《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 38
Advertisement
[Zawgyi]
{နင့္မမေလးက အရည္အခ်င္းရွိၿပီးစြမ္းေဆာင္နိုင္တယ္}
နဥ္ရႈက ခ်ီရွန္းရဲ႕ကိုယ္ပိုင္အေစခံျဖစ္ေနတဲ့အတြက္ သူမ လက္ဖက္ရည္ေဖ်ာ္ကာ ခ်ီရွန္းရဲ႕စာၾကည့္ေဆာင္ဆီဦးတည္လိုက္သည္။ တံခါးကိုတြန္းဖြင့္ၿပီး အထဲကိုေလ်ွာက္ဝင္လာၿပီးေနာက္ ခ်ီရွန္း အလုပ္ပိေနတာကို သူမေတြ႕လိုက္ရ၏။ သူက သူ႔မိသားစုရဲ႕စီးပြားေရးလုပ္ငန္းကိုဆက္ခံသူျဖစ္တဲ့အေလ်ာက္ အေတာ္ေလးအလုပ္မ်ားေပ၏။
သို႔တိုင္ သူက မုယန္မုန္႔နဲ႔အီစီကလီလုပ္ဖို႔အခ်ိန္ရွိေနေသးသလို သူ႔ငယ္ခ်စ္ကေလးေရာက္လာတဲ့အခါ သူမနဲ႔လည္းအီစီကလီလုပ္နိုင္ေသး၏။ မူလဇာတ္ေၾကာင္းမွာေတာ့ သူက အလုပ္မ်ားေနပံုလံုးဝမေပၚပါေခ်။
နဥ္ရႈက လက္ဖက္ရည္ခြက္ကို ခ်ီရွန္းရဲ႕လက္နားမွာထားလိုက္သည္။ ခ်ီရွန္းက ခြက္ကိုၾကည့္လိုက္ၿပီးေနာက္ နဥ္ရႈကိုၾကည့္လာ၏။ နဥ္ရႈက သူမရဲ႕နီနီရဲရဲပါးစပ္ႀကီးကိုဖြင့္ဟကာ စပ္ၿဖဲၿဖဲလုပ္ရင္းဆို၏။
"လက္ဖက္ရည္သံုးေဆာင္ပါဦး သခင္ေလး။"
"ငါက ေႏြးတယ္ဆိုရံုေလာက္အေနအထားမွာရွိတဲ့လက္ဖက္ရည္ကိုပဲေသာက္တယ္ဆိုတာ မင္းကို ဘယ္သူမွမေျပာဘူးလား?"
ခ်ီရွန္းက ညင္သာစြာပင္ေမးလာသည္။
"ေတာင္းပန္ပါတယ္၊ ဒီအေစခံ မၾကားလိုက္မိဘူး။ ဒီအေစခံ ျပန္ျပင္လိုက္ပါ့မယ္။"
နဥ္ရႈ ရွက္ရံြ႕ေနသည့္အမူအရာျဖင့္ေျပာကာ လက္ဖက္ရည္ခြက္ကိုယူရန္ အလ်င္စလိုလႈပ္ရွားလိုက္၏။ သို႔ေသာ္လည္း သူမရဲ႕လႈပ္ရွားမႈက ကို႔ရို႕ကားယားနိုင္လွသျဖင့္ လက္ဖက္ရည္ခြက္ကိုတိုက္မိသြားၿပီး ခ်ီရွန္းရဲ႕လက္ေပၚ အပူတေလာင္ေရေတြဖိတ္စင္သြားေစ၏။
ေလာေလာလတ္လတ္က်ိဳထားတဲ့လက္ဖက္ရည္ေတြက သူ႔လက္ေပၚကို ဒီလိုနဲ႔ပဲဖိတ္စင္သြားခဲ့သည္။
"မင္း ဘာလုပ္ေနတာလဲ!?"
