《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 26
Advertisement
[Zawgyi]
{နင့္ရဲ႕ညစ္ပတ္ေနတဲ့ဝိဥာဥ္ကိုေဆးေၾကာသင့္တယ္}
စစ္ထူခ်င္းယီြကပဲ သူမအေပၚထားတဲ့သေဘာထားေတြေျပာင္းလိုက္တာမဟုတ္ဘဲ ေလာ္ကြၽင့္ယြမ္ကလည္း ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ဆီ လက္ေဆာင္ေတြနဲ႔ ေန႔တိုင္းလာတတ္၏။ အကုန္လံုးက တန္ဖိုးႀကီးရွားပါးတဲ့ရတနာေတြပင္။
နဥ္ရႈမွာ ပိုလို႔ပင္သံသယဝင္လာရေတာ့သည္။ ဒီနွစ္ေယာက္က သူမကို ပိုးပန္းဖို႔ႀကိဳးစားေနၾကတာလား? သူမ သူမရဲ႕စိတ္လႈပ္ရွားေနတဲ့မ်က္နွာကို ဖံုးကြယ္ထားလိုက္သည္။ ဆဲြေဆာင္မႈအမွတ္ငါးမွတ္ေတာင္မရွိတဲ့ သူမလိုလူတစ္ေယာက္အေနနဲ႔ လူေတြက သူမကိို ပိုးပန္းဖို႔ႀကိဳးစားတဲ့တစ္ေန႔ရွိလာလိမ့္မယ္လို႔ သူမ ဘယ္တုန္းကမွထင္မထားခဲ့။ သူမ အေျမာက္စာဇာတ္ေကာင္ေလးျဖစ္ေနတုန္းက ဒီလိုမ်ိဳးဆက္ဆံတာ တစ္ခါမွမႀကံဳဖူးခဲ့။
သို႔ေသာ္လည္း သူမရဲ႕စိတ္လႈပ္ရွားမႈေလးမွာ မၾကာခင္တြင္ပင္ ကဲြေၾကသြားရေတာ့သည္။ သက္ေတာ္ေစာင့္ကေျပာလာ၏။
"သူတို႔နွစ္ေယာက္က ဘယ္သူက ခင္ဗ်ားနဲ႔အရင္ဆံုးခ်စ္ကြၽမ္းဝင္လာမလဲဆိုတာကို အေလာင္းအစားလုပ္ထားၾကတယ္။ က်ဳပ္ဘယ္လိုလုပ္သိလဲ မေမးနဲ႔။ ဒီအတိုင္းပဲသိတာ။ ေကာင္္းၿပီေလ၊ က်ဳပ္ခိုးနားေထာင္တာလာတာ။"
စိတ္လႈပ္ရွားမိတဲ့အတြက္ တံုးအသလို နဥ္ရႈ ခံစားလိုက္ရသည္။ ဒါက အလွေလးရဲ႕နွလံုးသားကိုရတဲ့သူက အလွေလးကိုပိုင္ဆိုင္ရမယ္ဆိုတဲ့ အေလာင္းအစားတစ္ခုအသြင္ေျပာင္းသြားေလၿပီ။
နဥ္ရႈ : …
ထင္တဲ့အတိုင္း ေခြးေတြက -်ီးစားတဲ့အက်င့္ကို မေျပာင္းနိုင္ဘူးပဲ။
ခဏေလာက္ေတာ့ သူမ ဆဲြေဆာင္မႈေတြရွိေနၿပီလို႔ သူမတကယ္ခံစားလိုက္ရေပမယ့္ အမ်ိဳးသားဇာတ္လိုက္ေတြက ဒီအမ်ိဳးသမီးဇာတ္လိုက္ရဲ႕ခႏၶာကိုယ္ေၾကာင့္ ဆဲြေဆာင္ခံေနရျခင္းသာ။ ဒါက သူမရဲ႕ကိုယ္ပိုင္ဆဲြေဆာင္မႈနွင့္ လံုးဝကိုမဆိုင္ပါေပ။
အခု ေလာ္ကြၽင့္ယြမ္က သူမေရွ႕မွာ ရစ္သီရစ္သီထပ္လုပ္ေနျပန္ၿပီ။
