《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 4
Advertisement
[Zawgyi]
"ၿပီးေတာ့ သမီးတို႔က ဘာလို႔ထြက္ေျပးရမွာလဲ? အညံ့ခံလို႔မရဘူးလား?"
နဥ္ရႈ ေမးလိုက္သည္။ ဝန္ႀကီးခ်ဳပ္မုက သုန္ဟြာျပည္မွာ ရာထူးအဆင့္အတန္းအေတာ္ေလးျမင့္တာေၾကာင့္ သူသာအညံ့ခံလိုက္မယ္ဆိုရင္ အသက္ရွင္နို္င္ေလာက္သည္။
ဝန္ႀကီးခ်ဳပ္မုရဲ႕မ်က္နွာက တင္းမာသြားေလ၏။
"နင့္အေဖ ငါက ပညာရွိတစ္ေယာက္ပဲ။ ဒီလိုအရွက္ရစရာကိစၥမ်ိဳးကို ဘယ္လိုလုပ္ၿပီး လုပ္နိုင္မွာလဲ?"
နဥ္ရႈ : ....
ဂုဏ္သိကၡာကို ရွင္အဲ့ေလာက္ဂရုစိုက္ေနရင္လည္း ဘာလို႔ထြက္ေျပးေနေသးလဲ? သုန္ဟြာျပည္နဲ႔ ေသအတူရွင္မကြာရွိေနမယ္လို႔ ရွင့္ဆံုးျဖတ္ခ်က္ကို ျပတ္ျပတ္သားသားေၾကျငာလိုက္ေလ။ ရဲရင့္ၿပီး အရႈံးမေပးတတ္တဲ့ ပညာရွိတစ္ေယာက္အျဖစ္ေတာင္ သမိုင္းမွတ္တမ္းဝင္သြားလိမ့္မယ္။
ဒါေပမယ့္ နာက်င္စရာေကာင္းတဲ့အမွန္တရားက ရွင္က ရွင္သာေနခဲ့ရင္ ေသမွာကိုေၾကာက္ေနတာမဟုတ္လား?
"သခင္ႀကီး..မမေလး။ ကြၽန္မ ပစၥည္းေတြ ထုပ္ပိုးၿပီးပါၿပီ။"
အေစခံမေလးက အဝတ္ထုပ္တစ္ထုပ္ကို ေပြ႕ပိုက္ထားေလ၏။
နဥ္ရႈက ဝန္ႀကီးခ်ဳပ္မုနဲ႔ အတူမေနခ်င္တာေၾကာင့္ ေျပာလိုက္သည္။
"အေဖ...အေဖက အေမနဲ႔ အရင္ဆံုးထြက္သြားသင့္တယ္။ လမ္းခဲြၿပီး ေျပးရေအာင္။"
"ငါတို႔ ဘယ္လိုလုပ္ၿပီး ဒီလိုလုပ္နိုင္မွာလဲ?
ငါတို႔က မိသားစုေတြပဲ။ ငါတို႔သာကဲြကြာသြားခဲ့ရင္ တစ္ေယာက္နဲ႔တစ္ေယာက္ျပန္ေတြ႕နိုင္ဖို႔ အခ်ိန္ဘယ္ေလာက္ၾကာမယ္ဆိုတာ ဘယ္သူသိမွာလဲ? ၿပီးေတာ့ ဒီလိုဖရိုဖရဲျဖစ္ေနတဲ့အခ်ိန္မွာသာကဲြကြာသြားရင္...မေသခင္ေတာင္ တစ္ေယာက္နဲ႔တစ္ေယာက္ျပန္ဆံုဖို႔ ျဖစ္ခ်င္မွျဖစ္နိုင္မွာ။"
ဝန္ႀကီးခ်ဳပ္မုရဲ႕ မ်က္ခံုးေတြက ထင္ရွားစြာပင္ တြန္႔ခ်ိဳးေနေတာ့သည္။ သူက နဥ္ရႈရဲ႕အႀကံကို လက္မခံဘူးဆိုတာ ထင္ရွားပါသည္။
ဒါေၾကာင့္ နဥ္ရႈ ေျပာလိုက္သည္။
"အေမနဲ႔အေဖက အစ္ကိုႀကီးရယ္၊ ေမာင္ေလးရယ္နဲ႔အတူ အရင္ဆံုးထြက္သြားသင့္တယ္။ ဒါဆိုရင္ မုမိသားစုရဲ႕ေသြးဆက္ကို ဆက္ၿပီးထိန္းသိမ္းနိုင္လိမ့္မယ္။ သမီးကေတာ့ တစ္ျခားလမ္းက သြားမယ္။"
ဝန္ႀကီးခ်ဳပ္မုက ေခတၱမ်ွစဥ္းစားၿပီးေနာက္ ေျပာလာသည္။
"ေကာင္းတယ္။"
နဥ္ရႈ : ....
