《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 33
Advertisement
[Zawgyi]
{သူ တကယ္ေသသြားၿပီလား!?}
ခ်ီရွန္းက မ်က္လံုးမ်ားကိုအနည္းငယ္ေမွးစင္းကာ နဥ္ရႈရဲ႕ညစ္ပတ္ေနတဲ့မ်က္နွာကိုၾကည့္လာ၏။ ထို႔ေနာက္ သူက သူ႔ယပ္ေတာင္ကိုဖ်တ္ကနဲပိတ္လိုက္ကာ လက္ဝါးကိုယပ္ေတာင္နဲ႔ရိုက္ရင္း ေမးေလသည္။
"မင္း ဘာလို႔ မင္းမ်က္နွာကို သန္႔ရွင္းသြားေအာင္ မ်က္နွာမသစ္ခဲ့ရတာလဲ? မင္းကိုယ္မင္း ပိုလွေအာင္လုပ္ခဲ့ရင္ ေစ်းေကာင္းေကာင္းနဲ႔ေရာင္းနိုင္မွာကို။"
နဥ္ရႈ မေျပာရေသးခင္မွာပင္ ယဲြ႕လန္က ေျပာၿပီးသြားေခ်ၿပီ။
"ကြၽန္မတို႔ရဲ႕ အျပင္ပန္းသြင္ျပင္ကိုမၾကည့္ဘဲ ကူညီေပးခ်င္တဲ့သူကသာ လူေကာင္းလို႔ ကြၽန္မ မမေလးကေျပာတယ္။"
ခ်ီရွန္းက ကြၽမ္းက်င္တဲ့အပ္ခ်ဳပ္သမက ပန္းထိုးထားတာသိသာေနတဲ့ အရည္အေသြးေကာင္းမြန္ေသာအဝတ္အစားမ်ားကို ဝတ္ထားသည္။ သူ႔ယပ္ေတာင္ကေနတဲြက်ေနတဲ့ဆဲြျပားကပင္ တန္ဖိုးျမင့္ေက်ာက္စိမ္းျဖစ္သည္။ တစ္ခ်က္ၾကည့္ရံုနဲ႔တင္ သူက လူခ်မ္းသာတစ္ေယာက္ဆိုတာ လူတိုင္းေျပာနိုင္သည္။ သူ႔ရဲ႕လႈပ္ရွားမႈေလးတစ္ခုစီတိုင္းကပင္ ခ်မ္းသာႂကြယ္ဝမႈတို႔မႊမ္းထံုထားသည္။
ခ်ီရွန္းက ဒူးေထာက္ထိုင္ခ်ကာ ယပ္ေတာင္ကိုသံုးၿပီး ေကာက္ရိုးဖ်ာကို မတင္လိုက္သည္။ သူက သက္ေတာ္ေစာင့္ရဲ႕ေလးေထာင့္ဆန္ဆန္မ်က္နွာထားကို ေခါင္းငံု႔ကာၾကည့္လိုက္ၿပီးေနာက္ နဥ္ရႈကိုျပန္ုကည့္ကာ ေျပာလာသည္။
"မင္းရုပ္က မင္းအေဖနဲ႔ေတာ္ေတာ္ေလးမတူတာပဲ။"
နဥ္ရႈက သိမ္ေမြ႕စြာပင္ျပန္ေျဖသည္။
"ကြၽန္မအေမက ရုပ္ေခ်ာလို႔ ကြၽန္မအေဖရဲ႕ရုပ္ဆိုးမႈကို လႊမ္းမိုးထားလိုက္နိုင္တာပါ။"
အစ္ကိုႀကီးသက္ေတာ္ေစာင့္ရဲ႕ပံုစံက အေတာ္ေလးကိုမွားယြင္းေနတယ္လို႔ သူမခံစားေနရသည္။ သူရုပ္ဆိုးေနတာကတင္ေတာ္ေလာက္ၿပီကို အသက္ႀကီးတဲ့ပံုပါေပါက္ေနေသးတယ္။ သက္ေတာ္ေစာင့္အစ္ကိုႀကီးက သူ႔အသက္နဲ႔ ဒီေလာက္အ႐ြယ္ေရာက္ေနၿပီျဖစ္တဲ့သမီး ဘယ္လိုလုပ္ရွိေနရလဲဆိုတာကို ခ်ီရွန္းက သံသယျဖစ္ဟန္မျပ။
နဥ္ရႈ ခ်ီရွန္းကို ေမ်ွာ္လင့္ခ်က္အျပည့္နဲ႔မ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္သည္။
"လူႀကီးမင္းတို႔မိသားစုမွာ အေစခံမရွိဘူးလား? လူႀကီးမင္းက ကြၽန္မအေဖရဲ႕အသုဘအတြက္ ပိုက္ဆံလံုလံုေလာက္ေလာက္ေပးရင္ ဒီနိမ့္က်တဲ့အမ်ိဳးသမီးက လူႀကီးမင္းဆီမွာ အေစခံလုပ္ပါ့မယ္။"
ခ်ီရွန္းက သူ႔ယပ္ေတာင္ကို ဖ်တ္ကနဲယမ္းကာဖြင့္လိုက္ၿပီး ျမင့္ျမတ္ေသာအမူအရာနွင့္ေမးေလ၏။
"မင္း ဘယ္ေလာက္လိုခ်င္တာလဲ?"
