《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 14(ပေါက်စီဖြစ်အင်)
Advertisement
[Zawgyi]
"ဘာဖြစ်နေတာလဲ?"
"ဘာဖြစ်နေတာလဲ?"
"မမလေး?"
"မင်းက ဘယ်မိသားစုကလဲ?"
"ခဏနေပါဦး။"
ဟား...ဟား...ဟား....။
.......
[Unicode]
နဉ်ရှု ဆိုင်ပိုင်ရှင်နဲ့ငြင်းခုန်ပြီး အချိန်မဖြုန်းလိုပါချေ။ ပြီးတော့ အဓိပ္ပါယ်လည်းမရှိသလို ဒီဆိုင်က ပေါက်စီရောင်းသည့် တစ်ခုတည်းသောဆိုင်ဟုတ်ဟန်လည်းမတူပါ။
သို့သော်လည်း ယွဲ့လန်ကတော့ ဆိုင်ရှင်က သူမဘိုးဘေးတွေရဲ့အုတ်ဂူကို တူးလိုက်မိသလိုပြုမူနေပြီး ဒေါသတကြီးဖြင့် ဆိုင်ရှင်နှင့်စတင်ငြင်းခုန်တော့သည်။ သူမက သူမရဲ့မမလေးဖြစ်သူရဲ့ဂုဏ်သိက္ခာအတွက် အသည်းအသန်ပင်ငြင်းခုန်နေတော့၏။
နဉ်ရှုတစ်ယောက် စိတ်လှုပ်ရှားရမည်လား ဒါမှမဟုတ် ဒီကောင်မလေးကို သတိမေ့အောင်ရိုက်ကာ ဆွဲခေါ်သွားရမည်လားဆိုသည်ကို မဆုံးဖြတ်နိုင်တော့ပေ။
"သူခိုးမလေးတွေ! နင်တို့က ငါ့ပေါက်စီတွေကိုလည်းခိုးသေးတယ်။ အခုကျ ငါ့ကိုပါပြန်အော်နေပြီပေါ့လေ?ေ-ာက်သူတောင်းစားလေးတွေ!"
ဆိုင်ရှင်က သူမတို့ကို သေးငယ်စူးရှတဲ့မျက်လုံးလေးတွေနဲ့ ခဏမျှကြည့်နေပြီးနောက် သူမမျက်လုံးတွေက အကြံရသွားသလို တောက်ပသွားကာ သူမတို့ကို ပေါက်စီခိုးပါသည်ဟု စွပ်စွဲလေတော့၏။
ယွဲ့လန်က ဆိုင်ရှင်ကို မိုက်ကြည့်ကြည့်ကာ ပြောလေ၏။
Advertisement
"လူလိမ်မ! ငါတို့ ဘယ်တုန်းက နင့်ပေါက်စီကိုခိုးလို့လဲ? အရှက်မရှိတဲ့ငလိမ်မ!"
တကယ်လို့ ဆိုင်ရှင်ဘာလုပ်နေတယ်ဆိုတာကို နဉ်ရှုအခုထိမပြောနိုင်ရင် သူမ ဝက်တစ်ကောင်ဖြစ်သွားပေလိမ့်မည်။ သူမ မြေကြီးပေါ်လှဲချကာ ငိုကြွေးလိုက်သင့်လားလို့တောင် သူမတွေးနေမိသည်။
"ဘာဖြစ်နေတာလဲ?"
တင်းမာခန့်ညားသောအသံတစ်သံက သူမတို့နောက်မှထွက်လာသည်။ ထိုအသံကိုကြားတဲ့အခါ နဉ်ရှုတောင့်တင်းသွားတော့သည်။ ဒီလူ့ရဲ့အသံက ထူးခြားကာကိုယ်ပိုင်ဟန်ရှိသည်။ သူက သေချာပေါက် နောက်ထက်အမျိုးသားဇာတ်လိုက်samaပဲဖြစ်ရမယ်။
နဉ်ရှု အသံလာရာဘက်ကို စောင်းကြည့်လိုက်သည်။ ငှက်မွှေးတွေနဲ့အလှဆင်ထားတဲ့ သရဖူတစ်ခုကို ဝတ်ဆင်ထားတဲ့အမျိုးသားတစ်ယောက်က မြင်းပေါ်မှာထိုင်နေသည်။ သူ့အဝတ်အစားတွေက တန်ဖိုးကြီးတာမြင်သာနေကာ ခါးမှာတော့ ကြည်လင်တောက်ပနေတဲ့ ခပ်ဝဝကျောက်စိမ်းဖြူ သိုးတစ်ကောင်အဆင်တန်ဆာကို ချိတ်ဆွဲထားသည်။ မြင်းဇက်ကြိုးကိုကိုင်ပြီးရပ်နေတဲ့ပုံက အေးချမ်းလှပသောပန်းချီကားတစ်ချပ်ကဲ့သို့။
ချောမောခန့်ညားပြီး အပြစ်ဆိုစရာမရှိသောဝတ်စားဆင်ယင်မှုနှင့် ချမ်းသာကြွယ်ဝသောသခင်လေးတစ်ယောက်၏ပုံစံပင်။
