《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 22
Advertisement
[Zawgyi]
{ (ノಠ益ಠ)ノ彡┻━┻ }
စစ္ထူခ်င္းယီြက ေဒါသတႀကီးျဖင့္ စားပဲြကိုလွန္ခ်လိုက္တာေၾကာင့္ စားပဲြေပၚရွိပန္းကန္မ်ားနွင့္ခြက္မ်ားကို ၾကမ္းေပၚျပဳတ္က်ကာ ရႈပ္ပြသြားေစ၏။
Fuck! ရွင္က သန္မာတာနဲ႔ပဲ အရမ္းကိုအထင္ႀကီးခ်င္စရာေကာင္းတယ္လို႔ ထင္ေနတာလား? ငါလည္း ျပိဳင္ဘက္ကင္းသိုင္းပညာကိုေလ့က်င့္တဲ့အခ်ိန္က်ရင္ စားပဲြေတြလွန္နိုင္တယ္ဆိုတာ နင္သိေအာင္ေျပာရဦးမယ္!
"ဒီၿခံဝင္းကို တင္းတင္းၾကပ္ၾကပ္ေစာင့္ၾကည့္ထား။ ဒီကို အစားအစာမပို႔ရဘူး!"
စစ္ထူခ်င္းယီြက နဥ္ရႈကိုေအးစက္စြာမေျပာခင္ အဝင္ဝမွာရွိတဲ့ အေစာင့္စစ္သည္အဖဲြ႕ကို လွမ္းေအာ္လိုက္သည္။
"မင္း မစားခ်င္မွေတာ့ အငတ္ေနၿပီးေသလိုက္ေတာ့။"
နဥ္ရႈက အင္မတန္ေမာက္မာစြာျဖင့္ ဟမ့္ကနဲလုပ္ကာ သူ႔ကို ရံြရွာသနားသည့္အၾကည့္မ်ားျဖင့္ ဆက္ၾကည့္ေနေလ၏။
စစ္ထူခ်င္းယီြက ပို၍ပင္စိတ္တိုလာကာ ထိတ္လန္႔ဖို႔ေကာင္းစြာေျပာလာ၏။
"ဒီစစ္သူႀကီးကို ဒီလိုၾကည့္ရဲ႕တယ္ဆိုေတာ့ မင္းမ်က္လံုးေတြကို ထပ္မလိုခ်င္ေတာ့တဲ့ပံုပဲ။"
ထို႔ေနာက္ သူက ေအးစက္စြာရယ္ေလ၏။
"သူတို႔အကုန္လံုးကေျပာတယ္။ မိန္းမတစ္ေယာက္ရဲ႕ခႏၶာကိုယ္ကိုရၿပီးတာနဲ႔ နွလံုးသားကိုပါရလိမ့္မယ္တဲ့။ မင္းက စိတ္ႀကီးဝင္ဘဝျမင့္ေနေပမယ့္ ဒီစစ္သူႀကီး မင္းကိုပိုင္ဆိုင္ၿပီးတာနဲ႔ ေနာက္က်ရင္ မင္းက ဒီစစ္သူႀကီးကိုခ်စ္ပါတယ္လို႔ေျပာဆိုငိုေႂကြးေနရၿပီး မင္းကိုျပန္ခ်စ္လာဖို႔ ဒီစစ္သူႀကီးကိုေတာင္းပန္ေနရလိမ့္မယ္။"
နဥ္ရႈ : …
စစ္ထူခ်င္းယီြရဲ႕မ်က္ဝန္းေတြက မည္းေမွာင္ေနလ်က္ သူက နဥ္ရႈဆီတိုးကပ္သြားသည္။ သူက သူမကို ထပ္ၿပီးဖိအားေပးဖို႔ဆံုးျဖတ္ထားတာ ေသခ်ာေနသည္။ သို႔ေသာ္လည္း နဥ္ရႈကေတာ့ အေရးမစိုက္သလိုသာေန,ေနကာ သူ႔ကိုၾကည့္ၿပီးမွတ္ခ်က္ခ်လိုက္သည္။