နဥ္ရႈ လက္တစ္ေခ်ာင္းေထာင္ျပလိုက္သည္။ ခ်ီရွန္းက သူမကိုၾကည့္ကာေမးလာသည္။
"ေငြတစ္စလား?"
ေသာက္ရူးလား? ဘယ္သူက ေငြေလးတစ္စရဖို႔ အေလာင္းတစ္ေလာင္းကိုဖက္တြယ္ၿပီးငိုခ်င္ေယာင္ေဆာင္မွာလဲ? ေခါက္ဆဲြသံုးပန္းကန္ဝယ္ဖို႔ေတာင္ မေလာက္ဘူးဟဲ့! လူခ်မ္းသာေတြအကုန္လံုးက ဘာလို႔ကပ္ေစးနဲရတာလဲ!?
နဥ္ရႈ ရွက္ရံြ႕စြာေျပာလိုက္သည္။
"ေငြတစ္စက အေခါင္းတစ္လံုးဝယ္ဖို႔ေတာင္ မေလာက္ပါဘူးလူႀကီးမင္း။"
ခ်ီရွန္းက ညင္သာစြာယပ္ခတ္ကာ ေျပာလာသည္။
"မင္းရဲ႕ေစ်းကိုေျပာ။"
"ေကာင္းေကာင္းဆိုးဆိုး၊ အရင္ကေတာ့ ကြၽန္မအေဖက အရာရွိတစ္ေယာက္ပါ။ သူက အဆင့္(၇)ပဲရွိတဲ့ အရာရွိေလးဆိုေပမယ့္ အရာရွိကအရာရွိပါပဲ။ ျဖစ္သလိုသာေျမျမႇဳပ္ခံရမယ္ဆို ကြၽန္မတို႔ရဲ႕ဘိုးေဘးေတြေရွ႕မွာ အေဖဘယ္လိုမ်က္နွာျပရမလဲ? ဒါေၾကာင့္ လူႀကီးမင္းအေနနဲ႔ ေစ်းနည္းနည္းေလာက္တိုးေပးလို႔ရမလား?"
နဥ္ရႈ ယဲြ႕လန္ကိုပါဆဲြလိုက္သည္။
"ၿပီးေတာ့ လူႀကီးမင္းရဲ႕အိမ္ေတာ္မွာ ကြၽန္မတို႔နွစ္ေယာက္လံုး အေစခံလုပ္မွာပါ။"
"ဒီေတာ့ တိုတိုေျပာရရင္ မင္း ပိုျမင့္တဲ့ေစ်းလိုခ်င္တယ္ေပါ့?"
ခ်ီရွန္းက အေနွာင့္အယွက္မျဖစ္ပါေခ်။
"ဘယ္ေလာက္လဲ?"
