《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 17
Advertisement
[Zawgyi]
{စစ္သည္ေတြနဲ႔အတူတူေျပး}
နဥ္ရႈ ေက်နပ္ေနတဲ့အသံတစ္ခ်က္မျပဳခင္ ေပါက္စီငါးလံုးေ,လံုးစားပစ္လိုက္သည္။ ထို႔ေနာက္ ယဲြ႕လန္က သူမကိုေမးလာ၏။
"မမေလး...အခု ကြၽန္မတို႔ ဘယ္ကိုသြားၾကမလဲ?"
"ျပန္သြားမယ္ေလ။"
နဥ္ရႈ သူမရင္ဘတ္ကို အႀကိမ္အနည္းငယ္ခန္႔ တဒုန္းဒုန္းထုလိုက္သည္။ ခ်ီးပဲ...ေပါက္စီနင္ေနသလို ခံစားေနရတယ္။ ေရနည္းနည္းေလာက္ေသာက္ဖို႔ သူမ အိမ္ေတာ္ကို ျမန္ျမန္ျပန္သြားဖို႔လိုေနၿပီ။
"ဟာ?!"
ယဲြ႕လန္က နဥ္ရႈကို အံ့အားသင့္ကာၾကည့္လာသည္။
"မမေလး...ကြၽန္မတို႔ လြတ္လာဖို႔ဆိုတာမလြယ္ဘူးကို ဘာလို႔ျပန္သြားမွာလဲ? မမေလးက လနဲ႔ပန္းေတြရဲ႕အလွကိုေတာင္ လႊမ္းမိုးနိုင္တဲ့ရုပ္ရည္နဲ႔ေမြးလာတာ။ ကြၽန္မတို႔သာျပန္သြားရင္ ဝံပုေလြအုပ္ထဲဝင္သလိုျဖစ္ေနမွာေပါ့။ ဒီအေစခံက မမေလးကို ျပန္သြားခြင့္မျပဳနိုင္ပါဘူး။"
နဥ္ရႈ ေျပာလိုက္သည္။
"နင့္မမေလးက တကယ္ေရဆာေနတယ္။ ေရနည္းနည္းေလာက္ေသာက္ဖို႔ အိမ္ေတာ္ကိုျပန္သြားရေအာင္။"
ယဲြ႕လန္က နဥ္ရႈေနာက္ကလိုက္ကာ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ကိုျပန္သြားရင္း ဝမ္းနည္းစြာသက္ျပင္းခ်၏။
"ကြၽန္မသာ မမေလး ဒီေလာက္အမ်ားႀကီးခံစားရမယ္မွန္းသိခဲ့ရင္ မမေလးကို သခင္ႀကီးနဲ႔အတူတူထြက္သြားဖို႔ တိုက္တြန္းပါတယ္။"
သူမတို႔ ဝန္ႀကီးခ်ဳပ္မုနဲ႔အတူတူလိုက္သြားရင္လည္း ကဲြသြားမွာပဲလို႔ နဥ္ရႈေတြးေနသည္။
"ကလုတ္...ကလုတ္...ကလုတ္...ကလုတ္.."
ျမင္းခြာသံမ်ားက စည္းခ်က္ညီညီအသံျဖင့္ သူမတို႔ထံေရာက္လာသည္။ နဥ္ရႈၾကည့္လိုက္ၿပီးေနာက္ စစ္ထူခ်င္းယီြက စစ္သည္တစ္စုကိုဦးေဆာင္ကာ ျမင္းေပၚတြင္ထိုင္ေနသည္ကိုျမင္လိုက္ရသည္။
စစ္ထူခ်င္းယီြက နဥ္ရႈကို အေပၚစီးမွငံု႔မိုးၾကည့္ေန၏။ နဥ္ရႈက အေတာ္ေလးႀကီးတဲ့ေပါက္စီထုပ္ႀကီးကိုပုိက္ထားတာျမင္တဲ့အခါ သူက သူ႔ေနာက္မွာရွိတဲ့စစ္သည္မ်ားကို လက္ေဝွ႔ယမ္းကာ အမိန္႔ေပးလိုက္သည္။
"ဒီစစ္သူႀကီးရဲ႕အက်ဥ္းသားကို ျပန္ဖမ္းလာခဲ့။"
စစ္သည္ေတာ္အမ်ားႀကီးက နဥ္ရႈနဲ႔ယဲြ႕လန္ကိုဖမ္းဖို႔ ခ်က္ခ်င္းေရွ႕တိုးလာၾကေသာ္လည္း နဥ္ရႈက အထက္စီးဆန္ေသာေအာ္သံျဖင့္သာတုန္႔ျပန္၏။
"နင္တို႔ေခြးေကာင္ေတြကန္းေနလား!? ဒီမမေလးကို တကယ္ထိရဲတယ္ေပါ့!? ဒီမ္ေလးက နင္တို႔လက္ေတြကိုျဖတ္ပစ္မွာ!"