"ရွင့္ဆီက ဟင္းနံ႔ေတြရတယ္။"
စစ္ထူခ်င္းယီြ စားပဲြကိုေမွာက္လွန္လိုက္ခ်ိန္တုန္းက စြပ္ျပဳတ္အခ်ိဳ႕က သူ႔ကိုစင္သြားခဲ့သည္။
စစ္ထူခ်င္းယီြရဲ႕မ်က္နွာက ျဖဴ ေရာ္သြားသည္။
"မုယန္မုန္႔၊ မင္း ဒီစစ္သူႀကီးရဲ႕စိတ္ရွည္မႈကို အႀကိမ္ႀကိမ္ထိပါးေနတာပဲ။ ဒီစစ္သူႀကီးက ဒီအတြက္ မင္းျပန္ေပးဆပ္ေစရေအာင္လုပ္မွာ။"
ထို႔ေနာက္ သူက လွည့္ထြက္သြားေတာ့သည္။
နဥ္ရႈက စိတ္ပ်က္စြာျဖင့္ နႈတ္ခမ္းမ်ားကိုတြန္႔ေကြးလိုက္သည္။ သူက အင္မတိအင္မတန္ကိုမွ မာနႀကီးေသာ္လည္း တစ္ခ်ိန္တည္းမွာပင္ အရမ္းကိုသိမ္ငယ္ေနတတ္ျပန္သည္။
စစ္ထူခ်င္းယီြက ဒီကိုအစားအစာမပို႔ဖို႔အမိန္႔ေပးၿပီးတဲ့ေနာက္ ရက္အေတာ္ၾကာသည္အထိ မည္သူမွစားစရာလာမပို႔တာေၾကာင့္ နဥ္ရႈနဲ႔ယဲြ႕လန္မွာ ေပါက္စီမ်ားကိုသာေန႔တိုင္းစားေနရေတာ့သည္။ မ်က္နွာေလးေထာင့္နဲ႔လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က သူမတို႔အတြက္ မၾကာမၾကာဆိုသလိုပင္ စားစရာမ်ားယူလာေပးလိမ့္မည္။
နဥ္ရႈကား သူမရဲ႕ေန႔ရက္မ်ားကို ေအးေဆးသက္သာစြာပင္ ျဖတ္သန္းလာခဲ့၏။
စစ္ထူခ်င္းယီြက မုယန္မုန္႔တစ္ေယာက္ သူ႔ကိုလာေတာင္းပန္လိမ့္မယ္လို႔ အျပည့္အဝယံုၾကည္ထားေသာ္လည္း ရက္အေတာ္ၾကာေစာင္ဆိုင္းၿပီးသည္အထိ သူမရဲ႕အရိပ္အေယာင္ေလးကိုပင္ မေတြ႕ရေခ်။ သူမက အခုအခ်ိန္ထိ ျပည့္စံုေကာင္းမြန္စြာေန,ေနေသးသည္ကိုျမင္ေသာအခါ သူက ေအးစက္စြာရယ္လိုက္ေလ၏။ ဒီမိန္းမမွာ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္တစ္ေယာက္ရွိေနေသးတယ္ဆိုတာ သူေမ့သြားတယ္။
သူက မုန္းတီးစြာပင္ေျပာလာသည္။
"မင္းရဲ႕လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကို ဒီစစ္သူႀကီးသတ္လိုက္ရင္ မင္း ဘာကိုမွီခိုဦးမလဲ?"
