《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 30
Advertisement
[Zawgyi]
"သွားကြစို့!"
နဉ်ရှု : …
"ဒါဆို သွားကြစို့။"
နဉ်ရှု : …
"မရဘူး။"
နဉ်ရှု : …
"Padonမြို့ကို။"
...
.....
[Unicode]
{ကမ္ဘာသစ်ရဲ့တံခါးများကိုဖွင့်လှစ်ခြင်း}
အဝတ်ကင်းမဲ့နေတဲ့လူနှစ်ယောက်ကို နောက်ဆုံးတစ်ချက်ကြည့်ရင်း နဉ်ရှု ယုတ်မာစွာရယ်လိုက်သည်။ ကမ္ဘာသစ်တစ်ခုရဲ့တံခါးကို ဖွင့်လှစ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။
"သွားကြစို့!"
ိနဉ်ရှု ယွဲ့လန်ကို လှမ်းပြောလိုက်သည်။ ယွဲ့လန်က ကုတင်ပေါ်ကအမျိုးသားနှစ်ယောက်ကို ကြည့်နေဆဲဖြစ်တာကို သူမမြင်တဲ့အခါ သူမက ယွဲ့လန်ရဲ့င်္ကျီလက်ကိုဆွဲကာ အပြင်ဘက်ခေါ်ထုတ်လာ၏။
"မမလေး၊ ဒီအစေခံ တကယ်ပဲစိတ်လှုပ်ရှားရတယ်။"
ယွဲ့လန်က တလက်လက်တောက်နေသောမျက်လုံးများဖြင့် ပြောလာသည်။
နဉ်ရှု ဆွံ့အသွားချေပြီ။
"နင်က ဘာကိုစိတ်လှုပ်ရှားနေတာလဲ?"
"သူတို့နှစ်ယောက် ကုတင်ပေါ်မှာအတူတလှဲနေတာကိုမြင်တော့ ဒီအစေခံရဲ့နှလုံးသားလေးက ဒုတ်-ဒုတ်၊ ဒုတ်-ဒုတ်နဲ့ ခုန်လာတယ်။ ဆံပင်တွေလည်းထောင်လာပြီး ကြက်သီးတွေလည်းထလာတယ်။ ဘယ်လိုဖြစ်ဖြစ်၊ ကျွန်မ တကယ်စိတ်လှုပ်ရှားနေတာ။"
ယွဲ့လန်ရဲ့မျက်နှာတစ်ပြင်လုံးက ရဲရဲနီနေသည်။
နဉ်ရှုရဲ့မေးရိုးတွေ ပြုတ်ကျလုနီးပါးပင်။ စစ်ထူချင်းယွီနဲ့လော်ကျွင့်ယွမ်တို့ကပဲ ကမ္ဘာသစ်ကိုဖွင့်လှစ်လိုက်ကြတဲ့သူတွေမဟုတ်ဘဲ ဒီကောင်မလေးယွဲ့လန်ကပါ ကမ္ဘာသစ်ကိုဖွင့်လှစ်လိုက်တယ်ပေါ့လေ။
ယွဲ့လန်က နောက်တစ်ခေါက်ထပ်ကြည့်ချင်နေပေမယ့်လည်း နဉ်ရှုက သူမရဲ့အင်္ကျီကော်လံကိုဆွဲကာ ခရာကိုမှုတ်လိုက်တော့သည်။
ထို့နောက်တွင်မူ အနက်ရောင်ပုံရိပ်တစ်ခုက အခန်းထဲကိုပြတင်းပေါက်ကတစ်တင့်ခုန်ဝင်လာပြီး ချက်ချင်းပင်ပြန်ခုန်ထွက်သွားလေ၏။
နဉ်ရှု : …
သူမတို့က ခြံဝင်းအပြင်ဘက်မှာ ထင်ထင်ရှားရှားကြီးရပ်နေတာလေ။ ဒါကို လျှို့ဝှက်သက်တော်စောင့်က ဘာလို့ အထဲကိုပဲခုန်ဝင်နေသေးတာတုန်း?