နဥ္ရႈ သူ႔ရဲ႕ နိုင္လိုမင္းထက္ျပဳမူလိုတဲ့ဥကၠဌတစ္ေယာက္လိုပံုစံကိုၾကည့္ရင္း သူက အေၾကာင္းအရာတစ္ခ်ိဳ႕ကို စတင္ေဆြးေႏြးေတာ့မွာျဖစ္ေၾကာင္း သူမသိေနသည္။
"မိန္းကေလး၊ ဒီမင္းသားနဲ႔ လိုက္ခဲ့ပါ။ ဒီမင္းသားက မင္းကို ျမင့္ျမတ္တဲ့အဆင့္အတန္းနဲ႔ ပိုၿပီးသက္ေတာင့္သက္သာရွိတဲ့ဘဝကို ေပးနိုင္တယ္။"
ေလာ္ကြၽင့္ယြမ္က နဥ္ရႈအား လက္ကမ္းေပးလိုက္သည္။
"ဒီမင္းသားက မင္းကို ခ်စ္ခင္သြားမွာပါ။"
"မင္းသားရဲ႕အိမ္ေတာ္မွာ ကိုယ္လုပ္ေတာ္သံုးဆယ္ေက်ာ္ေတာင္ရွိတယ္လို႔ ကြၽန္မၾကားတယ္။ ဒီနိမ့္က်တဲ့အမ်ိဳးသမီးသြားလိုက္ရင္ ဒီနိမ့္က်တဲ့အမ်ိဳးသမီးက ခ်က္ခ်င္းလိုလိုဆုတ္ၿဖဲခံလိုက္ရမွာမဟုတ္ဘူးလား?"
နဥ္ရႈက ေခါင္းယမ္းရင္း ေၾကာက္ရံြ႕ကာအကူအညီမဲ့ေနတဲ့အမူအရာလုပ္လိုက္သည္။
"အဲ့ေလာက္မ်ားတဲ့မိန္းမေတြမရွိပါဘူး။"
"ဒီမင္းသားက သူ႔ရဲ႕အေနာက္နန္းေဆာင္ကို မင္းအတြက္စြန္႔ပစ္ဖို႔ဆႏၵရွိတယ္။ မင္းက ဒီမင္းသားလိုခ်င္တဲ့ တစ္ဦးတည္းေသာသူပါပဲ!"
ေလာ္ကြၽင့္ယြမ္မွာ အေတာ္ေလးပ်ယာခတ္သြားသည္။ သူ႔တံေတြးေတြက နဥ္ရႈမ်က္နွာကို စင္လုနီးပါးပင္။ နဥ္ရႈ သူမရဲ႕ႀကီးမားၿပီးအရည္လဲ့ေနတဲ့မ်က္လံုးတစ္စံုကိုသာခ်န္ကာ မ်က္နွာကို လက္ကိုင္ပုဝါျဖင့္ အလ်င္အျမန္ကာရင္း ေျပာလိုက္သည္။
"ဒါေပမယ့္ ဒီနိမ့္က်တဲ့အမ်ိဳးသမီးက မင္းသားကိုမယံုၾကည္ရဲ႕ပါဘူး။ ေနာက္ၿပီး အဲ့ဒီ့မိန္းကေလးေတြကေရာ သူတို႔ေမာင္းထုတ္ခံလိုက္ရရင္ ဘယ္လိုလုပ္ၾကမွာလဲ?"
"အခုကစၿပီး မင္းက ဒီမင္းသားရဲာတစ္ဦးတည္းေသာအမ်ိဳးသမီးပဲ။ ဒီမင္းသားက တစ္ျခားမိန္းမေတြကို ထိမွာမဟုတ္ေတာ့ဘူး။ မင္း သူတို႔အတြက္စိတ္ပူဖို႔မလိုပါဘူး။ ဒီမင္းသားက သူတို႔အတြက္ရွင္သန္ေနထိုင္ဖို႔လံုေလာက္တဲ့ေငြေၾကးပမာဏကို ေပးလိုက္မွာပါ။"
ေလာ္ကြၽင့္ယြမ္က အသည္းအသန္ပင္ ကတိေပးသည္။
နဥ္ရႈ : ငါယိုး၊ ဘယ္လိုေတာင္ရံြစရာေကာင္လဲ! သူဂရုစိုက္တာက ဆက္ဆံဖို႔ပဲ။ ၿပီးတာနဲ႔ သူတို႔ကိုဂရုမစိုက္ဘဲ ေမာင္းထုတ္လိုက္တယ္ေပါ့?