သူက သေဘာထားႀကီးတဲ့လူဆိုတာ ေသခ်ာပါတယ္။ သူ႔သမီးတစ္ေယာက္တည္းထြက္သြားမွာကို မစိုးရိမ္ဘူးလား? ဒါေပမယ့္ ဒါကလည္း ဇာတ္ေၾကာင္းကလိုအပ္ေနတဲ့အရာပဲ။ ဘယ္လိုႀကံဳရယက်ပန္းေ႐ြးခ်ယ္မႈမ်ိဳးမွာမဆို အိပ္ယာထက္က တိုက္ပဲြျမင္ကြင္းေတြရွိေနမွာ။ ေယာကၡမႀကီးသာ ဒီျမင္ကြင္းကိုၾကည့္ဖို႔ အနားမွာရွိေနရင္ ဒီအေျခအေနက အရမ္းကိုေၾကာက္ဖို႔ေကာင္းမွာပဲ။ ဒါေၾကာင့္ပဲ မူလဇာတ္ေၾကာင္းမွာ မုယန္မုန္႔က အၿမဲသူမတစ္ေယာက္တည္းပဲျဖစ္သည္။
"ေရာ႕...ဒီပိုက္ဆံေတြယူထား။"
ဝန္ႀကီးခ်ဳပ္မုက ေငြစကၠဴ တစ္ထပ္ကိုထုတ္ယူကာ နဥ္ရႈကို ကမ္းေပးလာသည္။ နဥ္ရႈ ပိုက္ဆံေတြကိုယူလိုက္ၿပီး ေျပာလိုက္သည္။
"ေက်းဇူတင္ပါတယ္ အေဖ။"
"အေဖ သမီးကို ကာကြယ္ဖို႔အတြက္ တစ္ေယာက္ေယာက္ထားခဲ့မယ္။ သူက အေဖ့ရဲ႕ ကိုယ္ေရးကိုယ္တာသက္ေတာ္ေစာင့္ပဲ။ အခုကစၿပီး သူက သမီးကို အရိပ္ထဲကေန ေစာင့္ေရွာက္လိမ့္မယ္။"
ဝန္ႀကီးခ်ဳပ္မုက ဓားတစ္လက္ကိုင္ထားေသာ သက္ေတာ္ေစာင့္တစ္ေယာက္ကို ညႊန္ျပသည္။
နဥ္ရႈ သက္ေတာ္ေစာင့္ကို ၾကည့္လိုက္သည္။ သက္ေတာ္ေစာင့္က အေတာ္ေလးထူးျခားတဲ့ပံုပန္းသ႑ာန္ရွိသည္။ သူ႔မ်က္နွာက ေလးေထာင့္ပံုသ႑ာန္ရွိၿပီး ေမးရိုးက က်ယ္ျပန္႔သည္။
ဒီသက္ေတာ္ေစာင့္က မူလဇာတ္ေၾကာင္းရဲ႕ အစိတ္အပိုင္းမဟုတ္ဘူးမလား? နဥ္ရႈ မူလဇာတ္ေၾကာင္းကို ျပန္စဥ္းစားလိုက္ၿပီး ဒီသက္ေတာ္ေစာင့္က တစ္ႀကိမ္မ်ွေပၚလာေသးတာကို နားလည္သြားသည္။ ဒါေပမယ့္ အဲ့ဒီေနာက္ပိုင္းမွာေတာ့ သူကဘယ္ေတာ့မွထပ္ေပၚမလာေတာ့ေခ်။ သူထြက္ေျပးသြားတာလား...အမ်ိဳးသားဇာတ္လိုက္တစ္ေယာက္ေယာက္ကပဲ လ်ွိဳ႕ဝွက္ၿပီးသတ္ပစ္လိုက္သလားပဲ။
"သူက သမီးကို အရိပ္ထဲကေနေစာင့္ေရွာက္လိမ့္မယ္။ ဒီအေစခံကလည္း သမီးနဲ႔ ေနခဲ့လိမ့္မယ္။"
အားလံုးကို ကတိုက္ကရိုက္ေျပာၿပီးေနာက္ ဝန္ႀကီးခ်ဳပ္မုက နဥ္ရႈကို ဝမ္းနည္းေနတဲ့မ်က္လံုးေတြနဲ႔ ၾကည့္လာသည္။
"သမီး...အေဖ အခုပဲသြားေတာ့မယ္။ ကိုယ့္ကိုကိုယ္ ဂရုစိုက္ပါ။ စစ္သူႀကီးက ထိုးေဖာက္ဝင္ေရာက္လာေတာ့မွာ။ သမီူလည္း ျမန္ျမန္ထြက္ေျပးသင့္တယ္။"
ထိုသို႔ေျပာၿပီးေနာက္ သူက အလ်င္အျမန္ေျပးထြက္သြားကာ မၾကာခင္မွာပဲ ျမင္ကြင္းကေန ေပ်ာက္ကြယ္သြားေတာ့သည္။
အေစာင့္က နဥ္ရႈကို တစ္ခ်က္ၾကည့္ကာ ျပတင္းေပါက္ကို ခုန္ေက်ာ္သြားေလ၏။ သူက ပုန္းကြယ္ဖို႔တစ္ေနရာရာသြားရွာတာပဲျဖစ္ရမည္။ ဒါမွသာ သူမကိုေစာင့္ၾကည့္ေနစဥ္မွာေတာင္ လူသိမခံရမွာျဖစ္၏။
ဒါဆို သူက ဘယ္လိုလုပ္ၿပီး အျပည့္အဝယံုၾကည္လုိ႔ရမွာလဲ?
