《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 37
Advertisement
[Zawgyi]
{ကိုယ္ပိုင္အေစခံတစ္ေယာက္က ဘာလုပ္ေပးရလဲ?}
ခ်ီရွန္းက စစ္ထူခ်င္းယီြနဲ႔ေလာ္ကြၽင့္ယြမ္ထက္ ပိုရံြစရာေကာင္းတယ္လို႔ နဥ္ရႈေတြးလိုက္သည္။ သူက မုယန္မုန္႔ သူ႔ကိုခ်စ္လာဖို႔အတြက္ ၾကက္သီးေႏြးေရထဲမွာ ဖားတစ္ေကာင္ကိုခ်က္တဲ့နည္းလမ္းကိုသံုးခဲ့သည္။ သူက နွလံုးသားခံစားခ်က္ေတြျဖစ္ေပၚလာေစဖို႔ ရံြစရာေကာင္းတဲ့နည္းလမ္းေတြကိုပင္ အသံုးျပဳခဲ့ေသး၏။
သူက မုယန္မုန္႔ရဲ႕နွလံုးသားကိုရဖို႔ ႏူးညံ့ၾကင္နာတတ္ဟန္ေဆာင္ခဲ့ၿပီး မုယန္မုန္႔ရဲ႕နွလံုးသားကို ရခ်ိန္မွာေတာ့ နင္းေခ်ပစ္သည္။ ေနာက္က်မွ သူက မုယန္မုန္႔အေပၚ ခံစားခ်က္ေတြရွိေနမွန္း သူ႔ကိုယ္သူသိသြားေသာ္လည္း အခ်ိန္လြန္သြားခဲ့ၿပီ။ သူ႔ရဲ႕ရက္စက္မႈေၾကာင့္ မုယန္မုန္႔က တန္ဖိုးႀကီးႀကီးေပးဆပ္လိုက္ရၿပီး သူမရဲ႕နွင္းလိုျဖဴ ေဖြးတဲ့နဂိုအသားအေရဟာ အမာ႐ြတ္မရွိတဲ့ေနရာရယ္လို႔မရွိေတာ့။
ဒါက အေတာ္ေလးဝမ္းနည္းဖို႔ေကာင္းၿပီး ဒီအေၾကာင္းတရားေတြေၾကာင့္ပင္ မုယန္မုန္႔မွာ ေတြေဝတတ္တဲ့စိတ္ရွိလာကာ သူမနာက်င္ခံစားရတဲ့အခ်ိန္တိုင္း သူမကိုယ္သူမ ပိုတိုးလို႔သာနွိပ္စက္တတ္သူျဖစ္လာေတာ့သည္။
နဥ္ရႈလိုေဘးလူသည္ပင္လ်ွင္ သူမရဲ႕အတြင္းအဂၤါေတြေ႐ြ႕သြားသလိုခံစားေနရသည္။ ဒီဇာတ္လမ္းအေနအထားႀကီးက ေတာ္ေတာ္နာက်င္ရတယ္။
နဥ္ရႈနဲ႔ယဲြ႕လန္က သူမတို႔အခန္းကို အတူတူသန္႔ရွင္းေရးလုပ္လိုက္ၾကသည္။ ခဏအၾကာတြင္ အေစခံအႀကီးအကဲျဖစ္ပံုရေသာအမ်ိဳးသမီးတစ္ေယာက္ဝင္လာကာ နဥ္ရႈကိုေျပာသည္။
"အခုကစၿပီး ညည္း သခင္ေလးရဲ႕ကိုယ္ပိုင္အေစခံလုပ္ရမယ္။"
နဥ္ရႈ : (⊙0⊙)
အခု သူမရဲ႕မတရားရုပ္ဆိုးေနပံုမ်ိဳးနဲ႔ ဘယ္လိုလုပ္ခ်ီရွန္းရဲ႕ကိုယ္ပိုင္အေစခံဘဝေရာက္သြားရတာလဲ? သူမက ဒီလိုပံုစံႀကီးျဖစ္ေနတာေတာင္ ခ်ီရွန္းက ႀကိဳက္ေနတုန္းလား? ဒါက အဓိကဇာတ္လိုက္ေတြကို အတူတူရွိေစနိုင္တဲ့ ဆဲြေဆာင္အားေၾကာင့္လား? ဇာတ္ေၾကာင္းက ဇာတ္လိုက္ေတြအတူတူရွိရဖို႔ အားထုတ္ေနတာလား?
"အေစခံေခါင္းေဆာင္၊ ကိုယ္ပိုင္အေစခံတစ္ေယာက္က ဘာေတြလုပ္ေပးရမွာလဲ?"
