《The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]》Chapter - 1
Advertisement
[Zawgyi]
အမ်ိဳးသမီးက နဥ္ရႈေျပာတာကိုၾကားတဲ့အခါ သူမဆီ လ်င္ျမန္စြာေလ်ွာက္လွမ္းလာ၏။ ထိုစဥ္မွာေတာ့ နဥ္ရႈတစ္ေယာက္ ႏူးညံ့ညင္သာတဲ့ေျခလွမ္းေတြနဲ႔ သူမဆီခ်ဥ္းကပ္လာတဲ့အမ်ိဳးသမီးကို ေၾကာင္အကာ ေငးၾကည့္ေနမိသည္။ အမ်ိဳးသမီးရဲ႕ခါးက အရမ္းကိုေသးသြယ္လြန္းၿပီး သူမရဲ႕လႈပ္ရွားမႈေတြေၾကာင့္ ခါးက်ိဳးသြားမွာကို နဥ္ရႈစိုးရိမ္ေနသည္။
အမ်ိဳးသမီးက နဥ္ရႈဆီေရာက္လာၿပီး သူမရဲ႕လက္ကိုဆဲြကိုင္လိုက္ရင္း ငိုေႂကြးကာေျပာလာသည္။
"မမ...ေက်းဇူးျပဳ ၿပီး ကြၽန္မကို ကူညီပါ။"
သူမရဲ႕ အျပစ္အနာအဆာကင္းတဲ့မ်က္နွာက္ုိ အနီးကပ္ၾကည့္ေနရင္း ပါးစပ္ေတြေျခာက္လာသလို နဥ္ရႈခံစားလိုက္ရသည္။ သူမ ေမးလိုက္သည္။
"ကူညီပါဆိုတာ ရွင္ ဘာကိုဆိုလိုတာလဲ?"
"ကြၽန္မကို ကူညီပါ။ ဒီတူညီတဲ့စက္ဝန္းတစ္ခုတည္းမွာ ကြၽန္မ ျပန္မဝင္စားခ်င္ေတာ့ဘူး။ ကြၽန္မ တကယ္ကို သည္းမခံနိုင္ေတာ့ဘူး။ ကြၽန္မ ဘဝအသစ္တစ္ခုမွာ ျပန္ဝင္စားခ်င္တယ္။ မမသာ ကြၽန္မကို ျပန္တိုက္ခိုက္ဖုိ႔နဲ႔ ဒီျပန္ဝင္စားျခင္းနဲ႔ျပန္လည္ေမြးဖြားျခင္းသံသရာကေန လြတ္ေျမာက္ဖို႔ ကူညီေပးမယ္ဆိုရင္ ယန္မုန္႔က ဝိဥာဥ္စြမ္းအားေတြအကုန္လံုးကို ေပးဖို႔ဆႏၵရွိပါတယ္။ ကြၽန္မလိုခ်င္တာက ေနာက္ဘဝကို ကူးေျပာင္းနိုင္ဖို႔ပါပဲ။"
ယန္မုန္႔လို႔ေခၚတဲ့သူေျပာတဲ့စကားကိုၾကားတဲ့အခါ နဥ္ရႈ နွလံုးသားေလး ခုန္ေပါက္သြားသည္။ ေကာင္းကင္ကေန ပိုင္မုန္႔ေတြအလကားက်လာဖို႔ဆိုတာ လံုးဝမျဖစ္နိုင္ဘူး။ ဒါေၾကာင့္ သူမေျပာလိုက္သည္။
"ေက်းဇူးျပဳ ၿပီး အေသးစိတ္ေျပာျပေပးပါ။"
"ကြၽန္မနာမည္က မုယန္မုန္႔လို႔ေခၚတယ္။ ကြၽန္မက နိုင္ငံ့ဝန္ႀကီးခ်ဳပ္ရဲ႕ သမီးပဲ။"
မုယန္မုန္႔က ေျပာလိုက္သည္။
အား...သူက Ms. Perfectပဲ!
