《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 15(ေပါက္စီေတြကိုထုပ္ေပး!)
Advertisement
[Zawgyi]
"အမ္း...ဒီမင္းသားက အမွန္ကိုပဲၾကားခ်င္တယ္။ ဒီမွာ မ်က္ျမင္သက္ေသေတြအမ်ားႀကီးရွိတယ္ေနာ္္။ မင္း အခုထိလိမ္ညာေနဦးမယ္ဆိုရင္ ေထာင္ထဲမွာပဲ မင္းကံတရားကိုေစာင့္ေနလိုက္ေတာ့။"
ေလာ္ကြၽင့္ယြမ္ရဲ႕အသံက အရမ္းကိုခံ့ညားေအာင္ျမင္ကာ လူေတြကို သူ႔အေပၚ အလိုအေလ်ာက္ရုိေသေလးစားစိတ္ေတြေပၚလာေစသည္။
ဆိုင္ရွင္ရဲ႕မ်က္နွာက ေသလူလိုျဖဴ စုတ္သြားကာ သူမက ေျမေပၚဒူးေထာက္ခ်လိုက္ေလ၏။ သူမက ေၾကာက္ရံြ႕ရိုေသမႈမ်ားျဖင့္ သူမေခါင္းနွင့္ေျမျပင္ကို အႀကိမ္ႀကိမ္ထိေတြ႕ဦးတိုက္ေနကာ ေျပာလာ၏။
"သူတို႔ ေပါက္စီတစ္လံုးေတာင္မခိုးခဲ့ပါဘူ။ ဒီအရပ္သားက သူတို႔ကို မွားယြင္းစြပ္စဲြခဲ့တာပါ။"
"ရွင္က မေကာင္းတဲ့မိန္းမပဲ။ ဘယ္လိုမ်ား လုပ္နိုင္ရတာလဲ?"
ယဲြ႕လန္က ဆိုင္ရွင္ကို အထင္ေသးစြာျပဳမူေလ၏။
ေလာ္ကြၽင့္ယြမ္က နဥ္ရႈကိုၾကည့္ကာ ေျပာလာသည္။
"အမွန္တရားက ရွင္းလင္းသြားၿပီ။ မိန္းကေလး...မင္း ဒီေကာက္က်စ္တဲ့ဆိုင္ရွင္ကို ဘယ္လိုအျပစ္ေပးခ်င္လဲ?"
နဥ္ရႈက စကားမေျပာဘဲ သူမရဲ႕ေတာက္ပေနတဲ့မ်က္လံုးေတြကိုသာ ျပဴ းက်ယ္လိုက္သည္။
"မေၾကာက္ပါနဲ႔ မိန္းကေလး။ ဘာပဲျဖစ္ျဖစ္ ဒီမင္းသားက မင္းအတြက္ တရားမ်ွတေအာင္လုပ္ေပးမွာပါ။"
ေလာ္ကြၽင့္ယြမ္က ေလးနက္စြာေျပာလာသည္။ သူက စကားေျပာေနရင္းနွင့္ပင္ အရမ္းကိုႏူးညံ့ၿပီးသက္ေတာင့္သက္သာရွိေစေသာေရာင္ဝါကိုထုတ္လႊတ္လိုက္၏။ ဒါက သူ႔လက္ေမာင္းထဲမွာခိုဝင္ၿပီး သူ႔အေပၚအရာအားလံုးအတြက္မွီခိုလို႔ရသလိုမ်ိဳး စိတ္ခ်လံုၿခံရမႈကို လူေတြကိုခံစားရေစသည္။ မိန္းကေလးအမ်ားစုကေတာ့ ေသခ်ာေပါက္ရင္တလွပ္လွပ္ခုန္ေနမည္ေပါ့ေလ။
သို႔ေသာ္လည္း နဥ္ရႈကေတာ့ ဘာမွမခံစားရေခ်။ သူမက လည္ပင္းကိုညႇစ္ကာ ဆိုင္ရွင္ကိုေျပာလိုက္သည္။
"ရွင့္ဆိုင္မွာရွိသမ်ွ ေပါက္စီေတြအကုန္ထုပ္ေပး! ယဲြ႕လန္..သူ႔ကိုကူညီလိုက္။ ကြၽန္မတို႔ ေပါက္စီေတြအကုန္ယူသြားမယ္။"
"နားလည္ပါၿပီ..."