ိနဥ္ရႈ ရွက္ရံြ႕ေနေသာအမူအရာျဖင့္ေမးလိုက္သည္။
အေစခံေခါင္းေဆာင္က နဥ္ရႈအား တံေတြးေထြးေလ၏။
"ဖီ! ညည္းအေတြးလြန္ေနၿပီ။ ညည္းက သခင္ေလးအတြက္ လက္ဖက္ရည္ငွဲ႔ေပးဖို႔နဲ႔ တစ္ခ်ိဳ႕အလုပ္ေလးေတြလုပ္ေပးဖို႔ပဲလိုတာ။ ညည္းနဲ႔ဒီရုပ္မ်ိဳးနဲ႔ သခင္ေလးရဲ႕အိပ္ရာေပၚတက္ရဖို႔ စိတ္ကူးမေနစမ္းပါနဲ႔။ ဟုတ္ၿပီလား? သခင္ေလးမွာ သခင္မေလးယီြေဖးရွိၿပီးသား။ ညည္း ကိုယ့္အလုပ္ကိုယ္ပဲလုပ္စမ္းပါ။ မသင့္ေတာ္တဲ့အေတြးအႀကံေတြေတြးဖို႔လုပ္ရင္ေတာ့ သခင္ေလးက ညည္းကိုေသခ်င္စိတ္ေပါက္သြားေအာင္လုပ္လိမ့္မယ္။"
နဥ္ရႈ ေၾကာက္ရံြ႕ဟန္လုပ္လိုက္သည္။ ထိုစဥ္တြင္ ယဲြ႕လန္ကေတာ့ ေဒါသတႀကီးျငင္းခုံေလ၏။
"ငါတို႔မမေလးက ဘာမွားေနလို႔လဲ? ငါ့မမေလးက ပန္းေလးတစ္ပြင့္လုိပဲလွပတယ္။ ရွင္က သူ႔ကို ဘယ္လိုေတာင္အထင္ေသးရဲတာလဲ! သူမက ဝန္ႀကီးခ်ဳပ္ရဲ႕ အု..အု..."
နဥ္ရႈ ယဲြ႕လန္ပါးစပ္ကို အလ်င္အျမန္ပိတ္ကာ အေစခံေခါင္းေဆာင္ကိုေျပာလိုက္သည္။
"ဒီအေစခံ ေသခ်ာမွတ္ထားၿပီး စည္းကမ္းေတြကို တင္းတင္းၾကပ္ၾကပ္လိုက္နာပါ့မယ္။ ဒီအေစခံက သခင္ေလးအေပၚ အေကာင္းဆံုးတာဝန္ေက်ပြန္မွာမို႔ သခင္ေလးရဲ႕ေန႔ရက္ေတြက အံ့ၾသဖို႔ေကာင္းေလာက္ေအာင္ေကာင္းမြန္ေပ်ာ္ရႊင္ရတဲ့ေန႔ေတြျဖစ္မွာပါ။"
အေစခံေခါင္းေဆာင္က 'အမ္း'ဟုသာ ဆို၏။ နဥ္ရႈက အေစခံေခါင္းေဆာင္အား ေငြဒဂၤါးတစ္တဲြေပးကာ ဖားလိုက္သည္။ အိမ္ေတာ္ထိန္းရဲ႕မ်က္လံုးေတြက ခ်က္ခ်င္းပင္ဝင္းလက္သြားေတာ့၏။
"မင္းက ေတာ္ေတာ္ေလးအရည္အခ်င္းရွိတဲ့သူပဲ။"
နဥ္ရႈက ရွက္ရံြ႕စြာတုန္႔ျပန္သည္။
"အေစခံေခါင္းေဆာင္ရဲ႕ ခ်ီးက်ဴ းမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ကြၽန္မကို ဂရုစိုက္ေပးပါဦး။"
အေစခံေခါင္းေဆာင္ထြက္သြားၿပီးေနာက္ ယဲြ႕လန္က ခ်က္ခ်င္းပင္ေအာ္ဟစ္ေတာ့သည္။
"မမေလး ဘာေတြလုပ္ေနတာလဲ? ဘာလို႔ အေစခံတစ္ေယာက္လုပ္ဖို႔ ကိုယ့္ကိုယ္ကိုယ္နွိမ့္ခ်ေနရတာလဲ? လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကိုျမႇဳပ္ဖို႔ဆိုၿပီး ကြၽန္မတို႔ ကိုယ့္ကိုယ္ကိုယ္ေရာင္းလို႔ရလာတဲ့ပိုက္ဆံတစ္ဝက္ကိုေတာင္ သူ႔ကိုေပးလိုက္ေသးတယ္။ ဒီအေစခံရဲ႕နွလံုးသားေလးက ေသြးစိမ္းရွင္ရွင္ထြက္ေနၿပီ!"
