《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 31
Advertisement
[Zawgyi]
"ဒင်၊ စိတ်ဒဏ်ရာမှတ် +100။"
"ဒင်၊ စိတ်ဒဏ်ရာမှတ် +100။"
"ဘာများပါလဲ မမလေး?"
....
...
[Unicode]
{ကြီးကျယ်သောကမ္ဘာသစ်တစ်ခု}
ဝန်ကြီးချုပ်အိမ်တော် - အမျိုးသမီးအခန်းတစ်ခန်းတွင်။
အခန်းက ပြင်းထန်သောအနံ့အသက်တစ်မျိုးနဲ့ပြည့်နေကာ ကုတင်ပေါ်တွင်လှုပ်ရှားနေသောပုံရိပ်နှစ်ခုကို လရောင်ဖောက်ကာဖြာကျနေသောခန်းဆီးစခပ်ပါးပါးများမှတစ်ဆင့် ဝိုးတိုးဝါးတားတွေ့မြင်နိုင်ပေ၏။ အခြားတစ်ယောက်က မှောက်လျက်အနေအထားဖြင့်ရှိနေချိန်မှာ နောက်တစ်ယောက်က ဒူးတစ်ဝက်ကွေးထားသည့်အနေအထားဖြင့်ရှိနေပြီး သူတို့ခန္ဓာကိုယ်တွေက ပူးကပ်နွယ်ယှက်နေကြသည်။
"ဒင်၊ စိတ်ဒဏ်ရာမှတ် +100။"
"ဒင်၊ စိတ်ဒဏ်ရာမှတ် +100။"
နောက်တစ်နေ့မှာတော့ နဉ်ရှုတစ်ယောက် 2333ကြေညာသည့်သတင်းကောင်းများနှင့်အတူနိုးထလာ၏။ သူမ ဆေးတွေအများကြီးသုံးထားခဲ့တာကြောင့် ခန့်မှန်းခြေအားဖြင့်တော့ သူတို့နှစ်ယောက် သုတ်အလွှတ်လွန်ပြီးမသေမချင်း ဆက်ဆံနေကြလောက်သည်။ သူမ ဒီဆေးတွေကို systemဆီကရခဲ့တာကြောင့် အကျိုးသက်ရောက်မှုကတော့ စိတ်ချရသည်။ ဒါတွေကို သူမအကြွေးနဲ့ဝယ်ခဲ့တာဖြစ်ပြီး နောက်ကျမှသာ အတိုးနဲ့ပြန်ဆပ်ရမှာဖြစ်တာကြောင့် ဒီဆေးတွေက ပိုပြီးတောင်ကောင်းကောင်းအလုပ်လုပ်သင့်သေးသည်။
Advertisement
သည်လောက်များတဲ့အမှတ်တွေရမှတော့ သူတို့ကိုစိတ်ဒဏ်ရာပေးဖို့ဆိုတဲ့ သူမရဲ့အစီအစဉ်ကြီးအောင်မြင်သွားတာပင်ဖြစ်ရမည်။ ခဏ၊ ဒါမဟုတ်သေးဘူးလေ၊ သူမက သူတို့ကို ကူညီနေတာပါနော်၊ ဟုတ်ပြီလား? သူတို့ကို ကြီးကျယ်တဲ့ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်နိုင်အောင် ကူညီပေးလိုက်တာ။
တမူထူးခြားတဲ့ဆေးတွေကို နဉ်ရှု အံတင်းတင်းကြိတ်ပြီးလဲလှယ်ခဲ့ရတာဖြစ်သည်။ systemက သွေးစုတ်ကောင်ကြီးလိုပင် ခံစားခဲ့ရသည်။
သူမ ခါးဆန့်လိုက်သည်။ ဒါပေမယ့် ညဝက အတော်လေးအံ့သြဖို့ကောင်းတယ်။
သူမ ရထားလုံးလိုက်ကာစကိုမလိုက်ပြီးနောက် ရထားလုံးက တော်အုပ်တစ်အုပ်ဆီသွားတဲ့ လမ်းလေးတစ်လမ်းမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ လျှို့ဝှက်သက်တော်စောင့်က မီးဖိုထားပြီး အပေါ်မှာတော့ ရေနွေးအိုးတည်ထားသည်။
နဉ်ရှု နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ယွဲ့လန်ကို ခပ်ဖွဖွကန်လိုက်ပြီး ယွဲ့လန်က သတိအပြည့်ဖြငိ့ထခုန်လိုက်တာကြောင့် သူမခေါင်းက ရထားလုံးအမိုးနှင့်ဆောင့်မိသွားသည်။ ယွဲ့လန် ခေါင်းကိုကာလိုက်ရင်း နဉ်ရှုကို သုန်မှုန်စွာမေးလိုက်သည်။
"ဘာများပါလဲ မမလေး?"