နဥ္ရႈက ခပ္ေထ့ေထ့ရယ္ျခင္းျဖင့္သာတုန္႔ျပန္သည္။ သူမ စိတၱဇေကာင္နဲ႔စကားေျပာဖို႔ စိတ္မဝင္စားပါဘူးေနာ္။
စစ္ထူခ်င္းယီြရဲ႕အမူအရာမွာ ေအးစက္သြားေတာ့သည္။
"မင္းရဲ႕မာေနေတြက ဘယ္ကမ်ားေရာက္လာသလဲဆိုတာ ဒီစစ္သူႀကီးနားမလည္နိုင္ေတာ့ဘူး။ မင္းက ဝန္ႀကီးခ်ဳပ္ရဲ႕သမီးမဟုတ္ေတာ့သလို သုန္ဟြာျပည္ရဲ႕ျမင့္ျမတ္တဲ့မမေလးလည္းမဟုတ္ေတာ့ဘူး။ မင္းက ဒီစစ္သူႀကီးရဲ႕အက်ဥ္းသား၊ အမ်ိဳးသမီးအေစခံတစ္ေယာက္ပဲ။ မင္းရဲ႕ ေသျခင္း၊ ရွင္ျခင္းက ဒီစစ္သူႀကီးရဲ႕စိတ္အေပၚမွာပဲမူတည္တယ္။"
"မင္းအခုလုပ္သင့္တာက ဒီစစ္သူႀကီးကို မင္းရဲ႕နွလံုးသား၊ မင္းရဲ႕စိတ္ဝိဥာဥ္၊ မင္းရဲ႕ကိုယ္ကိုေပးအပ္ၿပီး ဒီစစ္သူႀကီးဆီက မ်က္နွာသာအေပးခံရေအာင္ပဲ။ မင္း ဒီစစ္သူႀကီးကို ရန္စမေနသင့္ဘူး။ အက်ိဳးဆက္ေတြကို မင္းခံနိုင္ရည္ရွိမွာမဟုတ္ဘူး။"
စစ္ထူခ်င္းယီြက နဥ္ရႈကို သီးျခားဆန္သည့္အမူအရာျဖင့္ ငံု႔ၾကည့္လာ၏။
နဥ္ရႈ : …
သူက သူ႔ဘာသာစကားေျပာတဲ့ေနရာမွာေတာ့ ေတာ္သားပဲ။
သူ႔စကားေတြက နဥ္ရႈအေပၚမသက္ေရာက္တာကို စစ္ထူခ်င္းယီြျမင္တဲ့အခါ သူက အားထပ္သံုးရန္ဆံုးျဖတ္လိုက္သည္။နဥ္ရႈမွာ စဥ္းေတာင္မဥ္းစားေတာ့ဘဲ ခ်က္ခ်င္းပင္ခရာကိုမႈတ္လိုက္ေလ၏။
အနက္ေရာင္ဝတ္စံုကိုျပန္ဝတ္ထားတဲ့လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ျပတင္းေပါက္ကေနခုန္ဝင္လာသည္။ စစ္ထူခ်င္းယီြ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကို ေအးစက္စြာၾကည့္လိုက္သည္။
"ဒီစစ္သူႀကီး မင္းကိုဒီေန႔မွမသတ္ရင္ ဒီစစ္သူႀကီးရဲ႕မ်ိဳးရိုးက စစ္ထူမဟုတ္ေတာ့ဘူး။"
နွစ္ေယာက္သား အျပင္းအထန္တိုက္ခိုက္ၾကေတာ့သည္။ ဤတစ္ႀကိမ္တြင္မူ သက္ေတာ္ေစာင့္သည္ထြက္ေျပးျခင္းမရွိဘဲ စစ္ထူခ်င္းယီြကို သူတတ္နိုင္သမ်ွခုခံရင္ဆိုင္ေလ၏။ သူတို႔က အေတာ္ေလးပင္ လက္ရည္ညီေနၾကသည္။
"စစ္သူႀကီး၊ ဘုရင္ခံမင္းသားေရာက္လာၿပီး စစ္သူႀကီးကို ဧည့္ခန္းမွာေစာင့္ေနပါတယ္။"
တံခါးအျပင္ဘက္က အေစာင့္တစ္ေယာက္က စစ္ထူခ်င္းယီြကို သတင္းပို႔လာသည္။