နဥ္ရႈက ဝန္ႀကီးခ်ဳပ္မု သူမကိုေပးခဲ့တဲ့ပိုက္ဆံေတြကို ခ်ထားလိုက္ၿပီး အေစခံမေလးကို ေျပာလိုက္သည္။
"မင္းလည္း ထြက္သြားသင့္တယ္။ မင္း ငါ့ေနာက္လိုက္ဖို႔ မလိုအပ္ဘူး။"
"ဒီအေစခံက မမေလးေနာက္လိုက္ပါ့မယ္။ ဒီအေစခံ မေၾကာက္ပါဘူး။"
ဒါေပမယ့္လည္း သူမက စကားေျပာေနရင္းနွင့္ပင္ သူမသြားေတြေရာ ေျခေထာက္ေတြပါ ေၾကာက္လန္႔ၿပီးတုန္ရီေနေလ၏။
နဥ္ရႈ ခုတင္ေပၚမွာထိုင္လိုက္ၿပီး ညင္သာစြာေျပာလိုက္သည္။
"ငါက ထြက္သြားမွာမဟုတ္တာေၾကာင့္ မင္း ငါ့ေနာက္လိုက္ဖို႔ မလိုအပ္ဘူး။"
"ဒီအေစခံက မမေလးေနာက္ပဲလိုက္ပါ့မယ္။ အသက္ရွင္ေနေသးရင္ ယဲြ႕လန္က မမေလးရဲ႕အေစခံျဖစ္ၿပီး ေသသြားရင္ေတာ့ ယဲြ႕လန္က မမေလးရဲ႕ေဘးမွာ တေစၦတစ္ေကာင္ျဖစ္ေနပါ့မယ္။"
အေစခံမေလးက ခိုင္မာစြာေျပာလာသည္။
နဥ္ရႈ လက္ယမ္းလိုက္သည္။
"ေကာင္းၿပီ။ လုပ္ခ်င္သလိုသာလုပ္ေတာ့။"
"စားစရာနည္းနည္းသြားရွာေခ်။ ငါဗိုက္ဆာတယ္။"
နဥ္ရႈ ေျပာလိုက္သည္။
အေစခံမေလးက အဝတ္ထုပ္ကိုခ်ကာ နဥ္ရႈအတြက္ စားစရာရွာဖို႔ထြက္သြားသည္။
ျပတင္းေပါက္ဆီမွတဆင့္ မီးေရာင္ေတာက္ကာ ေလထုထဲမွာ ေၾကာက္ရံြ႕ေအာ္ဟစ္သံေတြနဲ႔ျပည့္ေနေသာ ၿမိဳ႕ဝင္ေပါက္ကို နဥ္ရႈျမင္ေနရသည္။ ပုပ္အဲ့အဲ့ေသြးနံ႔ကို အေဝးႀကီးကပင္ရေနၿပီး တိုင္းျပည္တစ္ျပည္လံုး ဝရုန္းသုန္းကားျဖစ္ေနသလို ထင္ရေစသည္။
"အမ္း..သက္ေတာ္ေစာင့္...ရွင္ အဲ့ဒီ့မွာရွိေနေသးလား?"