"ရွင့္အတြက္ ကြၽန္မေပးမယ့္တာဝန္က ဒီေယာက်္ားေတြဆီကေန ေဝးေဝးေနဖို႔ပဲ။ ကြၽန္မ ဒီေယာက္်ားေတြကို လံုေလာက္ေအာင္သည္းခံၿပီးသြားၿပီ! ကြၽန္မ တူညီတဲ့ဘဝသံုးခုကို ျဖတ္သန္းခဲ့ရတယ္။ ဒါေၾကာင့္ ကြၽန္မေတြးတာက ကြၽန္မ ဒီေယာက်္ားေတြလက္ထဲကေန လြတ္ေျမာက္နိုင္မယ္ေပါ့။ ဒါေပမယ့္ ကြၽန္မဘာပဲလုပ္လုပ္ သူတို႔ဆီကေန ထြက္မသြားနိုင္ခဲ့ဘူး။ ကြၽန္မ ပထမဆံုးအႀကိမ္ျပန္ေမြးဖြားေတာ့ ထြက္ေျပးဖို႔ႀကိဳးစားခဲ့တယ္။ ဒါေပမယ့္ ေယာက်္ားတစ္ေယာက္ရဲ႕လက္ထဲကို ေရာက္သြားတုန္းပဲ။ ဒုတိယဘဝမွာ ဆဲြႀကိဳးခ်ၿပီး ကိုယ့္ကိုကိုယ္သတ္ေသဖို႔ ဆံုးျဖတ္ခဲ့တယ္။ ဒါေပမယ့္ ေယာက်္ားတစ္ေယာက္က ကယ္တင္တာခံလိုက္ရၿပီး ပထမဘဝတုန္းကလိုပဲ ဒီေယာက်္ားေတြနဲ႔ ပတ္သက္ဖို႔ ဖိအားအေပးခံရျပန္တယ္။"
အား..သူမက လူသားတစ္ေယာက္အေနနဲ႔ သံုးဘဝေတာင္ေနထိုင္ဖူးတာပဲ။ သူမရဲ႕ဝိဥာဥ္က အရမ္းသန္မာေနတာ အံ့ၾသစရာမရွိေတာ့ဘူး။
မုယန္မုန္႔က နဥ္ရႈကို ေမ်ွာ္လင့္ခ်က္ေတြျပည့္ေနတဲ့မ်က္ဝန္းနဲ႔ ၾကည့္လာသည္။
"မမ...ကြၽန္မ ဒီကံၾကမၼာကို ခ်ိဳးဖ်က္ခ်င္တယ္။ အမွန္ေတာ့ မမအဲ့ဒီမွာရွိေနတုန္း ဒီေယာက္်ားေတြကို သင္ခန္းစာတစ္ခုေလာက္ေပးနိုင္ရင္ေတာ့ ပိုေကာင္းတာေပါ့ေလ။"
နဥ္ရႈ နႈတ္ခမ္းေတြတြန္႔သြားၿပီး ေမးလိုက္သည္။
"ေယာက်္ားဘယ္နွေယာက္အေၾကာင္း ရွင္ေျပာေနတာလဲ?"
ျပန္ေျပာလိုက္တဲ့ မုယန္မုန္႔ရဲ႕မ်က္လံုးေတြက ၾကည္လင္လို႔ေနသည္။
"အမ်ားႀကီးပဲ။"
နဥ္ရႈ : .....
ဒါဆို...ဒီတာဝန္က အတိအက်ေျပာရင္ ဘာလဲ?
"2333...ငါဒီတာဝန္ကို မယူခ်င္ဘူး။"
နဥ္ရႈ Systemကို ေျပာလိုက္သည္။
"ခင္ဗ်ားမွာ ေ႐ြးခ်ယ္စရာမရွိဘူး။ ေနာက္ဆံုးတာဝန္ကို ခင္ဗ်ားျငင္းပယ္ၿပီးၿပီ။ ဒါေၾကာင့္ ဒီတာဝန္ကို ခင္ဗ်ားျငင္းလို႔မရဘူး။"
2333က ေျပာလာသည္။
"မဟုတ္ရင္ ခင္ဗ်ား ဖ်က္ဆီးခံရလိမ့္မယ္။"
နဥ္ရႈ : .....