ခ်ီရွန္းက နာက်င္မႈေၾကာင့္ မ်က္ေမွာင္ကုတ္ထားသည္။ သူ႔လက္က ခ်က္ခ်င္းပင္နီရဲလာေတာ့၏။
နဥ္ရႈရဲ႕အမူအရာက ေၾကာက္လန္႔ျခင္းတို႔ျဖင့္ျပည့္ေနၿပီး သူမက သူ႔လက္ကိုသုတ္ေပးဖို႔ လက္ကိုင္ပဝါကိုဆဲြထုတ္လိုက္၏။ သူမ အဲ့လက္ကိုင္ပဝါကိုဆဲြထုတ္လိုက္ခ်ိန္မွာပဲ ခ်ီရွန္းတစ္ေယာက္ ေရေမႊးနံ႔နဲ႔ေျခအိတ္နံ႔ေတြေရာေနတဲ့ ရံြစရာေကာင္းလြန္းတဲ့အနံ႔ကိုရလိုက္၏။
သူ ေအာ္ဂလီဆန္လာရကား သူ႔နွာေခါင္းကို လက္ျဖင့္အုပ္လိုက္၏။ သို႔ေသာ္လည္း ထိုလက္မွာ ေစာေစာကမွလက္ကိုင္ပဝါျဖင့္အသုတ္ခံထားရေသာလက္ျဖစ္ရကား အသက္ရွဴ လိုက္ခ်ိန္မွာ အဲ့အနံ႔က သူ႔နွာေခါင္းထဲျပည့္သြားေတာ့သည္။ သူ အခန္းထဲက ေျပးထြက္သြားေလ၏။
နဥ္ရႈ နႈတ္ခမ္းေတြတြန္႔ေကြးကာ လက္ကိုင္ပဝါကို လက္ဖက္ရည္ခြက္ေပၚပစ္တင္လိုက္ၿပီးေနာက္ လက္ဖက္ရည္အက်န္မ်ားနွင့္ခြက္ကိုမယူလိုက္ကာ ထြက္ခြာသြားေတာ့၏။
သူမ အခန္းကိုျပန္ေရာက္ခ်ိန္မွာ ယဲြ႕လန္က ခ်က္ခ်င္းဆိုသလိုေမးလာသည္။
"သူ မမေလးကို အခက္ေတြ႕ေအာင္လုပ္ေသးလား?"
"မလုပ္ပါဘူး။ နင့္မမေလးက အရမ္းအရည္အခ်င္းရွိၿပီးစြမ္းေဆာင္နိုင္တာကို သူ ဘယ္လိုလုပ္အျပစ္ရွာနိုင္မွာလဲ?"
နဥ္ရႈက ေျခခ်ိတ္ထိုင္ခ်ကာ ေျပာလာသည္။
ယဲြ႕လန္က နာက်င္ေနေသာေလသံျဖင့္ေျပာလာေခ်၏။
"မမေလးက ဝန္ႀကီးခ်ဳပ္ရဲ႕သမီးျဖစ္ၿပီး ဇိမ္ရွိရွိနဲ႔အလိုလိုက္ခံဘဝမွာေနရမယ့္ဟာကို အခုေတာ့ သူမ်ားကိုအလုပ္အေကြၽးျပဳေနရတယ္။ မမေလး၊ ကြၽန္မရဲ႕သနားစရာမမေလးရယ္။"
"ေတာ္ေတာ့၊ ငိုမေနနဲ႔။ နင့္မမေလးက အဆင္ေျပေနတာပဲကို။"
နဥ္ရႈ စိတ္ရႈပ္စြာေျပာ၏။
ယဲြ႕လန္က ခ်က္ခ်င္းပါးစပ္ပိတ္လိုက္ေသာ္လည္း ဝမ္းပန္းတနည္းငိုရႈိက္ေနတုန္းပင္။
နဥ္ရႈက ခ်ီရွန္း သူမကိုရံြသြားေအာင္ ေအာင္ျမင္စြာလုပ္နိုင္ခဲ့ေသာ္လည္း ခ်ီရွန္းက သူမကို သူ႔ရဲ႕ကိုယ္ပိုင္အေစခံအျဖစ္ဆက္ထားဆဲပင္။ နဥ္ရႈက ဘာလုပ္လုပ္အၿမဲတမ္းအမွားလုပ္တတ္ၿပီး ေသာက္က်ိဳးနည္းရုပ္ဆိုးေသာ္လည္း သူက သူမကိုဘသူ႔ရဲ႕ကိုယ္ပိုင္အေစခံအျဖစ္ဆက္ထားရန္ ဆံုးျဖတ္ထားေလ၏။