နဥ္ရႈက ျပတင္းေပါက္ဆီလွမ္းေအာ္လိုက္သည္။
သူမ အခ်ိန္ခဏၾကာေအာင္ေစာင့္ေနေပမယ့္ သက္ေတာ္ေစာင့္ဆီက ျပန္ေျဖသံမၾကားရေပ။ သူ တကယ္ပဲထြက္ေျပးသြားၿပီလားဆိုတာ သူမစိတ္ဓာတ္က်စြာပင္ သိခ်င္သြားသည္။
"ဒီမွာပါ။"
အသံတစ္သံက ရုတ္တရက္ထြက္ေပၚလာသည္။
နဥ္ရႈ : ...
ဒီလူ႔ရဲ႕ တုန္႔ျပန္ႏုိင္စြမ္းက အေတာ္ေလးၾကာတဲ့ပံုပဲ။ သူျပန္ေျဖဖို႔ အခ်ိန္အရမ္းၾကာတာပါပဲလား?
"ကြၽန္မ ရွင့္ကို ဘယ္လိုဆက္သြယ္ရမလဲ?"
Advertisement
တကယ္လို႔ ေနာင္အနာဂတ္မွာသာ သူမသူ႔ကိုေခၚဖို႔ရွိလာခဲ့ရင္ သူေရာက္လာဖို႔အတြက္ သူမ လက္ဖက္ရည္ခြက္ေအးသြားတဲ့အခ်ိန္အထိေစာင့္ေနရမွာလား?
ၿပီးေတာ့ သူဘယ္ေလာက္သစၥာရွိသလဲဆိုလည္း သူမ မသိဘူး။
ဟူး...ဘဝက စိတ္ဆင္းရဲဖို႔ေကာင္းလိုက္တာ။
အနက္ေရာင္ပံုရိပ္တစ္ရိပ္က နဥ္ရႈေရွ႕မွာ ရုတ္တရက္ေပၚလာၿပီး သူမကိုစိုက္ၾကည့္ေနသည္။ သူက အနက္ေရာင္အဝတ္စတစ္ခုကို မ်က္နွာမွာတပ္ထားၿပီး မ်က္လံုးသာေဖာ္ထားသည္။
"ကြၽန္ေတာ္ပါ မမေလး။"
နဥ္ရႈ သူမရင္ဘတ္ကို ဖိလိုက္သည္။
"ရွင္ ဘာလို႔ မ်က္နွာအုပ္ထားတာလဲ?"
"ဒါက ကြၽန္ေတာ္တို႔ လ်ွိဳ႕ဝွက္သက္ေတာ္ေစာင့္ေတြရဲ႕ စည္းကမ္းပဲ။"
နဥ္ရႈ : ...
ရွင့္ပံုစံမ်ိဳးနဲ႔ ဘယ္သူကမွ ရွင့္မ်က္နွာကို မွတ္မိမွာမဟုတ္ဘူး။ မ်က္မွာဖံုးတပ္ထားမွသာ ရွင္က ပိုၿပီးအာရံုစိုက္ခံရမွာ။
"ဒါက ခရာတစ္ခုပါ။ မမေလး ဒီခရာကိုမႈတ္လိုက္တာနဲ႔ ကြၽန္ေတာ္ ခ်က္ခ်င္းေပၚလာပါ့မယ္။"
သက္ေတာ္ေစာင့္က နဥ္ရႈကို ခရာတစ္ခုကမ္းေပးသည္။ နဥ္ရႈက ခရာကိုယူလိုက္ၿပီး ေမးလိုက္သည္။
"ရွင္ ဘယ္ေရာက္ေနေန ၾကားနိုင္တယ္ေပါ့?"
ဒီေမးခြန္းက သက္ေတာ္ေစာင့္အတြက္ အေတာ္ေလးစဥ္းစားစရာျဖစ္သြားတာေၾကာင့္ သူ ခဏမ်ွ ျငိမ္သြားသည္။ ေတာက္ဆံုးမွာေတာ့ သူက ေျပာလာေလ၏။
"ကြၽန္ေတာ္က မမေလးေဘးမွာ တစ္ခ်ိန္လံုးရွိေနမွာျဖစ္လို႔ မမေလးခရာမႈတ္ရင္ ကြၽန္ေတာ္ၾကားနိုင္ပါလိမ့္မယ္။"
"ေက်းဇူးပဲ။"
နဥ္ရႈ ခရာကို ခ်ထားလိုက္သည္။ ေကာင္းသည္ျဖစ္ေစ..ဆိုးသည္ျဖစ္ေစ ဒီခရာနဲ႔ဆို သူမ နည္းနည္းလံုၿခံသလိုခံစားရသည္။
....
ဒီအပိုင္းအရွည္ဆံုးပဲ။ T_T ဒါနဲ႔ dictionaryမွာျပတာ ဝီစီတဲ့။ အလွေလးနဲ႔ဝီစီက မလိုက္ဖက္လို႔ ခရာလို႔ေျပာင္းေရးလိုက္တာ။
.....