စစ္ထူခ်င္းယီြ ခဏမ်ွရပ္တန္႔သြားၿပီး လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က သူ႔ရဲ႕အာရံုပ်ံ႕လြင့္သြားမႈကို အခြင့္ေကာင္းယူကာ တိုက္ခိုက္လာသည္။ စစ္ထူခ်င္းယီြက မသဲမကဲြညည္းညဴ ကာ ရင္ဘတ္ကိုဆုပ္ကိုင္ရင္း နႈတ္ခမ္းေထာင့္မွစီးက်လာေသာေသြးမ်ားကိုသုတ္လိုိက္သည္။ သူက နဥ္ရႈနဲ႔လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ကို ေအးစက္စြာၾကည့္ကာေျပာလာ၏။
"ဟက္...အရမ္းေကာင္းတယ္။"
လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္က ျပတင္းေပါက္အျပင္ဘက္ကိုခုန္ထြက္ကာ ထြက္ေျပးသြားေလ၏။
စစ္ထူခ်င္းယီြက နဥ္ရႈကိုစိုက္ၾကည့္ၿပီးေနာက္ လွည့္ထြက္သြားေတာ့သည္။
နဥ္ရႈ သူမရင္ဘတ္ကိုပုတ္ကာ စိတ္သက္သာရာရစြာျဖင့္ေျပာလိုက္သည္။
"ေနာက္တစ္ႀကိမ္ ထပ္ေရွာင္နိုင္ခဲ့ၿပီ။"
"မမေလး...ဒီေနရာက ထြက္သြားရေအာင္။ ဒါက အရမ္းအႏၲရာယ္မ်ားလြန္းတယ္။"
ယဲြ႕လန္က ျဖဴ ေဖ်ာ့ေနေသာမ်က္နွာျဖင့္ ေျပာလာသည္။
နဥ္ရႈ ျဖည္းညင္းစြာသက္ျပင္းခ်လိုက္သည္။
ခဏေလာက္ၾကာၿပီးေနာက္မွာ အေစခံတစ္ေယာက္က နဥ္ရႈဆီေရာက္လာသည္။
"စစ္သူႀကီးက ရွင့္ကိုဧည့္ခန္းထဲေခၚလိုက္တယ္။ မင္းသားက ရွင့္ကိုေတြ႕ခ်င္ေနတယ္။ စစ္သူႀကီးက ရွင့္ကို ျဖစ္သလိုဝတ္လာဖို႔မွာလိုက္တယ္။"
ေလာ္ကြၽင့္ယြမ္က သူမကိုေတြ႕ခ်င္တယ္?
ျဖစ္သလိုဝတ္လာရမယ္?
"ယဲြ႕လန္၊ ငါ့ကို အဝတ္လဲဖို႔ကူညီဦး။ တတ္နိုင္သမ်ွအလွဆံုးျပင္ေပး။"
နဥ္ရႈ ေျပာလိုက္သည္။
ယဲြ႕လန္က ခ်က္ခ်င္းပင္ျပန္ေျဖလာ၏။
"နားလည္ပါၿပီ။"
ဘုရင္ခံမင္းသားက သူမရဲ႕မမေလးကို ဒီေနရာကေနေခၚထုတ္သြားနိုင္ဖို႔ ယဲြ႕လန္ေမ်ွာ္လင့္ေနခဲ့ျခင္းျဖစ္သည္။
......
[Unicode]
{ (ノಠ益ಠ)ノ彡┻━┻ }
စစ်ထူချင်းယွီက ဒေါသတကြီးဖြင့် စားပွဲကိုလှန်ချလိုက်တာကြောင့် စားပွဲပေါ်ရှိပန်းကန်များနှင့်ခွက်များကို ကြမ်းပေါ်ပြုတ်ကျကာ ရှုပ်ပွသွားစေ၏။
Fuck! ရှင်က သန်မာတာနဲ့ပဲ အရမ်းကိုအထင်ကြီးချင်စရာကောင်းတယ်လို့ ထင်နေတာလား? ငါလည်း ပြိုင်ဘက်ကင်းသိုင်းပညာကိုလေ့ကျင့်တဲ့အချိန်ကျရင် စားပွဲတွေလှန်နိုင်တယ်ဆိုတာ နင်သိအောင်ပြောရဦးမယ်!
"ဒီခြံဝင်းကို တင်းတင်းကြပ်ကြပ်စောင့်ကြည့်ထား။ ဒီကို အစားအစာမပို့ရဘူး!"