နဥ္ရႈ မ်က္နွာေပၚမွာ ရႈံ႕မဲ့ေနတဲ့အၿပံဳးတစ္ခုကိုပန္ဆင္ကာ မုယန္မုန္႔ဘက္လွည့္ၿပီး ေျပာလိုက္သည္။
"ငါ ဒီတာဝန္ကို လက္ခံမယ္။"
"ေက်းဇူးတင္ပါတယ္ မမ။"
လွပတဲ့အၿပံဳးတစ္ခုက မုယန္မုန္႔မ်က္နွာမွာ ေပၚလာသည္။ သူမအၿပံဳးက spaceတစ္ခုလံုးကိုပင္ ေတာက္ပသြားေစ၏။
သူမက တကယ္ကို ရူးေလာက္ေအာင္လွတယ္။
နဥ္ရႈက တာဝန္ကိုလက္ခံမယ္လို႔ေျပာလိုက္တဲ့အခါ မုယန္မုန္႔ အရမ္းေပ်ာ္သြားသည္။ သူမထြက္မသြားခင္ ေျပာသြားေသး၏။
"မမ...ရွင္က တကယ္ေကာင္းတဲ့လူပဲ။ လူတိုင္းက ကြၽန္မတာဝန္ကို ျငင္းပယ္ၾကတယ္။ မဟုတ္လို႔ သူတို႔ထမ္းေဆာင္ရင္လည္း က်ရႈံးသြားၾကတယ္။ ဒါေၾကာင့္ ေက်းဇူးတင္ပါတယ္။"
နဥ္ရႈ : ျပန္လာခဲ့။ နင္ဘာေျပာလိုက္တယ္?
မုယန္မုန္႔ထြက္သြားတာနဲ႔ နဥ္ရႈ ပိုဆိုးသြားသလိုခံစားလိုက္ရၿပီး 2333ကိုေမးလိုက္၏။
"ဒါက ဘာလဲ?"
"မုယန္မုန္႔က ကမၻာတစ္ခုရဲ႕ အမ်ိဳးသမီးဇာတ္လိုက္ပဲ။"
2333က ျပန္ေျဖသည္။
"ဒါေပမယ့္ သူမ နွစ္ႀကိမ္ျပန္ေမြးဖြားၿပီးၿပီ။ သူမ ျပန္ေမြးဖြားတာကို ထပ္မႀကံဳခ်င္ေတာ့တာေၾကာင့္ သူမအတြက္ ျပန္တိုက္ခိုက္ေပးဖို႔ တာဝန္ထမ္းေဆာင္သူတစ္ေယာက္ကိုရွာေနတာ။"
"သူမက အမ်ိဳးသမီးဇာတ္လိုက္ေလ။ ငါ့လို အေျမာက္စာဇာတ္ေကာင္တစ္ခုက ဘာအတြက္ ျပန္တိုက္ခိုက္ေပးရမွာလဲ?"
နဥ္ရႈ ေဒါသထြက္ကာ ေမးလိုက္သည္။
......
အရင္လို ပ်က္သြားမွာစိုးလို႔ တစ္ပိုင္းအရင္publishedလုပ္ထားမယ္။ ေနာက္အပိုင္းေတြေတာ့ updateလုပ္ဦးမွာမဟုတ္ဘူး။ Realm-4ၿပီးမွ ျပန္ထားတာေတြအကုန္စုၿပီး updateလုပ္မွာပါ။ ထပ္ပ်က္သြားရင္ေတာ့ အိုင့္ကံေပါ့ေလ။
ဒီတစ္ေခါက္ မႀကီးနဥ္ရုပ္မဆိုးေတာ့ဘူးကြ! ဘူးထြားထြား!
......
[Unicode]
အမျိုးသမီးက နဉ်ရှုပြောတာကိုကြားတဲ့အခါ သူမဆီ လျင်မြန်စွာလျှောက်လှမ်းလာ၏။ ထိုစဉ်မှာတော့ နဉ်ရှုတစ်ယောက် နူးညံ့ညင်သာတဲ့ခြေလှမ်းတွေနဲ့ သူမဆီချဉ်းကပ်လာတဲ့အမျိုးသမီးကို ကြောင်အကာ ငေးကြည့်နေမိသည်။ အမျိုးသမီးရဲ့ခါးက အရမ်းကိုသေးသွယ်လွန်းပြီး သူမရဲ့လှုပ်ရှားမှုတွေကြောင့် ခါးကျိုးသွားမှာကို နဉ်ရှုစိုးရိမ်နေသည်။
အမျိုးသမီးက နဉ်ရှုဆီရောက်လာပြီး သူမရဲ့လက်ကိုဆွဲကိုင်လိုက်ရင်း ငိုကြွေးကာပြောလာသည်။
"မမ...ကျေးဇူးပြု ပြီး ကျွန်မကို ကူညီပါ။"
သူမရဲ့ အပြစ်အနာအဆာကင်းတဲ့မျက်နှာက်ို အနီးကပ်ကြည့်နေရင်း ပါးစပ်တွေခြောက်လာသလို နဉ်ရှုခံစားလိုက်ရသည်။ သူမ မေးလိုက်သည်။
"ကူညီပါဆိုတာ ရှင် ဘာကိုဆိုလိုတာလဲ?"