[Unicode]
"ပြီးတော့ သမီးတို့က ဘာလို့ထွက်ပြေးရမှာလဲ? အညံ့ခံလို့မရဘူးလား?"
နဉ်ရှု မေးလိုက်သည်။ ဝန်ကြီးချုပ်မုက သုန်ဟွာပြည်မှာ ရာထူးအဆင့်အတန်းအတော်လေးမြင့်တာကြောင့် သူသာအညံ့ခံလိုက်မယ်ဆိုရင် အသက်ရှင်နိုင်လောက်သည်။
ဝန်ကြီးချုပ်မုရဲ့မျက်နှာက တင်းမာသွားလေ၏။
"နင့်အဖေ ငါက ပညာရှိတစ်ယောက်ပဲ။ ဒီလိုအရှက်ရစရာကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ?"
နဉ်ရှု : ....
ဂုဏ်သိက္ခာကို ရှင်အဲ့လောက်ဂရုစိုက်နေရင်လည်း ဘာလို့ထွက်ပြေးနေသေးလဲ? သုန်ဟွာပြည်နဲ့ သေအတူရှင်မကွာရှိနေမယ်လို့ ရှင့်ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားကြေငြာလိုက်လေ။ ရဲရင့်ပြီး အရှုံးမပေးတတ်တဲ့ ပညာရှိတစ်ယောက်အဖြစ်တောင် သမိုင်းမှတ်တမ်းဝင်သွားလိမ့်မယ်။
ဒါပေမယ့် နာကျင်စရာကောင်းတဲ့အမှန်တရားက ရှင်က ရှင်သာနေခဲ့ရင် သေမှာကိုကြောက်နေတာမဟုတ်လား?
"သခင်ကြီး..မမလေး။ ကျွန်မ ပစ္စည်းတွေ ထုပ်ပိုးပြီးပါပြီ။"
အစေခံမလေးက အဝတ်ထုပ်တစ်ထုပ်ကို ပွေ့ပိုက်ထားလေ၏။
နဉ်ရှုက ဝန်ကြီးချုပ်မုနဲ့ အတူမနေချင်တာကြောင့် ပြောလိုက်သည်။
"အဖေ...အဖေက အမေနဲ့ အရင်ဆုံးထွက်သွားသင့်တယ်။ လမ်းခွဲပြီး ပြေးရအောင်။"
"ငါတို့ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်မှာလဲ?
ငါတို့က မိသားစုတွေပဲ။ ငါတို့သာကွဲကွာသွားခဲ့ရင် တစ်ယောက်နဲ့တစ်ယောက်ပြန်တွေ့နိုင်ဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူသိမှာလဲ? ပြီးတော့ ဒီလိုဖရိုဖရဲဖြစ်နေတဲ့အချိန်မှာသာကွဲကွာသွားရင်...မသေခင်တောင် တစ်ယောက်နဲ့တစ်ယောက်ပြန်ဆုံဖို့ ဖြစ်ချင်မှဖြစ်နိုင်မှာ။"
ဝန်ကြီးချုပ်မုရဲ့ မျက်ခုံးတွေက ထင်ရှားစွာပင် တွန့်ချိုးနေတော့သည်။ သူက နဉ်ရှုရဲ့အကြံကို လက်မခံဘူးဆိုတာ ထင်ရှားပါသည်။
ဒါကြောင့် နဉ်ရှု ပြောလိုက်သည်။
"အမေနဲ့အဖေက အစ်ကိုကြီးရယ်၊ မောင်လေးရယ်နဲ့အတူ အရင်ဆုံးထွက်သွားသင့်တယ်။ ဒါဆိုရင် မုမိသားစုရဲ့သွေးဆက်ကို ဆက်ပြီးထိန်းသိမ်းနိုင်လိမ့်မယ်။ သမီးကတော့ တစ်ခြားလမ်းက သွားမယ်။"
ဝန်ကြီးချုပ်မုက ခေတ္တမျှစဉ်းစားပြီးနောက် ပြောလာသည်။
"ကောင်းတယ်။"
နဉ်ရှု : ....