ယဲြ႕လန္က ဆိုင္ထဲမွာရွိသမ်ွေပါက္စီေတြကို စတင္ထုပ္ပိုးေတာ့သည္။
"အိုက္ယား...ခ်စ္လွစြာေသာမိန္းကေလးေရ...ဒါက ဆိုင္ေသးေသးေလးပါ။ ေက်းဇူးျပဳ ၿပီး သနားပါဦး။"
သနားစဖြယ္အမူအရာနဲ႔ နဥ္ရႈကိုၾကည့္ေနတဲ့ဆိုင္ရွင္ရဲ႕မ်က္နွာက ရႈံ႕မဲ့ေနသည္။
"ဒီမမေလးက ရွင့္ကိုေလးစားတဲ့အေနနဲ႔ ေပါက္စီေတြကိုပဲယူသြားဖို႔စဥ္းစားတာ။ ေစာေစာက ရွင္က ဒီမမေလးကို ေပါက္စီေတြခိုးတယ္လို႔စြပ္စဲြခဲ့တယ္။ ဒီမမေလးအေနနဲ႔ ရွင့္ကိုေထာင္ထဲမပို႔တာေတာင္ ရွင္ကဝမ္းသာေနသင့္တာ။"
နဥ္ရႈကေတာ့ အမ်ိဳးသမီးဇာတ္လိုက္တစ္ေယာက္မွာရွိသင့္တဲ့ ၾကင္နာတဲ့နွလံုးသားဆိုတာ မရွိပါဘဲ ဒီအေျခအေနေျပာင္းလဲမႈေတြအေပၚ အခြင့္ေကာင္းယူၿပီး ဆိုင္ရွင္ကိုအနိုင္က်င့္ရန္အတြက္ ဟန္တစ္ခဲြသားလုပ္လိုက္ေလ၏။
"ဒါ...အိုက္ယိုး.."
ဆိုင္ရွင္က သူမဒုကၡေရာက္ေနရၿပီး ဘာမွမေျပာနိုင္ပါဟူသည့္ပံုစံျဖင့္ ထပ္မံသက္ျပင္းခ်၏။ ဒါက နဥ္ရႈကို သူမကဗီလိန္တစ္ေယာက္ျဖစ္ေနေသးၿပီး အမ်ိဳးသမီးဇာတ္လိုက္အေရကိုၿခံဳကာ မိုက္မဲစြာျဖင့္ေသတြင္းတူးေနမိသလို ခံစားရေစသည္။
မူလဇာတ္ေၾကာင္းမွာေတာ့ ဒီအမ်ိဳးသားေတြအားလံုးက သူမကိုအတင္းအၾကပ္မလုပ္ခင္ ၾကင္နာႏူးညံ့တဲ့အမ်ိဳးသမီးဇာတ္လိုက္samaကိုခ်စ္မိသြားၾကၿပီး သူမရဲ႕ဆဲြေဆာင္ျခင္းကိုခံခဲ့ရသည္ေလ။ အခုက် သူမက အၿငိဳးအေတးနဲ႔မာနႀကီးလြန္းတဲာအမ်ိဳးသမီးတစ္ေယာက္ျဖစ္သြားခဲ့ၿပီ။ အမ်ိဳးသားဇာတ္လိုက္ေတြက သူမကိုႀကိဳက္ၾကဦးမလား?