"ေတာင္းပန္စမ္း! ကန္းေနတဲ့ေခြးေကာင္ေတြရဲ႕!"
ယဲြ႕လန္က ခ်က္ခ်င္းပင္ သံေယာင္လိုက္ကာေအာ္ေလ၏။
သူတုိ႔ကို နဥ္ရႈေအာ္ဟစ္ၿပီးေနာက္ စစ္သည္မ်ားမွာ တုန္႔ဆိုင္းသြားကာ စစ္ထူခ်င္းယီြကိုၾကည့္လိုက္ၾကသည္။
နဥ္ရႈရဲ႕ ေမာက္မာတဲ့အမူအရာကိုျမင္တဲ့အခါ စစ္ထူခ်င္းယီြရဲ႕မ်က္လံုးထဲမွာ မနွစ္ၿမိဳ႕မႈတို႔ျဖတ္ေျပးသြားသည္။ သူက သေရာ္လိုဟန္ျဖင့္ နွာေခါင္းရႈ႕ကာေျပာလာသည္။
"မမေလးမုက အဲ့လိုလုပ္မယ္ဆိုရင္ ဒီစစ္သူႀကီးရဲ႕ျမင္းကို စီးနိုင္မလား?"
သူက ေျပာရင္းျဖင့္ နဥ္ရႈကို သူ႔ျမင္းေပၚတက္ရန္ဖိတ္ေခၚသည့္အေနျဖင့္ သူမထံလက္ကမ္းသည္။
အရူးပဲ သူနဲ႔အတူတူျမင္းစီးလိမ့္မယ္။
နဥ္ရႈ ညင္သာစြာျပန္ေျပာလိုက္သည္။
"ဒီမမေလးက လမ္းေလ်ွာက္မွာ။"
"ဟား..ဟား...ဟား.."
စစ္ထူခ်င္းယီြက ရယ္ေမာလာ၏။
"ဒါဆိုလည္း မင္း က်န္တဲ့စစ္သည္ေတြနဲ႔အတူတူေျပးလို႔ရပါတယ္။ မင္းက အေျပးေကာင္းတယ္မလား? ဒါေပမယ့္ မင္း စစ္သည္ေတြနဲ႔အမွီမလိုက္နိုင္ခဲ့ရင္ေတာ့..."
စစ္ထူခ်င္းယီြက ယဲြ႕လန္ကို လက္ညႇိဳးထိုးလိုက္သည္။
"မင္းအေစခံေလးက စစ္တပ္ရဲ႕ျပည့္တန္ဆာျဖစ္လာလိမ့္မယ္။"
"မမေလး။"
ယဲြ႕လန္ရဲ႕အသံက တုန္ရီေနကာ နဥ္ရႈကို မ်က္ရည္မ်ားျဖင့္ၾကည့္လာ၏။ နဥ္ရႈ သူမကို နွစ္သိမ့္ရန္ႀကိဳးစားလိုက္သည္။
"မစိုးရိမ္ပါနဲ႔။ နင့္မမေလးက မွီေအာင္လိုက္နိုင္တာမို႔ ျပသနာမရွိဘူး။"
"သူ႔ကို ႀကိဳးတုပ္လိုက္!"
စစ္ထူခ်င္းယီြက နဥ္ရႈကို မခ်ိဳမခ်ဥ္ၿပံဳးျပလာသည္။
"ဒီစစ္သူႀကီးက မင္းကို သီးသန္႔ေခ့င္းေဆာင္ေပးမယ္။"
နဥ္ရႈ : ....