သူက သဘောထားကြီးတဲ့လူဆိုတာ သေချာပါတယ်။ သူ့သမီးတစ်ယောက်တည်းထွက်သွားမှာကို မစိုးရိမ်ဘူးလား? ဒါပေမယ့် ဒါကလည်း ဇာတ်ကြောင်းကလိုအပ်နေတဲ့အရာပဲ။ ဘယ်လိုကြုံရယကျပန်းရွေးချယ်မှုမျိုးမှာမဆို အိပ်ယာထက်က တိုက်ပွဲမြင်ကွင်းတွေရှိနေမှာ။ ယောက္ခမကြီးသာ ဒီမြင်ကွင်းကိုကြည့်ဖို့ အနားမှာရှိနေရင် ဒီအခြေအနေက အရမ်းကိုကြောက်ဖို့ကောင်းမှာပဲ။ ဒါကြောင့်ပဲ မူလဇာတ်ကြောင်းမှာ မုယန်မုန့်က အမြဲသူမတစ်ယောက်တည်းပဲဖြစ်သည်။
"ရော့...ဒီပိုက်ဆံတွေယူထား။"
ဝန်ကြီးချုပ်မုက ငွေစက္ကူ တစ်ထပ်ကိုထုတ်ယူကာ နဉ်ရှုကို ကမ်းပေးလာသည်။ နဉ်ရှု ပိုက်ဆံတွေကိုယူလိုက်ပြီး ပြောလိုက်သည်။
"ကျေးဇူတင်ပါတယ် အဖေ။"
"အဖေ သမီးကို ကာကွယ်ဖို့အတွက် တစ်ယောက်ယောက်ထားခဲ့မယ်။ သူက အဖေ့ရဲ့ ကိုယ်ရေးကိုယ်တာသက်တော်စောင့်ပဲ။ အခုကစပြီး သူက သမီးကို အရိပ်ထဲကနေ စောင့်ရှောက်လိမ့်မယ်။"
ဝန်ကြီးချုပ်မုက ဓားတစ်လက်ကိုင်ထားသော သက်တော်စောင့်တစ်ယောက်ကို ညွှန်ပြသည်။
နဉ်ရှု သက်တော်စောင့်ကို ကြည့်လိုက်သည်။ သက်တော်စောင့်က အတော်လေးထူးခြားတဲ့ပုံပန်းသဏ္ဍာန်ရှိသည်။ သူ့မျက်နှာက လေးထောင့်ပုံသဏ္ဍာန်ရှိပြီး မေးရိုးက ကျယ်ပြန့်သည်။
ဒီသက်တော်စောင့်က မူလဇာတ်ကြောင်းရဲ့ အစိတ်အပိုင်းမဟုတ်ဘူးမလား? နဉ်ရှု မူလဇာတ်ကြောင်းကို ပြန်စဉ်းစားလိုက်ပြီး ဒီသက်တော်စောင့်က တစ်ကြိမ်မျှပေါ်လာသေးတာကို နားလည်သွားသည်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ သူကဘယ်တော့မှထပ်ပေါ်မလာတော့ချေ။ သူထွက်ပြေးသွားတာလား...အမျိုးသားဇာတ်လိုက်တစ်ယောက်ယောက်ကပဲ လျှို့ဝှက်ပြီးသတ်ပစ်လိုက်သလားပဲ။
"သူက သမီးကို အရိပ်ထဲကနေစောင့်ရှောက်လိမ့်မယ်။ ဒီအစေခံကလည်း သမီးနဲ့ နေခဲ့လိမ့်မယ်။"
အားလုံးကို ကတိုက်ကရိုက်ပြောပြီးနောက် ဝန်ကြီးချုပ်မုက နဉ်ရှုကို ဝမ်းနည်းနေတဲ့မျက်လုံးတွေနဲ့ ကြည့်လာသည်။
"သမီး...အဖေ အခုပဲသွားတော့မယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ စစ်သူကြီးက ထိုးဖောက်ဝင်ရောက်လာတော့မှာ။ သမီူလည်း မြန်မြန်ထွက်ပြေးသင့်တယ်။"
ထိုသို့ပြောပြီးနောက် သူက အလျင်အမြန်ပြေးထွက်သွားကာ မကြာခင်မှာပဲ မြင်ကွင်းကနေ ပျောက်ကွယ်သွားတော့သည်။
အစောင့်က နဉ်ရှုကို တစ်ချက်ကြည့်ကာ ပြတင်းပေါက်ကို ခုန်ကျော်သွားလေ၏။ သူက ပုန်းကွယ်ဖို့တစ်နေရာရာသွားရှာတာပဲဖြစ်ရမည်။ ဒါမှသာ သူမကိုစောင့်ကြည့်နေစဉ်မှာတောင် လူသိမခံရမှာဖြစ်၏။
ဒါဆို သူက ဘယ်လိုလုပ်ပြီး အပြည့်အဝယုံကြည်လို့ရမှာလဲ?