"နင့္မမေလးမွာ အစီအစဥ္ရွိပါတယ္။"
နဥ္ရႈက ေအးစက္စြာျဖင့္ ေျခခ်ိတ္ထိုင္လိုက္ေလ၏။
....
[Unicode]
{ကိုယ်ပိုင်အစေခံတစ်ယောက်က ဘာလုပ်ပေးရလဲ?}
ချီရှန်းက စစ်ထူချင်းယွီနဲ့လော်ကျွင့်ယွမ်ထက် ပိုရွံစရာကောင်းတယ်လို့ နဉ်ရှုတွေးလိုက်သည်။ သူက မုယန်မုန့် သူ့ကိုချစ်လာဖို့အတွက် ကြက်သီးနွေးရေထဲမှာ ဖားတစ်ကောင်ကိုချက်တဲ့နည်းလမ်းကိုသုံးခဲ့သည်။ သူက နှလုံးသားခံစားချက်တွေဖြစ်ပေါ်လာစေဖို့ ရွံစရာကောင်းတဲ့နည်းလမ်းတွေကိုပင် အသုံးပြုခဲ့သေး၏။
သူက မုယန်မုန့်ရဲ့နှလုံးသားကိုရဖို့ နူးညံ့ကြင်နာတတ်ဟန်ဆောင်ခဲ့ပြီး မုယန်မုန့်ရဲ့နှလုံးသားကို ရချိန်မှာတော့ နင်းချေပစ်သည်။ နောက်ကျမှ သူက မုယန်မုန့်အပေါ် ခံစားချက်တွေရှိနေမှန်း သူ့ကိုယ်သူသိသွားသော်လည်း အချိန်လွန်သွားခဲ့ပြီ။ သူ့ရဲ့ရက်စက်မှုကြောင့် မုယန်မုန့်က တန်ဖိုးကြီးကြီးပေးဆပ်လိုက်ရပြီး သူမရဲ့နှင်းလိုဖြူ ဖွေးတဲ့နဂိုအသားအရေဟာ အမာရွတ်မရှိတဲ့နေရာရယ်လို့မရှိတော့။
ဒါက အတော်လေးဝမ်းနည်းဖို့ကောင်းပြီး ဒီအကြောင်းတရားတွေကြောင့်ပင် မုယန်မုန့်မှာ တွေဝေတတ်တဲ့စိတ်ရှိလာကာ သူမနာကျင်ခံစားရတဲ့အချိန်တိုင်း သူမကိုယ်သူမ ပိုတိုးလို့သာနှိပ်စက်တတ်သူဖြစ်လာတော့သည်။
နဉ်ရှုလိုဘေးလူသည်ပင်လျှင် သူမရဲ့အတွင်းအင်္ဂါတွေရွေ့သွားသလိုခံစားနေရသည်။ ဒီဇာတ်လမ်းအနေအထားကြီးက တော်တော်နာကျင်ရတယ်။
နဉ်ရှုနဲ့ယွဲ့လန်က သူမတို့အခန်းကို အတူတူသန့်ရှင်းရေးလုပ်လိုက်ကြသည်။ ခဏအကြာတွင် အစေခံအကြီးအကဲဖြစ်ပုံရသောအမျိုးသမီးတစ်ယောက်ဝင်လာကာ နဉ်ရှုကိုပြောသည်။
"အခုကစပြီး ညည်း သခင်လေးရဲ့ကိုယ်ပိုင်အစေခံလုပ်ရမယ်။"
နဉ်ရှု : (⊙0⊙)
အခု သူမရဲ့မတရားရုပ်ဆိုးနေပုံမျိုးနဲ့ ဘယ်လိုလုပ်ချီရှန်းရဲ့ကိုယ်ပိုင်အစေခံဘဝရောက်သွားရတာလဲ? သူမက ဒီလိုပုံစံကြီးဖြစ်နေတာတောင် ချီရှန်းက ကြိုက်နေတုန်းလား? ဒါက အဓိကဇာတ်လိုက်တွေကို အတူတူရှိစေနိုင်တဲ့ ဆွဲဆောင်အားကြောင့်လား? ဇာတ်ကြောင်းက ဇာတ်လိုက်တွေအတူတူရှိရဖို့ အားထုတ်နေတာလား?