ရံြဖို႔ေကာင္းလိုက္တာ။
နဥ္ရႈ သူ႔ကို အေတာ္ေလးရံြရွာေနေပၿပီ။ အဲ့ဒီ့မိန္းမေတြအတြက္ သူတို႔ေမာင္းထုတ္ခံလိုက္ရၿပီးရင္ ဘယ္ေလာက္ေတာင္ခက္ခဲလိုက္မလဲဆိုတာကို သူ ဘယ္တုန္းကမွ မစဥ္းစားဖူးဘူးပဲ။ ဒီေခတ္က ဥပေဒသံုးမ်ိဳးနဲ႔ သူေတာ္ေကာင္းတရားငါးပါးကိုလက္ကိုင္ထားတဲ့ စည္းကမ္းတင္းၾကပ္လြန္းတဲ့ေရွးေခတ္ပင္။ အမ်ိဳးသမီးဇာတ္လိုက္က လူပုေလးခုနစ္ေယာက္နဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္ေနတယ္ဆိုရင္ေတာင္ သူတို႔အေနနဲ႔ ျပည္သူလူထုရဲ႕ျပစ္တင္ေဝဖန္တာေတြကိုေရွာင္ရွားဖို႔ ေဝးလံေခါင္ဖ်ားတဲ့ေနရာကို ရွာကာေရႊ႕ေျပာင္းေနထိုင္ဖို႔လိုအပ္သည္။
နဥ္ရႈ ေက်ာက္စားပဲြအစြန္းက ခြက္ကိုယူကာ သူ႔မ်က္နွာကို ေရျဖင့္ပက္လိုက္သည္။ ရံြစရာေကာင္၊ နင့္ရဲ႕ညစ္ပတ္ေနတဲ့ဝိဥာဥ္ကို ေဆးေၾကာသင့္တယ္!
"အား! ငါ့လက္ေတြ ဘာျဖစ္တာလဲ? ဘာလို႔ ထိန္းခ်ဳပ္လို႔မရျဖစ္ေနတာလဲ? ဝူး..ဝူး..ဝူးးးး..."
ေလာ္ကြၽင့္ယြမ္ရဲ႕ေရေတြရႊၿပီးအံ့အားသက့္ေနတဲ့ပံုစံကိုလ်စ္လ်ဴ ရႈရင္း သူမ မ်က္ရည္ေတြကိုသုတ္ကာ နားေနေဆာင္အျပင္
ဘက္ကို ေျပးထြက္သြားလိုက္သည္။
"မမေလး၊ ဒီအေစထံကိုေစာင့္ပါဦး၊ ဒီအေစခံကိုေစာင့္ပါဦး!"
ယဲြ႕လန္က နဥ္ရႈေနာက္ကိုေျပးလိုက္လာသည္။
"မမေလး~"
နဥ္ရႈ သူမအခန္းဆီျပန္ေျပးလာလိုက္သည္။ ယဲြ႕လန္မွာ ႀကိဳးစားပန္းစားေျပးလိုက္လာရတာေၾကာင့္ အသက္ပင္မရွဴ နိုင္။ သူမ အေမာတေကာအသက္ရွဴ လိုက္ရင္း ထစ္ေငါ့စြာေျပာလိုက္သည္။
"မမေလး၊ ဘာ...ဘာလို႔၊ ဘာလို႔ ဒီအေစခံကို ဘယ္ေတာ့မွမေစာင့္ရတာလဲ?"
နဥ္ရႈ လက္ဖက္ရည္တစ္ခြက္ေသာက္လိုက္ကာ သက္ျပင္းရွည္ႀကီးခ်သည္။ ၿပီးေနာက္ သူမ ယဲြ႕လန္ဘက္လွည့္ကာ ေျပာလိုက္သည္။
"နင့္မမေလးက ဒီေနရာကေနထြက္သြားေတာ့မယ္။ နင္ ဘာလုပ္မွာလဲ?"