နဥ္ရႈ ေလာ္ကြၽင့္ယြမ္ရဲ႕အမူအရာကိုၾကည့္ရန္ ေနာက္လွည့္လိုက္သည္။ သူ စက္ဆုပ္ေနမလား? အထင္ေသးေနမလား? အဆံုး၌မူ သူ႔မ်က္နွာထက္က ရယ္ရႊင္ရိပ္ကိုသာ သူမေတြ႕လိုက္ရေလသည္။
နဥ္ရႈ သူမရင္ဘတ္ကိုဖိလိုက္မိသည္။ သူမ ေသြးအန္မိေတာ့မလိုခံစားေနရ၏။ ၾကင္နာတတ္တဲ့အမ်ိဳးသမီးဇာတ္လိုက္ဆိုတဲ့ပံုရိပ္နဲ႔ေဝးနိုင္သမ်ွေဝးေအာင္ သူမအတတ္နိုင္ဆံုးႀကိဳးစားၿပီးၿပီေလ။ ဒီငတံုးေကာင္ရဲ႕မ်က္လံုးေတြက ေခြးေခ်းေပၿပီးကန္းေနၿပီလား?
"မမေလး...ကြၽန္မ ေပါက္စီေတြကိုထုပ္လို႔ၿပီးသြားပါၿပီ။"
ယဲြ႕လန္က တကယ္ႀကီးပင္ ေပါက္စီေတြအားလံုးကိုထုပ္ပိုးထားေခ်၏။
နဥ္ရႈနွင့္ယဲြ႕လန္မွာ ေပါက္စီထုပ္ႀကီးမ်ားကိုေပြ႕ပိုက္ကာ ထြက္သြားၾက၏။ နဥ္ရႈက လမ္းေလ်ွာက္ရင္းျဖင့္ပင္ စစားေနေခ်ၿပီ။ သူမမ်က္နွာက ညစ္ပတ္ေနကာ နွစ္ေပါင္းမ်ားစြာငတ္မြတ္ေနခဲ့ရသလိုမ်ိဳး ေပါက္စီေတြကို အငမ္းမရၿမိဳခ်ေန၏။ သူမ ဘယ္ေလာက္ေတာင္အျမင္မတင့္ျဖစ္ေနသလဲဆိုတာ ထပ္ေျပာရန္ပင္မလိုေတာ့။
"ဒီအတိုင္းပဲထြက္သြားေတာ့မွာလား မိန္းကေလး?"
ေလာ္ကြၽင့္ယြမ္က နဥ္ရႈကို ထပ္မံတားဆီးလာျပန္သည္။ နဥ္ရႈမွာ စိတ္ရႈပ္လာၿပီျဖစ္ရကား ေအးစက္စြာျဖင့္မာဆတ္ဆတ္ေျပာလိုက္ေတာ့သည္။
"ရွင္ ဘာလိုခ်င္တာလဲ?"
"ေကာင္းေကာင္းဆိုးဆိုး..ဒီမင္းသားက မင္းကို အေျခအေနဆိုးတစ္ခုထဲကထြက္နိုင္ေအာင္ကူညီေပးခဲ့တယ္ေလ။ မင္းက ဒီလိုပဲထြက္သြားေတာ့မွာလား?"
ေလာ္ကြၽင့္ယြမ္က မ်က္ေမွာင္ကုတ္ကာ ခက္ထန္ရက္စက္တဲ့ေရာင္ဝါကိုထုတ္လႊတ္လာသည္။
နဥ္ရႈက ခဏမ်ွစဥ္းစားၿပီးေနာက္ သူ႔ကိုေက်းဇူးတင္တဲ့အေနနဲ႔ေပးဖို႔အတြက္ ေပါက္စီတစ္လံုးထုတ္ယူလိုက္၏။ သို႔ေသာ္လည္း သူမ ေပါက္စီကိုမေတာ္တဆလြတ္က်သြားၿပီး ေပါက္စီမွာ ေျမႀကီးေပၚ၌လိမ့္သြားေတာ့၏။
နဥ္ရႈက ေတာင္းပန္သလိုၿပံဳးရင္း ေပါက္စီကိုေကာက္ကာ သူမအက်ႌျဖင့္သုတ္လိုက္သည္။ ၿပီးေနာက္ ထိုေပါက္စီကို ေလာ္ကြၽင့္ယြမ္ပါးစပ္ထဲထိုးထည့္လိုက္ကာ ေျပာလိုက္၏။
"ဒီေပါက္စီကို ဒီတစ္ေယာက္ရဲ႕အကူအညီအတြက္ အဖိုးအခလို႔သတ္မွတ္လိုက္ပါ။"
ေပါက္စီက ေျမႀကီးေပၚျပဳတ္က်ၿပီးသားျဖစ္ကာ ဖုန္ေတြေပလူးေနတဲ့အက်ႌနဲ႔လည္း အသုတ္ခံထားရေသးသည္။ ေလာ္ကြၽင့္ယြမ္တစ္ေယာက္ ေပါက္စီကို အလ်င္အျမန္ေထြးထုတ္လိုက္ရသည္။ သူ ေသေလာက္ေအာင္အန္ခ်င္ေနေတာ့သည္။
.......
