《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 34
Advertisement
[Zawgyi]
{ကမၻာလွည့္ခရီးသြားေနရာမွ ယာယီအနားယူျခင္း}
သူမတစ္ခ်က္နင္းလိုက္မိတာေလးက လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ရဲ႕ဘဝကို အဆံုးသတ္သြားေစတာလား?
ခ်ီရွန္းက ေငြစတစ္တဲြကိုထုတ္ယူလိုက္ကာ နဥ္ရႈဆီပစ္ေပးလိုက္၏။
"ေငြစနွစ္ဆယ္။ မင္းအေဖကိုျမႇဳပ္ၿပီးရင္ ခ်ီအိမ္ေတာ္ကိုလာခဲ့။"
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ လူႀကီးမင္း။"
နဥ္ရႈ ေငြစေတြကိုသိမ္းဆည္းလိုက္ကာ ယဲြ႕လန္နဲ႔အတူ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကို တြန္းလွည္းေပၚျပန္တင္လိုက္သည္။ ထို႔ေနာက္ သူမတို႔ ၿမိဳ႕ျပင္ကိုထြက္လာၾကေလ၏။
နဥ္ရႈနဲ႔ယဲြ႕လန္တို႔က တြန္းလွည္းကိုဒုန္းစိုင္းတြန္းေျပးၾကသည္။ ဒါကိုၾကည့္ေနတဲ့ခ်ီရွန္းရဲ႕မ်က္ခံုးေတြက အထက္ကိုပင့္တက္သြား၏။ ရုတ္တရက္ႀကီး သူ ေငြအလိမ္ခံလိုက္ရသလို ခံစားလိုက္ရသည္။ ေျမေခြးႀကီးခ်ီလို႔နာမည္ေျပာင္ရထားတဲ့သူ႔လိုလူက တကယ္ပဲ တစ္ေယာက္ေယာက္လွည့္စားတာကို ခံလိုက္ရတာလား?
သူမတို႔ ၿမိဳ႕ျပင္ကေတာအုပ္ကိုေရာက္တဲ့အခါ နဥ္ရႈက ေကာက္ရိုးဖ်ာကိုလွပ္လိုက္ကာ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ရဲ႕မ်က္နွာကို ပုတ္လိုက္သည္။
"ေဟး၊ ထေတာ့! ထေတာ့လို႔!"
ယဲြ႕လန္ရဲ႕မ်က္နွာက အနည္းငယ္ေဖ်ာ့ေတာ့သြားၿပီး ေမးလာ၏။
"မမေလး၊ သူ တကယ္ေသသြားတာျဖစ္မလား?"
ထို႔ေနာက္ ယဲြ႕လန္သည္လည္း ပါးပုတ္ကာနႈိးတဲ့အလုပ္ကို ဝင္ေရာက္လုပ္ေဆာင္ကာ ေအာ္ဟစ္ကာျဖင့္ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ရဲ႕ပါးကိုပုတ္ကာနႈိးေလေတာ့၏။
"ထေတာ့ေလ၊ ထေတာ့လို႔!"
ခဏၾကာၿပီးေနာက္မွာေတာ့ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ေခ်ာင္းဆိုးကာ နိုးလာေလ၏။ အစက ေလးေထာင့္ဆန္ဆန္သူ႔မ်က္နွာက ေရာင္ကိုင္းေနၿပီျဖစ္ကာ ပိုၿပီးေတာ့ပင္ဝိုင္းလာသလိုလို။
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က သူ႔မ်က္နွာကိုထိၾကည့္ကာ ေမးလာသည္။
"မင္းတို႔ ဘာလုပ္လိုက္တာလဲ?"
"ဝူးဝူးဝူး၊ ေနာက္ဆံုးေတာ့ ရွင္နိုင္းလာၿပီပဲ! ရွင္ေသသြားၿပီလို႔ ထင္ေနတာ!"