"ဒီအေစခံက မမေလးေနာက္ကိုလိုက္မွာပါ။ အသက္ရွင္ေနခ်ိန္မွာ ဒီအေစခံက မမေလးရဲ႕အေစခံျဖစ္ၿပီး ေသသြားခ်ိန္မွာေတာ့ မမေလးရဲ႕ေဘးကသရဲျဖစ္ေနပါ့မယ္။ ေက်းဇူးျပဳ ၿပီး ဒီအေစခံကို ေနာက္မွာခ်န္မထားခဲ့ပါနဲ႔ မမေလး။"
ယဲြ႕လန္ရဲ႕အမူအရာက ခိုင္ၾကည္ေနသည္။
နဥ္ရႈ ဒီလူနွစ္ေယာက္နဲ႔ဆက္ၿပီးမပတ္သက္ခ်င္ေတာ့တာေၾကာင့္ သူမထြက္သြားလို႔ရေနတုန္း ျမန္ျမန္ထြက္သြားဖို႔ဆံုးျဖတ္လိုက္သည္။ ဒါေပမယ့္ သူမထြက္မသြားခင္ အရင္ဆံုး စစ္သူႀကီးနဲ႔မင္းသားကို စိတ္ဒဏ္ရာႀကီးႀကီးေလးေပးရဦးမည္။
သူမ ဒီလူနွစ္ေယာက္ရဲ႕ အဓမၼက်င့္ခံရတာကို ေရွာင္ရွားနိုင္ခဲ့ၿပီး မူလဇာတ္ေၾကာင္းကိုပါ ေရွာင္ရွားနိုင္ခဲ့တဲ့အတြက္ လြန္ခဲ့တဲ့ရက္အနည္းငယ္တည္းက တာဝန္တစ္ဝက္ၿပီးေျမာက္ၿပီဟု ဆို၍ရသည္။
သူမ ကိစၥေတြကို ဆက္ၿပီးေနွာင့္ေစလို႔မရေတာ့။ ဒီနွစ္ေယာက္က စိတ္မရွည္ေတာ့ဘဲ သူမကို ခ်က္ခ်င္းႀကီးအဓမၼက်င့္လာမယ္ဆိုရင္ သူမမွာ ငိုစရာေနရာေလးေတာင္ရွိမွာမဟုတ္ေတာ့။
......
ယဲြ႕လန္က အေတာ္ေလးေတာ့သစၥာရွိသား။ အားမကိုးရတာတစ္ခုပဲ :")
......
[Unicode]
{နင့်ရဲ့ညစ်ပတ်နေတဲ့ဝိဥာဉ်ကိုဆေးကြောသင့်တယ်}
စစ်ထူချင်းယွီကပဲ သူမအပေါ်ထားတဲ့သဘောထားတွေပြောင်းလိုက်တာမဟုတ်ဘဲ လော်ကျွင့်ယွမ်ကလည်း ဝန်ကြီးချုပ်အိမ်တော်ဆီ လက်ဆောင်တွေနဲ့ နေ့တိုင်းလာတတ်၏။ အကုန်လုံးက တန်ဖိုးကြီးရှားပါးတဲ့ရတနာတွေပင်။
နဉ်ရှုမှာ ပိုလို့ပင်သံသယဝင်လာရတော့သည်။ ဒီနှစ်ယောက်က သူမကို ပိုးပန်းဖို့ကြိုးစားနေကြတာလား? သူမ သူမရဲ့စိတ်လှုပ်ရှားနေတဲ့မျက်နှာကို ဖုံးကွယ်ထားလိုက်သည်။ ဆွဲဆောင်မှုအမှတ်ငါးမှတ်တောင်မရှိတဲ့ သူမလိုလူတစ်ယောက်အနေနဲ့ လူတွေက သူမကို ပိုးပန်းဖို့ကြိုးစားတဲ့တစ်နေ့ရှိလာလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှထင်မထားခဲ့။ သူမ အမြောက်စာဇာတ်ကောင်လေးဖြစ်နေတုန်းက ဒီလိုမျိုးဆက်ဆံတာ တစ်ခါမှမကြုံဖူးခဲ့။
Advertisement