နဥ္ရႈက သူ႔ကိုညစာစားခ်ိန္မွာလိုအပ္သမ်ွျဖည့္ဆည္းေပးရင္း သူမရဲ႕နွပ္ေခ်းဖတ္က စားစရာေတြထဲလြင့္လာတာတို႔ သို႔မဟုတ္ သူေရခ်ိဳးေနခ်ိန္မွာ ေရေႏြးတစ္ပံုးေလာက္ေလာင္းထည့္ေပးရမွာကို ေျခေခ်ာ္ၿပီးသူ႔အေပၚ ေရေႏြးပူေတြေလာင္းခ်မိမလိုျဖစ္သြားသျဖင့္ အခန္းထဲမွာ ကိုယ္လံုးတီးနဲ႔ပတ္ေျပးေနရတာဆိုရင္ေတာင္မွပင္...။
ထပ္ေလာင္းေျပာရလ်ွင္ နဥ္ရႈမွာ အနံ႔ျပင္းျပင္းေရေမႊးနဲ႔ေျခအိတ္နံ႔ေတြေရာေနတဲ့အနံ႔မ်ိဳးက အၿမဲတမ္းရွိေနတတ္သည္။ ဒါက ခ်ီရွန္း သူမကိုအရံြရွာဆံုးျဖစ္ေစသည့္အခ်က္ပင္။
သို႔ေသာ္လည္း သူက ဒါေတြအားလံုးကိုသည္းခံေလ၏။ နဥ္ရႈ ေလးစားလြန္းသျဖင့္ သက္ျပင္းခ်လိုက္မိသည္။ အမ်ိဳးသားဇာတ္လိုက္နဲ႔အမ်ိဳးသမီးဇာတ္လိုက္ၾကားက ဆဲြေဆာင္ေနမႈက တကယ္ကိုရပ္တန္႔လို႔မရဘူးပဲ။
"မင္းဆီက အဲ့အနံ႔က ဘာနံ႔လဲ?"
ေနာက္ဆံုးေတာ့ ခ်ီရွန္းက ထိုအေၾကာင္းကိုစကားစလာ၏။
နဥ္ရႈက ေဆးေတြနင္းကန္ျခယ္ထားတဲ့မ်က္လံုးကိုျပဴ းရင္း စိတ္လႈပ္ရွားစြာပင္ဆို၏။
"ဒါက ေကြ႕ဟြားေရေမႊးနံ႔ေလ။ ဒီအေစခံက ေရေမႊးဆြတ္ထားတဲ့အက်ႌနဲ႔ လက္ကိုင္ပဝါကို ေန႔တိုင္းသံုးတာ။ ရွဴ ၾကည့္ပါလားသခင္ေလးရဲ႕၊ မေမႊးဘူးလား?"
ေျပာရင္းျဖင့္ပင္ နဥ္ရႈက လက္ကိုင္ပဝါကို သူ႔မ်က္နွာနားကပ္လိုက္၏။ ခ်ီရွန္းက သူ႔ေခါင္းကို အလ်င္စလိုပင္တစ္ဖက္ေ႐ႊ႕လိုက္ရင္း မ်က္ေမွာင္ကုတ္ကာဆို၏။
"တကယ္ေတာ့ မင္းရဲ႕ပင္ကိုယ္ရနံ႔ကေကာင္းမြန္ၿပီးသားပါ။ ဒီလိုေရေမႊးမ်ိဳးကို သံုးဖို႔မလိုပါဘူး။ ဒီေရေမႊးက မင္းရဲ႕ပင္ကိုယ္ကလန္းဆန္းလတ္ဆတ္တဲ့ရနံ႔ကိုဖ်က္ဆီးေနတယ္။"
နဥ္ရႈ : (⊙o⊙)
ဝိုး၊ သူ ဘယ္ေလာက္ေတာင္စကားေျပာေကာင္းလဲဆိုတာ ၾကည့္ပါဦး! ထင္ထားတဲ့အတိုင္း စဥ္းလဲတဲ့စီးပြားေရးသမားႀကီးပဲ။ သူက ဒီအနံ႔ကို ထပ္မခံနိုင္ေတာ့ဘူးဆိုတာေသခ်ာေနေပမယ့္ သဘာဝအတိုင္းလန္းဆန္းလတ္ဆတ္တဲ့ရနံ႔အေၾကာင္းကိုပါ ေျပာေနေသးတယ္။ သူ႔စကားေတြက မူလခႏၶာရွင္ကို အရူးလုပ္ေနက်စကားေတြအတိုင္းပဲ။ သူ႔ရဲ႕အေပၚယံပံုစံက လံုးဝကိုၾကင္နာတတ္ၿပီး ရည္မြန္တဲ့အမ်ိဳးေကာင္းသားေလးလိုပဲ။ သူ႔ရဲ႕ရံြစရာေကာင္းတဲ့စရိုက္ကို ဖံုးထားနိုင္တယ္။
...