ယဲြ႕လန္တစ္ေယာက္ စိတ္သက္သာရာရကာ ငိုေတာ့သည္။
"ရွင့္ကာကြယ္ေပးမႈမရွိရင္ ကြၽန္မတို႔ ဘာဆက္လုပ္ရမွာလဲ?"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကာ သူ႔မ်က္နွာကို ဆက္လက္ထိကိုင္ေနဆဲျဖစ္ကာ ရႈံ႕မဲ့ကာဆိုေလ၏။
"ငါ အသက္ရွဴ ေအာင့္ထားနိုင္ဖို႔ လိပ္လိုအသက္ရွဴ တဲ့နည္းလမ္းကိုသံုးခဲ့တာ။ မဟုတ္လို႔ကေတာ့ ငါတို႔အလိမ္ေတြေပၚကုန္ၿပီ။"
"သခင္မေလး က်ဳပ္အေပၚတက္နင္းမိၿပီးေတာ့ က်ဳပ္ရဲ႕အတြင္းဒဏ္ရာေတြ ပိုဆိုးလာတယ္။ အရင္က အဲ့စစ္သူႀကီးနဲ႔တိုက္ရင္း က်ဳပ္ ဒဏ္ရာရခဲ့တာေလ။"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ရွင္းျပလာသည္။
နဥ္ရႈ ခ်က္ခ်င္းပင္ေနာင္တရသြားေတာ့သည္။
"ရွင္ ျမန္ျမန္သြားၿပီး ေဆးကုသင့္တယ္။ ရွင္လိုတဲ့ဘယ္ေဆးမဆို သြားဝယ္ေခ်။ အရင္က ကြၽန္မ ရွင့္ကို ေငြတြအမ်ားႀကီး ေပးထားတယ္မလား?"
"အဲ့ေငြေတြက သခင္မေလးပိုင္တာပဲ။ က်ဳပ္က ဘယ္လိုလုပ္သံုးလို႔ျဖစ္မွာလဲ?"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ေျပာ၏။
နဥ္ရႈရဲ႕ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္အေပၚအျမင္က အေတာ္ႀကီးပင္ထိုးတက္သြားသည္။ သူမက ေျပာေလ၏။
"စိတ္မပူနဲ႔၊ ရွင့္ဒဏ္ရာျပန္သက္သာဖို႔အတြက္ ရွင္လိုသေလာက္သံုးနိုင္တယ္။ က်န္းမာေရးထက္အေရးႀကီးတာ ဘာမွမရွိဘူး။"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင္နိုးလာေသာအခါ ယဲြ႕လန္သည္လည္း စိတ္သက္သာရာရသြားေသာ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။ သူမနဲ႔မမေလးက နွစ္ေယာက္လံုးမိန္းမသားေတြျဖစ္ၿပီး အထူးသျဖင့္ မမေလးက အရမ္းကိုႏူးညံ့ၿပီးထိခိုက္လြယ္တာေၾကာင့္ သိုင္းပညာတတ္တဲ့လူတစ္ေယာက္ သူမတို႔နဲ႔အတူတူရွိေနတာက သူမကို ပိုၿပီးလံုၿခံဳသလိုခံစားရေစသည္။
နဥ္ရႈနဲ႔ယဲြ႕လန္က အနည္းငယ္အရည္အေသြးေကာင္းေသာ ခ်ည္ထည္အက်ႌမ်ားကို ေျပာင္းလဲဝတ္ဆင္လိုက္ၾကသည္။ ထို႔ေနာက္ နဥ္ရႈက မ်က္နွာေခ်မ်ားလိမ္းကာ နႈတ္ခမ္းကိုေတာ့ နီရဲၿပဲထြက္ေနေအာင္ ဆိုးေဆးေတြဆိုးလိုက္ၿပီး မ်က္ခံုးကိုလည္းအထူႀကီးျဖစ္ေအာင္ျခယ္လိုက္သည္။ သူမက ပိုၿပီးရုပ္ဆိုးသြားေစရန္ ေမးနားမွာ အနက္ေရာင္မွဲ႔ႀကီးတစ္ခုကိုပင္ ထပ္ျဖည့္လိုက္ေသးသည္။
"အားးးးး!...ရွင္က...မမေလးလား?"
ယဲြ႕လန္ရဲ႕ေအာ္သံက အရမ္းက်ယ္တာေၾကာင့္ ေတာထဲကငွက္ေတြပင္ ထပ်ံကုန္သည္။
"မမေလး၊ ဘာျဖစ္လို႔လဲ? ဘာျဖစ္လို႔ ကိုယ့္ကိုယ္ကိုယ္ ဒီလိုနည္းနဲ႔နွိပ္စက္ေနရတာလဲ?"