သို့သော်လည်း သူမရဲ့စိတ်လှုပ်ရှားမှုလေးမှာ မကြာခင်တွင်ပင် ကွဲကြေသွားရတော့သည်။ သက်တော်စောင့်ကပြောလာ၏။
"သူတို့နှစ်ယောက်က ဘယ်သူက ခင်ဗျားနဲ့အရင်ဆုံးချစ်ကျွမ်းဝင်လာမလဲဆိုတာကို အလောင်းအစားလုပ်ထားကြတယ်။ ကျုပ်ဘယ်လိုလုပ်သိလဲ မမေးနဲ့။ ဒီအတိုင်းပဲသိတာ။ ကောင်းပြီလေ၊ ကျုပ်ခိုးနားထောင်တာလာတာ။"
စိတ်လှုပ်ရှားမိတဲ့အတွက် တုံးအသလို နဉ်ရှု ခံစားလိုက်ရသည်။ ဒါက အလှလေးရဲ့နှလုံးသားကိုရတဲ့သူက အလှလေးကိုပိုင်ဆိုင်ရမယ်ဆိုတဲ့ အလောင်းအစားတစ်ခုအသွင်ပြောင်းသွားလေပြီ။
နဉ်ရှု : …
ထင်တဲ့အတိုင်း ခွေးတွေက -ျီးစားတဲ့အကျင့်ကို မပြောင်းနိုင်ဘူးပဲ။
ခဏလောက်တော့ သူမ ဆွဲဆောင်မှုတွေရှိနေပြီလို့ သူမတကယ်ခံစားလိုက်ရပေမယ့် အမျိုးသားဇာတ်လိုက်တွေက ဒီအမျိုးသမီးဇာတ်လိုက်ရဲ့ခန္ဓာကိုယ်ကြောင့် ဆွဲဆောင်ခံနေရခြင်းသာ။ ဒါက သူမရဲ့ကိုယ်ပိုင်ဆွဲဆောင်မှုနှင့် လုံးဝကိုမဆိုင်ပါပေ။
အခု လော်ကျွင့်ယွမ်က သူမရှေ့မှာ ရစ်သီရစ်သီထပ်လုပ်နေပြန်ပြီ။
နဉ်ရှု သူ့ရဲ့ နိုင်လိုမင်းထက်ပြုမူလိုတဲ့ဥက္ကဌတစ်ယောက်လိုပုံစံကိုကြည့်ရင်း သူက အကြောင်းအရာတစ်ချို့ကို စတင်ဆွေးနွေးတော့မှာဖြစ်ကြောင်း သူမသိနေသည်။
"မိန်းကလေး၊ ဒီမင်းသားနဲ့ လိုက်ခဲ့ပါ။ ဒီမင်းသားက မင်းကို မြင့်မြတ်တဲ့အဆင့်အတန်းနဲ့ ပိုပြီးသက်တောင့်သက်သာရှိတဲ့ဘဝကို ပေးနိုင်တယ်။"
လော်ကျွင့်ယွမ်က နဉ်ရှုအား လက်ကမ်းပေးလိုက်သည်။
"ဒီမင်းသားက မင်းကို ချစ်ခင်သွားမှာပါ။"
"မင်းသားရဲ့အိမ်တော်မှာ ကိုယ်လုပ်တော်သုံးဆယ်ကျော်တောင်ရှိတယ်လို့ ကျွန်မကြားတယ်။ ဒီနိမ့်ကျတဲ့အမျိုးသမီးသွားလိုက်ရင် ဒီနိမ့်ကျတဲ့အမျိုးသမီးက ချက်ချင်းလိုလိုဆုတ်ဖြဲခံလိုက်ရမှာမဟုတ်ဘူးလား?"
နဉ်ရှုက ခေါင်းယမ်းရင်း ကြောက်ရွံ့ကာအကူအညီမဲ့နေတဲ့အမူအရာလုပ်လိုက်သည်။
"အဲ့လောက်များတဲ့မိန်းမတွေမရှိပါဘူး။"
"ဒီမင်းသားက သူ့ရဲ့အနောက်နန်းဆောင်ကို မင်းအတွက်စွန့်ပစ်ဖို့ဆန္ဒရှိတယ်။ မင်းက ဒီမင်းသားလိုချင်တဲ့ တစ်ဦးတည်းသောသူပါပဲ!"