"အစေခံခေါင်းဆောင်၊ ကိုယ်ပိုင်အစေခံတစ်ယောက်က ဘာတွေလုပ်ပေးရမှာလဲ?"
ိနဉ်ရှု ရှက်ရွံ့နေသောအမူအရာဖြင့်မေးလိုက်သည်။
အစေခံခေါင်းဆောင်က နဉ်ရှုအား တံတွေးထွေးလေ၏။
"ဖီ! ညည်းအတွေးလွန်နေပြီ။ ညည်းက သခင်လေးအတွက် လက်ဖက်ရည်ငှဲ့ပေးဖို့နဲ့ တစ်ချို့အလုပ်လေးတွေလုပ်ပေးဖို့ပဲလိုတာ။ ညည်းနဲ့ဒီရုပ်မျိုးနဲ့ သခင်လေးရဲ့အိပ်ရာပေါ်တက်ရဖို့ စိတ်ကူးမနေစမ်းပါနဲ့။ ဟုတ်ပြီလား? သခင်လေးမှာ သခင်မလေးယွီဖေးရှိပြီးသား။ ညည်း ကိုယ့်အလုပ်ကိုယ်ပဲလုပ်စမ်းပါ။ မသင့်တော်တဲ့အတွေးအကြံတွေတွေးဖို့လုပ်ရင်တော့ သခင်လေးက ညည်းကိုသေချင်စိတ်ပေါက်သွားအောင်လုပ်လိမ့်မယ်။"
နဉ်ရှု ကြောက်ရွံ့ဟန်လုပ်လိုက်သည်။ ထိုစဉ်တွင် ယွဲ့လန်ကတော့ ဒေါသတကြီးငြင်းခုံလေ၏။
"ငါတို့မမလေးက ဘာမှားနေလို့လဲ? ငါ့မမလေးက ပန်းလေးတစ်ပွင့်လိုပဲလှပတယ်။ ရှင်က သူ့ကို ဘယ်လိုတောင်အထင်သေးရဲတာလဲ! သူမက ဝန်ကြီးချုပ်ရဲ့ အု..အု..."
နဉ်ရှု ယွဲ့လန်ပါးစပ်ကို အလျင်အမြန်ပိတ်ကာ အစေခံခေါင်းဆောင်ကိုပြောလိုက်သည်။
"ဒီအစေခံ သေချာမှတ်ထားပြီး စည်းကမ်းတွေကို တင်းတင်းကြပ်ကြပ်လိုက်နာပါ့မယ်။ ဒီအစေခံက သခင်လေးအပေါ် အကောင်းဆုံးတာဝန်ကျေပွန်မှာမို့ သခင်လေးရဲ့နေ့ရက်တွေက အံ့သြဖို့ကောင်းလောက်အောင်ကောင်းမွန်ပျော်ရွှင်ရတဲ့နေ့တွေဖြစ်မှာပါ။"
အစေခံခေါင်းဆောင်က 'အမ်း'ဟုသာ ဆို၏။ နဉ်ရှုက အစေခံခေါင်းဆောင်အား ငွေဒင်္ဂါးတစ်တွဲပေးကာ ဖားလိုက်သည်။ အိမ်တော်ထိန်းရဲ့မျက်လုံးတွေက ချက်ချင်းပင်ဝင်းလက်သွားတော့၏။
"မင်းက တော်တော်လေးအရည်အချင်းရှိတဲ့သူပဲ။"
နဉ်ရှုက ရှက်ရွံ့စွာတုန့်ပြန်သည်။
"အစေခံခေါင်းဆောင်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မကို ဂရုစိုက်ပေးပါဦး။"
အစေခံခေါင်းဆောင်ထွက်သွားပြီးနောက် ယွဲ့လန်က ချက်ချင်းပင်အော်ဟစ်တော့သည်။
"မမလေး ဘာတွေလုပ်နေတာလဲ? ဘာလို့ အစေခံတစ်ယောက်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချနေရတာလဲ? လျှို့ဝှက်သက်တော်စောင့်ကိုမြှုပ်ဖို့ဆိုပြီး ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ်ရောင်းလို့ရလာတဲ့ပိုက်ဆံတစ်ဝက်ကိုတောင် သူ့ကိုပေးလိုက်သေးတယ်။ ဒီအစေခံရဲ့နှလုံးသားလေးက သွေးစိမ်းရှင်ရှင်ထွက်နေပြီ!"
"နင့်မမလေးမှာ အစီအစဉ်ရှိပါတယ်။"
နဉ်ရှုက အေးစက်စွာဖြင့် ခြေချိတ်ထိုင်လိုက်လေ၏။
....