"ဒီသာမန်အရပ်သားက ဘုရင်ခံမင်းသားကို အရိုအသေပေးပါတယ်။"
ဆိုင်ရှင်က ချက်ချင်းပင်ဒူးထောက်ကာ အမျိုးသားကို အရိုအသေပေးလေ၏။
ဘုရင်ခံမင်းသား...ဒါဆို သူက အဲ့မင်းသားပေါ့။
နဉ်ရှု ဆွံ့အနေချေပြီ။ သူမ ဘယ်လိုတောင်ကံဆိုးတာလဲ။ သူမက စားစရာနည်းနည်းရှာဖို့လေးအတွက်ပဲ အပြင်ထွက်မိတာပါနော်။ သူမ ပိုက်ဆံလာဖို့မေ့ခဲ့တယ်။ ဒါပေမယ့် ဆိုင်ရှင်က သူမတို့ကို သူတောင်းစားလို့ခေါ်ပြီး ချက်ချင်းကြီးမောင်းထုတ်စရာအကြောင်းမရှိဘူးလေ။ ပြီးတော့ သူက သူမတို့ကို သူခိုးလို့တောင်စွပ်စွဲလိုက်သေး။
အခုကျ မင်းသားတစ်ပါးက ရုတ်တရက်ကြီးပေါ်လာတယ်။ နောက်လာမယ့်ဇာတ်ကွက်က သူရဲကောင်းကအလှလေးကိုကယ်တင်ခြင်းဆိုတဲ့ဇာတ်ကွက်ဆိုတာ နဉ်ရှုအတော်လေးကိုသေချာနေပေပြီ။
ဘုရင်ခံမင်းသား : လော်ကျွင့်ယွမ်
"ဘာဖြစ်နေတာလဲ?"
လော်ကျွင့်ယွမ်က အင်မတန်ခန့်ငြားသောပုံစံဖြင့် မြင်းပေါ်မှခုန်ဆင်းလိုက်သည်။
ဒီအခြေအနေကိုဖြေရှင်းပေးနိုင်မယ့် ရာထူးမြင့်တဲ့လူတစ်ဦးရှိနေတာကို ယွဲ့လန်တွေ့တဲ့အခါ သူမက အလျသ်အမြန်ပင်ပြောလိုက်လေတော့၏။
"ဒီရိုင်းစိုင်းယုတ်မာတဲ့ဆိုင်ရှင်က ဒီအစေခံနဲ့ ဒီအစေခံရဲ့မမလေးကို သူ့ပေါက်စီတွေကိုခိုးတယ်လို့စွပ်စွဲပါတယ်။"
"မမလေး?"
လော်ကျွင့်ယွမ်က ရှုပ်ထွေးညစ်ပတ်နေတဲ့နဉ်ရှုကို ကြည့်လိုက်သည်။
"မင်းက ဘယ်မိသားစုကလဲ?"
"ကျွန်မရဲ့မမလေးက....ဝူး..ဝူး.."
နဉ်ရှုက ယွဲ့လန်ဘာမှမပြောနိုင်ခင် သူမရဲ့ပါးစပ်ကို အလျင်အမြန်ပိတ်လိုက်သည်။ ပြီးနောက် အသာအယာပင်ချောင်းဟန့်လိုက်ကာ အသံပြောင်းစေရန် သူမရဲ့လည်ပင်းကိုညှစ်ကာ ပြောလိုက်သည်။
"ကျွန်မက မမလေးတစ်ယောက်မဟုတ်ပါဘူး။"
နဉ်ရှုက သူမအသံကို အရမ်းကြီးကြမ်းတမ်းသွားအောင်မလုပ်ပေ။ သူမက အရမ်းကိုအနီးမှုန်လွန်းနေပြီး ကန်းနေတဲ့လူတစ်ယောက်ပုံစံနဲ့ လော်ကျွင့်ယွမ်ကို ကြည့်နေလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက ညစ်ပတ်စုတ်ပြတ်နေပြီးဖြစ်တာကြောင့် သူမအနေနဲ့ သူတောင်းစားတစ်ယောက်လိုပင်ဟန်ဆောင်နေသင့်သည်။ သူမသာ သူမရဲ့မယုံကြည်နိုင်လောက်အောင်ကြည်လင်နေတဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်မိမယ်ဆိုရင် သူမ ချက်ချင်းကြီးပေါ်သွားတော့မှာမဟုတ်လား?
"ကျွန်မတို့ အရင်သွားပါတော့မယ်!"
နဉ်ရှုက ယွဲ့လန်ကိုဆွဲခေါ်ကာ ထွက်သွားရန်ပြင်လိုက်သည်။
"ခဏနေပါဦး။"
လော်ကျွင့်ယွမ်က နဉ်ရှုကိုတားကာ ပြောလာ၏။
"ဒီကိစ္စက အခုထိမရှင်းလင်းသေးဘူးလေ။ သူခိုးလို့စွပ်စွဲခံရတာနဲ့ပတ်သက်ပြီး မင်းတကယ်အဆင်ပြေလို့လား?"