Advertisement
စစ်ထူချင်းယွီက နဉ်ရှုကိုအေးစက်စွာမပြောခင် အဝင်ဝမှာရှိတဲ့ အစောင့်စစ်သည်အဖွဲ့ကို လှမ်းအော်လိုက်သည်။
"မင်း မစားချင်မှတော့ အငတ်နေပြီးသေလိုက်တော့။"
နဉ်ရှုက အင်မတန်မောက်မာစွာဖြင့် ဟမ့်ကနဲလုပ်ကာ သူ့ကို ရွံရှာသနားသည့်အကြည့်များဖြင့် ဆက်ကြည့်နေလေ၏။
စစ်ထူချင်းယွီက ပို၍ပင်စိတ်တိုလာကာ ထိတ်လန့်ဖို့ကောင်းစွာပြောလာ၏။
"ဒီစစ်သူကြီးကို ဒီလိုကြည့်ရဲ့တယ်ဆိုတော့ မင်းမျက်လုံးတွေကို ထပ်မလိုချင်တော့တဲ့ပုံပဲ။"
ထို့နောက် သူက အေးစက်စွာရယ်လေ၏။
"သူတို့အကုန်လုံးကပြောတယ်။ မိန်းမတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုရပြီးတာနဲ့ နှလုံးသားကိုပါရလိမ့်မယ်တဲ့။ မင်းက စိတ်ကြီးဝင်ဘဝမြင့်နေပေမယ့် ဒီစစ်သူကြီး မင်းကိုပိုင်ဆိုင်ပြီးတာနဲ့ နောက်ကျရင် မင်းက ဒီစစ်သူကြီးကိုချစ်ပါတယ်လို့ပြောဆိုငိုကြွေးနေရပြီး မင်းကိုပြန်ချစ်လာဖို့ ဒီစစ်သူကြီးကိုတောင်းပန်နေရလိမ့်မယ်။"
နဉ်ရှု : …
စစ်ထူချင်းယွီရဲ့မျက်ဝန်းတွေက မည်းမှောင်နေလျက် သူက နဉ်ရှုဆီတိုးကပ်သွားသည်။ သူက သူမကို ထပ်ပြီးဖိအားပေးဖို့ဆုံးဖြတ်ထားတာ သေချာနေသည်။ သို့သော်လည်း နဉ်ရှုကတော့ အရေးမစိုက်သလိုသာနေ,နေကာ သူ့ကိုကြည့်ပြီးမှတ်ချက်ချလိုက်သည်။
"ရှင့်ဆီက ဟင်းနံ့တွေရတယ်။"
စစ်ထူချင်းယွီ စားပွဲကိုမှောက်လှန်လိုက်ချိန်တုန်းက စွပ်ပြုတ်အချို့က သူ့ကိုစင်သွားခဲ့သည်။
စစ်ထူချင်းယွီရဲ့မျက်နှာက ဖြူ ရော်သွားသည်။
"မုယန်မုန့်၊ မင်း ဒီစစ်သူကြီးရဲ့စိတ်ရှည်မှုကို အကြိမ်ကြိမ်ထိပါးနေတာပဲ။ ဒီစစ်သူကြီးက ဒီအတွက် မင်းပြန်ပေးဆပ်စေရအောင်လုပ်မှာ။"
ထို့နောက် သူက လှည့်ထွက်သွားတော့သည်။
နဉ်ရှုက စိတ်ပျက်စွာဖြင့် နှုတ်ခမ်းများကိုတွန့်ကွေးလိုက်သည်။ သူက အင်မတိအင်မတန်ကိုမှ မာနကြီးသော်လည်း တစ်ချိန်တည်းမှာပင် အရမ်းကိုသိမ်ငယ်နေတတ်ပြန်သည်။