"ေငြစတစ္ေသာင္း။"
နဥ္ရႈ ျပတ္သားစြာေျပာလိုက္သည္။
ရွီခ်န္းရဲ႕အမူအရာက လံုးဝေျပာင္းမသြာူပါေခ်။ ဒါကိုျမင္တဲ့နဥ္ရႈ မ်က္ခံြေတြလႈပ္သြားသည္။ ထင္တဲ့အတိုင္း မ်က္နွာနွစ္ဖက္နဲ႔အႀကံသမားနန္းတြင္းကုန္သည္ပဲ။
သူက လက္ငါးေခ်ာင္းေထာင္လိုက္သည္။ နဥ္ရႈ မ်က္ေမွာင္ကုတ္ကာေမးလိုက္မိသည္။
"ေငြစငါးေသာင္းလား?"
"ေငြငါးစ။ မင္းမလိုခ်င္ဘူးဆိုရင္လည္း ထားလိုက္ေတာ့။"
ခ်ီရွန္းက ညင္သာစြာေျပာကာ လွည့္ထြက္သြားရန္ျပင္သည္။ ခ်ီရွန္း တကယ္ႀကီးထြက္သြားေတာ့မွာကို နဥ္ရႈျမင္တဲ့အခါ သူမ အလ်င္အျမန္ထလိုက္ၿပီး ခ်ီရွန္းကိုမွီေအာင္လိုက္ဖို႔ သက္ေတာ္ေစာင့္ေပၚကေန ေက်ာ္ခြသြားလိုက္သည္။
"ခဏေစာင့္ပါဦး လူႀကီးမင္း။"
“Pfff၊ အဟြတ္ အဟြတ္ အဟြတ္…”
နဥ္ရႈက သူ႔အေပၚတက္နင္းသြားတဲ့အခါ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္မွာ ရုတ္တရက္ႀကီးေခ်ာင္းထဆိုးေလေတာ့သည္။ ယဲြ႕လန္တစ္ေယာက္ အံ့အားသင့္သြားကာ ဘာလုပ္ရမွန္းမသိေတာ့။ နဥ္ရႈ ခ်က္ခ်င္းပင္ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကိုယ္ေပၚကို ပစ္လွဲခ်ကာ ငိုေႂကြးေတာ့သည္။
"အေဖေရ၊ အေဖေသတာ ေစာလြန္းပါတယ္! အေဖ့မွာ ဒီသမီးကိုတစ္ခုခုေျပာစရာရွိေနတာလား? အေဖ့ကို ေကာင္းေကာင္းမြန္မြန္ျမႇဳပ္နွံမေပးနိုင္ဘဲ ဘိုးေဘးေတြေရွ႕မွာ အရွက္ရေစတာ ဒီသမီးရဲ႕အမွားပါ။"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က နဥ္ရႈကို မေက်မနပ္ၾကည့္ကာ မ်က္လံုးမွိတ္လိုက္ၿပီး ေသခ်င္ေယာင္ေဆာင္ေနေတာ့သည္။ နဥ္ရႈ ခ်က္ခ်င္းပင္ငိုေႂကြးေတာ့သည္။
"အေဖေရ..."
ယဲြ႕လန္ကလည္း ျမန္ျမန္ဆန္ဆန္ပင္သံေယာင္လိုက္ေလေတာ့သည္။
"သခင္ႀကီးေရ၊ သခင္ႀကီးရဲ႕!"
ခ်ီရွန္းက မ်က္ခံုးပင့္ကာ သူ႔လက္ကို လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ရဲ႕နွာေခါင္းနားမွာထားၾကည့္ကာ နဥ္ရႈဆီလွည့္ေျပာလာသည္။
"စိတ္မေကာင္းပါဘူး။"
နဥ္ရႈ : (⊙o⊙)
သူ တကယ္ေသသြားၿပီလား!?
...
ဒီRealmက စုစုေပါင္း142ခန္းရွိတယ္။ ေပ်ာ္မေနေတာ့ဘူး🙂 နွလံုးသားေလး ေသြးစိမ္းရွင္ရွင္ထြက္ေနပါၿပီ! Hen Shiကို ဦးကုန္းခ်ခ်င္စိတ္ေပါက္ေနၿပီ။ မတြက္မိရင္အေကာင္း။ တြက္လိုက္မိတာ ဖုန္းပါလႊင့္ပစ္ခ်င္စိတ္ေပါက္သြားတယ္ အဟုတ္။ ဒီေလာက္ရွည္ဖို႔ လိုလို႔လားလို႔...ဝူးဝူး~
...