"ကျွန်မ ရှင့်ကိုပြင်ဆင်ထားဖို့ပြောထားတာတွေအကုန်လုံး အဆင်သင့်လုပ်ထားပြီလား?"
နဉ်ရှု လျှို့ဝှက်သက်တော်စောင့်ကိုမေးလိုက်သည်။
လျှို့ဝှက်သက်တော်စောင့်က ခေါင်းငြိမ့်ကာပြောလာ၏။
"ရထားလုံးက ခြံအပြင်မှာ။ ကျွန်တော်တို့ ထွက်ခွာလို့ရပါပြီ။"
နဉ်ရှု စိတ်သက်သာရာရသောသက်ပြင်းတစ်ချက်ကိုချကာ ပြောလိုက်သည်။
"ဒါဆို သွားကြစို့။"
လူသုံးယောက်က အိမ်တော်ဝင်းထဲမှလှည့်ပတ်စောင့်ကြပ်နေကြတဲ့ အစောင့်တွေကိုရှောင်ရှားပြီး ရထားလုံးစောင့်နေတဲ့နံရံဆီရောက်လာကြသည်။ နဉ်ရှုက မေး၏။
"ငါတို့ နံရံပေါ်ဘယ်လိုတက်မှာလဲ?"
လျှို့ဝှက်သက်တော်စောင့်က စိတ်မပါ့တပါဖြင့်ပြောလာသည်။
"ကျုပ် ခင်ဗျားတို့နှစ်ယောက်ကို သယ်သွားပေးမယ်။"
ထို့နောက် လျှို့ဝှက်သက်တော်စာင့်က သူမတို့နှစ်ဦးကိုပွေ့ချီကာ နံရံပေါ်ကြိုးစားခုန်တက်လိုက်လေသည်။
သို့ပေမယ့် ကြမ်းတမ်းလွန်းတဲ့အမှန်တရားကတော့ လျှိုဝှက်သက်တော်စောင့်က သူ့အရည်အချင်းကိုအများကြီးပိုတွက်ချက်မိထားတာဖြစ်ပြီး သုံးယောက်သားတလိမ့်ခေါက်ကွေးဖြင့်ပြုတ်ကျလာကာ ထပ်မိနေတော့သည်။
"သောက်ကျိုးနည်းလှချည်လား? ရှင် လုပ်နိုင်လား မလုပ်နိုင်ဘူးလား?"
နဉ်ရှု သူမအင်္ကျီကဖုန်တွေကို ခါထုတ်လိုက်သည်။ ဒီလိုမယုံကြည်ရတဲ့လျှို့ဝှက်သက်တော်စောင့်နဲ့တွေ့ရတာက သည်းမခံနိုင်စရာပဲ။
လျှို့ဝှက်သက်တော်စောင့်က ပြောလေသည်။
"ကျုပ် နံရံပေါ်ကိုခုန်တက်နိုင်တယ်လေ။ လူနှစ်ယောက်သယ်ပြီးတော့လည်း လုပ်နိုင်မယ်လို့ ကျုပ်ထင်လိုက်တာ။"
နဉ်ရှု : …
"ထားလိုက်တော့၊ ယွဲ့လန်နဲ့ငါ ခွေးတိုးပေါက်ကထွက်ခဲ့မယ်။"
နဉ်ရှု စိတ်တိုနေသောလေသံဖြင့်ပြောလိုက်သည်။
"မရဘူး။"
ယွဲ့လန်ကတော့ နဉ်ရှုရဲ့အကြံပြုချက်ကို အခိုင်အမာပင်ငြင်းပယ်လေ၏။
"ဒီအစေခံပဲ ခွေးတိုးပေါက်ကထွက်ခဲ့ပါ့မယ်။ မမလေးက လျှို့ဝှက်သက်တော်စောင့်နဲ့အတူတူ နံရံကိုကျော်သွားသင့်တယ်။
ဒါက လမ်းလွဲနေပြီနော်။ ရာထူးအဆင့်အတန်းတွေနဲ့ ခွဲခြားဖို့လိုလို့လား? ဒီကောင်မလေးကတော့ မယုံနိုင်စရာပဲ။
နောက်ဆုံးမှာတော့ နဉ်ရှုတစ်ယောက် ရင်ဘတ်ကြီးတစ်နေလျက်မှာပင် အတင်းတိုးဝှေ့ထွက်ရခြင်းနှင့်ပင် အဆုံးသတ်လေ၏။ သူမအပြင်ထွက်လို့ရတဲ့အခါ ယွဲ့လန်ကိုပြောလေသည်။
"မြ-မြန်မြန်လေး။ ငါ့ကိုလက်တစ်ဖက်နဲ့ထိန်းထားဦး။ ငါ မရပ်နိုင်တော့ဘူး။ ငါ့ရင်ဘတ်နာတယ်။"
"မမလေး၊ ဒီအစေခံ မမလေးအတွက် အဲ့ဒါကို ပွတ်ပေးရမလား?"