စစ်ထူချင်းယွီက ဒီကိုအစားအစာမပို့ဖို့အမိန့်ပေးပြီးတဲ့နောက် ရက်အတော်ကြာသည်အထိ မည်သူမှစားစရာလာမပို့တာကြောင့် နဉ်ရှုနဲ့ယွဲ့လန်မှာ ပေါက်စီများကိုသာနေ့တိုင်းစားနေရတော့သည်။ မျက်နှာလေးထောင့်နဲ့လျှို့ဝှက်သက်တော်စောင့်က သူမတို့အတွက် မကြာမကြာဆိုသလိုပင် စားစရာများယူလာပေးလိမ့်မည်။
နဉ်ရှုကား သူမရဲ့နေ့ရက်များကို အေးဆေးသက်သာစွာပင် ဖြတ်သန်းလာခဲ့၏။
စစ်ထူချင်းယွီက မုယန်မုန့်တစ်ယောက် သူ့ကိုလာတောင်းပန်လိမ့်မယ်လို့ အပြည့်အဝယုံကြည်ထားသော်လည်း ရက်အတော်ကြာစောင်ဆိုင်းပြီးသည်အထိ သူမရဲ့အရိပ်အယောင်လေးကိုပင် မတွေ့ရချေ။ သူမက အခုအချိန်ထိ ပြည့်စုံကောင်းမွန်စွာနေ,နေသေးသည်ကိုမြင်သောအခါ သူက အေးစက်စွာရယ်လိုက်လေ၏။ ဒီမိန်းမမှာ လျှို့ဝှက်သက်တော်စောင့်တစ်ယောက်ရှိနေသေးတယ်ဆိုတာ သူမေ့သွားတယ်။
သူက မုန်းတီးစွာပင်ပြောလာသည်။
"မင်းရဲ့လျှို့ဝှက်သက်တော်စောင့်ကို ဒီစစ်သူကြီးသတ်လိုက်ရင် မင်း ဘာကိုမှီခိုဦးမလဲ?"
နဉ်ရှုက ခပ်ထေ့ထေ့ရယ်ခြင်းဖြင့်သာတုန့်ပြန်သည်။ သူမ စိတ္တဇကောင်နဲ့စကားပြောဖို့ စိတ်မဝင်စားပါဘူးနော်။
စစ်ထူချင်းယွီရဲ့အမူအရာမှာ အေးစက်သွားတော့သည်။
"မင်းရဲ့မာနေတွေက ဘယ်ကများရောက်လာသလဲဆိုတာ ဒီစစ်သူကြီးနားမလည်နိုင်တော့ဘူး။ မင်းက ဝန်ကြီးချုပ်ရဲ့သမီးမဟုတ်တော့သလို သုန်ဟွာပြည်ရဲ့မြင့်မြတ်တဲ့မမလေးလည်းမဟုတ်တော့ဘူး။ မင်းက ဒီစစ်သူကြီးရဲ့အကျဉ်းသား၊ အမျိုးသမီးအစေခံတစ်ယောက်ပဲ။ မင်းရဲ့ သေခြင်း၊ ရှင်ခြင်းက ဒီစစ်သူကြီးရဲ့စိတ်အပေါ်မှာပဲမူတည်တယ်။"
"မင်းအခုလုပ်သင့်တာက ဒီစစ်သူကြီးကို မင်းရဲ့နှလုံးသား၊ မင်းရဲ့စိတ်ဝိဥာဉ်၊ မင်းရဲ့ကိုယ်ကိုပေးအပ်ပြီး ဒီစစ်သူကြီးဆီက မျက်နှာသာအပေးခံရအောင်ပဲ။ မင်း ဒီစစ်သူကြီးကို ရန်စမနေသင့်ဘူး။ အကျိုးဆက်တွေကို မင်းခံနိုင်ရည်ရှိမှာမဟုတ်ဘူး။"
စစ်ထူချင်းယွီက နဉ်ရှုကို သီးခြားဆန်သည့်အမူအရာဖြင့် ငုံ့ကြည့်လာ၏။
နဉ်ရှု : …
သူက သူ့ဘာသာစကားပြောတဲ့နေရာမှာတော့ တော်သားပဲ။
သူ့စကားတွေက နဉ်ရှုအပေါ်မသက်ရောက်တာကို စစ်ထူချင်းယွီမြင်တဲ့အခါ သူက အားထပ်သုံးရန်ဆုံးဖြတ်လိုက်သည်။နဉ်ရှုမှာ စဉ်းတောင်မဉ်းစားတော့ဘဲ ချက်ချင်းပင်ခရာကိုမှုတ်လိုက်လေ၏။