ယဲြ႕လန္က နဥ္ရႈရဲ႕မ်က္နွာကို နာက်င္ခံစားေနရဟန္ျဖင့္ ၾကည့္လာသည္။
သူမလို အေစခံတစ္ေယာက္ရွိရတာက အေတာ္ေလးစိတ္ပင္ပန္းဖို႔ေကာင္းတယ္လို႔ နဥ္ရႈခံစားေနရသည္။
"ဘာေၾကာင့္ ခ်ီအိမ္ေတာ္ကိုဝင္နိုင္ဖို႔ အရမ္းႀကိဳးစားေနရတာလဲ သခင္မေလး? သခင္မေလးရဲ႕က်န္ရွိေနတဲ့ဘဝတစ္ေလ်ွာက္လံုး အေစခံအျဖစ္ေနသြားခ်င္လို႔လား?"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က မ်က္ေမွာင္ကုတ္လိုက္သည္။
နဥ္ရႈက လက္ခါကာေျပာလာသည္။
"ငါ့ဆႏၵက ကမၻာလွည့္ခရီးထြက္ဖို႔ပဲ။ အခုက ခဏေလာက္ ရပ္တန္႔အနားယူရံုတင္။ အခ်ိန္က်လာရင္ ငါထြက္သြားမွာ။"
ရက္အနည္းငယ္ၾကာၿပီးေနာက္ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က သူမတို႔ကိုအေမွာင္ထဲကေနေစာင့္ေရွာက္ေပးေနၿပီး နဥ္ရႈကဆတာ့ ခ်ီအိမ္ေတာ္ကို ယဲြ႕လန္နဲ႔အတူသြားေလ၏။
အိမ္ေတာ္တံခါးဝကိုေရာက္တဲ့အခါ နဥ္ရႈက တံခါးဝမွာေစာင့္ေနတဲ့ အေစာင့္လူ႐ြယ္ေလးကို စပ္ၿဖဲၿဖဲၿပံဳးျပကာ ေဖာ္ေ႐ြစြာဆိုသည္။
"ရွင္ သတင္းဆစ္ခုေလာက္ပို႔ေပးလို႔ရမလား? သူ႔ရဲ႕ေက်းဇူးကိုျပန္ဆပ္ဖို႔ ကြၽန္မတို႔ေရာက္လာၿပီလို႔ ဒီအိမ္ေတာ္ရဲ႕သခင္ကို ေျပာေပးပါရွင္။"
တံခါးေစာင့္လူ႐ြယ္ေလးမွာ နဥ္ရႈရဲ႕ ေၾကာက္စရာအၿပံဳးႀကီးေၾကာင့္ မင္တက္သြားေလ၏။ ခဏေလာက္ေၾကာင္အေနၿပီးမွ သူကေျပာလာသည္။
"ဒီရုပ္ဆိုးမက ဘယ္ကေရာက္လာတာလဲ? ခင္ဗ်ားက က်ဳပ္တို႔သခင္ေလးရဲ႕အၾကည့္ေအာက္မွာ ရူးသြပ္က်ရႈံးသြားတာပဲျဖစ္ရမယ္။ ဒါေပမယ့္ ခင္ဗ်ားပံုစံနဲ႔ ငါ့သခင္ေလးရဲ႕အာရံုကိုရယူနိုင္မယ္လို႔ထင္ေနတာလား? ခင္ဗ်ား ရူးေနတာပဲျဖစ္ရမယ္။"
နဥ္ရႈ : နင္ကမွရူးေနတာဟဲ့!
...
[Unicode]
{ကမ္ဘာလှည့်ခရီးသွားနေရာမှ ယာယီအနားယူခြင်း}
သူမတစ်ချက်နင်းလိုက်မိတာလေးက လျှို့ဝှက်သက်တော်စောင့်ရဲ့ဘဝကို အဆုံးသတ်သွားစေတာလား?
ချီရှန်းက ငွေစတစ်တွဲကိုထုတ်ယူလိုက်ကာ နဉ်ရှုဆီပစ်ပေးလိုက်၏။
"ငွေစနှစ်ဆယ်။ မင်းအဖေကိုမြှုပ်ပြီးရင် ချီအိမ်တော်ကိုလာခဲ့။"
"ကျေးဇူးအများကြီးတင်ပါတယ် လူကြီးမင်း။"
နဉ်ရှု ငွေစတွေကိုသိမ်းဆည်းလိုက်ကာ ယွဲ့လန်နဲ့အတူ လျှို့ဝှက်သက်တော်စောင့်ကို တွန်းလှည်းပေါ်ပြန်တင်လိုက်သည်။ ထို့နောက် သူမတို့ မြို့ပြင်ကိုထွက်လာကြလေ၏။
နဉ်ရှုနဲ့ယွဲ့လန်တို့က တွန်းလှည်းကိုဒုန်းစိုင်းတွန်းပြေးကြသည်။ ဒါကိုကြည့်နေတဲ့ချီရှန်းရဲ့မျက်ခုံးတွေက အထက်ကိုပင့်တက်သွား၏။ ရုတ်တရက်ကြီး သူ ငွေအလိမ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ မြေခွေးကြီးချီလို့နာမည်ပြောင်ရထားတဲ့သူ့လိုလူက တကယ်ပဲ တစ်ယောက်ယောက်လှည့်စားတာကို ခံလိုက်ရတာလား?