ယွဲ့လန်က လက်ဆန့်ထုတ်ကာ ပြောလာ၏။
နဉ်ရှု : …
ကလုတ်-ကလုတ်၊ ကလုတ်-ကလုတ်...
လျှို့ဝှက်သက်တော်စောင့်က ရထားလုံးကိုမောင်းလာပြီးနောက် နဉ်ရှုနဲ့ယွဲ့လန်တို့ အလျင်အမြန်ပင်တက်လိုက်ကြသည်။
လျှို့ဝှက်သက်တော်စောင့်က မေးလာသည်။
"သခင်မလေး၊ ကျုပ်တို့ ဘယ်သွားမှာလဲ?"
"Padonမြို့ကို။"
မျက်နှာနှစ်ဖက်နဲ့နန်းတွင်းကုန်သည်က အဲ့မြို့မှာလေ။
Padonမြို့က ဒီနေရာနဲ့သိပ်မဝေးတာကြောင့် အဲ့ကိုရောက်ဖို့တစ်ရက်လောက်သာကြာနိုင်သည်။
"Padonမြို့မှာ သခင်မလေးရဲ့အမျိုးတွေရှိလို့လား?"
လျှို့ဝှက်သက်တော်စောင့်က မေး၏။
"ဒါမှမဟုတ် သခင်ကြီးက သူနဲ့ပြန်ဆုံဖို့ အဲ့ကိုလာဖို့ပြောခဲ့တာလား?"
"မဟုတ်ဘူး၊ ငါ Padonမြို့ကို ဒီအတိုင်းသွားချင်ရုံပဲ။"
နဉ်ရှု ဇွတ်တရွတ်ဟန်ဖြင့်ပြန်ဖြေလိုက်သည်။
ရထားလုံးက မကြာခင်မှာပဲ မြို့ကနေထွက်ခွာလာခဲ့၏။ မြို့ဝင်ပေါက်က ဝေးကွာပျောက်ကွယ်သွားတာကိုကြည့်ရင်း သူမ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတော့ သူမ ဒီလူတွေဆီကနေ တွန်းလှဲပြီးအဓမ္မကျင့်ခံရတာ၊ ကိုယ်ဝန်ရတာ၊ ကိုယ်ဝန်ပျက်ကျတဲ့အထိ အဓမ္မကျင့်ခံရတာ၊ ဓမ္မတာအချိန်မှာတွန်းလှဲပြီးအဓမ္မကျင့်ခံရတာတွေမခံရဘဲ လွတ်မြောက်လာခဲ့ပြီ။
တစ်ညလုံးအလုပ်ကြိုးစားပြီး ပင်ပန်းနေပြီဖြစ်တာကြောင့် ယွဲ့လန်ကိုမှီရင်းနှင့်ပင် နဉ်ရှုတစ်ယောက် အိပ်ပျော်သွားတော့သည်။
...