နဉ်ရှု ရထားလုံးပေါ်မှဆင်းကာ လျှို့ဝှက်သက်တော်စောင့်ဆီလျှောက်သွားကာ ဘေးမှာထိုင်ချလိုက်သည်။ ထို့နောက် သူမ မေးလိုက်သည်။
"ကောင်းသောမနက်ခင်းပါ။ Padonမြို့နဲ့ ဘယ်လောက်ဝေးသေးလဲ?"
"ကျုပ်တို့ ရောက်ခါနီးပါပြီ။ စားပြီးရင် ဆက်သွားကြတာပေါ့။ စစ်သူကြီးနဲ့မင်းသားက ကျုပ်တို့ကိုလိုက်ဖမ်းဖို့ လူတွေလွှတ်လောက်တယ်။"
လျှို့ဝှက်သက်တော်စောင့်က နဉ်ရှုနဲ့ယွဲ့လန်ကို စားစရာတစ်ချို့ပေးကာ သူတို့အတွက် ရေထည့်ပေးလေ၏။
သူမ မှားသွားတယ်၊ တကယ်တော့ လျှို့ဝှက်သက်တော်စောင့်က တော်တော်လေးယုံကြည်ရသားပဲ။
ဂျုံမုန့်ဝိုင်းကို ဖြည်းဖြည်းချင်းကိုက်ဝါးရင်း သူမမေးလိုက်သည်။
"ရှင် ဘာလို့ ကျွန်မကို ကာကွယ်နေတာလဲ? ကျွန်မအဖေက ကျွန်မကိုကာကွယ်ပေးဖို့ပြောခဲ့လို့ ကာကွယ်ပေးနေတာလား? ဒီတာဝန်က ဒုက္ခများတယ်ဆိုတာ ရှင်မသိဘူးလား?"
လျှို့ဝှက်သက်တော်စောင့်က သူ့ရဲ့လေးထောင့်ဆန်ဆန်မျက်နှာနဲ့ နဉ်ရှုဘက်ကိုလှည့်ကာ မျက်နှာချင်းဆိုင်ပြီးပြောလာ၏။
"ကျွန်တော့်ကို ဝန်ကြီးချုပ်က မွေးစားခဲ့တာ။ သူက ကျွန်တော့်ကို စားစရာနဲ့နေစရာပေးတယ်။ သခင်မလေးကိုကာကွယ်ပေးရမှာက ကျွန်တော့်တာဝန်ပဲ။ ကျွန်တော့်ရဲ့ကာကွယ်ပေးမှုကို သခင်မလေးမလိုအပ်တော့တဲ့အချိန် ဒါမှမဟုတ် ကျွန်တော်သေသွားတဲ့အချိန်မှသာ ကာကွယ်ပေးနေတာကို ရပ်ရလိမ့်မယ်။"
သူ့ကိုကြည့်ရင်းဖြင့် သူ့ရဲ့လေးထောင့်ဆန်ဆန်မျက်နှာက တကယ်တမ်းတော့ အရမ်းကြည့်ကောင်းပြီးဆွဲဆောင်မှုရှိသည်ဟု နဉ်ရှု ရုတ်တရက်ကြီးခံစားလိုက်ရသည်။ နောက်ပိုင်း ဒီလူပေါ်မလာရတော့တဲ့အကြောင်းအရင်းက တစ်ယောက်ယောက်က တိတ်တဆိတ်သတ်ပစ်လိုက်တာကြောင့်ဖြစ်မည်။
မနက်စာစားပြီးနောက် သူတို့သုံးယောက် Padonမြို့ဆီ ခရီးဆက်ခဲ့ကြသည်။ စစ်ထူချင်းယွီနဲ့လော်ကျွင့်ယွမ်က မြို့ထဲမှာ ဖမ်းဝရမ်းတွေအပြည့်ထုတ်ထားပြီဆိုတာ သူတို့မသိခဲ့ကြ။
စစ်ထူချင်းယွီက အစတည်းက အမျိုးသမီးများကိုမုန်းတီးခဲ့တာကြောင့် နဉ်ရှုရဲ့ ဟာသလုပ်ခြင်းကို နေ့တိုင်းကြုံတွေ့ခဲ့ရပြီး သူမရဲ့အဖက်မလုပ်တဲ့ဟန်ပန်ကို အချိန်အကြာကြီးရင်ဆိုင်ခဲ့ရတာကြောင့် သူက အမျိုးသမီးတွေကို ပို၍ပင်ငြင်းပယ်လာတော့သည်။ သို့ဖြစ်ရကား သူ အမျိုးသားတစ်ယောက်နှင့်အိပ်မိပြီးသောအခါ သူ့ရင်ထဲက အလွှာပါးပါးလေးကို ချိုးဖျက်သွားမိပုံပေါ်ပြီး နောက်ဆုံးတော့ သူ့စိတ်ကိုလွတ်လပ်သွားစေ၏။