အက်င့္မေကာင္းလိုက္တာ။
စစ္သည္တစ္ေယာက္က ႀကိဳးထုတ္လာကာ နဥ္ရႈရဲ႕လက္ေကာက္ဝတ္ေတြကိုခပ္တင္းတင္းခ်ည္ၿပီး အစြန္းတစ္ဖက္ကို စစ္ထူခ်င္းယီြအား ကမ္းေပးလိုက္သည္။
"မင္း ဒီစစ္သူႀကီးရဲ႕ျမင္းေနာက္ကေနေျပးလိုက္နိုင္တယ္။ မင္း ျမန္ျမန္မေျပးနိုင္ရင္ မင္းကိုတ႐ြတ္တိုက္ဆဲြေခၚသြားဖို႔ကလဲြၿပီး ဒီစစ္သူႀကီးမွာ ေ႐ြးစရာမရွိဘူး။ မင္းရဲ႕ ျဖဴ ဥေနတဲ့အသားအရည္ေလးအတြက္စိတ္မေကာင္းစရာျဖစ္ေနမွာဆိုေတာ့ ႀကိဳးစားလိုက္ပါဦး။"
စစ္ထူခ်င္းယီြက ဒီေန႔ရာသီဥတုမေကာင္းဘူးလို႔ မွတ္ခ်က္ခ်ေနသလိုမ်ိဳး ညင္သာစြာေျပာလာသည္။
......
[Unicode]
{စစ်သည်တွေနဲ့အတူတူပြေး}
နဉ်ရှု ကျေနပ်နေတဲ့အသံတစ်ချက်မပြုခင် ပေါက်စီငါးလုံးေ,လုံးစားပစ်လိုက်သည်။ ထို့နောက် ယွဲ့လန်က သူမကိုမေးလာ၏။
"မမလေး...အခု ကျွန်မတို့ ဘယ်ကိုသွားကြမလဲ?"
"ပြန်သွားမယ်လေ။"
နဉ်ရှု သူမရင်ဘတ်ကို အကြိမ်အနည်းငယ်ခန့် တဒုန်းဒုန်းထုလိုက်သည်။ ချီးပဲ...ပေါက်စီနင်နေသလို ခံစားနေရတယ်။ ရေနည်းနည်းလောက်သောက်ဖို့ သူမ အိမ်တော်ကို မြန်မြန်ပြန်သွားဖို့လိုနေပြီ။
"ဟာ?!"
ယွဲ့လန်က နဉ်ရှုကို အံ့အားသင့်ကာကြည့်လာသည်။
"မမလေး...ကျွန်မတို့ လွတ်လာဖို့ဆိုတာမလွယ်ဘူးကို ဘာလို့ပြန်သွားမှာလဲ? မမလေးက လနဲ့ပန်းတွေရဲ့အလှကိုတောင် လွှမ်းမိုးနိုင်တဲ့ရုပ်ရည်နဲ့မွေးလာတာ။ ကျွန်မတို့သာပြန်သွားရင် ဝံပုလွေအုပ်ထဲဝင်သလိုဖြစ်နေမှာပေါ့။ ဒီအစေခံက မမလေးကို ပြန်သွားခွင့်မပြုနိုင်ပါဘူး။"
နဉ်ရှု ပြောလိုက်သည်။
"နင့်မမလေးက တကယ်ရေဆာနေတယ်။ ရေနည်းနည်းလောက်သောက်ဖို့ အိမ်တော်ကိုပြန်သွားရအောင်။"
ယွဲ့လန်က နဉ်ရှုနောက်ကလိုက်ကာ ဝန်ကြီးချုပ်အိမ်တော်ကိုပြန်သွားရင်း ဝမ်းနည်းစွာသက်ပြင်းချ၏။
"ကျွန်မသာ မမလေး ဒီလောက်အများကြီးခံစားရမယ်မှန်းသိခဲ့ရင် မမလေးကို သခင်ကြီးနဲ့အတူတူထွက်သွားဖို့ တိုက်တွန်းပါတယ်။"
သူမတို့ ဝန်ကြီးချုပ်မုနဲ့အတူတူလိုက်သွားရင်လည်း ကွဲသွားမှာပဲလို့ နဉ်ရှုတွေးနေသည်။
"ကလုတ်...ကလုတ်...ကလုတ်...ကလုတ်.."