မေး : လျှို့ဝှက်သက်တော်စောင့်က အခန်းထဲကို ဘာလို့ခုန်ဝင်သွားတာလဲ?
(a) သူက အာရုံစိုက်မနေဘဲ သူတို့နှစ်ယောက်ကို အပြင်မှာမမြင်လို့။
(b) သူလည်း ကမ္ဘာသစ်ကိုစိတ်ဝင်စားလို့။
(c) ယွဲ့လန်ကို ဘာကများစိတ်လှုပ်ရှားအောင်လုပ်လိုက်လဲဆိုတာ သိချင်လို့။
.....
Advertisement
- In Serial73 Chapters
Nin the Seeker
Nin is a rabbit on a pilgrimage. There's a truth that beats within his heart, a truth that Nin can't even describe. If he could but just attach a name to this truth, it could mean the salvation of all rabbit-kind. He travels the world, meeting strange creatures with curious customs, learning their ways - all in hopes of uncovering this truth behind all truths, the secret behind all secrets. Short tales from the life of Nin.
8 209 - In Serial18 Chapters
Avalon
Several years in the future, the game Avalon is the pinnacle of professional Esports. Armed with a VR headset, motion tracking gloves, and a pad that controls movement, players work together in teams of 5 to pull the legendary sword Excalibur from its stone. Valentine (Val) Loo is a nineteen year old player who has dedicated his life to playing Avalon; however, monumental failures have left him as nothing more than a broke, toxic rager. This is Val's journey to becoming part of one of the greatest Avalon teams the world has ever seen. ------------- Expect short daily updates (~500 words) every weekday (Monday - Friday)
8 97 - In Serial11 Chapters
The Chameleon's Gift
“Heaven is high, and our people are far away.” War is looming in the world of man. Long have the Senlin tried to avoid it, but every day their numbers fall, and their way of life is increasingly threatened. Caw and Rock are members of the Pachon, one of the few remaining tribes of the Senlin. They are an ancient and sacred bloodline, their magical abilities enhanced by powerful heirlooms, cultivated over generations. When Caw loses both her and Rocks heirlooms to a Shen hunting party, she has no choice but to try and get them back.
8 202 - In Serial9 Chapters
The immortal snail problem
“You get 10 million coins, but a magic immortal snail will spawn within 10 kilometers of you. It is as fast as a regular snail, but it will always be chasing you. If it touches you - you die. Do you take the deal?” This obscure message is the first thing you see along with a gun near your head. What will you do if you don't even know where or who you are? Problem...Yeah... I would even call it 'The immortal snail problem'. Improvisational writing. I will try to make small irregular updates. There may be polls. Enjoy.
8 115 - In Serial15 Chapters
Always Knew You'd Come Back - Dunclet and Kladora
Hi, this is my first book! Enjoy!It had been years since the Baudelaires last saw the Quagmires. Count Olaf has died, but Esme and Carmelita survived the Hotel Denouement fire. VFD has finally caught up with them, and recruited the Baudelaires and Quagmires into the organization, but a surprise appears during their first mission. This book is a follow-up from The End, pls enjoy :D~!EDIT: This story is ON HOLD, due to your grounded author :PPS. It will feature more of Dunclet than Kladora, but both all the same!ALL CHARACTERS DO NOT BELONG TO ME, THEY BELONG TO DANIEL HANDLER.Love, blu_hoodie398Rankings to date:no. 6 on seriesofunfortunateevents no. 8 on carmelitaspatsno. 3 on esmesqualorno. 23 on kladorano. 14 on duncletno. 82 on asouea bunch of others i'm too lazy to list :P
8 144 - In Serial18 Chapters
legacy of the blade
Left in despair and loneliness by his parents until he is given a new family a new chance at life which he spends cursing his old parents for leaving him. Until he finds the reason he was left and that reason made him give on himself. Until he found a reason to live and that reason is brave adventure. Welcome to brave adventure a game where skill is emphasized over stats and death is as cruel and painful as the real world.(please note i'm not the best at English so you can correct me in the comments if it bothers you or ignore it
8 109