Hello~ အဲဗရီးဘာဒီ...message boardမွာေျပာထားလို႔ တစ္ခ်ဳိ႕လူေတြသိေလာက္ေပမယ့္ မသိေသးတဲ့လူေတြအတြက္။ Realm-4ရဲ႕ေက်းဇူးတင္လႊာမွာ Realm-19ကို Butterfly's Curseစျပန္တာနဲ႔ တို႔ျပန္ေပးမယ္ေျပာထားတာမွတ္မိၾကလားမသိ။ဒီေန႔ Realm-19စျပန္ေပးဖို႔ ေသခ်ာသေလာက္ရွိပါတယ္။ ခ်င္အင္ပါယာေခတ္ပါ။ Realm-4လိုမ်ိဳး အန္ကယ္reappearanceျဖစ္မယ့္ arcျဖစ္ပါတယ္။ အန္ကယ့္ရဲ႕ ေရွးခတ္စတိုင္ကိုမတရားေတြေတြ႕ခ်င္ေနပါၿပီ TwT
......
[Unicode]
"အမ်း...ဒီမင်းသားက အမှန်ကိုပဲကြားချင်တယ်။ ဒီမှာ မျက်မြင်သက်သေတွေအများကြီးရှိတယ်နော်။ မင်း အခုထိလိမ်ညာနေဦးမယ်ဆိုရင် ထောင်ထဲမှာပဲ မင်းကံတရားကိုစောင့်နေလိုက်တော့။"
လော်ကျွင့်ယွမ်ရဲ့အသံက အရမ်းကိုခံ့ညားအောင်မြင်ကာ လူတွေကို သူ့အပေါ် အလိုအလျောက်ရိုသေလေးစားစိတ်တွေပေါ်လာစေသည်။
ဆိုင်ရှင်ရဲ့မျက်နှာက သေလူလိုဖြူ စုတ်သွားကာ သူမက မြေပေါ်ဒူးထောက်ချလိုက်လေ၏။ သူမက ကြောက်ရွံ့ရိုသေမှုများဖြင့် သူမခေါင်းနှင့်မြေပြင်ကို အကြိမ်ကြိမ်ထိတွေ့ဦးတိုက်နေကာ ပြောလာ၏။
"သူတို့ ပေါက်စီတစ်လုံးတောင်မခိုးခဲ့ပါဘူ။ ဒီအရပ်သားက သူတို့ကို မှားယွင်းစွပ်စွဲခဲ့တာပါ။"
"ရှင်က မကောင်းတဲ့မိန်းမပဲ။ ဘယ်လိုများ လုပ်နိုင်ရတာလဲ?"
ယွဲ့လန်က ဆိုင်ရှင်ကို အထင်သေးစွာပြုမူလေ၏။
လော်ကျွင့်ယွမ်က နဉ်ရှုကိုကြည့်ကာ ပြောလာသည်။
"အမှန်တရားက ရှင်းလင်းသွားပြီ။ မိန်းကလေး...မင်း ဒီကောက်ကျစ်တဲ့ဆိုင်ရှင်ကို ဘယ်လိုအပြစ်ပေးချင်လဲ?"