မြင်းခွာသံများက စည်းချက်ညီညီအသံဖြင့် သူမတို့ထံရောက်လာသည်။ နဉ်ရှုကြည့်လိုက်ပြီးနောက် စစ်ထူချင်းယွီက စစ်သည်တစ်စုကိုဦးဆောင်ကာ မြင်းပေါ်တွင်ထိုင်နေသည်ကိုမြင်လိုက်ရသည်။
စစ်ထူချင်းယွီက နဉ်ရှုကို အပေါ်စီးမှငုံ့မိုးကြည့်နေ၏။ နဉ်ရှုက အတော်လေးကြီးတဲ့ပေါက်စီထုပ်ကြီးကိုပိုက်ထားတာမြင်တဲ့အခါ သူက သူ့နောက်မှာရှိတဲ့စစ်သည်များကို လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
"ဒီစစ်သူကြီးရဲ့အကျဉ်းသားကို ပြန်ဖမ်းလာခဲ့။"
စစ်သည်တော်အများကြီးက နဉ်ရှုနဲ့ယွဲ့လန်ကိုဖမ်းဖို့ ချက်ချင်းရှေ့တိုးလာကြသော်လည်း နဉ်ရှုက အထက်စီးဆန်သောအော်သံဖြင့်သာတုန့်ပြန်၏။
"နင်တို့ခွေးကောင်တွေကန်းနေလား!? ဒီမမလေးကို တကယ်ထိရဲတယ်ပေါ့!? ဒီမ်လေးက နင်တို့လက်တွေကိုဖြတ်ပစ်မှာ!"
"တောင်းပန်စမ်း! ကန်းနေတဲ့ခွေးကောင်တွေရဲ့!"
ယွဲ့လန်က ချက်ချင်းပင် သံယောင်လိုက်ကာအော်လေ၏။
သူတို့ကို နဉ်ရှုအော်ဟစ်ပြီးနောက် စစ်သည်များမှာ တုန့်ဆိုင်းသွားကာ စစ်ထူချင်းယွီကိုကြည့်လိုက်ကြသည်။
နဉ်ရှုရဲ့ မောက်မာတဲ့အမူအရာကိုမြင်တဲ့အခါ စစ်ထူချင်းယွီရဲ့မျက်လုံးထဲမှာ မနှစ်မြို့မှုတို့ဖြတ်ပြေးသွားသည်။ သူက သရော်လိုဟန်ဖြင့် နှာခေါင်းရှု့ကာပြောလာသည်။
"မမလေးမုက အဲ့လိုလုပ်မယ်ဆိုရင် ဒီစစ်သူကြီးရဲ့မြင်းကို စီးနိုင်မလား?"
သူက ပြောရင်းဖြင့် နဉ်ရှုကို သူ့မြင်းပေါ်တက်ရန်ဖိတ်ခေါ်သည့်အနေဖြင့် သူမထံလက်ကမ်းသည်။
အရူးပဲ သူနဲ့အတူတူမြင်းစီးလိမ့်မယ်။
နဉ်ရှု ညင်သာစွာပြန်ပြောလိုက်သည်။
"ဒီမမလေးက လမ်းလျှောက်မှာ။"
"ဟား..ဟား...ဟား.."
စစ်ထူချင်းယွီက ရယ်မောလာ၏။
"ဒါဆိုလည်း မင်း ကျန်တဲ့စစ်သည်တွေနဲ့အတူတူပြေးလို့ရပါတယ်။ မင်းက အပြေးကောင်းတယ်မလား? ဒါပေမယ့် မင်း စစ်သည်တွေနဲ့အမှီမလိုက်နိုင်ခဲ့ရင်တော့..."
စစ်ထူချင်းယွီက ယွဲ့လန်ကို လက်ညှိုးထိုးလိုက်သည်။
"မင်းအစေခံလေးက စစ်တပ်ရဲ့ပြည့်တန်ဆာဖြစ်လာလိမ့်မယ်။"
"မမလေး။"
ယွဲ့လန်ရဲ့အသံက တုန်ရီနေကာ နဉ်ရှုကို မျက်ရည်များဖြင့်ကြည့်လာ၏။ နဉ်ရှု သူမကို နှစ်သိမ့်ရန်ကြိုးစားလိုက်သည်။
"မစိုးရိမ်ပါနဲ့။ နင့်မမလေးက မှီအောင်လိုက်နိုင်တာမို့ ပြသနာမရှိဘူး။"
"သူ့ကို ကြိုးတုပ်လိုက်!"