သူမတို့ မြို့ပြင်ကတောအုပ်ကိုရောက်တဲ့အခါ နဉ်ရှုက ကောက်ရိုးဖျာကိုလှပ်လိုက်ကာ လျှို့ဝှက်သက်တော်စောင့်ရဲ့မျက်နှာကို ပုတ်လိုက်သည်။
"ဟေး၊ ထတော့! ထတော့လို့!"
ယွဲ့လန်ရဲ့မျက်နှာက အနည်းငယ်ဖျော့တော့သွားပြီး မေးလာ၏။
"မမလေး၊ သူ တကယ်သေသွားတာဖြစ်မလား?"
ထို့နောက် ယွဲ့လန်သည်လည်း ပါးပုတ်ကာနှိုးတဲ့အလုပ်ကို ဝင်ရောက်လုပ်ဆောင်ကာ အော်ဟစ်ကာဖြင့် လျှို့ဝှက်သက်တော်စောင့်ရဲ့ပါးကိုပုတ်ကာနှိုးလေတော့၏။
"ထတော့လေ၊ ထတော့လို့!"
Advertisement
ခဏကြာပြီးနောက်မှာတော့ လျှို့ဝှက်သက်တော်စောင့်က ချောင်းဆိုးကာ နိုးလာလေ၏။ အစက လေးထောင့်ဆန်ဆန်သူ့မျက်နှာက ရောင်ကိုင်းနေပြီဖြစ်ကာ ပိုပြီးတော့ပင်ဝိုင်းလာသလိုလို။
လျှို့ဝှက်သက်တော်စောင့်က သူ့မျက်နှာကိုထိကြည့်ကာ မေးလာသည်။
"မင်းတို့ ဘာလုပ်လိုက်တာလဲ?"
"ဝူးဝူးဝူး၊ နောက်ဆုံးတော့ ရှင်နိုင်းလာပြီပဲ! ရှင်သေသွားပြီလို့ ထင်နေတာ!"
ယွဲ့လန်တစ်ယောက် စိတ်သက်သာရာရကာ ငိုတော့သည်။
"ရှင့်ကာကွယ်ပေးမှုမရှိရင် ကျွန်မတို့ ဘာဆက်လုပ်ရမှာလဲ?"
လျှို့ဝှက်သက်တော်စောင့်ကာ သူ့မျက်နှာကို ဆက်လက်ထိကိုင်နေဆဲဖြစ်ကာ ရှုံ့မဲ့ကာဆိုလေ၏။
"ငါ အသက်ရှူ အောင့်ထားနိုင်ဖို့ လိပ်လိုအသက်ရှူ တဲ့နည်းလမ်းကိုသုံးခဲ့တာ။ မဟုတ်လို့ကတော့ ငါတို့အလိမ်တွေပေါ်ကုန်ပြီ။"
"သခင်မလေး ကျုပ်အပေါ်တက်နင်းမိပြီးတော့ ကျုပ်ရဲ့အတွင်းဒဏ်ရာတွေ ပိုဆိုးလာတယ်။ အရင်က အဲ့စစ်သူကြီးနဲ့တိုက်ရင်း ကျုပ် ဒဏ်ရာရခဲ့တာလေ။"
လျှို့ဝှက်သက်တော်စောင့်က ရှင်းပြလာသည်။
နဉ်ရှု ချက်ချင်းပင်နောင်တရသွားတော့သည်။
"ရှင် မြန်မြန်သွားပြီး ဆေးကုသင့်တယ်။ ရှင်လိုတဲ့ဘယ်ဆေးမဆို သွားဝယ်ချေ။ အရင်က ကျွန်မ ရှင့်ကို ငွေတွအများကြီး ပေးထားတယ်မလား?"