[Unicode]
{သူ တကယ်သေသွားပြီလား!?}
ချီရှန်းက မျက်လုံးများကိုအနည်းငယ်မှေးစင်းကာ နဉ်ရှုရဲ့ညစ်ပတ်နေတဲ့မျက်နှာကိုကြည့်လာ၏။ ထို့နောက် သူက သူ့ယပ်တောင်ကိုဖျတ်ကနဲပိတ်လိုက်ကာ လက်ဝါးကိုယပ်တောင်နဲ့ရိုက်ရင်း မေးလေသည်။
"မင်း ဘာလို့ မင်းမျက်နှာကို သန့်ရှင်းသွားအောင် မျက်နှာမသစ်ခဲ့ရတာလဲ? မင်းကိုယ်မင်း ပိုလှအောင်လုပ်ခဲ့ရင် ဈေးကောင်းကောင်းနဲ့ရောင်းနိုင်မှာကို။"
နဉ်ရှု မပြောရသေးခင်မှာပင် ယွဲ့လန်က ပြောပြီးသွားချေပြီ။
"ကျွန်မတို့ရဲ့ အပြင်ပန်းသွင်ပြင်ကိုမကြည့်ဘဲ ကူညီပေးချင်တဲ့သူကသာ လူကောင်းလို့ ကျွန်မ မမလေးကပြောတယ်။"
ချီရှန်းက ကျွမ်းကျင်တဲ့အပ်ချုပ်သမက ပန်းထိုးထားတာသိသာနေတဲ့ အရည်အသွေးကောင်းမွန်သောအဝတ်အစားများကို ဝတ်ထားသည်။ သူ့ယပ်တောင်ကနေတွဲကျနေတဲ့ဆွဲပြားကပင် တန်ဖိုးမြင့်ကျောက်စိမ်းဖြစ်သည်။ တစ်ချက်ကြည့်ရုံနဲ့တင် သူက လူချမ်းသာတစ်ယောက်ဆိုတာ လူတိုင်းပြောနိုင်သည်။ သူ့ရဲ့လှုပ်ရှားမှုလေးတစ်ခုစီတိုင်းကပင် ချမ်းသာကြွယ်ဝမှုတို့မွှမ်းထုံထားသည်။
ချီရှန်းက ဒူးထောက်ထိုင်ချကာ ယပ်တောင်ကိုသုံးပြီး ကောက်ရိုးဖျာကို မတင်လိုက်သည်။ သူက သက်တော်စောင့်ရဲ့လေးထောင့်ဆန်ဆန်မျက်နှာထားကို ခေါင်းငုံ့ကာကြည့်လိုက်ပြီးနောက် နဉ်ရှုကိုပြန်ုကည့်ကာ ပြောလာသည်။
"မင်းရုပ်က မင်းအဖေနဲ့တော်တော်လေးမတူတာပဲ။"
နဉ်ရှုက သိမ်မွေ့စွာပင်ပြန်ဖြေသည်။
"ကျွန်မအမေက ရုပ်ချောလို့ ကျွန်မအဖေရဲ့ရုပ်ဆိုးမှုကို လွှမ်းမိုးထားလိုက်နိုင်တာပါ။"
အစ်ကိုကြီးသက်တော်စောင့်ရဲ့ပုံစံက အတော်လေးကိုမှားယွင်းနေတယ်လို့ သူမခံစားနေရသည်။ သူရုပ်ဆိုးနေတာကတင်တော်လောက်ပြီကို အသက်ကြီးတဲ့ပုံပါပေါက်နေသေးတယ်။ သက်တော်စောင့်အစ်ကိုကြီးက သူ့အသက်နဲ့ ဒီလောက်အရွယ်ရောက်နေပြီဖြစ်တဲ့သမီး ဘယ်လိုလုပ်ရှိနေရလဲဆိုတာကို ချီရှန်းက သံသယဖြစ်ဟန်မပြ။
နဉ်ရှု ချီရှန်းကို မျှော်လင့်ချက်အပြည့်နဲ့မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"လူကြီးမင်းတို့မိသားစုမှာ အစေခံမရှိဘူးလား? လူကြီးမင်းက ကျွန်မအဖေရဲ့အသုဘအတွက် ပိုက်ဆံလုံလုံလောက်လောက်ပေးရင် ဒီနိမ့်ကျတဲ့အမျိုးသမီးက လူကြီးမင်းဆီမှာ အစေခံလုပ်ပါ့မယ်။"
ချီရှန်းက သူ့ယပ်တောင်ကို ဖျတ်ကနဲယမ်းကာဖွင့်လိုက်ပြီး မြင့်မြတ်သောအမူအရာနှင့်မေးလေ၏။
"မင်း ဘယ်လောက်လိုချင်တာလဲ?"