လော်ကျွင့်ယွမ်မှာ အတော်လေးပျယာခတ်သွားသည်။ သူ့တံတွေးတွေက နဉ်ရှုမျက်နှာကို စင်လုနီးပါးပင်။ နဉ်ရှု သူမရဲ့ကြီးမားပြီးအရည်လဲ့နေတဲ့မျက်လုံးတစ်စုံကိုသာချန်ကာ မျက်နှာကို လက်ကိုင်ပုဝါဖြင့် အလျင်အမြန်ကာရင်း ပြောလိုက်သည်။
"ဒါပေမယ့် ဒီနိမ့်ကျတဲ့အမျိုးသမီးက မင်းသားကိုမယုံကြည်ရဲ့ပါဘူး။ နောက်ပြီး အဲ့ဒီ့မိန်းကလေးတွေကရော သူတို့မောင်းထုတ်ခံလိုက်ရရင် ဘယ်လိုလုပ်ကြမှာလဲ?"
"အခုကစပြီး မင်းက ဒီမင်းသားရဲာတစ်ဦးတည်းသောအမျိုးသမီးပဲ။ ဒီမင်းသားက တစ်ခြားမိန်းမတွေကို ထိမှာမဟုတ်တော့ဘူး။ မင်း သူတို့အတွက်စိတ်ပူဖို့မလိုပါဘူး။ ဒီမင်းသားက သူတို့အတွက်ရှင်သန်နေထိုင်ဖို့လုံလောက်တဲ့ငွေကြေးပမာဏကို ပေးလိုက်မှာပါ။"
လော်ကျွင့်ယွမ်က အသည်းအသန်ပင် ကတိပေးသည်။
နဉ်ရှု : ငါယိုး၊ ဘယ်လိုတောင်ရွံစရာကောင်လဲ! သူဂရုစိုက်တာက ဆက်ဆံဖို့ပဲ။ ပြီးတာနဲ့ သူတို့ကိုဂရုမစိုက်ဘဲ မောင်းထုတ်လိုက်တယ်ပေါ့?
ရွံဖို့ကောင်းလိုက်တာ။
နဉ်ရှု သူ့ကို အတော်လေးရွံရှာနေပေပြီ။ အဲ့ဒီ့မိန်းမတွေအတွက် သူတို့မောင်းထုတ်ခံလိုက်ရပြီးရင် ဘယ်လောက်တောင်ခက်ခဲလိုက်မလဲဆိုတာကို သူ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူးပဲ။ ဒီခေတ်က ဥပဒေသုံးမျိုးနဲ့ သူတော်ကောင်းတရားငါးပါးကိုလက်ကိုင်ထားတဲ့ စည်းကမ်းတင်းကြပ်လွန်းတဲ့ရှေးခေတ်ပင်။ အမျိုးသမီးဇာတ်လိုက်က လူပုလေးခုနစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတယ်ဆိုရင်တောင် သူတို့အနေနဲ့ ပြည်သူလူထုရဲ့ပြစ်တင်ဝေဖန်တာတွေကိုရှောင်ရှားဖို့ ဝေးလံခေါင်ဖျားတဲ့နေရာကို ရှာကာရွှေ့ပြောင်းနေထိုင်ဖို့လိုအပ်သည်။
နဉ်ရှု ကျောက်စားပွဲအစွန်းက ခွက်ကိုယူကာ သူ့မျက်နှာကို ရေဖြင့်ပက်လိုက်သည်။ ရွံစရာကောင်၊ နင့်ရဲ့ညစ်ပတ်နေတဲ့ဝိဥာဉ်ကို ဆေးကြောသင့်တယ်!
"အား! ငါ့လက်တွေ ဘာဖြစ်တာလဲ? ဘာလို့ ထိန်းချုပ်လို့မရဖြစ်နေတာလဲ? ဝူး..ဝူး..ဝူးးးး..."
လော်ကျွင့်ယွမ်ရဲ့ရေတွေရွှပြီးအံ့အားသက့်နေတဲ့ပုံစံကိုလျစ်လျူ ရှုရင်း သူမ မျက်ရည်တွေကိုသုတ်ကာ နားနေဆောင်အပြင်
ဘက်ကို ပြေးထွက်သွားလိုက်သည်။
"မမလေး၊ ဒီအစေထံကိုစောင့်ပါဦး၊ ဒီအစေခံကိုစောင့်ပါဦး!"