နဉ်ရှုက ဝန်ကြီးချုပ်မု သူမကိုပေးခဲ့တဲ့ပိုက်ဆံတွေကို ချထားလိုက်ပြီး အစေခံမလေးကို ပြောလိုက်သည်။
"မင်းလည်း ထွက်သွားသင့်တယ်။ မင်း ငါ့နောက်လိုက်ဖို့ မလိုအပ်ဘူး။"
"ဒီအစေခံက မမလေးနောက်လိုက်ပါ့မယ်။ ဒီအစေခံ မကြောက်ပါဘူး။"
ဒါပေမယ့်လည်း သူမက စကားပြောနေရင်းနှင့်ပင် သူမသွားတွေရော ခြေထောက်တွေပါ ကြောက်လန့်ပြီးတုန်ရီနေလေ၏။
နဉ်ရှု ခုတင်ပေါ်မှာထိုင်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။
"ငါက ထွက်သွားမှာမဟုတ်တာကြောင့် မင်း ငါ့နောက်လိုက်ဖို့ မလိုအပ်ဘူး။"
"ဒီအစေခံက မမလေးနောက်ပဲလိုက်ပါ့မယ်။ အသက်ရှင်နေသေးရင် ယွဲ့လန်က မမလေးရဲ့အစေခံဖြစ်ပြီး သေသွားရင်တော့ ယွဲ့လန်က မမလေးရဲ့ဘေးမှာ တစ္ဆေတစ်ကောင်ဖြစ်နေပါ့မယ်။"
အစေခံမလေးက ခိုင်မာစွာပြောလာသည်။
နဉ်ရှု လက်ယမ်းလိုက်သည်။
"ကောင်းပြီ။ လုပ်ချင်သလိုသာလုပ်တော့။"
"စားစရာနည်းနည်းသွားရှာချေ။ ငါဗိုက်ဆာတယ်။"
နဉ်ရှု ပြောလိုက်သည်။
အစေခံမလေးက အဝတ်ထုပ်ကိုချကာ နဉ်ရှုအတွက် စားစရာရှာဖို့ထွက်သွားသည်။
ပြတင်းပေါက်ဆီမှတဆင့် မီးရောင်တောက်ကာ လေထုထဲမှာ ကြောက်ရွံ့အော်ဟစ်သံတွေနဲ့ပြည့်နေသော မြို့ဝင်ပေါက်ကို နဉ်ရှုမြင်နေရသည်။ ပုပ်အဲ့အဲ့သွေးနံ့ကို အဝေးကြီးကပင်ရနေပြီး တိုင်းပြည်တစ်ပြည်လုံး ဝရုန်းသုန်းကားဖြစ်နေသလို ထင်ရစေသည်။
"အမ်း..သက်တော်စောင့်...ရှင် အဲ့ဒီ့မှာရှိနေသေးလား?"
နဉ်ရှုက ပြတင်းပေါက်ဆီလှမ်းအော်လိုက်သည်။
သူမ အချိန်ခဏကြာအောင်စောင့်နေပေမယ့် သက်တော်စောင့်ဆီက ပြန်ဖြေသံမကြားရပေ။ သူ တကယ်ပဲထွက်ပြေးသွားပြီလားဆိုတာ သူမစိတ်ဓာတ်ကျစွာပင် သိချင်သွားသည်။
"ဒီမှာပါ။"
အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။
နဉ်ရှု : ...
ဒီလူ့ရဲ့ တုန့်ပြန်နိုင်စွမ်းက အတော်လေးကြာတဲ့ပုံပဲ။ သူပြန်ဖြေဖို့ အချိန်အရမ်းကြာတာပါပဲလား?
"ကျွန်မ ရှင့်ကို ဘယ်လိုဆက်သွယ်ရမလဲ?"
တကယ်လို့ နောင်အနာဂတ်မှာသာ သူမသူ့ကိုခေါ်ဖို့ရှိလာခဲ့ရင် သူရောက်လာဖို့အတွက် သူမ လက်ဖက်ရည်ခွက်အေးသွားတဲ့အချိန်အထိစောင့်နေရမှာလား?
ပြီးတော့ သူဘယ်လောက်သစ္စာရှိသလဲဆိုလည်း သူမ မသိဘူး။
ဟူး...ဘဝက စိတ်ဆင်းရဲဖို့ကောင်းလိုက်တာ။
အနက်ရောင်ပုံရိပ်တစ်ရိပ်က နဉ်ရှုရှေ့မှာ ရုတ်တရက်ပေါ်လာပြီး သူမကိုစိုက်ကြည့်နေသည်။ သူက အနက်ရောင်အဝတ်စတစ်ခုကို မျက်နှာမှာတပ်ထားပြီး မျက်လုံးသာဖော်ထားသည်။
"ကျွန်တော်ပါ မမလေး။"
နဉ်ရှု သူမရင်ဘတ်ကို ဖိလိုက်သည်။
"ရှင် ဘာလို့ မျက်နှာအုပ်ထားတာလဲ?"