Advertisement
- In Serial9 Chapters
The Spirit Games
Bullied at school and neglected by his parents, Tom Fiddle finds himself at his wit's end, until he receives a strange email offering him a job as a cultivation clan's spirit automaton. But what *is* a spirit automaton? After a successful application, he gets an answer to his question: a spirit automaton is an arcane spirit attached to a pocket realm. They can shape this miniature world to their liking and conjure spiritual entities, usually monsters, out of thin air. Their role is to create and administer trial-by-fires. These life and death competitions determine whether a disciple is *chosen* or merely *trash* that deserves to be left by the wayside. Tom's new responsibility will affect the lives of millions of cultivators and shape the future of hundreds of worlds, dozens of galaxies, and eventually, the universe itself. Will Tom use his newfound power to torment others and merely benefit himself? Or will he rewrite the course of history and transform the path of cultivation from a path of blood and destruction, to one of peace and tranquility?
8 94 - In Serial10 Chapters
War Act I: Factory of Heroes
More than a thousand years ago a prophecy was told by the Old Gods; the human race will bring forth death and destruction all over the galaxy, enslaving every sentient race. The most ancient and most powerful race came to Earth to ensure that the prophecy will never come to pass. After more than a thousand years of escaping genocide. Humankind made 'weapons' akin to the stories of old, to fight enemies of ancient origins. This is a story of those weapons, how they start from Experimental Subjects to God Killers
8 178 - In Serial33 Chapters
Henry Rider: Clown Hunter
All that stands between mankind and absolute chaos is Henry Rider.We're doomed.Life isn’t easy for Henrietta “Henry” Rider. Born into the lowest class of klaon society, collecting enough laughter to keep her alive is a daily struggle. The only upside is that she has the coolest job ever. As the council’s Hunter, it’s her responsibility to kill maiams, wicked monsters that steal laughter by force. But no matter how hard she tries, the council shuns her, her mentor rebukes her, and the people she protects mock her. Then she meets Ethan, a young man who has lost his ability to laugh. His pent up laughter could either feed the entire klaon population, or create the most powerful maiam to ever exist. Seeing this as her way to finally prove herself, Henry volunteers to protect Ethan until he learns to laugh again — even if that means never leaving his side. But a mysterious masked figure has his sights set on Ethan, and he doesn’t care who he has to kill to get to him. Full of blood pumping action, gut busting laughs, and a few good scares, Henry Rider: Clown Hunter is an adventure that readers of all ages will enjoy!
8 160 - In Serial49 Chapters
Lost Without You (A Justin Timberlake FanFiction)
*Sequel to Finding You (A Justin Timberlake FanFiction)**Read that before reading this!* The 20/20 Experience Tour is over and now the Timberlakes are back home in LA. Now that they are home, Ariana has to face the problems that were created in her new life with Justin and Jess. How will she figure out what she's going to do and how she will live her life? *Any characters I create are MINE and only MINE**Completed!*
8 171 - In Serial27 Chapters
Realize
~*~*~I'm Enoch O'Connor. My peculiarity is to rise the dead, I'm as cold as the dead things I rise. Yes, I'm a Necromancer. I live in a loop with other peculiar children. Our loop is September 3,1943.There's a girl in this loop who is the only one close to me. For all the years staying in the loop with her, I realized one day I fallen in love with her. But, she's the exact opposite of me.Her name is Olive Abroholos Elephanta.She always smiles at everyone and is always nice. While I'm rude all the time. She has a firey red hair. She's a Pyromancer. She's as warm as the fire she controls. Her eyes are the amazing shade of green. She's always playing with the young kid here, sing to them, tell them stories and tuck them to sleep.Olive, you're the opposite of me, and I can't help but think, like fire and ice combining, it will be impossible for Olive to like me back. It would take years, decades, probably a century, or even more, but it would stay like that.I have a heart that is as cold as ice, while she have a warm heart.Olive, you're the fire and I'm the ice.I wish you would just realize.~*~*~"If you just realize what I just realize,Then we'd be perfect for each other, And we'll never find another." ~Colbie Caillat~*~*~
8 91 - In Serial12 Chapters
Size doesn't Change Love
Riley loved to code Undertale . she was responsible for getting all the secrets about Gaster to the world. but when her best friend, Chara (NOT THE DEMON XD) gives her a copy of an Undertale Coding Software that was Banned, both of their lives take a turn when its discoverd that using that software has "SMALL" consequences. (2 things about the cover. 1. I DON'T OWN THE ART! ALL CREDIT GOES TO ORIGINAL CREATOR! 2. NO THEY DON'T ACTUALLY GET PUT IN A JAR! (maybe later on ;)
8 72