ဒီကိစ္စမှာ သူ ယောက်ျားတစ်ယောက်ကိုသဘောကျနိုင်သလို အမျိူးသမီးတစ်ယောက်ကိုလည်း သဘောကျနိုင်သည်။ ဒါက အတော်လေးထူးဆန်းပြီး အံ့သြဖို့ကောင်းသောခံစားမှုတစ်ခုပင်။
ထိုသို့ဖြင့် အခုအချိန်မှာ သူ့ရဲ့အကြီးမားဆုံးရည်ရွယ်ချက်က လော်ကျွင့်ယွမ်နဲ့ ဒါကို နောက်တစ်ခေါက်ထပ်လုပ်ဖို့ပင်။ သို့သော်လည်း လော်ကျွင့်ယွမ်က သည်အတွေ့အကြုံကို ရွံရှာစက်ဆုပ်နေ၏။ သူက မြင့်မြတ်ပြီး လေးစားခြင်းခံရသည့်ဘုရင်ခံမင်းသားတစ်ပါးဖြစ်သော်လည်း ယောက်ျားတစ်ယောက်ရဲ့တွန်းလှဲခြင်းကိုခံရပြီး ယောက်ျားတစ်ယောက်က တက်ခွကာလုပ်တာကိုခံလိုက်ရသည်။ သူ အိမ်သာသွားတဲ့အချိန်တိုင်း သွေးတွေစီးကျလာတတ်သည်။ ဒါက သူ့ကို ကိုယ့်ကိုကိုယ်သတ်သေချင်စိတ်ပေါက်လောက်အောင်ပင်။ ဒီခွေးကောင်၊ ဒီသောက်ကျင့်မကောင်းတဲ့ရွံစရာခွေးကောင်ကတော့!
စစ်ထူချင်းယွီရဲ့ ပူလောင်ပြင်းပြတဲ့ဆန္ဒတွေနဲ့ပြည့်နေတဲ့ ရမ္မက်ပြင်းပြင်းအကြည့်တွေကို သူခံစားမိတဲ့အခါ သူ့စိတ်မှာ ရွံရှာမှုတို့ဖြင့်တုန်လှုပ်လာရသည်။ သူက ယောက်ျားလေးတစ်ယောက်၊ သူ ဘယ်လိုလုပ်ပြီး စစ်သူကြီးစစ်ထူနဲ့အတူတူနေမိသွားရတာလဲ? ပြီးတော့ ဒီစစ်သူကြီးစစ်ထူရဲ့ရာထူးက သူနဲ့ယှဉ်လို့တောင်မရ။ မုယန်မုန့်၊ အဲ့ခွေးမ! အဲ့မိန်းမကိုမိလို့ကတော့ သူ သေချာပေါက် အဲ့မိန်းမကို သေအောင်နှိပ်စက်မှာ! ဒါကပဲ သူ့ရင်ထဲကအမုန်းတရားတွေကို ဖြေဖျောက်နိုင်လိမ့်မယ်။
အတိုချုံးရလျှင်တော့ ဒါက မျက်နှာနှစ်ဖက်နဲ့နတ်ဆိုးလိုsememတစ်ယောက်နဲ့ tsundere ukeတစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်သွားတော့သည်။ စစ်ထူချင်းယွီနဲ့လော်ကျွင့်ယွမ်တို့က နဉ်ရှုနဲ့ဘာမှမသက်ဆိုင်တော့သော sadomasochistic ဇာတ်လမ်းအသစ်တစ်ပုဒ်ကို စတင်ခဲ့ကြလေတော့၏။
အစက မုယန်မုန့်ရဲ့မောင်းထီးဆောင်ကြီးထဲမှာရှိခဲ့တဲ့အဖွဲ့ဝင်နှစ်ဦးမှာ နှုတ်ထွက်သွားပြီဖြစ်ပြီး သူတို့အချင်းချင်းသာကလူ၏သို့မြူ ၏သို့လုပ်နေကြလေတော့သတည်း။
....