ယွဲ့လန်က နဉ်ရှုနောက်ကိုပြေးလိုက်လာသည်။
"မမလေး~"
နဉ်ရှု သူမအခန်းဆီပြန်ပြေးလာလိုက်သည်။ ယွဲ့လန်မှာ ကြိုးစားပန်းစားပြေးလိုက်လာရတာကြောင့် အသက်ပင်မရှူ နိုင်။ သူမ အမောတကောအသက်ရှူ လိုက်ရင်း ထစ်ငေါ့စွာပြောလိုက်သည်။
"မမလေး၊ ဘာ...ဘာလို့၊ ဘာလို့ ဒီအစေခံကို ဘယ်တော့မှမစောင့်ရတာလဲ?"
နဉ်ရှု လက်ဖက်ရည်တစ်ခွက်သောက်လိုက်ကာ သက်ပြင်းရှည်ကြီးချသည်။ ပြီးနောက် သူမ ယွဲ့လန်ဘက်လှည့်ကာ ပြောလိုက်သည်။
"နင့်မမလေးက ဒီနေရာကနေထွက်သွားတော့မယ်။ နင် ဘာလုပ်မှာလဲ?"
"ဒီအစေခံက မမလေးနောက်ကိုလိုက်မှာပါ။ အသက်ရှင်နေချိန်မှာ ဒီအစေခံက မမလေးရဲ့အစေခံဖြစ်ပြီး သေသွားချိန်မှာတော့ မမလေးရဲ့ဘေးကသရဲဖြစ်နေပါ့မယ်။ ကျေးဇူးပြု ပြီး ဒီအစေခံကို နောက်မှာချန်မထားခဲ့ပါနဲ့ မမလေး။"
ယွဲ့လန်ရဲ့အမူအရာက ခိုင်ကြည်နေသည်။
နဉ်ရှု ဒီလူနှစ်ယောက်နဲ့ဆက်ပြီးမပတ်သက်ချင်တော့တာကြောင့် သူမထွက်သွားလို့ရနေတုန်း မြန်မြန်ထွက်သွားဖို့ဆုံးဖြတ်လိုက်သည်။ ဒါပေမယ့် သူမထွက်မသွားခင် အရင်ဆုံး စစ်သူကြီးနဲ့မင်းသားကို စိတ်ဒဏ်ရာကြီးကြီးလေးပေးရဦးမည်။
သူမ ဒီလူနှစ်ယောက်ရဲ့ အဓမ္မကျင့်ခံရတာကို ရှောင်ရှားနိုင်ခဲ့ပြီး မူလဇာတ်ကြောင်းကိုပါ ရှောင်ရှားနိုင်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့ရက်အနည်းငယ်တည်းက တာဝန်တစ်ဝက်ပြီးမြောက်ပြီဟု ဆို၍ရသည်။
သူမ ကိစ္စတွေကို ဆက်ပြီးနှောင့်စေလို့မရတော့။ ဒီနှစ်ယောက်က စိတ်မရှည်တော့ဘဲ သူမကို ချက်ချင်းကြီးအဓမ္မကျင့်လာမယ်ဆိုရင် သူမမှာ ငိုစရာနေရာလေးတောင်ရှိမှာမဟုတ်တော့။
......
ယွဲ့လန်က အတော်လေးတော့သစ္စာရှိသား။ အားမကိုးရတာတစ်ခုပဲ :")
......
Advertisement
- In Serial38 Chapters
Al-Mos... Qui-t-o Live A Second Life
I was once a bad person who died after misfortune and found myself in another world, with a seemingly.. unusual body. I don't have arms and just legs, I don't have ears but I can hear using those two long antennas and most importantly, I can fly. It seems that I don't have a body of a human... So.. what's the point of continuing living with such a disgusting and terrible form? No... Wait.. it seems I have an ability, shapeshifting! That's means I can still go back into human forms, don't I? But everything has consequences, so it was also true with this ability. I should be able to defeat the form I want to mimic first before I can use them. So, will I be able to continue to live in this another world, or will I just die as well? Note: You can also view this story in another site; Webnovel.com and ScribbleHub.com If you want to read my book in advance.. you can do it by being a member in https://www.patreon.com/zhowen_xialin. I'll post a week chapters there.