"အဲ့ငွေတွေက သခင်မလေးပိုင်တာပဲ။ ကျုပ်က ဘယ်လိုလုပ်သုံးလို့ဖြစ်မှာလဲ?"
လျှို့ဝှက်သက်တော်စောင့်က ပြော၏။
နဉ်ရှုရဲ့ လျှို့ဝှက်သက်တော်စောင့်အပေါ်အမြင်က အတော်ကြီးပင်ထိုးတက်သွားသည်။ သူမက ပြောလေ၏။
"စိတ်မပူနဲ့၊ ရှင့်ဒဏ်ရာပြန်သက်သာဖို့အတွက် ရှင်လိုသလောက်သုံးနိုင်တယ်။ ကျန်းမာရေးထက်အရေးကြီးတာ ဘာမှမရှိဘူး။"
လျှို့ဝှက်သက်တော်စောင်နိုးလာသောအခါ ယွဲ့လန်သည်လည်း စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမနဲ့မမလေးက နှစ်ယောက်လုံးမိန်းမသားတွေဖြစ်ပြီး အထူးသဖြင့် မမလေးက အရမ်းကိုနူးညံ့ပြီးထိခိုက်လွယ်တာကြောင့် သိုင်းပညာတတ်တဲ့လူတစ်ယောက် သူမတို့နဲ့အတူတူရှိနေတာက သူမကို ပိုပြီးလုံခြုံသလိုခံစားရစေသည်။
နဉ်ရှုနဲ့ယွဲ့လန်က အနည်းငယ်အရည်အသွေးကောင်းသော ချည်ထည်အင်္ကျီများကို ပြောင်းလဲဝတ်ဆင်လိုက်ကြသည်။ ထို့နောက် နဉ်ရှုက မျက်နှာချေများလိမ်းကာ နှုတ်ခမ်းကိုတော့ နီရဲပြဲထွက်နေအောင် ဆိုးဆေးတွေဆိုးလိုက်ပြီး မျက်ခုံးကိုလည်းအထူကြီးဖြစ်အောင်ခြယ်လိုက်သည်။ သူမက ပိုပြီးရုပ်ဆိုးသွားစေရန် မေးနားမှာ အနက်ရောင်မှဲ့ကြီးတစ်ခုကိုပင် ထပ်ဖြည့်လိုက်သေးသည်။
"အားးးးး!...ရှင်က...မမလေးလား?"
ယွဲ့လန်ရဲ့အော်သံက အရမ်းကျယ်တာကြောင့် တောထဲကငှက်တွေပင် ထပျံကုန်သည်။
"မမလေး၊ ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုနည်းနဲ့နှိပ်စက်နေရတာလဲ?"
ယွဲ့လန်က နဉ်ရှုရဲ့မျက်နှာကို နာကျင်ခံစားနေရဟန်ဖြင့် ကြည့်လာသည်။
သူမလို အစေခံတစ်ယောက်ရှိရတာက အတော်လေးစိတ်ပင်ပန်းဖို့ကောင်းတယ်လို့ နဉ်ရှုခံစားနေရသည်။
"ဘာကြောင့် ချီအိမ်တော်ကိုဝင်နိုင်ဖို့ အရမ်းကြိုးစားနေရတာလဲ သခင်မလေး? သခင်မလေးရဲ့ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံး အစေခံအဖြစ်နေသွားချင်လို့လား?"