"ကျွန်မကို ကူညီပါ။ ဒီတူညီတဲ့စက်ဝန်းတစ်ခုတည်းမှာ ကျွန်မ ပြန်မဝင်စားချင်တော့ဘူး။ ကျွန်မ တကယ်ကို သည်းမခံနိုင်တော့ဘူး။ ကျွန်မ ဘဝအသစ်တစ်ခုမှာ ပြန်ဝင်စားချင်တယ်။ မမသာ ကျွန်မကို ပြန်တိုက်ခိုက်ဖို့နဲ့ ဒီပြန်ဝင်စားခြင်းနဲ့ပြန်လည်မွေးဖွားခြင်းသံသရာကနေ လွတ်မြောက်ဖို့ ကူညီပေးမယ်ဆိုရင် ယန်မုန့်က ဝိဥာဉ်စွမ်းအားတွေအကုန်လုံးကို ပေးဖို့ဆန္ဒရှိပါတယ်။ ကျွန်မလိုချင်တာက နောက်ဘဝကို ကူးပြောင်းနိုင်ဖို့ပါပဲ။"
Advertisement
ယန်မုန့်လို့ခေါ်တဲ့သူပြောတဲ့စကားကိုကြားတဲ့အခါ နဉ်ရှု နှလုံးသားလေး ခုန်ပေါက်သွားသည်။ ကောင်းကင်ကနေ ပိုင်မုန့်တွေအလကားကျလာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဒါကြောင့် သူမပြောလိုက်သည်။
"ကျေးဇူးပြု ပြီး အသေးစိတ်ပြောပြပေးပါ။"
"ကျွန်မနာမည်က မုယန်မုန့်လို့ခေါ်တယ်။ ကျွန်မက နိုင်ငံ့ဝန်ကြီးချုပ်ရဲ့ သမီးပဲ။"
မုယန်မုန့်က ပြောလိုက်သည်။
အား...သူက Ms. Perfectပဲ!
"ရှင့်အတွက် ကျွန်မပေးမယ့်တာဝန်က ဒီယောက်ျားတွေဆီကနေ ဝေးဝေးနေဖို့ပဲ။ ကျွန်မ ဒီယောက်ျားတွေကို လုံလောက်အောင်သည်းခံပြီးသွားပြီ! ကျွန်မ တူညီတဲ့ဘဝသုံးခုကို ဖြတ်သန်းခဲ့ရတယ်။ ဒါကြောင့် ကျွန်မတွေးတာက ကျွန်မ ဒီယောက်ျားတွေလက်ထဲကနေ လွတ်မြောက်နိုင်မယ်ပေါ့။ ဒါပေမယ့် ကျွန်မဘာပဲလုပ်လုပ် သူတို့ဆီကနေ ထွက်မသွားနိုင်ခဲ့ဘူး။ ကျွန်မ ပထမဆုံးအကြိမ်ပြန်မွေးဖွားတော့ ထွက်ပြေးဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ယောက်ျားတစ်ယောက်ရဲ့လက်ထဲကို ရောက်သွားတုန်းပဲ။ ဒုတိယဘဝမှာ ဆွဲကြိုးချပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ယောက်ျားတစ်ယောက်က ကယ်တင်တာခံလိုက်ရပြီး ပထမဘဝတုန်းကလိုပဲ ဒီယောက်ျားတွေနဲ့ ပတ်သက်ဖို့ ဖိအားအပေးခံရပြန်တယ်။"
အား..သူမက လူသားတစ်ယောက်အနေနဲ့ သုံးဘဝတောင်နေထိုင်ဖူးတာပဲ။ သူမရဲ့ဝိဥာဉ်က အရမ်းသန်မာနေတာ အံ့သြစရာမရှိတော့ဘူး။
မုယန်မုန့်က နဉ်ရှုကို မျှော်လင့်ချက်တွေပြည့်နေတဲ့မျက်ဝန်းနဲ့ ကြည့်လာသည်။
"မမ...ကျွန်မ ဒီကံကြမ္မာကို ချိုးဖျက်ချင်တယ်။ အမှန်တော့ မမအဲ့ဒီမှာရှိနေတုန်း ဒီယောက်ျားတွေကို သင်ခန်းစာတစ်ခုလောက်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့လေ။"
နဉ်ရှု နှုတ်ခမ်းတွေတွန့်သွားပြီး မေးလိုက်သည်။
"ယောက်ျားဘယ်နှယောက်အကြောင်း ရှင်ပြောနေတာလဲ?"