[Unicode]
{နင့်မမလေးက အရည်အချင်းရှိပြီးစွမ်းဆောင်နိုင်တယ်}
နဉ်ရှုက ချီရှန်းရဲ့ကိုယ်ပိုင်အစေခံဖြစ်နေတဲ့အတွက် သူမ လက်ဖက်ရည်ဖျော်ကာ ချီရှန်းရဲ့စာကြည့်ဆောင်ဆီဦးတည်လိုက်သည်။ တံခါးကိုတွန်းဖွင့်ပြီး အထဲကိုလျှောက်ဝင်လာပြီးနောက် ချီရှန်း အလုပ်ပိနေတာကို သူမတွေ့လိုက်ရ၏။ သူက သူ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းကိုဆက်ခံသူဖြစ်တဲ့အလျောက် အတော်လေးအလုပ်များပေ၏။
သို့တိုင် သူက မုယန်မုန့်နဲ့အီစီကလီလုပ်ဖို့အချိန်ရှိနေသေးသလို သူ့ငယ်ချစ်ကလေးရောက်လာတဲ့အခါ သူမနဲ့လည်းအီစီကလီလုပ်နိုင်သေး၏။ မူလဇာတ်ကြောင်းမှာတော့ သူက အလုပ်များနေပုံလုံးဝမပေါ်ပါချေ။
နဉ်ရှုက လက်ဖက်ရည်ခွက်ကို ချီရှန်းရဲ့လက်နားမှာထားလိုက်သည်။ ချီရှန်းက ခွက်ကိုကြည့်လိုက်ပြီးနောက် နဉ်ရှုကိုကြည့်လာ၏။ နဉ်ရှုက သူမရဲ့နီနီရဲရဲပါးစပ်ကြီးကိုဖွင့်ဟကာ စပ်ဖြဲဖြဲလုပ်ရင်းဆို၏။
"လက်ဖက်ရည်သုံးဆောင်ပါဦး သခင်လေး။"
"ငါက နွေးတယ်ဆိုရုံလောက်အနေအထားမှာရှိတဲ့လက်ဖက်ရည်ကိုပဲသောက်တယ်ဆိုတာ မင်းကို ဘယ်သူမှမပြောဘူးလား?"
ချီရှန်းက ညင်သာစွာပင်မေးလာသည်။
"တောင်းပန်ပါတယ်၊ ဒီအစေခံ မကြားလိုက်မိဘူး။ ဒီအစေခံ ပြန်ပြင်လိုက်ပါ့မယ်။"
နဉ်ရှု ရှက်ရွံ့နေသည့်အမူအရာဖြင့်ပြောကာ လက်ဖက်ရည်ခွက်ကိုယူရန် အလျင်စလိုလှုပ်ရှားလိုက်၏။ သို့သော်လည်း သူမရဲ့လှုပ်ရှားမှုက ကို့ရို့ကားယားနိုင်လှသဖြင့် လက်ဖက်ရည်ခွက်ကိုတိုက်မိသွားပြီး ချီရှန်းရဲ့လက်ပေါ် အပူတလောင်ရေတွေဖိတ်စင်သွားစေ၏။
လောလောလတ်လတ်ကျိုထားတဲ့လက်ဖက်ရည်တွေက သူ့လက်ပေါ်ကို ဒီလိုနဲ့ပဲဖိတ်စင်သွားခဲ့သည်။
"မင်း ဘာလုပ်နေတာလဲ!?"
