ဒုက္ခအများကြီးတွေ့စရာမလိုဘူး။ မင်းရဲ့ကိုယ်ပိုင်အလှကသာ အလှဆုံးပဲ။"
ချီရှန်းရဲ့အကြည့်က အရမ်းကိုစစ်မှန်ရိုးသားနေကာ သူ့စကားတွေက စိတ်ရင်းအတိုင်းဖြစ်တယ်လို့ လူတွေကိုခံစားရစေသည်။
ဒီစကားတွေက တကယ်ကိုစိတ်ထဲနွေးထွေးစေသည်။ တစ်ခါက မုယန်မုန့်ခံစားရဖူးတဲ့နွေးထွေးမှုမျိုးကို နဉ်ရှုလည်းခံစားလိုက်ရသည်။ ဆိုးရွားစွာနာကျင်ခံစားရပြီးနောက်မှာ သူမရဲ့အမှားတွေနဲ့အတိတ်ကနာကျင်မှုတွေအားလုံးကို လက်ခံပေးလိုတဲ့အမျိုးကောင်းသားတစ်ဦးပေါ်ပေါက်လာခဲ့သည်။
ထို့နောက်တွင်တော့ မုယန်မုန့်မှာ အရမ်းကိုစိတ်လှုပ်ရှားသွားရသော်လည်း ရလဒ်ကတော့ဝမ်းနည်းဖို့ကောင်းလှသည်။ ဒီအပြင်ပန်းနူးညံ့ကြင်နာတတ်တဲ့အရေပြားရဲ့အောက်မှာ တွပ်ချက်တတ်ပြီးအကြင်နာကင်းမဲ့တဲ့ရည်ရွယ်ချက်တို့ရှိနေခဲ့သည်။ သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က မုယန်မုန့်ရဲ့နှလုံးသားကိုရဖို့ဖြစ်တာကြောင့် သူက သူမရဲ့နှလုံးသားကိုတိုက်ခိုက်ဖို့ ကြင်နာနားလည်ပေးတဲ့စကားတွေကိုအသုံးပြုခဲ့သည်။ သူက စီးပွားရေးဆက်သွယ်မှုတစ်ခုကိုရယူလေ့ရှိတဲ့အတိုင်း လူတွေကို အစ်အောက်မေးမြန်းခြင်း၊ သူတို့ကိုနားလည်ပေးခြင်း၊ သူတို့တွေ သူ့လက်ထဲသက်ဆင်းလာသည့်တိုင်အောင်ကြိုးကိုင်ခြယ်လှယ်ကစားခြင်းစသည့်နည်းလမ်းများဖြင့် သူမရဲ့နှလုံးသားကို ရရှိခဲ့လေ၏။
မုယန်မုန့်ပျောက်ကွယ်သွားပြီး နောက်ဆုံးတော့မှ သူ မုယန်မုန့်အပေါ်ခံစားချက်ရှိနေတယ်ဆိုတာကို နားလည်သွားသည့်အချိန်အထိပင်။
နဉ်ရှု ဆဲနည်းပေါင်းစုံဖြင့်ဆဲပစ်ချင်စိတ်ပင်ပေါက်လာရသည်။
"သခင်လေးရဲ့စိုးရိမ်ပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် ဒီအစေခံက ယုံကြည်မှုအရမ်းနည်းပါတယ်။ မျက်နှာချေသာမပါရင် ဒီအစေခံအနေနဲ့ တံခါးအပြင်ကိုတောင်မထွက်ရဲပါဘူး။ မျက်နှာချေကသာလျှင် ဒီအစေခံကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ဘဝကိုရင်ဆိုင်နိုင်ဖို့ သတ္တိတွေပေးပါတယ်။"
နဉ်ရှုက ရွှင်မြူးဝမ်းမြောက်နေဟန်ဖြင့်ပြောလာ၏။
ချီရှန်း မျက်နှာပျက်သွားရပြန်၏။ ဒီကောင်မလေးက နေမကောင်းဘူးလို့ သူဘယ်လိုလုပ်ခံစားနေမိတာပါလိမ့်? သူမ ကန်းများနေတာလား? သူမ မှန်ရောသုံးရဲ့လား?
ဒါကြီးကို ဘယ်လိုလုပ်ပြီးတော့များ လှပတယ်လို့ခေါ်နိုင်တာပါလိမ့်? ချီရှန်း အားမပါစွာပင် လက်ယမ်းလိုက်သည်။
"မင်းပျော်ရင် ပြီးတာပဲ။"
နဉ်ရှု ချက်ချင်းပင်ပြောလိုက်သည်။
"ရှင်က တကယ်ကောင်းတဲ့သူပါပဲ သခင်လေး။"
ချီရှန်း : …
သူ့အကြည့်က သူမမျက်နှာအနှံ့ကို ဖြည်းဖြည်းချင်းရွေ့လျားသွားသည်။ အလှအပတွေကို နှစ်ပေါင်းများစွာခွဲခြားလာခဲ့တဲ့သူ့အတွေ့အကြုံအရ ဒီမိန်းကလေးရဲ့ရုပ်ရည်က အတော်လေးကိုလှတယ်ဆိုတာ သူခံစားမိနေသည်။ ဒါကို ဘာလို့ သူမရုပ်ကိုသူမပြန်ဖျက်ဆီးနေရတာလဲ?