နဉ်ရှုက စကားမပြောဘဲ သူမရဲ့တောက်ပနေတဲ့မျက်လုံးတွေကိုသာ ပြူးကျယ်လိုက်သည်။
"မကြောက်ပါနဲ့ မိန်းကလေး။ ဘာပဲဖြစ်ဖြစ် ဒီမင်းသားက မင်းအတွက် တရားမျှတအောင်လုပ်ပေးမှာပါ။"
Advertisement
လော်ကျွင့်ယွမ်က လေးနက်စွာပြောလာသည်။ သူက စကားပြောနေရင်းနှင့်ပင် အရမ်းကိုနူးညံ့ပြီးသက်တောင့်သက်သာရှိစေသောရောင်ဝါကိုထုတ်လွှတ်လိုက်၏။ ဒါက သူ့လက်မောင်းထဲမှာခိုဝင်ပြီး သူ့အပေါ်အရာအားလုံးအတွက်မှီခိုလို့ရသလိုမျိုး စိတ်ချလုံခြံရမှုကို လူတွေကိုခံစားရစေသည်။ မိန်းကလေးအများစုကတော့ သေချာပေါက်ရင်တလှပ်လှပ်ခုန်နေမည်ပေါ့လေ။
သို့သော်လည်း နဉ်ရှုကတော့ ဘာမှမခံစားရချေ။ သူမက လည်ပင်းကိုညှစ်ကာ ဆိုင်ရှင်ကိုပြောလိုက်သည်။
"ရှင့်ဆိုင်မှာရှိသမျှ ပေါက်စီတွေအကုန်ထုပ်ပေး! ယွဲ့လန်..သူ့ကိုကူညီလိုက်။ ကျွန်မတို့ ပေါက်စီတွေအကုန်ယူသွားမယ်။"
"နားလည်ပါပြီ..."
ယွဲ့လန်က ဆိုင်ထဲမှာရှိသမျှပေါက်စီတွေကို စတင်ထုပ်ပိုးတော့သည်။
"အိုက်ယား...ချစ်လှစွာသောမိန်းကလေးရေ...ဒါက ဆိုင်သေးသေးလေးပါ။ ကျေးဇူးပြု ပြီး သနားပါဦး။"
သနားစဖွယ်အမူအရာနဲ့ နဉ်ရှုကိုကြည့်နေတဲ့ဆိုင်ရှင်ရဲ့မျက်နှာက ရှုံ့မဲ့နေသည်။
"ဒီမမလေးက ရှင့်ကိုလေးစားတဲ့အနေနဲ့ ပေါက်စီတွေကိုပဲယူသွားဖို့စဉ်းစားတာ။ စောစောက ရှင်က ဒီမမလေးကို ပေါက်စီတွေခိုးတယ်လို့စွပ်စွဲခဲ့တယ်။ ဒီမမလေးအနေနဲ့ ရှင့်ကိုထောင်ထဲမပို့တာတောင် ရှင်ကဝမ်းသာနေသင့်တာ။"
နဉ်ရှုကတော့ အမျိုးသမီးဇာတ်လိုက်တစ်ယောက်မှာရှိသင့်တဲ့ ကြင်နာတဲ့နှလုံးသားဆိုတာ မရှိပါဘဲ ဒီအခြေအနေပြောင်းလဲမှုတွေအပေါ် အခွင့်ကောင်းယူပြီး ဆိုင်ရှင်ကိုအနိုင်ကျင့်ရန်အတွက် ဟန်တစ်ခွဲသားလုပ်လိုက်လေ၏။
"ဒါ...အိုက်ယိုး.."
ဆိုင်ရှင်က သူမဒုက္ခရောက်နေရပြီး ဘာမှမပြောနိုင်ပါဟူသည့်ပုံစံဖြင့် ထပ်မံသက်ပြင်းချ၏။ ဒါက နဉ်ရှုကို သူမကဗီလိန်တစ်ယောက်ဖြစ်နေသေးပြီး အမျိုးသမီးဇာတ်လိုက်အရေကိုခြုံကာ မိုက်မဲစွာဖြင့်သေတွင်းတူးနေမိသလို ခံစားရစေသည်။
မူလဇာတ်ကြောင်းမှာတော့ ဒီအမျိုးသားတွေအားလုံးက သူမကိုအတင်းအကြပ်မလုပ်ခင် ကြင်နာနူးညံ့တဲ့အမျိုးသမီးဇာတ်လိုက်samaကိုချစ်မိသွားကြပြီး သူမရဲ့ဆွဲဆောင်ခြင်းကိုခံခဲ့ရသည်လေ။ အခုကျ သူမက အငြိုးအတေးနဲ့မာနကြီးလွန်းတဲာအမျိုးသမီးတစ်ယောက်ဖြစ်သွားခဲ့ပြီ။ အမျိုးသားဇာတ်လိုက်တွေက သူမကိုကြိုက်ကြဦးမလား?