အနက်ရောင်ဝတ်စုံကိုပြန်ဝတ်ထားတဲ့လျှို့ဝှက်သက်တော်စောင့်က ပြတင်းပေါက်ကနေခုန်ဝင်လာသည်။ စစ်ထူချင်းယွီ လျှို့ဝှက်သက်တော်စောင့်ကို အေးစက်စွာကြည့်လိုက်သည်။
"ဒီစစ်သူကြီး မင်းကိုဒီနေ့မှမသတ်ရင် ဒီစစ်သူကြီးရဲ့မျိုးရိုးက စစ်ထူမဟုတ်တော့ဘူး။"
နှစ်ယောက်သား အပြင်းအထန်တိုက်ခိုက်ကြတော့သည်။ ဤတစ်ကြိမ်တွင်မူ သက်တော်စောင့်သည်ထွက်ပြေးခြင်းမရှိဘဲ စစ်ထူချင်းယွီကို သူတတ်နိုင်သမျှခုခံရင်ဆိုင်လေ၏။ သူတို့က အတော်လေးပင် လက်ရည်ညီနေကြသည်။
"စစ်သူကြီး၊ ဘုရင်ခံမင်းသားရောက်လာပြီး စစ်သူကြီးကို ဧည့်ခန်းမှာစောင့်နေပါတယ်။"
တံခါးအပြင်ဘက်က အစောင့်တစ်ယောက်က စစ်ထူချင်းယွီကို သတင်းပို့လာသည်။
စစ်ထူချင်းယွီ ခဏမျှရပ်တန့်သွားပြီး လျှို့ဝှက်သက်တော်စောင့်က သူ့ရဲ့အာရုံပျံ့လွင့်သွားမှုကို အခွင့်ကောင်းယူကာ တိုက်ခိုက်လာသည်။ စစ်ထူချင်းယွီက မသဲမကွဲညည်းညူ ကာ ရင်ဘတ်ကိုဆုပ်ကိုင်ရင်း နှုတ်ခမ်းထောင့်မှစီးကျလာသောသွေးများကိုသုတ်လိုက်သည်။ သူက နဉ်ရှုနဲ့လျှို့ဝှက်သက်တော်စောင့်ကို အေးစက်စွာကြည့်ကာပြောလာ၏။
"ဟက်...အရမ်းကောင်းတယ်။"
လျှို့ဝှက်သက်တော်စောင့်က ပြတင်းပေါက်အပြင်ဘက်ကိုခုန်ထွက်ကာ ထွက်ပြေးသွားလေ၏။
စစ်ထူချင်းယွီက နဉ်ရှုကိုစိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။
နဉ်ရှု သူမရင်ဘတ်ကိုပုတ်ကာ စိတ်သက်သာရာရစွာဖြင့်ပြောလိုက်သည်။
"နောက်တစ်ကြိမ် ထပ်ရှောင်နိုင်ခဲ့ပြီ။"
"မမလေး...ဒီနေရာက ထွက်သွားရအောင်။ ဒါက အရမ်းအန္တရာယ်များလွန်းတယ်။"
ယွဲ့လန်က ဖြူ ဖျော့နေသောမျက်နှာဖြင့် ပြောလာသည်။
နဉ်ရှု ဖြည်းညင်းစွာသက်ပြင်းချလိုက်သည်။
ခဏလောက်ကြာပြီးနောက်မှာ အစေခံတစ်ယောက်က နဉ်ရှုဆီရောက်လာသည်။
"စစ်သူကြီးက ရှင့်ကိုဧည့်ခန်းထဲခေါ်လိုက်တယ်။ မင်းသားက ရှင့်ကိုတွေ့ချင်နေတယ်။ စစ်သူကြီးက ရှင့်ကို ဖြစ်သလိုဝတ်လာဖို့မှာလိုက်တယ်။"
လော်ကျွင့်ယွမ်က သူမကိုတွေ့ချင်တယ်?
ဖြစ်သလိုဝတ်လာရမယ်?