နဉ်ရှု လက်တစ်ချောင်းထောင်ပြလိုက်သည်။ ချီရှန်းက သူမကိုကြည့်ကာမေးလာသည်။
"ငွေတစ်စလား?"
သောက်ရူးလား? ဘယ်သူက ငွေလေးတစ်စရဖို့ အလောင်းတစ်လောင်းကိုဖက်တွယ်ပြီးငိုချင်ယောင်ဆောင်မှာလဲ? ခေါက်ဆွဲသုံးပန်းကန်ဝယ်ဖို့တောင် မလောက်ဘူးဟဲ့! လူချမ်းသာတွေအကုန်လုံးက ဘာလို့ကပ်စေးနဲရတာလဲ!?
နဉ်ရှု ရှက်ရွံ့စွာပြောလိုက်သည်။
"ငွေတစ်စက အခေါင်းတစ်လုံးဝယ်ဖို့တောင် မလောက်ပါဘူးလူကြီးမင်း။"
ချီရှန်းက ညင်သာစွာယပ်ခတ်ကာ ပြောလာသည်။
"မင်းရဲ့ဈေးကိုပြော။"
"ကောင်းကောင်းဆိုးဆိုး၊ အရင်ကတော့ ကျွန်မအဖေက အရာရှိတစ်ယောက်ပါ။ သူက အဆင့်(၇)ပဲရှိတဲ့ အရာရှိလေးဆိုပေမယ့် အရာရှိကအရာရှိပါပဲ။ ဖြစ်သလိုသာမြေမြှုပ်ခံရမယ်ဆို ကျွန်မတို့ရဲ့ဘိုးဘေးတွေရှေ့မှာ အဖေဘယ်လိုမျက်နှာပြရမလဲ? ဒါကြောင့် လူကြီးမင်းအနေနဲ့ ဈေးနည်းနည်းလောက်တိုးပေးလို့ရမလား?"
နဉ်ရှု ယွဲ့လန်ကိုပါဆွဲလိုက်သည်။
"ပြီးတော့ လူကြီးမင်းရဲ့အိမ်တော်မှာ ကျွန်မတို့နှစ်ယောက်လုံး အစေခံလုပ်မှာပါ။"
"ဒီတော့ တိုတိုပြောရရင် မင်း ပိုမြင့်တဲ့ဈေးလိုချင်တယ်ပေါ့?"
ချီရှန်းက အနှောင့်အယှက်မဖြစ်ပါချေ။
"ဘယ်လောက်လဲ?"
"ငွေစတစ်သောင်း။"
နဉ်ရှု ပြတ်သားစွာပြောလိုက်သည်။
ရှီချန်းရဲ့အမူအရာက လုံးဝပြောင်းမသွာူပါချေ။ ဒါကိုမြင်တဲ့နဉ်ရှု မျက်ခွံတွေလှုပ်သွားသည်။ ထင်တဲ့အတိုင်း မျက်နှာနှစ်ဖက်နဲ့အကြံသမားနန်းတွင်းကုန်သည်ပဲ။
သူက လက်ငါးချောင်းထောင်လိုက်သည်။ နဉ်ရှု မျက်မှောင်ကုတ်ကာမေးလိုက်မိသည်။
"ငွေစငါးသောင်းလား?"