ချီရှန်းက ရုတ်တရက်ဆိုသလိုပြောလာ၏။
"ဒီည မီးပုံးပွဲတော်ရှိတယ်လို့ငါကြားတယ်။ မင်း ငါနဲ့လိုက်ရမယ်။ ဒါပေမယ့် မင်းမျက်နှာကိုသန့်ရှင်းသွာေးအာင် မျက်နှာသစ်လိုက်။ ညဆိုမှောင်နေတဲ့အတွက် လူတွေက မင်းရဲ့ရုပ်ကိုမြင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် မင်း ဒီလောက်မျက်နှာချေအထူကြီးလိမ်းထားဖို့မလိုဘူး။"
နဉ်ရှု : …
သူက သူမရဲ့ရုပ်ရည်အစစ်အမှန်အပေါ် အရမ်းကိုစိတ်ဝင်စားနေတဲ့ပုံပဲ၊ ဟက်။
နဉ်ရှု ရှက်ရွံ့စွာပြုံးရင်း အရမ်းကိုဖြူ စက်တဲ့ကြာပန်းဖြူ လေးအမူအရာနဲ့ပြောလိုက်သည်။
"အိုက်ယား၊ အခုက အရမ်းနောက်ကျနေပြီပဲ။ မိန်းကလေးတွေက ညဘက်ဆို အပြင်မထွက်သင့်ဘူးလို့ ဒီအစေခံရဲ့အမေကပြောထားတယ်ရှင့်။"
ချီရှန်း : …
....
Advertisement
A World Worth Fighting For
Before anyone even knew it, the world has suddenly became that like a game; as vicious monsters wandered the streets, they begun killing humans. Those who kill monsters will gained exp and levelling up. They will acquire special skills or abilities pertaining to their survival. The world has become fucked up and overrunned by monsters. A crazy modern dystopian fantasy that took place within the real world. How will our main protagonist and his friends will strive hard to survive within this harsh new world. ===Release Details=== Daily release - 1 chapter a day
8 139Ascendancy
The Ascendancy of man has come. Humanity has risen to the stars above, spanning multiple Galaxies. Centuries of warfare and strife as each faction fought for new worlds, and territory. Then came the Empress, eternal in her glory. She unified the scattered factions under one banner, creating the Empire of Humanity. This came with opposition of its own however. Rebellion was a constant, and rampant plague upon the Empire. People who were unhappy with the status qua, and the militaristic brutality of the new Empire rose up across the Galaxy. Thus the Empire began the creation of genetically modified humans. Altered in the wombs of previously altered female soldiers to further the cultivation of the perfect super soldier.These infants are placed through a crucible of death, and a curriculum of brain washing to ensure utter loyalty to the Empire, the Empress, and those they are placed under. They kill, and slaughter without thought or feeling if ordered.Follow our newly minted Captain as he forges a path through this Empire, working for the glory of his Empress, and General. All while the Empire slowly enters the sights of an unseen, and deadly foe. -------------A.N--------------------This fiction is violent, it will have war crimes, cruelty, mind breaking situations, and a great deal of death and practicality in thought process, it is a PURELY dark fiction. the MC is not a Hero as you would term him, he is a soldier doing as ordered. This fiction is also recommended for 18+ only.
8 168We're Almost A Hero!: In A Fantasy World With A Commoner Class!
In a world dominated by people with outstanding abilities to combat against evil They are called "Heroes". They venture and fight back against monsters that threaten humanity. They have many names for them, for example, [Knights], [Archers], [Mages] and many more But what about the others? The people who got the short end of the stick? [Farmer], [Tailor], [Merchant]. Could they become a hero? Could a [Chef] fight against a [Knight] equally? Could a [Librarian] perform magic like a [Mage]? Could a [Miner] fight against an unkillable beast? Join Earth, an overly idealistic boy who has aspirations of becoming a hero but constantly shunned by society because of his class being a [Chef] Joined by other rejects of this cruel society of discrimination and inferiority, they will surpass every obstacle on the path of becoming a hero As they always come up with odd ways to prove themselves that it doesn't matter who you are, you can be a hero if you try! What does it take to be a hero?
8 90A talk with Myself
This book contains my poems that I wrote a few years back and any poem I'll like to write. it will also contain:QuotesPoemsThoughts All by me and only me. Self written Quotes, thoughts and Poems, lettersPlease dont judge my poem by its titleThis book contains my emotions and thoughts regarding life All of this is precious to meFeel free to express your own thoughts.best ranking15-04-2022(I think wattpad was drunk)#1 in poetry out of 274 k #1 in thoughts out of 75.6k#3 in feelings out of 63.9k#4 in quotes out of 52.1k #38 in life out of275k #4 in emotions out of 25.5k #20 in poem out of 167k#9. in poems out of 86.4k #3 in poetrycollection out of 31.1k#17 in lessons out of5.6k #7 in poet out of15.2k #12/14in lifelessons nlifelesson out of 5.1k #21 in words out of16.5k#1 in selfwrittenpoems out of 10#2 in selfwritten out of 520 #30 in advice out of12.3k #1 in bestpoetry out of 43 #7 in deepthought out of 5.3k
8 137The ThickGirl and The Badboy
"Well, well, well. Who do we got here?" An annoying voice mocked me.I clenched my teeth and faced him with a glare, while his eyes raked my whole body. Again. He stopped in my thighs, his eyes widening a little.I couldn't help but pity myself. Surely he's never seen legs like mine, with his sex crimes he's probably used to seeing long, thin, sexy legs, while mine are short, strong, but stubby. "What do you want?" I snarled. His eyes came back to mine, and he smirked."Chill ThunderThighs."I gave him a mean look, is he seriously insulting me right now ? ☆☆☆☆ Disclaimer:I'm still editing the first few chapters but i promise you it gets better:)
8 195Soulmates/ Jolby
Colby Brock has known he's a werewolf since he was eighteen, and ever since his father told him the news he has been anxious to meet his mate. A mate, the reason for every werewolf to live. What happens when Colby discovers that his mate has always been around? How will Colby's mate react?
8 139