ချီရှန်းက နာကျင်မှုကြောင့် မျက်မှောင်ကုတ်ထားသည်။ သူ့လက်က ချက်ချင်းပင်နီရဲလာတော့၏။
နဉ်ရှုရဲ့အမူအရာက ကြောက်လန့်ခြင်းတို့ဖြင့်ပြည့်နေပြီး သူမက သူ့လက်ကိုသုတ်ပေးဖို့ လက်ကိုင်ပဝါကိုဆွဲထုတ်လိုက်၏။ သူမ အဲ့လက်ကိုင်ပဝါကိုဆွဲထုတ်လိုက်ချိန်မှာပဲ ချီရှန်းတစ်ယောက် ရေမွှေးနံ့နဲ့ခြေအိတ်နံ့တွေရောနေတဲ့ ရွံစရာကောင်းလွန်းတဲ့အနံ့ကိုရလိုက်၏။
သူ အော်ဂလီဆန်လာရကား သူ့နှာခေါင်းကို လက်ဖြင့်အုပ်လိုက်၏။ သို့သော်လည်း ထိုလက်မှာ စောစောကမှလက်ကိုင်ပဝါဖြင့်အသုတ်ခံထားရသောလက်ဖြစ်ရကား အသက်ရှူ လိုက်ချိန်မှာ အဲ့အနံ့က သူ့နှာခေါင်းထဲပြည့်သွားတော့သည်။ သူ အခန်းထဲက ပြေးထွက်သွားလေ၏။
နဉ်ရှု နှုတ်ခမ်းတွေတွန့်ကွေးကာ လက်ကိုင်ပဝါကို လက်ဖက်ရည်ခွက်ပေါ်ပစ်တင်လိုက်ပြီးနောက် လက်ဖက်ရည်အကျန်များနှင့်ခွက်ကိုမယူလိုက်ကာ ထွက်ခွာသွားတော့၏။
သူမ အခန်းကိုပြန်ရောက်ချိန်မှာ ယွဲ့လန်က ချက်ချင်းဆိုသလိုမေးလာသည်။
"သူ မမလေးကို အခက်တွေ့အောင်လုပ်သေးလား?"
"မလုပ်ပါဘူး။ နင့်မမလေးက အရမ်းအရည်အချင်းရှိပြီးစွမ်းဆောင်နိုင်တာကို သူ ဘယ်လိုလုပ်အပြစ်ရှာနိုင်မှာလဲ?"
နဉ်ရှုက ခြေချိတ်ထိုင်ချကာ ပြောလာသည်။
ယွဲ့လန်က နာကျင်နေသောလေသံဖြင့်ပြောလာချေ၏။
"မမလေးက ဝန်ကြီးချုပ်ရဲ့သမီးဖြစ်ပြီး ဇိမ်ရှိရှိနဲ့အလိုလိုက်ခံဘဝမှာနေရမယ့်ဟာကို အခုတော့ သူများကိုအလုပ်အကျွေးပြုနေရတယ်။ မမလေး၊ ကျွန်မရဲ့သနားစရာမမလေးရယ်။"
"တော်တော့၊ ငိုမနေနဲ့။ နင့်မမလေးက အဆင်ပြေနေတာပဲကို။"
နဉ်ရှု စိတ်ရှုပ်စွာပြော၏။
ယွဲ့လန်က ချက်ချင်းပါးစပ်ပိတ်လိုက်သော်လည်း ဝမ်းပန်းတနည်းငိုရှိုက်နေတုန်းပင်။
နဉ်ရှုက ချီရှန်း သူမကိုရွံသွားအောင် အောင်မြင်စွာလုပ်နိုင်ခဲ့သော်လည်း ချီရှန်းက သူမကို သူ့ရဲ့ကိုယ်ပိုင်အစေခံအဖြစ်ဆက်ထားဆဲပင်။ နဉ်ရှုက ဘာလုပ်လုပ်အမြဲတမ်းအမှားလုပ်တတ်ပြီး သောက်ကျိုးနည်းရုပ်ဆိုးသော်လည်း သူက သူမကိုဘသူ့ရဲ့ကိုယ်ပိုင်အစေခံအဖြစ်ဆက်ထားရန် ဆုံးဖြတ်ထားလေ၏။