"ငွေငါးစ။ မင်းမလိုချင်ဘူးဆိုရင်လည်း ထားလိုက်တော့။"
ချီရှန်းက ညင်သာစွာပြောကာ လှည့်ထွက်သွားရန်ပြင်သည်။ ချီရှန်း တကယ်ကြီးထွက်သွားတော့မှာကို နဉ်ရှုမြင်တဲ့အခါ သူမ အလျင်အမြန်ထလိုက်ပြီး ချီရှန်းကိုမှီအောင်လိုက်ဖို့ သက်တော်စောင့်ပေါ်ကနေ ကျော်ခွသွားလိုက်သည်။
"ခဏစောင့်ပါဦး လူကြီးမင်း။"
“Pfff၊ အဟွတ် အဟွတ် အဟွတ်…”
နဉ်ရှုက သူ့အပေါ်တက်နင်းသွားတဲ့အခါ လျှို့ဝှက်သက်တော်စောင့်မှာ ရုတ်တရက်ကြီးချောင်းထဆိုးလေတော့သည်။ ယွဲ့လန်တစ်ယောက် အံ့အားသင့်သွားကာ ဘာလုပ်ရမှန်းမသိတော့။ နဉ်ရှု ချက်ချင်းပင် လျှို့ဝှက်သက်တော်စောင့်ကိုယ်ပေါ်ကို ပစ်လှဲချကာ ငိုကြွေးတော့သည်။
"အဖေရေ၊ အဖေသေတာ စောလွန်းပါတယ်! အဖေ့မှာ ဒီသမီးကိုတစ်ခုခုပြောစရာရှိနေတာလား? အဖေ့ကို ကောင်းကောင်းမွန်မွန်မြှုပ်နှံမပေးနိုင်ဘဲ ဘိုးဘေးတွေရှေ့မှာ အရှက်ရစေတာ ဒီသမီးရဲ့အမှားပါ။"
လျှို့ဝှက်သက်တော်စောင့်က နဉ်ရှုကို မကျေမနပ်ကြည့်ကာ မျက်လုံးမှိတ်လိုက်ပြီး သေချင်ယောင်ဆောင်နေတော့သည်။ နဉ်ရှု ချက်ချင်းပင်ငိုကြွေးတော့သည်။
"အဖေရေ..."
ယွဲ့လန်ကလည်း မြန်မြန်ဆန်ဆန်ပင်သံယောင်လိုက်လေတော့သည်။
"သခင်ကြီးရေ၊ သခင်ကြီးရဲ့!"
ချီရှန်းက မျက်ခုံးပင့်ကာ သူ့လက်ကို လျှို့ဝှက်သက်တော်စောင့်ရဲ့နှာခေါင်းနားမှာထားကြည့်ကာ နဉ်ရှုဆီလှည့်ပြောလာသည်။
"စိတ်မကောင်းပါဘူး။"
နဉ်ရှု : (⊙o⊙)
သူ တကယ်သေသွားပြီလား!?
...
ဒီRealmက စုစုပေါင်း142ခန်းရှိတယ်။ ပျော်မနေတော့ဘူး🙂 နှလုံးသားလေး သွေးစိမ်းရှင်ရှင်ထွက်နေပါပြီ! Hen Shiကို ဦးကုန်းချချင်စိတ်ပေါက်နေပြီ။ မတွက်မိရင်အကောင်း။ တွက်လိုက်မိတာ ဖုန်းပါလွှင့်ပစ်ချင်စိတ်ပေါက်သွားတယ် အဟုတ်။ ဒီလောက်ရှည်ဖို့ လိုလို့လားလို့...ဝူးဝူး~
...