နဉ်ရှု လော်ကျွင့်ယွမ်ရဲ့အမူအရာကိုကြည့်ရန် နောက်လှည့်လိုက်သည်။ သူ စက်ဆုပ်နေမလား? အထင်သေးနေမလား? အဆုံး၌မူ သူ့မျက်နှာထက်က ရယ်ရွှင်ရိပ်ကိုသာ သူမတွေ့လိုက်ရလေသည်။
နဉ်ရှု သူမရင်ဘတ်ကိုဖိလိုက်မိသည်။ သူမ သွေးအန်မိတော့မလိုခံစားနေရ၏။ ကြင်နာတတ်တဲ့အမျိုးသမီးဇာတ်လိုက်ဆိုတဲ့ပုံရိပ်နဲ့ဝေးနိုင်သမျှဝေးအောင် သူမအတတ်နိုင်ဆုံးကြိုးစားပြီးပြီလေ။ ဒီငတုံးကောင်ရဲ့မျက်လုံးတွေက ခွေးချေးပေပြီးကန်းနေပြီလား?
"မမလေး...ကျွန်မ ပေါက်စီတွေကိုထုပ်လို့ပြီးသွားပါပြီ။"
ယွဲ့လန်က တကယ်ကြီးပင် ပေါက်စီတွေအားလုံးကိုထုပ်ပိုးထားချေ၏။
နဉ်ရှုနှင့်ယွဲ့လန်မှာ ပေါက်စီထုပ်ကြီးများကိုပွေ့ပိုက်ကာ ထွက်သွားကြ၏။ နဉ်ရှုက လမ်းလျှောက်ရင်းဖြင့်ပင် စစားနေချေပြီ။ သူမမျက်နှာက ညစ်ပတ်နေကာ နှစ်ပေါင်းများစွာငတ်မွတ်နေခဲ့ရသလိုမျိုး ပေါက်စီတွေကို အငမ်းမရမြိုချနေ၏။ သူမ ဘယ်လောက်တောင်အမြင်မတင့်ဖြစ်နေသလဲဆိုတာ ထပ်ပြောရန်ပင်မလိုတော့။
"ဒီအတိုင်းပဲထွက်သွားတော့မှာလား မိန်းကလေး?"
လော်ကျွင့်ယွမ်က နဉ်ရှုကို ထပ်မံတားဆီးလာပြန်သည်။ နဉ်ရှုမှာ စိတ်ရှုပ်လာပြီဖြစ်ရကား အေးစက်စွာဖြင့်မာဆတ်ဆတ်ပြောလိုက်တော့သည်။
"ရှင် ဘာလိုချင်တာလဲ?"
"ကောင်းကောင်းဆိုးဆိုး..ဒီမင်းသားက မင်းကို အခြေအနေဆိုးတစ်ခုထဲကထွက်နိုင်အောင်ကူညီပေးခဲ့တယ်လေ။ မင်းက ဒီလိုပဲထွက်သွားတော့မှာလား?"