လျှို့ဝှက်သက်တော်စောင့်က မျက်မှောင်ကုတ်လိုက်သည်။
နဉ်ရှုက လက်ခါကာပြောလာသည်။
"ငါ့ဆန္ဒက ကမ္ဘာလှည့်ခရီးထွက်ဖို့ပဲ။ အခုက ခဏလောက် ရပ်တန့်အနားယူရုံတင်။ အချိန်ကျလာရင် ငါထွက်သွားမှာ။"
ရက်အနည်းငယ်ကြာပြီးနောက် လျှို့ဝှက်သက်တော်စောင့်က သူမတို့ကိုအမှောင်ထဲကနေစောင့်ရှောက်ပေးနေပြီး နဉ်ရှုကဆတာ့ ချီအိမ်တော်ကို ယွဲ့လန်နဲ့အတူသွားလေ၏။
အိမ်တော်တံခါးဝကိုရောက်တဲ့အခါ နဉ်ရှုက တံခါးဝမှာစောင့်နေတဲ့ အစောင့်လူရွယ်လေးကို စပ်ဖြဲဖြဲပြုံးပြကာ ဖော်ရွေစွာဆိုသည်။
"ရှင် သတင်းဆစ်ခုလောက်ပို့ပေးလို့ရမလား? သူ့ရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ ကျွန်မတို့ရောက်လာပြီလို့ ဒီအိမ်တော်ရဲ့သခင်ကို ပြောပေးပါရှင်။"
တံခါးစောင့်လူရွယ်လေးမှာ နဉ်ရှုရဲ့ ကြောက်စရာအပြုံးကြီးကြောင့် မင်တက်သွားလေ၏။ ခဏလောက်ကြောင်အနေပြီးမှ သူကပြောလာသည်။
"ဒီရုပ်ဆိုးမက ဘယ်ကရောက်လာတာလဲ? ခင်ဗျားက ကျုပ်တို့သခင်လေးရဲ့အကြည့်အောက်မှာ ရူးသွပ်ကျရှုံးသွားတာပဲဖြစ်ရမယ်။ ဒါပေမယ့် ခင်ဗျားပုံစံနဲ့ ငါ့သခင်လေးရဲ့အာရုံကိုရယူနိုင်မယ်လို့ထင်နေတာလား? ခင်ဗျား ရူးနေတာပဲဖြစ်ရမယ်။"
နဉ်ရှု : နင်ကမှရူးနေတာဟဲ့!
...
Advertisement
- In Serial801 Chapters
Shen Yin Wang Zuo
While the demons were rising, mankind was about to become extinct. Six temples rose and protected the last of mankind. A young boy joins the temple as a knight to help his mother. During his journey of wonders and mischief in the world of temples and demons, will he be able to ascend to become the strongest knight and inherit the throne?
8 347 - In Serial83 Chapters
Ideascape: An Adventure LitRPG
35 years ago, the Greene wave swept across the world, baffling scientists as to its purpose and origin. Now, that purpose is finally revealed. Victoria Gale was bored with the world. Stuck looking for work just to get by, she was ready for things to change. Just as she gains hope for the future, the world decided to take her plans and put them through the wringer. Experiencing changes to her body and mind, Vic is forced headfirst into conflict with a changing world, as supers, monsters, mad scientists, and perhaps worst of all, terrible Japanese/wuxia/isekai tropes begin to become reality. Join her and many others as they begin an adventure in a new world, that no one is ready for. Story is currently on HIATUS
8 244 - In Serial77 Chapters
After the Tilt
New Chapter release will resume in late summer. In Antarticum, Aethereusians have long been feared. But with the recent arrival of Heighten Characteristics, the race is on to harness the power of these human super weapons. There are thought to be 3 Heighten Characteristics. I can transfer energy, making me the perfect assassin. Eli has rapid cell rejuvenation: no matter how hard they tried, that girl just won’t die. And Evian, he can manipulate thoughts, memories, and people’s reality. We have the power to save humankind. We should have been held as heroes. Instead, we are wanted criminals, on the run. This is our story.
8 296 - In Serial53 Chapters
Ronny McKitty
Ronny McKitty is a lazy, uninspired man coming up on his 30th birthday. He’s never had a job, a lover, not even a passion. This state of things upsets the narrator, a god responsible for creating his bloodline, who decides to shake things up by hiring a hitman to kill the guy. Soon afterwards, Ronny finds himself stranded in another world, just in time to learn that the city he arrived in was going to be attacked by monsters in a month's time. Penniless and afraid, he finds himself with no choice but to prepare for the oncoming calamity by taking advantage of the ‘System’ our narrator installed into his soul. Surviving his second death will be a challenge, but he might just pull it off!
8 127 - In Serial75 Chapters
What happened in Vegas - English version
Part I(Completed story Part II - coming soon)Hesitantly, I turn my head and look at the other half of the bed. Spellbound, I stare at the back of a man with black hair. The image of Elvis flits through my mind and I swallow dryly. What on earth has happened? I look at the body beside me and my heart beats a few beats faster than normal. Broad shoulders, his back muscles clearly defined and pale flawless skin. His raven hair shines and the sun casts a soft light on his body. My fingertips begin to tingle. A feeling of re-membrance settles over me. My body remembers this man. But I don't know him.Smut and boyslove. Don't like it. Don't read it.The characters belong to Cassandra Clare. The content of the story is mine. Copying is expressly prohibited. English is not my first language. Errors may have occurred in the translation. For every mistake you find, it colors a ride on the Rainbow Express.
8 133 - In Serial35 Chapters
HYBRID
8 294