စစ်ထူချင်းယွီက နဉ်ရှုကို မချိုမချဉ်ပြုံးပြလာသည်။
"ဒီစစ်သူကြီးက မင်းကို သီးသန့်ခေ့င်းဆောင်ပေးမယ်။"
နဉ်ရှု : ....
အကျင့်မကောင်းလိုက်တာ။
စစ်သည်တစ်ယောက်က ကြိုးထုတ်လာကာ နဉ်ရှုရဲ့လက်ကောက်ဝတ်တွေကိုခပ်တင်းတင်းချည်ပြီး အစွန်းတစ်ဖက်ကို စစ်ထူချင်းယွီအား ကမ်းပေးလိုက်သည်။
"မင်း ဒီစစ်သူကြီးရဲ့မြင်းနောက်ကနေပြေးလိုက်နိုင်တယ်။ မင်း မြန်မြန်မပြေးနိုင်ရင် မင်းကိုတရွတ်တိုက်ဆွဲခေါ်သွားဖို့ကလွဲပြီး ဒီစစ်သူကြီးမှာ ရွေးစရာမရှိဘူး။ မင်းရဲ့ ဖြူ ဥနေတဲ့အသားအရည်လေးအတွက်စိတ်မကောင်းစရာဖြစ်နေမှာဆိုတော့ ကြိုးစားလိုက်ပါဦး။"
စစ်ထူချင်းယွီက ဒီနေ့ရာသီဥတုမကောင်းဘူးလို့ မှတ်ချက်ချနေသလိုမျိုး ညင်သာစွာပြောလာသည်။
......
Advertisement
Murim Recurve
At the lowest point of her life, the daughter of a noble family encounters a human—a denizen of Myth in her world—and inherits his fate. Blinded, and betrayed, her perception of the world became skewed, only to realise a shocking fact: Her world wasn’t real. What was Virtual? And What was Reality? In a world where supernatural elements run amok, she had to seek the truth, and decide whether to live in her Virtual World or barge into Reality.
8 348A Hero Past the 25th
Ever since she was a child, Itaka Izumi dreamed of being transported into a world of medieval fantasy, where to live her life as a brave hero by the sword. One day, by a miracle, Izumi actually gets her way. Only—she's a child no more. Knight princess Yuliana escapes the Kingdom of Langoria, defying the king and the law, in an effort to save her world from a prophecy of doom. Caught in a bind, she is saved by a champion, one summoned from another world. But definitely not the kind of a champion she wanted. By forces of circumstances, the two women end up journeying together through the deceitful world of Ortho, where the greatest threat is not always a wild beast, or a monster, but might as well be fellow man. This is part 1 of A Hero Past the 25th Part 2 | Part 3 | Part 4-7 Now available in paperback and hardcover at Amazon!
8 212The Alchemist's Apprentice
Roanoke City: a utopia built upon the pillars of greed and knowledge, ruled under the iron thumb of the Concilium. Only those who stand under the banner of the Bronze Apostate dare to defy them. Our story focuses on Cyril Aumont; an eccentric, up-and-coming alchemist currently making waves within the aristocratic Primis District of Roanoke City. Everything that could be going right for him, has. But his seemingly endless well of luck will soon lead him down a path of discoveries that not even the aptest of alchemists could begin to explain. ‣ Social Media
8 202Monster Story
There once was a doll... This doll had arms, legs, eyes, a mouth, ears, and a nose. This doll could do a lot with so little, why would anyone want to throw it away?
8 166The Apocalypse Begins with the Strange
Lev and his best friend Jameson are thrust into a world that seems stranger than any other. The monsters seem weird, the blue boxes even weirder, and the actual living God's among men seem even stranger. Meanwhile, all of New York City has seemingly disappeared and also really crappy grammar and weird weird metaphors. Have fun :)
8 136love at first sight - Cellps
Certo dia Rafael Lange estava marcando com sua namorada Anna, mal ele sabia que um simples olhar poderia mudar sua vida.[PLÁGIO É CRIME]
8 135