ပြန်ပြောလိုက်တဲ့ မုယန်မုန့်ရဲ့မျက်လုံးတွေက ကြည်လင်လို့နေသည်။
"အများကြီးပဲ။"
နဉ်ရှု : .....
ဒါဆို...ဒီတာဝန်က အတိအကျပြောရင် ဘာလဲ?
"2333...ငါဒီတာဝန်ကို မယူချင်ဘူး။"
နဉ်ရှု Systemကို ပြောလိုက်သည်။
"ခင်ဗျားမှာ ရွေးချယ်စရာမရှိဘူး။ နောက်ဆုံးတာဝန်ကို ခင်ဗျားငြင်းပယ်ပြီးပြီ။ ဒါကြောင့် ဒီတာဝန်ကို ခင်ဗျားငြင်းလို့မရဘူး။"
2333က ပြောလာသည်။
"မဟုတ်ရင် ခင်ဗျား ဖျက်ဆီးခံရလိမ့်မယ်။"
နဉ်ရှု : .....
နဉ်ရှု မျက်နှာပေါ်မှာ ရှုံ့မဲ့နေတဲ့အပြုံးတစ်ခုကိုပန်ဆင်ကာ မုယန်မုန့်ဘက်လှည့်ပြီး ပြောလိုက်သည်။
"ငါ ဒီတာဝန်ကို လက်ခံမယ်။"
"ကျေးဇူးတင်ပါတယ် မမ။"
လှပတဲ့အပြုံးတစ်ခုက မုယန်မုန့်မျက်နှာမှာ ပေါ်လာသည်။ သူမအပြုံးက spaceတစ်ခုလုံးကိုပင် တောက်ပသွားစေ၏။
သူမက တကယ်ကို ရူးလောက်အောင်လှတယ်။
နဉ်ရှုက တာဝန်ကိုလက်ခံမယ်လို့ပြောလိုက်တဲ့အခါ မုယန်မုန့် အရမ်းပျော်သွားသည်။ သူမထွက်မသွားခင် ပြောသွားသေး၏။
"မမ...ရှင်က တကယ်ကောင်းတဲ့လူပဲ။ လူတိုင်းက ကျွန်မတာဝန်ကို ငြင်းပယ်ကြတယ်။ မဟုတ်လို့ သူတို့ထမ်းဆောင်ရင်လည်း ကျရှုံးသွားကြတယ်။ ဒါကြောင့် ကျေးဇူးတင်ပါတယ်။"
နဉ်ရှု : ပြန်လာခဲ့။ နင်ဘာပြောလိုက်တယ်?
မုယန်မုန့်ထွက်သွားတာနဲ့ နဉ်ရှု ပိုဆိုးသွားသလိုခံစားလိုက်ရပြီး 2333ကိုမေးလိုက်၏။
"ဒါက ဘာလဲ?"
"မုယန်မုန့်က ကမ္ဘာတစ်ခုရဲ့ အမျိုးသမီးဇာတ်လိုက်ပဲ။"
2333က ပြန်ဖြေသည်။
"ဒါပေမယ့် သူမ နှစ်ကြိမ်ပြန်မွေးဖွားပြီးပြီ။ သူမ ပြန်မွေးဖွားတာကို ထပ်မကြုံချင်တော့တာကြောင့် သူမအတွက် ပြန်တိုက်ခိုက်ပေးဖို့ တာဝန်ထမ်းဆောင်သူတစ်ယောက်ကိုရှာနေတာ။"
"သူမက အမျိုးသမီးဇာတ်လိုက်လေ။ ငါ့လို အမြောက်စာဇာတ်ကောင်တစ်ခုက ဘာအတွက် ပြန်တိုက်ခိုက်ပေးရမှာလဲ?"