8 103 - In Serial51 Chapters
Harry Potter and the Shadow of the Dark Lord
In a twist of fate, Harry Potter finds himself saved from the killing curse by a charm that gave him memories from a man from another world. A man who knew about wizards and magic before he did, and holds the secrets of his world in his head. He grows up with the talent of a grown wizard, the love of a mother, and the many mysteries of the wizarding world hidden within a voice that was ever present in his mind. But his world turns on it’s head as he discovers that the other owner of the voice was Lord Voldemort himself, and he now had all the knowledge he needed to enslave the entire wizarding world. Fated friends became sworn enemies and destined enemies became inseparable friends. Join Harry in this new world under the shadow of the dark lord. Join my discord server to give me some ideas about the fanfic - https://discord.gg/bJagK5B7ut I do not own Harry Potter. Full credits go to the owner. Authors : Evolvingyanjing DemonsDescent
8 233 - In Serial11 Chapters
The Khazam's World
a group of students find themselves in another world, that resembles a standard MMORPG, tricked into leaving home for a new life. They will find both the wonders and horrors promised, and much more. Familial secrets, bonds, and more will be found, broken, repaired and shattered. The consequences here are much more dire than they first seem, especially death.
8 190 - In Serial13 Chapters
Dragons of Dark Rebellion in A World of Essence
In a world where cultivation is the highest form of virtue, the purity of one’s blood is of absolute value. Saul is neither Arloni, nor Delcairan. He’s both. But when a strange ring suddenly falls into his hands, nineteen year old Saul is more than willing to push the boundary between fantasy and reality. However, things are not as they once were in Falden. At a time where Saul finally confronts lord Albryte’s sons after years of torment and abuse, his father’s health is fading fast. Suddenly faced with the consequences of his actions, Saul is forced to make a difficult decision. And as he fights his own battle, dark forces descend upon Lucidia. Followed by a pair of glowing red eyes, a stranger appears in the night, visiting Falden with unfavorable intentions. Even worse, nameless assassins strike at the heart of the capital, leaving Eliza Zaryph, the black sheep of the ruling house of Lucidia, shouldering the burden of governing a kingdom that once turned its back on her. As the world marches toward chaos, their lives take a drastic turn. Will Saul abandon those he holds most dear? Will Eliza drown herself in the past? Or will they struggle against fate and seize the future with their own hands? Tomorrow remains uncertain. But the Sun will show them the way. Author's Note: Inspired by the Wuxia/Xianxia genre the magic system is comprised of cultivating through different Worlds of power, where each World offers more strength and abilities. Currently there are five Worlds known: Essence Practitioner, Essence Channeler, Essence Warrior, Essence Conquerer, and finally Essence Ruler. (And for the best reading experience I recomend altering your width setting to about 70 or 80 percent on desktop.) Table of Contents: Prologue Part 1: Homecoming (chapters 1-12) Part 2: Journey (chapters 13-25) About 70 percent complete. I'll update this figure over time and begin posting again after I finish it and go through several rounds of editing.
8 152 - In Serial148 Chapters
Completed books !
خيليا تا وقتي فن فيك كامل نشه نميخوننش نميدونم اين چقدر به دردتون ميخوره اينجا پيج و اسم فن فيك های لری كه پابليش شدن رو ميگيم🌟⚠️🌟:خب اینجا خیلی از فن فیکشن هارو گذاشتم که برای سه چهار سال پیش ان! طبیعیه خیلی ازینا پاک شده باشن یا آیدی هاشون رو عوض کرده باشن. به هرحال پیداشون نمیکنید ؛ پیشنهادم اینه که از آخرین قسمت که گذاشتم شروع کنید که فف ها جدیدترن و امکان اینکه پیداشون نکنید خیلی کمه@nmsh_larry ممنون برای زحمتِ آپ کردن این بوک💚💙ممنون برای کاور صــــــــــبو 💚🍏🍭🍬@iwontbetheone
8 166 - In Serial200 Chapters
Hockey Imagines
Requests are closed!
8 261