"ယွဲ့လန်၊ ငါ့ကို အဝတ်လဲဖို့ကူညီဦး။ တတ်နိုင်သမျှအလှဆုံးပြင်ပေး။"
နဉ်ရှု ပြောလိုက်သည်။
ယွဲ့လန်က ချက်ချင်းပင်ပြန်ဖြေလာ၏။
"နားလည်ပါပြီ။"
ဘုရင်ခံမင်းသားက သူမရဲ့မမလေးကို ဒီနေရာကနေခေါ်ထုတ်သွားနိုင်ဖို့ ယွဲ့လန်မျှော်လင့်နေခဲ့ခြင်းဖြစ်သည်။
......
Advertisement
- In Serial6 Chapters
A Cockroach's guide to magic
A genius rune carver is forced to transport his soul into the body of a cockroach, in an attempt to slow his rare illness. However, he is able to pull a dying soul into his original body in the hopes that they can help him cure his disease. His possessor, however, is an incompetent prince, who has not left his palace for the last 8 years and is clueless about the state of the outside world. They soon find themselves stuck in a situation bigger than both of them. Will they be able to handle their personal problems, as well as the problems their nation faces.
8 110 - In Serial28 Chapters
Is This The End?
For Nate, the world was once a nice and friendly place, at least until they came. The Bobbies. No one knows how it started. One day their loved ones turned on them, devouring them like an eight-course meal. The reason for this remains unknown, and now the biggest worry anybody has is surviving. * * * Ten years ago, the Outbreak happened, dooming more than half of the human population to the infection and turned into Bobbies: flesh-eating monsters that most want to see exterminated. Nate is just a survivor in this new crazy world whose only goal is to live to see another day. He doesn't go out of his way to help others, and he isn't a hero. All Nate wants to do is survive in his hideaway and remain hidden from the rest of the world. This all changes when Vanessa comes barging into his life. Now, he has to decide if he should risk himself in order to help Vanessa survive. It won't be easy with all the crazed Bobbies and other creatures of the night that came creeping into light in all the chaos. And the Nightmare Terror Specialized Unit is constantly on their tails and actively hunting all witches down. Will Nate help Vanessa? And if he does, will he succeed in helping them both survive? With everyone against them, only time will tell.
8 108 - In Serial7 Chapters
Jokes On You
ON INDEFINITE HIATUS-> It's DEAD, Jim. Dropped. Not trying this anymore. Sorry. Our story revolves around a man stuck perpetually in black and blue humor. He also gets his ass kicked around until he's black and blue. However, he must deal with his earthly and unearthly problems in the same way. He must survive. Even if he's a shell of his former self. This storyline originates in Tekton history and builds around the Main Character, who narrates. He is reluctant with the standards of the Otherworldly as his situation can be humorous at the expense of our Narrator. Do not expect to be pleased, but somewhat entertained. *Profanity Warning* Cover is not made by me nor mine.
8 223 - In Serial11 Chapters
Wonderland Secrets
This is a sequel to Adventures in Wonderland and it's told by Sapphires perspective again. About a year has passed, everything was going fine but what happens when they receive terrible news?
8 102 - In Serial15 Chapters
SMG4: Super Mario X Meggy Galaxy
Alternate title: SMG4 Mario X Meggy: Welcome New Galaxy Mario and Meggy's date during the Star Festival gets interrupted by SMG3 and Desti. They tie up Mario and Meggy and put them in a cannon, shooting them into space. The couple now has to stop the bad guys from taking over the now-stolen Mushroom Kingdom. They just have to get Power Stars first.
8 159 - In Serial65 Chapters
Typhoon & Tempest
Lily Morgan knew she was different, but that had nothing to do with her supernatural abilities. In a world of abnormal creatures she was an outcast. With no idea what species she is, Lily keeps her head down throughout school; juggling boring and unusual subjects and research in the library for the lost records of the supernatural. Until a rainy day when her creature unleashes - the calm before a brutal war of a storm. Wolves catch her scent. Vampires crave her blood. Witches curl their magic in fear. Fairies tremble on fractured wings.For Lily Morgan, school was the least of her worries.Typhoon is part one - completed at 110,000 - 120,000 wordsTempest is part two - completed at 100,000 - 110,000 wordsTyphoon: Watty Awards 2019 Contender(c) Elizabeth H. Blake
8 157