နဉ်ရှု ဒေါသထွက်ကာ မေးလိုက်သည်။
......
အရင်လို ပျက်သွားမှာစိုးလို့ တစ်ပိုင်းအရင်publishedလုပ်ထားမယ်။ နောက်အပိုင်းတွေတော့ updateလုပ်ဦးမှာမဟုတ်ဘူး။ Realm-4ပြီးမှ ပြန်ထားတာတွေအကုန်စုပြီး updateလုပ်မှာပါ။ ထပ်ပျက်သွားရင်တော့ အိုင့်ကံပေါ့လေ။
ဒီတစ်ခေါက် မကြီးနဉ်ရုပ်မဆိုးတော့ဘူးကွ! ဘူးထွားထွား!
......
Advertisement
- In Serial87 Chapters
The Last Man Standing
In the far off future a lone sentient weapon survives the horrors of a war and finds himself without purpose. This is the tale of Mentuc as he struggles to find a new path of life, alongside the aid of his beloved wife. Of course, the past has a way of not letting go and history is always written by the victors... An interactive story where we follow the life of Mentuc both in his present day life as a married civilian and his past as the commander of the infamous Genesis Battalion, an entire unit made up of nothing but biological sentient weapons that made nations tremble. Follow the tale of the Empire's galactic showdown with the genocidal Kra'lagh race as betrayal and desperation rage all across, while his wife tries to mend the wounds that years of war and the loss of all he knew and cared for have left him, with one enigmatic and problematic exception. The first (currently being written) focuses on Mentuc's origins, Operation Angry Comet and a smaller part of the present.
8 165 - In Serial75 Chapters
Until Then
Agnes Beatha has gone where she’s been told to go for most of her life. In a world filled with magical races, mysteries, and conflicts, she knows remarkably little. She has been sheltered from the world with its wonders and terrors for her entire life, but that can't last. Now that Agnes is no longer under her father’s roof, it is time for her to finally see the world for what it truly is. The question is; how will she handle it, and can she make a place of her own?
8 178 - In Serial18 Chapters
Devour The Sun
Life was relatively normal for Erica Rivers up until the day her child was born, everything had been so simple and so pointless. She could see it all so clearly now that her world had collapsed around her. With everything that mattered to her torn from her very hands, her last remaining light extinguished; a voice appeared in her mind, offering her salvation. Was it the voice of a higher being? Or the voice of her own exhausted and shattered mind crying for help? Devour the Sun is a grim, high fantasy novel following Erica Rivers alongside a colourful cast of characters as it explores the light and dark side of one's mind and society. What defines what is good or evil? One's actions or one's intentions? Follow both the heroes and the villains in a heartbreaking tale about love, death and familial bonds.
8 110 - In Serial37 Chapters
Cecelia and the Living Fossils
TEENAGE NECROMANCER + DINOSAUR BONES. WHAT COULD GO WRONG?Cecelia Slumber's blues music can raise the dead. Literally.A thirteen-year-old mage joins a team of paleontologists to tie up her late grandpa's unfinished business . . . resurrecting Texan dinosaurs in the name of science. Each new fossil is another chance to lose a finger. Or maybe a whole arm. But it isn't until Cecelia breaks her family's most serious magic rule that she realizes just how dangerous her power can be.Ongoing. Updates every Sunday....Each dinosaur in this story comes straight out of Cretaceous Texas. Every prehistoric animal is as accurate and up-to-date as possible. Occasionally, this story will be changed to make sure every dinosaur stays true the latest research.To get alerts when a new version of CatLF drops and bonus content like art and dinosaur facts, check out the web version and subscribe!https://katiepotterauthor.com/cecelia-and-the-living-fossils/
8 97 - In Serial16 Chapters
Faith In You ✅
MahiRat and RohiRat story. This is my old book which was lost.
8 95 - In Serial11 Chapters
A Deadly Kiss | Gwi-nam
Hi lovelys it's me again just sorry for the late update thank you again for the support make sure to vote.Based on the movie "All of us are dead" The story of (Y/N) a Idol girl that have a wealthy family, and has a rough childhood and a lost friend.I'm real sorry about the incorrect words please report me to it immediately I'm to lazy to find it heh😅
8 176