ဖြောင်း၊ ဖြောင်း၊ ဖြောင်း! တရားဝင်ကွေးကုန်ကြပါပြီရှန်...ဟုန့်။
အိုင်နဲ့အတူတူ စစ်ထူချင်းယွီကိုကြွေခဲ့ကြသူအပေါင်းကို ရှသွားတဲ့အတွက် ထိပ်ဆုံးကနေဦးဆောင်ရှသွားသူကြီးမှ ဂုဏ်ပြုပါကြောင်းထပ်လောင်းပြောကြားအပ်ပါသည်။
ရှေ့အပိုင်းက မေးတဲ့မေးခွန်းအဖြေအိုင်လည်းမသိဘူးနော်။ တွေ့လို့ကောက်ပြန်ပေးထားတာ။ ကိုယ်ထင်တာမှန်တာပဲမှတ်လိုက်ကြ :3
...
Advertisement
- In Serial26 Chapters
Supersum [LitRPG Transmigration Fantasy]
This story is about someone from earth who died and got transmigrated to a different universe. Our MC was reborn as a beast-kin with a fluffy tail and wolf-ears into a world of Magic, Politics, Systems, and different Races that are only known from fairy tales. Follow him, his family, and many other characters through the turmoils of war, adventures, and intrigues.* *Short: Action, Kingdom building, Adventure, Fantasy Isekai (Transmigration and Reincarnation), LitRPG, Magic :)
8 234 - In Serial8 Chapters
Since I'm having an adventure, I decided to take the Quest Book for Pastime
A massive Meteorite had brought the world to its destruction. From the ashes of the [Old Earth] the “new world: Neagi” was created. But because of the presence of mystical energy of the Neagi, it became accessible to the [otherworlder] to open up the portal and invade the new world and prompted the war between Earthlings and Otherworlders to erupt across the globe.300 years after that, a young philosopher named Haven decided to take a tour to a certain kingdom of Otherworlder, Richfield Kingdom, Where he received a book containing 100 quests. Upon completion, a reward will be given. Since he will be having an adventure, Haven decided to take the Quest Book for Pastime. (English is not my mother language, be ready for some grammar errors) (I created this novel to plan out my manga. But I tried my best to make it look like a light novel. ) (alternative name: The Fruit of Encaria)
8 187 - In Serial34 Chapters
Unknown || Ziam
It was unexpected. No one expected it at all, especially Zayn, life sure is full of surprises. The unexpected surprise is, Zayn ends up falling in love with his sexy stalker.
8 177 - In Serial12 Chapters
Is it a dream
This is a story about 15 year olds who know this boy Cohen and meet him and fall in love
8 127 - In Serial18 Chapters
legacy of the blade
Left in despair and loneliness by his parents until he is given a new family a new chance at life which he spends cursing his old parents for leaving him. Until he finds the reason he was left and that reason made him give on himself. Until he found a reason to live and that reason is brave adventure. Welcome to brave adventure a game where skill is emphasized over stats and death is as cruel and painful as the real world.(please note i'm not the best at English so you can correct me in the comments if it bothers you or ignore it
8 109 - In Serial42 Chapters
haunting ❁ halsey
in which ashley frangipane is bullied by melanie martinez and has no idea why
8 262