"ဒါက ကျွန်တော်တို့ လျှို့ဝှက်သက်တော်စောင့်တွေရဲ့ စည်းကမ်းပဲ။"
နဉ်ရှု : ...
ရှင့်ပုံစံမျိုးနဲ့ ဘယ်သူကမှ ရှင့်မျက်နှာကို မှတ်မိမှာမဟုတ်ဘူး။ မျက်မှာဖုံးတပ်ထားမှသာ ရှင်က ပိုပြီးအာရုံစိုက်ခံရမှာ။
"ဒါက ခရာတစ်ခုပါ။ မမလေး ဒီခရာကိုမှုတ်လိုက်တာနဲ့ ကျွန်တော် ချက်ချင်းပေါ်လာပါ့မယ်။"
သက်တော်စောင့်က နဉ်ရှုကို ခရာတစ်ခုကမ်းပေးသည်။ နဉ်ရှုက ခရာကိုယူလိုက်ပြီး မေးလိုက်သည်။
"ရှင် ဘယ်ရောက်နေနေ ကြားနိုင်တယ်ပေါ့?"
ဒီမေးခွန်းက သက်တော်စောင့်အတွက် အတော်လေးစဉ်းစားစရာဖြစ်သွားတာကြောင့် သူ ခဏမျှ ငြိမ်သွားသည်။ တောက်ဆုံးမှာတော့ သူက ပြောလာလေ၏။
"ကျွန်တော်က မမလေးဘေးမှာ တစ်ချိန်လုံးရှိနေမှာဖြစ်လို့ မမလေးခရာမှုတ်ရင် ကျွန်တော်ကြားနိုင်ပါလိမ့်မယ်။"
"ကျေးဇူးပဲ။"
နဉ်ရှု ခရာကို ချထားလိုက်သည်။ ကောင်းသည်ဖြစ်စေ..ဆိုးသည်ဖြစ်စေ ဒီခရာနဲ့ဆို သူမ နည်းနည်းလုံခြံသလိုခံစားရသည်။
....
ဒီအပိုင်းအရှည်ဆုံးပဲ။ T_T ဒါနဲ့ dictionaryမှာပြတာ ဝီစီတဲ့။ အလှလေးနဲ့ဝီစီက မလိုက်ဖက်လို့ ခရာလို့ပြောင်းရေးလိုက်တာ။
.....
Advertisement
- In Serial3997 Chapters
Speedrunning the Multiverse
Dorian achieved his life's goal: reach the peak of power. What now? Do it all over again, of course. But faster. Updates M-W-F at 11 A.M. EST
8 3924 - In Serial2229 Chapters
Versatile Mage
He woke up in a familiar world that had vastly changed.
8 240 - In Serial27 Chapters
A Deck of Dragons - A Card Game LitRPG
An orphan wakes up in another world. A dragon wakes up in another time. Together, the two must navigate a new place. One seeks an explanation; the other seeks freedom... Indefinite hiatus. This story features a card game inspired by Magic: The Gathering, Yu-gi-oh, Pokemon, and Hearthstone.
8 73 - In Serial71 Chapters
Dragon Road: How I Rise in My New Life
Unbeknownst to most life in the vast universe, there exists worlds with life that nestle within cracks in the void of the physical plane of existence. Whether these worlds are the realms of the afterlife is unknown, but what is clear is that sometimes… some things… physical or not… real or not… tend to slip into the cracks… This is my story... Of how I died filled with regret, but was given a chance to live my new life (though not the way I expected) hoping to gain what I desire the most. Power... Women... and most important of all... Family. * Arc 1: An End and A Beginning * Arc 2: Journey to the New World * Arc 3: The All-Treasure Pavillion
8 216 - In Serial12 Chapters
Granger-Swan Family Reunion
Hermione Granger, war herione of the wizarding world, must go back to something worse than a war. Her family. Every year there was a reunion to be held for the Granger-Swan families. Now after 14 years, she will come back with a husband and 2 kids. How will everyone react? Find out in my new book, Granger-Swan Reunion.
8 157 - In Serial28 Chapters
Prove It (Completed)
It's Winter break and a freak storm prevents the last five students from leaving their remote campus. Most of the staff have left and those that remain are happy to lock themselves away in their rooms and wait for spring.In the student dorms, a power cut, no outside communications and a need to keep safe brings the quiet nerd onto their radar and once they see her and get to know her better, they wonder where she had been hiding all this time.One thing is for certain, after the storm has past, they are not letting her go.This is a very fast instalove reverse harem short story - enjoy.
8 127