လော်ကျွင့်ယွမ်က မျက်မှောင်ကုတ်ကာ ခက်ထန်ရက်စက်တဲ့ရောင်ဝါကိုထုတ်လွှတ်လာသည်။
နဉ်ရှုက ခဏမျှစဉ်းစားပြီးနောက် သူ့ကိုကျေးဇူးတင်တဲ့အနေနဲ့ပေးဖို့အတွက် ပေါက်စီတစ်လုံးထုတ်ယူလိုက်၏။ သို့သော်လည်း သူမ ပေါက်စီကိုမတော်တဆလွတ်ကျသွားပြီး ပေါက်စီမှာ မြေကြီးပေါ်၌လိမ့်သွားတော့၏။
နဉ်ရှုက တောင်းပန်သလိုပြုံးရင်း ပေါက်စီကိုကောက်ကာ သူမအင်္ကျီဖြင့်သုတ်လိုက်သည်။ ပြီးနောက် ထိုပေါက်စီကို လော်ကျွင့်ယွမ်ပါးစပ်ထဲထိုးထည့်လိုက်ကာ ပြောလိုက်၏။
"ဒီပေါက်စီကို ဒီတစ်ယောက်ရဲ့အကူအညီအတွက် အဖိုးအခလို့သတ်မှတ်လိုက်ပါ။"
ပေါက်စီက မြေကြီးပေါ်ပြုတ်ကျပြီးသားဖြစ်ကာ ဖုန်တွေပေလူးနေတဲ့အင်္ကျီနဲ့လည်း အသုတ်ခံထားရသေးသည်။ လော်ကျွင့်ယွမ်တစ်ယောက် ပေါက်စီကို အလျင်အမြန်ထွေးထုတ်လိုက်ရသည်။ သူ သေလောက်အောင်အန်ချင်နေတော့သည်။
.......
Hello~ အဲဗရီးဘာဒီ...message boardမှာပြောထားလို့ တစ်ချို့လူတွေသိလောက်ပေမယ့် မသိသေးတဲ့လူတွေအတွက်။ Realm-4ရဲ့ကျေးဇူးတင်လွှာမှာ Realm-19ကို Butterfly's Curseစပြန်တာနဲ့ တို့ပြန်ပေးမယ်ပြောထားတာမှတ်မိကြလားမသိ။ဒီနေ့ Realm-19စပြန်ပေးဖို့ သေချာသလောက်ရှိပါတယ်။ ချင်အင်ပါယာခေတ်ပါ။ Realm-4လိုမျိုး အန်ကယ်reappearanceဖြစ်မယ့် arcဖြစ်ပါတယ်။ အန်ကယ့်ရဲ့ ရှေးခတ်စတိုင်ကိုမတရားတွေတွေ့ချင်နေပါပြီ TwT
......
Advertisement
- In Serial6 Chapters
Chimera
The arena! A place where mutants are created to fight for status, money and most importantly sponsorship!
8 120 - In Serial30 Chapters
Free
The four continents of the world got combined into Ametar, the only continent in the world. Together they formed a country in the middle that has 5 nations. East of the country is Xou, where the strongest samurai lives. He is said to be immortal and his only goal is to kill himself. Knowing this, he makes children for the only purpose is to kill him. Why does he want to die so bad and how did he become immortal?
8 170 - In Serial22 Chapters
Don't Drink The Gene Juice
If you could turn into any creature, that'd be awesome... wouldn't it?Seth had been hoping for a fun rest of his senior year of high school. He was going to go on dates, go to parties, and maybe even actually pass his classes.But when he and his friends decide to have some fun on his friend's birthday, things don't really go how they expected.Now, what seemed like just a one time bit of risky fun, may threaten to ruin Seth's whole life.And it's all the gene juice's fault.Highest ratings#1 Genetics#1 - transformation#1 - tf
8 102 - In Serial11 Chapters
The Khazam's World
a group of students find themselves in another world, that resembles a standard MMORPG, tricked into leaving home for a new life. They will find both the wonders and horrors promised, and much more. Familial secrets, bonds, and more will be found, broken, repaired and shattered. The consequences here are much more dire than they first seem, especially death.
8 190 - In Serial14 Chapters
Behind Closed Doors
Naruko has a lot of secrets that she doesn't want other people to know about. Will she be able to keep her secrets? Or will challenges along her life journey force her to reveal them?-A Female Naruto Fanfiction. Some Topics May Trigger Readers. Some Big Canon Changes*under editing*
8 208 - In Serial42 Chapters
All the things you said (3)
"Аполо Ван Торн. Дързък изкусител.Покваря душата,изтръгва сърцето и разрушава понятието за красотата. "Това е мнението на Ерика за Аполо.Двамата са били най-добри приятели,неразделни партньори в белите, докато един ден всичко се променя и двамата биват разделени от мечтите си...
8 79