Advertisement
- In Serial702 Chapters
Spirit Immortal
Over a million years ago, the first human contracted with the first Spirit. Ever since then, Spirit use has become commonplace. Humans used Spirits to carry items and start fires. Eventually, even start wars. Thousands upon thousands of years past and one day, one human did the impossible. He transcended his mortality and ascended to the realm above. In the present day, the Frie Clan was once a great clan of the Himmel empire. However, a devastating battle ten years ago crippled the clan and their numbers dwindled. To make up for their loss, the upper echelons decided to adopt young orphans and nurture them to become a future pillar of the weakened clan. Shin was one of those orphans. Although picked up by the Frie Clan, not all is smooth sailing for Shin and the other orphans... Chapters are released daily at UTC+8 0100 unless stated otherwise Support me at: https://www.patreon.com/Linodo For additional content, visit me at: Linodofictions
8 202 - In Serial26 Chapters
Guardians : Awakening of Athene
Three thousand years ago, Athena was sealed. For love, for peace, for war, and for the human realm. Betrayed by the gods, humans, and demons. She promises to bring terror when she awakens. Three thousand years now. She rests her soul within a mana-less young woman, Alice.
8 147 - In Serial22 Chapters
Return • Todoroki ff
This is a reader x Todoroki ffYour name is Hitori Niko(You may change it to your own)------------------------------"Niko, please return to me.."His voice trembled as he held onto my hand.Todoroki Shoto became one of the pro heros in Japan and you inherited your family's business upon your father's request. You left for Korea after you graduated from UA and that was when you broke up with Todoroki. Endeavour forced you to break up with him because he claimed that your quirk was not strong enough for his son and you were only holding him back. After 3 years you came back from Korea to manage the the main company in Japan and that was when you met him again.Will you be able to rekindle your relationship or continue to live your lives apart from each other?--------------------------------------------------I don't own any other characters besides my own. All rights of the BNHA characters go to its original creator, Kohei Horikoshi#94 out of 2.05k in todorokixreader#280 out of 2.01k in todorokishoto
8 228 - In Serial63 Chapters
Witches Burn at Dawn ✔
9x AWARDS WINNING + 17x FEATURED + WATTYS 2021 SHORTLIST❝It all started in fire. But it never ended in flames.❞ Welcоme to St. Daktaliоn, the city where magic exists till these days. After burning alive for her crimes, Yarоslava Slavich, a witch once awed by everyоne, wakes up in a graveyard, in a stranger's body. Her cоnjurer, Mir Prаejis, offers her a chance to live anоther year, but in return, she must help him find a demon who hunts dоwn magic users.Witches are wicked, thоugh. And a witch raised frоm the dead is the most wicked of all. Now Yаra has a decision to make. Steal another girl's identity and run away to start her life anew? Or help Mir serve justice, redeem her sоul, but--die forever? The problem is, the girl whose body Yаra's now wearing seems to have feelings for Mir. And those feelings seem to slowly become Yаra's own. As Yаra gets to know Mir better, she learns that he keeps his own dark secret. Abоut the demоn they seek. About Yаra's own past. About the day she was betrayed and chose witchery over her humanity.Can she survive this time? A witch brоught back from the dead. A boy rоbbed of his heart. A demоn damned to wander in shadows till the end of times. They share a secret, they share a past. But only one of them can have a future. Tread carefully. For the dead of these lands dо not rest in peace.MATURE: sexual content, blood-shedding magical rituals, occasional strong language, mental health topics, and scenes of violence and abuse._________________________Featured on:✧@WattpadWitches✧@WattpadUrbanFantasy✧@WattpadESL✧@Ambassadors✧@fright✧@mythandlegend✧@Ghost✧@Fantasy✧@Paranormal✧@PsychologicalNovel✧@antiheroesgalore✧@TheWarriorGoddess✧@StoriesUndiscovered✧@lowfantasy✧@WattpadLitFic✧@WattStoryCenter✧@WattpadFusion↬Amby Awards 2022 Villains category Winner↬Speculative Awards 2021 Honorable Mention(full list of awards in my reading lists)
8 268 - In Serial29 Chapters
Rue's gammes
When disaster strikes in the Hunger Games, Rue must fend for herself. Can she win the Games and become a victor? Beyond that, can she aid a rebellion aged only thirteen?This is a fanfiction that I wrote because Rue is my favorite character in the Hunger Games trilogy. I don't think she should have died; here is my version of what would have happened.Thank you so much to Libby Morris for badgering me until I wrote this fanfic :)I do not own copyright for the Hunger Games or the characters.BOOK TRAILER YAY - http://www.youtube.com/watch?v=WZwr71bqc8A
8 209 - In Serial4 Chapters
Les animaux
8 193