နဉ်ရှုက သူ့ကိုညစာစားချိန်မှာလိုအပ်သမျှဖြည့်ဆည်းပေးရင်း သူမရဲ့နှပ်ချေးဖတ်က စားစရာတွေထဲလွင့်လာတာတို့ သို့မဟုတ် သူရေချိုးနေချိန်မှာ ရေနွေးတစ်ပုံးလောက်လောင်းထည့်ပေးရမှာကို ခြေချော်ပြီးသူ့အပေါ် ရေနွေးပူတွေလောင်းချမိမလိုဖြစ်သွားသဖြင့် အခန်းထဲမှာ ကိုယ်လုံးတီးနဲ့ပတ်ပြေးနေရတာဆိုရင်တောင်မှပင်...။
ထပ်လောင်းပြောရလျှင် နဉ်ရှုမှာ အနံ့ပြင်းပြင်းရေမွှေးနဲ့ခြေအိတ်နံ့တွေရောနေတဲ့အနံ့မျိုးက အမြဲတမ်းရှိနေတတ်သည်။ ဒါက ချီရှန်း သူမကိုအရွံရှာဆုံးဖြစ်စေသည့်အချက်ပင်။
သို့သော်လည်း သူက ဒါတွေအားလုံးကိုသည်းခံလေ၏။ နဉ်ရှု လေးစားလွန်းသဖြင့် သက်ပြင်းချလိုက်မိသည်။ အမျိုးသားဇာတ်လိုက်နဲ့အမျိုးသမီးဇာတ်လိုက်ကြားက ဆွဲဆောင်နေမှုက တကယ်ကိုရပ်တန့်လို့မရဘူးပဲ။
"မင်းဆီက အဲ့အနံ့က ဘာနံ့လဲ?"
နောက်ဆုံးတော့ ချီရှန်းက ထိုအကြောင်းကိုစကားစလာ၏။
နဉ်ရှုက ဆေးတွေနင်းကန်ခြယ်ထားတဲ့မျက်လုံးကိုပြူးရင်း စိတ်လှုပ်ရှားစွာပင်ဆို၏။
"ဒါက ကွေ့ဟွားရေမွှေးနံ့လေ။ ဒီအစေခံက ရေမွှေးဆွတ်ထားတဲ့အင်္ကျီနဲ့ လက်ကိုင်ပဝါကို နေ့တိုင်းသုံးတာ။ ရှူ ကြည့်ပါလားသခင်လေးရဲ့၊ မမွှေးဘူးလား?"
ပြောရင်းဖြင့်ပင် နဉ်ရှုက လက်ကိုင်ပဝါကို သူ့မျက်နှာနားကပ်လိုက်၏။ ချီရှန်းက သူ့ခေါင်းကို အလျင်စလိုပင်တစ်ဖက်ရွှေ့လိုက်ရင်း မျက်မှောင်ကုတ်ကာဆို၏။
"တကယ်တော့ မင်းရဲ့ပင်ကိုယ်ရနံ့ကကောင်းမွန်ပြီးသားပါ။ ဒီလိုရေမွှေးမျိုးကို သုံးဖို့မလိုပါဘူး။ ဒီရေမွှေးက မင်းရဲ့ပင်ကိုယ်ကလန်းဆန်းလတ်ဆတ်တဲ့ရနံ့ကိုဖျက်ဆီးနေတယ်။"
နဉ်ရှု : (⊙o⊙)
ဝိုး၊ သူ ဘယ်လောက်တောင်စကားပြောကောင်းလဲဆိုတာ ကြည့်ပါဦး! ထင်ထားတဲ့အတိုင်း စဉ်းလဲတဲ့စီးပွားရေးသမားကြီးပဲ။ သူက ဒီအနံ့ကို ထပ်မခံနိုင်တော့ဘူးဆိုတာသေချာနေပေမယ့် သဘာဝအတိုင်းလန်းဆန်းလတ်ဆတ်တဲ့ရနံ့အကြောင်းကိုပါ ပြောနေသေးတယ်။ သူ့စကားတွေက မူလခန္ဓာရှင်ကို အရူးလုပ်နေကျစကားတွေအတိုင်းပဲ။ သူ့ရဲ့အပေါ်ယံပုံစံက လုံးဝကိုကြင်နာတတ်ပြီး ရည်မွန်တဲ့အမျိုးကောင်းသားလေးလိုပဲ။ သူ့ရဲ့ရွံစရာကောင်းတဲ့စရိုက်ကို ဖုံးထားနိုင်တယ်။
...