သူမ ဘာမှမခိုးခဲ့တာကြောင့် ကိစ္စမရှိပါဘူးလို့ နဉ်ရှု တကယ်ပင်ပြန်ပြောချင်လှသည်။
အမျိုးသားဇာတ်လိုက်samaက အချိန်တွေအရမ်းပေါနေတာပဲ။ သူက ပေါက်စီဆိုင်လေးတစ်ဆိုင်ရဲ့ကိစ္စကိုတောင် ဝင်စွက်ဖက်နေတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ဇာတ်ကြောင်းက သူတို့ကိုအတူရှိနေအောင်တွန်းအားပေးနေဦးမည်ဖြစ်၏။
"ဒီနှစ်ယောက်က မင်းပေါက်စီတွေကို တကယ်ပဲခိုးခဲ့သလား? ပြောစမ်း။"
လော်ကျွင့်ယွမ်က ဆိုင်ရှင်ကို နူးညံ့သောအမူအရာဖြင့်မေးလိုက်သည်။ သို့သော်လည်း ဆိုင်ရှင်မှာ ကြောက်ရွံ့လွန်းသဖြင့် တစ်ကိုယ်လုံးတုန်နေကာ စကားပြောရန်ပင်အနိုင်နိုင်။
ဒီဆိုင်ရှင်က လော်ကျွင့်ယွမ်နဲ့ အမျိုးသမီးဇာတ်လိုက်ကိုတွေ့ဆုံအောင်လုပ်ပေးပြီး အမျိုးသမီးဇာတ်လိုက်ကို သူရဲကောင်းတစ်ယောက်ကဲ့သို့ကယ်တင်မှုကိုဖြစ်လာစေရန်လုပ်ဆောင်ပေးရန်တည်ရှိနေသည့် NPCတစ်ယောက်ဖြစ်ကြောင်း အခုတော့ နဉ်ရှုသေချာသွားပေပြီ။
နဉ်ရှုတစ်ယောက် တိတ်တိတ်ကလေးကြက်သေ,သေနေချေပြီ။ ဇာတ်ကြောင်းက အရမ်းကိုအားကောင်းလွန်းလှသည်။ သူမက အခုထိ လော်ကျွင့်ယွမ်ထံ ဆက်သခြင်းမခံရသေးသလို သူမအနေဖြင့် စားစရာနည်းနည်းရရန်သာ အပြင်ထွက်လာခြင်းဖြစ်သော်လည်း အမျိုးသားဇာတ်လိုက်samaတစ်ယောက်နဲ့ တွေ့ဆုံရခြင်းဖြင့်သာအဆုံးသတ်သွားသည်။ မုယန်မုန့်တစ်ယောက် သုံးဘဝလုံးကြိုးစားတာတောင် ဒီလူတွေလက်ထဲက မလွတ်မြောက်နိုင်တာ အံ့သြစရာမရှိတော့...။
ဟား...ဟား...ဟား....။
.......
Advertisement
- In Serial925 Chapters
The First Order
This is a brand new story.
8 1004 - In Serial380 Chapters
Aetheral Space
Dragan Hadrien is a low-level administrator in the Supremacy, the most powerful civilization in the galaxy. In the Supremacy, 'might makes right' is written into law - if you're strong enough to take something, it's yours. With the mysterious power of Aether, a light of the mind that grants abilities unimaginable, one can uncover lost knowledge, crown themselves a king, or even seek a position above that... For Dragan, however, his primary concern is getting a promotion and taking it easy for the rest of his days - and he's well on his way to doing that, until he finds himself snatched by a gang of dissidents and dragged into the kind of dangerous adventure he hates more than anything else. With the barest knowledge of Aether and combat, can Dragan survive in a galaxy quickly growing drunk with war? Updates Wednesdays and Sundays.
8 357 - In Serial16 Chapters
The Eternity Games
The Eternity Games A game played by the gods. Played using sentient species as champions to represnt each god who participates. A game that leads to godhood to the victor and the playing field is a newly formed galaxy. Champions chosen by their patron dietys are unaware of a deeper purpose than godhood until they accept to play The Eternity Games. Inspired by unfinished/dropped/abandoned kingdom building novels and 4X Games. Cover Art found on google images (https://pulse941.com.au/relationships-faith-life/echoes-in-eternity/)
8 230 - In Serial12 Chapters
Stone Mountain
Stone, the village sentry, is called upon by the village elders to descend their mountain home and understand the intentions of unknown invaders who fly in metallic birds. He must brave the lowlands that have been uninhabitable for thousands of years and if he is lucky, prevent a war between the groundling horde and the long eared lunarians.
8 198 - In Serial14 Chapters
Walks in the Dark
John is an alcoholic, misanthropic, down-on-his-luck private detective. Join him on his struggles to solve a newly accepted case all while struggling with himself in this noir-inspired crime/comedy.
8 85 - In Serial74 Chapters
Hearts gone cold
This is a compilation of poetry and thoughts most centering around the idea of lost love or loneliness.#1 sad poems 1-19-19#1 compilation 1-19-19#1 poet 1-29-19#1 deep poem 2-22-19
8 331