Advertisement
Tales Of Demons And Gods
Killed by a Sage Emperor and reborn as his 13 year old self, Nie Li was given a second chance at life. A second chance to change everything and save his loved ones and his beloved city. He shall once again battle with the Sage Emperor to avenge his death and those of his beloved . With the vast knowledge of hundred years of life he accumulated in his previous life, wielding the strongest demon spirits, he shall reach the pinnacle of Martial Arts.
8 3463I am Urist
Placed in the new world created for the god's enjoyment, Urist must settle these lands for all of Dwarf-kind. With no preexisting factions or governments, the world is at it's most primal where beasts stalk the lands. Prepare for a world full of strife and slaughter. Who will go extinct? Who will prosper? Welcome to the primordial world! If you want you can follow me on twitter and facebook following these links. Link to my Twitter Profile Link to my Facebook Profile. Link to my Discord Channel
8 282Multiple people, multiple ways
Sometimes things get harder, when people know their feelings TOO well. Which often results in (especially for teenagers) a very confusing time. If you pair that up with many many many personal crisis'... life becomes much harder than one might expect.~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~WE ARE BACK TO BASICS! If someone knows me from a long time ago, they'll know I used to make ALL my covers via very bad editing because I didn't have anything better. Well, I have nothing better anymore, so, the cover is going to be that until I get it changed somehow. This'll be POLYAMORY. I will say it at the start, I absolutely hate, when things get stupidly complicated because people can't decide in fanfics, unless it's done well.Welcome to the adventure of me making a story absolutely nobody asked for.
8 65Shining Brightly | Hwasa x Bts |
A girl who lives in a small area with parents who cares nothing about her. Sells her to work for a rich family with 7 sons all dealing with their own problems gloomy until they meet Ahn Hyejin
8 195The Alpha Academy
"No matter where you run, I'll always be at the other side, tesoro," he softly whispers.My eyes slowly close as reality sets in. He was right. I could never run away from him. I feel him walking behind me, getting closer and closer with each passing second. He leans forward and dips his face inside my hair. A low, possessive growl escapes his mouth."Right now, all I want to do is tear your clothes off and take you right against this cold, hard wall." ☾✶☾✶☾Vivian Alejandro was a rarity. The first Alpha-blooded female wolf to be born after 200 years. She was living a happy life within her pack until she found her mate.Alpha Ethan of the West-Moon Pack. He and Vivian shared a not-so-great history together. So when they both realised who they were to each other, they ended up taking a huge step - rejection. But little did Vivian know, Ethan had not rejected her. And now she has to train at the Alpha Academy alongside her ex-mate, or so she thought. But that is not all, someone in the shadows has their eyes set on her. And they won't stop until she is dead.☾✶☾✶☾This book will contain mature content, humour, and romance. A more detailed gist of the book will be posted before the first chapter.Highest ranking:#1 werewolf#1 mate#1 alpha#1 hot#1 wild
8 52S P D
It's not that I won't or refuse...I can't.(S)chizoid (P)ersonality (D)isorder- A condition in which people avoid social activities and interacting with others.Depersonalized Schizoid- Often described by the schizoid patient as a tuning out or a turning off. Affectless Schizoid- Lack passion, remain unresponsive in social situations, and are highly unlikely to show any affection to prospective significant others.
8 64